← Chapters

မြေးတပည့်ထံမှ ခြိမ်းခြောက်ခံရခြင်း။

Vol. 57 Ch. 677

မြေးတပည့်ထံမှ ခြိမ်းခြောက်ခံရခြင်း။

Vol. 57 Ch. 677

“ စိတ်မပူပါနဲ့ ... ။ ”

စုရီက စကားအပိုမဆိုတော့ချေ။ ထို့နောက်နှစ်ယောက်သား လျှို့ဝှက်နယ်မြေမှ ပျောက်ကွယ်သွားလေသည်။

များမကြာခင် စွေ့ချင်းအာသည် ကျက်သရေခန်းမ၏ အလယ်ခုံတွင်ထိုင်နေပြီး စုရီမှာ သူ့ဘေးတွင်ရပ်လျက် ဧည့်သည်များကို စောင့်နေခဲ့၏။

ရန်တျန်ဖန်က ခရမ်းရောင်ဝတ်လုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအပါအဝင် လူတစ်စု ဝင်ရောက်လာသည်။

“ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲရန်တျန်ဖန်က ခေါင်းဆောင်စွေ့ကို နှုတ်ဆက်ပါတယ်။ ”

ရန်တျန်ဖန်သည် ရိုသေလေးစားသော အမူအရာဖြင့် ဂါရဝပြုရန် ရှေ့သို့ တိုးလာသည်။ စွေ့ချောအာအဆင့်အတန်းသည် ဂိုဏ်းချုပ်နှင့် တန်းတူဖြစ်၏။ ထို့ကြောင့် သဘာဝအတိုင်း ပေါ့ဆဝံ့ခြင်းမရှိချေ။

သို့သော်လည်း စွေ့ချောင်အာ အနားတွင် ရပ်နေသောစုရီကိုမြင်သည့်အချိန်၌ အနည်းငယ် တောင့်တင်းအေးခဲသွားကာ စိတ်မသက်မသာ ဖြစ်သွားလေသည်။

ဤလူငယ်လက်တွင် ရှုံးနိမ့်ခဲ့ရသည့် မြင်ကွင်းများအပေါ် သူ့တသက် မမေ့နိုင်ချေ။ သို့သော် တစ်ဖက်လူသည် ငြိမ်သက်စွာဖြင့် သူ့ကိုလျစ်လျူရှုထား၏။

“ သူတို့က ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ဝင်တွေလား။ ”

စွေ့ချောင်အာ အမူအရာသည် ဂုဏ်သိက္ခာရှိပြီး နူးညံ့ကာသူ့ကိုနှုတ်ဆက်ဖို့ရန် မရည်ရွယ်ချေ။ ယင်းအစား လူအုပ်ကြီးထံ ကျော်ကြည့်လိုက်သည်။

“ သဘာဝပါပဲ။ ”

ရန်တျန်ဖန်က ခေါင်းညိတ်လိုက်ပြီး ခရမ်းရောင်ဝတ် အမျိုးသားကို မိတ်ဆက် ပေးရန်ပြင်၏။

ထိုအချိန်တွင် ခရမ်းရောင်ဝတ်လုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောကာ ဦးညွှတ်လျက်၊

“ ဟားဟားဟား ငါ့နာမည် ထောင်ချင်းချွယ်ပါ ... ခေါင်းဆောင်စွေ့ကို နှုတ်ခွန်းဆက်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူ့အမူအရာသည် သဘာဝကျပြီး သည်းခံချုပ်နှောင်မှုမျိုး အရိပ်အယောင်မရှိချေ။ မျိုးဆက်အနေဖြင့် စွေ့ချောင်အာသည် သူ့နှင့် ရွယ်တူဖြစ်သော်လည်း စီနီယာကျ၏။

စွေ့ချောင်းအာက သူအပေါ်တွင်လည်း တုန့်ပြန်နှုတ်ဆက်ရန် မရည်ရွယ်ဘဲ၊

“ ရွှမ်ကြွယ် မဟာမိတ်ခေါင်းဆောင် ပင်းမိုနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။ ”

