တူမြောင်းစီမံကိန်း
Vol. 20 Ch. 277
လီယုဟန်၏ တုံ့ပြန်မှုကြောင့် ရှကျိုးယွီ မနေနိုင်စွာ ရယ်မောလိုက်သည်။ ထိုကြမ်းတမ်းလှသော မိန်းကလေးထံမှ အခုလိုမျိုး အရမ်းဂရုစိုက်ခံရလိမ့်မယ်လို့ ရှကျိုးယွီ လုံးဝ မမျှော်လင့်ထားမိပေ။
“အရှင်မင်းကြီးက ရယ်နေပြန်ပြီ”
လီယုဟန်တစ်ယောက် လက်တစ်ဖက်နှင့် မျက်ရည်သုတ်ပြီး လက်တစ်ဖက်က ရှကျိုးယွီကို ခပ်ဖွဖွ ရိုက်နှက်လိုက်သည်။
ဒီလူက သူ့ကိုယ်သူ ဘာတွေပြောနေလဲရော သိသေးရဲ့လား.. သူမ အနှစ်နှစ်ဆယ်လုံး ထိန်းသိမ်းလာခဲ့ရသော မျက်ရည်များအားလုံး တစ်ရက်တည်းမှာ ကုန်ဆုံးတော့မတက် စီးကျလာနေ၏။
“မင်းလျှောက်တွေးနေလို့ ငါရယ်လိုက်တာပါ။ ငါက တရှားတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ အရှင်ဘုရင်ပဲ။ သာမန်ဂိုဏ်းသားတွေရဲ့လက်ထဲမှာ ဘယ်လိုလုပ်သေနိုင်မှာလဲ”
ချက်ချင်းဆိုသလို ရှကျိုးယွီ၏ ချောမောခန့်ညားသော မျက်နှာထက်၌ မောက်မာမှုများဝင်ရောက်လာခဲ့သည်။ ပထမအဆင့် သိုင်းနတ်ဘုရားနယ်ပယ်ကို ရရှိထားသော သူ၏ကျင့်ကြံမှုကြောင့် ထျန်းလင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ရောက်လာမည်ဆိုရင်တောင်မှ သတ်ဖို့လွယ်ကူမည်မဟုတ်ချေ။ သိုင်းပညာကို ကျင့်ကြံသော ပထမအဆင့် ကျင့်ကြံသူတစ်ယောက်၏ သန်မာမှုသည် တာအိုလမ်းစဉ်အား ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက်နှင့် ကွာခြားမှုရှိလှ၏။
“ကြည့်လိုက်ပါဦး။ ဘယ်လောက်တောင် အတွေးလွန်နေလဲဆိုတာ”
ရှကျိုးယွီ တစ်ကယ်သေမှာ မဟုတ်မှန်း နားလည်လိုက်သည်နှင့် မျက်ရည်များ ပြည့်နှက်နေသော လီယုဟန်၏ မျက်နှာက ချက်ချင်းဆိုသလို ပြုံးရွှင်သွားခဲ့သည်။
“ဒါဆိုရင် အရှင်မင်းကြီးက ဘာကိုဆိုလိုတာလဲ”
ရှကျိုးယွီ တစ်ယောက် ထိုင်ခုံကို မှီလိုက်ရင်း မျက်နှာထက်မှာ မတူညီသော မျက်နှာထားကို တပ်ဆင်လိုက်သည်။
“အရှင်မင်းကြီးလုပ်ရတာ အရမ်းကို ပျင်းဖို့ကောင်းလွန်းတယ်။ ငါကိုယ်တော် အရှင်မင်းကြီးဖြစ်မလာချင်တော့ဘူး။ အဲဒီအရာရှိတွေကလည်း တစ်နေ့တခြား စိတ်ကုန်အောင်ပဲ လာလုပ်နေတာ။ အဲဒီတော့ ငါလည်း လွတ်ပေါက်ရှာချင်တာပေါ့”
