← Chapters

ကံကြမ္မာစက်ဝန်း စွမ်းအား ... ။

Vol. 57 Ch. 675

ကံကြမ္မာစက်ဝန်း စွမ်းအား ... ။

Vol. 57 Ch. 675

“ ဦးလေးစု အနက်ဝတ်အဖိုးအိုတစ်ဦး ရောက်လာပြီး ခေါင်းသုံးလုံးနဲ့ ကျောက်စိမ်းပြား တစ်ချပ်ပေးလာပါတယ်။ ”

စွေ့ချောင်အာက သတင်းပို့လာ၏။ စုရီမှ ခေါင်းညိတ်ပြလိုက်လေသည်။ စွေ့ချောင်အာက ကျောက်စိမ်းပြားကို ကမ်းပေးလျက်ဖြင့်၊

“ သူတို့က ချွယ်၊ ဟုန်နဲ့ တျန်ထိုက်မိသားစုက ရွှမ်ကျောက်အဆင့် ဧကရာဇ်ပေါက်လေးတွေပါ။ ”

-ဟု ပြောကြားလိုက်သည်။

စုရီက စိတ်မဝင်စားဘဲ ကျောက်စိမ်းပြားကိုယူ၍ စစ်ဆေးကြည့်ရာ အဖိုးအို၏ သတင်းစကားဖြစ်နေ၏။

သူတို့ ဆရာတပည့်နှစ်ဦးသည် ငရဲနန်းတော်ကိုရှာဖွေရန် ယခုပင် ထွက်ခွာ သွားကြပြီဖြစ်ကြောင်းပေပင်။

“ ဦးလေးစု အဲဒီအဘိုးအိုက ဘယ်သူလဲ။”

“ တစ်ချိန်က မွေးရာပါ နတ်ဆိုးဖြစ်တဲ့ ကြာနက်ကို မှတ်မိသေးလား။ ”

“ အနက်ရောင် ဖျက်ဆီးခြင်း ကြာမိစ္ဆာ ... ။ ”

“ မှန်တယ် ... ။ ”

“ သူ့ရဲ့အငွေ့အသက်ဟာ နားမလည်နိုင်လောက်အောင် နက်ရှိုင်းနေတာ မထူးဆန်းတော့ပါဘူး ... ဒါဟာ မွေးရာပါ ဖျက်ဆီးခြင်း နတ်ဆိုးတစ်ပါးပဲ။ ”

စုရီခေါင်းညိတ်ကာ ဆက်မပြောတော့ချေ။ ယင်းအစား သူ့ရှေ့ရှိတရားစီရင်ရေးဌာန ခန်းမ ထံသို့ စိုက်ကြည့်ကာ၊

“ ဒီည ... အမှောင်ညကျေးကျွန်နဲ့ ငရဲကျီးကန်းတို့ ဒီနေရာကို ကျူးကျော်ချင်တာ ဘာအတွက်လဲ မင်းသိလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါက 'တရားရေးကလောင်’အတွက်လို့ ထင်ပါတယ်။ ”

“ တကယ်ပဲကိုး ... ။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။ တရားရေးကလောင်သည် ရှေးခေတ်တည်းက တရားစီရင်ရေးဌာန၏ အမြင့်မြတ်ဆုံးပစ္စည်း ဖြစ်လေသည်။

ဤအရာဝတ္တုကို ကမ္ဘာပေါ်ရှိ အပြစ်သားများအပေါ် စီရင်ဆုံးဖြတ်ရန်နှင့် ကွပ်မျက်ရန် အသုံးပြု၏။ တန်ခိုးကြီးသော တရားရေးတာအို ပါဝင်ချေပြီ။

ယင်းသည် မှားယွင်းစွာ သေဆုံးနေသောမြို့တော်၏ တံခါးအချို့ကို ဖွင့်နိုင်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ယနေ့ ရောက်ရှိလာသော ငရဲကျီးကန်းနောက်ကွယ်မှလူသည် ထိုမြို့၏ တားမြစ်နယ်မြေ၌ ပိတ်မိနေဖွယ်ရှိ၏။

တရားရေးးကလောင်သည် နတ်ဝိညာဉ်ပိုင်ဆိုင်ပြီး မှားယွင်းစွာသေဆုံးခြင်း မြို့တော်၏ နိယာမများကို ပြောင်းပြန် လှန်နိုင်ချေ၏။

“ ဒါက ဒီလောက်မလွယ်ပါဘူး။ ”

စွေ့ချောင်အာမှ ပြောကြားသည်။  

“ ရှေးခေတ်ကတည်းက တရားစီရင်ရေးဌာနကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့အတွက် ဒီနတ်ဘုရားရတနာကို ထားခဲ့တာပဲ ...

