← Chapters

အဆိပ်ရှိ ပိုးစိမ်းကောင်

Vol. 1 Ch. 192

အဆိပ်ရှိ ပိုးစိမ်းကောင်

Vol. 1 Ch. 192

ကျန်းရီ၏ ယူဆချက် မှန်ကန်ခဲ့သည်။ လက်ရှိ အချိန်တွင် ထိုနေရာမှ အရှေ့ဘက် ကီလိုမီတာ ငါးရာကျော်ခန့်တွင် လူတစ်ရာကျော် နေရာ ယူထားသော တောင်ကြားတစ်ခု ရှိလေသည်။ ထိုနယ်မြေကို ဖြတ်သွားသော သိုင်းသမား များသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူအများကြီးကို ခြေရာခံမိသည်နှင့် သတိလက်လွတ် ဖြစ်သည် အထိ ကြောက်လန့်ကာ အမြန်ဆုံးနှုန်းနှင့် ထွက်ပြေး ကြရသည်။

ထိုလူအုပ်သည် အတော်လေး ထူးဆန်းလေသည်။ သူတို့ ရွှေကျင်းရှီ လွင်ပြင်ကို ရောက်လာချိန် ကတည်းက မည်သူ့ နောက်ကိုမှ လိုက်လံ သတ်ဖြတ်ခြင်း မရှိခဲ့ပေ။ သူတို့အားလည်း မည်သူကမှ ရန်သွားစခြင်း မရှိခဲ့ရာ ထိုနေရာ၌ပင် စခန်းချ နေကြလေသည်။

"ဝှစ်"

သိုင်းသမား တစ်ဦးသည် တောင်ထိပ်ပေါ်မှ လျင်မြန်စွာ ဆင်းသက် လာခဲ့သည်။ သူသည် ပြေးပြေး လွှားလွှားနှင့် သွားလာလိုက်ပြီး အဖိုးတန် လှသော ဝတ်စုံများ ဝတ်ဆင် ထားကြသည့် သခင်လေး နှစ်ယောက်၏ ရှေ့တွင် ဒူးထောက် လိုက်လေသည်။

"တတိယ မင်းသား၊ ခေါင်းဆောင်ငယ် ... ကျန်းရီ ရှိနေတဲ့ နေရာက ဒီနေရာရဲ့ အနောက်ဘက် ကီလိုမီတာ ငါးရာကျော်မှာလို့ ခြေရာ ခံမိပါတယ် ... လင်းတ သားရဲက တတိယ အဆင့် နတ်ဆိုး သားရဲရဲ့ အမြန်နှုန်းနဲ့ ပြေးသွားတဲ့ အပြာရောင် ဝံပုလွေကြီးကို ခြေရာ ခံမိတယ် ဆိုတဲ့ သတင်းနဲ့ ပြန်ရောက် လာပါတယ်"

"အပြာရောင် ဝံပုလွေကြီး ... ပြီးတော့ တတိယအဆင့်"

ကျန်းစွန်းဝူကျိနှင့် ရှားထျန်းတို့၏ မျက်လုံးများ ချက်ချင်း တောက်ပ လာခဲ့သည်။ အေးစက်စက် အငွေ့အသက်များ ရှိနေသော ကျန်းစွန်းဝူကျိ၏ နှုတ်ခမ်း ထောင့်များ ကော့တက်သွားကာ ရယ်ချ လိုက်သည်။

"တတိယ အဆင့် နတ်ဆိုး သားရဲတွေ အားလုံးမှာ ငွေလ ဝံပုလွေက အမြန်ဆုံးပဲ။ ဒါ့အပြင် ဝိညာဉ်သားရဲ သင်တန်းကျောင်းက လူတွေက လွဲပြီး အပြင်လူတွေ ဝိညာဉ်သားရဲ အဆောင်ကို ရဖို့ ခက်ခဲတယ် ... ပြီးတော့ ဝံပုလွေ အမျိုးအစား နတ်ဆိုး သားရဲကို ပိုင်ဆိုင်ထားတာ ကျန်းရီ တစ်ယောက်ပဲ ရှိတာ ... ဟား ... ဟား ... ငွေလ ဝံပုလွေရဲ့ အမွေးတွေကို ဆေးဆိုးတာ မပြောနဲ့ အမွေးတွေ အကုန် ရိတ်ပစ် လိုက်ရင်တောင် လင်းတ သားရဲရဲ့ အကြည့် အောက်ကနေ မလွတ်မြောက်နိုင်ဘူး ... သူ ငွေလ ဝံပုလွေကို မသုံးတော့မှပဲ ရမှာ"

