← Chapters

ငါအဖွဲ့

Vol. 26 Ch. 384

ငါအဖွဲ့

Vol. 26 Ch. 384

ဆိုးယုတ်မှုသည် အလွန်အန္တရာယ်ကြီး၏။ ၎င်းသည် မုန်းတီးခြင်းထက် ပိုမိုကောက်ကျစ်ပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်ထက်ပင် ပို၍မှောင်မိုက်သည်။ တစ်စုံတစ်ယောက်သည် ဆိုးယုတ်မှု၏ ပစ်မှတ်ထားခံလိုက်ရပါက ထိုလူသည် သေခြင်းကပင် လွတ်မြောက်ရာဖြစ်သည့် ကြောက်မက်ဖွယ်အဆုံးသတ်ဖြင့် ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်မှုသည် သတ်ဖြတ်ခြင်းထက် နှိပ်စက်ညှင်းပန်းခြင်းကို ပိုမိုနှစ်သက်သောကြောင့်ဖြစ်သည်။ သတ်ဖြတ်ခြင်းသည် ၎င်း၏ပန်းတိုင်မဟုတ်ဘဲ ပျော်ရွှင်မှုရယူခြင်း၏ လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်။

ပိုင်ရှောင်မှာ ကောင်းမင်၏အလောင်းကို သယ်ဆောင်လာခဲ့သည်။ သူ့နှလုံးသားအား ဆိုးယုတ်မှုက လွှမ်းမိုးထားသော်ငြားလည်း သူအလောင်းကို သယ်ဆောင်သည့် ပုံစံမှာ အလွန်ညင်သာလှသည်။ သူသည် ယွမ်ဟွေ့နှင့် ကျန်လူများထက် ကောင်းမင်၏အလောင်းကို ပိုလေးစားမှုထားသည်။

ဝမ်ကျားသည် ကျိုးကျွင်းနောက်သို့ ဆက်လိုက်နေဆဲဖြစ်သည်။ သူသည် ဒဏ်ရာရထားပါသော်လည်း အလွန်အစွမ်းထက်၏။ သို့သော်လည်း အခြားအဖွဲ့ဝင်များက ကျိုးကျွင်းကို ကူညီရန် ပူးပေါင်းလာသောအခါ သူသည် ဖြည်းဖြည်းချင်းချောင်ပိတ်မိလာတော့သည်။

ပိုင်ရှောင်သည် ယွမ်ဟွေ့ထံသို့ လျှောက်သွားခဲ့သည်။ သူ၏မျက်လုံးများသည် အချို့သောစွမ်းအားများကြောင့် လိမ်ယှက်နေ၏။ သူ့နှုတ်ခမ်းပေါ်တွင် ရူးသွပ်နေသောအပြုံးတစ်ခု ပေါ်လာသည်။ ဆိုးယုတ်မှုကို ဖိနှိပ်ထားရန်မှာ အလွန်ခက်ခဲ၏။ ၎င်းကို ထုတ်လွှတ်လိုက်ခြင်းက အလွန်သက်သောင့်သက်သာရှိလှသည်။ သူ့ခြေလှမ်းများမှာ လျင်မြန်လာခဲ့ပြီး ပိုင်ရှောင်သည် ယွမ်ဟွေ့ထံသို့ လျှို့ဝှက်စွာ ချဉ်းကပ်သွား၏။

ယွမ်ဟွေ့သည် ရုတ်တရက် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ပိုင်ရှောင်၏ အကြည့်ကြောင့် တုန်လှုပ်သွားလေသည်။

“မ... မင်း ဘာလိုချင်တာလဲ”

“ငါ သိချင်တယ် ၊ မင်း ကောင်းမင်ကို ဘယ်လိုသတ်လိုက်တာလဲ ၊ ငါ့အမြင်အရ မင်းတို့နှစ်ယောက်လုံးက အခန်း ၁၃ ကဖြစ်ပေမဲ့ မင်းတို့က သူ့ထက် အများကြီး နိမ့်ကျတယ်”