-ဟု တိုက်ရိုက်မေးလိုက်၏။

“ ခေါင်းဆောင်စွေ့ ... သခင်ထောင်က သခင်ပင်းမိုရဲ့သတ္တမမြောက် တပည့်တစ်ဦးပါ လက်ရှိ ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ရဲ့ သင်းထောက် သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်ပြီးတော့ တိမ်လွှာကောင်းကင် ဓားဧကရာဇ်ဘွဲ့ကို ရရှိထားပါတယ်။ ”

ရန်တျန်ဖန်၏ မိတ်ဆက်စကားကြောင့် ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် အနည်းငယ် ပြုံးကာ၊

“ တာအိုရန် ... မင်းငါ့ကို မြှောက်ပင့်ပေးနေပါပြီ ... ငါက ငါ့သခင်ရဲ့ ကျေးကျွန်တစ်ယောက်ပဲ ဓားဧကရာဇ်ဘွဲ့က ပြောပလောက်စရာ မရှိသေးပါဘူး။ ”

-ဟု တုန့်ပြန်၏။

သို့တိုင် သူ့မျက်ဝန်းများတွင် မာနကြီးသောအရိပ်အမြွက်များ ထွက်ပေါ်နေ ချေပြီ။

တစ်ဖက်တွင် စွေ့ချောင်အာမှ ရယ်ချင်သွားသည်။ ဤသည်မှာ ဦးလေးစု၏ မြေးတပည့်ဖြစ်၏။ မြေးတစ်ယောက်အနေဖြင့် သူ့ဘိုးဘေးရှေ့၌ ဝင့်ကြွားနေချေပြီ။

အတွေးဖြင့် သူ့ဘေးတွင် ရပ်နေသော စုရီကိုလှမ်းကြည့်လိုက်သည်။ စုရီအမူအရာမှာ လုံးဝမမြင်နိုင်သလို ငြိမ်သက်နေ၏။

“ ကျန်တဲ့ လူတွေကရော။ ”

စွေ့ချောင်အာက ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားဘေးရှိလူများထံ အကြည့်များ ကျဆင်းသွားသည်။

“ သူတို့က နတ်ဓားတောင်ရဲ့ တပည့်တွေပါ။ ”

“ နတ်ဓားတောင်လား ငါသိတယ် ... အရိုင်းမြေကိုးပါးရဲ့ အဓိကတာအိုဂိုဏ်းခြောက်ခု ထဲက တစ်ခုပဲ ... ထိုင်ကြပါ။ ”

သွေ့ချောင်အာ၏ ဤအေးစက်သော အမူအရာသည် နတ်ဓားတောင်မှပုဂ္ဂိုလ်များကို မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်ပျက်သွားစေ၏။

သို့သော် အဆုံးတွင် သူတို့အားလုံး သည်းခံလိုက်ရသည်။ ဤသည်မှာ ရှေးဟောင်း ခေတ်တည်းက တည်ရှိခဲ့သော စွေ့မိသားစုဖြစ်၏။

“ ခေါင်းဆောင်စွေ့ မထိုင်တော့ပါဘူး ငါတို့ကိစ္စတစ်ခုဆွေးနွေးဖို့ ဒီကိုလာတာပါ ဒါကို ဖြေရှင်းပြီးတာနဲ့ ထွက်သွားမှာပါ။ ”

ထောင်ချင်းချွယ်က ပြုံးပြီးပြောသည်။

“ ဒါဆိုပြောပါ ... ။ ”

“ ငါမရဏကမ္ဘာကို ခရီးထွက်နေတုန်း ခေါင်းတလားထမ်းမျိုးရိုးရဲ့ ဆက်ခံသူတစ်ဦးဟာ စွေ့မိသားစုမှာ ရှိနေတယ် ကြားပါတယ် ...

... ဒါကြောင့် ဒီလူကို ငါ့သခင်နဲ့တွေ့ဖို့ ပြန်ခေါ်သွားနိုင်မယ်လို့ ... ငါမျှော်လင့်ပါတယ် ခေါင်းဆောင်စွေ့ ကူညီနိုင်မလား။ ”

စွေ့ချောင်းအာက မျက်လုံးများ မှေးစင်းသွားလေသည်။ ဦးလေးစု မှန်ချေ၏။ ဤလူများသည် မျက်မမြင် အဘိုးကြီးအတွက် လာခဲ့ခြင်းပေပင်။ မဆိုင်းမတွဘဲ သူက၊

“ အဲဒီလူက ငါ့စွေ့မျိုးနွယ်ထဲမှာ အချိန်အတော်ကြာအောင်နေခဲ့တယ် ဒါပေမယ့် အခု သူ ထွက်သွားပြီ။ ”

-ဟု ပြန်ပြောလိုက်သည်။ ထောင်ချင်းချွယ်က အံ့အားသင့်သွားပြီး၊

“ ခေါင်းဆောင်စွေ့ ငါသိသလောက်အရဆိုရင် ငါတို့ဘိုးဘေးက မင်းအဖေရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပဲ အခု ခေါင်းတလားထမ်း အမျိုးအနွယ်က ...

