အခန်း (၃၁၁)
Vol. 23 Ch. 311
ချန် မင်းသားအိမ်တော် ကြယ်ခူးဆွတ်ခြင်း စင်မြင်၌ ဆယ့်နှစ်ပါးမြောက် မင်းသားသည် ထူးထူးခြားခြား စာဖတ်မနေဘဲ အမြင့်ပေ တစ်ထောင်ရှိသော ကြယ်ခူးဆွတ်ခြင်း စင်မြင်ပေါ်တွင် ထိုင်ကာ ဒီဟုန်မြိုု၏ ညဘက်ကို မျက်နှာမူလျက် မျက်လုံးများကို ညင်သာစွာ မှိတ်ထားသည်။ သူသည် မြို့တွင်းမှ မရေမတွက်နိုင်သော လူသားအသံများကို တိတ်ဆိတ်စွာ နားထောင်ရင်း ဤအထူးညတွင် လူတို့၏ စိတ်နှလုံးများ ပြောင်းလဲနေမှုကို ခံစားနေသည်။
၎င်းသည် သူ၏ ကျင့်ကြံမှု နည်းလမ်းဖြစ်သည်။
နှလုံးသား အဆိပ်သည် လူတစ်ဦး၏ ဝိညာဉ် အနက်ရှိုင်းဆုံးနေရာကို ပစ်မှတ်ထားသောကြောင့် သူသည် သတ္တဝါအားလုံးကို နားလည်ရန် လိုအပ်သည်။
"အရှင်မင်းသား"
အဘိုးအိုတစ်ဦးသည် ဆယ့်နှစ်ပါးမြောက် မင်းသား၏ နောက်တွင် ပေါ်လာပြီး အနည်းငယ် အလျင်စလို ပုံစံဖြင့် "အရှင်မင်းသား အရေးကြီးတာ တစ်ခုခု ဖြစ်သွားပါပြီ။ မြို့စားဒင်ယွမ်က အခုပဲ သတင်းပို့လိုက်တာက သူ့သားရဲ့ ကိုယ်ထဲမှာ ချန်ထားခဲ့တဲ့ မျိုးရိုး အမွေအနှစ် အမှတ်အသားပျောက်ကွယ်သွားပြီး နောက်ဆုံး မြို့စားဒင်ယွမ် လောင်းလျာ သေဆုံးသွားပြီတဲ့။ ဒါ့အပြင် အိမ်တော်ထဲက လေဘုရင်ရဲ့ လေဝိညာဉ် ရုပ်အလွှာကလည်း အခုပဲ ပျောက်ကွယ်သွားပါပြီ။ သူတို့ ဖြစ်ကောင်း ဖြစ်နိုင်တာက..." ဟု ပြောသည်။
ဆယ့်နှစ်ပါးမြောက် မင်းသားသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။
"သူတို့ တပြိုင်နက်တည်း ပျောက်ကွယ်သွားတာလား။ ဒါမှမဟုတ် အချိန်ခြားပြီး ပျောက်
ကွယ်သွားတာလား"
"တစ်ချိန်တည်း မဟုတ်ပါဘူး"
အဘိုးအိုက စိုးရိမ်တကြီး ပြန်ဖြေသည်။
"တစ်ချိန်တည်း ပျောက်ကွယ်သွားတာဆိုရင် အစွမ်းကုန် ဖွဲ့စည်းထားတဲ့ အစီအရင် တစ်ခုခုက ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်တာကြောင့် ဖြစ်နိုင်ပေမဲ့ အခုဟာက အချိန်လွဲပြီး ပျောက်ကွယ်သွားတာပါ။ သူတို့ အသတ်ခံလိုက်ရတာ သေချာသလောက်ပါပဲ"
ဆယ့်နှစ်ပါးမြောက် မင်းသားသည် ခဏတာ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်
သည်။
"ဘယ်သူက သတ်တာ ဖြစ်မယ်လို့ မင်း ထင်သလဲ"
"မြို့စားဒင်ယွမ်ရဲ့သား ဘယ်လို သေဆုံးသွားလဲဆိုတာ ပြောဖို့ ခက်ပါတယ်"
အဘိုးအိုက မျက်မှောင်ကြုတ်သည်။
"မြို့စားဒင်ယွမ်ရဲ့သားနဲ့ သူ့ရဲ့ ကိုယ်ရံတော် နှစ်ယောက် စုပေါင်းထားတာတောင် အင်အား သိပ်မကြီးပါဘူး။ နတ်ဘုရား စာရင်းရဲ့ ထိပ်ပိုင်းနားက တစ်ယောက်ယောက်က သူတို့ကို သတ်
နိုင်ပါတယ်"
"လေဘုရင်ကတော့..."
