ကံကောင်းစေသော နေ့ ... ။
Vol. 57 Ch. 674
“ ဘာလို့ ပြန်မလာသေးတာလဲ။ ”
အမှောင်ထဲမှ အသံရှင်သည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရေရွတ်လိုက်၏။ ဤသည်မှာ ရွှေဖဲကြိုး၊ ကြိုးကြာငှက်မွေး ၀တ်လုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးဖြစ်သည်။
ချွယ်မိသားစု၏ ဧကရာဇ်တစ်ပါးဖြစ်၏။ ယနေ့ည စစ်ဆင်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် အမှောင်ထဲမှ စေလွှတ်ထားခံရသူပေပင်။
အနက်လင်းပြီဖြစ်သဖြင့် နတ်ဆိုးတပ်ကြီးသည် ပြန်လည်ဆုတ်ခွာနေ သည်ကို မြင်နိုင်၏။
သို့သော် ချွယ်မိသားစု အပါအဝင် အခြားသောပုဂ္ဂိုလ်များ ပြန်မလာကြသေးချေ။ ယင်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိလာ၏။
“ စွေ့လုံရှင်းမရှိရင် စွေ့မိသားစုက သူတို့ရဲ့လက်ရှိအင်အားနဲ့ နတ်ဆိုးဒီရေအပေါ် ဘယ်လိုလုပ် တွန်းလှန်နိုင်မှာလဲ ငါတို့ သွားကြည့်သင့်လား။ ”
ဆံပင်ဖြူဖြူနှင့် အပြာရောင် ၀တ်စုံဝတ်ထားသော အဖိုးအိုတစ်ဦးက စိုးရိမ်စွာ အကြံပြုသည်။ သူသည် ဟုန်မိသားစု၏ ဘိုးဘေး ဟုန်တျန်ဟဲပေပင်။
သူ့ဘေးရှိ အစောပိုင်း စကားပြောသူမှာ ချွယ်ယွင်ကျန်းဖြစ်၏။ ညာဘက်တွင် ကျော၌ ထီးတစ်လက်လွယ်ထားသော အဖိုးအို တစ်ယောက်ရှိနေသည်။
ထိုအဖိုးအိုအမည်မှာ တျန်ထိုက်ချိဖြစ်၏။ တျန်ထိုက်ချိမှ သူ့စကားကို ခေါင်းရမ်းလိုက်ပြီး၊
“ မဟုတ်ဘူး ... ဒီစစ်ဆင်ရေးမှာ ငါတို့အင်အားစုဝင်တွေ သေဆုံးသွားရင်တောင် ပါဝင်ခွင့်မရှိဘူး ငါတို့ရဲ့တာဝန်က သက်ဆိုင်ရာ မျိုးနွယ်စုတွေဆီ မြန်မြန်သတင်းပို့ဖို့ပဲ။ ”
-ဟု ငြင်းဆန်သည်။
ချွယ်ယွင်ကျန်းမှ အသက်ပြင်းပြင်းရှူကာ၊
“ အစ်ကိုတျန်ထိုက်ချိမှန်တယ် ငါတို့ အဖွဲ့ဝင်တွေတကယ်သေသွားရင် မြို့ထဲဝင်တာ ထောင်ချောက်ထဲ ဝင်တာနဲ့အတူတူပဲ။ ”
-ဟု မှတ်ချက်ပေး၏။
ဤတစ်ကြိမ်တွင် သူတို့ မျိုးနွယ်စု အသီးသီးသည် ဧကရာဇ်များစွာကိုစုစည်းကာ ကောင်းစွာ ပြင်ဆင်လာခဲ့ခြင်းပေပင်။ အနိုင်ယူနိုင်မည်ဟု ယုံကြည်ခဲ့၏။
“ အားလုံးပဲ ငါ့ကို ခွင့်ပြုပါဦး။ ”
တျန်ထိုက်ချိတစ်ယောက် ကြာကြာမနေချင်ဘဲ ချက်ချင်းလှည့်ထွက်ကာ အမှောင်ထဲ ပျောက်ကွယ်သွား၏။
