တိုက်မလား၊ ပြေးမလား
Vol. 1 Ch. 190
ရှေ့ရှိ လူအုပ်သည် အယောက် လေး၊ငါးဆယ်လောက် ရှိသည်။ ထို့ပြင် ထိုအဖွဲ့ထဲတွင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် နှစ်ယောက် ပါသေးသည်။
ပြေးမလား၊ တိုက်မလား … ကျန်းရီ ရွေးရ ခက်နေသည်။ သူသည် သိလျှင် သိချင်း ငွေလဝံပုလွေကို စီးနင်း၍ ထွက်ပြေး လိုက်လျှင် သူအသာလေး လွတ်သွားနိုင်သည်။ ယခုမူ အမှတ် တစ်ရာကျော် ရနိုင်သော လူအယောက် လေး၊ငါးဆယ် ဖြစ်နေလေသည်။ ဒီအတိုင်း စွန့်လွှတ်လိုက်ရန် တွန့်ဆုတ် နေမိသည်။
နောက်ဆုံးတွင် ကျန်းရီသည် ဂူလမ်းကြောင်း အတိုင်း ပြန်ဝင်လိုက်ပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စိတ်မချရလျှင် သူ လျှိုမြောင်အတွင်း ခုန်ဆင်း၍ ထွက်ပြေး လိုက်မည်။ သူပြေးဝင် သွားပြီးသည်နှင့် နတ်ဘုရား သတ်ဖြတ်ခြင်း လေးဆယ် ခုလုံးကို မြားများ အဆင်သင့် တပ်ဆင် ထားလိုက်သည်။ သူ ဂူလမ်းကြောင်းထဲ ပြန်ဝင်လိုက်ပြီး သူသတ်ခဲ့သော လူအုပ်ထံမှ တံဆိပ်ပြားများ၊ ရတနာများနှင့် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကိုပါ ယူ၍ သိမ်းဆည်း လိုက်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း မြားများသည် နတ်ဘုရား သတ်ဖြတ်ခြင်း လေးများ အတွက်သာ သီးသန့် လုပ်ထားသောကြောင့် ဖြုန်းတီး ပစ်ရမည်မှာ နှမြောစရာ ကောင်းလှသည်။
"ဝှစ် ... ဝှစ်"
မကြာခင်တွင် ထိုလူများ လျှိုမြောင်အနီး ရောက်ရှိ လာခဲ့သည်။ သူတို့သည် လူအများကြီး မစေလွှတ် လိုက်ပဲ လေးယောက် ကိုသာ အရင်ဆုံး စေလွှတ် လိုက်သည်။ ဤတစ်ခေါက်တွင် ကျန်းရီသည် တံဆိပ်ပြားကို ပြန်မသိမ်း တော့ပဲ ရန်သူများ ရှိနေသော နေရာကို သိရှိရန် အသုံးပြု နေခဲ့သည်။
ဟမ့် ... လေးယောက်ပဲ လွှတ်လိုက်တာ ... သူတို့ ငါ့ကို အထင်သေးလွန်း နေတာ မဟုတ်ဘူးလား။ ဒါလည်း အဆင်ပြေသားပဲ၊ ငါသူတို့ကို တစ်ယောက်ချင်းစီ သတ်လို့ ရတယ်။
ကျန်းရီသည် ဂူထဲတွင် သေချာ ရပ်လိုက်ရင်း ရန်သူများ ရောက်အလာကို စောင့်ဆိုင်း နေလိုက်သည်။ သူ၏ ဝတ်ရုံ လက်အတွင်းတွင် အချိန်မရွေး ပစ်လွှတ် လိုက်နိုင်သည့် နတ်ဘုရား သတ်ဖြတ်ခြင်း လေးနှစ်လက် အဆင်သင့် ရှိနေလေသည်။
"ဝှစ်"
အဖြူရောင် ချပ်ဝတ်များ ဆင်ယင် ထားသော လူလေးယောက်သည် လျင်မြန်စွာ ပြေးဝင် လာခဲ့သည်။ သူတို့ မည်သည့် နိုင်ငံမှ လာသည်ကို ကျန်းရီ မသိပေ။ ကျန်းရီ ဂူထဲတွင် အေးအေး လူလူ ရပ်နေသည်ကို သူတို့ တွေ့သော အခါ မှင်တက် သွားကြ သော်လည်း မကြာခင်တွင် ကျန်းရီဆီ ပြေးဝင် လာကြသည်။
ကျန်းရီသည် ပေသုံးဆယ်ခန့် အကွာအဝေးသို့ သူတို့ ရောက်မည့် အချိန်ကို စောင့်ကာ နတ်ဘုရား သတ်ဖြတ်ခြင်း မြားနှစ်စင်းကို ပစ်လွှတ် လိုက်သည်။ ထို့နောက် နောက်ထပ် လေးနှစ်လက်ကို ထုတ်ကာ ဆက်တိုက် ပစ်လွှတ် လိုက်ပြန်သည်။
