← Chapters

ကြမ်းတမ်းသောတိုက်ပွဲ

Vol. 42 Ch. 586

ကြမ်းတမ်းသောတိုက်ပွဲ

Vol. 42 Ch. 586

ချလန်း.....

ခြောက်ရောင်စဉ်ရေကန်၏ ကောင်းကင်ထက်၌ ကောင်းကင်ဘုံယွမ်စုတ်တံနှင့် အရိုးဖြူတောင်ဝှေးတို့ အကြိမ်ရေများစွာ ထိပ်တိုက်တွေ့ဆုံကြပြီး ဖြစ်သည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးအား ကြီးစိုးထားလျက် ရှိ၏။

ဇူယွမ်နှင့် ဖန့်ယောင်တို့၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။

ကောင်းကင်တစ်ခွင်၌ ကောင်းကင်ဘုံယွမ်စုတ်တံနှင့် အရိုးဖြူတောင်ဝှေးတို့၏ ပုံရိပ်များသာ ကြီးစိုးနေလျက် ရှိသည်။ အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ၎င်းတို့နှစ်ဦးမှာ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ကြပြီပင် ဖြစ်သည်။

နှစ်ဦးနှစ်ဖက်လုံးမှာ ဤတိုက်ပွဲအား ပေါ့ပေါ့တန်တန် သဘောထားရဲခြင်းမရှိပဲ စွမ်းအင်အပြည့်အဝ အသုံးပြုလျက် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။

ဖန့်ယောင်သည် ယင်း၏ ချီစွမ်းအင်အခြေခံအုတ်မြစ်သန်မာမှုအပေါ် ယုံကြည်ချက် အပြည့်အဝရှိပြီး ဇူယွမ်ထက် အဆပေါင်းများစွာ သာလွန်လိမ့်မည်ဟု ခံယူထားသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာလည်း အနည်းငယ်မျှ ကြောက်ရွံ့တွေဝေနေခြင်း မရှိပါချေ။ သူ၏ ချီကြယ်ပွင့်များမှာ ဖန့်ယောင်ထက် နည်းပါးပါသော်လည်း တိုက်ပွဲတစ်ခု၏ အဆုံးအဖြတ်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ်သန်မာမှု တစ်ခုထဲပေါ်တွင် အလုံးစုံ မူတည်နေခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ဇူယွမ်၏ စပါးအုံဘုရင်ချီမှာ အဆင့်​ခြောက်သို့ ရောက်ရှိနေပြီဖြစ်ကာ အချို့သော အဆင့်ခုနစ် မူလစဦး ချီကျင့်စဉ်များနှင့်ပင် နှိုင်းယှဉ်၍ရနိုင်ပေသည်။

ဖန့်ယောင်၏ သွေးနီရောင် ချီအမျိုးအစားမှာလည်း အဆင့်​ခြောက်သို့ ရောက်ရှိနေပြီဖြစ်ပါသော်လည်း သူ၏စပါးအုံးဘုရင်ချီနှင့် နှိုင်းယှဉ်ကြည့်ရလျှင်မူ ပို၍နိမ့်ပါး၏။

ထို့ကြောင့် ဖန့်ယောင်ထံ၌ ချီကြယ်ပွင့် ပိုမိုများပြားပါသော်လည်း ဇူယွမ်၏ ချီစွမ်းအင်မှာ ပိုမိုကောင်းမွန်ပေသည်။

ဒုန်း....ဒုန်း....ဒုန်း....

ကောင်းကင်ထက်၌ ပုံရိပ်နှစ်ခုမှာ ပြင်းထန်စွာ တိုက်ခိုက်နေလျက်ရှိပြီး ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာလည်း မျက်တောင်ပင်မခတ်နိုင်လောက်အောင် အကြည့်မလွှဲနိုင် ဖြစ်နေကြရသည်။ တိုက်ပွဲမှာ အတော်ပင် အကြိတ်အနယ်ဖြစ်နေကာ မည်သူကမှ သိသာစွာ အသာစီးနေခြင်း မရှိချေ။

ထိုအရာမှာ စောင့်ကြည့်နေကြသော တပည့်အားလုံးအား အံ့အားသင့်စေလေသည်။ ချီကျင့်ကြံခြင်းအဆင့်နှင့် ချီစွမ်းအင်အခြေခံအုတ်မြစ်သန်မာမှုအား နှိုင်းယှဉ်ကြည့်လျှင် ဖန့်ယောင်မှာ အပြတ်အသတ် သာလွန်နေပါသော်လည်း တိုက်ပွဲမှာ ယခုအချိန်ထိ လက်ရည်ညီနေလျက်သာ ရှိသည်။

ချလန်း....

