← Chapters

ငါးကြီးတစ်ကောင် ... ။

Vol. 57 Ch. 681

ငါးကြီးတစ်ကောင် ... ။

Vol. 57 Ch. 681

သုံးရက်အကြာတွင်။

“ ဒါ ဘယ်နေရာမှာလဲ ... ။ ”

“ ငါ ဘယ်သူလဲ ... ။ ”

“ ငါ ဘာလုပ်နေတာလဲ ... ။ ”

ထောင်ချင်းချွယ်တစ်ယောက် မှိန်းခနဲ မေ့မြောနေရာမှနိုးထလာပြီး သတိပြန်ဝင်လာ တော့၏။

သူ့ဦးခေါင်းကို အချိန်အကြာကြီး ဆုပ်ကိုင်ထားပြီးနောက် အဆုံး၌ ပြန်လည် တွေးတော့လာနိုင်သည်။

“ နေပါဦး ... ငါကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲရန်တျန်ဖန်၊ နတ်ဓားတောင် အကြီးအကဲတွေနဲ့ ခေါင်းတလားထမ်းမျိုးရိုးကို ဖမ်းဖို့လာခဲ့တယ် လူယုတ်မာစွေ့ချောင်အာက ငါ့ကို လုံးဝမျက်နှာမပေးခဲ့ဘူး ... ။ ”

များကြာခင်မှာပင် ရတနာသင်္ဘောနှင့်အတူ ပြန်လည်ထွက်ခွာခဲ့ရသည်ကို ပြန်သတိရလာပြီး ကျန်အရာများ သတိမရတော့ချေ။

“ ဘာဖြစ်တာလဲ ... ငါဘာလို့ ဒီကိုရောက်နေတာလဲ ... တခြားသူတွေရော ဘယ်ရောင်ကုန်လဲ ငါ့သင်္ဘောကြီးရော။ ”

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူဆိတ်ညံနေသောမြေပြင်တွင် သူ့ကိုယ်သူ တွေ့ရှိပြီး နေရောင်သည် အရာအားလုံးအပေါ် နားမလည်နိုင်လဖြစ်လာ၏။

အချိန်အကြာကြီး ငေးမောလျက် လီထောင်ချင်း၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာသည်။

“ ဟမ့် ... တစ်ယောက်ယောက် ငါ့အမှတ်တရတွေကို ဖျက်ပစ်လိုက်တာပဲ။ ”

ထောင်ချင်ချွယ်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ့လက်သီးများကို ဆုပ်ထား၏။

“ ငါမမှားရင် ဒါကစွေ့မိသားစုနဲ့ သက်ဆိုင်ရမယ်။ ”

စွေ့ချောင်အာ၏ ဇနီးသည် တစ်ချိန်က မန်ပိုနန်းတော်ရှိ မြစ်ကူး ကူတို့သမားတစ်ပါး ဖြစ်ခဲ့ဖူးသည်။ သူမတာဝန်သည် စိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီး သေလွန်သူများ၏ မှတ်ဉာဏ်ကို ဖျက်ပစ်ခြင်းပေပင်။

“ ငါ့ရဲ့အမှတ်တရတွေကို ဖျက်ပစ်ဖို့ စွေ့မိသားစုက ရုတ်တရက် လှုပ်ရှားလာရတာ ဘာများလျှို့ဝှက်ချက်ရှိနေလို့လဲ ... သူတို့မှာ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ ငါ့ကိုသတ်လိုက်ရင် ပိုလုံခြုံမယ် မဟုတ်လား ...

... တကယ်ဆို ငါမရဏကမ္ဘာကို ဝင်ပြီး နှစ်ပေါင်းသုံးရာအမှတ်ရစရာတွေကို ဖျက်ခဲ့ရင် သူတို့အတွက် ပိုအကျိုးရှိမယ် မဟုတ်ဘူးလား။ ”

ထောင်ချင်းချွယ်တစ်ယောက် သံသယများနှင့် ပြည့်နှက်နေပြီး ယနေ့သည် သူ့အတွက် အဓိပ္ပါယ်မဲ့ကာ ထူးထူးဆန်းဆန်း ခံစားလာရသည်။

အချိန်အတော်ကြာပြီးနောက် မျက်လုံးများတွင် ပြတ်သားသောဆုံးဖြတ်ချက် အရိပ်အယောင် ဖြစ်ပေါ်လာသည်။

“ ဒီကိစ္စကို ငါ အမြန်ဆုံး အကြောင်းကြားရမယ်။ ”