အဘိုးအိုက စကားဆက်သည်။
"လေဘုရင်က ထွက်ပြေး လွတ်မြောက်တဲ့ နည်းစနစ်မှာ ကျွမ်းကျင်ပြီး နတ်ဘုရား စာရင်းမှာ အမြန်ဆုံးလို့ နာမည်ကြီးသူပါ။ နွေဦးဧည့်သည်တစ်ယောက်သာ သူ့ကို သတ်နိုင်ဖို့ မျှော်လင့်နိုင်မှာပါ"
"ဒါပေမဲ့ ရှားဟုန် တျန်လီက သူ့ကို သတ်မှာ မဟုတ်ဘူး"
ဆယ့်နှစ်ပါးမြောက် မင်းသားက အေးဆေးတည်ငြိမ်စွာ ပြောသည်။
"ပဉ္စမ ညီမတော်နဲ့ ငါဟာ ယခင်ဘဝက နတ်ဆိုး လမ်းစဉ်ရဲ့ တည်ထောင်သူတွေ ဖြစ်ပြီး အဖွဲ့တစ်ခုတည်းပါ။ ငါတို့ကြားမှာ မဟာမိတ် ဖွဲ့ထားတာ ကြာပြီ။ တျန်လီလည်း ဒါကို သိပါတယ်။ လေဘုရင် နဲ့ ပြိုင်ဆိုင်မှု ရှိတယ်ဆိုရင်တောင် သူ အသေသတ်ဖို့အထိ လုပ်မှာ မဟုတ်ဘူး"
"နွေဦးဧည့်သည် မဟုတ်ဘူးဆိုရင် ဘယ်သူ ဖြစ်မလဲ"
အဘိုးအိုက မျက်မှောင်ကြုတ်သည်။
"နတ်ဘုရား စာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲမှာ နွေဦးဧည့်သည် တစ်ယောက်သာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ကျန်တဲ့သူတွေက လေဘုရင်ကို သတ်ဖို့ဆို ပိုတောင် ခက်ခဲပါလိမ့်မယ်"
"အတွင်းထဲက လူတွေ အပြင်ထွက်လာရင် သိရမှာပေါ့"
ဆယ့်နှစ်ပါးမြောက် မင်းသားက ခေါင်းခါသည်။
"အား... လျှို့ဝှက် ဂူနတ်ဘုံတစ်ခုက ဒီလို ဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ"
အဘိုးအိုက ကူကယ်ရာမဲ့စွာ ပြောသည်။
"မြို့စားဒင်ယွမ်ရဲ့သားကို အစားထိုးလို့ ရပြီး သိပ်အရေးမကြီးပေမဲ့ လေဘုရင်ကတော့..."
ဆယ့်နှစ်ပါးမြောက် မင်းသားက တိတ်ဆိတ်နေခဲ့သည်။
လေဘုရင်သည် နတ်ဘုရား စာရင်းတွင် နံပါတ်ဆယ့်နှစ်နေရာ၌ ရှိပြီး ထျန်ရှ စံအိမ်တော်၏ တတိယအဆင့်တွင် ငါးပွဲဆက် အနိုင်ရဖူးသူ ဖြစ်သည်။ သူသည် သင့်တော်သော အချိန်ကို စောင့်ဆိုင်းရင်း အင်အားများ စုဆောင်းနေခဲ့သည်။
သူသာ စွမ်းရည်သုံးပါးကောင်းကင်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပါက အနာဂတ်တွင် ထိပ်တန်း မဟာကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်လာမှာ သေချာသည်။
သူ၏ တာအို နှလုံးသားသည် လုံလောက်စွာ တိုက်စား ပွတ်တိုက်ပြီးသည်နှင့် နောင်တစ်ချိန်တွင် သဟဇာတဖြစ်ခြင်းနှင့် သူတော်စင်ဖြစ်လာရန် အခွင့်အလမ်း အလွန် မြင့်မားသည်။
မင်းသားသည် သူ့အပေါ် မျှော်လင့်ချက် ကြီးစွာထားခဲ့သည်။
ဤမျှ အလားအလာရှိသော လက်အောက်ငယ်သားကို ကာကွယ်ရန်အတွက် မင်းသားချန်အိမ်တော်တစ်ခုလုံးက အမျိုးမျိုးသော ကောင်းမှုကုသိုလ် များ ပေးအပ်ရာတွင် မည်သည့် အားထုတ်မှုကိုမျှ ချန်လှပ်မထားခဲ့ပေ။ ထာဝရညအတွင်း နတ်ဆိုး မျိုးနွယ်များနှင့် မျိုးပြောင်း သားရဲများကို သတ်ဖြတ်ရန် လူများကိုပင် စေလွှတ်ခဲ့ပြီး သူ၏ နိုင်ငံတော်ကို ကာကွယ်သော ကံကို မြှင့်တင်ပေးခဲ့သည်။
လေဘုရင်သည် မဟာကျင့်ကြံသူမဖြစ်သေးသော်လည်း ကောင်းကင် ကင်းလှည့် မဟာမိတ်
တွင် ခရမ်းရောင် တိမ်တိုက် သံတမန်ရာထူး ရရှိရန် ဆက်သွယ်မှုများကို ချောမွေ့အောင် ပြုလုပ်ပေးခဲ့ပြီး ဤအားထုတ်မှုက သူ၏ ကံကြမ္မာကို ပိုအားကောင်းလာစေခဲ့သည်။
သို့သော်...
