← Chapters

ဟန်မိသားစုဗိမာန်

Vol. 48 Ch. 661

ဟန်မိသားစုဗိမာန်

Vol. 48 Ch. 661

စားသောက်ဆိုင်ငယ်ထဲ ဝင်လာပြီးနောက် စားပွဲထိုးကောင်လေးတစ်ယောက်က ဟန်လိကို လာရောက်ကြိုဆိုသည်။

ဟန်လိက ဒုတိယထပ်သို့ တန်းမသွားပေ။ ထိုအစား သူက ပထမထပ်ရှိ လူရှင်းသောနေရာတစ်ခုမှာ ရွေးထိုင်လိုက်သည်။ သူက ဟင်းပွဲအချို့ကိုမှာပြီး စားသောက်ဆိုင်ထဲရှိ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ပထမထပ်ရှိအခန်းထဲတွင် အလုပ်သမားများနှင့် ကုန်သည်ငယ်များလည်း ရှိနေကြသည်။ သူတို့ထဲ၌ ထူးထူးခြားခြားဖြစ်နေတာကတော့ လူသန်ကြီးများထိုင်နေသောစားပွဲတစ်ခုပင်။ ထိုခြောက်ယောက်လုံးသည် အဝတ်ပတ်ထားသောအိတ်များ ကိုယ်စီကိုယ်စီ သယ်ထားကြသည်။ ဟန်လိသည် ယင်းအဝတ်အိတ်တို့ထဲ၌ လက်နက်များ ရှိနေမှန်း သိရန် သူ၏စိတ်ဝိညာဉ်အာရုံကိုပင် အသုံးပြုရန် မလိုပေ။ သူတို့၏ဝတ်စားထားပုံအရ ဂိုဏ်းဂဏတစ်ခုတည်းမှဖြစ်မှန်း သိသာသည်။ ထိုသူတို့ကို တွေ့မြင်သည့်အခါ ဟန်လိစိတ်ထဲ၌ သူ ခုနစ်ထွေဆန်းကြယ်ဂိုဏ်းတွင် ရှိခဲ့စဉ်က အချိန်ကာလများကို ပြန်ပြောင်းစဉ်းစားမိသွားသည်။

ဟန်လိက ထိုလူများအပေါ် စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူတို့၏အပြန်အလှန်စကားများကို သူ ကောင်းကောင်းကြားရသည်။ ထင်ထားသည့်အတိုင်း ထိုသူများမှာ ဂိုဏ်းဂဏတစ်ခုမှ လူသတ်သမားများ ဖြစ်ကြသည်။ ခဏအကြာတွင် ဟန်လိသည် သူတို့အပေါ် စိတ်မဝင်စားနေတော့ဘဲ အခြားစားသုံးသူများအပေါ် အာရုံကျရောက်သွားသည်။

ထိုအခိုက်တွင် လူငယ်ကျောင်းတော်သားနှစ်ယောက်က စားသောက်ဆိုင်ထဲ ဝင်လာကြသည်။ သူတို့က ပြုံးပြုံးပြုံးပြုံးနှင့် စကားပြောရင်း ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

“လက်ထောက်ဝန်ကြီးဟန်က သူ့ဘိုးဘွားတွေကို ဂါဝရပြုဖို့ ဇာတိမြေကို ပြန်ရောက်လာတယ်လို့ ကျုပ် ကြားထားတယ်။ ဒီအတွက် ဖန်နဲ့လီမျိုးနွယ်တို့ကလည်း ဝန်ကြီးလာရောက်လည်ပတ်တာကို ကြိုဆိုဖို့ လူလွှတ်ကြတယ်တဲ့။ ဟန်မျိုးနွယ်စုကတော့ ဒီကိစ္စကို လူသိလေးပါးသိပြီး ကြီးကျယ်ခမ်းနာစေချင်ကြတယ်…”

