လုပ်သားစီမံခြင်း
Vol. 20 Ch. 280
စိုးရိမ်တကြီးပြောဆိုနေခဲ့သော ရှထိုက်အန်းတစ်ယောက် အနောက်မှာရပ်နေသည့် ဟွမ်ပထျန်းနှင့်ကျန်သောကျင့်ကြံသူများရဲ့ အနည်းငယ် အနေခက်နေသောမျက်နှာများနဲ့ ခေါင်းငုံ့လိုက်ပုံကို သတိမထားမိခဲ့ပေ။ တစ်ကယ်တော့ သူတို့အားလုံးက ရှကျိုးယွီ၏ အမိန့်နှင့် ကျန်းနန်မြို့သို့ လာရောက်စဥ် လမ်းတလျှောက်တွင် ပြည်သူများကြား ထိုသတင်းကို ဖြန့်ခဲ့ကြသူများဖြစ်သည်။ အခြေအနေကိုနားမလည်သော ရှထိုက်အန်းက ဆက်လက်ရှင်းပြနေ၏။ ထိုအချိန်မှာဘဲ ရှကျိုးယွီသည် လက်တစ်ဖက်မြှောက်ကာ ပုံမှန်လို တားမြစ်လိုက်သည်။
"ဦးရီးတော် ဒီကိစ္စက ပြောဖို့မလိုတော့ပါဘူး တိုင်းပြည်မှာတူးမြောင်း တည်ဆောက်တဲ့စီမံကိန်းက တစ်ကယ်တော့ လိုအပ်လို့ ခိုင်းစေခဲ့တာဘဲ။ ဒါ့အပြင် အမတ်ချုပ်ကျူးကော့လုံလည်း စီမံကိန်းကို ခိုင်မာစွာ ထောက်ပံ့ထားတယ် မဟုတ်ဘူးလား"
ထိုစကားလုံးများကြောင့် ရှထိုက်အန်း ရုတ်ချည်းရပ်တန့်သွားလေရဲ့။ သေချာပေါက်သူ့၏ တူတော်မောင်က မှန်ကန်မည်ဆိုတာ ရှထိုက်အန်း သိပါသည်။ ထို့အပြင် အမတ်ချုပ်ကျူးကော့လုံနှင့်လီလင်ပုသည် နည်းဗျူဟာ ချမှတ်ရာတွင် နှိုင်းယှဥ်မရသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြပြီး အခုအချိန်မှာထိုနှစ်ဦးကလည်း ခိုင်မာစွာသဘောတူထား၏။ ထို့ကြောင့် ဒီကိစ္စက ကျိုးကြောင်းမသင့်လျှင်တောင်မှ ဖြစ်သင့်သောကိစ္စတစ်ခုဟုဆိုနိုင်ပါသည်။
"ကောင်းပါပြီ။ ကျွန်တော်မျိုးက အရှင်မင်းကြီးကိုသတိပေးတာပါ။ အခုအချိန်လည်းနောက်ကျနေပြီဆိုတော့ ကျွန်တော်မျိုး မနှောက်ယှက်တော့ဘူး"
ရှထိုက်အန်းပြောပြီးသည်နှင့် နေရာမှ ထွက်ခွာဖို့ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာဘဲ ရှကျိုးယွီ၏ဘေးတွင် မလှုပ်မယှက်ရပ်နေဆဲဖြစ်သော လူများစွာကိုကြည့်လိုက်ရင်း သူ့ရဲ့မျက်နှာက အနည်းငယ်အခက်တွေ့လာ၏။
"အဲ့ဒီလူတွေက ကျွန်တော်မျိုးတခါတည်း ခေါ်သွားရမှာပါလား ဒါမှမဟုတ်..."
