← Chapters

ယောကျ်ား ... ငါတို့စကားပြောရအောင်။

Vol. 57 Ch. 673

ယောကျ်ား ... ငါတို့စကားပြောရအောင်။

Vol. 57 Ch. 673

မိုးလင်းရန် နာရီဝက်သာလိုတော့သည်။ မြို့ပတ်လည်ရှိနံရံများသည် ကြောက်မက်ဖွယ် ကောင်းနေပြီးသည့် တောက်ပသောရောင်ဝါများ ထုတ်လွှတ်နေဆဲဖြစ်၏။

မြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့သော နတ်ဆိုးစစ်တပ်သည် လရိပ်ဓား၏ အလင်း အောက်တွင် ပျောက်ကွယ်သွားပြီးဖြစ်၏။

မြို့ပြင်တွင် မရေမတွက်နိုင်သော နတ်ဆိုးများစွာသည် ဆက်လက်တိုးဝင်နေကာ ခေါင်းဆောင်မရှိသည့် သားရဲများကဲ့သို့ ခြိမ်းခြောက်မှု နည်းပါးလာတော့သည်။

အရှေ့ဘက် တံခါးအထက်တွင် နဂါးအဘိုးအို၊ ကောင်းကင်ဘုံ နတ်ဆိုးဧကရီနှင့် စာပေပညာရှင်တို့သည် မယုံနိုင်လောက်အောင် စိတ်ရှုပ်ထွေးလာကြ၏။

တိုက်ပွဲ၏ တိကျသော အသေးစိတ် အချက်အလက်များကို မမြင်နိုင်ကြသော်လည်း ဒဏ္ဍာရီလာ အမှောင်ညကျေးကျွန်ပင် အသတ် ခံလိုက်ရကြောင်း သိရှိထားသည်။

“ ဒီလောက်ကြီးမားတဲ့ ဘေးဆိုးကို မှောက်လှန်ပစ်ဖို့ တကယ်ပဲ ဓားတစ်လက်က ဖန်တီးနိုင်တာလား။ ”

စာပေသမားအမျိုးသားက ညည်းညူလိုက်လေသည်။ ထိုအဖိုးကြီးစု၏ ဓားသည် နှစ်ပေါင်းသောင်းဂဏန်းကြာနေ သည့်တိုင် လွှမ်းမိုးနိုင်ဆဲဖြစ်၏။

“ နောက်ဆုံးတော့ ဒီညရောက်လာကြတဲ့ ရန်သူတွေအားလုံးက ဒယ်အိုးထဲ ဆင်းလာတဲ့ လိပ်ကလေးတွေလိုပါပဲ။ ”

နဂါးအဘိုးအိုသည်လည်း သက်ပြင်းချ လိုက်သည်။ သူ့စကားကို ကျန်နှစ်ယောက်က ခေါင်းညိတ်ထောက်ခံ၏။

“ ကံမကောင်းစွာနဲ့ပဲ ... ဒီညတော့ ငါတို့လွတ်မြောက်နိုင်ဖို့အတွက် အခွင့်အလမ်း မရှိတော့ဘူး … ။ ”

ဤအရာက နဂါးအဖိုးအိုနှင့်အဖွဲ့ကို မသေချာမရေရာမှုများဖြင့် စိတ်ထိခိုက်ကုန်၏။

“ ဘာပဲဖြစ်ဖြစ် ... ဒီညမင်းတို့ရဲ့ ကဏ္ဍပြီးဆုံးသွားပြီ စွေ့လုံရှင်းပြန်လာတဲ့အခါ မင်းတို့ရဲ့အပြစ်တွေကို လျှော့ချပေးဖို့ စဉ်းစားပေးလိမ့်မယ်။ ”

ထိုစကားကြောင့် သုံးယောက်သား မော့ကြည့်လိုက်သည်။ စုရီအသွင်သည် ဝိညာဉ် တာအိုနယ်ပယ်သို့ ကျဆင်းသွားပြီဖြစ်၏။

သို့သော် သူတို့သည် အခြားမည်သည့် အတွေးကိုမျှ ထားဝံ့ခြင်းမရှိတော့ချေ။ စုရီ၏ အရည်အချင်းကို စမ်းသပ်ရန် သေခြင်းနှင့် အလဲအထပ်လုပ်ရပေမည်။

“ သခင်စုရဲ့ စကားအတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ”