“အဟုတ်ပဲဗျ။ ကျုပ်လည်း ဒီဘိုးဘေးဂါဝရပြုပွဲအကြောင်း ကြားထားတယ်။ ဟန်မျိုးနွယ်ကတော့ ဘယ်လောက်ပဲဝေးဝေးနေ သူတို့မျိုးနွယ်ခွဲက လူတွေကို ဆင့်ခေါ်ထားတယ်တဲ့။ ဂုဏ်သတင်းသိပ်မကျော်ကြားတဲ့ တိုင်းပြည်ရဲ့အရာရှိတွေကလည်း လေးစားသမှုပြဖို့ လူတွေ စေလွှတ်ထားတယ်တဲ့။ ကျုပ် အထင်တော့ ဟန်၊ဖန်နဲ့လီမျိုးနွယ်တို့ဟာ အနှေးနဲ့အမြန် ကျင်းစီရင်စုရဲ့ မဟာမိသားစုကြီးသုံးစု ဖြစ်လာတော့မယ်နဲ့ တူတယ်…”

“နှစ်ပေါင်းတစ်ရာလောက်နဲ့ ဟန်မျိုးနွယ်ရဲ့ အင်အားကြီးမားလာမှုဟာ မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်လေ…”

“ဒါ ဘာများ ထူးဆန်းနေလို့လဲဗျ။ ဟန်မျိုးနွယ်ဝင်တစ်ယောက်က နန်းတွင်းစာမေးပွဲမှာ နံပါတ်တစ်ရခဲ့တဲ့အတွက် သူတို့ရဲ့အင်အားတိုးတက်လာမှုဟာ အရှိန်အဟုန်နဲ့ ဖြစ်လာတော့မှာပေါ့။ သူတို့ရဲ့ နောက်ပိုင်းမျိုးဆက်တွေကလည်း နန်းတွင်းစာမေးပွဲတွေမှာ မြင့်မားတဲ့အဆင့်သတ်မှတ်ချက် အောင်မြင်မှုတွေ ရခဲ့တာပဲ။ ဒီလိုမျိုးဆက်နဲ့ အောင်မြင်မှုကြောင့် ခုလက်ရှိမှာ သူတို့အထင်ကြီးဖို့ကောင်းနေတာ အံ့အားသင့်စရာ မရှိတော့ပါဘူး။ ပြီးတော့ ခုလိုဖြစ်တာလည်း ကျုပ်တို့အတွက် နောက်ပိုင်းကျရင် ပိုကောင်းမွန်လာနိုင်တာပဲလေ…”

ထိုကျောင်းတော်သားနှစ်ယောက်သည် စကားပြောရင်းဆိုရင်းဖြင့် ဟန်လိဘေးနားရှိ စားပွဲပေါ်မှာ ဝင်ထိုင်ကြသည်။

“ဟန်မျိုးနွယ်တဲ့လား…”

ဟန်လိက သူတို့စကားများကို ကြားသည့်အခါ ဆက်နားထောင်ရင်းကောင်းမလားဟု တွေးနေသည်။ သို့ပေမည့် ထိုနှစ်ယောက်က စကားလမ်းကြောင်းပြောင်းသွားကာ စာအကြောင်းပေအကြောင်း ရောက်သွားသည်။ ဟန်လိ မချင့်မရဲ ဖြစ်သွား၏။ စဉ်းစားကြည့်ပြီးနောက် သူသည် ရုတ်တရက် ထရပ်ပြီး ထိုနှစ်ယောက်ထံ လှမ်းသွားသည်။

“အစ်ကိုတို့…ကျုပ်နာမည်က ဟန်လိပါ။ ခင်ဗျားတို့ ရည်ညွှန်းတဲ့ဟန်မျိုးနွယ်အကြောင်း ကျုပ် သိခွင့်ရနိုင်လား။ ကျုပ်က မျိုးနွယ်ဘိုးဘေးတွေကို ဂါဝရပြုဖို့ ဖိတ်ကြားစာတစ်စောင် ရပြီးတဲ့နောက် ဒီကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့ ကျုပ်က ကျေးလက်ဒေသမှာ ကြီးပျင်းခဲ့တဲ့အတွက် ပင်မမျိုးနွယ်စုနဲ့ အစိမ်းသက်သက်လိုကြီး ဖြစ်နေတယ်။ ဘိုးဘေးတွေကို ဂါဝရပြုနိုင်မဲ့ တည်နေရာကို ကျုပ် သိချင်မိပါတယ်။ ခင်ဗျားတို့ နည်းနည်းပါးပါး လမ်းညွှန်ပေးလို့ ရနိုင်မလား…”

