← Chapters

တူတော်မောင်၊ ဘာကိုဆိုလိုတာလဲ

Vol. 20 Ch. 268

တူတော်မောင်၊ ဘာကိုဆိုလိုတာလဲ

Vol. 20 Ch. 268

"ကျုပ်တို့နေရာမှာ ချေကုပ်ယူထားတဲ့ ဂိုဏ်းတွေက ပြည်သူတွေကို အများကြီး ဖိနှိပ်ခဲ့တယ်... ပြည်သူတွေ လုံးဝမကျေနပ်ကြဘူး... အရှင်မင်းကြီးရဲ့ ချင်မင်းသားကို စေလွှတ်မှုကြောင့် ပြည်သူတွေရဲ့ နှလုံးသားကို ပြန်လည်ရရှိရုံတင်မကဘူး၊ ကျုပ်တို့နေရာရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးသွားတာပဲ မဟုတ်ဘူးလား”

အခန်းအတွင်းမှာရှိနေသော စစ်တပ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း အမတ်များအားလုံးကို အသေးစိတ်စိုက်ကြည့်ရင်း လီမီနက်ရှိုင်းစွာ ပြောဆိုလိုက်သည်။

"ဒီလို ထူးချွန်လှတဲ့ကိစ္စက ဘာကြောင့် မင်းတို့ရဲ့ပါးစပ်ထဲမှာ ပြစ်မှုတစ်ခုလိုမျိုး ဖြစ်လာရတာလဲ။ ဘာလဲ... မင်းတို့က အဲ့ဒီအနိုင်ကျင့်တဲ့ ဂိုဏ်းတွေနဲ့ တိတ်တဆိတ် ပူးပေါင်းနေကြတာလား”

ချက်ချင်းပဲ အမတ်များအားလုံးရဲ့ မျက်နှာသည် အရောင်ပြာင်းသွားလေရဲ့။ အထူးသဖြင့် လီမီသည် ပြောဆိုနေ‌ချိန်တွင် ကျန်းပိုင်မြို့ရဲ့ အုပ်ချုပ်ရေးမှူးဖုန်းဟွာရဲ့ မျက်နှာတည့်တည့်သို့ လက်ညှိုးထိုးရင်း စွပ်စွဲလိုက်လေရာ ထိုသူရဲ့မျက်နှာက ဖြူဖွေးပြီး ခရမ်းရောင် သမ်းသွားခဲ့သည်။ ထိုသူက ညီလာခံတွင် ရဲတင်းစွာ‌ ပြောဆိုခဲ့သူဖြစ်သည်။

"ပြောတာကောင်းတယ်... ကြည့်ရတာ ဒီအမတ်တွေက တစ်နေကုန်ထိုင်နေပြီး အလုပ်မလုပ်ကြဘူးနဲ့တူတယ်... နောက်ဆုံးတော့ ပိုကြီးတဲ့ပြဿနာကို ရှင်းလင်းစွာမြင်နိုင်တဲ့ လူတစ်‌ယောက်ကို ငါမင်းသား တွေ့ခဲ့ရပြီ”

ထိုအချိန်မှာပဲ အဝေးတစ်နေရာကနေ ကြားလိုက်ရသော အသံတစ်ခုနှင့်အတူ ချင်မင်းသားရှထိုက်အန်းရဲ့ တော်ဝင်ဆန်တဲ့ပုံရိပ် ထွက်ပါ်လာခဲ့သည်။

"အရှင်မင်းသားကို နှုတ်ဆက်ပါတယ်”

အမတ်များအားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ ညီလာခံအတွင်းမှာ ချင်မင်းသားကို ဆန့်ကျင်ရဲပေမဲ့ ညီလာခံအပြင်မှာတော့ လုပ်ရိုးလုပ်စဉ်များအတိုင်း မလိုက်နာပဲ မနေဝံ့ပေ။

