ဘဝ
Vol. 26 Ch. 389
သူ့ဒဏ်ရာများ ပွင့်ထွက်လာပြီး သွေးများစီးကျလျက်ရှိ၏။ပုံမှန်ကောင်းမင်သည် လဲကျမသွားစေရန် အစွမ်းကုန်ကြိုးစားနေရသည်။သူ့တွင် အသန်မာဆုံးရုပ်ခန္ဓာမရှိသလို ဉာဏ်အကောင်းဆုံးဦးနှောက်လည်း မရှိချေ။ သတ္တိ သို့မဟုတ် မြင့်မြတ်သည့်ကိုယ်ကျင့်စရိုက်နှင့်လည်း လားလားမျှမသက်ဆိုင်ပါပေ။
“အရမ်းနာကျင်ရတာပဲ…”
သူမျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာခဲ့သည်။သွေးများစီးကျလာသည်အထိ သွားများကို ကြိတ်ထားသည်။သူ့အကန့်အသတ်ကို ရောက်နေပြီဖြစ်သော်လည်း အံ့အားသင့်စရာပင် သူအခုထိ လဲကျမသွားခဲ့ပေ။
“ငါ နောက်တစ်လှမ်း ထပ်လှမ်းနိုင်သေးတယ်”
ကျိန်စာများနှင့်သွေးများ ရွှဲနစ်နေသော ပုံမှန်ကောင်းမင်သည် နတ်ဘုရား၏အကြည့်ကို ခုခံရင်း ရုပ်တု၏လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။
“ငါဟာ ဘယ်လိုအံ့ဩစရာမျိုးကိုမှ လုပ်နိုင်မယ်လို့ မထင်ခဲ့ဘူး ၊ ငါဟာ သာမန်အဖြစ်ဆုံးကောင်းမင်တစ်ယောက်ပဲ ၊ ဒါပေမယ့်…ငါရှေ့ဆက်သွားနိုင်နေတုန်းပဲလို့ ခံစားရတယ်”
ဘတ်စ်ကားမှတ်တိုင်မှာ သိပ်မဝေးတော့ချေ။ကံကြမ္မာ၏ ဘတ်စ်ကားက ရောက်ရှိလာပြီဖြစ်သည်။ကားရှေ့မီးသည် အမှောင်ထုကို ထိုးခွင်းလျက် ကောင်မင်နောက်ရှိ သွေးခင်းလမ်းကို ထွန်းလင်းလိုက်သည်။အတိတ်၏ ရွေးချယ်မှုအတွက် မှန်သည် မှားသည်မရှိပေ။တကယ်တမ်းတွင် သေဆုံးသွားသော ကောင်းမင်များသည် အသက်ရှင်နေသော ကောင်းမင်များထက် ပိုယုံကြည်စိတ်ချရသည်။သို့သော်လည်း သူတို့သည် သူတို့၏ခရီးအဆုံးသတ်ကို ရောက်ရန်ရှုံးခဲ့ကြသည်။သူတို့သည် ကောင်းမင်အတွက် သူတို့၏အလောင်းများဖြင့် အတိတ်နှင့်ပစ္စုပန်ကြားတွင် လမ်းကြောင်းတစ်ခု ခင်းပေးခဲ့ကြလေသည်။
မတူညီသော ကောင်းမင်များသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းရှိ လူသားအုတ်ခဲများနှင့် တူပေသည်။ကျောင်းသူကျောင်းသားများသည် သူတို့၏ဝိညာဉ်နှင့်အသိစိတ်တို့ကို အသုံးပြု၍ ယန်ရှီကျီးအား အိမ်မက်သရဲတစ်ကောင်ဖြစ်လာရန် ကူညီပေးခဲ့ကြသည်။ထိုအခိုက်အတန့်သည် ထာဝရဘဝအိမ်ရာတွင် သူ့ဘာသာ ထပ်မံဖြစ်ပျက်လာခဲ့သည်။သို့သော်လည်း ကောင်းမင်ကား