ကျောင်းတော်သားနှစ်ယောက်သည် မင်သက်သွားကြသည်။ ဟန်လိကလည်း ကျောင်းတော်သားတစ်ယောက်အသွင် ဝတ်ထားစားထားတာ တွေ့မြင်ပြီး သူ့စကားများကလည်း ယဉ်ကျေးပျူငှာနေသည့်အတွက်ကြောင့် ထိုနှစ်ယောက်သည် သံသယဝင်မနေဘဲ ပြန်ဖြေပေးသည်။

“ဆိုတော့ ဒီကညီအစ်ကိုက ဟန်မျိုးနွယ်စုက တပည့်တစ်ယောက်ပေါ့။ ကျုပ်တို့ ရိုင်းပြမိသလို ဖြစ်သွားပါတယ်။ ဟန်မျိုးနွယ်က ဒီနဲ့ သုံးကီလိုမီတာအကွာ တောင်ကြားမှာရှိတဲ့ မျိုးနွယ်စုတစ်ခုပဲ ရှိပါတယ်…”

“သုံးကီလိုမီတာအကွာကတောင်ကြား….”

ထိုနေရာသည် ဟန်မျိုးနွယ်စု အခြေချနေထိုင်သော ရွာငယ်ပင်။ ရွာက တောင်ကိုပတ်၍ တည်ထားသောကြောင့် ယင်းသို့အမည်တွင်နေခြင်းပင်။ ကျောင်းတော်သားနှစ်ယောက် ပြောဆိုနေကြသော ဟန်မျိုးနွယ်စုသည် သူနှင့်ပတ်သက်နိုင်ခြေ များနေသည်။

တည်ငြိမ်သောဟန်အမူအရာဖြင့် ဟန်လိက ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အဲ့ဟန်မျိုးနွယ်က ကျုပ်ရဲ့မျိုးနွယ်စုတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီမျိုးနွယ်စုအကြောင်း ရောင်းရင်းတို့နှစ်ယောက် ဒီထက်ပိုပြီးအသေးစိတ် ပြောပြပေးလို့ ရနိုင်မလားဗျ။ ကျုပ်က မျိုးနွယ်စုရဲ့ဘိုးဘေးဂါဝရပြုပွဲမှာ လုံးဝမပါဝင်ခဲ့ဖူးတော့ ဘူမသိကိုးမသိ ဖြစ်နေမှာစိုးလို့ပါ…”

ကျောင်းတော်သားနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်တွင် သူတို့က ဟန်လိကို စူးစမ်းကြ၏။ ဟန်လိ၌ မကောင်းသည့်ရည်ရွယ်ချက် မရှိလောက်ဟု ခံစားမိ၍ သူတို့က သဘောတူလိုက်သည်။

“ဒီလိုကို…ကျုပ်တို့ အကြမ်းဖျင်းတော့ အသေးစိတ်ရှင်းပြပေးနိုင်ပါတယ်။ ဒီအကြောင်းတွေကို လူတိုင်းလည်း သိပြီးသားပါ…”

“ကျေးဇူးအများကြီး တင်ပါတယ် ရောင်းရင်းတို့…” ဟု ဟန်လိက ပြုံး၍ စကားဆိုသည်။

ကျောင်းတော်သားတစ်ယောက်က စပြောပြ၏။

“ညီအစ်ကိုက ဘိုးဘေးဂါဝရပြုပွဲမှာ ဝင်ပါမယ်ဆို သုံးကီလိုမီတာအကွာတောင်ကြားဆီ တန်းမသွားတာတော့ အကောင်းဆုံးပဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေလောက်က ဟန်မျိုးနွယ်ဟာ သူတို့ရဲ့ တည်နေရာကို ဟန်မျိုးနွယ်ရဲတိုက်ဆီ ရွှေ့ပြောင်းခဲ့ကြတယ်။ သူတို့က ဘိုးဘေးဂါဝရပြုပွဲနေ့ရောက်မှ သုံးကီလိုမီတာတောင်ကြားကို ပြန်ကြတာ။ ဟန်မျိုးနွယ်ဟာ…”