အရာရာသည် အစီအစဉ် တကျသာ …
ဂူလမ်းကြောင်းသည် ကျဉ်းမြောင်း လွန်းသည့် အပြင် သူတို့ ဆင်းလာသော အရှိန်သည် မြန်ဆန် လွန်းနေရာ ရှောင်တိမ်းချိန် မရလိုက်ကြပေ။ လေးယောက်လုံးသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများဖြင့် ရက်ရက်စက်စက် အသတ်ခံလိုက် ရလေသည်။
ဒီနတ်ဘုရား သတ်ဖြတ်ခြင်း လေးတွေက တော်တော်လေး အသုံးဝင်တာပဲ ... ငါ စောစောသိခဲ့ရင် နတ်ဘုရား သတ်ဖြတ်ခြင်းလေး အစုံတစ်ရာလောက် တောင်းထား လိုက်တယ် ... ဒီနားမှာ ရပ်ပြီး ပစ်လိုက်ရုံနဲ့တင် ရောက်လာတဲ့ သူတွေ အများကြီး သေသွားတယ်။
ကျန်းရီ အတော်လေး စိတ်လှုပ်ရှား လာခဲ့သည်။ သူ့တွင် သူ တစ်ယောက်တည်းနှင့် လူအယောက် တစ်သောင်းကိုပင် ယှဉ်နိုင်လိမ့်မည် ဟူသော ခံစားချက်ပါ ဖြစ်တည် လာခဲ့သည်။
သူသည် ရှေ့သို့ ခုန်တက်ကာ တံဆိပ်ပြားများ၊ လက်နက်များနှင့် မြားများပါ မကျန် သိမ်းယူ လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ထိုသူတို့၏ တံဆိပ်ပြား လေးခုကို မီးဝိညာဉ် ပုလဲအတွင်း မသိမ်းလိုက်သေးပဲ မြေပေါ်တွင် ဒီအတိုင်း ထားလိုက်သည်။ သူသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကို ပြန်လည် တပ်ဆင်လိုက်ပြီး ဂူထဲတွင် ရပ်လျက် အနေအထားနှင့် မြေပြင်ပေါ်မှ ရန်သူများ လာရောက်၍ အသေခံကြ မည်ကို စောင့်နေ လိုက်သည်။
"အမ်"
မြေပြင်ပေါ်မှ လူများသည် ထိတ်လန့်တကြား အော်ဟစ်သံ များကို ကြားသောအခါ မျက်နှာများ ပျက်သွား ကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်သည် အခဲမကျေသော မျက်လုံးများဖြင့် အော်ပြော လိုက်သည်။
"နောက်ထပ် ဆယ်ယောက် လွှတ်လိုက် သတိထားကြ"
ကျန်စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှ လူသည် သူတို့အား ကြည့်လာသော အခါ လူဆယ်ယောက်၏ မျက်လုံးများတွင် ချောက်ချားမှုများ ဖြတ်ပြေး သွားကြသည်။ အရင် လေးယောက်သည် ဝင်သွားသည်နှင့် ချက်ချင်း အသတ်ခံလိုက် ရသည်။ သူတို့ ဝင်သွားလျှင်လည်း ချက်ချင်း အသတ်မခံရဟု ပြောနိုင်မည်လော။
ထိုလူ နှစ်ယောက်သည် ဆုံးဖြတ်ချက်ကို ပြောင်းမည့်ပုံ မရချေ။ သူတို့ ဆယ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ဆွဲကာ မြေအောက်သို့ ဂူလမ်းကြောင်းမှ ဆင်းသွား ကြလေသည်။ သူတို့ ဝင်သွားချိန်တွင် ပြန်ထွက်ပြေးပါက အဆင်ပြေစေရန် လက်နက်များကို သုံး၍ ဂူလမ်းကြောင်းကို အနည်းငယ် ချဲ့ခဲ့သေးသည်။
မကြာခင်တွင် လူဆယ်ယောက်သည် အောက်ခြေသို့ ရောက်သွား ကြသည်။ သူတို့သည် ခပ်မှိန်မှိန် အလင်းရောင်ကို အားကိုး၍ ရှေ့သို့ ကြည့်လိုက်ကြသည်။ သူတို့ အဖွဲ့ဝင်များ၏ အလောင်း လေးလောင်းနှင့် အခြား အလောင်း အနည်းငယ်ကို တွေ့ရသော်လည်း အသက်ရှင်သူ တစ်ဦးတလေကိုမှ မမြင်မိပေ။
