← Chapters

အခန်း (၅၇၃-၅၇၄)

Vol. 37 Ch. 573-574

အခန်း (၅၇၃-၅၇၄)

Vol. 37 Ch. 573-574

အခန်း (၅၇၃) ပင်မအမြောက်ရဲ့ ပစ်ချက်ကို ခံနိုင်ရည်ရှိမှာလား။ (၂)

ပင်မအမြောက်၏ အရှိန်သည် သံသယမရှိလောက်အောင် မြန်ဆန်ပြီး ယခု သူ့အား သော့ခတ်ထားသောကြောင့် ရှောင်တိမ်းရန် ကြိုးစားခြင်းမှာ အကျိုးမရှိပေ။ အမြောက် ပစ်ခတ်ခြင်းမှ ထိမှန်သည့်အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးမှာ မီလီစက္ကန့်အတွင်းသာ ဖြစ်သည်။ ဒီဂူလစ်ရှ်နှင့် အခြားနှစ်ဦးတို့သည်ပင် အမြောက် မပစ်ခတ်မီ ရှောင်ထွက်သွားကြရသည်။

သူသည် မဟူရာအလင်း လျှို့ဝှက်ယာဉ်ပေါ်သို့ မတက်နိုင်သောကြောင့်၊ သူ့ကိုယ်ပိုင်အရှိန်ဖြင့် အမြောက်၏ ထိခိုက်မှုကို ရှောင်ရှားနိုင်မည်မဟုတ်ပေ။ သူ၏ [ဗွိုက် ခရီးသွားခြင်း] စွမ်းရည်သည် တစ်ချက်တည်းကို ရှောင်နိုင်သော်လည်း၊ ပင်မအမြောက်သည် ဆက်လက်လှုပ်ရှားနေသရွေ့၊ သူရှောင်သွားသည်ကို မြင်ပါက နောက်ထပ်တစ်ချက် ထပ်ပစ်လိုက်ရုံသာ ဖြစ်သည်။

ထိုအစား သူ့မှာရှိသည့် အကာအကွယ်အားလုံးကို စုစည်းပြီး အကန့်အသတ်ရှိသည့် အချိန်ကို အသုံးချခြင်းက ပိုကောင်းလိမ့်မည်၊ ပြီးလျှင် [ပြန်ကန်ခြင်း - ဆူး] စွမ်းရည်ကို အာမခံချက်အနေဖြင့် အသုံးပြုပြီး အမြောက်၏ ထိခိုက်စေမှုပမာဏကို ရှာဖွေနိုင်သည်။ အစီအမံများစွာဖြင့် သူ၏ ရှင်သန်နိုင်ခြေ အတော်လေးမြင့်မားသင့်ပြီး အကယ်၍ သူအသက်ရှင်ခဲ့ပါက ရန်သူကို ခြောက်လှန့်ရန် လှည့်ကွက်အနေဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထိုသို့တွေးနေစဉ် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုတစ်ခုလုံး ရောက်လာသည်ကို ခံစားလိုက်ရ၏။

ဟန်ရှောင်းသည် သူ၏ခံတပ်တွင် ပုန်းခိုနေသည်။ သူသည် အမြောက်ရောင်ခြည် ပစ်ခတ်ခြင်း၏ ပြင်ပမြင်ကွင်းကို မမြင်နိုင်ဘဲ၊ အမျိုးမျိုးသော ဒိုင်းများ ကွဲကြေသွားခြင်း၊ သူ၏ ယန္တရားစစ်သား အများအပြား ပျက်စီးသွားခြင်းတို့၏ ယန္တရားစွမ်းအား၏ တုံ့ပြန်ချက်မှတစ်ဆင့်သာ ခံစားနိုင်သည်။ ထိုးဖောက်ဝင်ရောက်လာသော အဖြူရောင်အလင်းသည် သူ၏အမြင်အာရုံကို ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဘုန်း

ကြီးမားသော အင်အားတစ်ခုသည် တောင်တစ်လုံးကဲ့သို့ ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်၊ ဟန်ရှောင်းကို မြေကြီးပေါ်သို့ ရိုက်ချကာ ပင်မအမြောက်၏ စွမ်းအင်တိုင်လုံးကြီးထဲတွင် နစ်မြုတ်သွားစေ၏။ သူ၏အမြင်အာရုံသည် ဗလာဖြစ်နေပြီး စွမ်းအင်ရောင်ခြည်သည် ရေတံခွန်ကဲ့သို့ တရစပ်ကျဆင်းလာပြီး သူ့ကိုမှောက်လျက်အနေအထား ရှိနေစေရန် တွန်းအားပေးနေသည်။

သူ့သွေးအမှတ်သည် လျင်မြန်စွာ ကျဆင်းသွားသည်၊ စွမ်းရည်မှ ၃၀ရာခိုင်နှုန်း လျှော့ချလိုက်သည့် ပျက်စီးဆုံးရှုံးမှုနှင့်အတူ၊ ပထမဆုံး ထိခိုက်မှုက သူ၏စုစုပေါင်း သွေးအမှတ်ကို သုံးပုံတစ်ပုံ လျှော့ချပစ်လိုက်သည်။ နောက်ဆက်တွဲအနေဖြင့် မြင့်မားသော အပူချိန်နှင့် စွမ်းအင်လှိုင်းများသည် ဆက်တိုက်ဆိုသလို ပျက်စီးမှုကို ဖြစ်စေပြီး သူ၏သွေးအမှတ်ကို လျင်မြန်စွာ ဆုံးရှုံးသွားစေသည်။ ဟန်ရှောင်း လှုပ်ရှားလို့မရတော့ဘဲ၊ သူ့အသားနှင့် သွေးများ အရည်ပျော်ပြီး အငွေ့ပျံသွားသည်ကိုသာ ခံစားလိုက်ရသည်။ အပျက်သဘောဆောင်သည့် အခြေအနေအမျိုးမျိုး သူ့အင်တာဖေ့စ်ပေါ်တွင် ပေါ်လာသည်။

သာမန်လူတစ်ယောက်သာဆိုလျှင် အမြောက်ပေါက်ကွဲမှုကြောင့် အမှုန့်ဖြစ်သွားမှာ သေချာ၏။ အကြွင်းအကျန်များပင် ကျန်ရှိတော့မည် မဟုတ်ပေ။