ရှထိုက်အန်းကတော့ အမတ်များကို လျစ်လျူရှုထားပြီး လီမီဆီသို့ သွားရောက်ကာ လီမီ၏ပခုံးကို ပေါ့ပါးစွာ ပုတ်ပေးလိုက်သည်။ ထို့နောက်မှာ အကုန်လုံးရဲ့မျက်နှာကို စစ်ဆေးရင်း နက်ရှိုင်းတဲ့အသံနဲ့ ပြောလိုက်၏။

"ငါမင်းသားက အုပ်ချုပ်ရေးပိုင်းမှာ တကယ်ကိုမတော်ဘူး... ဒါပေမဲ့ မင်းတို့ပြောသလောက် ဆိုးရွားနေတာတော့ မဟုတ်ဘူး... တိုင်းပြည်ရဲ့ရုံးတော်အတွင်းမှာ ဦးနှောက်ပါမှန်းတောင် မသိကြတဲ့‌ စောက်ရူးတွေရှိသလိုမျိုး အကောက်ကြံနေတဲ့မြေခွေးအိုတွေလည်း ရှိတာပါလား”

လီမီထံမှ အရှက်ခွဲခံထားရသော ကျန်းပိုင်မြို့အုပ်ချုပ်ရေးမှူး ဖုန်းဟွာသည် မကျေနပ်သော စိတ်အရင်းနဲ့ တိုက်ရိုက်မေးခွန်းထုတ်နေသော ချင်မင်းသားအား ခေါင်းမာစွာ ပြန်လည်ဖြေကြားလိုက်သည်။

"အရှင်မင်းသားကို ကျွန်တော်မျိုး မေးလိုပါတယ်... ဘယ်သူက အရူးဖြစ်ပြီး ဘယ်သူက မကောင်းတဲ့ မြေခွေးအိုပါလဲ”

ထိုမျက်နှာကြောထူလှသော စကားလုံးများကြောင့် ရှထိုက်အန်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ဟားဟား... ဖုန်းဟွာ၊ မင်းက ငါကိုယ်တော်ကို ရဲရဲတင်းတင်းဆန့်ကျင်ရဲပြီး လုပ်ချင်ရာလုပ်ခဲ့တယ် ဆိုပေမဲ့ မင်းကလည်း လုပ်နိုင်စွမ်းရှိတဲ့ အမတ်တစ်ယောက်ပါ၊ ဒီလိုမျိုး ဉာဏ်မပါတဲ့ မေးခွန်းမျိုး မေးလာလိမ့်မယ်လို့ ငါမင်းသား မမျှော်လင့်ထားမိဘူး”

လီမီရဲ့ဘေးကနေ ဖုန်းဟွာရှိရာသို့ ချင်မင်းသား တိုက်ရိုက်သွားရောက်လိုက်ပြီး ကျားတစ်ကောင်လိုမျိုး စူးရဲနေတဲ့ မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။

"ဒါပေမဲ့ မင်းကိုကြည့်ရတာ ရှေ့ထွက်ပြီး အစားလှုပ်ရှားပေးနေရတဲ့ နယ်ရုပ်တစ်ရုပ်ပဲနဲ့ တူတယ်”

ကျင့်ကြံဆင့်မရှိတဲ့ ဖုန်းဟွာတစ်ယောက် ရှထိုက်အန်းပို့လွှတ်လာသော ကြမ်းကြုတ်တဲ့အရှိန်အဝါကို ခံနိုင်စွမ်းမရှိချေ။ ချက်ချင်းပဲ ခြေနှစ်လှမ်းအနောက်ဆုတ်သွားရင်း စားပွဲခုံကို အားပြုကာ လက်ထောက်လိုက်ရသည်။

"အရှင်မင်းသား ကျွန်တော်မျိုးက အချက်ကျကျထောက်ပြခဲ့ပြီး အရှင်မင်းသားကို ဆန့်ကျင်လိုစိတ်မရှိပါဘူး... ကျွန်တော်မျိုး စိတ်အနှောက်အယှက် ပေးမိခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး ခွှင့်လွှတ်ပေးပါ”