မည်သည့်တစ်ဦးတစ်ယောက်၏အကူအညီမှ မရရှိခဲ့ချေ။သူသည် သူ့ကိုယ်ပိုင်သေခြင်းများစွာကို သုံး၍ မတည်ရှိသင့်သော လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့လေသည်။ယန်ရှီကျီးသည် ကျောင်းသူကျောင်းသားများ၊ဝန်ထမ်းများနှင့် တစ်သားထဲဖြစ်လာခဲ့သည်။သူတို့၏ အသိစိတ်များတွင် အက်ကြောင်းများနှင့်ချို့ယွင်းချက်များရှိပေသည်။သို့သော် ကောင်းမင်တွင် ထိုပြဿနာမျိုးမရှိချေ။ သူသည် မတူညီသော သူ၏ကိုယ်ပိုင်ခန္ဓာများဖြင့် လူသားအုတ်ခဲများကိုဖန်တီးခဲ့သည်။သူသည် သူ့ကိုယ်ပိုင်ကံကြမ္မာ၏ ကိုယ်ပိုင်နောက်လိုက်များဖြစ်ပေသည်။
“ငါတို့က မင်းကို ဘာလို့ရွေးချယ်ခဲ့တာလဲမဟုတ်ဘူး ၊ ဒါပေမယ့် နောက်ဆုံးမှာ မင်းကလက်ရှိ ကိုယ်တိုင်အဖြစ် ရောက်ရှိလာမှာပဲ”
ကြင်နာတတ်သောကောင်းမင်သည် အတိတ်နတ်ဘုရားက ပုံမှန်ကောင်းမင်အား အန္တရာယ်မပြုနိုင်စေရန် သူ့ဝိညာဉ်ကို လောင်ကျွမ်းစေလိုက်သည်။သူ့အသံကား အဝေးသို့ ပျံ့နှံ့သွားသည်။နောက်ဆုံးတွင် အခြားကောင်းမင်များကလည်း တူညီသည့်ရွေးချယ်မှုကို ပြုလုပ်လိုက်ကြလေသည်။ကြယ်ရောင်နှင့်မီးပွားစလေးများက ကောင်းမင်အတွက် လမ်းကြောင်း၏နောက်ဆုံးအပိုင်းကို အလင်းပေးလိုက်၏။ထိုအလင်းရောင်များသည် တောက်ပခြင်း သို့မဟုတ် နွေးထွေးခြင်းမရှိပါပေ။သို့သော်လည်း သူဆက်လက်ရှင်သန်နေသရွေ့ ထိုအလင်းရောင်သည် သူ့လမ်းကြောင်းကိုအလင်းပေးနေလိမ့်မည်ဖြစ်သည်။
အမှောင်ထုထဲတွင် မကောင်းဆိုးဝါးများက ဟိန်းဟောက်နေကြသည်။သူတို့သည် ကောင်းမင်အား အပိုင်းပိုင်းဆုတ်ဖြဲချင်နေကြသည်။သူ့ဒဏ်ရာများသည် နတ်ကျိန်စာများကြောင့် မည်းနက်နံစော်နေသော သွေးများစိမ့်ထွက်နေသည်။သို့သော်လည်း ပုံမှန်သူသည် ထိုအရာအားလုံးမှ ရှင်သန်ခဲ့သည်။သူသည် ကြောက်ရွံ့မှု၊ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို စိတ်ထဲမှု ထုတ်ပစ်လိုက်သည်။အလင်းရောင်ဆီသို့ သူပြေးတော့မည်ဖြစ်သည်။
သူ့မှတ်ဉာဏ်ထဲမှ ဘတ်စ်ကားက မှတ်တိုင်ဆီသို့ ဦးတည်မောင်းနှင်လာ၏။နောက်ဆုံးတွင် အလင်းရောင်က ကောင်းမင်အပေါ်ဖြာကျလာသည်။အရိပ်များ မောင်းထုတ်ခံလိုက်ရသည်။ကောင်းမင်သည် မှောင်မဲနေသောဥမင်တစ်ခုနှင့် နံရံများတွင် မြှပ်နှံခံထားရသော သူ့ဗားရှင်းအလောင်းများကို မြင်တွေ့လိုက်ရသည်။