ဟန်ရှောင်းသည် သွားများကိုကြိတ်ကာ [အလယ်အလတ်အဆင့် ဆဲလ်ပွားများခြင်း ထိန်းချုပ်မှု] စွမ်းရည်ကို အသက်သွင်းကာ သူ၏ သွေးအမှတ်ကို တတ်နိုင်သမျှ မြန်မြန်ဖြည့်လိုက်သည်။ အမှတ်ခြစ်တစ်ခုစီတိုင်းသည် သူ့ကို သွေးအမှတ်၏ ၂၈ရာခိုင်နှုန်း ပြန်လည်ရရှိစေမည်ဖြစ်သည်။ ၎င်းသည် သူ၏ ကျဆင်းနေသော သွေးအမှတ် ပြန်လည်ရရှိမှုကို မျှတသွားစေသည်။ တိုင်းတာမှုဘားတန်းသည် အဆက်မပြတ် တက်လိုက်ဆင်းလိုက်ဖြစ်နေ၏။ ဟန်ရှောင်း ကြက်သီးထသွားပြီး၊ အော်ရိုရာ၏ ဇာတ်ကောင်ဆင့်ခေါ်ကတ်ကို အချိန်မရွေး အသက်သွင်းရန် ပြင်ဆင်ထားလိုက်သည်။

တစ်စက္ကန့်လျှင် သွေးအမှတ် ၁၀,၀၀၀ ကျော် ပြန်လည်ရယူရန်မှာ စွမ်းအင် ၂,၀၀၀ မှ ၃,၀၀၀ အထိ အသုံးပြုခြင်းနှင့် ညီမျှသည်။ ကံကောင်းထောက်မစွာ၊ အမြောက်သည် သူ့ကို ထိခိုက်စေသဖြင့်၊ ၎င်းသည် မကုန်ခန်းနိုင်သော စွမ်းအင်ထောက်ပံ့မှုကို ပေးစွမ်းနေသည်၊ သူ၏ သွေးအမှတ်ပြန်လည်ရယူနိုင်မှုစွမ်းရည်မှာ အပြည့်အဝ ပြသနေ၏။

အင်တာဖေ့စ်သည် ပျက်စီးဆုံးရှုံးခြင်း အကြောင်းကြားချက်များဖြင့် ပြည့်လျှံနေသည်။ ပင်မအမြောက်မှ တိုက်ခိုက်မှုတွင် စစ်မှန်သောထိခိုက်မှု အပိုင်းတစ်ပိုင်းလည်း ပါဝင်သော်လည်း၊ ၎င်းကို ဟန်ရှောင်း၏ [သံမဏိကိုယ်ထည်] စွမ်းရည်ဖြင့် ပျက်ပြယ်သွားစေသည်။ ဤအချက်သည် အရေးကြီးသည်၊ အကြောင်းမှာ ၎င်းသည် သူရရှိခဲ့သော အကြီးအကျယ်ထိခိုက်မှုကို လျှော့ချပေးသောကြောင့် ပုံမှန်ထိခိုက်မှုကိုသာ ခံစားရစေသည်။

...

လွန်ခဲ့သော စက္ကန့်အနည်းငယ်က...

နောက်ထပ် အမှောင်ကြယ် အာကာသယာဉ် တစ်စင်း ပစ်ချခံလိုက်ရပြီး မီးခိုးလုံးများ ဝိုင်းရံထားကာ နာဂါကင်သည် ဝေဟင်တွင် ခေတ္တရပ်တန့်သွားပြီး ဟန်ရှောင်း၏ စစ်မြေပြင်ကို ငုံ့ကြည့်ကာ သူ့မျက်လုံးထဲတွင် အံ့သြမှုများ အထင်အရှားပေါ်နေသည်။

‘ဘလက်စတား တကယ်ပဲ ကပ်ဘေးအဆင့် သုံးယောက်ရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိခဲ့တယ်။ သူဘယ်လိုများလုပ်ခဲ့တာလဲ။’

နာဂါကင်သည် အလွန်အံ့သြသွားသည်၊ သူပင်လျှင် ထိုအဆင့်ကို မရောက်နိုင်သောကြောင့် ဖြစ်သည်။

ထိုအချိန်မှာ စစ်မြေပြင်တွင် အပြောင်းအလဲများ ရှိနေသည်ကို သူသဘောပေါက်သွားတယ်။ ဘလက်စတားက သူ့ကိုယ်သူ အပေါ်ကနေ အကာအကွယ်တွေ အဆက်မပြတ် တင်နေတာကို သူမြင်လိုက်ရပြီး ကပ်ဘေးအဆင့် သုံးယောက်ကတော့ အန္တရာယ်ရှိတဲ့ အရာတစ်ခုခုကနေ ပုန်းနေသလိုမျိုး ထွက်ပြေးသွားကြသည်။

"သူတို့ ဘာလို့ တိုက်တာရပ်လိုက်ကြတာလဲ။ ဘလက်စတားက ဘာကို ကာကွယ်နေတာလဲ"

နာဂါကင်တွင် ရှုပ်ထွေးသော အမူအရာ ရှိနေသည်။ သို့သော် အကြောင်းပြချက်ကို သူ မစဉ်းစားနိုင်မီ အဖြေက သူ့ထံ ရောက်လာသည်။

ရွှစ်

ကြီးမားသော အလင်းတန်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လိုက်သလို ဟန်ရှောင်းကို ထိမှန်သွားသည်။ အလင်းတန်းသည် မီတာရာဂဏန်းအထိ ကျယ်ဝန်းသောကြောင့် 'ထိမှန်' ဟူသော စကားလုံးသည် နည်းနည်းတော့ မတိကျနိုင်ပေ။

ကောင်းကင်မှ မြေကြီးဆီသို့ အလင်းတန်း ဖြတ်သွားသည့်အချိန်သည် မျက်စိတစ်မှိတ်ထက် ပိုမြန်၏။ နာဂါကင်၏ တုံ့ပြန်မှုအမြန်နှုန်းနှင့်ပင် သူသည် မည်သည့် တန်ပြန်အစီအမံများကိုမျှ ပြုလုပ်ရန် အချိန်မရှိဘဲ ပြင်းထန်သောအလင်းရောင်ကို ခုခံရန် မျက်လုံးမှေးထားရုံသာ တတ်နိုင်သည်။

ဘန်း!

အမြောက်၏ ဖောက်ခွဲမှုက မြေမျက်နှာသွင်ပြင်အသစ်တစ်ခု ဖြစ်သွားစေသည်။

ဘုရားသခင်၏ လှံတစ်ချောင်းက ကမ္ဘာမြေကြီးထဲသို့ တည့်တည့်ထိုးစိုက်လိုက်သလိုပင်။ ဤကမ္ဘာမြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်သည်ဟူသော ထင်ယောင်ထင်မှားဖြစ်စေပြီး လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။

အလင်းရောင်က ထိုးဖောက်ဝင်ရောက်လာပြီး နာဂါကင်သည် မျက်လုံးဖွင့်ရန် ရုန်းကန်နေရသဖြင့် သူ့အမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်။

‘သူတို့ ရူးနေတာလား။ ပစ်မှတ်တစ်ခုတည်းကို ကိုင်တွယ်ဖို့ ပင်မအမြောက်ကို တကယ်သုံးတာဟ...’