ရှထိုက်အန်း၏နှင်းနဂါးမြို့ရှိ ကျင့်ကြံသူများအပေါ် စွဲလမ်းနေမှုကြောင့် ရှကျိုးယွီမနေနိုင်စွာ ရယ်မောလိုက်သည်။
"ဦးရီတော်အလောတကြီး လုပ်ဖို့မလိုပါဘူး။ ကျွန်တော်လည်းသူတို့ကို မှာကြားစရာတွေရှိသေးတယ်။ သူတို့အားလုံးက နောက်ခံမကောင်းတဲ့အတွက် တပ်ဖွဲ့ထဲဝင်ရောက်လာရင် ဦးရီးတော်ရဲ့ထောက်ပံ့မှုကို မလွဲမသွေလိုအပ်ဦးမှာပါ"
ရှထိုက်အန်းတစ်ယောက် သူ့၏လက်နှစ်ဖက်ကိုပွတ်သပ်လိုက်သည်။ ရှထိုက်အန်း၏ မျက်လုံးအတွင်းမှာ ဖုံးကွယ်မရသော မျှော်လင့်ခြင်းများဝင်ရောက်နေလေ၏။
"အဲ့ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ သူတို့တွေ တပ်ထဲရောက်လာတာနဲ့ ကျွန်တော်မျိုး ပထမရာထူးပေးလိုက်လို့ရတယ်။ ဒီညီအစ်ကိုတွေကို ကျွန်တော်မျိုး လုံးဝ ခံစားရစေမှာမဟုတ်ဘူး"
ထိုစကားလုံးများကြောင့် နှင်းနဂါးမြို့၏ကျင့်ကြံသူများ တိတ်တဆိတ်စိတ်သက်သာရာရသွားခဲ့သည်။ အရှင်မင်းသား၏ ကတိစကားက သူတို့အတွက်တော့ အဖိုးမဖြတ်နိုင်အောင် ခိုင်မာခဲ့သည်။ အခုအချိန်တွင် အစောင့်တစ်ယောက်ဖြစ်လာသည်ဆိုသော်ငြား သူတို့အားလုံးက ရှကျိုးယွီနှင့် မပတ်သက်စဥ်တွင် သာမန်အလေအလွင့်သူခိုးဂျပိုးများသာဖြစ်ခဲ့သည်။ အခုလိုမျိုး မြင့်မားသည့် အရာရှိရာထူးကို ရရှိမည့်အပြင် ချမ်းသာမှုများကိုပါ ပိုင်ဆိုင်နိုင်လိမ့်မည်လို့ ဘယ်သူကထင်ခဲ့မှာလဲ။
"မင်းတို့ အရှင်မင်းသားကို မနှုတ်ဆက်ဘူးလား”
ရှကျိုးယွီ၏ နူးညံ့သောစကားသံထွက်လာသည်နှင့် တောင်တစ်တောင် ပြိုကျသည့်နှယ် ကျယ်လောင်သော လက်နှစ်ဖက်ရိုက်ကာ အရိုအသေပေးသံများထွက်ပေါ်လာခဲ့သည်။
ရှထိုက်အန်းထွက်ခွာသွားပြီးချိန်မှသာ ရှကျိုးယွီသည် အစောင့်တစ်ယောက်၏ အဝတ်အစားကို ယူလိုက်ရင်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ့ကိုယ်သူဖုံးကွယ်ကာ ထိုသူအဖြစ်ဝင်ရောက်ရောနှောဖို့ ကြိုးစားလိုက်သည်။ ထိုပုဂ္ဂိုလ်ကိုတော့ အနီးအနားရှိ မိန်းမစိုးတစ်ယောက်၏ အဝတ်အစားများကို ယာယီဝတ်ဆင်ခိုင်းထား၏။
"သွားကြရအောင်။ ကျန်းနန်မြို့ရဲ့ အုပ်ချုပ်သူစံအိမ်ကို သွားပြီးတော့ ငါတို့ရဲ့ရာထူးကို ယူကြမယ်"
ပြင်ဆင်ပြီးပြီဖြစ်၍ ရှကျိုးယွီနှင့်အတူ ဟွမ်ပထျန်းလည်း လိုက်ပါလာခဲ့သည်။
"အမတ်ချုပ်ကျူးကော့လုံ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို အခွန်ဌာနကမတတ်နိုင်ပါဘူး"
မျက်စိရှေ့၌ နစ်နာသူအဖြစ် ဟန်ဆောင်ပြောဆိုနေသော အခွန်ဌာန၏ဒုအမတ်ကို ကျူးကော့လုံတစ်ချက်မျှသာကြည့်လိုက်ရင်း စားပွဲပေါ်ရှိ အခါးရေခွက်အားနူးညံ့စွာယူကာ အနည်းငယ်မှုတ်လိုက်သည်။
