← Chapters

မဟာတောရိုင်းလက်သီးကျမ်းစာ၊သိုင်းဘိုးဘေး၏အမွေအနှစ်၄

Vol. 19 Ch. 258

မဟာတောရိုင်းလက်သီးကျမ်းစာ၊သိုင်းဘိုးဘေး၏အမွေအနှစ်၄

Vol. 19 Ch. 258

ကုချင်းဖန်သည် တည်ငြိမ်စွာပြောလိုက်သည်။

"ဒီလက်သီးရာထဲမှာပါတဲ့ တာအိုကာရံက သိုင်းဘိုးဘေးရဲ့တာအိုကာရံလိုမျိုး နှစ်ပေါင်းတစ်သောင်းကြာအောင် မပျက်စီးဘဲ ရှိနေနိုင်မှာမဟုတ်ဘူး

ဘာလို့လဲဆိုတော့ သိုင်းဘိုးဘေးရဲ့တာအိုကာရံဒီလောက်ကြာကြာတည်ရှိနေတာကလည်း ဇီးပင်ရှိနေတာနဲ့ သက်ဆိုင်တယ်

ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ဒီလက်သီးရာက အနှစ်တစ်ရာလောက်တည်ရှိဖို့ကတော့ ပြဿနာမရှိပါဘူး

စစ်နတ်ဘုရားဂိုဏ်းကလူတွေဘယ်လောက်နားလည်နိုင်မလဲဆိုတာကတော့ သူတို့ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာပဲ တကယ်မူတည်တယ်"

ကုချင်းဖန်၏အမြင်အရဆိုရင် စစ်နတ်ဘုရားဂိုဏ်းကလူတွေအရမ်းမအပါဘူးဆိုရင် ဒီလက်သီး၏အကူအညီနှင့် မဟာတောရိုင်းလက်သီးကျမ်းစာ၏နက်နဲမှုတွေ၏တစ်စိတ်တစ်ပိုင်းကို နားလည်ဖို့က ပြဿနာမရှိပေ။

အချိန်တန်သည့်အခါ စစ်နတ်ဘုရားဂိုဏ်းမှာ တစ်စုံတစ်ယောက်က မဟာတောရိုင်းလက်သီးကျမ်းစာကိုတကယ်တမ်းကျင့်ကြံနိုင်မလားဆိုတာကတော့ စစ်မှန်သည့်ရည်ရွယ်ချက်သိုင်းသခင်ပေါ်ပေါက်လာသည့်အပေါ်မှာမူတည်ပါလိမ့်မည်။

စစ်မှန်သောရည်ရွယ်ချက်သိုင်းသခင်၏ကျင့်ကြံမှုနယ်ပယ်မရှိဘဲ မဟာတောရိုင်းလက်သီးကျမ်းစာကို အောင်မြင်စွာကျင့်ကြံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

လက်ရှိမှာ စစ်နတ်ဘုရားဂိုဏ်းတစ်ခုလုံးအတွင်း စစ်မှန်သောရည်ရွယ်ချက်သိုင်းသခင်အဖြစ် ဖောက်ထွက်ဖို့အမျှော်လင့်ဆုံးပုဂ္ဂိုလ်ကတော့ ကုယွန်ပဲဖြစ်သည်။

ဒီအခိုက်အတန့်မှာ ကုယွန်သည် လက်သီးရာကို ကြည့်နေသည်။ သူ့အတွင်းမှာ တစ်စုံတစ်ရာကို မှိန်ဖျော့စွာထိမိသလိုခံစားရပြီး တစ်စုံတစ်ခုနှင့်ပွတ်တိုက်မိသလိုမျိုးရှိပေမဲ့ လုံးဝဖမ်းဆုပ်လို့မရနိုင်ခဲ့ပေ။

သို့သော်လည်း သူခံစားမိသည်မှာ ဒီနားလည်မှုလေးကို သူဖမ်းဆုပ်နိုင်မယ်ဆိုရင် သိုင်းသခင်အဖြစ်ဖောက်ထွက်ဖို့ သူ့အချိန်ဖြစ်လာနိုင်တယ်ဆိုတာပဲဖြစ်သည်။

"တပည့်နားလည်ပြီမို့ ခဏလောက်တစ်ယောက်တည်းကျင့်ကြံဖို့လိုပါတယ် ကျွန်တော့်ကိုအရင်သွားခွင့်ပြုပါ"

