ဧကရာဇ်၏ ရည်မှန်းချက်
Vol. 10 Ch. 109
ဧကရာဇ်ကျန်းယန်ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်လေသည်။ အဇူရာတိမ်ဂိုဏ်း အမည်ခံဂိုဏ်းသခင်၏နည်းလမ်းများက အတော်လေးတဇွတ်ထိုးနိုင်လှ၏။
သူ့တဇွတ်ထိုးတတ်လုပ်မှုက ဧကရာဇ်တစ်ပါးအောက်ပင် အားမနည်းခဲ့ပေ။
တခဏတွေးတောပြီးနောက် သူပြောလိုက်သည်။
“အမတသခင်ကျန်း သူတို့နဲ့ရင်ဆိုင်ဖို့က ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် ငါတို့တိမ်တောင်အင်ပါယာကအားနည်းပါတယ် တကယ်လို့ သူတို့ကဒီကိစ္စအပေါ်တေးထားပြီး နောက်ပိုင်းမှာ ပြဿနာရှာရင်ဘယ်လိုလုပ်မလဲ အဲ့တာဆို ဒုက္ခရောက်လိမ့်မယ်နော်”
ကျန်းယန် ဧကရာဇ်ကိုတစ်ချက်ကြည့်လိုက်ပြီး
“သူတို့နဲ့ရင်ဆိုင်ရင်း ရလာမယ့်အရင်းအမြစ်တွေကို ကျွန်ေတာ်တို့နဲ့ တိမ်တောင်အင်ပါယာအညီအမျှတစ်၀က်ဆီခွဲယူလို့ရတယ် နောက်ပြီး အရင်းအမြစ်တွေဗဟိုမှာစုနေတာက ဧကရာဇ်ရဲ့အင်ပါယာအတွက်ပိုမကောင်းဘူးလား အဲ့ဒီအရင်းအမြစ်တွေသုံးပြီး ဧကရာဇ်ရဲ့ကိုယ်ပိုင်အင်အားစုကိုတည်ထောင်ပြီးသွားတဲ့အခါကျရင် ဘာကိုကြောက်နေစရာလိုတော့မှာလဲ”
တိမ်တောင်အင်ပါယာတွင် နဂါးပျံအစောင့်တပ်ရှိသောကြောင့် သူတို့သည် ကိုယ်ကိုင်ကျင့်ကြံခြင်းအင်အားစုတည်ထောင်လိုနေတာ ထင်ရှားလှသည်။
ထိုအချိန်သို့ရောက်သွားလျှင် အခြားဂိုဏ်းများကလည်း တိမ်တောင်အင်ပါယာကိုသတိထား၍ ဆက်ဆံရတော့မည်ဖြစ်သောကြောင့် ကျန်းယန်ထိုကိစ္စအတွက် စိုးရိမ်စိတ် မရှိခဲ့ပေ။
ကျန်းယန်တို့အဖွဲ့သုံးဖွဲ့သည် တက်ညီလက်ညီဖြင့် သန်မာလာနေကြပြီဖြစ်သည်။
ထို့အပြင် သူတို့ဂိုဏ်းကအကြီးအကဲများက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲတွင် အသန်မာဆုံးသူများဖြစ်ကြသောကြောင့် တိမ်တောင်အင်ပါယာသန်မာလာလျှင်တောင် သူတို့အပေါ် မသင့်လျော်သော အတွေးများ တွေးရဲကြမည်မဟုတ်ပေ။
ပို၍အရေးကြီးတာကတော့ နဂါးပျံအစောင့်တပ်သည် သူတို့အရေအတွက်အပေါ်မှီခိုကြသော တပ်ကြီးဖြစ်၏။
ကျန်းယန်တွင်လည်း ထိုကဲ့သို့သော ပုံစံတူ အဆင့်ပိုမြင့်သောတပ်ကြီးရှိနေသောကြောင့် သူထိုအရာအပေါ် ကြောက်စရာလုံး၀မလိုပေ။
ထို့ကြောင့်လည်း ကျန်းယန် သူတို့သန်မာလာအောင် ထောက်ပံ့ပေးနေခြင်းဖြစ်၏။
ရှင်းလင်းစွာပင် ဧကရာဇ်ကလည်း ကျန်းယန်၏အတွေးကိုလက်ခံပေသည်။ ကျန်းယန်ကသူတို့ကို အရင်းအမြစ်များခွဲပေးဖို့ သဘောတူလိုက်သောအခါ သူအလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့သည်။
“ဒါဆို စစ်ဆင်ရေးကိုချက်ချင်းပဲစီစဉ်လိုက်ပါ့မယ်” ဧကရာဇ်ဖြောင့်မတ်သော အမူအရာဖြင့်