သူသည် ထို လျှို့ဝှက် ဂူနတ်ဘုံထဲတွင် ပျက်စီးဆုံးရှုံးသွားခဲ့ရပြီလား။
"ကျိုးပဲ့နေသောရာမတောင်"
ဆယ့်နှစ်ပါးမြောက် မင်းသား ရုတ်တရက် ညင်သာစွာ ပြောလိုက်သည်။
"ဒီ အသစ်တက်လာတဲ့သူကို ခင်ဗျား ထည့်မစဉ်းစားဘူးလား"
အဘိုးအို အနည်းငယ် အံ့အားသင့်သွားပြီး "ဒါပေမဲ့ ကျိုးပဲ့နေသောရာမတောင် က နံပါတ် ဆယ့်သုံး နေရာမှာပဲ ရှိပါတယ်။ သူ လေဘုရင်ကို သတ်နိုင်တဲ့ စွမ်းရည် ရှိမှာ မဟုတ်ဘူး ထင်ပါတယ်" ဟု ဆိုသည်။
"ထျန်ရှ စံအိမ်တော်ရဲ့ ဝေဖန်သုံးသပ်ချက်မှာတော့ သူက ထိပ်ဆုံး ဆယ်ယောက်ထဲမှာ ပါဝင်ဖို့ စွမ်းရည်ရှိတယ်လို့ ယူဆထားတယ်"
ဆယ့်နှစ်ပါးမြောက် မင်းသားသည် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"ဒါပေမဲ့ လေဘုရင်က သူ့ကို ကောင်းကောင်း တန်ပြန် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလား"
အဘိုးအိုသည် မယုံသင်္ကာ ဖြစ်နေပုံရသည်။
"ကျိုးပဲ့နေသောရာမတောင်က ရမ်းသမ်းကြမ်းတမ်းတဲ့ အင်အားပဲရှိတာ။ လေဘုရင်ကတော့ အမြန်နှုန်းမှာ ထူးချွန်တယ်။ ဒီတစ်ခုတည်းနဲ့တင် လေဘုရင်က အနိုင်ယူဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိတယ်။ ကျိုးပဲ့နေသောရာမတောင်က သူ့ကို ဘယ်လိုများ သတ်နိုင်မှာလဲ"
"သူက သူ့ရဲ့ စွမ်းရည်ကို ဖုံးကွယ်ထားရင်ရော"
ဆယ့်နှစ်ပါးမြောက် မင်းသားက အကြံပြုသည်။
"အကယ်၍ ကျိုးပဲ့နေသောရာမတောင် ကလည်း အမြန်နှုန်းမှာ ထူးချွန်တယ်ဆိုရင် လေဘုရင်ကို သတ်
နိုင်ဖို့ ဖြစ်နိုင်တယ်"
အဘိုးအို လန့်သွားသည်။
"ဒီ ကျိုးပဲ့နေသောရာမတောင်က ဒီလောက် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာဆိုတော့ သူဟာ တကယ်တော့ ဘယ်သူ ဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်သလဲ"
ဆယ့်နှစ်ပါးမြောက် မင်းသားက မေးသည်။
အဘိုးအို ခဏမျှ စဉ်းစားပြီး "ထျန်ရှ စံအိမ်တော်ကို အချိန်အကြာကြီး မသွားဖူးတဲ့သူ တစ်ယောက်ယောက်က ကမ္ဘာ့တံဆိပ်အသစ်ကို ပြောင်းပြီး အထောက်အထားအသစ်နဲ့ သူ့ရဲ့ စွမ်းရည်ကို စမ်းသပ်နေတာ ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။
"နတ်ဘုရား စာရင်းဝင်ဖို့ ဂုဏ်ယူရတဲ့သူက ကိုယ့်ရဲ့ အထောက်အထားကို သက်သက်မဲ့ ဘာလို့ ဖုံးကွယ်ထားမှာလဲ"
ဆယ့်နှစ်ပါးမြောက် မင်းသားက ခေါင်းကို အသာအယာ ခါယမ်းပြီး ညင်သာစွာ ပြောသည်။
"ငါ မှတ်မိတာမှန်တယ်ဆိုရင် ဆယ့်ခုနစ်ပါးမြောက် ညီတော်ဟာ လပေါင်းများစွာ ထျန်ရှ စံအိမ်တော် ကို မသွားတာ ကြာပြီ"