ချွယ်ယွင်ကျန်းနှင့် ဟုန်တျန်ဟဲက အကြည့်ချင်းဖလှယ်ကာ သီးခြားထွက်ခွာရန် ပြင်ဆင်တော့သည်။
“ ဘယ်သူလဲ ... ။ ”
သို့သော် ထိုအချိန်တွင် အဝေးရှိ အမှောင်ထုအတွင်း ဒေါသတကြီး အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ တျန်ထိုက်ချိ အသံဖြစ်လေသည်။
ချွယ်ယွင်ကျန်းနှင့် ဟုန်တျန်ဟဲက ထိတ်လန့်သွားပြီး နှစ်ယောက်စလုံး မျှော်ကြည့် လိုက်ကြသည်။ ဟိုးအဝေးတစ်နေရာတွင် ပေတစ်ထောင်ခန့်မြင့်မားသော အမှောင်ထုကို ယောင်ဝါးဝါး မြင်လိုက်ရ၏။
“ အဲဒါ ဘာလဲ ... ။ ”
တျန်ထိုက်ချိအသံကို ထပ်၍ မကြားရတော့ချေ။ ပတ်ဝန်းကျင်တစ်လုံး တိတ်ဆိတ်ကာ နက်မှောင်လာ၏။
ချွယ်ယွင်ကျန်းနှင့် ဟုန်တျန်ဟဲတို့ခမျာ ကျောရိုးများ အေးစက်လာချေပြီ။ ဟုန်တျန်ဟဲမှ အနည်းငယ် တုန်လှုပ်လာပြီး၊
“ အစ်ကိုချွယ် ... တျန်ထိုက် ဒုက္ခရောက်သွားပြီထင်တယ် ငါတို့အတူသွား ကြည့်ကြမလား။ ”
-ဟု အကြံပြု၏။
“ ကောင်းပြီ ... ။ ”
ချွယ်ယွင်ကျန်းမှ သဘောတူသည်။ တစ်ဆက်တည်းမှာပင် ငွေရောင်ဓားတစ်လက် ထုတ်လျက် ရောင်ဝါသည် အထွတ်အထိပ်သို့ မြင့်တက်လာခဲ့သည်။
သူ့၀တ်ရုံအောက်ရှိ ကာကွယ်ရေး ချပ်ဝတ်များပင် တုန်ယင်လျက် အသက်ဝင် လာတော့၏။
ဟုန်တျန်ဟဲသည်လည်း ငှက်နှုတ်သီးဖြင့်တူသော ကြေးဝါလက်နက်ကို ထုတ်ယူပြီး အသင့်ပြင်ထားလိုက်သည်။
“ ဝှစ် ... ။ ”
တိုက်ပွဲဝင် အတွေ့အကြုံ ပြည့်ဝနေသော ဧကရာဇ်နှစ်ပါးအနေဖြင့် သတိကြီးကြီးထားကာ ပျံသန်းလိုက်တော့၏။
“ မင်းတို့ လာစရာမလိုပါဘူး ငါလာမယ်။ ”
သို့သော် အမှောင်ထဲမှ နူးညံ့သောအသံ တစ်သံထွက်ပေါ်လာသဖြင့် ချက်ချင်း ရပ်တန့် သွားလေသည်။ အသံသည် သိမ်မွေ့သော်လည်း နှလုံးသားကို တုန်ခါစေ၏။
“ ဟမ့် ... သေလိုက်တော့ ... ။ ”
ချွယ်ယွင်ကျန်းမှ စကားမဆိုဘဲ ငွေဓားဖြင့်အမှောင်ထုကို ခုတ်ပိုင်းချလိုက်သည်။ ငွေဓားအလင်းသည် လျှပ်စီးကဲ့သို့ အသံရှင်ထံ ပြေးဝင်သွား၏။
“ ဖပ် ... ။ ”
သို့သော် အမှောင်အတွင်းမှ လက်ကြီးတစ်ဖက်တိုးထွက်လာပြီး ထိုဓား အလင်းကို ဖမ်းယူသွား၏။ တစ်ဆက်တည်း မှာပင် ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။
နူးညံ့သိမ်မွေ့သော မျက်နှာ၊ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနှင့် အနက်ရောင်တာအိုဝတ်စုံ ဝတ်ထားသည့် အဘိုးအိုတစ်ဦးဖြစ်၏။