***

စွေ့မိသားစု။ ပြတင်းပေါက်မှ နေရောင်ခြည်များ ဝင်ရောက်နေပြီး ကုလားထိုင် ပေါ်တွင် လှဲလျောင်းနေသော လူငယ်၏ ရုပ်သွင်ကို လင်းလက်စေသည်။

“ ဦးလေးစု ငါးစာချပြီးပြီ အခု ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ရွှမ်ကြွယ် မဟာမိတ်အပေါ်မှာပဲ မူတည်တော့တယ်။ ”

စွေ့ချောင်အာမှ ပြုံးပြီး ပြောသည်။ ထောင်ချင်းချွယ်ကိုမသတ်ဘဲ မှတ်ဉာဏ်များ ဖျက်ခြင်းသည်ရိုးရှင်းချေပြီ။ ဤလွဲမှားနေသည့် အချင်းအရာကို သတင်းပြန်ပို့စေရန်ဖြစ်၏။

“ မရဏကမ္ဘာကနေ အရိုင်းမြေကိုးပါးအထိ အာကာသဥမင်တူးဖို့ နယ်နိမိတ်အတားအဆီး ဆယ်ခုကျော်ဖြတ်ရမယ်ဆိုရင် ... ရှေးဟောင်း နယ်နိမိတ်ဖြတ်ကျော်ခြင်း စွမ်းအားကို ...

... အသုံးပြုရလိမ့်မယ် ဒါကြောင့် ဒီသတင်း ပင်းမိုဆီရောက်ဖို့ အနည်းဆုံး (၆)လလောက် ကြာလိမ့်မယ်။ ”

ယခင်ဘဝတွင် စုရီသည် မရဏကမ္ဘာ အတွင်းစွန့်စားခဲ့ပြီး အရိုင်းမြေကိုးပါးနှင့် ဤကမ္ဘာ အကွာအဝေးမည်မျှရှိကြောင်း ကောင်းစွာသိထားခဲ့သည်။

သူ့ အထွတ်အထိပ်ခွန်အားဖြင့်ပင် အရှိန်အပြည့်နှင့် ကျော်ဖြတ်ရန် သုံးလခန့် ပေးဆပ်ရ၏။

“ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပင်းမိုက ရွှမ်ဟဲအဆင့်ကို တိုးဝင်လာနိုင်တယ်လို့ အဖေ့ ပြောနေသံကို ငါကြားခဲ့တယ် ... သူသာ မရဏကမ္ဘာကို လာမယ်ဆိုရင် … ။ ”

ဤနေရာတွင် စွေ့ချောင်အာသည် သူ့စကားများကို သတိထားလာ၏။ သို့သော် သူ့စကားမဆုံးခင် စုရီက၊

“ အဲဒီသစ္စာဖောက်နဲ့ ငါ ... မယှဉ်နိုင်မှာကို မင်းစိုးရိမ်နေတာလား။ ”

-ဟုမေးမြန်းလိုက်သည်။

စွေ့ချောင်အာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ စုရီမှ၊

“ ပင်းမိုဆိုတာ ငယ်စဉ်တည်းက ငါ့ဘေးမှာနေပြီး ကျင့်ကြံခဲ့တယ် သူ့အမူအကျင့် အရ တည်ငြိမ်ပြီး ပြတ်သားတယ် ဒါပေမယ့် ငါ့အမြင်အရတော့ သူ ဒီကိုမလာဝံပါဘူး။ ”

-ဟု မှန်ချက်ပေး၏။

“ ဘာလို့လဲ ဦးလေးစု ... ။ ”

စွေ့ချောင်အာမှ အံ့အားသင့်သွားသည်။ စုရီက ပြတင်းပေါက်မှ ဖြာကျနေသော နေရောင်ခြည်ကို စူးစိုက်ကြည့်ကာ၊

“ သူ့ညီမ ချင်းတျန်ကို မသတ်နိုင်ရင် သူထွက်လာတာနဲ့ ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ကြီး ပျက်စီးရလိမ့်မယ်။ ”

ဤတစ်ကြိမ်တွင် စွေ့ချောင်အာ၏ နှလုံးသားတုန်လှုပ်သွားသည်။ ချင်းတျန်သည် ကောင်းကင်လှိုဏ်ဂူကို တစ်ယောက်တည်း အုပ်စိုးသောဧကရီဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းငါးရာက ဤဒဏ္ဍာရီလာဧကရီသည် သူမအစွမ်းသတ္တိဖြင့် နယ်မြေအတွင်း ကျူးကျော်ဝင်လာသော ရန်သူအားလုံးကို မောင်းထုတ်နိုင်ခဲ့၏။

