← Chapters

ရှရန်က ‌ကောင်းမင်ကောင်းတစ်ယောက်ပါ

Vol. 26 Ch. 386

ရှရန်က ‌ကောင်းမင်ကောင်းတစ်ယောက်ပါ

Vol. 26 Ch. 386

ဟယ်ကျင်း မူမမှန်ဖြစ်ရပ်ထဲမဝင်မှီက ကျင်းထောင်ရှန်းသည် သူတို့အား ကောင်းမင်နှင့်ဝမ်ကျားတို့ကို ဘာပဲဖြစ်ဖြစ်သတ်ပစ်ရမည်ဟု ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ယခုတွင် သူ့ပစ်မှတ်မှာ သူ့ရှေ့တွင်ရှိနေသော်လည်း သူ့တွင် ထိုရည်ရွယ်ချက် လုံးလုံးရှိမနေတော့ချေ။

“မင်းမှာ တခြားရွေးချယ်စရာမရှိဘူး ၊ မင်းမပူးပေါင်းရင် အဘွားကြီးရောက်လာတဲ့အထိ မင်းကိုငါ အချိန်ဆွဲထားမှာနော်”

ပန်းချီဆရာကောင်းမင်က အကြင်နာဆုံးလေသံဖြင့် အဆိုးရွားဆုံးစကားကို ပြောလိုက်သည်။

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ”

“အရင်ဆုံး အောက်ထပ်ကိုလိုက်ခဲ့”

ပန်းချီဆရာကောင်းမင်သည် ဟယ်ကျင်းအား ဦးဆောင်၍ လူသိနည်းသောကော်ရစ်ဒါတစ်ခုဆီ ခေါ်သွားလိုက်သည်။

“အဘွားကြီးက ရုပ်တုကြောင့်ဆွဲဆောင်ခံရမှာပဲ ၊ ငါ စတုတ္ထထပ်က ဒုတိယဓာတ်လှေကားထဲမှာ ထောင်ချောက်တစ်ခုဆင်ထားတယ် ၊ အဘွားကြီးကို ဓာတ်လှေကားထဲဆွဲဆောင်ဖို့ ရွှံ့ရုပ်တုကို သုံးရမယ် ၊ ဓာတ်လှေခါးတံခါးတွေ ပိတ်သွားတဲ့အထိ သူ့ကို အထဲမှာနေနေအောင် ငါတို့လုပ်နိုင်ရင် သူခဏတော့ ဓာတ်လှေကားထဲမှာ ပိတ်မိနေလိမ့်မယ် “

“သူ့ကို ဘာရည်ရွယ်ချက်နဲ့ပိတ်ထားမှာလဲ ၊ သူလွှတ်မြောက်လာတာနဲ့ ငါတို့နောက် လိုက်လာဦးမှာပဲလေ”

ဟယ်ကျင်းသည် ပန်းချီဆရာကောင်းမင်ကို မယုံသော်လည်း သူ့တွင် ပိုကောင်းသောအကြံ မရှိချေ။

“နတ်ဘုရားရုပ်တုထဲမှာ အတိတ်ရဲ့ယုံကြည်မှုတွေ အများဆုံးပါပြီး အဆောက်အအုံထဲက စည်းမျဉ်းတွေကို ချိုးဖောက်နိုင်တယ် ၊ ငါ ခုလေးတင် ပထမထပ်က တံခါးသုံးချပ်ကို သွားလေ့လာခဲ့ပြီးပြီ ၊ ရွှံ့ရုပ်တုက အတိတ်နတ်ဘုရားရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်နိုင်ပြီး ပုံရိပ်ယောင်တွေကိုဖျက်ဆီးပြီး ဒီတိုက်ခန်းက ထွက်သွားနိုင်အောင် ကူညီပေးနိုင်တယ်”

ပန်းချီဆရာကောင်းမင်၏ စကားများက ဟယ်ကျင်းကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေ၏။

“ငါ ရုပ်တုကို မလိုချင်ပါဘူး၊ ဒီနေရာကနေ မင်းထွက်သွားနိုင်ရန် ငါ့ကို ခေါ်သွားပေးဖို့ပဲ လိုတာပါ”

ပန်းချီဆရာကောင်းမင်၏ မျက်နှာပေါ်တွင် ရိုးသားမှုများစာရေးထားသကဲ့သို့ ပေါ်လွင်နေလေသည်။သူကား မည်သည့်စာရွက်ကိုမှ ဖုံးကွယ်မထားသည့် ဖွင့်ထားသောစာအုပ်တစ်အုပ်လိုပင်။