နဂါးအဘိုးအို၊ တျန်ကျိနှင့် စာပေသမားတို့သည် ကြောင်ရှေ့ရှိကြွက်များ ကဲ့သို့ လေးစားသမှုပြသကုန်၏။ စုရီသည် ကောင်းကင်အမိန့်တော် ကြာပန်းမီးပုံးကို ထုတ်ယူကာ၊

“ ဝင်တော့ ... ။ ”

-ဟု ပြောကြားလိုက်သည်။ နဂါးအဘိုးအိုသည် ခဏမျှတုံ့ဆိုင်းသွားပြီး၊

“ သခင်စု၊ ဒီည အမှောင်ညကျေးကျွန် ပေါ်လာတာက ရှေးဒဏ္ဍာရီတွေထဲက မရဏ ကမ္ဘာရဲ့အုပ်စိုးရှင် ... မရဏဘုရင်မသေဘူးလို့ ဆိုလိုနေတာမဟုတ်လား … ။ ”

-ဟု မေးမြန်းလိုက်သည်။

ဒဏ္ဍာရီများတွင် အမှောင်ည ကျေးကျွန်များသည် ထိုမရဏဘုရင်၏ ကျွန်များ ဖြစ်ချေ၏။

မရဏဘုရင်သည် ရှေးခေတ်က မရဏကမ္ဘာကြီးကိုအုပ်စိုးပြီး ခြိမ်းခြောက်နိုင် ခဲ့သည့် အလွန်ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ပေပင်။

“ မင်းဘယ်လိုထင်လဲ ... ။ ”

“ သူ့မှာ ပြဿနာတချို့ကြုံနေရတယ် တစ်နေရာရာမှာ ပိတ်မိနေပြီး ... မလွတ်မြောက် နိုင်သေးတာလည်း ဖြစ်နိုင်တယ် ... ဒါမှမဟုတ် အရမ်းပြင်းထန်တဲ့ ဒဏ်ရာတွေခံစားခဲ့ရပြီး ပြန်ကောင်းမလာသေးတာမျိုးရော ... ။ ”

“ ဒါဆို သူအသက်ရှင်နေရင်တောင် ခြိမ်းခြောက်မှုကြီးတစ်ခု ... ဖြစ်နိုင်ဦးမယ်လို့ မင်းထင်လား။ ”

“ ဒါ … ။ ”

နဂါးအဘိုးအိုမှ စကားမပြောနိုင်တော့ချေ။ အဖိုးကြီးစုသည် ဒဏ္ဍာရီလာမရဏဘုရင်အပေါ် လုံးဝအလေးအနက်မထားကြောင်း နားလည် လိုက်တော့၏။

ဤအခိုက်အတန့်တွင် စွေ့ချောင်အာနှင့် ဖေးကောင်းတုံသည် အဝေးမှ ပျံသန်းလာသည်။ သူတို့နောက်၌ ဖေးယန်ကျိလိုက်ပါလာ၏။

“ ကျေးဇူးတင်ပါတယ် သခင်စု၊ ငါ့တူမရဲ့ အသက်ကို ချမ်းသာပေးလို့ အရမ်း ကျေးဇူးတင်ပါတယ်။ ”

“ ကျေးဇူးတင်ပါတယ်သခင်စု။ ”

ဖေးကောင်တုံနှင့် သူ့တူမသည် ချက်ချင်းပင်ဦးညွှတ်လိုက်ကြသည်။ စုရီမူလကို သိရှိလာပြီးနောက် ဖေးယန်ကျိတစ်ယောက် ကြောက်ရွံ့များဖြင့် ပြည့်နှက်နေခဲ့၏။

“ မင်းကို သေဒဏ်ကနေ လျှော့ပေါ့ပေးနိုင်ပေမယ့် ပြစ်ဒဏ်ကိုတော့ ရှောင်လွှဲလို့မရဘူး ... အခုကနေစပြီး မင်းရဲ့ အပြစ်တွေဖြေဖို့ အကျဉ်းထောင်သွားပါ။ ”

ဤစကားများသည် ဖေးယန်ကျစ်ကို မိုးကြိုးထိမှန်သကဲ့သို့ တုန်လှုပ်သွားစေသည်။ ဖေးကောင်းတုံမှ ချက်ချင်းသတိဝင်လာ၏။

“ ယန်ကျစ်၊ မင်းဘာလို့ သခင်စုကို ကျေးဇူးမတင်သေးတာလဲ။ ”