ပိုင်ရှောင်သည် စကားများဖြင့် ချက်ချင်းပင် ထိုးနှက်လိုက်သည်။

ယွမ်ဟွေ့သည် ဒေါသတကြီး ဖြစ်သွားခြင်းမရှိပေ။ သေရေးရှင်ရေးတိုက်ပွဲ ဖြစ်နေချိန်တွင် ပိုင်ရှောင်က သူ့အား လှောင်ပြောင်နေခြင်းဖြစ်သည်။ သူနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်မှာ ရှင်းလင်းနေသည်။ ယွမ်ဟွေ့ ကျိုးကျွင်းအား ကူညီနေခြင်းကို ခဏရပ်လိုက်သည်။ သူ၏အကြည့်များကို ပိုင်ရှောင့်အပေါ်တွင်သာ စူးစိုက်ထားရင်း ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ယွမ်ဟွေ့သည် အလွန်အမင်း သတိရှိသူဖြစ်ကြောင်း ပြောရမည်ဖြစ်ပြီး အန္တရာယ်ကို အလွန်အမင်း အာရုံခံနိုင်သူဖြစ်သည်။

ပိုင်ရှောင် ဆက်လက်ဖိအားပေးလိုက်သည်။ တစ်ထပ်လုံးကို ပရမ်းပတာများ လွှမ်းမိုးသွားချိန်တွင် တစ်စုံတစ်ယောက်က လုံခြုံရေးတံခါးကို ဖွင့်လိုက်လေသည်။ ထိုသူသည် လုံခြုံရေးအဖွဲ့ဝင်များ အချင်းချင်း တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ ပိုင်ရှောင်သည်လည်း တံခါးဖွင့်သူကို မြင်လိုက်သောအခါ သူ၏မျက်လုံးများမှာ အကြီးအကျယ်ပြူးကျယ်သွားခဲ့သည်။

...

အတိတ်၏အတွေ့အကြုံများဖြင့် ပုံမှန်ကောင်းမင်သည် အခြားကောင်းမင်များ ရှိနေခြင်းကို ခံစားသိရှိနိုင်ပေသည်။ အခန်း ၀၇၁၅များရှိသော လျှို့ဝှက်အထပ်သို့ သူပြန်ရောက်လာသောအခါ တံခါးအားလုံးကို သွားခေါက်လိုက်သည်။

“ဒီအခန်းတွေက ငါတို့ကို ပိတ်လှောင်ထားတဲ့ လှောင်အိမ်တွေပဲ။ ငါတို့ အမြန်ဆုံး ထွက်သွားရမယ်!

“မင်းတို့က ငါ့ကို အဆုံးသတ်ဆီ ပို့ပေးဖို့အတွက် အတိတ်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ခံစားရင်း မတူညီတဲ့ မှတ်တိုင်တွေမှာ တစ်ချိန်က ကျန်နေခဲ့ကြဖူးတယ် ။ အပြန်အလှန်အနေနဲ့ ငါမင်းတို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်!

“ငါ မင်းတို့အားလုံးနဲ့ တွေ့ခဲ့ပြီးပြီ၊ မင်းတို့အားလုံးက ငါပဲ။ ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်နိုင်မလား”

ပုံမှန်ကောင်းမင်၏ စည်းရုံးမှုဖြင့် တံခါးများ တဖြည်းဖြည်း ပွင့်လာကြသည်။ မတူညီသော ကောင်းမင်များက မတူညီသော အတိတ်များမှ ထွက်လာကြလေသည်။

“ဒီတော့ ဘဝဆိုတာ ရွေးချယ်စရာတွေ အများကြီး ရှိနေတာပေါ့”

ဆရာဝန်ကောင်းမင်က သူသည် အနာဂတ်တွင် ဆေးရုံကြီးတစ်ခု၌ စိတ်ရောဂါကုဆရာဝန်အဖြစ် အလုပ်လုပ်ကိုင်နေရမည်ဟု သေချာပေါက်ထင်ထားခဲ့သည်။

