ဘဝတစ်ခု အကြွေးတင်ခြင်း။
Vol. 58 Ch. 693
ကောင်းကင်မြို့တော် အနောက်ဘက်နယ်မြေတွင် ကံကောင်းခြင်း တိမ်လွှာမျှော်စင်ဟူသော တည်းခိုခန်း တစ်ခုရှိသည်။
၎င်းသည် ကောင်ကင်မြို့တော်၌ အမြစ်တွယ်နေသည်မှာ ကြာချေပြီ။ ဒဏ္ဍာရီအရ တည်းခိုခန်းပိုင်ရှင်သည် မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်ထားသည့် ပြိုင်ဘက်ကင်း ဓားသမားတစ်ဦးဖြစ်၏။
ယနေ့တွင် ထိုတည်ခိုခန်းသည် ကောင်းကင်မြို့တော်၏ အလုံခြုံဆုံးသော အရပ်အဖြစ် သတ်မှတ်ခံထားရသည်။
တစ်စုံတစ်ယောက်သည် အပြစ်များကို ကျူးလွန်ထားသော်မှ ထိုအရပ်၌ တည်းခိုသရွေ့ မည်သည့် အန္တရာယ်မျှ ကျရောက်မည် မဟုတ်ချေ။
ယခင်က နတ်ဆိုးကျင့်ကြံသူ တစ်ယောက်သည် မြွေတစ္ဆေမျိုးရိုးကိုရန်ဆပြီး မျှော်စင်ထဲသို့ ဝင်ပြေးခဲ့ဖူးသည်။
မြွေတစ္ဆေမျိုးရိုးခမျာ လက်လျော့ပြီး ပြန်လည်ဆုတ်ခွာသွား၏။ သို့သော် ထိုသူသည် အဆုံးတွင် ဖမ်းမိခဲ့သည်။ အကြောင်းပြချက်မှာ ရိုးရှင်းပေ၏။ တည်းခိုခန်းခသည် များစွာ ဈေးကြီးသောကြောင့်ပေပင်။
တစ်လခွဲကြာ တည်းခိုပြီးနောက် အခန်းခ မတတ်နိုင်သဖြင့် ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ ထိုတည်းခိုခန်းသည် ပိုင်ရှင်သည်သာ ဆန္ဒရှိသော် တပြားမှမပေးရချေ။
ပိုင်ရှင်မှ စိတ်ဆိုးနေသော် တည်းခိုခန်းကြေးကို စျေးမတန်တဆပင် ကောက်ခံပေမည်။ တစ်ရက်လျှင် ပုံမှန်စျေးနှုန်း သည်ပင် အဋ္ဌမတန်းနတ်ကျောက်(၈၈၈)လုံး ပေးချေရပေမည်။
ညနက်လာချိန်တွင် ကံကောင်းခြင်း တိမ်လွှာမျှော်စင် တည်းခိုခန်းပိုင်ရှင်သည် စားပွဲ ကောင်တာနောက်တွင် တစ်ယောက်တည်း ထိုင်ကာ ဝိုင်သောက်နေသည်။
သူသည် ဟောင်းနွမ်းနေသော မီးခိုးရောင်ဝတ်ရုံဖြင့် မျက်နှာအမူအရာသည် ခံစားချက်ကင်းမဲ့ချေ၏။
တစ်ဖက်ဧည့်ခန်းမတွင် ဧည့်သည် နှစ်ဦးထိုင်နေသည်။ မိန်းကလေးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အဆုံး၌အံကြိတ်ကာ မတ်တပ်ထရပ်လျက် ကောင်တာစားပွဲထံ လျှောက်လှမ်းပြီး၊
“ မြွေတစ္ဆေပင်မမိသားစုရဲ့ အကြီးအကဲရီကျိရှန်က စီနီယာကို နှုတ်ခွန်း ဆက်ပါတယ် စီနီယာ။ ”