“အမတသခင်ကျန်း အခြားဂိုဏ်းတွေနဲ့ရင်ဆိုင်ရတာက အဆင်ပြေမှာပါ ဒါပေမယ့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကရော ငါကြားထားသလောက်ဆိုရင် သူတို့ဂိုဏ်းက အခြားဂိုဏ်းတွေထက် အများကြီးပိုသန်မာတယ်”
ကျန်းယန်တခဏတွေးတောလိုက်ပြီးပြောလိုက်၏။
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုထောက်လှမ်းဖို့ ကျွန်တော်တို့ဂိုဏ်းက လူလွှတ်လိုက်မယ်
နောက်ပြီး ဂိုဏ်းတွေကိုရင်ဆိုင်တဲ့နေရာမှာ ထွက်မပြေးချင်တဲ့ဂိုဏ်းတွေနဲ့တွေ့ရင် သူတို့နဲ့မဟာမိတ်ဖွဲ့ပါ မတိုက်ခိုက်ပါနဲ့ တကယ်လို့ ဧကရာဇ်တိုက်ခိုက်ချင်ရင်တောင် ကျွန်တော်တို့လူတွေက ကူညီမှာမဟုတ်ဘူး အဲ့ဒီလိုတိုက်ခိုက်ရင်း ကပ်ဘေးဖြစ်လာခဲ့ရင်လည်း သတိမပေးမိတဲ့အတွက် ကျွန်ဝောာ်တို့ကို အပြစ်တင်လို့မရဘူးနော်”
“ဒါပေါ့” ဧကရာဇ်ပြုံးကာပြောလိုက်သည်။
သို့သော် သူထိုသို့လုပ်သင့်မလုပ်သင့်က အခြေအနေပေါ်မူတည်သည်ဟု တွေးနေခဲ့၏။
တိမ်တောင်အင်ပါယာက အားနည်းနေသေးပါသော်လည်း အကယ်၍ သူတို့သာ လုံလောက်အောင် သန်မာလာခဲ့လျှင်….
ကျန်းယန် ဧကရာဇ်ကိုတစ်ချက်ကြည့်ကာ မြေပုံတစ်ချပ်ထုတ်လိုက်ပြီး
“ဒါကအဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ မြေပုံပဲ လီတစ်သောင်းပတ်လည်ရှိတယ် အလည်မှာက ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်း ဒီဘက်က တိမ်တောင်အင်ပါယာရဲ့နယ်မြေ ဒီဘက်ကတော့ ယွင်ထန့်အင်ပါယာရဲ့နယ်မြေ
အခုကစပြီး အရှင်မင်းကြီးတို့ အင်ပါယာနှစ်ခုက အဇူရာတိမ်ဂိုဏ်းကို နယ်စပ်မျဉ်းအဖြစ်သဘောထားရမယ်
တစ်ဖက်နယ်မြေရဲ့ ဘယ်ကိစ္စမှာမှ ၀င်ပါခွင့်မရှိဘူး
အလယ်က လီ၃၀၀ပတ်လည်နယ်မြေကိုတော့ အဇူရာတိမ်ဂိုဏ်းက ပိုင်တယ်”
ဧကရာဇ်မြေပုံကိုကြည့်ကာ မကျေမနပ်ဖြစ်သွားခဲ့သည်။
ကျန်းယန်အမူအရာပိုလေးနက်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှင်မင်းကြီး ကျွန်ဝောာ်ကဒီကိစ္စကိုအရှင်မင်းကြီးနဲ့ဆွေးနွေးနေတာမဟုတ်ဘူး အသိပေးနေတာ တကယ်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက အဇူရာတိမ်ဂိုဏ်းအပိုင်ပဲ တကယ်လို့ ဂိုဏ်းကဒီနေရာကို ပြန်သိမ်းဖို့ဆုံးဖြတ်လိုက်ရင်တောင် အရှင်မင်းကြီးဘာမှလုပ်နိုင်မှာမဟုတ်ဘူး
ကျွန်တော်တို့ဂိုဏ်းက အပြင်ကိစ္စတွေမှာ၀င်မပါခဲ့တာ ရာစုနှစ်များစွာကြာသွားပြီ အရှင်မင်းကြီးတို့အင်ပါယာတည်ရှိလာတာလည်း ရာစုနှစ်များစွာကြာနေပြီဆိုတော့ ကျွန်တော်တို့က ဒီအင်ပါယာရဲ့တည်ရှိမှုကို အသိအမှတ်ပြုလိုက်မယ်
ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းကိုအထင်သေးရဲရင်တော့ အရှင်မင်းကြီးမှတ်ထားရမှာက ကျွန်တော် ဒီနေရာကနေလီထောင်ချီဝေးတဲ့ အဇူရာတိမ်ဂိုဏ်းထဲမှာ ထိုင်နေရင်းတောင် အရှင်မင်းကြီးရဲ့မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာပဲ အရှင်မင်းကြီး ယုံလား”