နှစ်ဦးသားဆွေးနွေးနေကြရင်း စတုတ္ထထပ်သို့ ရောက်ရှိလာကြသည်။ဟယ်ကျင်းပိုမို ဘေးကင်းစေရန် ပန်းချီဆရာကောင်းမင်သည် သူနှင့်ပူးပေါင်း၍ ဓာတ်လှေကားတံခါးရှေ့တွင် စောင့်ဆိုင်းပေးနေခဲ့သည်။

“မစိုးရိမ်နဲ့ ၊ အဘွားကြီး ငါတို့ဆီ ခုန်ဝင်လာရင် ဓာတ်လှေကားတံခါးကိုဖွင့်လိုက်မယ် ၊ သေချာတဲ့ အကွာအဝေးရောက်အောင် စောင့်ဖို့တော့လိုတယ်”

“မင်း ငါ့ကို ဓာတ်လှေကားထဲ တွန်းမချဘူးဆိုတာ သေချာရဲ့လား”

ဟယ်ကျင်းက ထိုလူအား မယုံသင်္ကာကြည့်လိုက်သည်။ဖြစ်နိုင်လျှင် ထိုကဲ့သို့ အန္တရာယ်များလှသည့်လူတစ်ယောက်နှင့် သူအမှန်တကယ်လက်တွဲမလုပ်ချင်ပါပေ။

“မင်းငါ့ကို မယုံဘူးဆိုရင် ရုပ်တုကို ငါ့ပေးလိုက်လေ ၊ ငါ ငါးစာလုပ်ပေးမယ်”

ပန်းချီဆရာကောင်းမင်က ပုခုံးတွန့်သည်။

ဟယ်ကျင်းက နှာခေါင်းရှုံ့လိုက်ပြီး သူ့သရဲတက်တူးစွမ်းအားကို တိတ်တဆိတ်နိုးဆွလိုက်သည်။သူသည် သူကိုယ်တိုင်မှ လွှဲ၍ ဘယ်သူ့ကိုမှ မယုံပေ။သရဲဘွားဘွား၏ ခြေသံများကော်ရစ်ဒါတစ်လျှောက် ပဲ့တင်ထပ်လာလေသည်။သူမ၏ အဝတ်အစားများမှာ ကြမ်းပြင်ပေါ်တရွက်ဆွဲနေပြီး သူမခန္ဓာကိုယ်မှာ ပိုမိုပုတ်ပွလာပြီး ကြောက်စရာကောင်းနေတော့သည်။သူမ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်နေပြီး သူမမျက်နှာအား ကြီးမားသည့်အပေါက်များ ဖုံးလွှမ်းနေသည်။သူမ၏ မညီမညာဖြစ်နေသော သွားများကြားထဲမှ သွေးမည်းများလည်း စီးကျနေသေးသည်။အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူမသည် သူမအစစ်အမှန်နှင့် ပိုတူလာလေသည်။

ကော်ရစ်ဒါရှိမီးရောင်များ ဖျတ်ခနဲ ပိတ်ကျသွား၏။သရဲ ဘွားဘွားက ပန်းချီဆရာကောင်းမင်နှင့်ဟယ်ကျင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။အမှောင်ထုတဲတွင် သူမဟိန်းဟောက်လိုက်ပြီး သူတို့အား ရုတ်ချင်းတိုက်ခိုက်လိုက်၏။

“ယီး …လာနေပြီဟ”

သရဲဘွားဘွားဆီမှ လာနေသောဖိအားသည် ဟယ်ကျင်းကြုံခဲ့ဖူးသမျှ သရဲတိုင်းထက် ပိုသန်မာပေသည်။သူသည် ပန်းချီဆရာကောင်းမင်၏ ခွင့်ပြုချက်မတောင်းတော့ဘဲ ခလုပ်ကို အသည်းအသန်နှိပ်တော့သည်။အစွန်းအကွက်များရှိနေသော တံခါးများက ဖြည်းညင်းစွာပွင့်ဟလာပြီး ပြင်းထန်လှသည့်သွေးပုတ်နံ့တစ်ခု ဝဲတက်လာ၏။မသိစိတ်ဖြင့် ဟယ်ကျင်းငုံ့ကြည့်လိုက်မိသည်။ ဓာတ်လှေကားခန်းထဲတွင် သူမြင်ခဲ့ဖူးသည့် မည်သည့်လူသတ်သမားသားရဲတွင်းထက်မဆို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုရှိနေလေသည်။ကြမ်းပြင်ပေါ်တွင် အလောင်းပုံများ ဟိုတစ်စုဒီတစ်စု ရှိနေ၏။သူတို့ခန္ဓာကိုယ်များမှာ ကြိုးထုံးများကဲ့သို့ လိမ်ယှက်နေကြသည်။သူတို့အားလုံး၏ မျက်နှာများတွင် ထူးဆန်းသည့်သင်္ကေတများ ရေးဆွဲထားသော အပြုံးများရှိနေကြသည်။သူတို့၏ လူသတ်သမားကား ဓာတ်လှေကားနံရံများတွင် အမျိုးအစားစုံလင်သော မကောင်းဆိုးဝါးသရဲပုံများကို သွေးများဖြင့် ရေးဆွဲထားသဖြင့် သွေးများကိုဖြုန်းတီးခဲ့မိခြင်းမရှိပေ။