ထို့နောက်ကုယွန်သည် လက်အုပ်ချီကာ နှုတ်ဆက်ပြီး သူ့နောက်က လိုက်လာခဲ့သောတပည့်အချို့ကို ချန်ထားခဲ့ကာ ထွက်ခွာသွားခဲ့သည်။

ကုချင်းဖန်ခေါင်းညိတ်လိုက်ပြီးနောက် သူ့ရှေ့ကလူများကို လှည့်ကြည့်လိုက်သည်။

"သိုင်းပညာနဲ့ ပတ်သက်ပြီး မင်းတို့မှာဘာမေးခွန်းတွေရှိလဲ ပြော ငါမင်းတို့ရဲ့သံသယတွေကိုဖြေရှင်းပေးမယ်"

"ကျေးဇူးတင်ပါတယ် သခင်ကု"

ဒီအရာကြောင့် အဖွဲ့က ဝမ်းသာအားရဖြစ်သွားကြပြီး ခဏတာအတွင်းမှာ လက်သီးရာ၏နက်နဲမှုတွေနှင့် သူတို့၏စိတ်ထဲက မဟာတောရိုင်းလက်သီးကျမ်းစာ၏မှတ်ဉာဏ်တွေကို စဉ်းစားနေတာကို ရပ်တန့်လိုက်ကြသည်။

သူတို့အတွက် ဒီအရာတွေက အနာဂတ်မှာ ဆင်ခြင်သုံးသပ်လို့ရသည်။ အခုအရေးအကြီးဆုံးက ကုချင်းဖန်၏လမ်းညွှန်မှုကိုခံယူဖို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ဖြစ်သည်။

...

ဆက်တိုက်နှစ်ရက်ကြာအောင် ကုချင်းဖန်သည် သူတို့၏ကျင့်ကြံမှုအပေါ် လမ်းညွှန်မှုတွေပေးခဲ့သည်။ သိုင်းဆရာအဆင့်အောက်ရှိသူများအတွက် သူသည်မကြာခဏဆိုသလို အချက်ကျကျပြောကြားခဲ့ပြီး စကားအနည်းငယ်ဖြင့် အကြံဉာဏ်ပေးရုံနှင့် သူတို့ဟာ နက်နက်နဲနဲအလင်းပွင့်ခဲ့ကြသည်။

နှစ်ရက်ကြာပြီးနောက် ကုချင်းဖန်က "မင်းတို့မနက်ဖြန်လာစရာမလိုတော့ဘူး ငါသင်ပေးဖို့လိုအပ်တာအားလုံးကိုသင်ပေးပြီးပြီ အနာဂတ်မှာဘယ်လောက်အထိသွားနိုင်မလဲဆိုတာကတော့ မင်းတို့အပေါ်မှာမူတည်တယ်"ဟုပြောလိုက်သည်။

"ဒီနှစ်ရက်တာလမ်းညွှန်မှုအတွက် ကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ် အကြီးအကဲရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး"

လူငါးဦးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှုအချို့ရှိပေမဲ့ ညွှန်ကြားထားသည့်အတိုင်းပဲ ထွက်ခွာသွားခဲ့ကြရသည်။

ဘာလို့လဲဆိုတော့ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက သူတို့ကိုနှစ်ရက်ကြာအကြံဉာဏ်ပေးဖို့ဆန္ဒရှိတာဟာ အလွန်ကံကောင်းတာဖြစ်ပြီး သူတို့ဟာ အရမ်းအလွန်အကျွံတောင်းဆိုလို့မရနိုင်ပေ။

ထို့အပြင် ဒီနှစ်ရက်တာလမ်းညွှန်မှုဟာ ဆယ်နှစ်တာပင်ပန်းခက်ခဲစွာအားထုတ်မှုထက် ပိုတန်ဖိုးရှိသည်။ ဒီနားလည်မှုတွေကို သူတို့အပြည့်အဝချေဖျက်နိုင်ရင် သိုင်းဆရာအဆင့်ကိုဖောက်ထွက်ဖို့မတိုင်ခင် အကြီးအကျယ်အတားအဆီးတွေနှင့် ကြုံတွေ့ရမှာမဟုတ်ပေ။