ကောင်းကင်ဘုံယွမ်စုတ်တံနှင့် အရိုးဖြူတောင်ဝှေးတို့မှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြပြီးနောက် စွမ်းအင်လှိုင်းဂယက်များ တစ်မုဟုတ်ချင်း ထွက်ပေါ်လာကာ ဇူယွမ်နှင့် ဖန့်ယောင်တို့၏ ပုံရိပ်များ အနောက်သို့ လွင့်စင်သွားရ၏။

ဇူယွမ်မှာ ခန္ဓာကိုယ်အား တည်ငြိမ်စေလိုက်ရင်းဖြင့် ဖန့်ယောင်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။ ယင်းမှာ အမှန်တကယ်ပင် တိုက်ခိုက်ရန် ခက်ခဲလွန်းလှ၏။ ဇူယွမ်သည် နင်မော့အား ချီစွမ်းအင်တစ်မျိုးတည်းဖြင့်ပင် ဖိနှိပ်နိုင်ခဲ့ပါသော်လည်း ယခုတွင်မူ လက်ရည်ညီနေရုံမျှသာ ရှိသေးသည်။

ဖန့်ယောင်မှာလည်း စဉ်းစားရခက်ခဲနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးရဲစွာ ကြည့်ရှုနေလျက် ရှိသည်။ သူသည် ချီစွမ်းအင်များအား အပြည့်အဝ အသုံးပြုနေပါသော်လည်း ဇူယွမ်အား ယခုအချိန်ထိ ဖိနှိပ်နိုင်ခြင်း မရှိသည်ကို နားမလည်နိုင် ဖြစ်နေရ၏။

"သူ့ရဲ့ ချီစွမ်းအင်က အဆင့်ခြောက်ပဲရှိတယ်ဆိုတာ သေချာပါတယ်။ ဘာလို့ ငါ့ရဲ့သွေးနီရောင်ချီစွမ်းအင်က သူ့ကိုမဖိနှိပ်နိုင်တာပါလိမ့်။" ဖန့်ယောင်မှာ အမှန်တကယ်ပင် တွေဝေနေရခြင်း ဖြစ်သည်။ ယင်းကျင့်ကြံထားသော အဆင့်ခြောက် မူလစဦး ချီစွမ်းအင်ကျင့်စဉ်မှာ မြင့်မြတ်သောနန်းတော်ကဲ့သို့သော အင်အားကြီးကလန်မျိုး၌ပင် တပည့်ခေါင်းဆောင်များသာ ကျင့်ကြံခွင့်ရှိပေသည်။ ထို့ကြောင့် အဆင့်ခြောက် မူလစဦး ချီစွမ်းအင်ကျင့်စဉ်ချင်း တူညီနေပါက ချီစွမ်းအင်အခြေခံအုတ်မြစ် ပိုမိုသန်မာသော ယင်းကသာ အသာစီးရသင့်၏။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ထိုအရာများအား တွေးတောနေလျှင်လည်း  အသုံးဝင်လိမ့်မည် မဟုတ်ချေ။ ထိုကြောင့် ဖန့်ယောင်မှာ အတွေးစများအား လျင်မြန်စွာ ဖြတ်တောက်ကာ ဇူယွမ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်လေသည်။

ဝုန်း.....

သွေးနီရောင်ချီစွမ်းအင်များမှာ ဖန့်ယောင်၏ ဦးခေါင်းထက်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။

ချီစွမ်းအင်တစ်မျိုးတည်းဖြင့် ဇူယွမ်အား အသာစီးမရနိုင်သည်မှာ သေချာနေသောကြောင့် တိုက်ခိုက်မှုကျင့်စဉ်တစ်ခုအား အသုံးပြုကာ အနိုင်ယူရတော့မည်ပင် ဖြစ်သည်။ မြင့်မြတ်သောနန်းတော်၌ ကာလကြာရှည်စွာ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့သူအနေဖြင့် ဖန့်ယောင်မှာ ကျင့်စဉ်များစွာအား ကျင့်ကြံတက်မြောက်ထားလေသည်။ ထို့ကြောင့် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင် အသစ်တစ်ဦးဖြစ်သူ ဇူယွမ်ထက် အဆပေါင်းများစွာ သာလွန်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားပေသည်။

"သွေးနဂါးအဆိပ်ကျင့်စဉ်...."

