← Chapters

အလောင်းခိုးခြင်း

Vol. 26 Ch. 382

အလောင်းခိုးခြင်း

Vol. 26 Ch. 382

“နေဦးလေ!”

ပုံမှန်ကောင်းမင် မတားဆီးနိုင်ခင် အဖွဲ့တစ်ခေါင်းဆောင်မှာ တံခါးထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ သူတို့၏ခွန်အားများ ပြန်လည်ရရှိလာခြင်းက သူတို့အား ယုံကြည်မှုရှိစေခဲ့သည်။

“ဒီနှစ်ယောက် ရူးများ သွားပြီလားဟ”

“သူတို့က ဒီအချိန်ကို စောင့်ဆိုင်းနေခဲ့ကြတာပဲ ၊ မင်း တံခါးနောက်မှာရခဲ့တဲ့ အကျိုးကျေးဇူးတွေကို သူတို့ မြင်သွားတော့ သူတို့က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ သေချာတယ်လေ”

ကြင်နာတတ်သော ကောင်းမင်က ခေါင်းသာ ခါလိုက်သည်။

“ဒါပေမဲ့ ငါက ဘယ်လိုအကျိုးကျေးဇူးတွေများ ရခဲ့လို့လဲ”

ပုံမှန်ကောင်းမင်သည် သေမင်းလက်မှ လွတ်မြောက်ခဲ့ရုံသာရှိသေးသည်ဟု ခံစားရသည်။ သူ့ အခြေအနေများမှာ ကောင်းမွန်မနေချေ။

“မင်း မခံစားရဘူးလား”

ကြင်နာတတ်သော ကောင်းမင်က သူ့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်း တံခါးကနေ ထွက်လာကတည်းက မင်းရဲ့ ခန္ဓာကိုယ်ဟာ စွမ်းအားတွေနဲ့ ဆူပွက်နေပြီး အသားနံ့ဖျော့ဖျော့တစ်ခုကို ထုတ်လွှတ်နေတယ် ၊ အကြီးမားဆုံး ပြောင်းလဲမှုက မင်းရဲ့ ဘယ်ဘက်မျက်လုံးပဲ၊ မင်းစိုက်ကြည့်တာခံရတဲ့ငါတောင် ကျောချမ်းသွားတယ်၊ ငါ့ကံကြမ္မာက မင်းလက်ထဲမှာ ရှိနေသလိုပဲ”

သူတို့ စကားပြောနေကြစဉ် စောစောက ဖန်လီနောက်တွင် ပုန်းအောင်းနေခဲ့သည့် ထူးဆန်းသည့် အမျိုးသားတစ်ယောက်က ရုတ်တရက် လျှောက်လာပြီး သူ၏မျက်နှာဖုံးတစ်ဝက်ကို ဖယ်လိုက်သည်။

“ငါမင်းနဲ့ သီးသန့် စကားပြောလို့ ရမလား”

သူတို့သည် အခန်းလွတ်တစ်ခန်းထဲသို့ ဝင်လိုက်ကြသည်။ သူတို့အားလုံး အခန်းထဲ ရောက်သောအခါ ထိုထူးဆန်းသော အမျိုးသားက သူ၏ ဦးထုပ်နှင့် မျက်နှာဖုံးကို ဖယ်လိုက်လေသည်။ သူသည် ကောင်းမင်နှင့် ဆင်တူသော်လည်း သူ၏အရေပြားတစ်ခုလုံးတွင် ဆုတောင်းစာများ ရေးသားထား၏။

“မင်းက နောက်ဆုံးမှတ်တိုင်မရောက်ခင် ဘတ်စ်ကားပေါ်က ဒုတိယမြောက် ဆင်းသွားတဲ့ ကောင်းမင်မလား”

ပုံမှန်ကောင်းမင်သည် ဤကောင်းမင်ကို အထူးမှတ်မိနေသည်။ သူ ဆင်းသွားခဲ့သော မှတ်တိုင်သည် အလွန်ထူးခြား၏။