“ငါ့မှာ ရွေးချယ်စရာမရှိဘူးလေ ၊ ဆေးတွေက လမ်းတစ်ဝက်တင်ကုန်သွားလို့ ယဇ်ကောင်တွေကိုပဲ အားကိုးရတော့တာပေါ့”

ပန်းချီဆရာကောင်းမင်၏ ကြင်နာနွေးထွေးလှသောအသံထွက်ပေါ်လာရာ ဟယ်ကျင်းတုန်လှုပ်သွားသည်။သူတို့ မူမမှန်မှုထဲရောက်လာသည်မှာ နှစ်နာရီမပြည့်သေးသော်လည်း ထိုပုဂ္ဂိုလ်မှာ ဓာတ်လှေကားတစ်ခန်းလုံးပြည့် လူများကိုသတ်ပြီးခဲ့ချေပြီ။စုံစမ်းစစ်ဆေးရေးဌာနက ကောင်းမင်အပေါ်ထုတ်ထားသော ဆုကြေးမှာ အလွန်နည်းလွန်းလှသည်ဟု သူနားလည်လိုက်သည်။

“ငါတို့ဒီနေရာကို ဝင်လာကတည်းက မင်းလူသတ်နေခဲ့တာလား”

ထိုကဲ့သို့ လူမျိုးဖြင့် အတူအလုပ်လုပ်နေရသဖြင့် ဟယ်ကျင်းမှာ ရူးမတတ်ခံစားနေရသည်။

“တကယ်တော့ ဒါက အချိန်သိပ်မကြာလိုက်ပါဘူးကွာ ၊ ငါက စံချိန်တင်နူန်းနဲ့ သတ်ခဲ့တာဆိုတော့လေ”

ပန်းချီဆရာကောင်းမင်သည် သူ့ဖန်တီးမှုကို အလွန်သဘောကျနေလေသည်။

“ငါအလုပ်လုပ်ခဲ့တဲ့တုန်းကပေါ့ကွာ ၊ သရဲတစ်ကောင်က ငါနဲ့ကစားချင်နေတာလေ ၊ သူပြောတာက ငါအလုပ်လုပ်နေတဲ့အဆောက်အအုံထဲက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ သူပုန်းနေတယ်လို့ပြောခဲ့တယ် ၊ သူက ငါ့ကို သူဝင်စီးထားတဲ့လူကို တစ်ညအတွင်း သတ်စေချင်ခဲ့တာပေါ့ ၊ ငါကတော့ သူ့ဂိမ်းလေးကို နာရီဝက်တောင်မကြာဘဲ အဆုံးသတ်ပေးလိုက်တယ်လေ ဟဟ”

သရဲဘွားဘွားသည် သူတို့နှင့် မီတာအနည်းငယ်မျှသာ ဝေးတော့သော်လည်း ပန်းချီဆရာကောင်းမင်က ပုံပြောနေဆဲဖြစ်သည်။ဤကမ္ဘာတွင် သူ့အားကြောက်ရွံ့စေသည့်အရာ တစ်ခုမှ မရှိပုံရသည်။ထိုအချက်နဲ့ပင် ကောင်းမင်၏နာမည်သည် ဟယ်ကျင်း၏စိတ်ထဲ၌ ထာဝရစွဲထင်နေတော့မည်ဖြစ်သည်။

“ငါ့ကို ရုပ်တုပေးလိုက်”