ဖုန်းဟွာက ထူးချွန်သော အုပ်ချုပ်သူတစ်ယောက် မဖြစ်သော်ငြား အုပ်ချုပ်သူရာထူးအထိ ရရှိလာတဲ့လူတစ်ယောက်အနေနဲ့ လျှာရိုးမရှိ စကားပြောဆိုနိုင်စွမ်းမှာ အရည်အချင်းမြင့်မားသည်။ အမတ်များ အ‌ရှေ့တွင် ရှထိုက်အန်းကပဲ မကျေမနပ် ပြောဆိုနေသူတစ်ယောက်ဖြစ်အောင် ပြောင်းလဲပြောဆိုလိုက်လေရဲ့။

အမတ်ဖုန်းဟွာလို သေးငယ်တဲ့ရာထူးမျိုးက ရှထိုက်အန်းအတွက် ဂရုစိုက်စရာ ကိစ္စတစ်ခုမဟုတ်ခဲ့ပေ။ ရှထိုက်အန်း အကြိမ်‌ရေတစ်ချို့ စိုက်ကြည့်ပြီးတာနှင့် ချက်ချင်းပဲ လှည့်ထွက်သွားခဲ့သည်။

"တူတော်မောင် ဘုရင်ကြီး မင်းရဲ့ သစ္စာရှိဦးရီးတော် လာတွေ့တယ်”

နန်းတော်တံခါး မပွင့်ခင်မှာပဲ ရှထိုက်အန်းရဲ့ ကျယ်လောင်တဲ့အသံက ခန်းမတစ်ခုလုံးကို လွမ်းမိုးသွားခဲ့ပြီး ကျားတစ်ကောင်လိုမျိုး လျင်မြန်တဲ့အရှိန်နဲ့ အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

"အို ဘယ်လိုလုပ်အရှင်မင်းကြီးရဲ့ သိုင်းပညာက ဒီလောက်ထိ နက်ရှိုင်းလာရတာလဲ”

ရှထိုက်အန်းသည် တိုင်းပြည်အတွင်းရှိ ပထမအဆင့်ကျင့်ကြံမှုနဲ့ နီးစပ်နေပြီးသော အသန်မာဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် သူဘယ်လောက်ပဲ သန်မာပါစေ ရှကျိုးယွီကိုမြင်လိုက်တာနှင့် ရေတွင်းနဲ့ရေပုံး နှိုင်းယဉ်ခံလိုက်ရသလိုမျိုး ကြီးမားတဲ့ကွာခြားချက်ကို နားလည်သဘောပေါက်သွား၏။ သူ့ရဲ့တူတော်မောင် ဘုရင်ကြီးက တိတ်တဆိတ်နှင့် ကျင့်ကြံမှုကို အများကြီး ရောက်ရှိထားမှန်း သိသော်ငြား ရှင်ဘုရင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိခြင်းက ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်သောကြောင့် ရှထိုက်အန်းအများကြီးဂရုမစိုက်ခဲ့ပေ။

"ဒါနဲ့ အရှင်မင်းကြီးရဲ့ ခရီးစဉ်ကရော ဘယ်လိုလဲ”

ရှကျိုးယွီက သူ ငယ်စဉ်ကတည်းက ထိန်းကျောင်းလာပေးရတဲ့ သူတစ်ယောက်ဖြစ်သောကြောင့် ချင်မင်းသားနဲ့ ရှကျိုးယွီရဲ့ ဆက်ဆံ‌ရေးသည် အလိုအလျောက် နီးကပ်သည်။ ကျန်းနန် မြို့သုံးခုတွင် အုပ်ချုပ်သူအဖြစ် စေလွှတ်ခံရပြီးကတည်းက မတွေ့ခဲ့ရသဖြင့် အခုလိုမျိုးတွေ့ဆုံမှုက ရှထိုက်အန်းအတွက် အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။ ထို့‌ကြောင့်ပဲ ရှထိုက်အန်းက ကျင့်ဝတ်ထုံးစံကို ဂရုမစိုက်ဘဲ အရှင်မင်းကြီးကို ကြိုဆိုရာတွင် တပ်သားများကို ခေါ်ဆောင်ရင်း ကြိုးစား တည်ဆောက်လာခဲ့သော စစ်တပ်အင်အားကို ပြသချင်ခဲ့တာ ဖြစ်၏။

