← Chapters

သုံးကြိမ် ... ။

Vol. 58 Ch. 687

သုံးကြိမ် ... ။

Vol. 58 Ch. 687

လက်ဖက်ရည်ဆိုင်အတွင်း ပြတင်းပေါက်မှနေ၍ အဝေးရှိ ထိုမြင်ကွင်းထံ ရှင်းရှင်းလင်းလင်း မြင်နိုင်ချေပြီ။

“ အဲဒီ အနက်၀တ်အမျိုးသမီးက ဘယ်သူလဲ။”

ပိန်ပိန်ပါးပါး အမျိုးသားကမေး၏။ မနက်အစောကြီးဖြစ်ရာ လက်ဖက်ရည်ဆိုင် အတွင်း လူများများစားစားရှိနေသည်။

“ အဲဒီအမျိုးသမီးက မနေ့ကပဲ သင်္ဘောပေါ်တက်တဲ့လူသစ်ပါ သူမရောင်ဝါကို ဖုံးကွယ်ထားပြီး အစောင့်လေးယောက် လိုက်ပါလာပါတယ် ...

... ဒါပေမယ့် အဲဒီလူလေးယောက်က သင်္ဘောပေါ်တက်လာတည်းက အခန်းထဲကနေ ထွက်မလာကြတော့ပါဘူး။ ”

တုရုံက လက်ဖက်ရည်ဆိုင်ရှိ အခြားသူများကိုဝေ့ကြည့်ကာ ပိန်ပိန်ပါးပါး လူနှင့် ရီပိုဟန်ကြားနိုင်ရုံပြန်ဖြေသည်။

ရီပိုဟန်က မျက်ဝန်းများ လှုပ်ယမ်းသွား သော်လည်း တိတ်ဆိတ်နေခဲ့၏။ ပိန်ပိန်ပါးပါး အမျိုးသားက မျက်မှောင်ကြုတ်ပြီး၊

“ ကျောက်စိမ်းရောင်ဝတ်လုံနဲ့ လူငယ်ကတော့ ခရီးစဉ်အစထဲက သင်္ဘောပေါ် ပါလာသူ မဟုတ်လား ... ဒါပေမယ့် မနေ့ကမှ တက်လာတဲ့ ... အဲဒီအနက်ဝတ်အမျိုးသမီးက သိနေတယ် သူတို့တစ်ဖွဲတည်းဖြစ်နိုင်မလား။ ”

တုရုံက ခေါင်းညိတ်ပြကာ၊

“ ဒီကောင်လေးနဲ့ ... အဲဒီအမျိုးသမီးက တစ်ခုခု ထူးဆန်းနေတယ်ဆိုတာ သေချာတယ်။ ”

-ဟု ဝန်ခံလိုက်၏။ တစ်ဖက်တွင် ရီပိုဟန်အမူအရာသည် အနည်းငယ် ပြောင်းကာ တစ်ခုခုပြောချင်နေသကဲ့သို့ တုံ့ဆိုင်းသွားပြီး အဆုံး၌ရပ်သွားခဲ့သည်။

“ မျှော်လင့်ရပါတယ် ... သူတို့ ငါတို့အတွက် လာတာမဖြစ်ဖို့ ... ။ ”

ပိန်ပိန်ပါးပါးဖြင့်လူသည် ညည်းညူ လိုက်လေသည်။ ဤအခိုက်တွင် ရီပိုဟန်သည် သည်းမခံနိုင်တော့ဘဲ၊

“ အဖေ ဘာလို့ဒီတံဆိပ်ကို ယူပြီး သွားချင်နေရတာလဲ ... ငါတို့က ငါတို့မျိုးရိုးမှာ အကိုင်းအခက်တစ်ခုပါ ... ပြီးတော့ ပင်မမျိုးရိုးနဲ့ အဆက်အသွယ် မရှိတော့တာ ကြာနေပါပြီ ...

... အခုဆို ပင်မအဆက်အနွယ်မှာ ကသောင်းကနင်းဖြစ်နေပြီး အခြေအနေတွေက မရေရာတော့ပါဘူး ... ကျန်အခွဲမိသားစုတွေ ကလည်း မျိုးနွယ်စုအတွက် ခေါင်းဆောင် အသစ်ကို ရွေးချယ်ဖို့ ရှင်းရှင်းလင်းလင်း တောင်းဆိုနေတယ်၊ ...