... ငါ့သခင်အတွက် အရမ်း အသုံးဝင်နေပါတယ် မင်းရဲ့အကူအညီကို ငါ နှိမ့်ချစွာ ထပ်မံတောင်းဆိုပါတယ်။ ”

-ဟု ပြောကြားတော့၏။

စုရီမှ လှည့်ကြည့်သည်။ ပင်းမို၏ တပည့်သည် သူ့အမည်သုံးကာ စွေ့မိသားစု အပေါ် ဖိအားပေးနေ၏။ ရဲရင့်လွန်းချေပြီ။

“ ဟမ့် ... ။ ”

စွေ့ချောင်အာက လှောင်ပြောင်ရယ်မော လိုသော်လည်း နှာခေါင်းရှုံ့လျက် ပြင်းထန်သော အရိပ်အယောင်များ ထုတ်ဖော်ကာ၊

“ ငါ လိမ်နေတာလို့ မင်းသံသယ ရှိနေတာလား။ ”

-ဟု မေးမြန်းလိုက်သည်။

ခန်းမအတွင်းရှိ လေထုသည် ချက်ချင်း တင်းကြပ်သွား၏။ သို့သော် ထောင်ချင်းချွယ်မှ လုံးဝဂရုမစိုက်ဘဲ ရယ်မောလျက်၊

“ ဟားဟားဟား ခေါင်းဆောင်စွေ့ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ... ငါ့ဆရာရဲ့ သခင်အတွက် ရှင်းပြနိုင်အောင်မေးချင်ပါတယ် ဥပမာ အဲဒီခေါင်းတလားထမ်းမျိုးရိုးရဲ့ ဆက်ခံသူအဖိုးကြီး အခုဘယ်မှာလဲ။ ”

“ ဟား ဟား ဟား ... ။ ”

စွေ့ချောင်အာတစ်ယောက် ထောင်ချင်းချွယ်ထံပြန်ကြည့်ကာ သည်းမခံနိုင် တော့ဘဲ ရယ်မောလိုက်လေသည်။

ဤလူမိုက်သည် သူနှင့်ဦးလေးစု ရှေ့မှောက်တွင် ပင်းမိုနာမည်သုံးပြနေသည်မှာ အမှန်ပင်ရယ်စရာကောင်းချေ၏။

တစ်ဖက်တွင်လူတိုင်းသည် အဘယ့်ကြောင့် ဤမျှဟက်ဟက်ပက်ပက် ရယ်မောနေသည်ကို မသိနိုင်သဖြင့် မျက်ခုံးပင့်သွားကြသည်။

ထောင်ချင်းချွယ်အတွက်မူ မျက်ဝန်းများ မှေးစင်ကာ ဒေါသများတောက်လောင်လာ၏။ သူ့စကားသည် မည်သည့်နေရာ၌ ရယ်စရာ ကောင်းနေသနည်း။

စွေ့မိသားစုတွင် သြဇာအာဏာ ကြီးမားသောခေါင်းတောင် ဘိုးဘေးတစ်ဦးသည် ဤမျှအထိန်းအကွပ်မဲ့စွာ ရယ်မောသည်လော။

ထောင်ချင်းချွယ်၊ ရန်တျန်ဖန်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ကြပြီး အလွန်စိတ်မသက်မသာဖြစ်လာကြသည်။

“ ခေါင်းဆောင်စွေ့၊ ဒါက ဘာကို ဆိုလိုတာလဲ။ ”

အဆုံး၌ ထောင်ချင်းချွယ်တစ်ယောက် သည်းမခံနိုင်တော့ဘဲ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။

