← Chapters

မကောင်းဆိုးဝါး နဂါး

Vol. 10 Ch. 114

မကောင်းဆိုးဝါး နဂါး

Vol. 10 Ch. 114

ကျန်းယန် စန်းစုန့်ကိုအကြိမ်အနည်းငယ်ကြည့်ပြီးနောက် အာရုံမစိုက်တော့ပေ။

သူချင်းယွင်ကျိကိုကောင်းကောင်းကြီး နားလည်ပေသည်။ သူ့ဆရာက ထိုသူအဆင်ပြေသည်ဟုပြောလျှင် စန်းစုန့်ကိုယဉ်ပါးသွားအောင်လုပ်နိုင်လာတာမဟုတ်လျှင် စန်းစုန့်ကိုယ်တိုင်အညံ့ခံထားခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဆရာ စီနီယာကောင်းကင်ဒဏ္ဍာရီမှာ ဆရာနဲ့ဆွေးနွေးစရာတွေရှိနေပါတယ် ဒီမှာရပ်မနေကြပါနဲ့ လာကြပါ ကျွန်တော့်စံအိမ်ကိုလိုက်ခဲ့ကြ”

ကျန်းယန်လူတိုင်းကို သူ့စံအိမ်ဆီဖိတ်ခေါ်လိုက်ပြီး စန်းစုန့်ပင် လိုက်လာခဲ့သည်။

သူတို့ထိုင်ပြီးသောအခါ ချင်းယွင်ကျိ ကောင်းကင်ဒဏ္ဍာရီကိုကြည့်ကာ မေးလိုက်၏။

“မင်းက ဘာမေးချင်တာလဲ”

ကောင်းကင်ဒဏ္ဍာရီက စန်းစုန့်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းကြီးတွေ ကျွန်တော်တို့ကိုတိုက်ခိုက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး စီနီယာ့သဘောထားကို သိချင်တာပါ”

ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်လိုက်၏။ ထိုကိစ္စများကို ကျန်းယန်ကိုဆုံးဖြတ်ခိုင်းထားခြင်း ဖြစ်ပေသည်။

သူက‌ေကာင်း‌ေကာင်းကြီးတိုက်ခိုက်နိုင်သော်လည်း ထိုကဲ့သို့ဆုံးဖြတ်ချက်ချသောကိစ္စမျိုးတွင်တော့ သူ့တပည့်က ပိုပြီးတော်၏။

ကျန်းယန် စန်းစုန့်ကိုဂရုမစိုက်ဘဲ တိုက်ရိုက်သာ ပြောလိုက်လေသည်။

“ဆရာ အခြားဂိုဏ်းတွေက ကျွန်တော်တို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ အုတ်မြစ်ကိုလျော့နည်းအောင်လုပ်ပြီး တိုက်ခိုက်နေကြပါတယ် သူတို့က ဂိုဏ်းတွေအများကြီးရဲ့ ဂိုဏ်းသားတွေနဲ့ အရင်းအမြစ်တွေကို ဒီကုန်းမြေတိုက်ကြီးပေါ်ကနေ သွေးဆောင်ပြီးခေါ်သွားကြပါတယ် အဲ့တာကြောင့် နောင်လာမယ့် ရာစုနှစ်တွေမှာ အဇူရာတိမ်ဂိုဏ်းရဲ့ ကျင့်ကြံသူအရေအတွက်က သိသိသာသာကြီး ကျဆင်းသွားရပါလိမ့်မယ်”

ချင်းယွင်ကျိမျက်ခုံးကိုခပ်တင်းတင်းကြုံ့လိုက်၏။

“အဲ့တာက ကွေ့ယွမ်ဘုန်းကြီးကျောင်းက ကျင်းရှန်ရဲ့အကြံပဲ” စန်းစုန့်အမြန်၀င်ပြောလိုက်လေသည်။

“သူတို့က သုံးနှစ်နဲ့ငါးနှစ်အတွင်းမှာ ကုန်းမြေတိုက်ကြီးရဲ့ အင်အားကိုယုတ်လျော့သွားအောင်လုပ်ဖို့ ကြံစည်ထားကြတာ သူတို့ဒီလောက်မြန်မြန်လုပ်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး”