“ငါဟာ ကြင်နာမှုနဲ့ပျော်ရွှင်မှုတို့ကို ပိုင်ဆိုင်ခဲ့ဖူးတယ် ၊ ဒါပေမယ် ငါ့အတိတ်က အဲဒီအရာအားလုံးကို ဒီအခွင့်အရေးအတွက် အမှောင်ထုထဲမှာ စွန့်ပစ်ခဲ့ရပြီ”
သူ့နှလုံးသားသည် ပြင်းပြင်းထန်ထန်ခုန်ပေါက်နေ၏။သူ့နှလုံးသား၏အနက်ရှိုင်းဆုံးအပိုင်းတွင် မြှုပ်နှံထားခဲ့သော သေဆုံးမှတ်ဉာဏ်များသည် များစွာသောကောင်းမင်မျက်နှာများအဖြစ် ပုံပြောင်းသွားခဲ့သည်။အတိတ်က ကြောက်မက်ဖွယ်ရာသေဆုံးသွားခဲ့ကြသော ကောင်းမင်များသည် အနူးညံ့ဆုံးပုံစံကိုပြသရန် ကြိုးစားလိုက်ကြသည်။ထိတွေ့မရနိုင်သော နာကျင်မှုများက ကောင်းမင်၏ ဝိညာဉ်နှင့် နှလုံးသားထဲ အပြည့်အဝစီးဝင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ကောင်းမင်၏ဝိညာဉ်သည် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်သွား၏။သူ့နှလုံးသားတွင် အတိတ်၏ နတ်ဘုရားပုံစံကွက်နှင့် ဆင်တူသောထူးဆန်းသည့် ပုံစံကွက်များပေါ်ထွက်လာခြင်းဖြစ်သည်။ထိုပုံစံကွက်များသည် အတိတ်နှင့် သေခြင်းတရားတို့၏ စည်းမျဉ်းများကို ဖြည်းညင်းစွာထိုးဖောက်သွားလေသည်။
ရုပ်တုကို ဆုပ်ကိုင်ထားသော သူ့လက်ဖမိုးတွင် သွေးကြောများပေါက်ထွက်လာသည်။ ပုံမှန်ကောင်းမင်၏အသိစိတ်သည် နတ်ဘုရား၏ဩဇာအာဏာနှင့် ဝင်တိုက်မိလိုက်သည်။ထာဝရဘဝအိမ်ရာတစ်ခုလုံး သရဲတောင်တစ်လုံးကဲ့သို့ သူ့အပေါ်ပြိုကျလာ၏။သူသည် တစ်ကိုယ်တည်းဖြစ်သော်လည်း သူ့လက်များကို ပင့်မြှောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်အား ထောက်ကန်ပေးထားကြသော အတိတ်မှ အမျိုးမျိုးသောသူ့ဗားရှင်းများ ရှိနေခဲ့သည်။နောက်ဆုံးခြေတစ်လှမ်းကို သူလှမ်းလိုက်သောအခါ ပုံမှန်ကောင်းမင်သည် လူနေရပ်ကွက်အတွင်းမှ ထွက်နိုင်သွားတော့သည်။ထာဝရဘဝအိမ်ရာ၏ မရဏဘုံကား ချိုးဖောက်ခံလိုက်ရချေပြီ။ရုပ်တုသည် နတ်ဘုရားစွမ်းအား ကွယ်ပျောက်သွားသဖြင့် အက်ကွဲလာတော့သည်။
