← Chapters

ဟန့်တားတိုက်ခိုက်ခြင်း ... ။

Vol. 57 Ch. 678

ဟန့်တားတိုက်ခိုက်ခြင်း ... ။

Vol. 57 Ch. 678

မြို့ပြင်တွင် ထောင်ချင်းချွယ်နှင့် သူ့အဖွဲ့သည် မျက်နှာများညှိုးငယ်ကာ ရတနာ သင်္ဘောပေါ်တက်လျက် ချက်ချင်း ဆုတ်ခွာတော့သည်။

“ အဲဒီအဖိုးကြီးက မာနကြီးလွန်းတယ်။ ”

တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်ဘဲ မှတ်ချက်ပေးလေသည်။

“ မှန်တယ် ... မနေ့ညတည်းက ဘေးဒုက္ခမှာ စွေ့မိသားစု ပျက်စီးလိုက်ရမှာ။ ”

အခြားတစ်ယောက်သည် အံကြိတ်ကာ ထောက်ခံ၏။ ရန်တျန်ဖန်က လေးနက်စွာဖြင့်၊

“ ခေါင်းတလားထမ်းမျိုးရိုးက သေချာပေါက် စွေ့အိမ်ကြီးထဲမှာ ရှိတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဘာလို့လဲ ... ။ ”

ထောင်ချင်ချွယ်မှ မျက်ခုံးပင့်ကာ ပြန်မေးသည်။ ရန်တျန်ဖန်က ခေါင်းညိတ်ပြီး၊

“ ငါ့ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ရှာဖွေပြီး အမှန်တရားကို ဖြားယောင်းခြင်းနည်းစနစ်က လူတွေရဲ့ အရိပ်အာဝါသတွေကို ဖမ်းယူရာမှာ တိကျတယ် ... အဲဒီအဖိုးကြီးရဲ့ ရောင်ဝါကို ငါခံစားရတယ်။ ”

-ဟု ရှင်းပြ၏။ ထိုစကားကို ကြားချိန်တွင် မျက်လုံးပြူးကုန်သည်။ ထောင်ချင်းချွယ်ခမျာ ဒေါသထွက်လာပြီး၊

“ အဲဒီမြေခွေးကြီးစွေ့ချောင်အာက ငါတို့ကိုလှည့်ဖြားဖို့သတ္တိရှိလား တကယ့်ကို စက်ဆုပ်စရာပဲ။ ”

-ဟု ကျန်ဆဲတော့၏။

“ သခင်ထောင် ငါတို့ဘာဆက်လုပ်ရမလဲ။ ”

တစ်စုံတစ်ယောက်က မေးသည်။ ထောင်ချင်းချွယ်မှ ပြန်မဖြေနိုင်ချေ။ ဤသည်မှာ စွေချောင်အာ နယ်မြေဖြစ်၏။ သူတို့ခွန်အားဖြင့် စွေ့မိသားစုထံမှ လုယူရန် နည်းလမ်းမရှိချေ။

သို့သော် ဤကဲ့သို့ ဆုတ်ခွာခြင်းသည် လက်မခံနိုင်စရာ ဖြစ်နေပြန်သည်။ ထိုအချိန်၌ ခရီးပြင်းနှင်နေသော ရတနာသင်္ဘောကြီးမှာ ရုတ်တရက် လေထဲတုန်ခါရပ်တန့်သွား၏။ တစ်ချိန်တည်းမှာပင်၊

“ သခင်ထောင်၊ တစ်ယောက်ယောက် ရှေ့လမ်းမှာပိတ်ဆို့နေတယ်။ ”

-ဟု အော်ဟစ်သံ ထွက်ပေါ်လာသည်။

ထောင်ချင်းချွယ်နှင့် တခြားသူများက သတိဝင်လာပြီး အဝေးသို့ ‌မျှော်ကြည့်လိုက်၏။ တိမ်ပင်လယ်ထဲတွင် ကျောက်စိမ်းရောင်၀တ်ရုံ တဖျပ်ဖျပ်ခတ်လျက် လူတစ်ယောက် ငြိမ်သက်စွာရပ်နေသည်။