-ဟု လေးလေးစားစား ဦးညွှတ်၏။
တည်းခိုခန်းပိုင်ရှင်သည် ခေါင်းပင်မော့မကြည့်ဘဲ၊
“ မင်းမျိုးရိုးရဲ့ ဒုက္ခအကြောင်းဆို မပြောနဲ့။ ”
-ဟု တားဆီးလိုက်သည်။
သူ့အသံသည် မထူးခြားသလို ခံစားချက်သည်လည်း လုံးဝမပါရှိချေ။ ရီကျိရှန် အမည်ရသော လူလတ်ပိုင်းအရွယ် အမျိုးသားမှ အမူအရာ ပြောင်းသွားသော်လည်း၊
“ စီနီယာ ... ငါမင်းကို စော်ကားခဲ့တယ်ဆိုရင်တောင် ငါ့မျိုးရိုးကို ကူညီပေးဖို့ တောင်းဆိုချင်ပါသေးတယ်။ ”
-ဟု ဆက်ပြော၏။
တည်းခိုခန်းပိုင်ရှင်က မျက်မှောင်ကြုတ်လျက် ဝိုင်ကိုတစ်ငုံသောက် လိုက်ကာ၊
“ ဒါက မင်းမျိုးရိုးရဲ့ကိစ္စပဲ ... ပြင်ပ ရန်သူတွေ ကျူးကျော်လာတာမျိုး မဟုတ်ဘူး မင်းတို့ကိုယ်တိုင် ဖြေရှင်းသင့်တယ်။ ”
-ဟု တုန့်ပြန်သည်။
“ စီနီယာ ... ငါတို့မျိုးနွယ်ရဲ့ တတိယအကြီးအကဲက ပင်းမိုရဲ့ တပည့်နဲ့ ပူးပေါင်းပြီး ခေါင်းဆောင်အသစ်ရွေးချယ်ဖို့ ကြိုးစားနေပါတယ် ...
... သူတို့ရဲ့ ရည်ရွယ်ချက်တွေက အရမ်းလွန်နေတယ် ... သူတို့အောင်မြင်သွားရင် အကျိုးဆက်တွေ ကောင်လာမှာမဟုတ်ဘူး။ ”
“ ပင်းမိုရဲ့တပည့်လား ... ။ ”
တည်းခိုခန်းပိုင်ရှင်က အနည်းငယ် စိတ်ဝင်စားဟန် ရေရွတ်လိုက်ပြီးနောက် အဆုံး၌ ခေါင်းကိုခါယမ်းကာ၊
“ ဒီကိစ္စမှာ ငါဝင်မစွက်ဖက်နိုင်ဘူး။ ”
-ဟု ထပ်မံငြင်းဆန်၏။
ရီကျိရှန်၏အမူအရာသည် ရုတ်တရက်ဝိညာဉ်ပျောက်သွား သကဲ့သို့ အသက်မဲ့သွားသည်။
“ မင်းကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး စီနီယာ။ ”
အဆုံး၌ သက်ပြင်းချကာ ထိုင်ခုံသို့ပြန်လှည့်လျက် ကောင်မလေးထံ ခေါင်းရမ်းပြလိုက်လေသည်။
“ ငါ့ကို အကူအညီတောင်းဖို့ ... မင်းကိုဘယ်သူ စေလွှတ်တာလဲ။ ”
ထိုစဉ် တည်းခိုခန်းပိုင်ရှင်သည် မော့ကြည့်ကာမေးမြန်းလာ၏။ ဤတစ်ကြိမ်၌ မိန်းကလေးမှ ချက်ချင်းထရပ်လိုက်ပြီး၊
“ ငါငယ်ငယ်တုန်းက ဘိုးဘေးက ထူးထူးခြားခြား အရည်အချင်းရှိတဲ့ စီနီယာရဲ့ အကြောင်းကို အမြဲပြောပြပါတယ် စီနီယာက ငါတို့မျိုးရိုးနဲ့ အထူးဆက်ဆံရေးရှိတယ် ဆိုတာလည်း ...