ဧကရာဇ်လုံး၀မယုံပေ။ ကျန်းယန်သူ့ကိုသက်သက်ကြီးခြိမ်းခြောက်နေသောကြောင့် သူ့ရင်ထဲဒေါသများထိုးတက်လာခဲ့၏။
သို့သော် ဧကရာဇ်ပလ္လင်ပေါ်ထိုင်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် သူသူ့ဒေါသကို ထိန်းချုပ်နိုင်ပေသည်။ သူအေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“ဒါပေါ့ အဇူရာတိမ်ဂိုဏ်းကို တိမ်တောင်အင်ပါယာကအများကြီးကျေးဇူးတင်ပါတယ် အဇူရာတိမ်ဂိုဏ်းချမှတ်ပေးတဲ့လမ်းစဉ်နောက်ကိုလိုက်ဖို့ အဆင်သင့်ပါပဲ”
ကျန်းယန် ဧကရာဇ်၏စကားစစ်မှန်မမှန်ကိုစိတ်မ၀င်စားသောကြောင့်အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အဇူရာမဟာတိမ်၀င်္ကပါကဖုံးအုပ်ထားမှန်း ပြောပြမနေတော့ပေ။
သူဧကရာဇ်ကို သတိပေးထားပြီးသားဖြစ်သည်။ အကယ်၍ သူသတိပေးတာကို လက်မခံရင်တော့ မင်းသား ၃ က ပိုသင့်တော်သော အုပ်ချုပ်သူတစ်ယောက်ဖြစ်လာရပေလိမ့်မည်။
“ကျွန်တော့်လာရင်းရည်ရွယ်ချက်ပြည့်သွားပြီဆိုတော့ စီစဉ်စရာရှိတာတွေစီစဉ်ဖို့ဂိုဏ်းကိုပြန်လိုက်ပါဦးမယ် တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် ဂိုဏ်းကိုလူလွှတ်ပြီး သတင်းပို့လိုက်ပါ”
ပြောပြီးနောက် ကျန်းယန်ထွက်သွားခဲ့၏။
ထွက်ခွာသွားသော ကျန်းယန်ကိုကြည့်နေရင်း ကျန်းယန်လုံး၀ပျောက်သွားတော့မှ ဧကရာဇ်စားပွဲကို ဒေါသတကြီးရိုက်ချလိုက်လေသည်။
“ခွန်အားကိုအားကိုးနေတဲ့ အဲ့ဒီကျင့်ကြံသူတွေ ငါ့ကိုလျစ်လျူရှုရဲတယ်ပေါ့! ငါစွမ်းအားကြီးလာတဲ့အခါမှ ဒီကောင်တွေကို ပြန်ပေးဆပ်ခိုင်းမယ်!”
မိန်းမစိုးဟုန် သူ့ကိုသတိပေးလိုက်၏။
“အရှင်မင်းကြီးသူတို့ကို မဖြစ်မနေသတိထားဖို့တော့ လိုမယ်နော်”
ဧကရာဇ်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး တွေးတောပြီးနောက် အမိန့်ပေးလိုက်လေသည်။
“မင်းသား၃ကိုဆင့်ခေါ်လိုက် နဂါးပျံအစောင့်တပ်ကိုလည်း အသင့်ပြင်ခိုင်းထား ဒီတစ်ခေါက် နဂါးပျံတပ်ကိုသူဦးဆောင်ပြီး မြို့တော်ထဲက မနာခံတတ်တဲ့ မိသားစုကြီးတွေကို ရှင်းပစ်ရမယ် ပြီးရင် သူတို့အရင်းအမြစ်တွေကိုသုံးပြီး နဂါးပျံတပ်ကို ရွှေအမြုတေအဆင့်အထိမြှင့်ရမယ် ငါ့မှာသာ ရွှေအမြုတေအဆင့် နဂါးပျံအစောင့်တပ်ရှိနေရင် အဲ့ဒီဂိုဏ်းတွေကိုထပ်ပြီး ကြောက်နေစရာလိုမှာမဟုတ်တော့ဘူး”
ထို့နောက် သူမင်းသား၃ကို ဆင့်ခေါ်ဖို့ လူလွှတ်လိုက်၏။
တခဏအကြာတွင် မင်းသား ၃ ရောက်လာခဲ့သည်။
ဧကရာဇ် မင်းသား၃ ကို သူနှင့်ကျန်းယန်ကြားက စကားဝိုင်းအကြောင်းအကြမ်းဖျင်းရှင်းပြလိုက်ပြီး ပြောလိုက်၏။