“အတိတ်ဆီကို ဦးတည်တဲ့ အဲဒီဘတ်စ်ကားပေါ်မှာ ငါအရာများစွာကို မှတ်မိခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊ သူ့နာမည်က လုဇန်တဲ့”

အသားကောင်းမင်သည် မျက်နှာအမူအရာများစွာ မရှိသော်လည်း သူ၏မျက်လုံးများက နူးညံ့နေသည်။

“အဲဒီလူက ငါတို့ရဲ့ မှတ်ဉာဏ်ကနေ ပုံဖော်ထားတာ မဟုတ်ဘူးလား”

“အရိပ်ကမ္ဘာမှာ ပြောခွင့်မရှိတဲ့သူတွေလို့ခေါ်တဲ့ သရဲတစ်မျိုး ရှိတယ် ၊ ငါတို့ သူ့အကြောင်း ပြောလိုက်တာနဲ့ သူခံစားသိရှိနိုင်တယ်”

အသားကောင်းမင်သည် သူ့လျှို့ဝှက်ချက်များကို သူတို့နှင့်မျှဝေရန် ဆုံးဖြတ်လိုက်သည်။

“ဘတ်စ်ကား ဥမင်လိုဏ်ခေါင်းထဲ မဝင်ခင်မှတ်တိုင်မှာ လုဇန်ပေါ်လာတဲ့အကြောင်းရင်းက သူဟာ ငါတို့ရဲ့ ကံကြမ္မာတွေကို တစ်ခုခုလုပ်ခဲ့လို့ပဲ ၊ အဲ့ဒီလူကို ပုံမှန်ကျင့်ဝတ်တွေနဲ့ ဆုံးဖြတ်လို့ မရဘူး ၊ သူ့ကြောင့် ငါတို့ အမှန်တရားကို မြင်နိုင်ခဲ့ပေမယ့်လည်း စိတ်ကူးမယဉ်နိုင်လောက်တဲ့ ဝေဒနာတွေကိုလည်း ခံစားခဲ့ရတယ်”

“လုဇန်က မင်းကို ဘာပြောခဲ့တာလဲ၊ နောက်ဆုံးမှာ မင်းက သူ့လည်ပင်းကိုညှစ်နေတာ ငါတွေ့ခဲ့တယ်”

ပုံမှန်ကောင်းမင်သည် ဥမင်လိုဏ်ခေါင်း ပြိုကျပြီးနောက် မှတ်တိုင်တိုင်းတွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ဖမ်းယူနိုင်ခဲ့သည်။

“ဟန်ဟိုင်းက လူတိုင်းရဲ့ ဘဝတွေကို သူတို့ မွေးဖွားကတည်းက ဆုံးဖြတ်ထားခဲ့ပြီးသားပဲ၊ ကံကြမ္မာက ဇာတ်ညွှန်းကို ကြိုတင်ရေးသားထားတာ ၊ ဒီကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကံကြမ္မာကို သတ်ပစ်ဖို့ပဲ”

အသားကောင်းမင်သည် လုဇန်ကို လည်ပင်းညှစ်နေဆဲကဲ့သို့ သူ၏လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ငါတို့ဟာ ကံကြမ္မာကို ရင်ဆိုင်ဖို့ လုဇန်ရဲ့ စစ်တုရင်နယ်ရုပ်လေးတွေပဲ ၊ ကံကြမ္မာကို လှည့်စားဖို့အတွက်နဲ့ သူဟာဖြစ်နိုင်ခြေအရှိဆုံး လူတစ်ယောက်ကို ရွေးခဲ့တယ်၊ အဲဒါက မင်းပဲ”

“ငါလား”

ပုံမှန်ကောင်းမင်သည် ဘာပြောရမှန်းပင် မသိတော့ပေ။

“ကံကြမ္မာက မင်းအတွက် ရွေးချယ်စရာတွေ အများကြီး စီစဉ်ပေးခဲ့တယ်၊ကောင်းမင်တိုင်းက ကံကြမ္မာကို ခြိမ်းခြောက်နိုင်ပေမယ့် မင်းကတော့ အရမ်းပုံမှန်ဖြစ်လို့ အရမ်းကို ပျင်းစရာကောင်းတယ်၊ ဒါက ရုပ်ရှင်ဆိုရင် မင်းက ဇာတ်ပို့ပဲ ဖြစ်လိမ့်မယ်”