ရှားထျန်းသည် လက်ပြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"တစ်ယောက်ယောက် ... မိန်းကလေးရွှေဆီ စာပို့ခို လွှတ်ပြီး ငါတို့ ကျန်းရီရှိတဲ့ နေရာကို သိပြီဖြစ်ကြောင်း သတင်းပို့ချေ။ သူမကို သူမတပ်ဖွဲ့ ခေါ်ပြီး ကျန်းရီကို ဝိုင်းခိုင်း လိုက်တော့"

"အလျင်လိုဖို့ မလိုပါဘူး"

ကျန်းစွန်းဝူကျိသည် လက်ကာပြကာ ပြောလိုက်သည်။

"ငါတို့ မသေချာ သေးခင် ရွှေချမ်လော့ကို ဘာမှ မပြောတာ အကောင်းဆုံးပဲ ... ငါတို့ သိသလောက်ဆို သူမ အမဲလိုက်လာရင် သေချာပေါက် ဒေါသတကြီး ဖြစ်ဦးမှာ ... ရိုးရိုးသားသား ပြောရရင် ငါတို့ အစီအစဉ် တွေကို သူမ ဖျက်ဆီးလိုက်မိမှာ ငါစိုးရိမ်တယ် ... ငါတို့အရင် သွားပြီး စစ်ဆေး လိုက်တာက ပိုကောင်းမယ် ... ငါတို့မှာ လူအလုံအလောက် ရှိတာပဲ ... ငါတို့ ကျန်းရီကို ဝိုင်းနိုင်ရင် သူသေဖို့ပဲ ရှိတော့တယ် ... ငါပြောရဲတယ် ... မင်း ရွှေချမ်လော့ဆီ ကျန်းရီရဲ့ ခေါင်းကို ယူသွား ပေးနိုင်ရင် သူမပိုပြီး ကျေနပ်လိမ့်မယ်"

"ငါတို့ ဘာကို စောင့်နေ ရမှာလဲ"

ရှားထျန်းသည် ရယ်မောလိုက်ပြီး သူ့လက်ထဲမှ ဝိညာဉ်သားရဲ အဆောင်သည် လင်းလက် သွားခဲ့သည်။ သူသည် ထွက်ပေါ်လာသော အနက်ရောင် ကျားကြီးပေါ် ခုန်တက် လိုက်ကာ အော်ဟစ် အမိန့်ပေးလိုက်သည်။

"သွားကြစို့"

"ရေခဲနဂါး"

ကျန်းစွန်းဝူကျိ သည်လည်း သူ၏ ရေခဲနဂါးကြီးကို ဆင့်ခေါ်လိုက်ကာ ခုန်တက်၍ အော်ဟစ် လိုက်သည်။

"လင်းတ သားရဲကို ကျန်းရီ ရှိတဲ့နေရာ ဆက်ပြီး ခြေရာခံခိုင်း ထားလိုက် ... အားလုံး ကျန်းရီရှိတဲ့ နေရာကို အမြန်ဆုံးနှုန်းနဲ့ သွားကြမယ် ... ကျန်းရီကို သတ်နိုင်တဲ့ သူကို ခရမ်းရောင် ရွှေတစ်သန်း ချီးမြှင့်မယ်"

ကျန်းစွန်း ဂိုဏ်းသားများနှင့် ရှားထျန်း၏ လူများသည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ လူတစ်ရာကျော်သည် အရှိန်အဝါ များကို ထုတ်ဖော်၍ ချီတက် ကြလေသည်။ အနီး ပတ်ဝန်းကျင်ရှိ သိုင်းသမား များသည် ဝိညာဉ် လွင့်မတတ် ထိတ်လန့် နေကြလေသည်။