... မြေအောက်အကျဉ်းထောင်သုံးထပ် ... နတ်ဆိုးနှိမ်နင်းရေးကျောက်တိုင် ကိုးဆယ့်ကိုးခု ကောင်းကင်တောင် ဒါတွေအားလုံး တရားရေး ကလောင်ရဲ့ တစ်စိတ်တပိုင်းပဲ ...

... ကုန်ကုန်ပြောရရင် မြို့တော်ရဲ့ ... နံရံတွေပေါ်မှာဖုံးအုပ်ထားတဲ့ ဝင်္ကပါအစီရင်နဲ့ အရှေ့ဘက်တံခါးကို စောင့်နေတဲ့ နတ်ဆိတ် ...

... နဂါးသားစတဲ့ ရုပ်တုတွေတောင် ... တရားရေးကလောင်ရဲ့စွမ်းအား တစ်စိတ်တပိုင်း ဖြစ်နေကြပြီ အဖေရဲ့အဆိုအရ တရားစီရင်ရေး ခန်းမကို တစ်ယောက်ယောက်ကသာ ...

... ပြုပြင်မွမ်းမံပေးဖို့ ကြိုးစားနိုင်ခြင်း မရှိသေးရင် တရားရေးကလောင်ကို ဘယ်သူမှ ယူမသွားနိုင်ပါဘူး။ ”

ထိုစကားကို ကြားချိန်၌ စုရီက ခေါင်းညိတ်လိုက်သည်။ စွေ့လုံရှင်းထံမှ အဆိုပါ အကြောင်းအရာကို ကြားသိပြီးဖြစ်၏။

တရားရေးကလောင်၊ မရဏကမ္ဘာမှတ်တမ်းနှင့် လမ်းစဉ်ခြောက်ပါး ချပ်ပြားဟူသော နတ်ဘုရားအဆင့် ရတနာသုံးပါးသည် နာမည်ကြီး၏။

တရားစီရင်ရေးခန်းမသည် တရားရေးကလောင်ကို ကိုင်ဆောင်ထားပြီး၊ ငရဲဘုရင်ဆယ်ပါးနန်းတော်သည် မရဏကမ္ဘာ မှတ်တမ်း ပိုင်ဆိုင်၏။ လမ်းစဉ်ခြောက်ပါး ချပ်ပြားကိုမူ လမ်းစဉ်ခြောက်ပါးခန်းမမှ သိမ်းပိုက်ထားချေပြီ။

၎င်းတို့အပြင် အစွမ်းထက်လက်နက်များ သည်လည်း ရှိသေး၏။ မေ့လျော့ခြင်းတံတားနှင့် မန်ပိုနန်းတော်၊ အဝါရောင်နွေဦးစမ်းရေနှင့် အဝါရောင်နွေဦးနန်းတော် စသည်တို့သည် ထိပ်တန်းရတနာများပေပင်။

စကားပြောနေစဉ်တွင် စုရီနှင့် စွေ့ချောင်အာတို့သည် တရားစီရင်ရေးခန်းမထဲ ဝင်ရောက်နေပြီဖြစ်၏။

ထို့နောက် လရိပ်ဓားကိုထုတ်ကာ ကောင်းကင်တောင်ထိပ်တွင် တင်ထားထုတ်ပြီး အစီရင်ကို ပြန်လည်အားဖြည့်လိုက်၏။

စွေ့လုံရှင်းကံကြမ္မာကို မသိရသေးသော်လည်း ဤဓားသည်ဝင်္ကပါဖြင့် ပေါင်းစပ်ထားနိုင်သရွေ့ စွေ့မိသားစုသည် ဘေးဥပဒ်များကြုံတွေ့ရသော် ထိုနတ်ဆိုးများ ထုတ်ယူအသုံးချနိုင်ပေမည်။

“ မင်းအဖေပြန်လာရင် ငါ့ဓားကို ပြန်ပေးဖို့ပြောလိုက်ဦး။ ”

စုရီက မှာကြားလိုက်သည်။

“ ဦးလေးစု ... အဖေ တကယ်ပြန်လာနိုင်မှာလား။ ”