... ဒီအရေးမှာ သူတို့က ငါတို့ကို ဝင်မစွက်ဖက်ဖို့ စာတွေလည်းပေးပို့ခဲ့ပါတယ် ဒါပေမယ့် အဖေဘာလို့သွားချင်နေတာလဲ။ ”

-ဟု မေးမြန်းသည်။

သူ့ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေပြီး မကျေနပ်မှုအချို့ပင် ရှိနေ၏။ ပိန်ပိန်ပါးပါးအမျိုးသားက ခေတ္တမျှတိတ်ဆိတ် နေပြီးနောက်၊

“ ငါတို့နဲ့ ပင်မအဆက်အနွယ်ဆိုတာ သစ်ပြင်တစ်ပင်ရဲ့ ... ပင်စည်နဲ့အခက်တွေလိုပဲ ပင်စည်သန်မာနေရင် အကိုင်းအခက်တွေလည်း သန်မာလာမယ် ဘယ်လိုမှခွဲလို့မရဘူး ...

... မင်းက ငယ်သေးတယ် ဒါတွေကို နားမလည်တာ သာမာန်ပါ ... မြွေတစ္ဆေမျိုးရိုးရဲ့ မျိုးဆက်တစ်ခုအနေနဲ့ အဆိုးဆုံးတွေ မဖြစ်အောင် တားဆီးရမှာ သဘာဝပဲ မဟုတ်လား။ ”

-ဟု ပြောကြားလိုက်သည်။

ထိုစကားကြောင့် ရီပိုဟန်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။ များမကြာခင် အံကြိတ်လျက်၊

“ ဖေဖေ၊ ဘာပဲဖြစ်ဖြစ် ... မင်းနဲ့ ဦးလေးရုံတို့ဒုက္ခရောက်နေတာကို ငါ ရပ်ကြည့် နေမှာ မဟုတ်ဘူး။ ”

-ဟု ထူးဆန်းစွာ ကတိပေးလေသည်။

သူ့လေသံသည် ပြတ်သား၏။ ထို့ကြောင့် ပိန်ပိန်ပါးပါးအမျိုးသားက ကျေနပ်စွာ ပြုံးသည်။

“ ငါ့ကလေး၊ မင်းမှာ ဒီလိုမျိုး အသိတရားရှိလို့ ငါအရမ်းပျော်တယ်။ ”

သို့သော် တစ်ဖက်တွင် တုရုံသည် တစ်ခုခု လွဲနေပြီဟု ခံစားလိုက်ရကာ၊

“ သခင်လေး ... မင်း ငါတို့အပေါ် တစ်ခုခုကို ဖုံးကွယ်ထားလား။ ”

-ဟု မေးမြန်းသည်။

ရီပိုဟန်ခမျာ နှလုံးခုန်သံ မြန်လာပြီး တစ်စုံတစ်ခုပြောတော့မည့်အချိန်၌ အဝေးရှိ တစ်စုံတစ်ရာ ပြောင်းလဲမှုကြောင့် အာရုံပြောင်းသွားသည်။

ထိုအရပ်တွင် အနက်ရောင်ဝတ် မိန်းကလေးသည် အေးစက်စွာဖြင့် စုရီထံ စိုက်ကြည့်လိုက်ကာ၊

“ မနေ့ညက ရီပိုဟန်ကို မေးကြည့်တော့ နင်ဘယ်သူလဲဆိုတာ သူ မသိဘူးလို့ပြောတယ် ဒါကြောင့် နင့်ကို ခရီးသွားတစ်ယောက်လို့ ငါထင်ခဲ့ဖူးတယ် ...

... စကားစမြည်ပြောပြီးရင် ငါတို့ သီးခြားလမ်းခွဲသွားလို့ရတယ် ... ဒါပေမယ့် အခုတော့ နင်ကြည့်ရတာ တစ်ခုခုတော့ ထူးဆန်းနေတယ်။ ”

စုရီက လျစ်လျူရှုလျက် ယွဲ့ရုံ၏ ဦးခေါင်းထံပွတ်သပ်ကာ ရှားခွိုက်ကျိထံ လှည့်ကြည့်ပြီး၊

“ ဟိုမှာ ကစားဖို့ခေါ်သွားပါ။ ”

-ဟု ပြောကြားလိုက်သည်။

ရှားခွိုက်ကျိမှ ခေါင်းညိတ်၏။ ယွဲ့ရုံအပါအဝင် ကလေးအချို့ကိုခေါ်ကာ အလျင်အမြန် ဖယ်ခွာသွားတော့၏။