ကျန်းစွန်းဝူကျိနှင့် ရှားထျန်းသည် နိုင်ငံအဆင့် ပြိုင်ပွဲကို စိတ်မဝင်စား၍ တော်သေးသည်။ သူတို့သည် ကျန်းရီကို သတ်ရန် အတွက်သာ သီးသန့် ရောက်ရှိ လာကြခြင်း ဖြစ်လေသည်။ အထူးသဖြင့် ကျန်းစွန်းဂိုဏ်းက အပြည့်အဝ ထောက်ပံ့ ပေးနေသော အချိန်တွင် ကျန်းစွန်းဝူကျိသည် ကျန်းရီကို သေအောင် သတ်ရမည်။ ကျန်းရီ အသက်တစ်ရက် ပိုရှည်နေသရွေ့ ကျန်းရိလျှို၏ နေရာသည် မတည်မငြိမ် ဖြစ်နေမည်သာ။ ကျန်းရိလျှို၏ အမေသည် ကျန်းစွန်းဂိုဏ်းမှ ဖြစ်သောကြောင့် သူတို့သည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ရာထူးကို ကျန်းရိလျှိုသာ ရစေချင်ကြသည်။

***

"သေလိုက် ပါတော့ကွာ"

ကျန်းရီသည် အရူးတစ်ယောက် ပမာ တစ်နာရီကျော် ပြေးလွှား နေခဲ့သည်။ သူပြေးခဲ့သည်မှာ မည်မျှကြာပြီ မသိသော်လည်း ကောင်းကင်ပေါ်မှ ငှက်ကြီးသည် သူ့နောက်သို့ လိုက်နေ ဆဲသာ ဖြစ်ကြောင်း သူသတိထား မိလေသည်။ ထိုငှက်ကြီးသည် ကျန်းစွန်းဂိုဏ်းမှ မွေးထားခြင်း ဖြစ်ကြောင်း ပိုလို့ပင် သူသေချာ သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူသည် ခရမ်းရောင် နန်းတော်ရှင် အဆင့် သိုင်းသမား များစွာနှင့် တွေ့ခဲ့သည်။ သူသည် ထိုလူများအား အလွယ်လေး သတ်နိုင် ပါသော်လည်း သူ့နောက်လိုက် နေကြသူများ ဘယ်လောက် အကွာအဝေးသို့ ရောက်နေပြီကို မသိ ပါသောကြောင့် အချိန်ဆွဲ မနေရဲပါပေ။ ငွေလ ဝံပုလွေကြီးသည် ထိုလူများအား တရိပ်ရိပ် ကျော်ဖြတ်၍ ပြေးလွှား နေခဲ့သည်။ ကျန်းရီအား တိုက်ခိုက် ချင်ကြ သူများသည် သူ့အား အမီမလိုက် နိုင်ကြပေ။

"ရပ်တော့"

ကီလိုမီတာ ရာပေါင်းများစွာ ပြေးလာခဲ့ပြီး ဖြစ်သော်လည်း ကျန်းရီသည် ကောင်းကင်ထက်တွင် ဝေ့ကာဝဲကာ ပျံသန်း နေသည့် ငှက်ကြီးအား တွေ့ရဆဲသာ။ သူသည် ငွေလ ဝံပုလွေကြီးကို ပြန်သိမ်းလိုက်ပြီး တောအုပ်ထဲ ပြေးဝင် သွားလိုက်သည်။ ငွေလ ဝံပုလွေကြီးသည် ထင်ရှား လွန်းသည်။ သူသာ ဤပုံအတိုင်း ဆက်ပြေး နေပါလျှင် ငှက်ကြီးသည် သူရှိရာ နေရာကို အစဉ်မပြတ် မြင်နေ ရလိမ့်မည်။ မည်သို့ဆိုလျှင် သူသည် ရန်သူများ ဝိုင်းဝန်း ဖမ်းဆီးခြင်း ခံရလိမ့်မည်။

အချိန် အတော်ကြာ ပြေးလွှား နေပြီးနောက် မြေမျက်နှာ သွင်ပြင်သည် ထပ်မံ ပြောင်းလဲ သွားခဲ့သည်။ ၎င်းသည် သစ်ပင်ကြီးများသာ ရှိသည် တောနက်ကြီး သဖွယ် ဖြစ်သွား ခဲ့ခြင်းပါပေ။ သူသာ အပြင်ထွက်၍ ကိုယ်ထင်ပြ လိုက်လျှင် ငှက်ကြီးသည် သူ့အား ထပ်မံ သတိပြုမိ သွားလိမ့်မည်။