“ ဟား ဟား ဟား ... မင်းရဲ့ သဘောထားတွေကို ငါအကြမ်းဖျင်း နားလည်တယ် ခေါင်းတလားထမ်း မျိုးရိုးက ငါ့ရဲ့မိသားစုမှာ တကယ်ရှိနေတယ်ဆိုရင်တောင် မင်းကိုလွှဲပေးလာမှာ မဟုတ်ဘူး။ ”

ဤစကားကို ပေါ့ပေါ့ပါးပါး ပြောကြားလိုက်ခြင်းပေပင်။ ထောင်ချင်းချွယ်မှ အနည်းငယ် စဉ်းစားလျက် အသက်ပြင်းပြင်းရှူပြီး၊

“ ခေါင်းဆောက်စွေ့ ... မနေ့က မီးပုံးပွဲတော်မှာ စွေ့မိသားစုကိုကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာ ငါတို့ ဂိုဏ်းတည်ထောင်သူရဲ့ စွမ်းအားမဟုတ်လား ဒါဆို ဘာလို့ကူညီဖို့ ဆန္ဒမရှိရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

သူ့စကားကြောင့် နတ်ဓားတောင်၏ တန်ခိုးကြီးသောပုဂ္ဂိုလ်များမှာ စွေ့ချောင်အာထံ ပြန်ကြည့်လာကြသည်။ သူတို့အမြင်တွင် ဤစကားလုံးများသည် အတိုင်းအတာတစ်ခု အထိ မြင်အောင် ပြသနေခြင်းဖြစ်၏။

တစ်ဖက်လူသည်သာ ထပ်ပြီး ငြင်းဆန်နေခဲ့သော် နတ်ဓားရှင်ရွှမ်ကြွယ်ကို မရိုမသေ ပြုရာကျပေမည်။

သို့သော် စွေ့ချောင်အာသည် ဆန့်ကျင်ဘက်အနေဖြင့် ပို၍ရယ်မောချင်နေ သည်ကို မြင်လိုက်ရသည်။

စွေ့ချောင်အာက ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ကာ ဖြည်းညှင်းစွာဖြင့် အရသာခံ သောက်လိုက်၏။ ထို့‌နောက် ပြုံးရယ်လျက် မော့ကြည့်ပြီး၊

“ မင်းရဲ့ဂိုဏ်းတည်ထောင်သူဟာ ငါ့ရဲ့ စွေ့မိသားစုအပေါ် ကျေးဇူးအများကြီးရှိတယ် ငါတို့က သူ့ကိုနတ်ဘုရားလို ရိုသေတယ် ...

... ဒါပေမယ့် မင်းလို သားမြေးတစ်ယောက်က မင်းဘိုးဘေးနာမည် သုံးပြီး ... ဒီလိုဖိအားပေးဖို့ စဉ်းစားရအောင် မင်းကိုယ်မင်း တကယ်ရဲရင့်လွန်းတယ်လို့ မထင်ဘူးလား။ ”

ဤတစ်ကြိမ်၌ ထောင်ချင်းချွယ်ခမျာ မျက်နှာပျက်ယွင်းလျက် တိတ်ဆိတ်သွားသည်။ တစ်ဖက်လူမှ သနားညှာတာမှုကင်းပြီး သူ့ကို လုံးလုံးလျားလျား မထီမဲ့မြင်ပြုခြင်းပေပင်။

ရန်တျန်ထောင်နှင့် အခြားသူများသည် အံ့အားသင့်လျက် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့၏။

နူးညံ့ညင်သာသော စွေ့မိသားစုခေါင်းဆောင်သည် ဤမျှစွာသော သဘောထား ပြတ်သားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

“ အခုမင်းရောက်နေတာ ... အရိုင်းမြေကိုးပါးမဟုတ်မဟုတ်ဘူး မရဏ ကမ္ဘာပဲ မင်းကို အကြံတစ်ခုပေးပါရစေ၊ မင်းရဲ့ ဘိုးဘေးကို အရှက်ရစေမယ့် အကျင့်စရိုက်မျိုး နောင်မှာ ပြုမူမိတာမျိုး မဖြစ်ပါစေနဲ့။”

သားမြေးတစ်ယောက်အပေါ် သင်ကြးပေးသကဲ့သို့ ခံစားလိုက်ရသဖြင့် ထောင်ချင်းချွယ်ခမျာ လက်ဖျားများ တဆက်ဆက်တုန်လာ၏။