“ခင်ဗျားသိတဲ့အခြား ဘာအကြံအစည်တွေရှိသေးလဲ” ကျန်းယန် မေးလိုက်သည်။

စန်းစုန့်အကူအညီမဲ့စွာ ပြုံးလိုက်၏။

“အဲ့ဒီမိစ္ဆာဘုရင်တွေကို ဒီနေရာမှာ ပိတ်ထားတယ်လေ အဲ့တာကြောင့် ငါတို့အရမ်းတွန်းအားပေးလိုက်ရင်လည်း မင်းတို့က မိစ္ဆာတွေကိုလွှတ်ပေးလိုက်မှာ ကြောက်ရသေးတယ် အဲ့တာကြောင့် ငါတို့ဘက်က အပြင်ပိုင်းကနေပဲ လှုပ်ရှားရဲတယ် တိုက်ရိုက်မလှုပ်ရှားရဲကြဘူး စိတ်မပူပါနဲ့ အများဆုံးမှ သွယ်ဝှိုက်ပြီးပဲ တိုက်ရဲကြမှာ ဘယ်သူမှ ထိပ်တိုက်ရင်ဆိုင်ရဲမှာ မဟုတ်သေးဘူး”

“တကယ်ကြီးလား ကျွန်တော်မယုံဘူး” ကျန်းယန်ခေါင်းယမ်းလိုက်ကာ မယုံသင်္ကာကြည့်၍ ပြောလိုက်လေသည်။

“ဘာလို့မင်းက ငါ့ကိုမယုံတာလဲ” စန်းစုန့် အမြန်ပြောလိုက်၏။

“ငါတို့အားလုံး မင်းတို့မိစ္ဆာတွေကိုဖိနှိပ်ဖို့ ဘယ်လိုတန်ကြေးတွေပေးထားရလဲ ရှင်းရှင်းလင်းလင်းမြင်နေရတာပဲလေ အရိုးသားဆုံးပြောရရင် ဘယ်ဂိုဏ်းမှသူတို့ကိုဖိနှိပ်ဖို့ မစတေးချင်ကြဘူး အဲ့တာနဲ့တင် ငါမင်းတို့ကို အတော်လေး လေးစားအားကျမိပါတယ်”

ကျန်းယန် နှုတ်ခမ်းများတွန့်ကွေးသွားကာ

“ခင်ဗျားကလေးစားအားကျရင် ဖျက်ဆီးချင်တယ်ပေါ့”

“မဟုတ်ဘူး လုံး၀မဟုတ်ဘူး” စန်းစုန့်အကြိမ်ကြိမ်ခေါင်းယမ်းလိုက်ကာ

“အဇူရာတိမ်ဂိုဏ်းသခင်ရှိနေသေးသ၍ ဘယ်သူမှ အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး”

သူအမှန်အတိုင်းပြောနေခြင်းဖြစ်၏။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကိုယ်တိုင်က အဇူရာမဟာတိမ်၀င်္ကပါနှင့်အတူ စောင့်ကြပ်နေလျှင် ဂိုဏ်းကြီးများဘက်က တစ်ဂိုဏ်းကို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်စတေးမှသာ အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးပစ်ဖို့ အခွင့်အရေးရှိပေလိမ့်မည်။

ဘယ်သူမှလည်း ထိုသို့လုပ်လိုကြမည် မဟုတ်ပေ။ ထို့ကြောင့် ချင်းယွင်ကျိရှိနေသေးသ၍ အဇူရာတိမ်ဂိုဏ်းကို ဘယ်သူမှဖျက်ဆီး၍ ရမည်မဟုတ်ပေ။

“ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ပါစေချင်တာကလည်း ကျွန်တော့်ကိုသတ်ချင်လို့ပဲမဟုတ်လား ကျွန်တော်အမှတ်မမှားရင် အဲ့ဒီအကြံကိုပေးတာ ခင်ဗျားပဲမဟုတ်လား” ကျန်းယန် သူ့ကိုအထင်အမြင်သေးစွာကြည့်ကာ ပြောလိုက်၏။