“ ဒါ ... စွေ့ချောင်းအာဘေးမှာ ရပ်နေတဲ့ လူငယ်လေး မဟုတ်လား။ ”

တစ်စုံတစ်ယောက်က အံ့သြသွားသည်။ ချက်ခြင်းပင် ထောင်ချင်းချွယ်နှင့် အခြားသူများ မျက်မှောင်ကြုတ်ကုန်သည်။

ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ တစ်ယောက်သည် လမ်းကိုပိတ်ပြီး ဤနေရာ၌ မည်သည့်အရာများ လုပ်ဆောင်လိုသနည်း။

“ တာအိုမိတ်ဆွေ ... ။ ”

ရန်တျန်ဖန်က ခံ့ညားလွန်းသော အသွင်အပြင်ဖြင့် ထိုလူငယ်ထံကြည့်ကာ အမူအရာပြောင်းသွား၏။

“ ပြီးခဲ့တဲ့အချိန်တုန်းက မင်းဟာ တခြားတစ်ယောက်အတွက် အလုပ်လုပ်နေတာ ဖြစ်တာမို့ မင်းအသက်ကို ငါနှမြောလိုက်တာ ...

... ဒါကလည်း မင်းနောင်တရမယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ... မင်းက ငါ့ကို တကယ် စိတ်ပျက်သွားစေတယ်။ ”

စုရီက တည်ငြိမ်စွာ ပြောကြား လိုက်လေသည်။ ရန်တျန်ဖန်တစ်ယောက် မျက်နှာပျက်ယွင်းသွား၏။

“ တာအိုမိတ်ဆွေ ... ငါတို့ရဲ့ ရပ်တည်ချက်တွေက အမြဲကွဲပြားနေတာပဲလေ မင်းကရုဏာပြခဲ့ရင်တောင် ... ငါရပ်တည်ချက် မပြောင်းနိုင်ဘူး။ ”

သူတို့ စကားဝိုင်းကို ကြားချိန်၌ ထောင်ချင်ချွယ်မှ မျက်မှောင်ကြုတ်လိုက်ကာ၊

“ ရန်တျန်ဖန် ... ဒီကောင်လေးက မင်းအတွက်လား။ ”

“ တာအိုထောင် ဒါက ဇာတ်လမ်းပရှည်ကြီးပဲ ငါ ... ။ ”

“ ငါမေးတာပဲ ဖြေ ... သူ မင်းအတွက် လာတာလား။ ”

“ မဟုတ်ဘူး ... ငါမင်းတို့ အားလုံးအတွက်လာတာ။ ”

စုရီက တိမ်ပင်လယ်အတွင်း ဖြတ်လျှောက်လျက် ကြားမှဝင်ရောက် ဖြေကြား လိုက်တော့၏။ ပန်းခြံထဲ လမ်းလျှောက်နေ သကဲ့သို့ သက်တောင့်သက်သာပေပင်။

ထောင်ချင်ချွယ်နှင့် အခြားသူများက မျက်မှောင်ကြုတ်သွားကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။

ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်တစ်ယောက်သည် ထိုသို့သောစကားမျိုး မည်သို့ပြောဝံ့သနည်း။

“ စွေ့မိသားစုက ငါတို့ကိုတားဖို့ ကြံနေတာလား။ ”

အနီရောင် တာအို၀တ်စုံဝတ် အဘိုးအိုတစ်ဦးက လေးနက်သောအသံဖြင့် အော်ဟစ်‌မေးမြန်းသည်။ လူတိုင်းနှလုံးသားများ တင်းကျပ်လာပြီး ပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် ဝေ့ကြည့်ကြ၏။

“ ငါတစ်ယောက်တည်းနဲ့ မင်းတို့ကို ဆက်ဆံဖို့လုံလောက်တယ် ဒါပေမယ့် မင်းတို့ ထွက်မပြေးရအောင်တော့ စွေ့ချောင်အာကို အဝေးကနေစောင့်ခိုင်းထားတယ် ဒါပေမယ့် စိတ်မပူနဲ့ မင်းတို့ထွက်မပြေးရင် သူ ဝင်စွက်ဖက်လာမှာ မဟုတ်ဘူး။ ”