“ချီးပဲ။ မင်းတို့တွေ အများကြီးပဲကွာ”

ပုန်ကန်တတ်သော ကောင်းမင်က နားကုတ်လိုက်သည်။

“ငါ အခုတော့ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့သတ္တိရှိလာပြီကွ”

“ဟိုင်း၊ မင်းတို့တွေ လျိုယီ ဒါမှမဟုတ် သူနဲ့အတူပေါ်လာတဲ့ မိန်းကလေးမြင်ဖူးကြလား”

ခံစားတတ်သော ကောင်းမင်က မေးသည်။

“ငါသူ့ကို အရင်က မြင်ဖူးတယ်ထင်တာပဲ… အိပ်မက်တစ်ခုထဲမှာ ငါအနမ်းမခံရသေးခင်ပေါ့။ ငါ သူ့ကို တစ်ခုခု ကတိပေးထားတယ်လို့ ထင်ပေမဲ့ ငါ့ရဲ့မကောင်းတဲ့ မှတ်ဉာဏ်က ဘာလဲဆိုတာ မမှတ်မိတော့ဘူး”

“ဆရာဝန်ဆိုတဲ့ကောင်က ရမ်းကုတစ်ယောက်မှန်း ငါသိနေတယ်ကွာ၊ ငါ့ဦးနှောက်က ပုံမှန်မဟုတ်ဘဲ ကြီးထွားနေပြီး အကြမ်းဖက်မှုကိုနှစ်သက်စေတယ်လို့တောင် သူပြောခဲ့သေးတယ်”

အရူးကောင်းမင်က သူတို့အား သားကောင်များကဲ့သို့ ကြည့်လိုက်သည်။

“ဒါက စရိုက်အမျိုးမျိုးဖြစ်နေတဲ့ရောဂါမှန်း ရှင်းနေတာပဲ။ ဒါ အရမ်းပျော်စရာကောင်းတယ်ကွ။ အသက်ရှင်နေရတာ အရမ်းကောင်းတာပဲ!”

ကြင်နာတတ်သော ကောင်းမင်က လက်ခုပ်တီး၍ လူတိုင်းအာရုံစိုက်လာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူသည် အသားကောင်းမင်၏ရှာဖွေတွေ့ရှိချက်ကို လူတိုင်းနှင့် မျှဝေလိုက်သည်။ သူတို့က တူညီသောတုံ့ပြန်မှုများကို ပြသလိုက်ကြသည်။ တစ်ဝက်က ခုခံတွန်းလှန်ရန် ရွေးချယ်ခဲ့ပြီး နောက်တစ်ဝက်က သေသည်အထိ ခုခံတွန်းလှန်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့ လူတိုင်း၏ အတွေးများကို သိရှိရသဖြင့် ပုံမှန်ကောင်းမင်နှင့် ကြင်နာတတ်သော ကောင်းမင်တို့သည် နောက်ထပ် ချုပ်တည်းထားရန် မလိုတော့ပေ။

“ငါ့အဘွားရဲ့ အခန်းထဲမှာ ငါတစ်ခုခု ရှာဖို့လိုသေးတယ်”

အသားကောင်းမင်သည် ဖန်လီကို ဦးဆောင်၍ အခန်း ၀၇၁၅ တံခါးကို ဖြိုချပစ်သည်။ ပုံမှန်ကောင်းမင်နှင့် ကြင်နာတတ်သော ကောင်းမင်တို့သည် အသားကောင်းမင်၏ နေထိုင်မှုအခြေအနေကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ သူတို့အားလုံးတွင် တူညီသည့် အခန်းအပြင်အဆင်များရှိသော်လည်း အလှဆင်ပုံစံများနှင့် ပရိဘောဂများ မတူညီကြပေ။ အသားကောင်းမင်သည် သူ့ကိုချုပ်နှောင်ထားရန် အသုံးပြုသည့် ဘာသာရေးဆိုင်ရာ အစီအရင်တစ်ခုအတွင်း နေထိုင်ခဲ့ပုံရသည်။