... ငါ့ဘိုးဘေးပြောတာကို ငါကြားလိုက်ရတာပါ ... ဒါကြောင့် စီနီယာဆီက အကူအညီ လာတောင်းရတာပါ။ ”
-ဟု သွက်လက်စွာ ပြန်ဖြေသည်။
“ မင်းပြောနေတဲ့ ဒီဘိုးဘေးက ဘယ်သူလဲ။ ”
“ ငါ့ဘိုးဘေးနာမည်က ရီယုဖြစ်ပြီး ... ကမ္ဘာကြီးက သူ့ကိုငှက်မွှေးဝိညာဉ်ဧကရာဇ်လို့ ခေါ်ကြပါတယ်။ ”
ဤတစ်ကြိမ်၌ တည်းခိုခန်းပိုင်ရှင်၏ အေးစက်လွန်းသောမျက်ဝန်းတွင် အလင်းရောင် တဖျပ်ဖျပ်လက်လာ၏။ ထို့နောက် သူက၊
“ မင်းရဲ့ဘိုးဘေး မသေပါဘူး ... သူ ပြန်လာတဲ့အခါ ဒီမငြိမ်မသက်မှုရဲ့ အကျိုးဆက် အပေါ် သဘာဝအတိုင်း အရေးယူလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် အသစ်တစ်ယောက် ရွေးချယ်ပြီးရင်း ငါ့ဘိုးဘေး ပြန်လာရင်တောင် ... ရလဒ်က ပြောင်းလဲလို့ မရနိုင်မှာကြောက်မိပါတယ် ...
... အရေးအကြီးဆုံးက တတိယအကြီးအကဲနဲ့ ပင်းမိုတပည့်တို့ပေါင်းပြီး တစ်ခုခုကို ရှင်းရှင်းလင်းလင်း ကြံစည်နေတယ် ဆိုတာ သေချာနေပါတယ်။ ”
“ မင်းမှာ ပြောစရာကုန်ရင် ထွက်သွား။ ”
သို့တိုင် တည်းခိုခန်းပိုင်ရှင်သည် သူမကိုလျစ်လျူရှုထား၏။ ထိုတုန့်ပြန်မှုကြောင့် ကောင်မလေးသည် လုံးဝစိတ်ပျက်သွားသည်။
လက်ရှိအခြေအနေအရ ပင်မမိသားစု စွမ်းအားသည် မျိုးနွယ်စုခေါင်းဆောင်အသစ် တင်မြှောက်ခြင်းကို တားဆီးရန် မလုံလောက်ချေ။
ဤအခိုက်တွင် တည်ခိုခန်းအတွင်း လူငယ်တစ်ယောက် ဖြည်းညှင်းစွာ လှမ်းဝင်လာ တော့၏။ ကျောက်စိမ်းရောင်ဝတ်လုံနှင့် လက်နှစ်ဖက် နောက်ပို့ကာ တည်ခိုခန်း ပိုင်ရှင်ထံ ကြည့်သည်။
ထို့နောက် လူငယ်သည် အနက်ဝတ်ကောင်မလေးနှင့် ရီကျိရှန်ထံ လှည့်ကြည့်ပြီး လျှောက်လှမ်းသွားကာ၊
“ ရီယုက မင်းရဲ့ဘိုးဘေးလား။ ”
-ဟုမေးလိုက်၏။
အသက်(၁၈)အရွယ် လူငယ်တစ်ယောက်မှ ရီယုဟု တိုက်ရိုက်သုံးနှုန်းလာသဖြင့် ရီကျိရှန်နှင့် ကောင်မလေးက မျက်မှောင်ကြုတ်သွားသည်။
“ ဦးလေးသွားရအောင် ... ။ ”
အဆုံး၌ အနက်ဝတ်ကောင်မလေးက ပြန်ဖြေစိတ်မဝင်စားဘဲ ထွက်ခွာရန် ထရပ်လိုက် တော့သည်။
“ ငါ့ကို မေးခွန်းတချို့ ဖြေပေးပါ ... ဒီပြဿနာကိုဖြေရှင်းဖို့ ငါကူညီပေးနိုင်တယ်။ ”
သို့သော် လူငယ်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ပြောကြားလာ၏။ အနက်ဝတ် ကောင်မလေးနှင့် ရီကျိရှန်မှ အံ့သြသွားခဲ့သည်။
ကောင်တာနောက်ကွယ်ရှိ တည်ခိုခန်းပိုင်ရှင်သည်ပင် လူငယ်ထံတစ်ချက် မော့ကြည့်လာသည်။