သူ့စကားသည် ပွင့်ပွင့်လင်းလင်း နိုင်လှသဖြင့် ထောင်ချင်းချွယ်နှင့် အခြားသူများ ခမျာ မယုံကြည်မှုနိုင်များ ဝင်ရောက်လာ၏။

ပုရွက်ဆိတ်သည် ဧကရာဇ်များကို သတ်ရန်အတွက် ဤနေရာ၌ရှိနေခဲ့သည်ဟု ဝင့်ကြွားစွာဆိုနေ၏။

အရေးအကြီးဆုံးမှာ သူတို့ ထွက်ပြေးလွတ်မြောက်မည်ကို စိုးရိမ်နေခြင်း ပေပင်။ နှစ်ပေါင်းများစွာအတွင်း သူတို့အတွက် ဤမျှအဓိပ္ပါယ်မဲ့သော အရာတစ်ခုကို ပထမဆုံးအကြိမ် ကြုံဖူးကြခြင်းဖြစ်၏။

ဤအခိုက်အတန့်တွင် ဝေးကွာလှသော အရပ်ရှိ စွေ့ချောင်အာသည် ကူကယ်ရာမဲ့စွာ ပြုံးလေသည်။

ဦးလေးစုသည် ယခင်ကဲ့သို့ပင် သတ်ပစ်လိုသောရည်ရွယ်ချက်ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။

သို့သော် ဤသဘောထားသည်ပင် နည်းပရိယာယ်မှန်သမျှကို လုံးလုံးလျားလျား မထီမဲ့မြင်ပြု၍ လွှမ်းမိုးချုပ်ကိုင်နိုင်သူ ဖြစ်လာစေသည်။

“ ဝှစ် ... ။ ”

ထို့နောက်တွင် စွေ့ချောင်းအာသည် လူတိုင်း၏ မြင်ကွင်ထဲ ဝင်ရောက်လိုက်ရသည်။ ရတနာသင်္ဘောပေါ်ရှိ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။

“ ခေါင်းဆောင်စွေ့ ဒါက ဘာအဓိပ္ပာယ်လဲ။ ”

စွေ့ချောင်အာကို မြင်နိုင်၌ ထောင်ချင်းချွယ်မှ မျက်မှောင်ကြုတ်ကာမေးသည်။

“ မထိတ်လန့်ပါနဲ့ ... ငါဒီတိုက်ပွဲမှာ ဝင်စွက်ဖက်မှာမဟုတ်ဘူး ဒီနေ့ မင်းတို့တွေရဲ့ အသက်ရှင်နိုင်ပါ့မလားဆိုတာ ... မင်းတို့ရဲ့ အရည်အချင်းအပေါ်ပဲ မူတည်တယ်။ ”

ဤစကားများသည် လူတိုင်းအတွက် အဓိပ္ပါယ်မဲ့ချေပြီ။ ရန်တျန်ဖန်သာလျှင် စုရီ၏ စွမ်းအားကို ကြုံတွေ့ထားသောကြောင့် သတိပေးရန်ပြင်သည်။

“ လူတိုင်း၊ အဲဒီကောင်လေးကို လျှော့မတွက်နဲ့ သူက ... ။ ”

“ ဟမ့် ... သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့မျက်လုံးထဲမှာတော့ ကြက်တစ်ကောင်နဲ့ မခြားဘူး။ ”

ထောင်ချင်းချွယ်မှ သူ့ကို စကားအပြောမခံဘဲ နှာခေါင်းရှုံ့လိုက်တော့၏။ တခြားသူများသည်လည်း ခေါင်းညိတ်သည်။

သူတို့အမြင်အရတော့ စစ်မှန်သောကျွမ်းကျင်သူသည် စွေ့ချောင်အာ ဖြစ်သည်။ ဝိညာဉ်တာအိုနယ်ပယ်ရှိ စုရီမဟုတ်ချေ။