သူ ရှင်းပြသည့်အခြင်းအရာများကို ဟန်လိသည် တည်ငြိမ်စွာ နားထောင်နေ၏။ သို့သော်ငြား သူ့စိတ်ထဲတွင်မူ လှုပ်ရှားနေလေပြီ။

နောက်ထပ်လေးနာရီလောက်အကြာတွင် ဟန်လိသည် သူ့အတိတ်တုန်းက စိမ်းလန်းစိုပြေသောတောင်တန်းများ၏အထက်၌ ပေါ်လာသည်။ သူက အောက်သို့အဆင်း။ အပေါ်ကစီးကနေသာ တိတ်တဆိတ် ကြည့်ရှုနေရုံပင်။

ဤရွာငယ်သည် အတိတ်တုန်းကနှင့် တူပါသေးရဲ့လား။

မြေသားဝါဝါ လမ်းများ၊ ထရံကာအိမ်ငယ်များ၊ ရွာထဲရှိကလေးငယ်များကိုမူ မတွေ့ရတော့ပါ။ ယင်းအစား ခြံဝန်းကျယ်ကြီးများ၊ ကျောက်သားလမ်းများ၊ ကောင်းမွန်စွာ ဝတ်စားထားသောအစေခံများက နေရာယူနေလေပြီ။ အတိတ်က အရိပ်လက္ခဏဟူ၍ စိုးစိမျှ မကျန်လေတော့ပါ။

ထိုမြင်ကွင်းကိုကြည့်ကာ ဟန်လိ ခေါင်းရမ်းမိ၏။ သူ့အကြည့်က ခြံဝန်းတစ်ခုအလယ်ရှိ အဆောက်အဦတစ်ခုထံ ရုတ်တရက် ကျရောက်သွားသည်။ ထိုအဆောက်အဦမှာ အခြားအဆောက်အဦများထက်စာလျှင် မကြီးမားနေပေ။ ကြည့်ပျော်ရှုပျော်ရှိသော နှစ်ထပ်အဆောက်အဦတစ်ခုမျှသာ။

၎င်းအဆောက်အဦ၏တံခါးများမှာ ပိတ်ထားလျက် ရှိသည်။ တံခါးဝအပေါ်၌ အနက်ရောင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ ၎င်းပေါ်၌ “ဟန်မျိုးနွယ်စုဗိမာန်တော်”ဟု ငွေရောင်စာလုံးဖြင့် ရေးသားထားသည်။

ဟန်လိ၏မျက်နှာထက်၌ ထူးခြားသောဟန်အမူအရာတစ်ခု ပေါ်လာသည်။ ခဏ စဉ်းစားကြည့်ပြီးနောက် သူသည် ယင်းအဆောက်အဦ၏အရှေ့၌ ဖြတ်ခနဲ့ ပြန်ပေါ်လာသည်။

လူသန်ကြီးလေးငါးယောက်သည် ထိုဗိမာန်ရှေ့တွင် စောင့်ကြပ်နေကြသည်။ သို့သော် ဟန်လိ၏ကိုယ်ဖျောက်ပညာရပ်ကြောင့် သူတို့အနေဖြင့် သူ့ကို ထောက်လှမ်းမိနိုင်စွမ်း မရှိပေ။ သူက ထိုသူတို့အပေါ် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘာမျှတွေးမနေဘဲ အထဲဝင်လာသည်။

ဗိမာန်ထဲဝင်လာသည်နှင့် ဟန်လိသည် အမှတ်တရကျောက်ပြားများကို အာရုံခံမိသည်။ ၎င်းတို့မှာ အရေအတွက်အားဖြင့် ရာကျော်ရှိ၏။ ယင်းတို့ကို စားပွဲရှည်များပေါ်တွင် စီခင်းထားသည်။

ထိုကျောက်ပြားများကို ဝေ့ခတ်ကြည့်ရှုပြီးနောက် ဟန်လိသည် အမည်များစွာကို တွေ့သည်။ သို့သော် မည်သူ့ကိုမျှ သူ မသိနေပေ။ ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ သူ ဒုတိယထပ်ထိ တက်လာသည်။