“ကျေးဇူးတင်ရမှာက သူ့အဘွားက ဒီမှာမရှိတာပဲ ။ ပန်းချီဆရာကောင်းမင်က သူ့ကို သူ့ဘာသာဆွဲဆောင်မိပြီး ထွက်သွားတာ။ အဲ့ဒီလူလည်း အရူးတစ်ယောက်ပဲ”

လုဇန်နှင့် စကားပြောခဲ့ပြီးနောက် အသားကောင်းမင်သည် အရာများစွာကို နားလည်လာခဲ့သည်။ သူသည် သူ့အခန်းရှိ ငါးလှောင်အိမ်အား ရိုက်ခွဲလိုက်ပြီး ငါးသေများကို မြေမြှုပ်ကာ ငါးမျိုးစနစ်ကို နှောင့်ယှက်ရန် အနီရောင်ကြိုးမျှင်များကို ဆွဲဖြတ်ပစ်လိုက်သည်။ နောက်ဆုံးတွင် သူ့အဘွား၏ အိပ်ခန်းထဲသို့ ကပျာကယာပြေးဝင်သွားပြီး အဆောင်စာရွက်အားလုံးကိုလည်း ဆုတ်ဖြဲပစ်သည်။ သူလုပ်ဆောင်လိုက်သည့် အရာအားလုံးကြောင့် သူ့အရေပြားပေါ်ရှိ ဆုတောင်းစာများက အရောင်ဖျော့သွားခဲ့၏။

“ဒါတွေက အတိတ်နတ်ဘုရားက ငါတို့ရဲ့အသိစိတ်နှင့် စိတ်ဝိဉာည်အပေါ် ချထားတဲ့ စည်းတံဆိပ်တွေပဲ။ ငါတို့ အစသစ်တစ်ခုကို ကြိုဆိုဖို့ အားလုံးကို ဖျက်ဆီးလိုက်ရအောင် ”

အသားကောင်းမင်သည် တူတစ်ချောင်းရှာ၍ သူ့အဘွား၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးကြိုးစားသည်။ အရူးကောင်းမင်က မီးခြစ်တစ်လုံးနှင့်အတူ မီးဖိုချောင်ထဲသို့ လျှောက်ဝင်သွားသည်။

“နေပါဦး… မင်း တောက်ပရမယ့်အလှည့် မဟုတ်သေးဘူးလေ”

အခြားကောင်းမင်များက သူ့ကို အလျင်အမြန် တားဆီးလိုက်ကြသည်။ သို့သော်လည်း မီးဖိုချောင်က တစ်နည်းနည်းဖြင့် မီးလောင်နေဆဲဖြစ်သည်။ သူတို့ ပိတ်မိမသွားခင် ကောင်းမင်တို့အားလုံး ထိုလျှို့ဝှက်အထပ်မှ ဆုတ်ခွာခဲ့ကြသည်။

“အခု ငါတို့ ပန်းချီဆရာကောင်းမင်နဲ့ ငါတို့ရဲ့အလောင်းကို ရှာဖို့ပဲ လိုတော့တယ်”

ပုံမှန်ကောင်းမင်က လမ်းကို ဦးဆောင်လိုက်သည်။ သူသည် အလောင်း၏နှလုံးခုန်သံကို မခံစားနိုင်သော်လည်း အလောင်း၏ရင်ဘတ်ထဲတွင်ရှိနေသော လူသေဓာတ်ပုံကို ခံစားနိုင်ပေသည်။

ကောင်းမင်အုပ်စုသည် လှေကားအတိုင်း ပြေးဆင်းသွားကြသည်။ ဖန်လီသည် အဆောက်အအုံကြီး တုန်ခါနေသည်ကို ခံစားနေရသည်။ သူသည် ကောင်းမင်များဖြင့် ဝန်းရံခံထားရခြင်းဖြစ်သည်။ သူ့မှာ ဘယ်သူ့စကားကို နားထောင်ရမှန်းမသိဘဲ အုပ်စုနောက်သို့သာ ယောင်တောင်တောင် လိုက်သွားခဲ့ရသည်။

“ဒီနေရာပဲကွ! ၁၃ လွှာပဲ!”