စန်းစုန့် ချက်ချင်းငြင်းလိုက်သည်။

“မင်းဘာလို့အဲ့လိုတွေးနိုင်ရတာလဲ ဂိုဏ်းတိုင်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာပါဖို့ အရင်းအမြစ်ပမာဏအများကြီး ပေးကြရတယ် ငါတို့ကတော့ မင်းအစားတောင်အရင်းအမြစ်စိုက်ထုတ်ပေးဦးမှာ အဲ့ဒီနေရာက ပါရမီရှင်တိုင်း၀င်ချင်ကြတဲ့နေရာပဲလေ မင်းကျင့်ကြံခြင်းပိုတိုးတက်သွားရင် မိစ္ဆာတွေကိုပိုကောင်းကောင်းဖိနှိပ်နိုင်မှာပဲ မဟုတ်လား ငါတို့ကမင်းအကျိုးအတွက် လုပ်ခဲ့တာပါ အဇူရာတိမ်ဂိုဏ်းအကျိုးအတွက်ရောပေါ့”

ကျန်းယန်နှာခေါင်းရှုံ့လိုက်ပြီး ချင်းယွင်ကျိဘက်လှည့်ကာ

“ဆရာ သူကျွန်တော်တို့ဂိုဏ်းမှာနေမယ်ဆိုရင် ကျွန်တော်တို့ဂိုဏ်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတာပဲပေါ့ ဒါဆို သူ့ကိုအလုပ်တစ်ခုခုမခိုင်းသင့်ဘူးလား”

“ဒါပေါ့” ချင်းယွင်ကျိ ပေါ့ပေါ့ပါးပါးပြောလိုက်၏။

“တာအိုပညာရှင်အဖိုးကြီး သွားရအောင် ကျွန်တော်ခင်ဗျားကိုအပြင်မှာတစ်ခုခုလုပ်ခိုင်းဖို့ ခေါ်သွားမယ်” ကျန်းယန်တံခါးကိုလက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။ ထို့နောက် ကောင်းကင်ဒဏ္ဍာရီကိုပြောလိုက်၏။

“စီနီယာ စီနီယာနဲ့ဆရာတို့က သေချာဆွေးနွေးလိုက်ကြပေါ့”

စန်းစုန့်စိတ်ထဲ အကူအညီမဲ့သလိုခံစားလိုက်ရသော်လည်း အပြင်ပန်းတွင်‌ေတာ့ ပြုံးပြီးသာ ကျန်းယန်နောက်လိုက်လာခဲ့လေသည်။

သူ့ဝိညာဉ်ကချင်းယွင်ကျိလက်ထဲတွင်ဖြစ်သောကြောင့် ထိုလူကသူ့ကိုအတွေးတစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်နိုင်၏။

သူအဇူရာတိမ်ဂိုဏ်းထဲတွင် သေသွားခဲ့လျှင်တောင် ဘယ်သူမှသိလိုက်မည်မဟုတ်ပေ။ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က အခုလို ပင်လယ်ရပ်ခြားဒေသတွင်ဖမ်းခံထားရလိမ့်မည်ဟု မည်သူက တွေးထင်ပါမည်နည်း။ အထူးသဖြင့် သူ့ကိုဖမ်းသည့်လူက ချင်းယွင်ကျိဟု ဘယ်သူမှထင်မည်မဟုတ်ပေ။ လူတိုင်းက ထိုလူ့ကို အဇူရာတိမ်ဂိုဏ်းထဲကထွက်မရဘူးဟု ထင်နေကြခြင်း ဖြစ်သည်။

ကျန်းယန်တို့ထွက်သွားပြီးနောက် ချင်းယွင်ကျိ ကောင်းကင်ဒဏ္ဍာရီဘက်လှည့်ကာ မေးလိုက်၏။

“မင်းကငါနဲ့ဘာဆွေး‌နွေးချင်တာလဲ”

“စီနီယာ ဂိုဏ်းကြီးတွေက ကျွန်တော်တို့ကိုပစ်မှတ်ထားတိုက်ခိုက်နေကြတာဆိုတော့ စီနီယာ့မှာ သူတို့နဲ့ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုခုရှိလား” ကောင်းကင်ဒဏ္ဍာရီမေးလိုက်သည်။