‘ဘလက်စတားက သူတို့ကို ဒီလောက်ထိ ဒေါသထွက်အောင် ဘယ်လိုလုပ်လိုက်တာလဲ။’

ဘုန်း

နောက်တစ်ခဏတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ လှိုင်းလုံးကြီးများသည် ဗဟိုချက်မမှ ပျံ့နှံ့သွားပြီး အပျက်အစီးများနှင့် မြေဆီလွှာများသည် ထိမှန်သည့်နေရာမှ အပြင်ဘက်သို့ လွင့်ထွက်သွားသည်။

အမှောင်ကြယ် မိခင်ယာဉ်၏ ပင်မအမြောက်သည် ၎င်းအတွက် သီးသန့်ပေးထားသော သီးခြားစွမ်းအင်မီးဖိုကို အသုံးပြုထားသည်။ ထို့ကြောင့် ၎င်း၏ သတ်ဖြတ်နိုင်စွမ်းသည် ၎င်း၏အလင်းရောင်လက်နက်များထက် အဆများစွာ ပိုမိုမြင့်မားသည်။ အလင်းရောင်လက်နက်များသည် ထိုးဖောက်နိုင်စွမ်းအားကို အာရုံစိုက်ထားသော်လည်း ပင်မအမြောက်သည် 'တစ်ခုတည်းသောပစ်မှတ်' ကို ပိုမို ဦးတည်ထားသည်။ ဟုတ်ပါသည်၊ တစ်စုံတစ်ယောက်သည် လူတစ်ဦးတစ်ယောက်ကို ထိမှန်ရန် ပင်မအမြောက်ကို အသုံးပြုလောက်အောင် ရူးသွပ်နေပါက၊ အကျိုးသက်ရောက်မှုသည် ဧရိယာကျယ်တိုက်ခိုက်မှုနှင့် မကွာပေ။

ပင်မအမြောက်သည် စွမ်းအင်ကို ဆက်လက်ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုက လေထုကို လှိုင်းလုံးများအဖြစ် အဆက်မပြတ် ဖြာထွက်နေစေပြီး၊ လေကို ကမောက်ကမ ဖြစ်စေသည်။ ကမ္ဘာမြေကြီးက အရည်လိုဖြစ်သွားပြီး အမြောက်ရောင်ခြည်တန်းဖြင့် ဖုံးလွှမ်းထားသော ဧရိယာသည် လက်စွပ်ပုံသဏ္ဍာန် အခေါင်းပေါက်အဖြစ်သို့ ပြောင်းလဲသွားကာ အဆက်မပြတ် ကျယ်ပြန့်လာသည်။

အကာအကွယ်ဒိုင်းအတွင်းတွင်၊ မရေမတွက်နိုင်သော ကစားသမားများ၏ မျက်နှာများသည် အလင်းဖြူရောင်ဖြင့် လင်းထိန်နေပြီး အမူအရာများ ပျက်ယွင်းနေကာ၊ သူတို့၏ အမြင်အာရုံတွင် အလင်းတန်းတစ်ခုသာ ရှိနေသည်။

အဲဒါ... ကောင်းကင်ဘုံရဲ့ တရားစီရင်ခြင်းလား။

ရှူး

ပင်မအမြောက် ပစ်ခတ်မှု ရပ်တန့်သွားပြီး နောက်ဆုံးအလင်းတန်းသည် တွင်းနက်ကြီး၏ အလယ်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ပျောက်ကွယ်သွားသည်။

ဘုန်း

စုဆောင်းထားသော စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အသံသည် ယခင်ကထက် ပိုမိုကျယ်လောင်လာသည်။ ထီးဖွင့်လိုက်သလိုမျိုး မီးခိုးငွေ့များ အရှိန်ပြင်းပြင်း ပျံ့နှံ့သွားတယ်။

ပူပြင်းသောလေများ တိုက်ခတ်လာပြီး တောင်များ တုန်ခါသွားသည်။

အကာအကွယ်ဒိုင်းအတွင်း ပုန်းအောင်းနေသူများပင် ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။

အချိန်အတော်ကြာမှသာ စွမ်းအင်များ ပြန့်ကျဲသွားတော့သည်။ မီးခိုးငွေ့များသည် ရှိနေသူတိုင်း၏ အမြင်အာရုံကို ဖုံးကွယ်ထားပြီး ခိုလှုံရေးစခန်း၏ အပြင်ဘက်တွင် ဥက္ကာခဲတစ်ခု ထိမှန်သွားသကဲ့သို့ ကြီးမားသော တွင်းနက်ကြီးတစ်ခု ကျန်ရစ်သည်ကိုသာ မြင်နိုင်သည်။

"အဲဒါဘာကြီးလဲ"

မရေမတွက်နိုင်သော ကစားသမားများ၏ နှလုံးသားများ တုန်ခါသွားကြသည်။

ဘန်းနက်ပင် စကားလုံးအနည်းငယ် ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရ၏။

ဟီလာသည် အကာအကွယ်ဒိုင်းပေါ်တွင် ရိုက်ချလိုက်ပြီး စိုက်ကြည့်နေရင်း သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

နာဂါကင်သည် မီးခိုးများ ဝိုင်းရံထားသည့် တွင်းနက်ကြီး၏ အလယ်ဗဟို၊ ဟန်ရှောင်း ရှိရာနေရာကို ငေးကြည့်ရင်း စိုးရိမ်သော အမူအရာဖြင့် အကာအကွယ်ဒိုင်းပေါ်တွင် ရပ်နေသည်။

ဒီဂူလစ်ရှ်၊ အမ်ဘာနှင့် တယ်ရီတို့သည် မီးခိုးပြာများ ဖုံးလွှမ်းနေသော မျက်နှာများဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ အမြောက်မပစ်ခင် သူတို့သည် ထွက်ပြေးရန် ကြိုးစားခဲ့ကြပြီး အပျက်အစီးများနှင့် မြေဆီလွှာလှိုင်းများကြောင့် ခြေချော်ကာ နေရာအမျိုးမျိုးသို့ ရောက်သွားကြသည်။ မတ်တပ်ရပ်ပြီးနောက်၊ သူတို့သည် ရလဒ်ကို သိလို၍ တွင်းနက်ကြီးကို တပြိုင်နက် ကြည့်လိုက်ကြသည်။

အမှောင်ကြယ်နှင့် ဂိုဒိုရန် အာကာသယာဉ်အားလုံး ရုတ်တရက် ပစ်ခတ်မှု ရပ်စဲသွားပြီး အောက်ဘက်ရှိ ရလဒ်ကို စောင့်ကြည့်နေရင်း ကောင်းကင်တွင် လွင့်မျောနေသည်။

မီးခိုးငွေ့များ ပြန့်ကျဲသွားပြီးနောက် တွင်းနက်ကြီး၏ ဗဟိုသည် မီတာပေါင်းများစွာ နက်သည်ကို မြင်နိုင်သည်။ လျှောစောက်သည် မတ်စောက်ပြီး အောက်ကိုရောက်လေ မြေကြီးအရောင်မှာ ပိုနီလေဖြစ်သည်။ မြင့်မားသော အပူချိန်ကြောင့် ပုံဆောင်ခဲများ ဖြစ်ပေါ်လာသော နေရာများစွာရှိသည်၊ ကျောက်ဆောင်အချို့သည် ချော်ရည်အဖြစ် အရည်ပျော်သွားကာ လျှောစောက်မှ စီးကျနေသည်။