"ငါအခု ဘာလုပ်သင့်လဲ"

ကျန်းရီသည် မျက်လုံးများ မှေးစင်းကာ အစဉ်မပြတ် တွေးတော လိုက်သည်။ ရန်သူများသည် သူ့အား ခြေရာခံမိ ထားပြီ ဖြစ်ရာ ဤပုံအတိုင်း ဆက်လက် ပြေးလွှား နေပါလျှင် သူအဝိုင်းခံရ ပေလိမ့်မည်။

"ဟုတ်သားပဲ ... မြေအောက်ထဲ"

သူသည် ချက်ချင်း စိတ်အား တက်ကြွလာခဲ့သည်။ သူသည် ပုန်းကွယ်ရန် ကျောက်တုံးကြီးများ ရှာဖွေလိုက်ပြီး အနက်ရောင် အကြေးခွံဓားနှင့် မြေအောက်ကို တူးတော့သည်။ ကျန်းရီ မြေအောက်တွင် လမ်းကြောင်း တစ်ခု တူးနေချိန်၌ ငှက်ကြီးသည် သူ့အား ခြေရာ မခံနိုင်တော့ပေ။ သူမြေအောက်၌ အချိန်အတော်ကြာ ဂူလမ်းကြောင်း တူးပြီးလျှင် ငှက်ကြီးကို မျက်ခြည်ဖြတ်နိုင် လိမ့်မည်။ ထို့နောက် ငွေလ ဝံပုလွေကြီးကို စီးကာ ထပ်မံ ထွက်ပြေးရမည်။ ကျန်းရီ၏ အကြံသည် မဆိုးလှပါချေ။

လင်းတ သားရဲကြီးသည် ကျန်းရီကို မျက်ခြည်ပြတ်သွား၍ တောအုပ် အနီးတွင်သာ ဝေ့ဝဲ ပျံသန်းနေလေသည်။ ကျန်းစွန်းဝူကျိတို့ ရောက်လာသော အချိန်တွင် ကျန်းရီသည် မြေအောက်ထဲမှ နေ၍ ကီလိုမီတာ များစွာ ရောက်အောင် ပြေးသွားခဲ့ပြီ ဖြစ်သည်။ သူသည် တောအုပ်၏ အခြား တစ်ဖက်မှ မြေပေါ် ပြန်တက်ကာ ငွေလ ဝံပုလွေကြီး စီး၍ ထွက်ပြေး သွားခဲ့သည်။

"ဝူကျိ ... ငါတို့ ဘာဆက်လုပ် ကြမလဲ ... အဲဒီ ဒီမျိုးမစစ် ကောင်မှာ ငွေလ ဝံပုလွေကြီး ရှိနေတယ် ... ငါတို့တွေ သူ့ကို ဝိုင်းနိုင်ဖို့က တော်တော် ခက်တယ်"

မကြာခင်တွင် ကျန်းစွန်း ဂိုဏ်းသား များသည် ကျန်းရီ၏ တူးခဲ့သော မြေအောက် ဥမင် လိုဏ်ခေါင်းကြီးကို တွေ့သွားခဲ့သည်။ သူတို့သည် ကီလိုမီတာ ငါးဆယ်အတွင်း ကျန်းရီကို ခြေရာခံရန် လင်းတ သားရဲကို လွှတ်လိုက် ပါသော်လည်း ကျန်းရီကို ရှာမတွေ့ခဲ့ပေ။ သူတို့သည် ကျန်းရီကို ဝိုင်းဝန်း ဖမ်းဆီးခြင်း ကျရှုံး သွားကြောင်း လျှောက်တင် လိုက်ကြသည်။ ထိုအကြောင်းကို ရှားထျန်း သိသောအခါ ကျန်းစွန်းဝူကျိထံ သုန်မှုန် နေသော မျက်နှာထားနှင့် လျှောက်သွား လိုက်သည်။