"အမတ်ဝမ် ဒီတူးမြောင်းတည်ဆောက်တဲ့ စီမံကိန်းက တရှားတိုင်းပြည်ရဲ့ နောက်အနှစ်တစ်ရာအထိ သန်မာမှုကို ခိုင်မြဲစေမယ့် ကိစ္စတစ်ခုပါ ဘာကြောင့်များ အမတ်ဝမ်က ဒီလောက်ထိ အပြစ်တင်ပြောဆိုနေရတာလဲ"
နေ့စဥ်ရက်ဆက် ကြားနေရသော ထိုစကားလုံးများကို ကျူးကော့လုံ အလွန်အမင်းစိတ်ပျက်နေပြီပင်။ အခွန်ဌာနအမတ်၏ငိုယိုမှု ပြီးဆုံးသည်နှင့် အလုပ်ခွင်ရေးရာဌာန၏ အမတ်ကထပ်မံငိုကြွေးလာလေရဲ့။ ပိုဆိုးသည်မှာ တရားသူကြီး ရုံးတော်ရှိအမတ်များပင် ပြည်သူတွေ၏ တိုင်တောမှုနဲ့ပတ်သက်ပြီး လာရောက်ပြောဆိုခဲ့သေးသည်။
"အရှင်မင်းကြီးက နောက်လာမည့်မျိုးဆက်သုံးခုအတွက် မျိုးဆက်တစ်ခုကို အနည်းငယ် ပင်ပန်းစေတာလေ။ ကျွန်တော်တို့လုပ်ရမယ့်ကိစ္စက နောက်ရောက်ရှိလာမည့် မျိုးဆက်သစ်လူငယ်တွေအတွက် အမွေအနှစ်တစ်ခုပဲ။ အဲ့ဒါကို ဘာလို့များ အမတ်ဝမ်က ပိုက်ဆံမရှိပါဘူးလို့ ပြောထွက်ရက်တာလဲ။ အကယ်လို့ ခင်များဘိုးဘေး ခန်းမထဲ ရောက်သွားတဲ့အချိန်ကြရင် ခင်များရဲ့မြစ်တွေမြေးတွေ မေးခွန်းထုတ်မှာကို မကြောက်ဘူးလား"
ဒီရက်ပိုင်းအတွင်းရောက်ရှိလာသမျှ စစ်ဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာအမတ်များအားလုံးကို ကျူးကော့လုံသည် ကောင်းတစ်ဖုံ ဆိုးတစ်လှည့်ဖြင့် ဖြန်ဖြေပြောဆိုနေခဲ့ရသည်။ သို့သော်ငြား တူးမြောင်းဆောက်လုပ်သည့်စီမံကိန်းက တစ်ကယ်လည်းပဲ လူအင်အားနှင့်ငွေအင်အား များစွာကုန်ဆုံးစေမည့် စီမံကိန်းတစ်ခုဖြစ်သည်။ အရှင်မင်းကြီးကလည်း အချိန်ကိုက်ကိုရွေးတတ်လွန်းပါဘိ။
"အမတ်ချုပ်ကျူးကော့လုံ ဒီအချိန်ကြီးမှာတော့ တူးမြောင်းဆောက်လုပ်တဲ့ စီမံကိန်းကို စတင်ဖို့ တကယ်ကိုမဖြစ်နိုင်တာပါ။ ဒါ့အပြင် တိုင်းပြည်အနှံ့မှာ မိုးအဆက်မပြတ်ရွာနေခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရေချိန်မှတ်ကလည်း လက်ရှိမှာ မြင့်တတ်နေတဲ့အနေအထားမှာနော်။ ဒီအချိန်မှာ ဆောက်လုပ်ရေးကို စဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ ပြည်သူတွေအတွက် အဲ့လိုမျိုး ဆောက်လုပ်ဖို့ လုံလောက်အောင် မသန်မာမှာပဲ စိုးရတယ်"
အခွန်ဌာန၏ ဒုအမတ်ချုပ် မပြန်ရသေးခင်မှာဘဲ ရုတ်တရက် ရောက်ရှိလာကာ ပြောဆိုခဲ့သော အလုပ်ခွင်ရေးရာဌာန၏ အမတ်များကြောင့် ကျူးကော့လုံ မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။ အရှင်မင်းကြီးကို ယုံကြည်ပြီး အပြင်းအထန်ထောက်ခံခဲ့သည် ဆိုသော်ငြား သူသည် သာမန်အမတ်ချုပ်တစ်ဦးသာဖြစ်သည်။ သူ့၏တစ်ကိုယ်တည်း အင်အားနှင့် ရုံးတော်ရှိအမတ်များအားလုံးကို မရင်ဆိုင်နိုင်ချေ။