ပုံမှန်ကောင်းမင်က လုံခြုံရေးတံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ အစောပိုင်းက တိုက်ခိုက်နေကြသော လုံခြုံရေးအစောင့်များအားလုံး တံခါးကို လှည့်ကြည့်လိုက်ကြသည်။

အလောင်းကို သယ်ဆောင်ထားသော ပိုင်ရှောင်မှာ ရပ်တန့်သွား၏။ သူ၏ ပြူးကျယ်နေသော မျက်လုံးများက ပုံမှန်ကောင်းမင်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် သူကောင်းမင်၏အလောင်းကို သယ်ဆောင်ထားရသည်မှာ အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

“မင်း မသေသေးဘူးလား!”

ကောင်းမင်အသတ်ခံလိုက်ရကြောင်း သိလိုက်ရချိန်က ပိုင်ရှောင်သည် သူ့အတွက် တိတ်တဆိတ် ဝမ်းနည်းခဲ့ရသည်။ သူသည် သူ့အတွင်းရှိ ဆိုးယုတ်မှုကိုပင် ထုတ်လွှတ်ပစ်ရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကောင်းမင်များ ပိုမို ပေါ်လာလေသည်။

တူညီသောမျက်နှာများစွာကို မြင်လိုက်ရသောအခါ ပိုင်ရှောင်၏နှလုံးသားအတွင်းရှိ ဆိုးယုတ်မှုသည်ပင် တုန်လှုပ်သွားသည်။ဆိုးယုတ်မှု၏နတ်ဘုရားပင်လျှင် ထိုအရာကို ရှင်းပြနိုင်မည် မဟုတ်ပေ။

“မင်းတို့အများကြီးက အသက်ရှင်နေကြတာလား!”

ပိုင်ရှောင် မတုံ့ပြန်နိုင်မီ အသားကောင်းမင်က ရှေ့သို့ ခုန်တက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆုတောင်းစာများသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ အဆောက်အအုံအတွင်းရှိ နတ်ဘုရားများသည် သူ့အား နှိမ်နင်းနိုင်ရန် အလွန်အမင်းကြိုးစားအားထုတ်ခဲ့ကြသော်လည်း သူတို့မှာ စွမ်းအားကျဆင်းနေခဲ့သည်။

“အလောင်းကို ဖမ်းဟေ့ ”

အော်ဟစ်သံများက နေရာအနှံ့ ပဲ့တင်ထပ်နေတော့သည်။ ဤ 'အဖွဲ့' ကဲ့သို့ စည်းလုံးသောအဖွဲ့ တစ်ဖွဲ့မှ မရှိဖူးခဲ့ပေ။ သူတို့သည် မတူညီသောလူများဖြစ်သော်လည်း တူညီသောစိတ်ဝိဉာည်အား ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။

ပိုင်ရှောင်သည် ယွမ်ဟွေ့ကို ဆက်ကြည့်နေဆဲဖြစ်သည်။ သူ ဘာလုပ်ရမည်ကို စဉ်းစားနေစဉ်အတွင်း သူ့ကျောပေါ်ရှိ အလောင်းမှာ ခိုးခံလိုက်ရပြီးပြီ ဖြစ်သည်။ သူသည် လက်သီးတစ်ချက်ပင် အထိုးခံခဲ့ရသေးသည်။ သူသည် တမင်တကာလဲကျဟန်ဆောင်၍ နံရံကို မှီထားလိုက်သည်။ သူသည် သတိမေ့သွားသကဲ့သို့ ဟန်ဆောင်ရင်း မျက်လုံးများကိုမှိတ်လိုက်သည်။ သူ့ဓားကိုလည်း သူ့နောက်တွင် ဝှက်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမင်များက ဓားကို မတော်တဆ တက်နင်းမိမည်ကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။

All Chapters