အသားကောင်းမင်၏ ပုံမှန်ကောင်းမင်ကို အကဲဖြတ်ပုံမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ၎င်းသည် လေးစားမှုနှင့်အကူအညီမဲ့မှုတို့ ရောနှောနေသော ခံစားချက်တစ်ခုဖြစ်သည်။

“ဒါပေမဲ့ မင်းရဲ့ ဒီဗားရှင်းဟာ ကိစ္စတစ်ခုကို သက်သေပြနေတယ် ၊ ကံကြမ္မာဟာ အရာရာတိုင်းကို မသိနိုင်ဘူး ၊ မင်းဟာ ကံကြမ္မာရဲ့ ဇာတ်ညွှန်းကို ဖျက်ဆီးပစ်ခဲ့ပြီး သေဆုံးမှုများစွာကို ဖြတ်သန်းရင်း အပြည့်စုံဆုံး ငါနဲ့ တွေ့ခဲ့ရတယ်”

ပုံမှန်ကောင်းမင် နားမလည်ခဲ့ပေ။

“အပြည့်စုံဆုံး မင်းဆိုတာ ဘာကိုဆိုလိုတာလဲ”

“လုဇန်နဲ့ စကားပြောပြီးတော့ ငါဟာ သားစားကြူးနတ်ဘုရားနဲ့ ပေါင်းစည်းထားတဲ့ ကောင်းမင်ရဲ့အသိစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာ သိခဲ့ရတယ် ၊ ပြီးတော့ မင်းဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတိုင်းရဲ့ ရင်းမြစ်က သားစားကြူးနတ်ဘုရားဆီက လာတာပဲ”

“သားစားကြူးနတ်ဘုရားဆိုတာ ဘာကြီးလဲ”

ကြင်နာတတ်သော ကောင်းမင်က ထိုနာမည်အား အလွန်ထူးဆန်းသည်ဟု ထင်မိသည်။

“ကမ္ဘာကြီးတစ်ခု သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အသားနဲ့အသွေးတွေအဖြစ် မင်းတို့ စိတ်ကူးကြည့်နိုင်တယ်”

အသားကောင်းမင်လည်း ယင်းကို အမှန်တကယ် နားမလည်ပါချေ။

“ဟန်ဟိုင်းက ဧရာမအကျဉ်းထောင်ကြီးတစ်ခုဖြစ်ပြီး ကံကြမ္မာက အကျဉ်းဦးစီးချုပ်ပဲ ၊ သားစားကြူးနတ်ဘုရားကို ကံကြမ္မာက တဖြည်းဖြည်းနဲ့ သင်းသတ်ခဲ့လို့ သူရဲ့တည်ရှိမှု အစအနလေးတွေပဲ ဒီမြို့မှာ ကျန်နေခဲ့တော့တယ် ၊ ပုံမှန်အားဖြင့် သူက ဒီကမ္ဘာဆီကို ပြန်မလာနိုင်တော့ဘူး ၊ အဆုံးမရှိတဲ့ သေဆုံးမှုတွေကို ဖြတ်သန်းရင်း အနာဂတ်နဲ့ အတိတ်ရဲ့ အရိပ်အမြွက်တွေကို ပစ္စုပ္ပန်ထဲ သယ်ဆောင်လာရင်းနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကနေတစ်ဆင့် သူ့ကိုပြန်လည် မွေးဖွားနိုင်အောင် မင်း လုပ်ပေးခဲ့တာပဲ”