တလျှောက်လုံး အနက်ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးက သူတို့ကို မတားခဲ့ချေ။ ယင်းအစား သူမကပြုံးပြီး၊

“ နင် ... သူတို့ကို အကာအကွယ် မပေးနိုင်ဘူး ဒီရတနာသင်္ဘောပေါ်ကလူတိုင်း သေရလိမ့်မယ်။ ”

-ဟု ပြောကြားလာသည်။

သူမ၏ ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်သောအမူအရာသည် လူအများ၏ ကျောရိုးကို အေးစိမ့်သွားစေ၏။

“ မနေ့ညက ... ဒီကလေးမလေးဆီမှာ မင်းဘာလို့ ဝိညာဥ်သော့အဆိပ်ပိုးကောင်ကို ထားခဲ့ရတာလဲ။ ”

ထိုမေးခွန်းကြောင့် အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးက ခေတ္တမျှ စဉ်းစားကာ ပြုံးလိုက်၏။

“ ဒီကလေးမလေးရဲ့ ဝိညာဉ်က အရမ်းသန့်စင်တယ် အဲဒါက ဝိညာဉ်ကပ်ပါးကို မွေးမြူဖို့အတွက် သင့်လျော်တယ်။ ”

“ ဒါပဲလား ... ။ ”

“ ဒါ့ပြင် ဘာရှိဦးမှာလဲ ... ဒီသင်္ဘောပေါ်ကလူတိုင်း သေရတော့မယ် သူမလည်း ချွင်းချက်မရှိဘူး ...

... ဒါဆိုကံကောင်းပြီး ... သူမရဲ့ ဝိညာဉ်မှာသာ ဝိညာဉ်ကပ်ပါးကို မွေးမြူနိုင်ရင် သူမဘဝအတွက် ဒုတိယအကြိမ် အခွင့်အရေး ရသွားတာပဲ မဟုတ်လား ... ။ ”

ဝိညာဉ်ကပ်ပါးမွေးမြူခြင်းသည် အလွန်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကို အသုံးပြု၍ စိတ်ဝိညာဉ်အပေါ် ကျွေးမွေးခြင်း ဖြစ်လေသည်။

အနက်ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေး၏စကားတွင် ယွဲ့ရုံကို လူတစ်ဦး အဖြစ် မမြင်နိုင်ဘဲ ကုန်ကြမ်းတစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း မြင်နေချေပြီ။

ထိုသို့ လျစ်လျူရှုသော အမူအရာသည် စုရီကိုမျက်ဝန်းများ မှေး​စင်းသွားစေတော့သည်။

“ မင်းရဲ့ပုံစံအစစ်အမှန် ငါ့ကိုပြပါ ... မဟုတ်ရင် ငါမင်းကို အခုချက်ချင်း သတ်ပစ်မယ်။ ”

ဤစကားသည် ကောင်မလေး၏ မျက်ဝန်းများကို ဆေးထိုးအပ်များသဖွယ် ကျုံ့ဝင်သွားကာ မျက်နှာပြောင်းလဲစေ၏။

“ ဝှစ် ... ။ ”

ထို့နောက် ဘယ်ဘက်လက်ကို မြှောက်လိုက်ကာ ငွေရောင်ဦးခေါင်းခွံတစ်ခု ထုတ်ယူလျက် ထူးဆန်းသော အသံများ ထွက်ပေါ်စေလိုက်သည်။

အနက်ရှိုင်းဆုံးသော ငရဲဘုံမှ တစ္ဆေတစ်ကောင်၏အော်သံကဲ့သို့ပင် ရတနာ သင်္ဘောပေါ်တွင် အသံများ ချက်ချင်း ပဲ့တင်ထပ်လာ၏။

“ ဟမ့် ... ။ ”

သင်္ဘောပေါ်ရှိ လူတစ်ထောင်ကျော်သည် ၎င်းတို့၏ဝိညာဉ်များကို လွှများဖြင့်ခွဲထုတ်နေ သကဲ့သို့ခံစားလိုက်ရကာ ဦးခေါင်းများ ဆုပ်ကိုင်လျက် ယိမ်းထိုးကုန်၏။