သရဲဘွားဘွားဆီမ ပုတ်အဲ့အဲ့အနံ့သည် ဓာတ်လှေကားခန်းတွင်းမှ သွေးနံ့များဖြင့် ထိတွေ့မိသွား၏။ သရဲဘွားဘွား၏လက်ချောင်းများ ဟယ်ကျင်း၏မျက်နှာသို့ ထိတွေ့လုဆဲဆဲတွင် ပန်းချီကောင်းမင်က နောက်ဆုံးတွင် သူ့ထောင်ချောက်ကို အသက်သွင်းလိုက်တော့သည်။ပန်းချီပုံများထဲမှ မကောင်းဆိုးဝါးသရဲများက သူတို့လက်များကို ဆန့်ထုတ်၍ အနီရောင်သရဲဘွားဘွားကို ချုပ်နှောင်ရန် အသားလှောင်အိမ်တစ်ခုအဖြစ် ပုံဖော်လိုက်ကြသည်။

“သူ့ကို ရိုက်ထည့်လိုက်”

ဟယ်ကျင်းမှာ သေဘေးက လွတ်မြောက်လာရုံသာရှိသေးသည်။ သရဲဘွားဘွား တားဆီးခံထားရသည်ကို မြင်သောအခါ ကောင်းမင်အား ချက်ချင်းစွန့်ပစ်၍ လှည့်ပြေးတော့သည်။သို့သော်လည်း ပန်းချီဆရာကောင်းမင်က ယင်းကို ခန့်မှန်းထားပြီးသားဖြစ်သည်။သူ့လက်သည်းများကို သူ့လက်ဖဝါးထဲ ထိုးစိုက်လိုက်သောအခါ ဟယ်ကျင်းမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့၏။

“မင်း ဘယ်သွားမလို့တုန်း”

ပန်းချီဆရာကောင်းမင်၏ လက်ဖဝါးပေါ်တွင် ဟယ်ကျင်း၏ ခြေထောက်နှစ်ချောင်းပုံ ရှိနေလေသည်။

ဟယ်ကျင်းသည် အကူအညီမဲ့စွာဖြင့် ပြန်လှည့်လာရပြီး ကောင်းမင်အား ကူညီလိုက်ရသည်။သရဲဘွားဘွား၏ နောက်ကျောကို ဝင်ဆောင့်၍ သူမအားဓာတ်လှေကားခန်းထဲသို့ ထိုးထည့်လိုက်ရ၏။

“တံခါးပိတ်လိုက်”

သရဲဘွားဘွားသည် ဓာတ်လှေကားအတွင်းရှိ အလောင်းများကို ဆုတ်ဖြဲတော့သည်။သွေးများ နေရာအနှံ့ ပက်ဖျန်းသွား၏။ယင်းသည် ကောင်းမင်ဆွဲထားသော မကောင်းဆိုးဝါးသရဲများကို ပိုသန်မာလာစေသည်။

“နောက်ဆုံးတော့ ဒီရူးနေတဲ့ဟာကြီးကို ခါထုတ်နိုင်ခဲ့ပြီ “

ဟယ်ကျင်းက တံခါးပိတ်ရန် ခလုပ်နှိပ်လိုက်သည်။ရုတ်တရက် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်မှုတစ်ခု ခံစားလိုက်ရသည်။ဟယ်ကျင်း၏ ပုခုံးပေါ်သို့ ပန်းချီဆရာကောင်းမင်က လက်တင်လိုက်ခြင်းဖြစ်သည်။ဟယ်ကျင်းစိတ်ထဲ အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ပြင်းထန်လှသော ရှင်သန်လိုသည့်ဗီဇက ရုပ်တုအား ပန်းချီဆရာကောင်းမင်၏လက်ထဲသို့ ထိုးထည့်ပေးရန် တွန်းအားပေးလိုက်သည်။

“ဒါက မင်းအတွက်ပါ”

ဟယ်ကျင်းသည် မူမမှန်ဖြစ်ရပ်များစွာတွင် ရှင်သန်နိုင်ခဲ့သောကြောင့် အလွန်ထက်မြတ်သော အလိုလိုသိစိတ်တစ်ခုရှိပေသည်။

“အိုး”

ပန်းချီကောင်းမင်က ရုပ်တုအား လက်နှစ်ဖက်ဖြင့် လက်ခံလိုက်၏။ရုပ်တုပေါ်မှ ပုံများက သူ့နှလုံးသားနှင့် ပဲ့တင်ထပ်နေခဲ့သည်။သူ ဆက်မနေတော့ဘဲ ပထမထပ်သို့ ပြေးဆင်းသွားသည်။

သူ့ခြေထောက်မှ အာရုံခံကိရိယာများ ပြန်အလုပ်လုပ်လာသည်ကို ဟယ်ကျင်းခံစားလိုက်ရသည်။သူ ပန်းချီဆရာကောင်းမင်နောက် ပြေးလိုက်သွား၏။သူ့ပန်းတိုင်မှာ ထွက်ပေါက်ပွင့်လာသည်နှင့် ပန်းချီဆရာကောင်းမင်နှင့်အတူ ထွက်သွားရန်ဖြစ်သည်။