"ဦးရီးတော် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်... တစ်ကယ်တော့ ဒီနေရာကို ရောက်လာကတည်းက ရှုခင်းတွေကို တောက်လျှောက် ကြည့်ရှုနေခဲ့ရတာမလို့ လုံးဝမပင်ပန်းဘူး”

ညီလာခံအတွင်းတွင် အမတ်အားလုံးရဲ့ စွပ်စွဲမှုနဲ့ အပြစ်ပြောဆိုသံကို ကြားခဲ့ရသဖြင့် ချင်မင်းသားက ရှကျိုးယွီအတွက်တော့ မျက်စိပဒါသဖြစ်ဖွယ် ကောင်းနေခဲ့သည်။ အုပ်ချုပ်သူဖြစ်ပါလျက်နှင့် လက်အာက်ခံအမတ်တွေရဲ့ ပေါ်‌ပေါ်ထင်ထင် စွပ်စွဲခြင်းကို ခံရလောက်အောင်အထိ သူ့ရဲ့ ဦးရီးတော်က လုပ်ကိုင်နိုင်စွမ်းရှိလှ၏…

"ဟူး... အရှင်မင်းကြီးကတော့ ကောင်းလိုက်တာ… တစ်နေကုန်ခရီးသွားပြီး ရှခင်းတွေကို ခံစားလို့ရတယ်... ဒါပေမဲ့ ကျွန်‌တော်မျိုးကတော့ အဲ့ဒီအရာရှိတွေကို ရင်ဆိုင်ရင်း နေ့တိုင်းခေါင်းကိုက်နေရတာ”

အနားမှာ ဘယ်သူမှ မရှိတော့တဲ့အတွက် ရှန်းထိုက်အန်းသည် ကျင့်ဝတ်ထုံးတန်းများကို ဂရုမစိုက်ဘဲပေါ့ပါးစွာ ပြောဆိုလိုက်သည်။ ထို့နောက်မှာ ထိုင်ခုံတစ်ခုအား သာမန်လိုဆွဲယူလိုက်ရင်း ဝင်ထိုင်လိုက်ပြီး အရှင်မင်းကြီးအတွက် အခါးရည် ထည့်ပေးလိုက်သည်။

"အမှန်တော့... ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ လွှမ်းမိုးပြီးချုပ်ကိုင်နိုင်ပုံကို မြင်တဲ့အချိန်တုန်းက အရှင်မင်းကြီးတစ်ယာက်ဖြစ်ရတာ ကောင်းလိုက်တာဆိုပြီး မနာလိုခဲ့ဘူးတယ်.... ကျွန်တော်မျိုးလည်း အုပ်ချုပ်သူဖြစ်လာရင် လူတွေကို ဘယ်လိုမျိုး အမိန့်ပေးမှာဆိုပြီးတော့ တစ်ဆက်တည်း စိတ်ကူးယဉ်ခဲ့တာပေါ့... ဒါပေမဲ့ အခုတော့ ကြည့်လိုက်ပါဦး... ဒီနေရာရဲ့ အုပ်ချုပ်သူအဖြစ် ရောက်လာတာမှ မကြာသေးဘူး မေးခွန်းသုံးခွန်းနဲ့တင်‌ ချောင်ပိတ်မိနေပြီ”

အပြင်ပိုင်းမှာ ကြမ်းတမ်းသလို ထင်ရသော ချင်မင်းသားသည် တစ်ကယ်တော့ ထိုကိစ္စများကြောင့် များစွာ ဒုက္ခရောက်နေခဲ့ရ၏။ စစ်တပ် လေ့ကျင့်ပေးရသည့်အတွက် ဒေသခံအမတ်များနဲ့ မဖြစ်မနေတွေ့ဆုံရသည်။ ထိုအချက်ကပဲ သူ့ရဲ့ခေါင်းကိုက်မှုကိုတစ်နေ့တစ်ခြား ပိုမို ဆိုးရွားနေစေခဲ့တာပင်။