ဘယ်ဘက်လက်တွင် သွေးစွန်းနေသော တျန်ထိုချိ ဦးခေါင်းကြီးကို ဆုပ်ကိုင်ထားသည်။ မျက်လုံးများ ပြူးကျယ်လျက် အကူအညီမဲ့ နေသည်ကို မြင်သာချေ၏။
ထိုမြင်ကွင်းကြောင့် ချွယ်ယွင်ကျန်းနှင့် ဟုန်တျန်ဟဲခမျာ အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး နှလုံးသားများ ခုန်ပေါက်သွားသည်။
“ တာအိုမိတ်ဆွေ မင်းဘယ်သူလဲ၊ မင်း ဘာလို့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုး ကျူးလွန်ရတာလဲ။ ”
ဟုန်တျန်ဟဲမှ အသက်ပြင်းပြင်းရှူလျက် အားတင်းကာ မေးမြန်းလိုက်သည်။ အနက်ဝတ် အဖိုးအိုမှ ဖြည်းညှင်းစွာ လှမ်းလာပြီး၊
“ ဒီည တစ်စုံတစ်ယောက်ရဲ့ ကိုယ်စား ငါတာဝန်ထမ်းဆောင်ပေးနေတာ ကျေးဇူးပြုပြီး မင်းတို့ရဲ့ ဦးခေါင်းတွေ ခဏငှားပါ။ ”
-ဟု ပြန်ဖြေ၏။
“ ဒီတာဝန်ကို ဘယ်သူက မင်းကို အပ်နှင်းထားလဲ ငါမေးလို့ရမလား မိတ်ဆွေ ... ပြီးတော့ ငါတို့ဘယ်သူလဲ မင်းသိလား။ ”
“ ခရစ် ... ။ ”
ချွယ်ယွင်ကျန်းက အံကြိတ်လျက် မျှော်လင့်ချက်များဖြင့် မေးမြန်းလိုက်တော့၏။ ထိုစဉ်ဟုန်တျန်ဟဲသည် ပြင်ဆင်ထားသော ရွှေရောင်တံဆိပ်ကို ချေမှုန်းလိုက်သည်။
“ ဟမ့် ... ။ ”
သူ့ရုပ်သွင်ကို ရွှေရောင်အဆင်းများ ဖုံးလွှမ်းလျက် လေထုအလယ် ကွယ်ပျောက် သွားတော့သည်။
ချွယ်ယွင်ကျန်းခမျာ မျက်နှာ မည်းပြာကျသွား၏။ ယခင်က အတူလိုက်ပါရန် ကမ်းလှမ်းခဲ့သော ထိုလူယုတ်မာသည် ကိုယ်လွတ်ရုန်းပြေးချေပြီ။
“ ဝုန်း ... ။ ”
သို့သော် မျက်စိတစ်မှိတ်အတွင်း အဝေးတစ်နေရာ၌ တိုက်မိသံထွက်ပေါ်လာပြီး အနက်ရောင် စက်လုံးတစ်ခု ပြန်လည် လွင့်မျောလာတော့၏။
“ သေစမ်း ... ဒီနေရာကို အစီရင်နဲ့ ပိတ်ချပစ်လိုက်ပြီ။ ”
ဟန်တျန်ဟဲမှ ဒေါသတကြီး ကျိန်ဆဲလေသည်။ အနက်ဝတ် အဖိုးအိုက သက်ပြင်းချကာ၊
“ ရှက်စရာကောင်းလိုက်တာ ... မင်းရဲ့ခေါင်းကိုယူဖို့အပြင် ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး ... ငါ့ရဲ့ညံ့ဖျင်းမှုကိုခွင့်လွှတ်ပါ။ ”
စကားဆုံးသည်နှင့် လေထဲလှမ်းဆွဲလိုက်တော့သည်။ လေဟာနယ် စုတ်ပြဲသွားကာ ပြင်းစွာတုန်ခါသွား၏။
ပေါက်ကွဲသံနှင့်အတူ ဟုန်တျန်ဟဲခမျာ ယက်ကန်ယက်ကန်ဖြင့် လည်ပင်းကို ဖမ်းဆုပ် ခံလိုက်ရသည်။