မရေမတွက်နိုင်သော ယန္တရားအပိုင်းအစများ ပြန့်ကျဲနေပြီး အချို့မှာ မီးမှထုတ်လိုက်သောသံကဲ့သို့ အရည်ပျော်ကာ အနီရောင် တောက်ပနေသည်။

တွင်းနက်ကြီး၏ အလယ်တွင်၊ ပုံသဏ္ဍာန်တစ်ခု ဖြည်းညှင်းစွာ တက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေပြီး မီးခိုးများ ထွက်နေ၏။ သူသည် ညကောင်းကင်ယံထက် ပို၍မည်းမှောင်နေပြီး အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ကျွမ်းနေသော အပိုင်းအစများ ပြုတ်ကျသွားကာ ဖြူဖပ်ဖြူရော် အသားအရေ ပေါ်လာသည်။ သူ၏လက်များမှ ယန္တရားစွမ်းအားလှိုင်းဖြင့် စက်ယန္တရား အပိုင်းအစများစွာသည် သူ၏အောက်ပိုင်းကို ဖုံးအုပ်ရန် ဘောင်းဘီတစ်ထည်အဖြစ် ပြောင်းလဲသွားသည်။

ဟန်ရှောင်းသည် ထိုနေရာတွင် ရပ်နေပြီး၊ အပေါ်ပိုင်းဗလာဖြင့်၊ လက်တစ်ဖက်ဖြင့် လည်ပင်းနောက်ကို ထောက်ကာ အကြောဆန့်လိုက်ပြီး ပြုံးပြလိုက်သည်။

"ဟူး... တော်တော်ကြမ်းတာပဲ။ တစ်ကိုယ်လုံး ပိုပြီး သက်တောင့်သက်သာ ဖြစ်လာသလို ခံစားရတယ်"

လူတိုင်း၏အကြည့်သည် ဟန်ရှောင်းအပေါ်သို့ ကျရောက်သွားပြီး ပါးစပ်များ ဟသွားကြသည်။

သူ... သူ မသေဘူးလား။

တက်ကြွပြီး လန်းဆန်းနေသော ဘလက်စတားသည် သေခြင်းတရားနှင့် ပြည့်နှက်နေသော တွင်းနက်ကြီးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဤမြင်ကွင်းသည် ဒီဂူလစ်ရှ်၊ တယ်ရီ၊ အမ်ဘာ၊ နာဂါကင်၊ ဟီလာနှင့် ကစားသမားများကို စိတ်ပိုင်းဆိုင်ရာ ပြိုကွဲလုနီးပါး ခံစားရစေပြီး ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်သွားကြသည်။

စာစဉ် (၃၇)၊ အခန်း (၅၇၃) ပြီး၏။

လင်းဆက်

+++++

အခန်း (၅၇၄) ပင်မအမြောက်ရဲ့ ပစ်ချက်ကို ခံနိုင်ရည်ရှိမှာလား။ (၃)

"မိခင်ယာဉ်ရဲ့ ပင်မအမြောက်တောင် သူ့ကို မသတ်နိုင်ဘူးလား"

ဒီဂူလစ်ရှ်သည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများကို ပြူးနေအောင်ဖွင့်ထားသည်။

အမ်ဘာ၏ လက်သီးများသည် တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး မျက်နှာမှာ ဖြူဖျော့နေသည်။

တယ်ရီ တုန်လှုပ်သွားပြီး ထိတ်လန့်သော အမူအရာဖြင့် ရှိနေသည်။

စစ်မြေပြင်သည် သုဿန်တစပြင်လို တိတ်ဆိတ်သွား၏။

ဟန်ရှောင်းသည် သူ့ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော စက်ယန္တရားများကို လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်များ ထင်ဟပ်သွားသည်။ သူ အဆင်ပြေသော်လည်း သူ့ယန္တရားတပ်မတော် အများစုမှာ ဖျက်ဆီးခံလိုက်ရသည်။ ဒီတစ်ကြိမ်တော့ သူ့ဆုံးရှုံးမှုက ကြီးမားလွန်း၏။ ယခုအချိန်တွင် သူ့တွင် အီနက်စ် ၁၀ သန်းကျော်ရှိပြီး ဂိုဒိုရာက သူ့ကို အီနက်စ် ၁၅ သန်းထပ်မံ ပေးရဦးမည် ဖြစ်သောကြောင့် ပိုက်ဆံမှာ ပြဿနာမဟုတ်ပေ။

အဓိက ပြဿနာမှာ ယန္တရားတပ်မတော် တစ်ခုလုံးကို ပြန်လည်တည်ဆောက်ရန် လိုအပ်သော အချိန်ဖြစ်သည်။ ဤစစ်ပွဲပြီးနောက်၊ သူ၏တပ်မတော်၏ လက်ရှိအရွယ်အစားကို ပြန်လည်ရယူရန် ယန္တရားမွမ်းမံမှုအခန်းတွင် အချိန်အကြာကြီး ကုန်ဆုံးရပေလိမ့်မည်။

ကြီးမြတ်သော ယန္တရားပညာရှင်ဟန်သည် ပင်မအမြောက် ပစ်ခတ်မှု၏ ကြာချိန်နှင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို ညွှန်ပြသည့် သူ့အင်တာဖေ့စ်ရှိ အသိပေးချက်များကို ရေတွက်လိုက်သည်။ ၎င်းကို အဆင့်များစွာ ခွဲခြားထားပြီး၊ ပထမအကြိမ် ထိခိုက်မှုမှာ အမြင့်ဆုံးဖြစ်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့နည်းသွားသည်။ စုစုပေါင်း ပျက်စီးဆုံးရှုံးစေမှု ၅၀,၀၀၀ ကျော်ရှိပြီး သူ့ရဲ့ သွေးအမှတ်ထက် ပိုများ၏။ ထိခိုက်မှုအများစုကို သူကိုယ်တိုင် စုပ်ယူထားပြီး၊ သူ၏ စက်ယန္တရားများနှင့် အကာအကွယ်ဒိုင်းများက တစ်စိတ်တစ်ပိုင်းကို စုပ်ယူထားသည်။