“ သခင်စုရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ”

စုရီက စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လူတိုင်းကို ကြာပန်းမီးအိမ်အတွင်း ဝင်ရောက် စေလိုက်၏။

ရန်သူများအပေါ် သနားညှာတာမှု မပြနိုင်ချေ။ ခေါင်းငုံ့ပြီး လက်နက်ချခဲ့သော် ငြားလည်း ၎င်းတို့၏ယခင် လုပ်ရပ်များအတွက် အဖိုးအခကို ပေးဆောင်ရပေမည်။

“ ဒီည အဖြစ်အပျက်တွေက ငါ့ဆိုကြောင့်ဆိုတာကို ထုတ်ဖော်မပြောမိစေနဲ့ဦး။”

တစ်ယောက်တည်း ကျန်ရစ်သော စွေ့ချောင်အာထံလှည့်ကာ မှာကြားလိုက်၏။ စွေ့ချောင်အာမှ ခဏမျှအံ့အားသင့်သွားပြီး ကူကယ်ရာမဲ့စွာပြုံးလေသည်။

“ ဦးလေးစု ... ဒီတိုက်ပွဲကို စွေ့မိသားစုရဲ့ အဖိုးကြီးတွေက မြင်ပြီးသားပါ ဒါကိုလျှို့ဝှက်ဖို့ အတွက် ခက်မယ်ထင်တယ်။ ”

“ လူမိုက် ... တခြားသူတွေအတွက် ငါ့ဘယ်သူလဲသိဖို့ လွယ်မယ်များ ထင်လား။ ”

ထို့နောက် လှည့်ထွက်သွားသည်။ ယနေ့ည၏ မငြိမ်မသက်မှုများကို သူ ဖြေရှင်း နိုင်ခဲ့၏။ သို့သော် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မခံစားရဘဲ အရာအားလုံးပုံမှန်ပေပင်။ ဤသည်မှာ အတိတ်ဘဝ၏ ခွန်အားမျှသာဖြစ်၏။

***

အမှောင်ထုသည် တရွေ့ရွေ့ ဆုတ်ခွာသွားသကဲ့သို့ နတ်ဆိုးစွမ်းအင်များ သည်လည်း ပါးလျလာသည်။

ထိုမြင်ကွင်းကြောင့် စွေ့မိသားစု အကြီးအကဲများသည် သူတို့ပခုံးပေါ်ကနေ တောင်ကြီးတစ်လုံး ဖယ်ရှားခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားပျော်ရွှင်လာ၏။

သမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးသောညကို လွန်မြောက်လာနိုင် ချေပြီ။

“ ဟား ဟား ဟား ... ငါတို့အနိုင်ရပြီ ငါတို့အနိုင်ရပြီ။ ”

တစ်စုံတစ်ယောက်က လက်သီးလက်မောင်းများ ဝှေ့ယမ်းကာ ရယ်မောတော့၏။

“ မြို့တော်က ဆိုးရွားတဲ့ ပျက်စီးမှုတွေ ခံစားခဲ့ရပေမယ့် စွေ့မိသားစုမှာထိခိုက်သေဆုံးမှု မရှိဘူးလို့ ... ဘယ်သူက ယုံနိုင်မှာလဲ။ ”

အခြားတစ်ယောက်သည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။

“ ဒါဟာ မကြုံစဖူးအောင်ပွဲကြီးပဲ ... နတ်ဆိုးစစ်တပ်ကို အနိုင်ယူရုံတင်မကဘူး အဲဒီ ဧကရာဇ်တွေတောင် သေကုန်ကြပြီ။ ”

“ ဒီညရဲ့ အဖြစ်အပျက်တွေက ကမ္ဘာကြီးကိုလှုပ်ခါဖို့အတွက် ကောင်းကောင်း လုံလောက်တယ် ဒီနေ့ညရန်သူတွေဖြစ်တဲ့ အင်အားစုတွေသာ ဖြေရှင်းချက် မပေးနိုင်ရင် သူတို့စျေးပေးရမယ်။ ”

“ ဒါနဲ့ ... မျိုးနွယ်စုခေါင်းဆောင်၊ ဒီဘေးဆိုးကြီးကို ဖယ်ရှားပေးခဲ့တဲ့ စီနီယာက ဘယ်သူလဲ။ ”