ရှားခွိုက်ကျိသည် သူ့ကိုယ်သူနှင့် သူ့ဘေးနားမှ ကလေးများကို ကာကွယ်ရန် ရွှေရောင်အလင်းတန်း အကာအကွယ်တစ်ခုကို ချက်ချင်းဖွင့်လိုက်ရသည်။

“ အဟွတ် ... အဟွတ် ... ။ ”

သို့တိုင် ထူးဆန်းသောထိုအသံလှိုင်း သက်ရောက်မှုကြောင့် ချောင်းဆိုးပြီး သွေးများ အန်လိုက်ရ၏။

လက်ဖက်ရည်ဆိုင်အတွင်းတွင် ပိန်ပိန်ပါးပါးလူနှင့် သူ့အပေါင်းအဖော်များသည် တုန်လှုပ်ချောက်ချားနေကာ အမူအရာများ အဆက်မပြတ်ပြောင်းလဲသွားသည်။

မြင်ကွင်းသည် ဖရိုဖရဲ ဖြစ်နေပြီး အားနည်းသောလူများသည် ချက်ချင်း ဝိညာဉ် ကွဲအက်ကာ သေဆုံးကုန်၏။

“ ရွှပ် ... ။ ”

စုရီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လျက် လက်ညှိုးညွှန်လိုက်ရာ ရွှေရောင်ဓားရောင်ဝါ ထွက်ပေါ်လာ၏။

“ ဝုန်း ... ။ ”

အနက်ရောင်ဝတ် မိန်းကလေးသည် ချက်ချင်း ပျောက်ကွယ်လျက် ပေဒါဇင်များစွာ အကွာတွင် ပြန်ပေါ်လာသည်။

ငွေခေါင်းလောင်းခေါင်းသည် ဓားအလင်းထိမှန်မှုကြောင့် ကွဲအက်သွားကာ ပြန့်ကျဲသွားလေသည်။

တစ်ဆက်တည်းမှာပင် လက်မောင်းနေရာတွင် လှီးဖြတ်ခံထားရသော ဒဏ်ရာကို ဘယ်လက်နှင့် အုပ်ကိုင်လျက် စုရီကို စိုက်ကြည့်လိုက်၏။

“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားရောင်ဝါလဲ။ ”

အချိန်မီ ရှောင်တိမ်းနိုင်ရန်အတွက် လျှို့ဝှက်နည်းစနစ်ကိုသာ အသုံးမပြုခဲ့သော် သူမခန္ဓာကိုယ်ကြီးသည် ထိုဓားကြောင့် ပဲ့ကြွေသွားပေမည်။

“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”

ထိုအချိန်တွင် သင်္ဘောအနှံ့အပြားမှ လူရိပ်များ ပြေးလွှားရောက်ရှိလာတော့သည်။ အချို့သည် သင်္ဘောပေါ်ရှိ အစေခံများနှင့် ကျွန်များဖြစ်ကာ၊ အချို့သည် သင်္ဘောပေါ်တွင် ရောနှောနေသော ကျင့်ကြံသူများဖြစ်သည်။

သူတို့အားလုံးသည် ကြောက်မက်ဖွယ် ရောင်ဝါများထုတ်ဖော်လျက် စုရီကို ဝိုင်းရံလိုက် တော့၏။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် စားပွဲထိုးတစ်ဦးသည်လည်း အသီးသီးသော လက်နက်များကိုင်ဆောင်လျက် ပြေးထွက် လာကြသည်။

ဤမြင်ကွင်းသည် ပိန်ပိန်ပါးပါး အမျိုးသားနှင့် တုရုံ၏မျက်နှာကို မည်းမှောင် သွားစေတော့၏။

သာမန်ရတနာသင်္ဘောပေါ်တွင် ဤမျှစွာသော ကျွမ်းကျင်သူများစွာ ပုန်းအောင်း နေကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အများစုသည် စွမ်းအားကြီးမားပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေခဲ့ကြသည်။

အနက်ဝတ်မိန်းကလေးက၊

“ ငါရဲ့ လက်အောက်ငယ်သားတွေက ရီတျန်ချီကို ဖမ်းဖို့ပြင်ထားပေမယ့် အခု မင်းနဲ့ အရင်ဆက်ဆံရအောင်။ ”

-ဟု ပြုံးကာ ပြောလိုက်သည်။

သည့်နောက် မျက်ခုံးနှစ်ဖက်ကြားရှိ ရွှေရောင်အမှတ်အသားပုံစံသည် အေးစက်သော အငွေ့အသက်များ ပြသလာသည်။