တစ်ကြိမ် အတွေ့အကြုံရှိသွားသဖြင့် ဟန်ရှောင်းသည် ယခုအခါ ကောင်းကောင်း တိုင်းတာနိုင်ပြီဖြစ်သည်။ အကယ်၍ သူ၏ ခံစစ်အစီအမံများ မရှိဘဲ၊ သူ၏ ခန္ဓာကိုယ်နှင့် တိုက်ခိုက်မှုကို တိုက်ရိုက်ခံရပါက၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ၈၀,၀၀၀ ကျော်မည်ဖြစ်သည်။ သူ့ရဲ့ သွေးအမှတ်က ဆက်ရှိနေနိုင်မှာ မဟုတ်သလို အော်ရိုရာ၏ ဇာတ်ကောင်ဆင့်ခေါ်ကတ်ကို သုံးဖို့ လိုအပ်လိမ့်မည်။ ထိုကတ်က အသုံးပြုမှု ၃ကြိမ် ကျန်နေသေး၏။ ထို့အပြင်၊ သူသည် သူ၏ [ဗွိုက် ခရီးသွားခြင်း] စကေး ရှိနေသေးသည်။

‘နောက်ထပ် အကြိမ်အနည်းငယ်လောက် ငါခံနိုင်တယ်။ အခုလောလောဆယ် ထွက်ပြေးစရာ မလိုပါဘူး။ ဒီမစ်ရှင်ကို နောက်ထပ်တစ်ကြိမ် ထပ်စမ်းကြည့်လို့ ရတာပဲ။ ဘာလို့ မရရမှာလဲ။’

ဟန်ရှောင်း၏ မျက်လုံးများ တောက်ပသွားပြီး လက်ကိုဝှေ့ယမ်းလိုက်ကာ မဟူရာအလင်း လျှို့ဝှက်ယာဉ်၏ ကိုယ်ထည်ပွင့်လာပြီး ဖိသိပ်ထားသော ဘောလုံးများ ဒါဇင်နှင့်ချီ၍ အန်ထုတ်လိုက်သည်။ ယန္တရားစွမ်းအားကို အသုံးပြုကာ သူသည် အရန် Amphiptere ယန္တရားဝတ်စုံကို ဖြန့်ကျက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆွဲတင်လိုက်သည်။ သူသည် အပိုစက်ပစ္စည်းများကို သိမ်းဆည်းလေ့ရှိသောကြောင့် သူ၏ အာကာသယာဉ်၏ ဂိုဒေါင်တွင် စက်ကိရိယာအစုံအလင်ကို ရှိနေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ မူလယန္တရားဝတ်စုံနှင့် ဖိသိပ်ထားသော ဘောလုံးများ အားလုံး ကွဲကြေသွားသည်။ သူ၏ ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံပင်လျှင် ထိခိုက်မှုကို ခံနိုင်ရည်မရှိပေ။ သို့ရာတွင်၊ ဟင်းလင်းပြင်နဂါးအရိုးများသည် တာရှည်ခံပြီး သူ၏ ပင်မပစ္စည်းအများစုမှာ လုံး၀မပျက်စီးဘဲ ထိုဧရိယာတစ်ဝိုက်တွင် ပြန့်ကျဲနေရုံသာဖြစ်သည်။ ထို့အပြင် မျောလွင့်နဂါးကျွန်းရှိ သူ၏ လက်ရှိအနေအထားဖြင့် ဟင်းလင်းပြင်နဂါးအရိုး အပိုင်းအစ အနည်းငယ် လျှောက်ထားရန်မှာ သူ့အတွက် လွယ်ကူသော အလုပ်ဖြစ်သည်။

သူ့ ယန္တရားဝတ်စုံကို ဝတ်ဆင်ပြီး ဟန်ရှောင်းသည် နက်ရှိုင်းသော တွင်းထဲမှ ခုန်ထွက်ကာ လေထဲတွင် ပျံဝဲကာ အသံတိတ်နေသော ဒီဂူလစ်ရှ်ကို တည့်တည့်ကြည့်လိုက်သည်။ သူသည် မျက်နှာပြောင်တိုက်ပြီး နောက်ပြောင်ကာ ပြောလိုက်သည်။ "ဟီးဟီး၊ ငါမင်းကို လှည့်စားခဲ့တာ။ တကယ်တော့ အဲဒီထိမှန်မှုက တော်တော်ထိရောက်ပါတယ်။ မင်း ထပ်စမ်းချင်လား။ ဘယ်သူသိမလဲ။ မင်း ငါ့ကို သတ်နိုင်လောက်တယ်နော်။"

ဒီဂူလစ်ရှ်သည် သူ၏စကားလုံးများအတွင်း လှောင်ပြောင်မှုကို ကြားနိုင်ပြီး ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ခရမ်းရောင်ပြောင်းသွားသည်။ သူ စိတ်မထိန်းနိုင်တော့ဘဲ ဆက်သွယ်ရေးစက်ထဲ အော်ဟစ်လိုက်သည်။ "ဆက်ပြီး ပစ်လိုက်"

‘အမြောက်တစ်ချက်နဲ့ သူ့ကို မသတ်နိုင်ရင် နှစ်ချက်လုပ်လိုက်။ သူ အဲလောက်ကြာကြာ ခံနိုင်ရည်ရှိမယ် မယုံဘူး။’

ဒီဂူလစ်ရှ်သည် ခုန်တက်ကာ အမြောက်ကျည်ဆန်ကဲ့သို့ ဟန်ရှောင်းဆီသို့ တည့်တည့်ပြေးသွားသည်။ မိခင်ယာဉ်၏ ပင်မအမြောက်သည် ပြန်လည်အားသွင်းရန် အချိန်လိုအပ်ပြီး ဟန်ရှောင်းကို ထွက်ပြေးခြင်းမှ တားဆီးရန် ချည်နှောင်ထားရမည်ဖြစ်သည်။ အခြေအနေကို မြင်လိုက်ရသဖြင့် အမ်ဘာနှင့် တယ်ရီတို့သည် လက်ရှိကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒီဂူလစ်ရှ်နှင့် ပူးပေါင်းဆောင်ရွက်ရန် သူတို့၏စိတ်ခံစားမှုများကို ဘေးဖယ်ထားရုံသာ တတ်နိုင်သည်။

"ဘလက်စတား၊ မိခင်ယာဉ်ရဲ့ ပင်မအမြောက်က ဒုတိယအကျော့ အားသွင်းခြင်း စတင်နေပြီ" သူ့ဦးထုပ်မှ ရစ်ဒါ၏အသံ ထွက်ပေါ်လာသည်။

"ကြာချိန်ကို ငါ့ကိုပြပါ" ဟန်ရှောင်း ပြန်ဖြေသည်။

သူ၏ နည်းဗျူဟာ ဖန်သားပြင် ဘယ်ဘက်အပေါ်ထောင့်တွင် ဂဏန်းတန်းများ ပေါ်လာပြီး ရေတွက်နေသည်။ ပင်မအမြောက်၏ ဒုတိယအကြိမ် ပေါက်ကွဲမှုသည် အပြည့်အဝ အားသွင်းပြီး စက္ကန့်လေးဆယ်အကြာတွင် ပစ်ခတ်မည်ဖြစ်သည်။