"တော်ဝင်အမိန့်တော် ရောက်ရှိလာပါတယ်။ ရုံးတော်ရဲ့အမတ်ချုပ်ကျူးကော့လုံနှင့် လီလင်ပု တော်ဝင်အမိန့်တော် ကိုလက်ခံစေ"
ထိုအချိန်တွင် ရုံးတော်အပြင်ဘက်မှ ထွက်ပေါ်လာသော စူးရှသည့်အသံပိုင်ရှင် ဝေ့ကျုံးရှန့်အား ကျူးကော့လုံ မြင်လိုက်သည်နှင့် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ ထိုသူက အရှင်မင်းကြီးအား နေ့စဥ်ခစားနေသော ကျန်းနန်မြို့ရှိ မိန်းမစိုးဖြစ်သည်။ ဝေ့ကျုံးရှန့် ကိုယ်တိုင် လာရောက်ပို့ဆောင်ခဲ့သည့်အတွက် အရှင်မင်းကြီး၏ ဒီတစ်ခေါက် အမိန့်တော်သည် သေချာပေါက် မရိုးရှင်းနိုင်ချေ။ ရုံးတော်ရှိအမတ်များအားလုံး ဝတ်ရုံစကိုမကာ မြေပြင်တွင် ဒူးထောက်လိုက်ကြ၏။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ၊ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
ကျူးကော့လုံလည်း အခါးရည်ခွက်အား စားပွဲပေါ်ပြန်တင်ရင်း လီလင်ပု၏ဘေးတွင် ဒူးထောက်ချလိုက်သည်။
"ကျွန်တော်မျိုး တော်ဝင်အမိန့်တော် ကိုလက်ခံပါတယ်။ အရှင်မင်းကြီး ကျန်းမာပါရဲ့လား"
ဝေ့ကျုံးရှန့် တစ်ယောက်သူ့၏ လက်အတွင်းရှိ ရွှေဝါရောင်စာစောင်ကို ခပ်ဖြည်းဖြည်းဖွင့်လိုက်သည်။
"အရှင်မင်းကြီး ကျန်းမာပါတယ်"
"ကောင်းကင်နဲ့မြေကြီး၏ အလိုတော်အရ ငါဘုရင်မိန့်ဆိုမယ်။ ငါကိုယ်တော်ရဲ့တူးမြောင်းဆောက်လုပ်တဲ့ စီမံကိန်းမှာအမတ်တွေအနေနဲ့မတူညီတဲ့ အမြင်တွေရှိနေလိမ့်မယ်လို့ ငါကိုယ်တော်ယူဆတယ်။ ဒါ့ကြောင့် ငါကိုယ်တော်ရဲ့ အမတ်ချုပ်ကျူးကော့လုံကို တော်ဝင်ဓားတော် အပ်နှင်းပြီး ရုံးတော်ရဲ့အာဏာအားလုံးကို ပိုင်စိုးစေ။ တော်ဝင်ဓားတော်ကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေနဲ့ အရင်သတ်ပြီးမှ တင်ပြခွင့်ရှိတယ်။ ဒါ့အပြင် နဂါးပုံထွင်းထားတဲ့ ကျိုင်းတော် နှစ်ခုကို အမတ်လီလင်ပုကို ချီးမြှင့်ပြီး ရုံးတော်ရဲ့မကောင်းတဲ့အရာရှိတွေအားလုံးကို ငါကိုယ်တော်ရိုက်ချခွင့်ပြုတယ်"
တော်ဝင်အမိန့်တော်ဆုံးသည်နှင့် ရုံးတော်တစ်ခုလုံး ပွက်လောရိုက်သွား၏။ ကျူးကော့လုံနှင့်လီလင်ပုသည် အရှင်မင်းကြီးဘက်မှ ခိုင်မာစွာရပ်တည်ခဲ့ပြီး တူးမြောင်းတည်ဆောက်ရေးစီမံကိန်းအား ထောက်ခံကြသူမှန်းအကုန်လုံးသိရှိကြသည်။ အစပိုင်းတွင် သူတို့အနေနှင့် အချိန်ဆွဲနိုင်ခဲ့သော်ငြား အရှင်မင်းကြီး၏ အခုလို အာဏာများစွာချီးမြှောက်မှုကြောင့် သူတို့တွေ ဘယ်လိုမှမတတ်စွမ်းနိုင်တော့ချေ။ ဒါကိုကြည့်လိုက်တာနဲ့ အရှင်မင်းကြီး၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်နိုင်ပါသည်။
"အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျွန်တော်မျိုး ကျေးဇူးတင်ရှိပါတယ်"
ကျူးကော့လုံအရှေ့တိုးကာ တော်ဝင်အမိန့်တော်အားလက်ခံနေရင်း နဂါးကျိုင်းတော်ကို လက်ခံပြီးဖြစ်သော လီလင်ပုကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးစကားမပြောပါပဲ အကြည့်ချင်းဖလှယ်ရင်းပြုံးလိုက်ကြ၏။
"အဲ့ဒီတုန်းက အမတ်ချုပ်ကျူးကော့လုံက ကျုပ်ကို အမတ်တွေကြားမှာ တစ်ယောက်ထဲနေမလို့လားလို့ မေးခဲ့တယ်မလား။ အခုကျုပ်တို့က အတူတူလျှောက်လှမ်းနေကြတာဆိုတော့ တစ်ယောက်တည်းလျှောက်လှမ်းနေတယ်လို့ ဆိုရအုံးမှာလား"
အမတ်ချုပ်ကျူးကော့လုံ၏မျက်နှာအား အဓိပ္ပါယ်ပါပါကြည့်လိုက်ရင်း လီလင်ပုပြုံးလိုက်သည်။
"ကျုပ်တို့က တစ်ယောက်ထဲမဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ထောက်ပံ့မှုရထားတဲ့အချိန်မှာ ဘယ်လိုလုပ်တစ်ယောက်ထဲဖြစ်ရမှာလဲ"
ထိုအချိန်တွင်ကျူးကော့လုံ၏ မျက်လုံးများက တက်ကြွမှုတို့တောက်လောင်နေခဲ့သည်။ တိုက်ပွဲတစ်ခုအတွင်းမှာ အနိုင်ရခြင်းက ကောင်းမွန်သောအောင်မြင်မှုပင်။ သို့ပေမဲ့ အခုလိုမျိုး မျိုးဆက်ပေါင်းများစွာ ကောင်းချီးရလာမယ့် ကိစ္စအတွက် ဘာကြောင့်များ သူတို့က မစတေးရဲရမှာလဲ။
ထိုသို့ဖြင့် ရုံးတော်အတွင်းမှာ အထူးလုပ်နိုင်စွမ်းရှိသော အင်အားကြီးအမတ်နှစ်ယောက်၏ အကူအညီဖြင့် ထိုက်အန်းမြို့မှ ကျန်းနန်မြို့အထိ ရှည်လျားသော တူးမြောင်းဆောက်လုပ်ရေး စီမံကိန်းကြီး စတင်ခဲ့သည်။ ကျင့်ကြံသူတစ်ချို့ ပါဝင်သည် ဆိုသော်ငြား များစွာသောအလုပ်သမားအရေအတွက်အား လိုအပ်နေသည့်အတွက် သန်းချီသောအလုပ်သမားများကို ပြည်သူများထံမှ ခေါ်ဆောင်ရစမြဲပင်။
"အားလုံးပဲ မြန်မြန်လုပ်ကြပါ ဒီနေ့ လေးဆယ်မီတာ အရှေ့ကိုရအောင်တိုးရမှာနော်။ ချောင်ခိုဖို့မစဥ်းစားကြနဲ့။ အကယ်လို့ အလုပ်ကိုသေချာမလုပ်ဖူးဆိုရင် ဒီနေ့စိတ်ဝိညာဏ်စွမ်းအင်ကျောက်တုံးတွေ မပေးဘူး"
အကြံပေးအရာရှိတစ်ယောက်က လက်ထဲတွင် မှတ်တမ်းစာစောင်တစ်ခုအားကိုင်ဆောင်ထားရင်း အရှေ့နဲ့အနောက်သွားရောက်ကာ အမိန့်များ အဆက်မပြတ်ပေးကြားနေခဲ့သည်။ အလုပ်ကောင်းကောင်းမလုပ်သူအား ချမှတ်ရေးသားထားပြီး အကြိမ်ရေများပြားလာလျှင် ထိုလူကိုလုပ်အားခတောင်မပေးချေခဲ့ပေ။
"သူတို့တွေကငါတို့ကို ဝက်တစ်ကောင်လိုခိုင်းစေနေတာ မဟုတ်ဘူးလား"