ဤသည်မှာ သူ့အတွက် ကြီးမားသော စိုးရိမ်မှုပေပင်။ စုရီက မဆိုင်းမတွ ခေါင်းညိတ် ပြလိုက်၏။

“ သေချာပေါက်ပဲ။ ”

ထို့ထက်ပို၍ မရှင်းပြတော့ချေ။ စွေ့ချောင်အာသည်လည်း သူ့ရှင်းပြချက်ကို မလိုအပ်ကြောင်း သူ သိသည်။

“ ဦးလေးစုက ပြန်လာမယ်ဆိုရင် သေချာပေါက် ငါ့အဖေပြန်လာနိုင်မယ်။ ” 

ထိုစကားကြောင့် စုရီမှ ပြုံးပြီး၊

“ သွားရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

***

စွေ့မိသားစု လျှို့ဝှက်နယ်မြေ။ စုရီတစ်ယောက် တာအိုသစ်ပင် အောက်တွင် တစ်ယောက်တည်းထိုင်ကာ ပျင်းရိနေခဲ့၏။

ထိုစဉ် လှပပြီး အိပ်မက်ဆန်သော ရုပ်ပုံလွှာအဖြစ် အမျိုးသမီးတစ်ယောက် အသွင် ထွက်ပေါ်လာသည်။

“ တာအိုစု အဆင်ပြေသွားပြီလား။ ”

ဖိုစုံမှ မေးသည်။

“ အတော်လေး ချောမွေ့သွားပါတယ် ဒါပေမယ့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီကျီးကန်းလေး လွတ်မြောက်သွားတယ်။ ”

စုရီက ပြန်ဖြေ၏။ ထို့နောက် လက်ဖဝါးဖွင့်လိုက်ကာ အနက်ရောင်ငှက်မွေး တစ်ချောင်းထုတ်ယူလိုက်သည်။

“ ဒါကျီးကန်းလေးရဲ့ မွေးရာပါ အမွေးအပိုင်းအစပဲ သူ့မှာပါတဲ့ ရှေးဟောင်း စွမ်းအင်ကို သန့်စင်ပေးနိုင်မလားဆိုတာ ကြည့်ပေးပါဦး။ ”

ဖိုစုံက စုတ်ပြဲနေသော အနက်ရောင် အမွေးအတောင်ကို ကိုင်ကြည့်လိုက်ပြီးနောက်၊

“ ဒီအမွေးအတောင်ရဲ့ အနှစ်သာရက ပျက်စီးသွားပြီ ... ဘေးဥပဒ်နဲ့ သက်ဆိုင်လှတဲ့ ရောင်ဝါတချို့ပဲ ကျန်တော့တယ် ... ။ ”

-ဟု မှတ်ချက်ပေး၏။

ပြီးနောက် မျက်ခုံးကြားရှိ ကြက်သွေးရောင် အမှတ်အသားသည် ရုတ်တရက် လှိုင်းထလာပြီး မျက်လုံးများ ရွှေရောင်တောက်ပလာ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ တစ်နာရီခန့်ကြာပြီးနောက် ဖိုစုံမှ အံ့အားသင့်စွာ မျက်ခုံးဖွင့်ကြည့်လျက်၊

“ ဒီငှက်မွေးမှာ တကယ့်ကို ... ထူးထူးခြားခြား အမှတ်အသားတစ်ခုရှိနေတယ် တာအိုစု ကျေးဇူးပြုပြီး ကြည့်ပေးပါ။ ”

-ဟုကမ်းပေးလာ၏။

“ ဘရူး ... ။ ”

အနက်ရောင်ငှက်မွှေးသည် တုန်ခါကာ ဖြူဖွေးသော နတ်မီးတောက်များ ထွက်လာပြီး ပျက်ပြယ်သွားသော တားမြစ်စွမ်းအင်များ တဖြည်းဖြည်း စုပုံလာသည်။

လျှို့ဝှက်ဆန်းကြယ်သော စက်ဝန်းကို အကြမ်းဖျင်းပုံဖော်ထားသည့် ရူရ်များစွာတို့က တဖျပ်ဖျပ်ခတ်လာတော့၏။

စက်ဝန်းသည် အလင်းအမှောင် မသည်းကွဲဘဲ ထင်ယောင်ထင်မှားဖြစ်နေသည်။ တားမြစ်ရူရ်များသည်ပင် အလွန်မှုန်ဝါး၏။

“ ဒါ ရှေးတုန်းက မရဏဘုရင်မှာ တားမြစ်ရတနာကိုးပါးရှိတယ်လို့ ကြားဖူးတယ် အဲဒီထဲကမှ တစ်ခုက နတ်စက်ဝန်းပဲ ...