သို့သော် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်ဖြစ်နေမှန်း မြင်ပြီးနောက် ခေါင်းယမ်းကာ ပြန်လှည့်သွား၏။
“ နင့်ခွန်အားနဲ့လား။ ”
အနက်ဝတ် ကောင်မလေးက သံသယများဝင်လာပြီး နှာခေါင်းရှုံလျက်ဖြင့်၊
“ ဟမ့် ... ဧကရာဇ်တစ်ပါးတောင် ဒီလောက်မောက်မာတဲ့စကားမျိုး မပြောဝံ့ဘူး ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်လေးစားပါ။”
-ဟု မလိုလားစွာ တုန့်ပြန်၏။
ဤလူငယ်သည် ရုတ်တရက် ရောက်ရှိလာပြီး မြွေတစ္ဆေမျိုးရိုး၏ လက်ရှိ ပဋိပက္ခများကို ဖြေရှင်းပေးနိုင်ကြောင်း အခိုင်အမာဆိုနေခဲ့သည်။ ရယ်စရာပေပင်။
လူငယ်က ပြုံးလျက်လှည့်ပြီး ကောင်တာစားပွဲဆီသို့ လျှောက်လှမ်းသွားသည်။ အနက်ဝတ်မိန်းကလေးနှင့် ရီကျိရှန်သည် မျက်မှောင်ကြုတ်ကာ သိချင်သွား၏။
ကောင်တာနောက်တွင် တည်းခိုခန်း ပိုင်ရှင်သည် ဝိုင်တခွက်ကို မော့သောက်လျက် လူငယ်ထံကြည့်ကာ၊
“ မင်းဒီမှာ နေမယ်ဆိုရင် ကျသင့်တန်ဖိုးပေးပါ ... မဟုတ်ရင် အမြန်ဆုံး ထွက်သွား ... ငါအခု ဒေါသထွက်နေတယ်။ ”
-ဟု စီးကြိုပြောကြားလိုက်သည်။
စုရီက ပြုံးပြီး ကောင်တာပေါ်မှ ဝိုင်ပုလင်းကိုကောက်ယူကာ အနံ့ခံလျက်၊
“ သားသတ်သမားအိုကြီး ... အကြွေးဆိုတာပိုက်ဆံနဲ့ ပြန်ဆပ်လို့ရနိုင်ပေမယ့် မင်းဘဝကို အကြွေးတင်နေရင် ဘယ်လို ပြန်ဆပ်မလဲ။ ”
-ဟု ပြောကြားလိုက်၏။
ဤစကားများသည် တည်ခိုးခန်းပိုင်ရှင် စကားနှင့် ကျိုးကြောင်းဆီလျော်ခြင်း မရှိသော်မှ တည်ခိုခန်းပိုင်ရှင်သည် မျက်ခုံးပင့်လျက် တဆက်ဆက် တုန်ခါလာလေသည်။
နှစ်များမရေမတွက်နိုင်အောင် မိုးခေါင်ပြီးနောက် မိုးခြိမ်းသံကြားလိုက်ရသလို ပေပင်။
မယိမ်းမယိုင်သော ကျောက်ဆောင်ကဲ့သို့ အေးစက်မာကျောလှသည့် တည်းခိုခန်းပိုင်ရှင် ခမျာ ယခုအခါတွင် တည်ငြိမ်မှုမရှိတော့ချေ။
ထိုမြင်ကွင်းသည် ရီကျိရှန်နှင့် အနက်ဝတ်ကောင်မလေးကို အံ့သြသွားစေကာ တစ်ခုခုလွဲမှားနေမှန်း ခံစားမိလာစေ၏။
လူငယ်၏ စကားများအတွင်း သားသတ်သမားအိုကြီးဟူသည့် စကားစုသည် မည်သို့သော အဓိပ္ပါယ်ဆောင်သနည်း။
ဤနေရာတွင် နှစ်ပေါင်းသောင်းဂဏန်း တိုင်အောင် အထီးကျန်စွာ ရှင်သန်နေထိုင်သည့် တည်ခိုခန်းပိုင်ရှင်နှင့် ထိုလူငယ်သည် မည်သို့ ပတ်သတ်နေသနည်း။
ဘဝတစ်ခု အကြွေးတင်သည် ဟူသော စကားများသည် အဘယ်နည်း။ မေးခွန်းပေါင်း များစွာသည် မြွေတစ္ဆေမျိုးရိုးမှ သူတို့နှစ်ဦးထံ ဝေ့ဝဲဝင်ရောက်လာချေပြီ။
***