တိုက်ပွဲအပြီး၌ ဧကရီချင်းတျန်သည် စုရွှမ်ကြွယ်ထားခဲ့သော အမွေများသိမ်းယူကာ ကောင်းကင်လှိုဏ်ဂူ၏ ဧကရီဘွဲ့ခံယူလျက် အရိုင်းမြေကိုးပါးကို ခြိမ်းခြောက်ခဲ့သည်။

“ ဒီအကြောင်းတွေ မပြောရအောင်။ ”

ထိုနေ့ညနေခင်းအချိန်တွင် စုရီသည် တာအိုတစ်သောင်း သစ်ပင်အောက်၌ထိုင်ကာ ရေနွေးကြမ်းသောက်နေ၏။

“ တာအိုစု ဒီပုလင်းထဲမှာ အဲဒီအရိုးစုမကောင်းဆိုးဝါးကို သန့်စင်ခြင်းကနေ ရရှိထားတဲ့ အပြစ်တန်ခိုးပါရှိတယ်။ ”

ဖိုစုံမှ ကျောက်စိမ်းပုလင်းကို ပေးအပ်လာသည်။ ထို့နောက် သူမသည် အလုံပိတ် သစ်သားသေတ္တာတစ်လုံးကိုလည်း ထုတ်ကာ၊

“ ဒီသေတ္တာထဲမှာ အမှောင် မကောင်းဆိုးရွားဘုရင်ဆီကနေ သန့်စင်ထားတဲ့ အရိပ်တာအိုစွမ်းအားရှိတယ် ... အမှောင် တာအိုကို နားလည်နိုင်သူတွေသာ ဒီစွမ်းအားကို နားလည်ပြီး ထိန်းချုပ်နိုင်ခွင့်ရှိလိမ့်မယ်။ ”

စုရီက ကျောက်စိမ်းပုလင်းနှင့် သစ်သားသေတ္တာကို သိမ်းဆည်းကာ၊

“ ရုတ်တရက် အခြေအနေလေး တစ်ခုကြောင့် ... ငါမနက်ဖြန်မှ တစ္ဆေဒိုမိန်းကို သွားတော့မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုစကားကြောင့် ဖိုစုံမှ ပြုံးလျက် ထူးဆန်းသော အကြည့်ဖြင့် စုရီထံကြည့်ကာ၊

“ တာအိုစု ... မင်းနဲ့ ခရီးသွားဖို့ ဖိတ်ခေါ်နေတာလား။ ”

-ဟု မေးမြန်းလာ၏။

“ ငါ့စိတ်ထဲရှိတာကို မင်းနားလည်တယ် ဒီလိုကြင်နာပြီး နူးညံ့တဲ့နှလုံးသားရှိသူမျိုးကို ဘယ်သူက ထားခဲ့ချင်မှာလဲ။ ”

စုရီက ဆံဖြူဖြူများဖြင့် မှုန်ဝါးဝါးနိုင်ကာ၊ အိပ်မက်ဆန်ပြီး ထူးထူးခြားခြားလှပနေသော မျက်နှာထံ စိုက်ကြည့်လျက်ဖြေ၏။

တစ်ဖက်လူ၏ စိတ်နေစိတ်ထားသည် ချိုင့်ဝှမ်းအတွင်းပွင့်သော ဆိတ်ငြိမ်သည့် သစ်ခွ ပန်းကဲ့သို့ ပြေပြစ်ချေပြီ။

နှစ်များတစ်လျှောက် သန့်စင်သော အေးချမ်းသည့်ကျက်သရေသည် အခြားသော အလှတရားများထက် သာလွန်၏။

စုရီ၏ အကြည့်အောက်တွင် ဖိုစုံသည် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရပြီး၊

“ ငါ မလိုက်နိုင်ဘူး။ ”

-ဟု ကူကယ်ရာမဲ့စွာ ပြောသည်။

“ အခု ... စွေ့လုံရှင်း ဒီမှာမရှိဘူး ... ငါထွက်သွားရင် စွေ့မိသားစုအတွက် တစ်ခုခု ဖြစ်လာတဲ့အခါ အကျိုးဆက်က မှန်းဆလို့ မရနိုင်ဘူး။ ”

သူမသည် စွေ့မိသားစု၏ အရေးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်သော်လည်း ၎င်းတို့ဘေးကင်းစေရန်အတွက် နေရာ ရွေ့ပြောင်းပေးရန်တာဝန်ရှိသည်။