လူဆယ်ယောက်၏ အကြည့်သည် အလောင်း တစ်ခုထက် ကျရောက် သွားခဲ့သည်။ ထိုအလောင်းသည် အသက်ငွေ့ပါးပါး ရှိနေခဲ့ပြီး တစ်ကိုယ်လုံး သွေးများဖြင့် လွှမ်းနေ၍ အလွန်အမင်း နာကျင်နေဟန် ပေါက်နေ လေသည်။
ဆယ်ယောက်သားသည် တံဆိပ်ပြား များကို သုံး၍ စစ်ဆေး လိုက်ကာမှ စိတ်အေး သွားကြသည်။ ထိခိုက် ဒဏ်ရာ ရထားသော သူသည် ကျန်းရီသာ ဖြစ်လေသည်။ သူတို့သည် အလျင်စလို ပြေးမဝင် သွားကြပဲ သတိကြီးကြီး ထား၍ ဖြည်းဖြည်းချင်းစီ ချဉ်းကပ် လာကြသည်။
ပေငါးဆယ်၊ ပေလေးဆယ် ... ပေသုံးဆယ် …
ကျန်းရီသည် တကယ်တမ်းတွင် ဘာဒဏ်ရာမှ မရထားပေ။ ဒဏ်ရာ ရထားဟန် ဆောင်နေခြင်းသာ ဖြစ်လေသည်။ အသက်ငွေ့ငွေ့သာ ရှိနေခြင်း မှာလည်း သူ့ထံ ချဉ်းကပ်လာသော လူစုကို လှည့်စားရန် ပြုမူနေခြင်း ဖြစ်လေသည်။ ရန်သူ ဆယ်ယောက်သည် သူနှင့် ပေသုံးဆယ်ခန့် အကွာကို ရောက်သောအခါ သူသည် ရုတ်တရက် ခုန်ထလာပြီး ကြိုတင် ပြင်ဆင်ထားသော နတ်ဘုရား သတ်ဖြတ်ခြင်း မြားနှစ်စင်းကို ပစ်လွှတ် လိုက်သည်။
"အား"
သတ်ဖြတ်ခြင်းများ စတင် ခဲ့ပြန်သည်။ နီးနီးလေးသာ ဖြစ်သောကြောင့် သူနှင့် အနီးကပ်ဆုံး ရှိနေသော ရှေ့ဆုံးမှ လူနှစ်ယောက်သည် ရှောင်တိမ်းချိန် မရလိုက်ပေ။ မြားဆယ်စင်း ပစ်လွှတ်ပြီးနောက် ကျန်းရီသည် ရှေ့သို့ ပြေးထွက် သွားကာ ကြောက်လန့်၍ ထွက်ပြေးသော လူများကို အနက်ရောင် အကြေးခွံဓားနှင့် တိုက်ခိုက် လိုက်သည်။
"ရွှစ်"
ဓားအလင်း ဝင်းခနဲ လက်သွားခဲ့သည်။ အနက်ရောင် အကြေးခွံဓားသည် ထက်မြလွန်းရာ အချိန်မီ မရှောင်တိမ်းနိုင်၍ သေဆုံး သွားခဲ့သော လူများ၏ လက်နက်များ ကိုပါ ဖြတ်တောက် သွားခဲ့သည်။ အရင်ဆုံး ထွက်ပြေးရန် ကြိုးစားသော လူသုံးယောက်သည် လုံလောက်သော အမြန်နှုန်းနှင့် အချိန်ရှိရာ ကျန်းရီ ထိုလူ နှစ်ယောက်ကို သတ်ပြီးသော အချိန်တွင် မြေပေါ်သို့ အလောတကြီး ပြေးတက် သွားကြပြီ ဖြစ်လေသည်။
"ရွှပ် ... ရွှပ်"
ဓားအလင်းများ တောက်ပ သွားခဲ့ပြီး ကျန်းရီသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကြောင့် ဒဏ်ရာ အပြင်းအထန် ရနေ ကြသူများကို လက်စသတ် လိုက်လေသည်။ ထို့နောက် ကျန်းရီသည် တံဆိပ်ပြား အားလုံးကို သိမ်းဆည်း လိုက်ပြီး မြားများကို ပြန်ယူကာ တစ်ချိန်တည်း၌ လေးတွင် ပြန်လည် တပ်ဆင် လိုက်သည်။ သူသည် မီးဝိညာဉ် ပုလဲတွင်းမှ ကြိုးရှည် တစ်ချောင်းကိုပါ ထုတ်ယူ လိုက်ပြီး လျှိုမြောင် အောက်သို့ ပစ်ချကာ အချိန်မရွေး ဘေးကင်းရာသို့ ရွှေ့ပြောင်း နိုင်ရန် ပြင်ဆင် လိုက်သည်။ သူတို့လူ ဆယ့်တစ်ယောက် အသတ်ခံရ ပြီးရာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူနှစ်ယောက်သည် ကျန်လူများကို အသေခံ ခိုင်းတော့မည် မဟုတ်ချေ။ နောက်တစ်ကြိမ် တိုက်ပွဲသည် ပိုမို ပြင်းထန် ပေလိမ့်မည်။