သူနောက်သို့ လှည့်ကြည့်လိုက်ရာ လောင်ကျွမ်းနေသောကောင်းမင်များသည် ဖြည်းညင်းစွာပင် အရိပ်၏ဝါးမြိုခြင်း ခံလိုက်လေသည်။သူတို့သည် အတိတ်တွင် မြှုပ်နှံခံလိုက်ရပြီဖြစ်ပြီး နေရာတွင် ကောင်းမင်တစ်ယောက်မှလွဲ၍ ဘယ်သူမှ ရှိမနေတော့ချေ။သူ့လက်ငါးချောင်းကို တင်းကျပ်စွာဆုပ်ခြေလိုက်သည်။ သွေးစွန်းနေသော သူ့လက်များက ရုပ်တုအား ခြေမွပစ်လိုက်သည်။ထိုအခိုက်အတန့်တွင် ညသည် အထက်အောက်ပြောင်းပြန်ဖြစ်သွားတော့သည်။ထာဝရဘဝအိမ်ရာအတွင်းမှ အဆုံးမဲ့အရိပ်များ ပေါက်ကွဲထွက်သွား၏။ရပ်ကွက်ထဲရှိ သရဲများအုံးအား ငိုကြွေးလိုက်ကြသည်။မရဏဘုံအတွင်း သွေးမိုးတစ်ခု ရွာသွန်းလာခဲ့သည်။အရိပ်ကမ္ဘာကြီးသည်ပင် ငိုကြွေးနေခဲ့ပုံရသည်။
ရွှံ့ရုပ်တု ကြေမွသွားသည်နှင့် ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ အတိတ်နတ်ဘုရားနှင့် သက်ဆိုင်သောနတ်ဘုရားပုံစံကွက်များသည် ပုံစံကွက်အသစ်တစ်ခု၏ သိမ်းပိုက်ခြင်းခံလိုက်ရသည်။သူ့နှလုံးသားအတွင်းရှိ ဧရာမသော့ခလောက်ကြီး ပွင့်သွားပုံရသည်။မှတ်ဉာဏ်များအားလုံးသည် လှိုင်းလုံးကြီးများကဲ့သို့ သူ့ဆီပြေးဝင်လာတော့သည်။ပုံမှန်ကောင်းမင်ကား အမှောင်ထဲတွင် မားမားမတ်မတ်ရပ်လျက်။
“ငါ…အားလုံးကို မှတ်မိပြီ”
ကောင်းမင်၏ပုံမှန်မဟုတ်ဆုံးဘဝကို ပုံမှန်အဖြစ်ဆုံးကောင်းမင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။သူ့စိတ်ထဲသို့ သေဆုံးမှတ်ဉာဏ်များ လျှပ်ပြက်သကဲ့သို့ စီးဝင်လာ၏။ကောင်းမင်၏ဝိညာဉ်ကား ကိုယ်ပိုင်နတ်ဘုရားပုံစံကွက်ရှိလာခဲ့ချေပြီ။ပုံစံကွက်တွင် အသွေးနှင့်အသား ၊ အတိတ်နှင့် သေခြင်းတရားဟူသော စည်းမျဉ်းသုံးခုပါဝင်၏။
သရဲနီများကို သာမန်သရဲများ၊ နာကြည်းခြင်းအခန်းပိုင်ဆိုင်သော သရဲများ၊သူတို့၏ နာကြည်းခြင်းအခန်းထဲတွင် အိမ်မက်ဆိုးကိုဖန်တီးနိုင်သော သရဲများနှင့် အိမ်မက်သရဲများဟူ၍ ခွဲခြားနိုင်သည်။အမျိုးအစားတစ်ခုစီတိုင်းသည် တိုးတက်လာရန်အတွက် ချိုးဖောက်ရန် အားထုတ်မှုမျာစွာလိုအပ်သည်။ကောင်းမင်နှင့်သားစားကြူးနတ်ဘုရားသည် အိမ်မက်ဆိုးတည်ဆောက်သည့်အဆင့်တွင် ရပ်တန့်နေကြခြင်းဖြစ်သည်။သို့သော်လည်း ကောင်းမင် သူ့အတိတ်အားလုံးကို သိရှိခဲ့ပြီးနောက် သူသည် အသစ်အဆန်းတစ်ခုခုကို ထိတွေ့နိုင်ခဲ့ဟန်ရှိသည်။
“ကြင်နာမှု ၊ အသား ၊ ရူးသွပ်မှု…လမ်းတစ်လျှောက်လုံး ငါရဲ့အစိတ်အပိုင်းတွေ အများကြီးဆုံးရှုံးခဲ့ရတာပဲ”