ရှကျိုးယွီ၏ စကားလုံးများကြောင့် လီယုဟန်ပင် မနေနိုင်အောင် ပြုံးမိသွားခဲ့သည်။ သူမအနေနှင့် များစွာသော တိုင်းပြည်များ၏ အရှင်ဘုရင်များကို တွေ့ဆုံခဲ့ဖူးပါသည်။ ထိုသူများအားလုံးက တစ်သက်တာလုံး ရှင်ဘုရင်ဖြစ်လာချင်ပြီး မသေမျိုးအဖြစ်နဲ့ ပြည်သူများကို ထာဝရစိုးစံချင်ကြသည်။ ရှကျိုးယွီလိုမျိုး သောက်ကျိုးနည်း ရှင်ဘုရင်တစ်ယောက်ကို သူမ လုံးဝ မတွေ့ဖူးပါချေ။
“ဒါဆိုရင် အရှင်မင်းကြီးမှာ တော်ဝင်ဦးရီးတော်တစ်ယောက် ရှိနေတာပဲ မဟုတ်ဘူးလား။ သူ့ကိုရာထူးပေးလိုက်ရင် မရလို့လား”
ရှကျိုးယွီ၏ အကျီအတွင်းက လက်ကိုင်ပဝါကို လီယုဟန် နှိုက်ယူလိုက်ရင်း မျက်နှာပေါ်ရှိ မျက်ရည်စများ အားလုံးကို သုတ်လိုက်သည်။
"ငါကိုယ်တော်ရဲ့ ဦးရီးတော်ကလည်း ရှင်ဘုရင်တယောက်ဖြစ်မလာချင်ဘူး။ မနေ့က ငါကိုယ်တော် အများကြီး ဆွဲဆောင်ပြောဆိုခဲ့လို့သာ သူက နောက်ဆုံးတော့ ပုန်ကန်ဖို့သဘောတူလိုက်တာပဲ’
လီယုဟန်အား လုပ်ချင်ရာလုပ်ခွင့် ပေးထားရင်း ထိုင်ခုံကိုမှီနေကာ ရှကျိုးယွီ နူးညံ့စွာပြုံးလိုက်သည်။
ရှထိုက်အန်းကို တိုင်းပြည်ကြီးပုံအပ်လို့ ရနိုင်မယ်ဆိုရင် ဒီလောက်ထိပြဿနာရှာဖို့ လိုနေအုံးမှာလား....
ထိုစကားလုံးများကြောင့် လီယုဟန်တစ်ယောက် စွံ့အသွားလေရဲ့။ ခေတ်အဆက်ဆက် တော်ဝင် မိသားစုတွေရဲ့ ထီးနန်းရဖို့အရေး အချင်းချင်း လုပ်ကြံသတ်ဖြတ် နေကြသော ရက်စက်သည့် သမိုင်းကြောင်းကို ကျော်လွန်ရင်း တရှားတိုင်းပြည်၏ ဒီဦးရီးတော်နဲ့ တူတော်မောင်က ဘယ်လိုတောင် ထူးခြားတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားတာလဲ.....
"အရှင်မင်းကြီးရဲ့ ဘိုးဘေးတွေသာ အသက်ရှင်နေသေးမယ်ဆိုရင် အရှင်မင်းကြီးတို့ နှစ်ယောက်လုံးကို သေချာပေါက် ဆူဆဲလောက်တယ်"
လီယုဟန် မတတ်နိုင်စွာပြောဆိုလိုက်တော့သည်။
ရှကျိုးယွီလည်း ကူကယ်ရာမဲ့စွာဖြင့် လက်တစ်ဖက်သာယမ်းပြလိုက်၏။ ဒီအခြေအနေမှာ ဘယ်သူ့ကိုအပြစ်တင်ရဦးမှာလဲ....