စုရီက အတင်းအကြပ်မပြောတော့ဘဲ နောက်နေ့မနက်တွင် မျက်မမြင်အဖိုးကြီးထံ လက်ဆောင်တစ်ခု ပေးလိုက်သည်။

“ ဒီလျှို့ဝှက်တံဆိပ်ကို သိမ်းထားပါ မကျော်လွှားနိုင်တဲ့ အကျပ်အတည်းတစ်ခုခုနဲ့ ကြုံတွေ့ရရင် အသက်သွင်းလိုက်။ ”

“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”

မျက်မမြင်အဘိုးအိုက လက်နှစ်ဘက်ဖြင့် ခံယူလိုက်ကာ၊

“ ဆရာစု နောင်တစ်ချိန်မှာ ... မင်းနဲ့ထပ်တွေ့ဖို့ ငါလာခဲ့မယ်။ ”

-ဟု တွန့်ဆုတ်စွာ ပြောသည်။

“ မင်းကို ငါ့ဘေးမှာ ထားခြင်းက မင်းရဲ့ကျင့်ကြံမှုလမ်းကို နှောင့်နှေးစေလိမ့်မယ် ဒီနေ့ကစပြီး မင်းကိုယ်မင်း ဧကရာဇ်အဖြစ် လျှောက်လှမ်းဖို့ ... အဆင်သင့်ဖြစ်ရင် စွေ့မိသားစုဆီ လာပါ ...

... အဲဒီအချိန် ငါမရှိတော့ရင် ... မင်းကိုကာကွယ်ဖို့ စွေ့ချောင်အာဆီမှာ အကူအညီ တောင်းဆိုပါ။ ”   

မျက်မမြင်အဘိုးအို၏ အတွင်းပိုင်းဒဏ်ရာများ လုံးဝပျောက်ကင်းသွား သဖြင့် ဧကရာဇ်အဖြစ် လျှောက်လှမ်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။

ထို့နောက် ကျောက်စိမ်းပြား တစ်ပြားကိုထုတ်ယူပြီး မျက်မမြင်အဘိုးကြီးထံ အပ်နှင်းလိုက်ကာ၊

“ ဒီထဲမှာ ဧကရာဇ်နယ်ပယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတအချို့ပါတယ်။ ”

-ဟု ကမ်းပေးလိုက်၏။

“ ဆရာစုကို စိတ်မပျက်စေရပါဘူး။ ”

မျက်မမြင်အဘိုးအို၏ ခန္ဓာကိုယ်ကြီးမှာ တုန်လှုပ်သွားသည်။ တစ်ဖက်လူမှ ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း ဤကျောက်စိမ်းပြား၏ တန်ဖိုးသည် ကြီးမားချေ၏။ နွေးထွေးသော ခံစားချက်များ ခုန်ပေါက်လာတော့သည်။

“ မင်းသခင်ရဲ့ ... ရန်ကြွေးကို ငါဖြေရှင်းပေးမယ် မင်းရဲ့ကျင့်ကြံမှုအပေါ်သာ အာရုံစိုက်ထားပါ။ ”

“ ဆရာစု မင်းရဲ့ကရုဏာကို ဘယ်လို ပြန်ဆပ်ရမှန်း မသိတော့ဘူး။ ”

စုရီက သက်ပြင်းချ၏။

“ ဒါကို ငါလုပ်သင့်တယ် စိတ်ထဲမထားနဲ့။ ”  

“ ဆရာစု၊ မသွားခင် မင်းကို မေးခွန်းတစ်ခု မေးလို့ရမလား။ ”

“ မေးပါ ... ။ ”

“ မင်းနဲ့ နတ်ဓားရှင်က ဘယ်လိုပတ်သတ်လဲ။ ”

မျက်မမြင်အဘိုးကြီးက စိတ်လှုပ်ရှားမှုကြီးစွာဖြင့် မေးမြန်းလိုက်သည်။ စုရီမှခေါင်းညိတ်ပြ၏။

“ မင်းပြောနေတဲ့ နတ်ဓားရှင်က ငါပါပဲ။ ”

ထိုအဖြေကြောင့် မျက်မမြင်အဘိုးအိုမှာ အံ့အားသင့်သွားပြီး ထိုနေရာတွင်ငေးမောနေ၏။ အဆုံး၌ ခေါင်းရမ်းလျက်၊

“ ဆရာစု ဒီမေးခွန်းကို မင်းမကြိုက်တာ ငါသိပြီ ငါမမေးဘူးလို့ ဟန်ဆောင်နေရအောင်။ ”