"ဒီလင်းတ သားရဲတွေက ရှားပါးတာ စိတ်မကောင်းစရာပဲ ... အများကြီးသာ ရှိမယ်ဆိုရင် ငါတို့ အကုန်လုံးကို တစ်ပြိုင်နက် လွှတ်လိုက်နိုင်တယ် ... ဒါဆို အခုလို ကျန်းရီ ထွက်ပြေးစရာ နေရာ ရှိမှာ မဟုတ်ဘူး"

ကျန်းစွန်းဝူကျိသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး မျက်လုံးများကို မှေးစင်း လိုက်သည်။ ထို့နောက် ကောက်ကျစ်သော လေသံနှင့် ပြောလိုက်သည်။

"တခြား နည်းလမ်း မရှိတော့ဘူး ... ငါတို့ ရွှေချမ်လော့ဆီ သွားပြီး ယွင်ဟဲကို လှုပ်ရှား ခိုင်းပေးဖို့ တောင်းဆိုခိုင်း ရတော့မယ် ... ငါတို့ ဂိုဏ်းရဲ့ သတင်း အရင်းအမြစ်တွေ အရ ယွင်ဟဲက တောင်တစ်ခု ပေါ်ကနေ ရှေးဟောင်း မျိုးနွယ် အဆိပ်ရှိ ပိုးစိမ်းကောင်တွေ ရလာ ခဲ့တယ်လို့ ငါသိထားတယ် ... အဆိပ်ရှိ ပိုးစိမ်းကောင်တွေ လွှတ်လိုက်တာနဲ့ ကျန်းရီရှိတဲ့ နေရာကို လွယ်လွယ် ခြေရာခံလို့ ရပြီ"

"ယွင်ဟဲ"

ရှားထျန်းသည် မျက်မှောင်ကြုတ်၍ အပြတ် ငြင်းပယ် လိုက်သည်။

"မဖြစ်ဘူး ... ရွှေချမ်လော့ ပြောဖူးတယ် ...  ကျန်းရီကို သတ်နိုင်အောင် သူမကို ကူညီပေးရင် အဲဒီလူကို တစ်လလုံးလုံး အဖော်ပြု ပေးမယ်လို့ ... ယွင်ဟဲက ရှန်မိနိုင်ငံရဲ့ မင်းသားတစ်ပါး၊ ငါတို့ သူ့ကို အကူအညီ တောင်းလိုက်ရင် ရွှေချမ်လော့ကို သူ့ဆီ ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား ... ရွှေချမ်လော့က ငယ်ရွယ်ပြီး တုံးအ သေးတယ် ... သူမက ယွင်ဟဲရဲ့ လှည့်ကွက်ထဲ ရောက်သွားပြီး သန့်စင်မှု ဆုံးရှုံးလိုက်ရရင် ဘယ်လို လုပ်မလဲ ... ငါကြိုးစားထား သမျှ သဲထဲရေသွန် ဖြစ်ကုန်မှာ မဟုတ်ဘူးလား"

"ဒါလည်း ဟုတ်တာပဲ"

ကျန်းစွန်းဝူကျိသည် ခေါင်းညိတ် လိုက်ပြီး ခေါင်းကိုက် လာသလို ခံစား လိုက်ရသည်။ နောက်ဆုံးတွင် သူအံကြိတ်၍ တစ်ခုခုကို ဆုံးဖြတ်လိုက်သည်။

"ရွှေချမ်လော့ကို အကူအညီ တောင်းဖို့ မပြောနဲ့တော့၊ ငါ ကောင်းကင်အဆင့် ရတနာ တစ်ခု စိုက်မယ် ... မင်းလည်း ကောင်းကင် အဆင့် ရတနာ တစ်ခုထုတ် ... ယွင်ဟဲကို ငါတို့ သူ့ဆီက အကူအညီ တောင်းကြောင်း အကြောင်းကြားလိုက် သူကျန်းရီကို သတ်လိုက် ရင်တောင် တကယ် အကျိုးအမြတ် ရမှာက မင်းပဲ ... တစ်လ အချိန်အတွင်း တတိယ မင်းသား အဲဒီ ဒီမိန်းကလေးကို ကိုင်တွယ် နိုင်မယ်လို့ ငါယုံတယါ"

"ကောင်းပြီ"