“အတိတ်နဲ့ အနာဂတ် ရုပ်တုတွေဟာ ထာဝရဘဝအိမ်ရာမှာ ငါတို့ရဲ့ ခန္ဓာကိုယ်ကို ‘ခွဲစိတ်’ပစ်ဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြတယ် ၊ ငါတို့ရဲ့ အသိစိတ်အပိုင်းက အတိတ်က တစ်ရက်ရက်မှာ ပိတ်မိနေတာ ၊ ငါတို့ရဲ့ နတ်ဘုရားနှလုံးသားကို အပိုင်းပိုင်း ခွဲထုတ်ထားတယ် ၊ ငါတို့ရဲ့ အသားနှလုံးသားကိုတော့ တခြားရပ်ကွက်မှာ ဝှက်ထားတာပဲ ၊ တကယ့်အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ငါတို့ နတ်ဘုရားနှလုံးသားရဲ့ အစိတ်အပိုင်းကို စုဆောင်းဖို့ရယ် ထာဝရဘဝအိမ်ရာကနေ ထွက်သွားပြီး လူချမ်းသာရပ်ကွက်ကိုသွားပြီး အသားနှလုံးသားကို ရှာဖို့ရယ် လိုအပ်တယ်”

အသားကောင်းမင်သည် အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။

“ငါတို့ တံခါးတွေကို လျစ်လျူရှုထားလို့ရတယ် ၊ ငါတို့ရဲ့ အဓိကတာဝန်က အလောင်းအပါအဝင် ကောင်းမင်တွေ အားလုံးကို စုစည်းဖို့ပဲ”

“ပြောတာလွယ်တယ် လုပ်တာခက်တယ်”

“မှန်တယ် ဒါပေမဲ့လည်း ဒီမှာရှိတဲ့ လူတချို့မှာ သရဲတွေရဲ့ စွမ်းအားတွေ ရှိနေကြပေမယ့် သူတို့က စည်းလုံးမှု မရှိကြဘူး ၊ ငါတို့ကတော့ မတူဘူးလေ”

အသားကောင်းမင်က အပေါ်သို့ ညွှန်ပြလိုက်သည်။

“ငါ အခန်း ၀၇၁၅ ကို ပြန်သွားပြီး တခြားကောင်းမင်တွေ အားလုံးကို ခေါ်ဖို့ စီစဉ်ထားတယ်”

“ခဏလေး… ငါ မေးစရာရှိတယ်”

ကြင်နာတတ်သော ကောင်းမင်က အသားကောင်းမင်ကို ဖြတ်ပြောလိုက်သည်။

“မင်း ပြောတာက ငါတို့ ကောင်းမင်တွေအားလုံးကို စုစည်းဖို့ လိုတယ်ဆို … ဒါပေမဲ့ ငါတို့ ဘတ်စ်ကားပေါ်မှာတွေ့ခဲ့တဲ့ ပန်းချီဆရာကောင်းမင်က ငါတို့နဲ့ မတူဘူးဆိုတာ ရှင်းနေတယ် ၊ သူ့မှာ သူ့ကိုယ်ပိုင် သီးခြားမှတ်ဉာဏ် ရှိတယ်… သူဟာ ဟန်မဆောင်တတ်တဲ့အခွံတစ်ခုနဲ့ အရူးတစ်ယောက်လိုပဲ”

“သူ့မှာ ဘာတွေဖြစ်နေလဲဆိုတာတော့ ငါမသိဘူးလေ”

အသားကောင်းမင်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။

“ငါ ပြောသင့်တာ အားလုံး ပြောပြီးပြီ… ဒီအထပ်က မလုံခြုံတော့ဘူး ၊ အနာဂတ်လို့ခေါ်တဲ့ မကောင်းဆိုးဝါးက မကြာခင် ရောက်လာတော့မယ်၊ ငါတို့ လှုပ်ရှားမှရမယ်”

သူတို့ ဆွေးနွေးပြီးနောက် အသားကောင်းမင်သည် သူ၏မျက်နှာဖုံးကို ပြန်တပ်လိုက်သည်။ သူက ဖန်လီကို လက်ပြလိုက်သည်။

“မင်းက သူ့ကို ငါတို့နဲ့အတူ ခေါ်လာမှာလား”

ကြင်နာတတ်သော ကောင်းမင်သည် ဖန်လီနှင့် မတွေ့ဖူးသေးပေ။

“သူက ငါ ရွေးထားတဲ့လူပဲ အရမ်း ယုံကြည်စိတ်ချရပါတယ်”