"ဟမ့်"
စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် နှစ်ယောက်သည် လွတ်မြောက်သူ သုံးယောက်၏ တင်ပြမှုကို နားထောင်လိုက်ပြီး တစ်ယောက်သည် နှာမှုတ်ကာ ပြောလိုက်သည်။
"နတ်ဘုရား သတ်ဖြတ်ခြင်း လေး ... ဒီလူက ရှန်ဝူနိုင်ငံရဲ့ ဂိုဏ်းကြီးတွေ ထဲက တစ်ဂိုဏ်းဂိုဏ်းက ဖြစ်လိမ့်မယ် ... လောင်အာ ... ငါတို့ ပူးပေါင်းပြီး အဲဒီကောင်ကို သတ်ကြ ရအောင် … ဒါဆို နတ်ဘုရား သတ်ဖြတ်ခြင်း လေးတွေ ငါတို့ရပြီ"
ကျန်တစ်ယောက်သည် ခေါင်းညိတ် လိုက်ပြီး လျှိုမြောင် ကမ်းပါး အစွန်းသို့ ချက်ချင်း ပြေးသွားခဲ့သည်။ သူသည် လက်ဖြင့် အချက်ပြ လိုက်ပြီး ခုန်ဆင်း သွားချိန်တွင် အခြား တစ်ယောက်သည် ဂူလမ်းကြောင်း အတိုင်း လျှပ်စီး အလျင်နှင့် ပြေးဝင် သွားခဲ့လေသည်။
"ရှေ့ နောက်ပိတ်ပြီး တိုက်ခိုက်တာ"
တံဆိပ်ပြားမှ တစ်ဆင့် ကျန်းရီသည် ထိုနှစ်ယောက်၏ လှုပ်ရှားမှု များကို စောင့်ကြည့် နေခဲ့သည်။ ကျန်းရီ လုံးဝ မကြောက်ပါချေ။ သူသည် လှောင်ပြုံး ပြုံးနေ လိုက်သည်။
ထိုနှစ်ယောက် ရှေ့ဆင့် နောက်ဆင့် ဝင်လာပါလျှင် သူစိုးရိမ် နေလိမ့်ဦးမည်။ သူတို့ လူခွဲ လာသည်မှာ လာရောက် အသေခံသည်နှင့် မခြားပေ။
"ဝှစ်"
သူသည် ဂူလမ်းကြောင်း အတိုင်း လာသည့် တစ်ယောက်ကို လုံးဝ လျစ်လျူရှု ထားလိုက်ပြီး ဂူ၏ လမ်းကြောင်း တစ်ခုသို့ ပြေးဝင် သွားလိုက်သည်။ လျှိုမြောင် အစွန်းသို့ သူမရောက်ခင် အပြင်မှ လာသော ပုံရိပ်သည် သူတွက်ချက် ထားသည့် အတိုင်း လက်တွင် အတွင်းအားများ စုစည်း၍ သူ့ကို သတ်ရန် ပြင်ဆင် ပြီးခဲ့လေပြီ။
"ကမ္ဘာ့မီးလျှံ"
ကျန်းရီ အော်ဟစ် လိုက်ချိန်တွင် မီးဝိညာဉ် ပုလဲအတွင်းမှ ကမ္ဘာ့မီးလျှံများ အဆုံးမရှိ ထွက်ပေါ် လာခဲ့သည်။ လက်ဝါး တွန်းချက် တစ်ခုနှင့် ပေါင်းစပ် လိုက်သော ကမ္ဘာ့မီးလျှံများ လွင့်သွားခဲ့ပြီး အပြင်မှ ခုန်ဆင်း လာသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အား ဝါးမျို သွားခဲ့လေသည်။
"အား"
ချောက်ချားဖွယ် အော်သံကြီး ပဲ့တင် ထပ်သွားခဲ့သည်။ ကမ္ဘာ့မီးလျှံ၏ အပူချိန်သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကိုပင် လွတ်မြောက်ခွင့် မပေးဘဲ ပြာဖြစ်အောင် လောင်ကျွမ်း သွားစေခဲ့သည်။ သူ့လက်ထဲမှ လက်နက်သည်ပင် အရည်ပျော်သွား ခဲ့လေသည်။ သူ့ကိုယ်မှ အနက်ရောင် တံဆိပ်ပြား ထွက်ကျ လာခဲ့သည်။ တံဆိပ်ပြားအား မည်သည့် သတ္တုဖြင့် လုပ်ထားသည်ကို မသိသော်လည်း ၎င်းသည် လောင်ကျွမ်း မသွားခဲ့ပေ။
"ဒါက ..."