"ဒါဆိုရင် ဦးရီးတော်က ရှင်ဘုရင်တစ်ယောက်ဖြစ်လာဖို့ စဉ်းစားခဲ့ဖူးတာပေါ့”

ရှကျိုးယွီက ခံစားချက်တစ်ခုမှ ထုတ်မပြဘဲ ထိုမေးခွန်းကို မေးလာခဲ့သည်။

ရှထိုက်အန်းလည်း အများကြီး မတွေးတောခဲ့ပေ။ သူ့ရဲ့မျက်နှာက အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။ ငယ်စဉ်ကတည်းက ရင်းနှီးလာခဲ့တဲ့ နီးစပ်သော ဆက်ဆံ‌ရေးကြောင့်သာ မဟုတ်ဘူးဆိုရင် အရှင်မင်းကြီးက ဒေါသထွက်ပြီး ပုန်ကန်သူအဖြစ် သံသယဝင်ကာ မေးခွန်းထုတ်နေသည် ဟု ရှထိုက်အန်း သတ်မှတ်ပေလိမ့်မည်။

“ အရှင်မင်းကြီးဖြစ်လာဖို့ စိတ်ကူးမယဉ်ဖူးတဲ့လူ ရှိလို့လားဗျာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်မျိုး တော်တော်လေး စိတ်ကုန်သွားပြီ။ နဂါးပလ္လင်တစ်ခုလုံး ကျွန်တော်မျိုးကို ကမ်းပေးလာရင်‌တောင်မှ ယူမှာမဟုတ်ဘူး။ အဲ့ဒီအမတ်တွေ အားလုံးကလည်း ချင်မင်းသားက နေ့တိုင်းပုန်ကန်မယ့် ရည်ရွယ်ချက်နဲ့ တပ်သားတွေ လေ့ကျင့်နေပါတယ်ဆိုပြီး လာလာညည်းနေကြတာ ဘယ်လိုပဲ စဉ်းစာစဉ်းစား အဲ့တာက အဓိပ္ပာယ်မရှိတဲ့ ကိစ္စကြီးပဲ မဟုတ်ဘူးလား”

ထိုအချိန်တွင် ရှကိုးယွီ၏ စိတ်ဝင်တစားအကြည့်က ရှထိုက်အန်း၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ကျရောက်နေခဲ့သည်။ ဘယ်လိုရှုထောင့်ကပဲ ကြည့်ရှုပါစေ ဦးရီးတော်က ပုန်ကန်ဖို့ အသင့်တော်ဆုံး ရွေးချယ်ခံတစ်ယောက်ပဲ။ အင်အားကြီးတဲ့ကျင့်ကြံမှုကို ပိုင်ဆိုင်ထားရုံတင်သာမကပဲ လက်အောက်တွင် သန်မာသောတပ်ဖွဲ့ကို ရရှိထားသည်။ ထို့အပြင် တော်ဝင်သွေးကို ရရှိထားသော ဒီဦးရီးတော်အတွက် နဂါးပလ္လင်က အလိုက်ဖက်ဆုံး အရာတစ်ခု မဟုတ်ဘူးလား..