အသားကောင်းမင်သည် အနာဂတ်တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ အဖွဲ့တစ်ခေါင်းဆောင်နှင့် လျိုယီတို့ ထွက်မလာသေးပေ။ တံခါးပေါ်ရှိ နတ်ဘုရားပုံစံကွက်များသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းသည် ရဲရဲနီနေသော မျက်လုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူတို့တံခါးနောက်တွင် ဘာတွေဖြစ်နေမှန်း ဘယ်သူမှ မသိနိုင်ပေ။ သူတို့သည် နံရံပေါ်မှ အက်ကွဲကြောင်းများ ပိုကြီးမားလာသည်ကိုသာ စောင့်ကြည့်နိုင်ခဲ့ကြသည်။ အခန်းထဲရှိ နာရီများသည်လည်း သက်ရောက်မှုရှိသည်။ အချိန်က ရူးသွပ်သွားသကဲ့သို့ လက်တံများ ထူးဆန်းစွာ ရွေ့လျားလာကြသည်။

ဖန်လီ၏ ဦးဆောင်မှုဖြင့် အဖွဲ့သည် ပုန်ကန်တတ်သော ကောင်းမင်နှင့် တွေ့ဆုံပြီးနောက် အသားကောင်းမင်၏လမ်းညွှန်မှုဖြင့် မတူညီသော အထပ်များမှတစ်ဆင့်လှုပ်ရှားကြတော့သည်။

………………….

ဓားတစ်ချောင်းကိုကိုင်ထားသော ပိုင်ရှောင်၏အအကြည့်များသည် ကောင်းမင်၏အလောင်းထံမှ တစ်ခါမှ မခွာခဲ့ပေ။ သူသည် ထိုလူ၏ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ခံထားရသော ခန္ဓာကိုယ်နှင့် လည်ပင်းတစ်ဝိုက်ရှိ အမှတ်အသားကို မြင်သောအခါ သူ၏မျက်လုံးများတွင် သွေးကြောများ ပေါက်ထွက်လာတော့သည်။ ကျင်းထောင်ရှန်း၏ ပစ်မှတ်များသည် ကောင်းမင်နှင့်ဝမ်ကျားတို့ ဖြစ်သည်ကို သူသိသည်။ သူ သတင်းပို့နိုင်ခြင်း မရှိမီတွင် ကောင်းမင်၏အလောင်းမှာ သူ့ရှေ့တွင် လဲလျောင်းနေခဲ့ချေပြီ။

“ပိုင်ရှောင်… မင်း ဘာကို စောင့်နေတာလဲ၊ သရဲတက်တူးရဲ့ စွမ်းအားတွေ ပြန်ရလာပြီ.. နေရာယူထားစမ်း”

ကျိုးကျွင်းနှင့် ယွမ်ဟွေ့တို့သည် လုံခြုံရေးအဖွဲ့ဝင် အချို့ကို ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ သူတို့က ၁၃ လွှာကို ပိတ်ဆို့လိုက်ကြသည်။ ၁၃လွှာ၏ အလယ်တွင် ဝမ်ကျားသည် ပန်းချီပုံများဖြင့် ဖုံးအုပ်ထားသော ရုပ်တုကို သယ်ဆောင်ထားလေသည်။ သူသည် တံခါးကို ကျောပေးထားပြီး သူ၏ ရင်ဘတ်သည် ပုံမှန်မဟုတ်ဘဲ ဖားဖိုထိုးနေသကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်။

ဝမ်ကျားနှင့် မလှမ်းမကမ်းတွင် အနီရောင်ဘွားဘွားရှိနေလေသည်။ သူမ၏လက်များတွင် ဒဏ်ရာများ ဖုံးလွှမ်းနေပြီး သူမသည် ဝမ်ကျားအား အပိုင်းပိုင်းဆုတ်ဖြဲချင်နေသကဲ့သို့ ရက်စက်စွာ စိုက်ကြည့်နေလေသည်။

All Chapters