"ဒါဆိုရင် မင်းတို့ရဲ့ထျန်းလင်ဂိုဏ်းဘက်က ငါကိုယ်တော်ကို ကူညီချင်လား"
လက်ရှိအခြအနေအား လီယုဟန် သဘောပေါက်သွားသော်ငြား သူမ၏နှလုံးသားအတွင်းမှာ သံသယများရှိနေဆဲပင်။
"ဒီအတုအယောင်ကိစ္စကို လူများအမြင်မှာ အစစ်အမှန်ဖြစ်လာစေချင်တယ်"
နောက်ဆုံးတော့ ရှကျိုးယွီ ထိုင်ခုံမှ ခပ်ဖြည်းဖြည်း ထလိုက်ရင်း စားပွဲပေါ်ရှိ တရှားမြေပုံကို ယူလိုက်သည်။
"အချိန်ကျလာပြီဆိုရင် အရှင်မင်းသားက ကျန်းနန်မြို့ကနေ စတင်ပြီး ပုန်ကန်လိမ့်မယ် အဲ့ဒီအချိန်ကြရင် ငါတို့က တူးမြောင်းအတိုင်း မြောက်ဘက်ကတဆင့် ခရီးထွက်ပြီး ထိုက်အန်းမြို့တော်ကို ပြန်သွားမယ်။ အရှင်မင်းသားရဲ့ တပ်ဖွဲ့တွေက နေရာအသီးသီးမှာ အနိုင်ယူနိုင်တယ် ဆိုပေမဲ့ မြို့တော်က တပ်သားတွေကတော့ မတူညီဘူး ထိုက်အန်းမြို့တော်မှာ လက်ရွေးစင်တပ်သားတွေ ထောင်ချီပြီးရှိနေတယ်”
ရှကျိုးယွီသည် မြေပုံပေါ်မှာ အနီရောင်စုတ်တံဖြင့် တူးမြောင်းအတွက်တည်နေရာအား ရေးဆွဲပြလိုက်သည်။
"ငါ့ဘက်ကတိုက်ပွဲမစချင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ထိုက်အန်းက တပ်သားတွေကို နောက်ဆုတ်ခိုင်းလို့ရတယ်။ ဒါပေမဲ့ ထိုက်အန်းရဲ့ ခံရိုးနံရံက အရမ်းမြင့်သလို နေရာကလည်း ကျယ်ဝန်းတယ်။ အရှင်မင်းသားအတွက် ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်ဘူး ဒါ့အပြင်ရုံးတော်ထဲမှာလည်း လုပ်နိုင်စွမ်းရှိတဲ့ အမတ်တွေအများကြီးရှိနေသေးတယ်။ အဲ့ဒီအချိန်ကျရင် အရှင်မင်းသားပုန်ကန်တဲ့နေရာမှာ အကူအညီအဖြစ် မင်းတို့ရဲ့ ထျန်းလင်ဂိုဏ်းကို ငါလိုအပ်တယ်”
အရာအားလုံးအား အသေးစိတ်ရှင်းပြပြီးသည်နှင့် ရှကျိုးယွီသည် လီယုဟန်အား တည့်မတ်စွာ စိုက်ကြည့်လိုက်သည်။
"ဒီကြီးမားတဲ့ကိစ္စကြီး အောင်မြင်သွားတာနဲ့ ငါ့ရဲ့တဘဝလုံးက လွတ်လပ်ပြီး ပျော်ရွှင်ဖွယ်ကောင်းနေတော့မှာပါ။ အဲ့ဒီအချိန်ကြရင် မင်းငါ့ကိုလက်ထပ်ချင်သေးလား”
ထိုစကားလုံးများက လီယုဟန်၏ ခုခံမှုများအားလုံးကို ဖြတ်ချိုးသွားခဲ့ပြီး သူမ၏နှလုံးသားသည် သမင်ပေါက်တစ်ကောင်လိုမျိုး ပြင်းထန်စွာခုန်ပေါက်လာလေရဲ့။ သူမ၏မျက်လုံးများက ရှကျိုးယွီထံသို့ မလွှဲနိုင်အောင် စိုက်ကြည့်နေမိသည်။
"ကျွန်မဆန္ဒရှိတယ်။ အရှင်မင်းကြီးက ရှင်ဘုရင်တစ်ယောက်ဖြစ်နေပါစေ၊ သာမန်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါစေ၊ ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့အပိုင်ပဲ”
လီယုဟန်တယောက် ရှက်ရွံ့မှုကိုပင် သတိမရတော့ဘဲ သူမ၏စိတ်ထဲကအတိုင်း ပွင့်လင်းစွာ ဖွင့်ပြောလိုက်၏။