-ဟု တုန့်ပြန်လိုက်၏။

စုရီမှ မျက်ခုံးပင့်သွားသည်။ သို့တိုင် ဆက်မပြောတော့ဘဲ ထိုနေ့နံနက်၌ မျက်မမြင် အဘိုးအိုကိုထားရစ်ကာ ထွက်ခွာလာခဲ့သည်။

“ ငါ ... နာကျည်းခြင်းပင်လယ်ကို ခရီးဆက်ဦးမယ် စိတ်မပူနဲ့ မင်အဖေအကြောင်း စုံစမ်းပေးမယ်။ ”

စုရီက စွေ့ချောင်ကို နှုတ်ဆက် စကားဆိုသည်။ စွေ့ချောင်အာမှ စိတ်လှုပ်ရှား လာကာ၊

“ ဦးလေးစု ... မကြာသေးမီက နာကျည်းခြင်းပင်လယ်မှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် မင်းသွားမယ် ဆိုရင် ကျေးဇူးပြုပြီး သတိထားပါ။ ”

-ဟု သတိ‌ပေးသည်။ စုရီက ခေါင်းညိတ်လိုက်သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် စုရီသည်တစ်ယောက်တည်း မြို့တော်မှ ထွက်ခွာသွားတော့၏။

မီတောက်လောင်နေသော တိမ်ပင်လယ်သည် နေဝင်ချိန်အလှတရားများ ဖြန့်ကျက်ထားလေသည်။

သူ၏ ကျောက်စိမ်းရောင် ၀တ်စုံသည် တဖျပ်ဖျပ်လွင့်လျက် ထိုနေဝင်ချိန်အောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ကမ္ဘာကြီးသည် ကျယ်ပြောလှကာ လူသားများသည် ခရီးသည်များသာဖြစ်သည်။ စုရီသည်လည်း လူသားတစ်ယောက်ဖြစ်သဖြင့် ချွင်းချက်မရှိချေ။

ထိုမြင်ကွင်းကို မြို့ရိုးပေါ်မှနေပြီး စွေ့ကျင်းယန်မှ ငေးမောလျက် သက်ပြင်းချ လိုက်သည်။

“ ဒီကောင်လေးကို ဘယ်တော့များ ပြန်တွေ့နိုင်မလဲလို့ တွေးမိပါတယ် … ။ ”

သူမ၏ လှပသောမျက်ဝန်းများသည် ဆည်းဆာရောင်တွင် တဖျပ်ဖျပ် ခတ်နေချေပြီ။ ထိုသို့ပေါ့ပေါ့ပါးပါး မှတ်ချက်လေတစ်ခုသည် စွေ့ချောင်အာနှင့် ရွယ်ဟုန်နင်တို့အပေါ် ဖိအားများကျဆင်းလာတော့၏။

နှစ်ယောက်သာ ထိတ်လန့်စွာဖြင့် သူ့တို့သမီထံပြန်ကြည့်သည်။ ဤကောင်မလေး အတွေးထဲ ဦးလေးစုအတွက် နောက်ထပ် ခံစားချက်များ လုံးဝလုံးဝခွင့်မပြုနိုင်ချေ။

မဟုတ်သော် မိသားစုအတွင်း ရှုပ်ထွေးလွန်းသောဝါစဉ်ကြောင့် ဆက်ဆံရ ခက်ပေတော့မည်။ အထူးသဖြင့် ရွယ်ဟုန်နင် တစ်ယောက် ပို၍ လေးလံသွား၏။

“ နှမျောစရာပဲ ... ။ ”

ဤသမက်သည် သူမတို့အတွက် ဦးလေးစုဖြစ်နေသည်မှာ နှမျောစရာပေပင်။ မဟုတ်သော် မရဏကမ္ဘာကို ကြီးစိုးနိုင်သော သမက်တစ်ယောက် ရနိုင်ပေမည်။

“ မိန်းမ ... မင်းဘာတွေနှမျောနေတာလဲ။ ”

စွေ့ချောင်အာမှ သူ့မိန်းမထံ လှည့်ကြည့်ပြီး ခပ်တိုးတိုးမေး၏။ ရွယ်ဟုန်နင်မှ ခေါင်းရမ်းကာ၊

“ ငါတို့သမီးအတွက် တစ်ယောက်ယောက် ရှာပေးရတော့မယ် ... ဒါပေမယ့် လွတ်သွားတဲ့ ဒီငါးက တော်တော်ကြီးနေတယ်။ ”

-ဟု ပြန်လည် ဖြေကြားလာတော့၏။ သူမအဖြေကြောင့် စွေ့ချောင်အာတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားချေပြီ။

***

All Chapters