ထိုအချိန်တွင် စုရီသည် ရတနာသင်္ဘောကြီးနှင့် ပေတစ်ရာအတွင်း လှမ်းဝင်ကာလှုပ်ရှားလိုက်သည်။

“ ရွှပ် ... ။ ”

ညာလက်ကို မြှောက်လျက်ဖြင့် လက်ချောင်းများကို ဓားအသွင် ခုတ်ထစ်ချလိုက် တော့သည်။

ပေတစ်ထောင်ရှည်လျားသော ဓားအလင်းတန်းတစ်လက် ပြေးထွက်လာသည်။ ၎င်းဓားသည် ဆောင်းဦးရေကန်ကဲ့သို့ ရိုးရှင်းပြီး ကြည်လင်ပြတ်သားချေ၏။

ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်သည် အမှန်ပင်ဤမျှရဲရင့်နေ လိမ့်မည်ဟု သူတို့ မထင်ထားချေ။

“ မင်းသေချင်နေတာပဲ ... ။ ”

ထို့ကြောင့် နတ်ဓားတောင်၏ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ဦးက ရတနာသင်္ဘောပေါ်မှ လေထဲခုန်တက်ကာ အော်ဟစ်လိုက်သည်။

တစ်ဆက်တည်းမှာပင် သူ့လက်ကို မြှောက်လိုက်ပြီး ငွေရောင်ဓားအလင်းတစ်လက် ပစ်လွှတ်လျက် ‌ရှေ့ဆက်တိုးသွား၏။ သူ့ဆန္ဒသည် စုရီကိုဖမ်းရန်ပေပင်။

သို့သော် ထိုအခိုက်အတန့်တွင် ဓားအလင်းမှာကျယ်ပြန့်လျက် နတ်ဓားတောင် ကျင့်ကြံသူသည် သေးငယ်သော အင်းဆက် တစ်ကောင်နှင့်တူသွားသည်။

များမကြာခင် ပေတစ်ထောင်ရှည်သော ဓားအလင်းရှေ့၌ ခန္ဓာကိုယ်သည် ပြာကျသွား တော့၏။ လက်ထဲရှိ ငွေရောင်ဓားရှည်သည်ပင် အငွေ့ပျံ ပျောက်ကွယ်သွားချေပြီ။

“ ဝှီး ... ။ ”

ပေတစ်ထောင်ရှည်လျားသော စုရီ၏ဓားစွမ်းအင်သည် အဟုန်မလျော့သေးဘဲ ရတနာသင်္ဘောဆီသို့ ပြုတ်ကျသွား၏။

ထောင်ချင်းချွယ်နှင့် အခြားသူများ၏ အမူအရာများသည် သိသိသာသာ ပြောင်းသွား တော့သည်။ ဤရိုးရှင်းပုံရသော ဓားစွမ်းအင်၏ ကြောက်စရာကောင်းသော စွမ်းအားကို သဘောပေါက်လိုက်ပြီဖြစ်၏။

“ အသက်ဝင် ... ။ ”

ကနဦး ရွှမ်ကျောက်အဆင့် အနီရောင်ဝတ်ရုံဝတ် အကြီးအကဲတစ်ဦးက လက်ငါးချောင်းဖြင့် ဓားတံဆိပ်ကိုဖန်တီးကာ ဓားကိုဖမ်းဆုပ်ရန်ပြင်၏။

“ ခရစ် ... ။ ”

“ ဝှစ် ... ။ ”

“ အား ... ။ ”

သို့သော် ဓားတံဆိပ်သည် ချက်ချင်းကွဲအက်ပြီး အနီရောင်ဝတ်အကြီးအကဲ ညာဘက်လက်ရုံးခမျာ ပြတ်ကျသွားလေသည်။ နာကျင်စွာ အော်ဟစ်သံများ ညံကုန်၏။

တစ်ဆက်တည်းမှာပင် ရတနာသင်္ဘော အပိုင်းပိုင်းပေါက်ကွဲလျက် အဖျက်စွမ်းအားများ အရပ်ရပ်သို့ ပြန့်ကားသွားချေပြီ။

***

All Chapters