ပြေးဆင်း လာသော အခြား တစ်ယောက်သည် ချောက်ချားဖွယ် မြင်ကွင်းကိုသာ မြင်လိုက်ရသည်။ သူသည် ချက်ချင်း အခြားဘက်သို့ ထွက်ပြေးတော့သည်။
"ဝှစ်"
ကျန်းရီသည် ထွက်ကျလာသော တံဆိပ်ပြားကို လက်တစ်ဖက်နှင့် ဖမ်းလိုက်ပြီး ကမ္ဘာ့မီးလျှံများ ရှိရာသို့ ပြေးသွားလိုက်သည်။ အေးစက်နေသော မျက်လုံး အစုံနှင့် ကျန်းရီသည် မီးဝိညာဉ် ပုလဲက ကမ္ဘာ့မီးလျှံများ အကုန်အစင် စုပ်ယူ ပြီးသည်ကို စောင့်နေ လိုက်သည်။ ထို့နောက် ငွေလဝံပုလွေကို ထုတ်ကာ ပြေးလိုက် သွားတော့သည်။
"မြန်မြန် ပြေးကြတော့"
စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် အပြင် ရောက်သည်နှင့် အော်ဟစ် လိုက်ပြီး မရပ်မနား ဆက်ပြေး သွားခဲ့သည်။
"ဝှစ်"
ကျန်းရီ၏ ကိုယ်သည် ဂူလမ်းကြောင်းမှ ထွက်ပြီးသည်နှင့် သူ့လက်ထဲမှ ဝိညာဉ်သားရဲ အဆောင် လင်းလက် သွားခဲ့ပြီး ငွေလ ဝံပုလွေကြီး ကွယ်ပျောက် သွားခဲ့သည်။ သူ့ကိုယ်မှ မီးတောက်များ ပေါ်ထွက် လာခဲ့ပြီး အနီးရှိ လူများကို ဝါးမျို သွားခဲ့လေသည်။
"အား ..."
အော်သံ တစ်သံ၊ နှစ်သံ ထွက်လာရုံမှ တစ်ပါး ကျန်လူများသည် အော်ချိန်တောင် မရလိုက်ကြပဲ ပြာဖြစ်သွားခဲ့ ကြလေသည်။ ကျန်းရီသည် မြေပေါ် ကျသွားသော တံဆိပ်ပြား များကို မြန်မြန် ကောက်ယူ လိုက်သည်။ တံဆိပ်ပြားများကို သူသိမ်းပြီးချိန်တွင် မီးတောက် များလည်း ကွယ်ပျောက် သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် ငွေလ ဝံပုလွေကြီးကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်နောက် ပြေးလိုက် သွားခဲ့သည်။
ကျန်းရီသည် စတင် သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ဤမျှနှင့် မရပ်လိုက် နိုင်ပါချေ။ ထိုလူသာ လွတ်မြောက် သွားလျှင် သူသည် ကျန်းရီ၏ တည်နေရာကို ထုတ်ပြော လိုက်နိုင်သည်။ ငွေလ ဝံပုလွေကြီးသည် ထင်ရှား လွန်းနေရာ ထိုသတင်းသာ ထွက်ပေါ် သွားပါလျှင် ရွှေချမ်လော့နှင့် ကျန်လူများသည် သူရှိနေသော နယ်မြေကို ချက်ချင်း သိရှိ သွားနိုင်လေသည်။
***