“ တောင်းပန်ပါတယ်။ ”
“ ဂျွတ် ... ။ ”
အနက်ဝတ်အဖိုးအိုက တောင်းပန်စကားဆိုကာ လည်ပင်းကိုလိမ်ပြီး စုတ်ဖြဲပစ်လိုက်၏။
ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပဲ့ကြွေကာ မြေပြင်ပေါ် ပြန့်ကျဲသွားချေပြီ။
ထိုမြင်ကွင်းက ချွယ်ယွင်ကျန်းကို ထိတ်လန့်စေကာ ရေခဲဂူထဲသို့ကျသွားသလို ခံစားလာရ၏။ ဧကရာဇ်တစ်ပါးအဖြစ် ရှင်သန် နိုင်ခဲ့သည့် ကာလတစ်လျှောက်တွင် ဤကဲ့သို့ ကြောက်စရာကောင်းသော ရန်သူကို ပထမဆုံး ကြုံတွေ့ရခြင်းပေပင်။
“ မင်းဘယ်သူလဲ ... ။ ”
အနက်ဝတ်အဖိုးအိုက ကြိုးတစ်ချောင်း ထုတ်ယူကာ တျန်ထိုက်ချိနှင့် ဟုန်တျန်ဟဲတို့၏ ဦးခေါင်းကို ချည်ထားလိုက်သည်။ ထို့နောက် အနည်းငယ် တွေးတောလျက်၊
“ ကောင်းပြီ ... မင်းမသေခင် ဒီကမ္ဘာကြီးကိုငြိမ်းချမ်းစွာ ထားခဲ့လိုက်ပါ။ ”
-ဟု ဆိုလိုက်၏။
ရုတ်တရက် အဖိုးအိုပတ်ဝန်းကျင်တွင် မြူခိုးများပွဖလာပြီး လေဟာနယ်ပြယ်သွားကာ မယုံနိုင်စရာမြင်ကွင်းဖြစ်ပေါ်လာသည်။
ဤသည်မှာ ကြီးမားလှသော ကြာနက်ကြီးတစ်ပွင့်ဖြစ်၏။ ၎င်းပါးစပ်သည် အဆုံးမဲ့တွင်းနက်ကြီးကဲ့သို့ ပွင့်လာပြီး ကြယ်ရောင်များကိုပင် ဆုပ်ယူနေသည်။
“ အနက်ရောင် ဖျက်ဆီးခြင်းမိစ္ဆာ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဘယ်လိုများ အသက်ရှင်နေသေးတာလဲ။ ”
ချွယ်ယွင်ကျန်းမှ အော်ဟစ်လိုက်သည်။ ဤသည်မှာ ရှေးဟောင်း တွင်းနက်ကြီးအတွင်းမှ ကြာပန်းတစ်ပွင့်ဖြစ်သည်။ အမှောင်ထုကြီး၏ ဖျက်ဆီးခြင်းစွမ်းအားအပေါ် ကိုင်စွဲပြီး မိစ္ဆာလောကထံ အုပ်စိုးချေပြီ။
အမှောင်ထု၏ ဖျက်ဆီးခြင်းစွမ်းအားဖြင့် မွေးဖွားလာသော ဤကြာပန်းကြီးကိုဖမ်းယူရန် ထိုစဉ်က ထိပ်တန်းတပ်ဖွဲ့ဝင်များစွာက ကြိုးပမ်း ခဲ့ကြပြီး မဟာတာအိုကို လုယူလိုခဲ့သည်။
ရလဒ်အနေဖြင့် ဧကရာဇ်အဆင့် တန်ခိုးရှင်ပေါင်း ဆယ်ဂဏန်းထက် မနည်းပင် အသေအပျောက် ရှိလာခဲ့သည်။
ဤသို့ဖြင့် အနက်ရောင် ဖျက်ဆီးခြင်း မိစ္ဆာဟူသော အမည်သည် မရဏကမ္ဘာကြီး၌ ကျယ်လောင်ခဲ့ဖူးသည်။ မွေးရာပါ နတ်ဆိုး တစ်ကောင်ပေပင်။
သို့သော် သူ သိသလောက် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အခွင့်အလမ်းများကို ရှာဖွေစဉ် နာကျည်းခြင်းပင်လယ်ပြင်၌ ၎င်းကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