ဓာတ်လှေကားခန်းအပြင်ဘက်သို့ သွေးများစီးကျလာခဲ့သည်။အဆောက်အအုံတွင်းရှိနေသော လူတိုင်း သရဲဘွားဘွားအော်ဟစ်သံနေသည့် ပဲ့တင်သံများကို ရှင်းရှင်းလင်းလင်းကြားနေရလေသည်။

ပန်းချီဆရာကောင်းမင်က ရုပ်တုကို သယ်သွား၏။မည်သူကမှ သူ့ကို မတားဆီးဝံ့ပေ။ ပထမထပ်သို့ရောက်လာသောအခါ ပန်းချီဆရာကောင်းမင်က ကော်ရစ်ဒါအလယ်ရှိ အခန်းဆီသို့လျှောက်သွားလိုက်သည်။ရုပ်တု၏လည်းပင်းကို တင်းတင်းညစ်၍ တံခါးသုံးချပ်ရှိနေသောနံရံကို သူစိုက်ကြည့်လိုက်၏။

အတိတ်တံခါးသည် ပုံမှန်ကောင်းမင်၏ ဖျက်ဆီးခြင်းခံထားရပြီဖြစ်သည်။တံခါးသည် ပွင့်နေသော်လည်း တံခါးအပြင်ဘက်သို့ လုံးဝရောက်နေသည်။အနာဂတ်တံခါးမှာ ဘာဖြစ်သွားမှန်း ရှင်းရှင်းလင်းလင်းမသိရသော်လည်း တံခါးတွင် သွေးကြောများဖုံးအုပ်နေလေသည်။

“ဒီလူအုပ်စုက တကယ်ကို ဒုက္ခပေးလွန်းတယ် ၊ နတ်ဘုရားတွေလည်း သူတို့ကိုကိုင်တွယ်ဖို့ ခက်ခဲနေမှာပဲ “

ပန်းချီဆရာကောင်းမင်သည် ရုပ်တုနှင့်အတူ ပစ္စုပန်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ရုပ်တု၏ လွှမ်းမိုးမှုအောက်တွင် တံခါးအပြင်ဘက်ရှိအမှောင်ထုမှာ အနည်းငယ်ပျောက်ကွယ်သွားခဲ့သည်။ ယင်းမှာ အဆောက်အအုံအတွင်းရှိ လူများအတွက် အပြင်ဘက်မြင်ကွင်းအစစ်ကိုမြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ငါတို့ အခုထွက်သွားလို့ရပြီလား”

အပြေးအလွှားလိုက်ပါလာသော ဟယ်ကျင်းသည် ပျော်ရွှင်ရန်အချိန်သိပ်မရလိုက်ဘဲ လှေကားဆီမှ ကျယ်လောင်လှသော ဆူညံပူညံသံများကို ကြားလိုက်ရသည်။ သူတို့နေရာသို့ ကောင်းမင်အုပ်စုကြီး ရောက်လာကြခြင်းပင်။

“သူ့ကို တွေ့ပြီဟေ့”

“မင်းနဲ့အတူ အတိတ်နတ်ဘုရားရုပ်တုကိုပါ ယူလာတာလား”

“အဘွားကြီးကို ခါထုတ်နိုင်အောင် မင်းဘယ်လိုလုပ်ခဲ့တာလဲကွ ၊ သူ့ရုပ်တုကိုပါ အလစ်သုတ်လာသေးတယ်”

ကောင်းမင်များ သူ့ကိုဝန်းရံလာကြရာ ယဉ်ကျေးသိမ်မွေ့လှသော ပန်းချီဆရာကောင်းမင်မှာ မျက်မှောင်ကြုတ်မိလိုက်သည်။ယင်းသည် သူထီပေါက်လာစဉ် ဆင်းရဲသော သူ့ဆွေမျိုးများ၏ ချုံခိုတိုက်ခိုက်ခံလိုက်ရခြင်းနှင့်တူသည်ဟု သူခံစားမိသည်။(ဟဟ)

“ကြည့်ကြစမ်းဟေ့ ၊ ရုပ်တုက အတိတ်တံခါးရဲ့ အပြင်ဘက်မြင်ကွင်းကို ပြောင်းလဲလိုက်ပြီကွ ၊ ရုပ်တုက သော့ချက်ပဲဟ”

“ဒီကောင်းမင်က အံ့ဩစရာပဲဟေ့ ၊ ငါတို့ထဲမှာ အကောင်းဆုံးပဲ”

All Chapters