ကောင်းမင်သည် ရုပ်တုအား ရပ်ကွက်အပြင်ဘက်သို့ အောင်မြင်စွာယူဆောင်လာပြီး ဖျက်ဆီးပစ်ခဲ့သော်လည်း မူမမှန်မှုထဲမှ ထွက်သွားရန်မရွေးချယ်ခဲ့ဘဲ သူအစောပိုင်းက ခင်းခဲ့သောလမ်းကြောင်းကို ကြည့်လိုက်သည်။သာမန်အဖြစ်ဆုံးသော အထက်တန်းကျောင်းသားလေးသည် ဟန်ဟိုင်း၏ကြောက်စရာအကောင်းဆုံး ခြောက်ခြားဂိမ်းကစားသမားဖြစ်လာခဲ့ပြီ ဖြစ်သည်။သူဘာတွေ ဖြတ်သန်းခဲ့ရသလဲကိုတော့ သူတစ်ယောက်သာ သိပေလိမ့်မည်။
“နတ်ဘုရားနှလုံးသားတော့ ငါ့ဆီပြန်ရောက်လာပြီ ၊ အသားနှလုံးသားကို ပြန်ယူရမယ့်အချိန်ပဲ”
ကောင်းမင် အထက်တန်းကျောင်းသားဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။သို့သော်လည်း သူ့တည်ရှိမှုနှင့် အရှိန်အဝါသည် အရင်ကထက်လုံးဝကွာခြားသွားပြီဖြစ်သည်။ကောင်းမင်အား ရိုးရှင်းသောစကားလုံးများဖြင့် ဖော်ပြလို့မရတော့ချေ။သူကို ဖော်ပြနိုင်မည့် အသင့်တော်ဆုံး စကားလုံးမှာ ‘အန္တရာယ်’ဟူ၏။
“ငါအတိတ်ကို သတ်ပစ်ရမယ် ပြီးတော့ ငါ့ပစ္စုပန်ကို ထိန်းချုပ်နေတဲ့ အနာဂတ်ကိုလည်း သတ်ပစ်ရမယ်”
အစောပိုင်းအခြေအနေတွင်ပင် နတ်ဘုရားရုပ်တုနှစ်ခု၏ ဖိနှိပ်ခံခဲ့သောကောင်းမင်သည် ရှင်သန်နိုင်ခဲ့သည်။ကောင်းမင်တစ်ယောက်ယောက်သာ လူနေရပ်ကွက်အတွင်းမှထွက်၍ အတိတ်နတ်ဘုရား၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခဲ့ပါက သူ့မှတ်ဉာဏ်များကို ပြန်လည်ရရှိမည်ဖြစ်သည်။ကောင်းမင်များသည် မတူညီသောဘဝများရှိခဲ့လျှင်ပင် သူတို့၏နောက်ဆုံးဒိုင်ယာရီ၌ တူညီသောအရာတစ်ခုကိုသာ ပြောပြခဲ့ခြင်းကြောင့်ဖြစ်သည်။
ထာဝရဘဝအိမ်ရာ၏ အိုဟောင်းနေသောတံခါးကို တွန်းဖွင့်၍ ကောင်းမင်သည် အမှောင်ထုထဲသို့ တစ်ဖန်ပြန်ဝင်လိုက်သည်။သူ့ခန္ဓာကိုယ်တွင် အတိတ်နတ်ဘုရား၏ နတ်ဘုရားပုံစံကွက်အသစ်တစ်ခုကို ထွင်းထုထာလေသည်။သူ့အတိတ်ဘဝရှိ သရဲများက သူ့အားခုန်အုပ်ချင်နေကြသော်လည်း သူတို့ကြောက်ရွံ့နေလေသည်။
“အနာဂတ်နတ်ဘုရားကို မသတ်ခင်အထိတော့ အတိတ်နတ်ဘုရားရဲ့နေရာကို အစားမထိုးနိုင်သေးသလို ဒီက မူရင်းအိမ်ငှားတွေကိုလည်း ငါမထိန်းချုပ်နိုင်သေးဘူး ၊ ဒါပေမယ့် သူတို့ ငါ့ကို တိုက်ခိုက်ရဲမယ့်ပုံ မပေါ်ပါဘူး”