"ဒါဆိုရင် မင်းလည်း ထျန်းလင်ဂိုဏ်းကို ပြန်သွားပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်လိုက်ပါ။ အရှင်မင်းသားပုန်ကန်တဲ့ အချိန်ကျရင် ထျန်းလင်ဂိုဏ်းဘက်ကကူညီပေးဖို့မျှော်လင့်တယ်။ ဒီကိစ္စပြီးသွားပြီဆိုရင် စိတ်ဝိညာဉ်စုဆောင်းတဲ့ အစီအရင်နဲ့ပတ်သက်ပြီး ထျန်းလင်ဂိုဏ်းနဲ့တရှားက ပူးပေါင်းလိမ့်မယ်”
လီယုဟန်အားပြောခဲ့သောစကားလုံးများကို ရှကျီုးယွီ ချက်ချင်းပဲ စာစောင်တစ်ခုပေါ်မှာ ချရေးလိုက်၏။ သို့သော်ငြား သူ့၏ အရှင်မင်းကြီး လုပ်ရတာ ပျင်းလို့ဆိုသော ဆင်ခြေက အလွန်အားနည်းနေသည့်အတွက် ထျန်းလင်ဂိုဏ်းလို ထိပ်သီးဂိုဏ်းအတွက်ဆိုရင် မလိုအပ်သောသံသယများကို ဖြစ်ပေါ်စေမည် ဆိုးသဖြင့် ရှကျိုးယွီထပ်မံ အချက်အလက်များအားဖြည့်စွက် လိုက်သည်။
"အဆင့်နှစ် စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး ဖန်တီးတဲ့ကိစ္စကအရေးကြီးကိစ္စတစ်ခု ဖြစ်တဲ့အတွက် လျှို့ဝှက်ပြီးဆောင်ရွက်မယ်ဆိုရင် ထျန်းလင်ဂိုဏ်းကြားမှာ မလိုအပ်ဘဲနဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ငါကိုယ်တော်ယူဆတယ်။ ဒါကြောင့် ငါကိုယ်တော်အနေနဲ့ မလိုအပ်ဘဲ ပြည်သူတွေကြားမှာ အချင်းများပြီး သွေးချောင်းမစီးစေချင်ဘူး။ ဒါကြောင့် ထျန်းလင်ဂိုဏ်းက တရှားကိုတိုက်ခိုက်တဲ့အနေနဲ့ လူတွေအမြင်ကိုလှည့်စားနိုင်ဖို့ ဒီအစီအစဥ်ကိုဆွဲလိုက်ရတာဖြစ်တယ်။ ဒါကြောင့် ထျန်းလင်ဂိုဏ်းဘက်က အကြီးအကဲတွေလည်း ငါကိုယ်တော်ကို ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်”
ပြီးပြည့်စုံစွာရေးသားပြီးနောက်တွင် တော်ဝင်တံဆိပ်တော်အား ခပ်နှိပ်လိုက်ပြီး လီယုဟန်ထံသို့ ပေးလိုက်တော့သည်။
"ဒီတခေါက်ငါတို့ခွဲခွာပြီးသွားရင် နောက်တခေါက် ပြန်တွေ့ရမယ့်အချိန်က ထျန်းလင်ဂိုဏ်းကို ငါကိုယ်တိုင်ရောက်လာပြီး မင်းကိုလက်ထပ်ခွင့်တောင်းတဲ့ အချိန်ပဲဖြစ်တော့မယ်”
လီယုဟန်တစ်ယောက် ရှကျိုးယွီ၏ စာစောင်ကိုတွန့်ဆုတ်စွာ လက်ခံလိုက်ရင်း အနောက်အား လှည့်ကြည့်လှည့်ကြည့်ဖြင့် ထွက်ခွာသွားခဲ့သည်။ သူမနောက်ဆုံးပျောက်ကွယ်သွားချိန်မှသာ ရှကျိုးယွီစိတ်သက်သာစွာဖြင့် သူ့ရင်ဘက်အား ပုတ်လိုက်ပြီး စားပွဲပေါ်ရှိ အခါးရည်ခွက်အား အငမ်းမရ သောက်လိုက်တော့သည်။
“နောက်ဆုံးတော့ငါအားလုံးကို အရူးလုပ်နိုင်သွားပြီ။ ထျန်းလင်ဂိုဏ်းဘက်က ဦးရီးတော်ကိုကူညီနေမယ်ဆိုရင် ကျူးကော့လုံတောင်မှ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး”
ဘယ်လောက်ပဲကြိုးစားပါစေ အကြိမ်ကြိမ်သစ္စာဖောက်ခံထားရခြင်းကြောင့် ရှကျိုးယွီတစ်ယောက် အနည်းငယ်မသက်မသာခံစားနေရ၏။