ဒုတိယထပ်ရှိ အမှတ်တရကျောက်ပြားများသည် ပိုထည်ဝါကာ အရေးကြီးမှန်း သိသာသည်။ ဒုတိယထပ်၌ အမွှေးတိုင်အိုးများ ထွန်းထားရုံသာမက အခန်းအလယ်တွင် ဒယ်စောက်ကြီးတစ်လုံးလည်း ရှိနေသည်။ ၎င်းဒယ်စောက်ထဲ၌ ဆီမွှေးအပြည့်ထည့်ထားသလို ဖယောင်းတိုင်ကြီးတစ်တိုင်ကိုလည်း ထိန်လင်းနေအောင် ထွန်းညှိထားသေးသည်။

ဟန်လိသည် အလယ်ရှိ အမှတ်တရကျောက်ပြားများကို ဖတ်ကြည့်နေရင်း နေရာတွင် ရပ်နေမိသည်။

“ဟန်ကျူး။ ဟန်ထိုက်၊ ဟန်ထျန်ရှန်း…”

မဟူရာရောင်အမှတ်တရကျောက်ပြားများပေါ်တွင် တရင်းတနှီးရှိလှသော ဤနာမည်များကို ရေးသားထားလေ၏။ ဟန်လိ၏စိတ်နှလုံးမှာ လေးလံလာသည်။ သူ့အဖို့ အသက်ရှုရန် ခက်သည့်အထိပင်။

ဆိုရိုးရှိသည်ကား မဟာတာအိုသည် စိတ်ခံစားချက်မဲ့ခြင်း ဟူ၏။ သို့ရာတွင် ထိုစကားသည် ကိုယ့်ကိုယ်ကိုယ်လိမ်ညာ လှည့်ဖြားခြင်းမျှသာ။ ဟန်လိသည် ဤကုန်းမြေမှ အင်မောတယ်တစ်ယောက် ဖြစ်နိုင်ပါသည်။ သို့သော်ငြား သူ့စိတ်ခံစားချက်များကိုကား အပြီးအပြတ် ဖြတ်တောက်ပစ်ရန် မစွမ်းသာပေ။ သူသည် ယင်းစိတ်ခံစားချက်များကို စိတ်နှလုံးအတွင်းနက်ပိုင်းမှာ နှစ်မြုပ်ထားနိုင်ရုံမျှသာ။

ဟန်လိသည် တရွှေ့ရွှေ့လှုပ်ရှားရင်း အခန်းအလယ်ရှိ အမှတ်တရကျောက်ပြားများထံ လျှောက်လာသည်။ သူ ရပ်လိုက်၏။ ထိုကျောက်ပြားများကို အမူအရာကင်းမဲ့စွာ ငေးကြည့်နေ၏။ အတိတ်က သူ့ဆွေမျိုးသားချင်းများ၏ပုံရိပ်များက သူ့စိတ်ထဲတွင် တရိပ်ရိပ်ပေါ်လာ၏။

အချိန်မည်မျှကြာကြာ ကုန်လွန်သွားမှန်း မသိရတော့ပေ။ ဗိမာန်အဆောက်အဦတံခါး တကျွိကျိဖွင့်သံက ဟန်လိ၏ အတိတ်ကိုအောက်မေ့သတိရနေသောစိတ်အခြေအနေကို နိုးထသွားစေသည်။ သို့ရာတွင် သူကား တစ်စက်လေးမျှ မလှုပ်ရှားဘဲ နေရာတွင်သာ ရပ်မြဲရပ်နေသည်။

ထိုအခိုက်တွင် ခြေသံများနှင့်အတူ သက်လတ်ပိုင်းလူနှစ်ယောက်၏စကားသံကို ကြားရသည်။

“အစ်ကိုလီ…ခင်ဗျားက အတော်လေး စိတ်မရှည်တာပဲကို။ ဗိမာန်ကို ဖွင့်လှစ်ပြီးတဲ့အခါကျမှ ခင်ဗျားဖတ်ဖို့ မှတ်တမ်းစာကို ငှားပါ့မယ်လို့ ကျုပ် မပြောခဲ့ဘူး…”