ချင်းယွင်ကျိ အကူအညီမဲ့စွာ ပြုံးလိုက်ကာ

“ငါကဒီကိစ္စတွေမှာ မတော်ဘူး ကျန်းယန်ပဲအားလုံးကိုင်တွယ်နေတာ သူ့ကျင့်ကြံခြင်းကနိမ့်နေသေးပေမယ့် အဲ့ဒီလိုကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ သူကဆရာတစ်ဆူပဲ ငါတို့အားလုံးသူ့ကိုယုံတယ် တကယ်လို့သူမင်းကိုတစ်ခုခုပြောခဲ့ရင် ယုံသာယုံလိုက်”

ကောင်းကင်ဒဏ္ဍာရီဆွံ့အသွားခဲ့၏။ အဇူရာတိမ်ဂိုဏ်းတစ်ခုလုံး ကျန်းယန်လက်ထဲရောက်နေမည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

ထိုအရာက မယုံကြည်နိုင်စရာပင်။

ချင်းယွင်ကျိ သူ့ကိုတစ်ချက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“သူကငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ ငါ့ဂျူနီယာညီလေး ညီမလေးတွေတောင် သူ့စကားနားထောင်ကြတယ် နောက်ပြီး ငါတောင် သူ့အကြံပေးချက်တွေကို လိုက်လုပ်ရတယ်”

အခုလိုအချိန်မျိုးတွင် သူကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေအကြောင်းထုတ်ပြောမည်မဟုတ်သလို သူကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားမှန်းလည်း ထုတ်ပြောမည်မဟုတ်ပေ။

သို့သော် ကောင်းကင်ဒဏ္ဍာရီကိုသဲလွန်စအချို့ပေးလိုက်၍တော့ ဖြစ်ပေသည်။

ချင်းယွင်ကျိ စကားများကြောင့် ကောင်းကင်ဒဏ္ဍာရီနောက်ဆုံးတွင် ကျန်းယန်၏အဆင့်အတန်းကိုနားလည်သွားခဲ့၏။ သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်လေသည်။

“စီနီယာ …ကျွန်တော်တို့မှာ မျှော်လင့်ချက်တစ်ခုခုရှိလား…ဒါမှမဟုတ် …မိစ္ဆာတွေက ထွက်လာကြမှာလား”

ချင်းယွင်ကျိ သူ့ကိုအဓိပ္ပာယ်ပါပါကြည့်လိုက်ကာ ခပ်အေးအေးပြောလိုက်၏။

“ငါတို့မှာ မျှော်လင့်ချက်ရှိရှိမရှိရှိ ငါတို့ခုခံရမယ်

အဇူရာတိမ်ဂိုဏ်းတည်တံ့လာခဲ့တာ နှစ်ပေါင်းငါးထောင်ရှိသွားခဲ့ပြီ ငါ့လက်ထဲကျမှအပျက်ဆီးခံလို့မဖြစ်ဘူး

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းကိုဘယ်သူကပဲ လာတိုက်ခိုက်ခိုက် ငါကအဲ့ဒီလူတွေကို သေတဲ့အထိပြန်တိုက်မှာပဲ

မင်းလည်း ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုတည်ထောင်ထားတာပဲလေ အဲ့ဒီခံစားချက်ကို နားလည်သင့်တယ်မဟုတ်လား”

”ကျွန်တော်နားလည်ပါတယ်” ကောင်းကင်ဒဏ္ဍာရီလေးလေးနက်နက်ပြန်ဖြေလိုက်သည်။

ချင်းယွင်ကျိ ဆက်ပြောလိုက်၏။

“မိစ္ဆာတွေအတွက်ကတော့ အဲ့ကောင်တွေ ချက်ချင်းကြီးထွက်လာနိုင်မယ်လို့ ငါမထင်ဘူး နောက်ပြီး ကျန်းယန်ရဲ့ ပြုပြင်ပြောင်းလဲရေးပြီးသွားရင် အဇူရာတိမ်ဂိုဏ်းက သန်မာသထက်သန်မာလာတော့မှာ အဲ့ဒီအခါကျရင် သူတို့အလွယ်တကူ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး”