ဒီလိုအခွင့်အရေးမျိုးကကြီးမားပြီး သူတို့ငါးဦးစလုံးဟာ လောဘမကြီးကြပေ။

စစ်နတ်ဘုရားဂိုဏ်းကပြုစုပျိုးထောင်ခြင်းခံရပြီး အနာဂတ်အတွက် အခြေခံအုတ်မြစ်အဖြစ်သတ်မှတ်ခံရခြင်းမှာ စွမ်းရည်တစ်ခုတည်းကလိုအပ်ချက်မဟုတ်ပေ။ တစ်ဦးတစ်ယောက်၏စရိုက်လက္ခဏာနှင့် လူ့အဖွဲ့အစည်းမှာပြုမူနေထိုင်ပုံကလည်း အတူတူအရေးကြီးသည်။

သူစစ်နတ်ဘုရားဂိုဏ်းကိုရောက်ရှိပြီးစတုတ္ထမြောက်နေ့တွင်

ကုယွန်သည် အလွန်ပေါ့ပါးသောအနေအထားဖြင့် ရောက်ရှိလာခဲ့သည်။

ယခုသူသည် အနည်းငယ်ပိုငယ်ရွယ်လာပုံရပြီး သူ၏အရှိန်အဝါသည်လည်း ပိုပြီးအားကောင်းလာခဲ့သည်။ သူ၏ခိုင်မာသောအသက်စွမ်းအားသည် လုံးဝထိန်းချုပ်ထားခြင်းမရှိဘဲ တစ်ခါတစ်ရံအနည်းငယ်စိမ့်ထွက်လာပြီး အံ့အားသင့်စရာဖြစ်ခဲ့သည်။

"ဂိုဏ်းချုပ်ကု တာအိုကိုနားလည်ပြီး တစ်ညတည်းနဲ့ သိုင်းသခင်နယ်ပယ်ကိုရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

ကုချင်းဖန်အပြုံးလေးဖြင့်ပြုံးလိုက်ပြီး ဂုဏ်ပြုစကားလည်းပြောလိုက်သည်။

ကုယွန်သည်တစ်ဝက်တစ်ပျက်သိုင်းသခင်၏ချည်နှောင်မှုကို နောက်ဆုံးတွင်ဖောက်ထွက်ပြီး သိုင်းပညာရှင်သိုင်းသခင်အဆင့်သို့ တကယ်တမ်းဝင်ရောက်လာသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်မြင်နိုင်ခဲ့သည်။

ရိုးရိုးသားသားပြောရရင် ကုချင်းဖန်သည် ကုယွန်၏လျင်မြန်သောဖောက်ထွက်မှုကြောင့် အနည်းငယ်အံ့အားသင့်ခဲ့ရသည်။

ဒါက သူ၏အခြေခံစုဆောင်းမှုသည် တော်တော်လေးနက်ရှိုင်းသည်ကိုလည်း သွယ်ဝိုက်ဖော်ပြနေသည်။ မဟုတ်ရင် သူသည်သိုင်းသခင်နယ်ပယ်ကို ဘယ်လိုလုပ်ဒီလောက်မြန်မြန်ဆန်ဆန်ရရှိနိုင်မှာလဲ။

သူ၏စကားကြောင့် ကုယွန်၏မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သောဝမ်းမြောက်မှုအပြုံးပေါ်လာခဲ့သော်လည်း ကုချင်းဖန်ကိုကြည့်နေသော သူ၏မျက်လုံးများတွင်ပို၍ပင် လေးစားချစ်ခင်မှုနှင့်ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"ကုသခင်ရဲ့လမ်းညွှန်မှုမပါဘဲ ကျွန်တော်ဒီဘဝမှာ သခင်အဆင့်ကိုဖောက်ထွက်ဖို့ အခွင့်အရေးရချင်မှရပါမယ် သခင်ရဲ့အကူအညီက ပြန်လည်မွေးဖွားပေးလိုက်သလို ကောင်းမွန်ပါတယ် ကျွန်တော်ဘယ်လိုမှကျေးဇူးတင်လို့မဆုံးနိုင်ပါဘူး"

ဒီအခိုက်အတန့်မှာ ကုယွန်သည် ကုချင်းဖန်ကို စစ်နတ်ဘုရားဂိုဏ်းသို့ ဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့ခြင်းသည် အံ့ဩလောက်အောင် ဉာဏ်ပညာရှိသည်ဟု ခံစားခဲ့ရသည်။

ဒီလိုမဟုတ်ခဲ့ရင် သူဘယ်လိုလုပ်သိုင်းသခင်အဆင့်ကို ဒီလောက်မြန်မြန်ဆန်ဆန်ဖောက်ထွက်နိုင်မှာလဲ။