ထိုသူက အကူအညီမဲ့စွာ စကားဆိုသည်။

တစ်ဖက်သူက အိုးတိုးအမ်းတမ်းနှင့် ပြန်တုံ့ပြန်လာသည်။

“ဟားဟား…အစ်ကိုဟန်က အဲ့မှတ်တမ်းစာရဲ့ နောက်ဆုံးပိုင်းမှာ ခင်ဗျားတို့ဘိုးဘေး ချန်ထားခဲ့တဲ့ အမည်မဲ့သိုင်းကျင့်စဉ်တစ်စုံ ရှိနေတယ်လို့ ပြောခဲ့တာကို။ ဒါကြောင့် ကျုပ်အနေနဲ့ အဲ့စာကို တတ်နိုင်သမျှ အမြန်ဆုံး ကြည့်ချင်နေမိတာပါဗျ…”

“ဒါနဲ့ နေပါဦး…ခင်ဗျားတို့က အဲ့မှတ်တမ်းစာကို ဒီမှာ ဘာကြောင့်ထားထားရတာလဲ။ တစ်ယောက်ယောက်ကသာ အဲ့စာကို ခိုးယူသွားခဲ့ရင် ကျိန်းသေပေါက် အရှက်ရမှာလေ…”

ဦးစွာပြောဆိုခဲ့သူက သက်ပြင်းချပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဘယ်သူက မျိုးနွယ်စုတစ်စုရဲ့ ဘိုးဘေးခန်းမထဲက တစ်စုံတစ်ခုကို ခိုးယူဖို့ တွေးပါ့မလဲ။ ပြီးတော့ ကျုပ်တို့ဟန်မျိုးနွယ်က အန္တရာယ်ပေးနိုင်တဲ့အင်အားမျိုး မရှိနေပေမဲ့ ဒီဗိမာန်ကို စောင့်ကြပ်ပေးနေတဲ့ ကျွမ်းကျင်အဆင့်သိုင်းပညာရှင်တွေ အများအပြား ရှိနေပါသေးတယ်။ သာမန်လူတွေအနေနဲ့ ဒီနားကို ယောင်လို့တောင် ကပ်လာနိုင်မှာ မဟုတ်ဘူး။ ထားပါဦး… သူတို့အနေနဲ့ အောင်မြင်သွားခဲ့ရင်တောင် ခင်ဗျားတို့နဲ့ကျုပ်တို့ကြားက ပတ်သက်မှုကြောင့် စိုးရိမ်ကြောက်လန့်ရမှာပဲလေ…”

“ဒါတော့ အမှန်ပဲ…”

တစ်ဖက်သူက သဘောတူသည်။

ခြေသံများကို သိသိသာသာ ကြားနေရရင်း ပညာရှိအသွင်နှင့်လူတစ်ယောက်၊ ပသိုင်းမွှေးအထင်းသားနှင့်လူတစ်ယောက်တို့သည် ဒုတိယထပ်သို့ လှေကားများအတိုင်း တက်လာကြသည်။

ထိုနှစ်ယောက်သည် အပေါ်ထပ် ရောက်ရောက်ချင်းတော့ ပြုံးနေကြသေး၏။ သို့သော် ဟန်လိကို တွေ့သည့်အခါ သူတို့၏အမူအရာများသည် တောင့်တင်းကုန်ကြသည်။

အလန့်တကြားဖြစ်သွားရင်း ပသိုင်းမွှေးနှင့်လူက ရှေ့သို့ ခုန်ဝင်ကာ သက်လတ်ပိုင်းလူကို ကာကွယ်ပေးလိုကသ်ည်။ သူက မာန်သွင်း၍ အော်ဟစ်လိုက်၏။

“ဘယ်လိုကောင်က ဒီမှာ အလစ်တိုက်ဖို့ စောင့်နေရဲတာလဲ။ သေချင်လို့လား…”

သူက ပြောလည်းပြော လက်သီးတင်းကြပ်စွာဆုပ်၍ ဟန်လိကို ထိုးချလိုက်သည်။

သို့သော် သူ အနားမကပ်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ဖိအားတစ်ခုက သူ့ကို ဖိနှပ်သွားသည်။ ဟန်လိကမူ သူတို့ကိုကျောခိုင်းထားလျက် နေရာတွင်သာ ရပ်နေသည်။

All Chapters