မနေ့ညက စုရီသတ်ခဲ့သော ထွားကျိုင်းသည့်အမျိုးသားသည် သွေးနီရောင် ဖြစ်ပြီး ဤမိန်းကလေးသည် ရွှေရောင် ဖြစ်ချေ၏။

ဆိုလိုသည်မှာ အနက်ရောင် ဝတ်စုံဝတ်ထားသော ဤမိန်းကလေးသည် သွေးငှက်မိစ္ဆာမျိုးနွယ်မှ တိုက်ရိုက် ဆင်းသက်လာသူ ဖြစ်ကြောင်း မြင်သာချေပြီ။

“ တစ်ခုခုတော့ မှားနေပြီ။ ”

အဝေးက လက်ဖက်ရည်ဆိုင်တွင် ထိုင်နေဆဲဖြစ်သော ပိန်ပိန်ပါးပါးအမျိုးသားမှ မျက်မှောင်ကြုတ်လိုက်၏။

သူသည် အနက်ရောင် ဝတ်စုံဝတ် ကောင်မလေးပြောနေသည့် ရီတျန်ချီဖြစ်သည်။ ဤမိန်းကလေးကို မသိသော်လည်း သူ့ကို သတ်ပစ်ရန် ရည်ရွယ်နေ၏။

“ အစ်ကိုကြီး၊ သတိထား ... ။ ”

ကြည်လင်သောအသံသည် အဝေးမှ ထွက်ပေါ်လာသည်။ ယွဲ့ရုံသည် လက်သီးများကို တင်းတင်းဆုပ်ကိုင်ထားပြီး စိုးရိမ်ပူပန်မှုများနှင့် ကြည့်နေတော့၏။

ထိုကဲ့သို့ အန္တရာယ်များသော အခိုက်အတန့်တွင် လူကြီးများပင် အသက်ရှူ ကြပ်နေကြသည်။ ယခုမူ ခြောက်နှစ်အရွယ် ကလေးမလေးသည် အသံထွက်ဝံ့နေသေး၏။

“ ကောင်မလေး မျက်လုံးမှိတ်ထား။ ”

စုရီက ပြုံးလျက် ပြောကြားလိုက်သည်။ ယွဲ့ရုံတစ်ယောက် မှင်သပ်နေစဉ် ရှားခွိုက်ကျိမှ သူမမျက်လုံးများကို ဖုံးအုပ်ပေးခဲ့တော့၏။

သူ့အနေဖြင့် တိုက်ပွဲများစွာကို ဖြတ်သန်းဖူးသော အဖိုးကြီးတစ်ဦးဖြစ်သဖြင့် စုရီအခြေအနေသည် အလွန်အမင်း အဆင်မပြေကြောင်း ပြောနိုင်သည်။

“ ရယ်စရာကောင်းလိုက်တာ အခုကဘယ်လိုအခြေအနေလဲ မသိဘူးလား ကလေးမလေးတစ်ယောက်အတွက် မင်း စိတ်ပူနေသေးတာလား။ ”

အနက်ဝတ် ကောင်မလေး၏ အကြည့်များအေးစက်သွားသည်။ စုရီမှ သူမကို တုန့်ပြန်ခြင်း မပြုချေ။

“ ဒါပေမယ့် မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ် အခုထွက်သွားရင် မင်းရဲ့ အသက်ကို ငါနှမြောလိုက်မယ်။ ”

တစ်ဖက်လူသည် မရိုးရှင်းကြောင်း နားလည်ထားသဖြင့် ပွက်ပွက်ဆူနေသော လူသတ်ချင်စိတ်ကို မျိုသိပ်ပြီး မိန်းကလေးမှ စေ့စပ်ဆွေးနွေးလိုက်ရသည်။

“ မင်းရဲ့ မူလခန္ဓာကိုယ်က ... ဒီသင်္ဘောပေါ်မှာ မရှိဘူးထင်တယ်။ ”

စုရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။ အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးသည် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။

စုရီက ဇီးသီးကိုကိုက်ဝါးလျက်၊

“ ငါ ... မင်းတို့ကို လက်ညှိုးနဲ့ ... သုံးကြိမ်ထိုးပြီးလို့မှ မသတ်နိုင်ရင် ငါ့ရှုံးနိမ့်မှုလို့ မှတ်ယူပါ။ ”

-ဟု ကြေငြာလိုက်တော့၏။

***

All Chapters