ရှားထျန်းသည် စဉ်းစားလိုက်ပြီး လက်ဟန်ပြကာ အမိန့်ပေး လိုက်သည်။

"ယွင်ဟဲကို ရှာဖို့ တစ်ယောက်ယောက် လွှတ်လိုက် ... ငါ ရွှေချမ်လော့ကို ရမယ်ဆိုရင် သူ့ကို ကောင်းကင် အဆင့် ရတနာ ပေးရမယ် ဆိုလည်း ဖြစ်တယ်"

ကျန်းစွန်းဝူကျိ သည်လည်း လက်ကို ယမ်းကာ အမိန့် ပေးလိုက်သည်။

"လင်းတ သားရဲကို ယွင်ဟဲရှိတဲ့ နေရာ ခြေရာ ခံခိုင်းပြီး သူ့ကိုတွေ့ရင် အဆိပ်ရှိ ပိုးစိမ်းကောင်တွေ သုံးပြီး လူတစ်ယောက်ကို ခြေရာခံဖို့ အကူအညီ တောင်းစာ ပို့လိုက် … တောင်းဆိုချက် အောင်မြင်သွားမယ် ဆိုရင် ကောင်းကင် အဆင့် လက်နက် နှစ်ခုနဲ့ လက်ရွေးစင် မိန်းကလေး ဆယ်ယောက် သူရစေရမယ်"

လေးနာရီ အတွင်း လင်းတ သားရဲသည် ရှန်မိနိုင်ငံ၏ မင်းသား(၆) ယွင်ဟဲ ရှိရာကို ရှာတွေ့ခဲ့သည်။

သူသည် ဆယ်မီတာခန့် မြင့်သော လူဝံကြီး၏ ဘယ်ဘက် ပခုံးထက်တွင် ထိုင်နေခြင်း ဖြစ်ရာ သူ့အား အလွယ်တကူ ရှာတွေ့ခဲ့သည်။ သူသည် အစိမ်းရောင် သံချပ်ဝတ် မိန်းမလှလေး အယောက်ငါးဆယ် ပါဝင်သော လူစုအပြင် ခြွေရံသင်းပင်း တစ်ရာကျော်နှင့် အတူ ရှိနေခဲ့သည်။ ရှင်းရှင်း ပြောရလျှင် ရွှေယွဲ့လျန် မျှော်စင်မှ တပ်ဖွဲ့ ဖြစ်လေသည်။

လင်းတ သားရဲကြီးသည် စာလိပ် တစ်ခုကို ခြေသည်းများ အကြား သယ်ဆောင် လာ၍ လျင်မြန်စွာ အောက်သို့ ပျံသန်း လာခဲ့သည်။ မလှမ်းမကမ်း အရောက်တွင် ၎င်းသည် စာလိပ် လွှတ်ချ ပေးလာခဲ့သည်။ ယွင်ဟဲသည် လက်တစ်ဖက်နှင့် စာလိပ်ကို ဖမ်းယူ လိုက်သည်။ သူသည် ဖွင့်ဖတ်ပြီးသော လှောင်ပြောင်သည့် အမူအရာသည် သူ့မျက်နှာ ချောချော ထက်တွင် တစ်စွန်း တစ်စ ထွက်ပေါ် လာခဲ့သည်။

သူသည် အသာ ရယ်မော လိုက်ပြီး လူဝံကြီး ကျန်ပခုံး တစ်ဖက်ထက် ထိုင်နေသော ရွှေချမ်လော့ကို လှည့်ကြည့်ကာ စကား ပြောလိုက်သည်။

"မိန်းကလေးရွှေ ... ကျန်းစွန်းဝူကျိနဲ့ ရှားထျန်းက ကျွန်တော့်ဆီ ကျန်းရီနောက် လိုက်ပေးဖို့ အကူအညီ တောင်းစာ ပို့လာတယ် ... ခွီ ... သူတို့တွေ အကြံကုန်သွားပြီနဲ့ တူတယ် ... မစိုးရိမ်ပါနဲ့ ... ဒီသခင်လေးက မင်းအတွက် သေချာပေါက် လက်စား ပြန်ချေပေးမယ် ... နောက်ငါးရက် အတွင်း ကျန်းရီရဲ့ ခေါင်းကို မင်းဆီ လက်ဆောင်အဖြစ် ပေးမယ်"

***

All Chapters