အဘိုးအို ထိတ်လန့်သွားပြီး "အရှင်မင်းသားက ကျိုးပဲ့နေသောရာမတောင်ဟာ ဆယ့်ခုနစ်ပါးမြောက် မင်းသား ဖြစ်နိုင်တယ်လို့ ယူဆတာလား" ဟု မေးသည်။
သူ မနေနိုင်ဘဲ ထပ်ဖြည့်သည်။
"ဒါပေမဲ့ ဒီနှစ်အစပိုင်းတုန်းက ဆယ့်ခုနစ်ပါးမြောက် မင်းသား ဟာ ထျန်ရှ စံအိမ်တော် ရဲ့ တတိယအဆင့်ကိုတောင် မဖြတ်နိုင်သေးဘူး။ သုံးလေးလအတွင်းမှာ ဒီလောက် အကြီးအကျယ် တိုးတက်လာတာ ဘယ်လို ဖြစ်နိုင်မလဲ"
လေဘုရင်ကို သတ်နိုင်တယ်ဆိုတာက အနည်းဆုံးတော့ နတ်ဘုရား စာရင်း ရဲ့ ထိပ်ဆုံး ဆယ်ယောက် အဆင့် စွမ်းရည်ရှိပြီးကဏ္ဍအမျိုးမျိုးမှာ ကျွမ်းကျင်ကာ အားနည်းချက် လုံးဝ မရှိသလောက်ကို ပြနေသည်။
ထျန်ရှ စံအိမ်တော်ရဲ့ ဒုတိယအဆင့်မှာ ငါးပွဲဆက် အနိုင်ရဖူးတာနဲ့ နှိုင်းယှဉ်ရင် ဒါဟာ အကြီးမားဆုံး ခုန်တက်သွားခြင်း ဖြစ်သည်။
သုံးနှစ်လေးနှစ်ကျော်အတွင်း ဆယ့်ခုနစ်ပါးမြောက် မင်းသား ဒီလို တိုးတက်လာတယ်ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိနိုင်တယ်။
ဒါပေမဲ့... ဒါက သုံးလလေးလပဲ ရှိသေးတာလား။
"လွန်ခဲ့တဲ့ သုံးလလောက်က ဆယ့်ခုနစ်ပါးမြောက် ညီတော်ဟာ သူကိုယ်တိုင် ကိုယ်ခံပညာ စစ်
မှန်သော ကျွမ်းကျင်မှုကို ဖန်တီးခဲ့တယ်"
ဆယ့်နှစ်ပါးမြောက် မင်းသားက လျစ်လျူရှုဟန်ဖြင့် ပြောသည်။
"သုံးလအတွင်းမှာ သူ လေးသင်္ကေတအထွတ်အထိပ်ကို ကျင့်ကြံနိုင်ခဲ့မယ်။ သူ့ရဲ့ နတ်ဘုရား ဝိညာဉ်ပြောင်းလဲပြီး ယခင်ဘဝက အမှတ်ရစရာတွေ ပိုပြီး နိုးထလာမယ်ဆိုရင် သူ တစ်ချိန်က ကျင့်ကြံဖူးတဲ့ အစွမ်းထက်တဲ့ ကျင့်ကြံမှု နည်းစနစ်တစ်ခုကို ပြန်လည် အမှတ်ရပြီး စွမ်းအား သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ မထင်ဘူးလား"
အဘိုးအို ထိတ်လန့်သွားပြီး တီးတိုးရေရွတ်သည်။
"ဆယ့်ခုနစ်ပါးမြောက် မင်းသားရဲ့ နယ်ပယ်ကနေ ဒီလို စွမ်းအား ခုန်တက်မှုမျိုး ဖြစ်စေဖို့ ဘယ်လို ကျင့်ကြံမှု နည်းစနစ်မျိုးက လုပ်ပေးနိုင်မှာလဲ။ ထိပ်တန်း အမွေအနှစ် နည်းစနစ်တွေတောင် ဒီလိုမျိုး ခွင့်ပြုမှာ မဟုတ်ဘူး... မဟုတ်ဘူးလား"
"လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အမွေအနှစ်တွေက မလုံလောက်နိုင်ပါဘူး"
ဆယ့်နှစ်ပါးမြောက် မင်းသားက အေးဆေးတည်ငြိမ်စွာ ပြောသည်။
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က နတ်ဆိုး မျိုးနွယ်ရဲ့ အမြင့်ဆုံး လျှို့ဝှက် နည်းစနစ်နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ဆိုတဲ့ နည်းစနစ်တစ်ခု မရှိခဲ့ဖူးဘူးလား"