ဖန့်ယောင်ထံမှ ထွက်ပေါ်နေသော သွေးနီရောင်ချီစွမ်းအင်များမှာ သွေးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အဆိပ်ချီများအား မှုတ်ထုတ်လိုက်သည်။

သွေးနဂါးအဆိပ်ကျင့်စဉ်မှာ အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဉ်တစ်ခုဖြစ်ပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဖန့်ယောင်သည် ထိုကျင့်စဉ်အား နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ခြင်းဖြစ်ပြီး အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိလုနီး ဖြစ်နေပြီပင် ဖြစ်သည်။

ယင်းသွေးနဂါးကြီးမှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ဇူယွမ်ထံသို့ လျင်မြန်စွာ ပျံဝဲသွားသည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာဖြင့်ပင် သွေးနဂါးကြီးအား ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွချိတ်ဆက်ကာ အော်ဟစ်လိုက်သည်။

"ကောင်းကင်နေနတ်ဘုရားမှတ်တမ်း ကောင်းကင်ဘုံနေမင်းမီးတောက်...."

ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ အာခံတွင်းထဲမှ နက်ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ သွေးနဂါးကြီးနှင့် တွေ့ဆုံသွားကြသည်။

နက်ရွှေရောင်မီးတောက်များအား ကြည့်ရှုခြင်း​ဖြင့် ဇူယွမ်၏ ကောင်းကင်ဘုံနေမင်းမီးတောက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို သိရှိနိုင်ပေသည်။

ဝုန်း.....

နက်ရွှေရောင်မီးတောက်များနှင့် သွေးနဂါးကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ သွေးနဂါးကြီးထံမှ ထွင်ပေါ်နေသော အဆိပ်ချီများအားလုံးမှာ နက်ရွှေရောင်မီးတောက်များကြောင့် လောင်ကျွမ်းသွားရ၏။ သွေးနဂါးကြီး၏ ခန္ဓာကိုယ်မှာလည်း နက်ရွှေရောင်မီးတောက်များအကြား ဖြည်းညင်းစွာဖြင့် တုန်ခါလာရလေသည်။

ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဖန့်ယောင်၏ သွေးနဂါးကြီးမှာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားရတော့သည်။

နက်ရွှေရောင်မီးတောက်များမှာ ပြင်းထန်လှသောအရှိန်ဖြင့် ဖန့်ယောင်ထံသို့ ဆက်လက်ဦးတည်ပျံဝဲသွားသည်။

ဖန့်ယောင်မှာ အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သွေးနီရောင်ချီစွမ်းအင်များမှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နက်ရွေရောင်မီးတောက်များအား ကာစီးထားလိုက်သည်။ ထိုအချိန်၌ပင် ဇူယွမ်မှာ ထပ်မံအော်ဟစ်လိုက်လေသည်။

"ကောင်းကင်ဘုံနေမင်းမီးတောက်...."

ယင်း၏ အာခံတွင်းထဲမှ နက်ရွှေရောင်မီးတောက်များ အညှာအတာကင်းမဲ့စွာ ထပ်မံထွက်ပေါ်လာပြီးနောက် ဖန့်ယောင်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲသွားသည်။

ဖန့်ယောင်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲပဲ ချီစွမ်းအင်များအား လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ ထိုသွေးနီရောင်ချီစွမ်းအင်များမှာ သွေးနဂါးကြီးတစ်ကောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ နက်ရွှေရောင်မီးတောက်များနှင့် တွေ့ဆုံသွားလေတော့သည်။

ဝုန်း.....ဝုန်း....

နက်ရွှေရောင်မီးတောက်များနှင့် သွေးနဂါးကြီးတို့မှာ ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ထိုအချိန်၌ပင် ဖန့်ယောင်မှာ နောက်ကျောဖက်မှ အဖျက်စွမ်းအင်တစ်ခုအား ခံစားမိလိုက်၏။ ထို့ကြောင့် လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် မမြင်နိုင်သော စွမ်းအင်တစ်ခုမှ ခြောက်ရောင်စဉ်ရေကန်အတွင်းမှ ရေများအားစုပ်ယူကာ လက်ကြီးတစ်ဖက်အသွင်သို့ပြောင်းလဲ၍ ၎င်းထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ဦးတည်ပျံဝဲလာသည်ကို တွေ့ရှိလိုက်ရသည်။

"စိတ်ဝိဉာဉ်စွမ်းအင်လား...." ဖန့်ယောင်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ချီစွမ်းအင်များအား ထပ်မံထွက်ပေါ်စေလိုက်သည်။

သွေးနီရောင်ချီစွမ်းအင်များမှာ လက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရေများဖြင့် ပြုလုပ်ထားသော လက်ကြီးတစ်ဖက်နှင့် တွေ့ဆုံသွားလေသည်။

ဝုန်း....