ပင်းမို၏ တပည့်တစ်ယောက်အနေဖြင့် သူ့ဘဝတလျှောက် အပြစ်တင်ရှုံ့ချခံရခြင်းသည် ဤသည်မှာ ပထမဆုံးအကြိမ်ပေပင်။ လုံးဝ အရှက်ရစေ၏။

ထိုစဉ် ဘေးမှ ရပ်ကြည့်နေသော နတ်ဓားတောင် အကြီးအကဲတစ်ဦးသည် ရှေ့သို့ လှမ်းတက်ကာ၊

“ ခေါင်းဆောင်စွေ့ ခေါင်းထလားထမ်း မျိုးရိုးအတွက်နဲ့ ဘာလို့များ ဒုက္ခလိုချင်ရတာလဲ မင်းအဖေလည်း နာကျည်းခြင်းပင်လယ်ကနေ ပြန်မလာနိုင်သေးတာ ကြားမိပါတယ်။ ”

“ ခွမ်း ... ။ ”

ရုတ်တရက် စွေ့ချောင်အာက လက်ထဲရှိရေနွေးကြမ်းခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။

ထိုအကြီးအကဲခမျာ ထိတ်လန့်ပြီး ပြန်ဆုတ်သွားသည်။ စွေ့ချောင်းအာက လူအုပ်ထံဝေ့ကြည့်ကာ၊

“ ဆယ့်ငါးမိနစ်အတွင်း တစ်ယောက်မှ မမြင်ချင်ဘူး မဟုတ်ရင် မင်းတို့ကို ကရုဏာမရှိ သတ်ပစ်ရလိမ့်မယ်။ ”

ဤသည်မှာ ပြတ်ပြတ်သားသား ခြိမ်းခြောက်ခြင်းမည်၏။ လူတိုင်းအမူအရာများ သိသိသာသာပြောင်းလဲသွားကာ စေ့စပ်ညှိနှိုင်းမှု အဆုံးသတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

“ သွားရအောင် ... ။ ”

ထောင်ချင်းချွယ်က အံကြိတ်ကာ အသက်ပြင်းပြင်းရှူလျက် ချက်ချင်း ပြေးထွက် သွားတော့သည်။ ကျန်သူများသည်လည်း နောက်ကျန်ရစ် မနေနိုင်ချေ။

လူတိုင်းပျောက်ကွယ်သွားပြီးနောက် သွေ့ချောင်အာကထိုင်ခုံမှထကာ အနည်းငယ် စိုးရိမ်နေဟန်ဖြင့်၊

“ ဦးလေးစု၊ ငါလုပ်ခဲ့တဲ့အတွက် မင်းငါ့ကိုအပြစ်မတင်ဘူး မဟုတ်လား။ ”

-ဟု ပြန်မေး၏။

“ လူပြက်အနည်းငယ်ပဲ အပြစ်မရှိဘူး မင်းအားလုံးကို သတ်နိုင်တယ် ဒါပေမယ့် ... မင်း သတိထားရမယ် ပင်းမိုကငါ့ကံကြမ္မာကို သိချင်နေတယ် ...

... ဒီအတွက်ကြောင့် မျက်မမြင် အဘိုးကြီးရဲ့သခင် သွေးခေါင်းတလားလည်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတယ် ... မင်းရဲ့ စွေ့မိသားစုကို မငြိစွန်းစေချင်ဘူး။ ”

စုရီက ခေါင်းညိတ်ကာ သတိပေးသည်။ စွေ့ချောင်အာမှ ဒေါသထွက်လာပြီး ရဲရင့်သော အရိပ်အမြွက်ပြန်ပေါ်လာ၏။

“ ဟမ့် ... ဦးလေးစု၊ ငါ့စွေ့မိသားစုက ဒီလိုဒုက္ခတွေကို ဂရုမစိုက်ဘူး။ ”

စုရီမှ ခဏမျှ စဉ်းစားကာ၊

“ ကောင်းပြီ၊ မင်း ငါနဲ့လိုက်ခဲ့။ ”

-ဟုပြောကြားလိုက်သည်။

“ ဦးလေးစု ဘယ်သွားမလို့လဲ။ ”

“ လူသတ်မလို့ ... ။ ”

***

All Chapters