"ဒါဆိုရင် ဦးရီးတော် ပုန်ကန်ချင်လား”

မျှော်လင့်တကြီးမျက်လုံးများနဲ့ မေးလာခဲ့သော ရှကျိုးယွီရဲ့မေးခွန်းကို အကြိမ်ကြိမ်လက်ခါပြရင်း ရှထိုက်အန်း အလောတကြီး ဖြေကြားလိုက်၏။

“ကျွန်တော်မျိုး မပုန်ကန်ဘူး။ ဘာကိစ္စ အဲ့လိုလုပ်ရမှာလည်း… အရှင်မင်းကြီးဖြစ်လာတော့ရော ဘာကောင်းလို့လဲ။ အခုဆိုရင် ကျွန်တော်မျိုးရဲ့ နေ့ရက်တွေက နေ့တိုင်း အခါးရည်သောက်ရင်း ငှက်တွေနဲ့ကစားတယ်... ပြီးရင် တပ်သားတွေကို လေ့ကျင့်တယ်။ လိုအပ်တဲ့ အချိန်ကြရင် ဒီတပ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ပွဲဝင်မယ်... အဲ့ဒီဘဝကမှ လိုချင်စရာဘဝ တစ်ခု မဟုတ်ဘူးလား”

လုံးဝကို ပုန်ကန်မယ့်အတွေး မရှိသော ရှထိုက်အန်းကြောင့် ရှကျိုးယွီ အနည်းငယ် အခက်တွေ့သွားခဲ့သည်။ မလုပ်ချင်တဲ့ သူတစ်ယာက်အား အတင်းအကျပ် ပုန်ကန်ခိုင်းလို့မှ မရတာပဲ...

ထိုအချိန်မှာပဲ အကြံကောင်းတစ်ခုကို ရှိကျိုးယွီ ရုတ်တရက်စဉ်းစားခဲ့မိပြီး မျက်ခုံးတစ်ဖက် ပင့်သွားခဲ့သည်။

“ဦးရီးတော်၊ ဦးရီးတော်ရဲ့ တပ်သားတွေက တကယ်ပဲ ဦးရီးတော်ရဲ့အပေါ်မှာ သစ္စာရှိတာလား”

ချက်ချင်းပဲ ရှထိုက်အန်းရဲ့ မျက်နှာပေါ်မှာ ဂုဏ်ယူမှုတစ်ချို့ ပေါ်ပေါက်လာလေကာ ခေါင်းမော့ရင်ကော့ရင်း ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

"ဒီသစ္စာရှိ ဦးရီးတော် လေ့ကျင့် ပျိုးထောင်ပေးထားတဲ့ တပ်သားတွေက သေချာပေါက် သစ္စာရှိကြမှာပေါ့.... ကျွန်တော်မျိုးက သူတို့ကို အရှေ့ဖက်ကို သွားဖို့မှာကြားထားရင် သေချာပေါက် အနောက်အရပ်ကို သွားရဲမှာမဟုတ်ဘူး... သူတို့ကို မီးပင်လယ်ကို ဖြတ်သန်းခိုင်းရင်တောင်မှ မျက်တောင်တစ်ချက်မခတ်ပဲ ဖြတ်သန်းပြလိမ့်မယ်”

ထိုအချိန်မှာပဲ ရှကျိုးယွီ ခပ်ပြုံးပြုံးနှင့် စကားတစ်ချို့ ပြန်ပြောလိုက်သည်။ ထိုစကားလုံးများကြောင့် ရှထိုက်အန်း၏ ကျောရိုးတစ်လျှောက်လုံးကို တုန်ယင်သွားလေရဲ့..။

“အကယ်လို့ အဲ့ဒီတပ်သားတွေကို အရှင်မင်းကြီးကို သတ်ပစ်ပြီး နန်းသိမ်းဖို့အတွက် ခိုင်းစေလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ”

ချက်ချင်းပဲ ထိုင်ခုံပေါ်မှ ဝုန်းခနဲခုန်ထလာခဲ့သော ရှထိုက်အန်း၏ ကျား‌တစ်ကောင်လို စူးရှနေတဲ့မျက်လုံးများက မျက်စိရှေ့က အရင်းနှီးဆုံး တူတော်မောင်ကို အံ့ဩတစ်ကြီး ကြည့်ရှုလိုက်သည်။ ဒါပေမယ့် ရှကျိုးယွီရဲ့မျက်လုံးများက စနောက်နေဟန် မရှိဘူး။

"တူတော်မောင် အဲ့တာဘာကိုဆိုလိုတာလဲ”

All Chapters