လက်ကြီးနှစ်ဖက်မှာ ပြင်းထန်စွာ တွေ့ဆုံသွားကြပြီးနောက် ရေများဖြင့် ပြုလုပ်ထားသော လက်ကြီးမှာ ခြောက်ရောင်စဉ်ရေကန်အတွင်းသို့ ပြန်လည်ပြုတ်ကျသွားရသည်။

ဇူယွမ်၏ မျက်ခုံးအကြားတွင်ရှိနေသော စိတ်ဝိဉာဉ်စွမ်းအင်မှာ ပြင်းထန်စွာ တုန်ခါနေ၏။ သူသည် ဖန့်ယောင်၏ အနားသို့ တိုးကပ်သွားပြီးနောက် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ စိတ်ဝိဉာဉ် အထွတ်အထိပ်ဒြပ်ထည်အဆင့်အား ထုတ်ဖော်လိုက်သည်။

"စိတ်ဝိဉာဉ် ခြောက်လှန့်မှု..."

ဝုန်း....

သာမန်မျက်စိဖြင့် မမြင်နိုင်သော စိတ်ဝိဉာဉ်စွမ်းအင်တစ်ခုမှာ အလွန်လျင်မြန်လှသောအရှိန်ဖြင့် ဖန့်ယောင်ထံသို့ ရောက်ရှိငြိတွယ်သွားသည်။

စိတ်ဝိဉာဉ် တိုက်ခိုက်မှုမှာ မမြင်တွေ့နိုင်ပါသော်လည်း ဖန့်ယောင်၏ အမူအရာမှာ ပြောင်းလဲလာရ၏။ ယင်း၏ ပြင်ပခန္ဓာမှာ အကောင်းပကတိအတိုင်း ရှိနေပါသော်လည်း မျက်ဝန်းများမှာ နာကျင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။

စိတ်ဝိဉာဉ် နာကျင်မှုကြောင့် ဖန့်ယောင်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားသကဲ့သို့ ခံစားနေရသည်။

သို့သော် ၎င်းသည် တိုက်ပွဲစွမ်းရည် ပြည့်ဝသူဖြစ်သောကြောင့် လျင်မြန်စွာပင် လျှာအားဖိကိုက်လျက် သွေးအဆီအနှစ်အချို့အား မြိုချလိုက်သည်။ ဖန့်ယောင်၏ နဖူးထက်၌ သွေးနီရောင် အမှတ်အသားတစ်ခု ပေါ်ပေါက်လာလေသည်။

ထိုအချိန်မှသာ စိတ်ဝိဉာဉ် နာကျင်မှုမှာ ဖြည်းညင်းစွာ သက်သာလာရသည်။

ဝှီး....

သို့သော် ထိုကဲ့သို့ စိတ်ဝိဉာဉ် နာကျင်မှု သက်သာစပြုနေစဉ်မှာပင် သူ၏အရှေ့ဖက်မှ လေတိုးသံတစ်ခုအား ကြားလိုက်ရသည်။ ဖန့်ယောင်မှာ စိတ်နှလုံးများ တုန်လှုပ်သွားရပြီးနောက် 'မဖြစ်ဘူး'ဟူ၍ပင် ရေရွတ်လိုက်မိသည်။

ဇူယွမ်၏ပုံရိပ်မှာ တစ္ဆေတစ်ကောင်အလား လျင်မြန်စွာလှုပ်ရှားနေလျက်ရှိကာ ကျောက်စိမ်းရောင်တောက်ပနေသော လက်ချောင်းများအား လက်သီးအသွင် ဆုပ်လိုက်၏။ ယင်း၏အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် ပြည့်နှက်နေလျက် ရှိပေသည်။

ဝုန်း...

ဇူယွမ်မှာ အေးစက်ခက်ထန်စွာဖြင့်ပင် ရုတ်တရက် အငိုက်မိနေသော ဖန့်ယောင်အား သေကွင်းသေကွက်များကိုသာ ဦးတည်ထိုးချလိုက်၏။

ယင်း၏ လျင်မြန်လှသော တိုက်ခိုက်မှုကြောင့် ဖန့်ယောင်မှာ အကာအကွယ်အနေဖြင့် သွေးနီရောင်အလင်းတန်းတစ်ခုကိုသာ ကမန်းကတမ်း ဖန်တီးလိုက်ရသည်။

ခရက်....