ဟန်ရှောင်းနှင့် အခြားသုံးဦးတို့သည် နောက်တစ်ကြိမ် စတင်တိုက်ခိုက်ကြသည်။ Amphiptere ၏ တာရှည်ခံနိုင်မှုသည် ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံထက် များစွာနိမ့်ကျပြီး မကြာမီတွင် အပိုင်းအစသတ္တုအဖြစ် လျှော့ချခံလိုက်ရသည်။ သို့သော်၊ သူ့တွင် မတူညီသော ယန္တရားဝတ်စုံများ ပါဝင်သော ဖိသိပ်ထားသော ဘောလုံးများ အနည်းငယ် ကျန်ရှိနေသေးပြီး ပျက်စီးသွားပြီးနောက် ၎င်းတို့ကို ဆက်လက် အစားထိုးနေသည်။

စက္ကန့်သုံးဆယ် မကြာမီ ကုန်ဆုံးသွားသည်။ ဒုတိယအကြိမ် ပစ်ခတ်မည့်အချိန် နီးကပ်လာသည်။

ဟန်ရှောင်းကို မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချပြီးနောက်၊ ဒီဂူလစ်ရှ်နှင့် အခြားသူများသည် ပေါက်ကွဲမှုကို ရှောင်ရှားရန် ရွှေ့လိုက်ကြသည်။

သို့သော် ဤတစ်ကြိမ်တော့ မတူတော့ပေ။ ဟန်ရှောင်းသည် ကာကွယ်ရေးပြင်ဆင်ရန် နေရာ၌ မကျန်ရစ်ဘဲ သူ့နှင့် အနီးဆုံးဖြစ်သော တယ်ရီဆီသို့ တိုးဝင်သွားသည်။

ဟန်ရှောင်းသည် အချိန်ကိုက် သတိပြုမိခဲ့သည်မှာ သူတို့အတွက် အံ့သြစရာမဟုတ်ပေ၊ အကြောင်းမှာ ယခင်အဖြစ်အပျက်ပြီးနောက် သူတို့က သူ့ကို စတင်ရှောင်တိမ်းလာသောအခါ အမြောက်တိုက်ခိုက်မှု ရောက်ရှိလာမည်ကို သူ အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့သည်။

"သူက တယ်ရီကို သူနဲ့အတူ ဆွဲချချင်တာလား"

ဒီဂူလစ်ရှ်သည် ဟန်ရှောင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူ အံ့သြခြင်းမရှိဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "သူ တယ်ရီကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ဘူး"

ကပ်ဘေးအဆင့်အနေဖြင့် တယ်ရီ၏အမြန်နှုန်းသည် ဟန်ရှောင်းထက် သာလွန်သည်။ သူ့အရှိန်အပြည့်နှင့်ပင် နှစ်ဦးကြား အကွာအဝေးသည် အဆက်မပြတ် ကျယ်ပြန့်လာနေသည်။ ဤအခြေအနေအပေါ် အခြေခံ၍ ဟန်ရှောင်းသည် တယ်ရီကို ဘယ်တော့မှ ဖမ်းမိနိုင်မည် မဟုတ်ပေ။

အမ်ဘာ ရုတ်တရက် ရပ်တန့်သွားပြီး "မဟုတ်ဘူး၊ မြန်မြန် အမြောက်ကို ရပ်လိုက်။ ဘလက်စတားမှာ တယ်လီပို့စွမ်းရည် ရှိတယ်"

သူ့ယခင်တိုက်ပွဲတွင် ဟန်ရှောင်းသည် သူ၏ကျွမ်းကျင်မှု [ဗွိုက် ခရီးသွားခြင်း] ကို တစ်ကြိမ်အသုံးပြုခဲ့သည်။ အမ်ဘာကို သူ၏ အက်စ်ပါစွမ်းရည်ကို အသုံးပြုခြင်းမှ တားဆီးရန်ဖြစ်ပြီး အမ်ဘာသည် ပေါင်ကြားကို အကန်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းအပေါ် သူ၏ အထင်အမြင်မှာ နက်ရှိုင်းနေသည်။

သတိပေးချက်ရသဖြင့် ဒီဂူလစ်ရှ်၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏ ဆက်သွယ်ရေးစက်ကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။

"ပြဿနာပဲ။ သော့ခတ်ထားတာ အခုချက်ချင်း ပယ်ဖျက်လိုက်"

ထိုအချိန်တွင် ဟန်ရှောင်းသည် [ဗွိုက် ခရီးသွားခြင်း] ကို အသက်သွင်းလိုက်ပြီး ကျန်ရှိသော အကွာအဝေးကို ဖြတ်ကျော်ကာ တယ်ရီဘေးတွင် ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခုဖြင့် ပေါ်လာသည်။

"ဟီးဟီး၊ လာ၊ ဒီတစ်ခါ ဘယ်သူ ပိုကြာကြာခံမလဲ လောင်းကြရအောင်"

"မလုပ်နဲ့"

တယ်ရီ၏မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ 'ရှင်အနားတိုးမလာနဲ့နော်' နှင့်တူသော အကြည့်မျိုးနှင့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာသည်။

ဘုန်း

နောက်တစ်ခဏတွင်၊ အမြောက်မှ ဒုတိယအကြိမ် ပစ်ခတ်လိုက်ရာ နောက်ထပ် တောင်တန်းတစ်ခု ပေါ်ပေါက်လာသည်။

ယခင်မြင်ကွင်းအတိုင်း ပေါက်ကွဲမှုများ၊ အပျက်အစီးများ၊ မြေကြီးများ နေရာတိုင်းသို့ လွင့်ပျံသွားသည်။ အကာအကွယ်ဒိုင်းအတွင်းရှိ လူတိုင်းသည် တုန်ခါမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

မီးခိုးများ ပျောက်ကွယ်သွားသောအခါ၊ အမြောက်၏ ချိန်ရွယ်မှု လွဲချော်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ဟန်ရှောင်းရှိနေသည့်နေရာမှ မိုင်ပေါင်းများစွာဝေးကွာနေ၏။

နောက်ဆုံးစက္ကန့်တွင် အမှောင်ကြယ် မိခင်ယာဉ်၏ တပ်မှူးသည် အမြောက်ပြောင်းကို အလျင်အမြန် နေရာရွှေ့ခဲ့ခြင်းဖြစ်သည်။

တယ်ရီသည် ပါးစပ်အဟောင်းသားဖြင့် တောင့်တောင့်ကြီးရပ်နေပြီး အဝေးမှ တွင်းနက်ကြီးကို စိုက်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး ဟန်ရှောင်းထံမှ ကီလိုမီတာ အနည်းငယ်အကွာသို့ ချက်ချင်း ထွက်ပြေးသွားသည်။

သေမင်း၏ ပါးစပ်မှ လွတ်မြောက်လာသော တယ်ရီသည် ဖြစ်ပျက်ခဲ့သည့်အရာကို တုန်လှုပ်ချောက်ချားကာ အသက်ရှုမဝ ဖြစ်နေ၏။

"ကဲ၊ မင်းကံကောင်းတယ်လို့ မှတ်လိုက်ပါ"