... နတ်စက်ဝန်းအပြင်ဘက်ကို လူဝင်စားခြင်းလမ်းစဉ် ခြောက်ပါးရေးထွင်းပြီး အတွင်းဘက်မှာ ငရဲဘုံကိုးပါးနယ်မြေကို ...

... ရေးထွင်းထားတယ် ... ဒါကြောင့် အဲဒီတံဆိပ်ကို ကံကြမ္မာစက်ဝန်း လို့ခေါ်တယ် ဘယ်လိုလဲ အဲဒါဖြစ်နိုင်မလား။ ”

မရဏဘုရင် တားမြစ်ရတနာကိုးပါးသည် ကမ္ဘာကြီးကို တုန်လှုပ်စေသည့် အစွမ်းသတ္တိများ ရှိချေပြီ။

သို့သော် မရေမတွက်နိုင်သောနှစ်များ ကုန်လွန်သွားပြီး ထိုတားမြစ်ရတနာ ကိုးပါးမှာ ပျောက်ကွယ်နေ၏။ ဒဏ္ဍာရီအဖြစ်သာ ကြားဖူးကြတော့သည်။

“ ထင်ရတာပဲ ဒီလိုထူးဆန်းပြီး တားမြစ်စွမ်းအားမျိုးက ကံကြမ္မာစက်ဝန်းသာ ဖြစ်ဖို့များတယ် ... ဘာလို့လဲဆိုတော့ ဒဏ္ဍာရီအရ ...

... ကံကြမ္မာစက်ဝန်းရဲ့ စွမ်းအားက အနာဂတ်ကို ကြိုမြင်နိုင်တယ် အတိတ်ကကံကို ဖြတ်တောက်ပြီး ... ပစ္စုပ္ပန်မှာရှိတဲ့ဒုက္ခတွေကို ဖြေရှင်းပေးနိုင်တယ် ...

... အနာဂါတ်မှာ ကံကောင်းခြင်းတွေ ရနိုင်လာပြီး ကံဆိုးခြင်းတွေအပေါ် ရှောင်ရှား နိုင်တယ် ... ဒါကြောင့်လည်း ...

... ငရဲကျီးကန်းလေးက တာအိုစုလို လူရဲ့လက်ကနေ လွတ်မြောက်ဖို့ ... ဒီကံကြမ္မာ စက်ဝန်းစွမ်းအားနဲ့ အခွင့်အရေးရသွားတာ။ ”

သူမဟူသည် တာအိုတစ်သောင်း သစ်ပင်ထံမှ မွေးဖွားလာသော မူလနတ်ဝိညာဉ် ဖြစ်ပြီး ရှေးခေတ်ကတည်းကရှင်သန်ခဲ့သည်။ ထို့ကြောင့် သူမ၏ မှန်းဆချက်များသည် သာမန်ထက် သာလွန်ချေ၏။

ထိုနောက် ဖိုစုံကစုတ်ပြဲနေသော အနက်ရောင် အမွေးအတောင်ကို ဖယ်လိုက်ပြီး စုရီထံသို့ ပြန်ပေးကာ၊

“ မင်းစိတ်ဝင်စားနေရင် ... ဘာလို့ မှားယွင်းစွာ သေဆုံးခြင်းမြို့ဆီ သွားမကြည့် ရတာလဲ။ ”

-ဟုမေးမြန်း၏။ စုရီက လက်ပြပြီး၊

“ ငါ့ရဲ့ခွန်အားနဲ့ မတော်တဆ ဖြစ်နိုင်ချေများတယ်။ ”

-ဟု တုန့်ပြန်လိုက်လေသည်။ ထို့နောက် ပျင်းရိစွာဖြင့် ကုလားထိုင်တွင်ကျောမီလိုက်ကာ မျက်လုံးများ မှိတ်လိုက်တော့၏။

“ ဒါပေမယ့် ... မင်းငါနဲ့အတူ လိုက်လာမယ်ဆိုရင်တော့ စိတ်ဝင်စားတယ်။ ”

***

All Chapters