ထိုစဉ် တစ်စုံတစ်ယောက်က ရုတ်တရက်သတိရလာပြီး စွေ့ချောင်အာထံ လှည့်ကြည့်ကာမေးလေသည်။

ထိုမေးခွန်းသည် လူတိုင်း၏ အကြည့်များအပေါ် ဆွဲခေါ်လာစေတော့သည်။ အသေအပျောက်မရှိဘဲ ယနေ့ည အောင်ပွဲမှာ ထိုဝိုးတဝါးနိုင်သော ဓားသမားကြောင့်ဖြစ်မှန်း သူတို့အားလုံးသိကြ၏။

“ မင်းတို့မေးခွန်းတွေ မေးနေကြပေမယ့် မင်းတို့ရင်ထဲမှာ သိပြီးသားဖြစ်နေမယ်ဆိုတာ ငါမြင်တယ် ... မရဏကမ္ဘာမှာ ဒီလိုဓားသမား ရှိနိုင်ပါ့မလား။ ”

လူများစွာသည် တစ်စုံတစ်ခုကို မှန်းဆပြီးသားဖြစ်ပုံရကာ မယုံကြည်နိုင်မှုနှင့် တုန်ရင်လာတော့၏။

“ တကယ်ပဲလား ... ။ ”

အကြီးအကဲတစ်ယောက်၏ တုန်လှုပ်သွားသောအသံက ဦးစွာထွက်ပေါ် လာသည်။ စွေ့ချောင်အာက ခေါင်းညိတ်၏။ ထိုသို့ ရိုးရှင်းသောဝန်ခံမှုသည် လူအများကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

မရေမတွက်နိုင်သည့် နှစ်များစွာတိုင် နေထိုင်လာခဲ့ကြသော အဖိုးကြီးများပင်လျှင် ရင်ခုန်စိတ်လှုပ်ရှားကုန်ကြ၏။

“ လူတိုင်း ... မင်းတို့ထင်သလို ဒါဦးလေးစုထားခဲ့တဲ့ တာအိုစွမ်းအားရဲ့ အစွမ်း သက်ရောက်မှုပါပဲ။ ”

ထို့နောက် စွေ့ချောင်အာက သက်ပြင်းချလိုက်ကာ အရိပ်ဓားအကြောင်းကို ဇာတ်လမ်းဆင် ပြန်ပြောပြလိုက်သည်။

လူတိုင်းအတွက် အသစ်အဆန်း မဟုတ်သော်လည်း ဤအဖြေကိုကြားသော အခါတွင် အနည်းငယ်နှမျောသွားသည်။

မည်သို့ပင်ဆိုစေကာမူ အမှောင်ညကို ဖြတ်ကျော်နိုင်သဖြင့် သက်သာရာရသွားခဲ့၏။ အရေးအကြီးဆုံးမှာ နှစ်တစ်ထောင်တိုင်အောင် ခရမ်းရောင်မြို့သည် ငြိမ်းချမ်းနေတော့မည်မှာ သေချာနေချေပြီ။

ရွယ်ဟုန်နင်က သူမယောကျ်ားကို လှမ်းကြည့်လေသည်။ ဤယောကျ်ားစကား၌ အနည်းငယ်သံသယများ ခံစားရ၏။

လက်ရှိတွင် သူမယောကျ်ား အသွင်အပြင်သည် လျှို့ဝှက်ဆန်းကျယ်နေပြီး စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနေရကြောင်း မြင်သာနေချေပြီ။

ထိုကောင်လေးသည် သေချာပေါက် စုရွှမ်ကြွယ်၏ မျိုးဆက်တစ်ဦး မဖြစ်နိုင်ချေ။ ထိုသို့ဆိုသော် ... ။

ရွယ်ဟုန်နင်တစ်ယောက် သူမသမီးကို ပြန်မြင်လာပြီး ထိတ်လန့်တကြား ချက်ချင်း အတည်ပြုရန် အလျင်လိုလာတော့၏။

“ ယောကျ်ား ... ငါတို့စကားပြောရအောင်။ ”

သူမတောင်းဆိုမှုကြောင့် စွေ့ချောင်အာတစ်ယောက် ရင်ခုန်သွားသည်။ အဆုံးတွင် သက်ပြင်းချလျက် ဇနီးနှင့်သမီးကို ဖုံးကွယ်ထားရန် မည်မျှခက်ခဲလှကြောင်း နားလည်လိုက်ချေပြီ။

***

All Chapters