ဟန်ရှောင်း သူရှိရာနေရာတွင် ကျန်ရစ်ခဲ့ပြီး နှမြောစရာကောင်းသည်ဟု တွေးကာ ပါးစပ်များ တွန့်လိမ်သွားသည်။

အကယ်၍ အမှောင်ကြယ်သာ တုံ့ပြန်ရန် အခွင့်အရေးမရှိပါက၊ သူသည် သူ၏ရန်သူများကို သူတို့၏ ကိုယ်ပိုင်ဆေးကို မြည်းစမ်းခွင့် ပေးနိုင်မည်ဖြစ်သည်။ ဒီအငှားဓားနဲ့ သတ်ပြီး... မဟုတ်ဘူး၊ ဒီအငှားအမြောက်နဲ့သတ်ပြီး၊ သူသည် ကပ်ဘေးအဆင့် စူပါကို ဖယ်ရှားပစ်မည်၊ အတိုးပါ ရယူပြီး တစ်ချိန်တည်းတွင် ရန်သူတစ်ဦး လျော့နည်းသွားမည်ဖြစ်သည်။

ဒါတောင် သူ့ရည်ရွယ်ချက်က ပြည့်မြောက်သွားသည်။ ဟန်ရှောင်း ခေါင်းခါလိုက်ပြီး ဒီဂူလစ်ရှ်နှင့် အဖွဲ့ကို ပြန်ကြည့်လိုက်၏။ သူက တောင်းပန်သလိုကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်တယ်။

"နောက်ထပ်ရော ဘာလဲ။ မင်း ပစ်ဦးမှာပဲလား"

"မင်း..."

ဒီဂူလစ်ရှ်သည် မေးရိုးများကို ကြိတ်လိုက်ရာ သွားများ ကျိုးလုနီးပါး ဖြစ်သွားပြီး ဆက်သွယ်ရေးစက်ကို ခြေမွလုနီးပါး ဖြစ်သွားသည်။ သို့သော်လည်း သူသည် ဟန်ရှောင်းအပေါ် အလားတူ နည်းဗျူဟာကို အသုံးပြုရန် မဝံ့ရဲတော့ပေ။

ဘလက်စတားသည် ပထမဆုံး ပစ်ခတ်မှုကို ခံနိုင်ခဲ့ပြီး နောက်ထပ် ပစ်ခတ်မှုဖြင့် တယ်ရီကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ပင်မအမြောက်သည် ဘလက်စတားကို ဆန့်ကျင်ရာတွင် အသုံးမဝင်ကြောင်း ဤပစ်ခတ်မှုနှစ်ခုက သက်သေပြခဲ့ပြီး သူတို့ကိုတောင် ပြန်ထိခိုက်စေနိုင်သည်။

ကပ်ဘေးအဆင့် သုံးယောက်သည် ဘလက်စတားကို မသတ်နိုင်ဘဲ၊ အသေသတ်နိုင်စွမ်း အမြင့်ဆုံး ဖြစ်သော မိခင်ယာဉ်၏ ပင်မအမြောက်ပင်လျှင် သူ့ကို မတားဆီးနိုင်ပေ။ ထို့ကြောင့် သူတို့ကို အချက်တစ်ခုကို သတိပြုမိသွားကြသည်၊ ဘလက်စတားက သူတို့ကို အနိုင်မယူနိုင်သော်လည်း၊ အားသာချက်က သူ့လက်ထဲ ရောက်သွားလေပြီ။ ဒီမတိုင်ခင်က ကပ်ဘေးအဆင့်ပင် မဟုတ်သည့် ကောင်လေးတစ်ယောက်က ဒီလောက် ဒုက္ခပေးလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

‘သူ့ကို သေအောင် ရိုက်လို့မရသလို သတ်လို့လည်း မရဘူး။ ဒါဆို သူ့ကို သင်္ဘောပေါ် ခေါ်သွားလို့ ရမလား။’

ဒီဂူလစ်ရှ်သည် ဤအကြံအစည်ကို ချက်ချင်း ပယ်ချလိုက်သည်။ ‘ဘယ်လိုဟာသလဲ။ ဒီလို အငြိုးကြီးတဲ့ ကြယ်ပွင့်ကို ဘယ်သူက ကိုယ့်အာကာသယာဉ်ပေါ် ခေါ်သွားမှာလဲ။’

ထိုအချိန်တွင် ဆက်သွယ်ရေးစက်မှ အရေးပေါ်သတင်းတစ်ခု ရောက်လာသည်။

"အနီးနားမှာ ပြင်းထန်တဲ့ လှိုင်းအတက်အကျကို တွေ့ရှိရပါတယ်။ ဂိုဒိုရာရဲ့ ယာဉ်တန်းဟာ အာကာသအတွင်း ပိတ်ဆို့ထားတာကို ထိုးဖောက်ဝင်ရောက်လာပြီး သူတို့ရဲ့ စစ်ကူတွေက အမြင့်ဆုံးအရှိန် ဟိုက်ပါဒရိုက် ကနေတဆင့် ကျွန်တော်တို့ဆီကို ချဉ်းကပ်လာနေပါတယ်။ ကျွန်တော်တို့မှာ အချိန်မရတော့ဘူး၊ ဆုတ်ခွာရမယ်"

ဟန်ရှောင်းသည် တစ်ချိန်တည်းမှာပင် နာဂါကင်ထံမှ သတင်းကို လက်ခံရရှိပြီး သက်ပြင်းချလိုက်သည်။ ‘ဂိုဒိုရန် စစ်ကူတွေ ရောက်လာပြီ၊ နည်းနည်း နောက်ကျနေပြီ၊ ဒါပေမယ့် နောက်ကျတာက ဘယ်တော့မှ မလာတာထက် ပိုကောင်းပါတယ်လေ။’

ဒီဂူလစ်ရှ်၏ မျက်နှာသည် ကြည့်ရဆိုးလွန်းနေသည်။ ဒီတစ်ခါ သူတို့ရဲ့ မစ်ရှင် ကျရှုံးသွားတာကို လက်ခံဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ချေ။ ဟန်ရှောင်းကြောင့် သူတို့ အချိန်အကြာကြီး နှောင့်နှေးခဲ့ရပြီး ရေပင်လယ်ဂြိုလ်ကို ပိုမိုဖျက်စီးရန် မတတ်နိုင်ကြပေ။

အမှောင်ကြယ်တပ်ဖွဲ့များ စတင်ဆုတ်ခွာလာပြီး ဒီဂူလစ်ရှ်နှင့် အဖွဲ့သည် ပျံသန်းမှုမှ ဆုတ်ခွာကာ ကွပ်ကဲမှုကို လွှဲပြောင်းယူရန် အာကာသယာဉ်ပေါ်သို့ တက်သွားကြသည်။

ထိုအချိန်တွင် သူတို့သုံးယောက်သည် ဟန်ရှောင်းထံမှ ပေါ့‌ပေါ့ပါးပါး ရယ်သံကို ကြားလိုက်ရသည်။