သို့သော် ဇူယွမ်၏ ထိုးနှင်ချက်မှာ ထိုအကာအကွယ်အလွှာအား ချိုးဖျက်၍ ဖန့်ယောင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။ ဖန့်ယောင်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီးနောက် ခြောက်ရောင်စဉ်ရေကန်အတွင်းသို့ ဆိုးရွားစွာ ပြုတ်ကျသွားရသည်။

ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရ၏။

လူတိုင်းမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ရှုလိုက်မိကြသည်။ ဤတိုက်ပွဲတွင် ပထမဆုံး ထိခိုက်ဒဏ်ရာ ရရှိသူမှာ ဖန့်ယောင်ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

အခြားနေရာတွင် တိုက်ခိုက်နေကြသော ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့မှာလည်း ထိုအခြေအနေအား သတိပြုမိသွားကြသည်။ ကျင်ကျန်းမှာ အနည်းငယ်မျှ အံ့အားသင့်မိပါသော်လည်း အတိတ်ကာလများ၌ ဇူယွမ်ပြုလုပ်ခဲ့သော တိုက်ပွဲအလှည့်အပြောင်းများစွာအား မြင်တွေ့ဖူးနေသောကြောင့် ယခုရလဒ်အား ကျေနပ်စွာဖြင့် လက်ခံနေမိသည်။

တစ်ဖက်တွင်မူ ထန်းရှောင်ယန့်မှာ မျက်ဝန်းများပြူးကျယ်လျက် ပါးစပ်ကိုပင်ပြန်ပိတ်၍ မရနိုင်လောက်အောင် အံ့အားသင့်နေရ၏။

လက်ရှိအချိန်၌ မြင်တွေ့လိုက်ရသော တိုက်ပွဲရလဒ်မှာ သူမခန့်မှန်းထားသော အခြေအနေနှင့်ပင် အဆပေါင်းများစွာ ကွာခြားလွန်းနေခဲ့သည်။

ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ခြောက်ရောင်စဉ်ရေကန်အား ကြည့်ရှုလိုက်၏။ သူသည် ယခုလေးတင်မှ အသာစီးရထားပါသော်လည်း အနည်းငယ်မျှ သတိလက်လွတ်ဖြစ်ခြင်း မရှိပါချေ။ အဘယ့်ကြောင့်ဆိုသော် ဖန့်ယောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများအား ခံစားမိနေသောကြောင့်ပင် ဖြစ်သည်။

သွေးနီရောင်ချီစွမ်းအင်များ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဖန့်ယောင်မှာ ဖြည်းညင်းစွာဖြင့် ခေါင်းထောင်လာသည်။ သူ၏ မျက်ဝန်းများမှာ အလုံးစုံ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီပင် ဖြစ်၏။

ဇူယွမ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားပြီးသည့်နောက် ဖန့်ယောင်၏ စိတ်နှလုံးများမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေရပြီပင် ဖြစ်သည်။

သွေးနီရောင်ချီစွမ်းအင်များမှာ ပေထောင်ကျော်မျှအထိ မြင့်တက်သွားပြီးနောက် မိစ္ဆာတစ်ကောင်၏အသွင်သဏ္ဍာန်ပင် ပေါ်ပေါက်လာသည်။

ဇူယွမ်၏ အမူအရာမှာ လေးနက်သွားရ၏။

အဝေးတွင်ရှိနေသော ထန်းရှောင်ယန့်မှာ ထိုသွေးမိစ္ဆာပုံရိပ်ကြီးအား ကြည့်ရှုလိုက်ပြီးနောက် စိုးရိမ်ပူပန်စွာဖြင့် ဇူယွမ်အား စကားဆိုလိုက်သည်။ "ဇူယွမ် သတိထားနော်။ အဲ့ဒါက မြင့်မြတ်သောနန်းတော်ရဲ့ ကြောက်ဖို့အကောင်းဆုံး ကျင့်စဉ်တစ်ခုပဲ။"

ထိုအချိန်မှာပင် ဖန့်ယောင်မှ အေးစက်ခက်ထန်စွာ အော်ဟစ်လိုက်၏။

"ကြီးမြတ်သောသွေးမိစ္ဆာ..."

All Chapters