သိုင်းသခင်အဆင့်ကိုဖောက်ထွက်ခဲ့သော်လည်း ကုယွန်၏စိတ်နှလုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုမရှိခဲ့ပေ။

သူသည်သိုင်းသခင်နယ်ပယ်သို့ဝင်ရောက်ခဲ့သော်လည်း ကုချင်းဖန်၏ရှေ့မှာ သူဟာအငယ်တန်းတစ်ဦးသာဖြစ်နေသေးကြောင်း သူကောင်းကောင်းသိသည်။

တစ်ဖက်လူ၏နက်နဲသောခွန်အားဖြင့် သူ့၏လက်တစ်ချက်ဝှေ့ယမ်းရုံနှင့် သူ့ကိုနှိမ်နင်းနိုင်သည်။

ထို့ကြောင့် ကုယွန်စကားပြောပြီးသောအခါ သူယူဆောင်လာခဲ့သော သစ်သားသေတ္တာတစ်ခုကို ကုချင်းဖန်ထံချက်ချင်းလွှဲပြောင်းပေးလိုက်သည်။

"ဒါကသိုင်းဘိုးဘေးချန်ထားခဲ့တဲ့အရာပါ ကုသခင်ကြည့်ရှုပေးပါ"

ဒီအရာကိုကြားသောအခါ ကုချင်းဖန်သည် သစ်သားသေတ္တာကို ချက်ချင်းယူပြီးဖွင့်လိုက်သည်။ နှင်းခဲလိုအေးစက်သောဓားသွားပါရှိသည့်ဓားရှည်တစ်ချောင်းကို မြင်တွေ့လိုက်ရသည်။

ဒီဓားကိုမြင်လိုက်ရတာနှင့် ကုချင်းဖန်သည် သူ့၏ထူးခြားသောသဘာဝကို ခံစားနိုင်ခဲ့သည်။

ဒီနတ်ဘုရားလက်နက်မှာ သူသည်နတ်ဆိုးသတ်ဓားနှင့်ဆင်တူသည့်အရှိန်အဝါတစ်ခုကို ခံစားရသည်။

သစ်သားသေတ္တာထဲမှာ နတ်ဘုရားဓားအပြင် ကျောက်စိမ်းစာလိပ်တစ်ခုလည်း ချန်ထားခဲ့တာရှိသည်။

ကုချင်းဖန် ကျောက်စိမ်းစာလိပ်ကိုမြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများအနည်းငယ်တဖျတ်ဖျတ်လက်သွားပြီး ချက်ချင်းပဲ အစောပိုင်းကမြင်ဖူးသလို ခံစားချက်တစ်ခုကိုခံစားမိခဲ့သည်။

ဒီလိုမျိုးကျောက်စိမ်းစာလိပ်သည် ကုချင်းဖန်အတွက်မစိမ်းပေ။

ကုယန်သည် တစ်ချိန်ကကျောက်စိမ်းစာလိပ်တစ်ခု ယူဆောင်လာခဲ့ပြီး ကုချင်းဖန်ကို မသေမျိုးပုံသွင်းနန်းတော်လို့ခေါ်သည့်လျှို့ဝှက်နည်းစနစ်တစ်ခုကို မြင်တွေ့စေခဲ့သည်။

အခုသူ့ရှေ့က ကျောက်စိမ်းစာလိပ်ကို မြင်ရသည့်အခါ ကုချင်းဖန်အံ့ဩလွန်းခြင်းမရှိတော့ဘဲ သူ၏အစောပိုင်းခန့်မှန်းချက်များအများအပြားကို အတည်ပြုခဲ့သည်။

ကုယွန်က "ဒီဓားကို ချင်းယုလို့ အမည်ပေးထားပါတယ်။ ဒါက သိုင်းဘိုးဘေးချန်ထားခဲ့တဲ့ ကိုယ်ပိုင်ဓားပါ ဒီဓားမှာ သိုင်းဘိုးဘေရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းပါဝင်တယ် ဒါက စစ်နတ်ဘုရားဂိုဏ်းနှစ်ပေါင်းများစွာ ဝူကျိုးမှာရပ်တည်နိုင်ခဲ့တဲ့ အခြေခံအကြောင်းရင်းပါပဲ"ဟုပြောလိုက်သည်။

All Chapters