“ဒီတစ်ကြိမ် ငါတို့အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းရမယ် သူတို့ဆီက အကျိုးအမြတ်တွေအများကြီးရမှာမလို့ပဲ အရင်က အဇူရာတိမ်ဂိုဏ်းရဲ့ အနိုင်ကျင့်မှုကြောင့် မင်းနာကျင်နေမှာကို ငါသိတယ် ဒါပေမယ့် အဲ့ဒီနာကျည်းမှုကို မင်းရင်ထဲမှာပဲသိမ်းထား ထုတ်မပြနဲ့ ဒီပူးပေါင်းမှုကငါတို့အတွက်အရမ်းအရေးကြီးတယ် မင်းကိုယ်မင်းထိန်းချုပ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်”
မင်းသား၃ အမြန်ပြန်ပြောလိုက်သည်။
“ခမည်းတော်ဧကရာဇ်စိတ်ချပါ သားတော်မှာ မသင့်တော်တဲ့အတွေးတွေမရှိပါဘူး အင်အားကြီးသူအချင်းချင်းသာ ညီတူညီမျှစကားပြောနိုင်မှန်း သားတော်သိပါတယ် အင်အားကြီးမလာခင်အထိကတော့ သူတို့ဘယ်လောက်အနိုင်ကျင့်ကျင့် သားတော်ပြုံးပြုံးလေးခံလိုက်ပါ့မယ်”
“မင်းတကယ်ပဲ ကောင်းကောင်းရင့်ကျက်လာပြီပဲ” ဧကရာဇ်ချီးကျူးလိုက်ကာ ခေါင်းညိတ်ပြလိုက်၏။
“မင်းဆရာလည်း ပြန်မလာတာအတော်ကြာပြီ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှာ တစ်ခုခုတော့ဖြစ်နေတာ သေချာတယ် သူတို့ကအခြားဂိုဏ်းတွေထက်အင်အားကြီးတော့ သူတို့ကိုတော့ အဇူရာတိမ်ဂိုဏ်းကိုပဲ ကိုင်တွယ်ခိုင်းလိုက် ကျန်တဲ့ဂိုဏ်းအသေးလေးတွေကိုတော့ အကုန်ရှင်းပစ် ဘာအကြောင်းပြချက်ရှိရှိ အားလုံးကို ရှင်းသာပစ်ခဲ့!”
သူကျန်းယန်သတိပေးချက်ကို လုံး၀နားမထောင်ခဲ့ပေ။ သူသည် ကျင့်ကြံခြင်းအင်အားစုတစ်ခုတည်ထောင်ဖို့စီစဉ်နေခြင်းဖြစ်သောကြောင့် အရင်းအမြစ်များစွာလိုအပ်ပေသည်။ ဘာကိုမှ ဂရုစိုက်မည်မဟုတ်ပေ။
“အမိန့်တော်အတိုင်းပါ” မင်းသား ၃ ပြန်ပြောလိုက်၏။
ထို့နောက် သူနဂါးပျံတပ်ကိုဦးဆောင်ကာ ထွက်ခွာသွားခဲ့လေသည်။
တစ်ဖက်တွင်
ကျန်းယန် နန်းမြို့တော်အပြင်ဘက်ရောက်သည်နှင့် ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏တားဆီးခြင်းကို ခံလိုက်ရ၏။
သူနန်းတော်ထဲ၀င်သွားခြင်းကို မြင်ခဲ့သူအချို့ ရှိနေခဲ့ချေပြီ။
ထိုဝိညာဉ်အခြေတည်အဆင့်သည် ကျန်းယန်ကိုသိပြီး သူ့ကိုယ်ပေါ်မှရတနာများအကြောင်း သိရှိထားသူဖြစ်သောကြောင့် သူ့နှလုံးသားထဲ လောဘမီးလျှံများ တောက်လောင်နေခဲ့သည်။ သူကျန်းယန်ကို နန်းမြို့တော်အပြင်ဘက်တွင်စောင့်နေခဲ့တာလည်း အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်၏။
အခု ကျန်းယန်ပေါ်လာတာကိုမြင်မှ ပုန်းနေရာမှထွက်လာပြီး ကျန်းယန်လမ်းကိုပိတ်ထားလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူစိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ကောင်လေး ငါ့ကိုမင်းရဲ့စိတ်ဝိညာဉ်လက်နက်လေးတွေ ငှားလိုက်!”