“ကျွန်တော်နားလည်ပါပြီ စီနီယာ” ကောင်းကင်ဒဏ္ဍာရီလေးလေးနက်နက်ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါ‌ဆို ကျွန်တော်တို့ရဲ့ အဓိကကပ်ဘေးက အခြားဂိုဏ်းကြီးတွေဆီကရောက်လာမယ့် ကပ်ဘေးပဲပေါ့”

ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြလိုက်၏။

“ကျန်းယန်က မင်းကိုနားမလည်ဘူး ဒါပေမယ့်ငါကနားလည်တယ် မင်းကအခြားသူတွေလက်အောက်မှာ ခေါင်းငုံ့နေမယ့်လူမျိုးမဟုတ်ဘူး မင်းကဘယ်ကုန်းမြေတိုက်ကြီးကိုမှ ထွက်ပြေးမှာမဟုတ်သလို ဘယ်ဂိုဏ်းထဲကိုမှလည်း၀င်မှာမဟုတ်ဘူး အဲ့ဒီလိုသာမဟုတ်ရင် အရင်က ငါမင်းကိုအဇူရာတိမ်ဂိုဏ်းဆီဖိတ်ခေါ်ကတည်းက မင်းရောက်လာခဲ့မှာပေါ့

အဲ့ဒီနှစ်တွေမှာမင်းက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုတည်ထောင်ပြခဲ့တယ် မင်းရဲ့အရည်အချင်းကို မေးခွန်းထုတ်စရာတောင် မလိုပါဘူး

အချုပ်ပြောရရင် ငါတို့အဇူရာတိမ်ဂိုဏ်းမှာ ေဖြရှင်းစရာပြဿနာတွေအများကြီးရှိတယ်

ဒါပေမယ့် ကံကောင်းတာက ငါတို့အဇူရာတိမ်ဂိုဏ်းက မကောင်းဆိုးဝါးနဂါးတစ်ကောင်ကို မွေးထုတ်ပေးနိုင်ခဲ့တယ် နဂါးမှ ထက်မြက်တဲ့ဦးနှောက်နဲ့ ထက်ရှတဲ့သွားတွေရှိတဲ့နဂါးတစ်ကောင် သူ့ကြောင့်အဇူရာတိမ်ဂိုဏ်းကပြောင်းလဲသွားခဲ့ပြီ

ငါမင်းကိုတစ်ခုလေးလေးနက်နက်ပြောလိုက်မယ် မင်းသူ့ကိုကူညီဖို့ရွေးချယ်ခဲ့ရင် အနာဂတ်မှာဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး”

ကောင်းကင်ဒဏ္ဍာရီ ချင်းယွင်ကျိကိုတုန်လှုပ်စွာ ကြည့်ရှုနေခဲ့မိသည်။ ထိုစကားများမှ သူအများကြီးနားလည်သွားခဲ့ရ၏။

အတန်ကြာတွေးတောပြီးနောက် သူလေးပင်စွာ ဖြေလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက စီနီယာကကျွန်တော့်ကို လမ်းပြခဲ့တယ် အဲ့တာကြောင့် အခုကျွန်တော်ဆိုတာ ဖြစ်လာခဲ့ရတာ ကျွန်တော့်စွမ်းဆောင်ရည်က စီနီယာနဲ့မယှဉ်နိုင်ပေမယ့် ကျန်းယန်ကိုကူညီဖို့ကတော့ လုံး၀ပြဿနာမရှိပါဘူး ဒီနေ့ကစပြီး ကျွန်တော်တတ်နိုင်သလောက်အားစိုက်ပြီး ကျန်းယန်ကို ကူညီပါ့မယ်”

တံခါးအပြင်ဘက်တွင် ကျန်းယန် စန်းစုန့်နှင့်ပုခုံးချင်းယှဉ်၍ မိတ်ဆွေဟောင်းကြီးများလို လမ်းအတူလျှောက်နေရင်း စကားလက်ဆုံကျနေခဲ့သည်။

“တာအိုပညာရှင်အဖိုးကြီး ခင်ဗျားဘာလို့အဇူရာတိမ်ဂိုဏ်းကို ရောက်လာတာလဲ”

All Chapters