"အချိန်ရရင် လာကစားကြဦးနော်"

ဟန်ရှောင်း ပြုံးပြီး လက်ဝှေ့ယမ်းကာ သူ့စိတ်ထဲတွင် နောက်ထပ်စာကြောင်းတစ်ကြောင်းကို ထည့်လိုက်သည်။ ‘တကယ်လို့ မင်းမှာ အခွင့်အရေး ရှိသေးရင်ပေါ့။’

"စောင့်နေလိုက်ပါ၊ အနာဂတ်မှာ မင်း ရယ်နိုင်မလားဆိုတာ ငါကြည့်ရသေးတာပေါ့"

ဒီဂူလစ်ရှ်သည် မျက်နှာကြီး မည်းမှောင်သွားပြီး အာကာသယာဉ်ထဲ လှည့်ဝင်လိုက်သည်။

အမ်ဘာက ဟန်ရှောင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ‘နောက်တစ်ခါ မင်းကို သတ်ဖို့ နည်းလမ်း ရှာရမယ်။’

အမှောင်ကြယ်တပ်ဖွဲ့များ စတင်ဆုတ်ခွာလာပြီး အာကာသအပြင်ဘက်တွင် ကျန်ရစ်ခဲ့သော မိခင်ယာဉ်များလည်း ထွက်ခွာသွားသည်။

ဂိုဒိုရာမှ ပေးပို့သော စစ်ကူများသည် ဤအချိန်တွင် အလွန်ကြီးမားပြီး၊ အခြားသော ကပ်ဘေးဂြိုလ်များမှ အစောင့်အကြပ်အဖွဲ့များလည်း ရောက်ရှိလာသဖြင့် အမှောင်ကြယ်သည် အပြန်အလှန် ပစ်ခတ်ရန် ဆန္ဒမရှိဘဲ အလျင်စလို ဆုတ်ခွာသွားတော့သည်။

အမှောင်ကြယ် မိခင်ယာဉ်များ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်၊ ဟန်ရှောင်းသည် သူ၏အကြည့်ကို ရွှေ့လိုက်ပြီး ပျက်စီးသွားသော ခိုလှုံရေးစခန်းကို လှည့်ကြည့်လိုက်ရာ သူ့အပြုံး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ သူ သက်ပြင်းချလိုက်၏။

ဒီတစ်ခါ သူတို့၏ ဆုံးရှုံးမှုက ကြီးမားလွန်းလှသည်။

ပင်မအခြေစိုက်စခန်းသည် ကောင်းမွန်နေသေးသော်လည်း ခိုလှုံရေးစခန်း၏ အပြင်ဘက်အပိုင်းများသည် ပျက်စီးကာ အပျက်အစီးပုံကြီး ဖြစ်သွား၏။ သေဆုံးမှုစာရင်းကို ရေတွက်ခြင်း မပြုရသေးသော်လည်း ၎င်းတို့၏ ခန့်မှန်းချက်များနှင့် ဝေးကွာမည်မဟုတ်ပေ။ နိုင်ငံ၆နိုင်ငံ၏ ဆုံးရှုံးမှုအပြင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ သောင်းနှင့်ချီ ရှိလာမည်ဖြစ်သည်။

သူတို့သည် ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်ကို ဖြတ်ကျော်နိုင်ခဲ့ကြသော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ယခုအခါ နောက်ထပ်ကပ်ဘေးတစ်ခု ကြုံတွေ့နေရပြီး သူတို့၏ လူမှုအဖွဲ့အစည်းကြီးကို ထိခိုက်မှုကြီးတစ်ခု ဖြစ်စေသည်။

တစ်ခုတည်းသော သတင်းကောင်းမှာ ရေပင်လယ်ဂြိုလ်၏ လူမှုအဖွဲ့အစည်းသည် လုံးဝသေဆုံးသွားခြင်း မရှိပေ။

"ဦးလေးဘန်းနက်၊ ဆုံးရှုံးမှုတွေကို ရေတွက်ပြီး ဒဏ်ရာရသူတွေကို ကုသပေးလိုက်ပါ"

သက်ပြင်းချလိုက်ရင်း ဟန်ရှောင်းသည် ဆက်သွယ်ရေးစက်ကိုသုံး၍ ညွှန်ကြားချက်အချို့ထုတ်လိုက်ပြီး ကောင်းကင်ကို မျက်နှာမူကာ မြေကြီးပေါ်သို့ လှဲချလိုက်တော့သည်။

ဖိအားများ ပျောက်ကွယ်သွားသည်နှင့် နာကျင်မှုအားလုံး ပေါက်ကွဲထွက်လာပြီး လှိုင်းလုံးများကဲ့သို့ သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လာ၏။ ကြွက်သားတစ်စလေးမှ မလှုပ်ချင်သလို ခံစားလိုက်ရသည်။

ဒီတိုက်ပွဲက သူ့ကို တကယ် ပင်ပန်းစေသည်။

ကျေးဇူးတင်စရာမှာ ဆုံးရှုံးမှု ကြီးမားသော်လည်း ရလဒ်မှာ ကျိုးကြောင်းဆီလျော်မှု ရှိနေဆဲဖြစ်သည်။ အနည်းဆုံးတော့ ပြီးသွားပြီလေ။

နာဂါကင်ဘက်တွင်မူ မြေကြီးပေါ်တွင် လဲလျောင်းနေသော ဟန်ရှောင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီး သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုများ တိုးလာနေဆဲဖြစ်သည်။

အမှောင်ကြယ်သည် အကာအကွယ်မဲ့ ရေပင်လယ်ဂြိုလ်ကို အခွင့်ကောင်းယူပြီး ကပ်ဘေးအဆင့် စူပါသုံးဦးဖြင့် တိုက်ခိုက်ခဲ့သော်လည်း သူတို့၏ ဝိုင်းရံတိုက်ခိုက်မှုသည် ဘာရလဒ်မှ မထွက်ခဲ့ပေ။ ပင်မအမြောက်သည်ပင် ဘလက်စတားကို မသတ်နိုင်ခဲ့ဘဲ၊ ဆန့်ကျင်ဘက်အနေနှင့် ဘလက်စတား၏ လုပ်ရပ်ကြောင့် သူတို့သည် ကမ္ဘာဂြိုဟ်ပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့ပြီး သူတို့ကို ဆုတ်ခွာရန်ပင် တွန်းအားပေးခဲ့သည်။

နာဂါကင်သည် နောက်ဆက်တွဲကာလတွင် ဤသတင်းသည် ကွဲအက်ကြယ်စင်ကွင်းကို မည်မျှ တုန်လှုပ်စေမည်ကို စိတ်ကူးကြည့်နေမိသည်။

စာစဉ် (၃၇)၊ အခန်း (၅၇၄) ပြီး၏။

လင်းဆက်

+++++

All Chapters