“အခုဆိုရင်ငါတို့မှာ အထောက်အပံ့လည်းရှိပြီ။ လိုအပ်တဲ့အကြောင်းအရင်းလည်း ရှိသွားပြီ။ လူအင်အားလည်းရပြီ။ ဒါပေမဲ့ ဘာလိုနေသေးတာလဲ"
အခုလိုမျိုးတူတော်မောင်၏ ပုန်ကန်မှုအောင်မြင်ရန်အတွက် ကြိုးစားပမ်းစား စီစဥ်ပေးနေမှုကို ရှထိုက်အန်းမြင်လို့ကတော့… သေချာပေါက်ပျော်ရွှင်မှုကြောင့် ထခုန်လောက်သည်ပင်။
“ဟုတ်သားပဲ ငါတို့လိုနေတာက သစ္စာရှိပြီး ကျွမ်းကျင်တဲ့ တိုက်ခိုက်သားတွေ"
ရှကျိုးယွီချက်ချင်းပဲ ဟွမ်ပထျန်းနှင့်ကျန်တဲ့သူများအား စဥ်းစားမိသွား၏။ နတ်ဘုရားစာရင်းစာချုပ်၏ အဆင့်မြင့်ပေးမှုကြောင့် သူတို့ထံတွင် မြင့်မားသောကျင့်ကြံမှုကိုရရှိထားရုံတင်သာမက သူတို့၏အသက်ကလည်း ရှကျိုးယွီ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့သည်။ ထို့ကြောင့်လောကတွင် သူတို့ထက် ပိုမိုသစ္စာရှိမည့်သူ အဘယ်မှာရှိနိုင်မည်နည်း။
“ဒါပေမဲ့ အဲဒီလူတွေအားလုံးက နှင်းနဂါးမြို့မှာအခြေကျနေတာတော့ အနည်းငယ် စိတ်မကောင်းစရာပဲ”
လက်ရှိတွင် ဟွမ်ပထျန်းနှင့်ကျန်တဲ့သူများသည် ဝေးလံသောနှင်းနဂါးမြို့၌ရှိနေသည့်အပြင် အဆင့်မြင့်အရာရှိရာထူးများအား ရထားသည်ဆိုသော်ငြား တော်ဝန်ရုံးတော်၏ အဆက်မပြတ်စောင့်ကြည့်မှုကိုခံနေရသည်။ တစ်ကြိမ်ပုန်ကန်သူဖြစ်ထားသည့် သူတို့အား ဘယ်သူကယုံကြည်နိုင်မည်နည်း။
"ဒါဆိုရင် ပုန်ကန်သူတွေက ပုန်ကန်သူတွေကိုကူညီလာအောင်လုပ်ဖို့ ငါအကြောင်းအရင်း ထပ်ရှာရတော့မှာပဲ"
ဘယ်လိုဘဲစဥ်းစားပါစေ အကျိုးအကြောင်းသင့်သည့်အတွက် ရှကျိုးယွီသည် ဟွမ်ပထျန်းနှင့်ကျန်တဲ့သူများအား လာရောက်ကူညီခိုင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဟွမ်ပထျန်းဦးဆောင်ပြီး ပထမအဆင့်ကျင့်ကြံသူ ငါးယောက်နှင့် ဒုတိယအဆင့်ကျင့်ကြံသူ ဆယ့်သုံးယောက်ကို ခေါ်ဆောင်ရင်း ကျန်းနန်မြို့သို့ ချက်ချင်းလာရောက်ရန် စာစောင်ရေးသားပြီး နှင်းနဂါးမြို့ကို ပေးပို့ဖို့ကြံစည်လိုက်သည်။ အတိတ်ကအရှက်ရဖွယ်ကိစ္စများအား ဟွမ်ပထျန်းအမှတ်ရမနေဖို့ဘဲမျှော်လင့်မိပါသည်။ နောက်ဆုံးတော့ ရှကျိုးယွီအတွက် တူးမြောင်းတည်ဆောက်ရေးစီမံကိန်းကို ဖြေရှင်းဖို့သာ ကျန်တော့သည်။
"ဟူး ငါပဲ အကုန်လုံး စီစဥ်နေရတယ်ကွာ"
ရှကျိုးယွီစုတ်တံအား ပြန်ကိုင်လိုက်ရင်း အလုပ်ခွင်ရေးရာဌာနအတွက် ပြန်စာပို့ပေးရန် ကြိုးစားလိုက်သည်။
"တူးမြောင်းတည်ဆောက်တဲ့ကိစ္စက တိုင်းပြည်တခုလုံးအတွက်အရေးကြီးကိစ္စတစ်ခု ဖြစ်တယ်။ သေချာပေါက် ကြန့်ကြာစေလို့မရဘူး ဒီနေ့ကစပြီးလုပ်သားတစ်သိန်းခေါ်ဆောင်ရင်း ထိုက်အန်းမြို့နဲ့ ကျန်းနန်မြို့ကို တိုက်ရိုက်ဆက်သွယ်ပေးနိုင်တဲ့ တူးမြောင်းအကြီးကြီး ဆောက်လုပ်ရမယ်"