“ မှန်တယ် အဲဒီတုန်းက ... နာကျည်းခြင်း ပင်လယ်ပြင်ရဲ့ နန်းတော်အပျက်အစီးတွေထဲမှာ ငါသေဆုံးလုနီးပါးပါပဲ နှစ်ပေါင်း သောင်းချီကြာ ပြီးတဲ့နောက်မှာတော့ ကံကောင်းထောက်မစွာ ငါလွတ်မြောက်ခဲ့ရတယ်။ ”
အနက်ဝတ် အဖိုးအိုမှ ပြောကြားသည်။ ချွဘ်ယွင်ကျန်းတစ်ယောက် တုန်လှုပ်သွားကာ ကြာနက်ကြီးထံကြည့်၏။
“ စီနီယာ ... မင်းလိုတစ်စုံတစ်ယောက်က ဒီညမှာ ... ငါတို့လိုသားပေါက်လေးတွေအတွက် အခက်အခဲတွေ လုပ်ရလောက်အောင် ဘယ်သူ စေခိုင်းခဲ့တာလဲ။ ”
“ ဒါက အလဲအလှယ်တစ်ခုပါ ... မဟုတ်သေးဘူး သာမန်တောင်းဆိုမှုလေး တစ်ခုလို့ ပြောနိုင်ပါတယ် ... ဒီအတွက် ငါ့ကိုခွင့်လွှတ်ပါ။ ”
“ ဒါဆို ... မင်းဘာကိုစောင့်နေတာလဲ စီနီယာ ငါကိုယ်တိုင်ခေါင်းဖြတ်ပြီးပေးတာကို လိုချင်နေတာလား။ ”
ချွယ်ယွင်ကျန်းမှ သက်ပြင်းချကာ မေးမြန်းလိုက်တော့သည်။ ကြာနက်ကြီးက ယိမ်းထိုးလျက်၊
“ တောင်းပန်ပါတယ် ... ငါ့အချိန်ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ”
-ဟု ချက်ချင်းတောင်းပန်ကာ ချွယ်ယွင်ကျန်းဦးခေါင်းကို ဖြတ်ယူလိုက်၏။
ကျန်ရှိနေသော ရုပ်အလောင်းသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲကာ အမှုန်ဖြစ်သွားချေပြီ။
ဤသည်မှာ မရဏကမ္ဘာမှ လူတိုင်း လိုချင်တပ်မက်နေသော ဖျက်ဆီးခြင်းတာအို၏ စွမ်းအားပေပင်။ မန်ပိုနန်းတော်မှ ရွှမ်ယုအဆင့် လုချောင်မင်သည်ပင် ရိုသေလေးစားရသည်မှာ အံ့သြစရာမရှိတော့ချေ။
ထို့နောက်ကြာနက်ကြီးက အနက်ဝတ်အဖိုးအိုအဖြစ် အသွင်ပြောင်းလဲကာ ဦးခေါင်းသုံးလုံးကို ချည်နှောင်လိုက်ချေပြီ။
“ နောက်ဆုံးတော့ ... ငါ လက်ဗလာ မဖြစ်တော့ဘူး မဟုတ်ရင် တာအိုစုကိုအပေါ် မျက်နှာပြဖို့ ရှက်စရာကောင်းလွန်းပြီ။ ”
ဤမတိုင်မီ အမှောင်ညကျေးကျွန်နှင့် ငရဲကျီးကန်းထွက်ပေါ်လာစဉ် သူ့မျက်နှာပြရန် ကြိုးစားခဲ့သော်လည်း တာအိုမှလျင်မြန်စွာ ဓားတစ်လက်တည်းဖြင့် ဖြေရှင်းသွား၏။
ထို့ကြောင့် ရှက်ရွံ့အားနာလာပြီး မြို့တော်တဝိုက် လှည့်ပတ်ရှာဖွေစဉ် ဤကြွက် (၃)ကောင်ကို ကံကောင်းသဖြင့် ရလိုက်ခြင်းဖြစ်လေသည်။
***