← Chapters

စစ်ပွဲထဲ ဝင်လာသော ကျားမ

Vol. 34 Ch. 442

စစ်ပွဲထဲ ဝင်လာသော ကျားမ

Vol. 34 Ch. 442

"ဘယ်သူလဲကွ"

ဖုန်မှုန့်များ လွင့်ပြယ်သွားသောအခါ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် လူလုံးထွက်ပြလာပြီး ကျားတစ်ကောင်ပမာ မျက်ဝန်းများ ကျဥ်းမြောင်း၍ အနီရောင်နှုတ်ခမ်းကြားမှ သွားစွယ်လေးမှာ ခက်ထန်နေပုံပေါ်သည်။ လန်ရီကို မြင်သောအခါ လူအုပ်က တုန်လှုပ်သွားပြီး လျိုယွမ်မှာ စိတ်သက်သာရာရသွားသော်လည်း နောက်ဆက်တွဲပြဿနာကို တွေးလိုက်မိ၏။ သူမက လျိုရင်ရင်အတွက် ဘေးကင်းစေမည်ဖြစ်သော်လည်း ပြဿနာအတွင်း ဝင်ရောက်လာလျှင် အရာရာ ကွဲပြားသွားပေလိမ့်မည်။

"အဖေ။ လန်ရီက သမီးတို့ကို ကယ်ပေးဖို့ လာတာ"

လျိုရင်ရင်က ဖခင်ထံ ပြေးဝင်လာကာ ဖက်တွယ်ရင်း ငိုကြွေးလိုက်သည်။

"ငါတို့ကို ဘယ်သူမှ မကယ်နိုင်ဘူး"

လျိုယွမ်က သက်ပြင်းချကာ မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ရေရွတ်လိုက်ပြီး လောကကြီးတစ်ခုလုံး လျိုမိသားစုကို သေစေချင်နေကြောင်း သိသာပေသည်။ ထိုအကြောင်းအရင်းကို လျိုရင်ရင် နားမလည်နိုင်၊ မိစ္ဆာကဲ့သို့ ဆက်ဆံခံရခြင်းကို ပို၍ နားမလည်ချေ။

"လန်ရီ ကောင်းကင်အမိန့်နန်းတော်ကို နှောင့်ယှက်ရင် အပြစ်ရှိတယ်။ မင်းက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ကို ကူညီပြီး ရှေးဟောင်းအပျက်အစီးနယ်မြေနဲ့ ဆန့်ကျင်ချင်တာလား"

ထန်ချန်က လှောင်ပြုံးတစ်ချက်ဖြင့် အထက်စီးမှ မေးလိုက်သည်။

"ကျေးဇူးပြုပြီး စကားနားထောင်စမ်းပါ။ လျိုမိသားစုက မင်းကို ပျိုးထောင်ခဲ့ပေမယ့် လူသားမျိုးနွယ်ကို သစ္စာဖောက်ထားတာနော်"

ကျန်းရှင်းကလည်း အလျင်အမြန် ခေါင်းယမ်း၍ သတိပေးလိုက်သည်။

"မင်းက လျိုမိသားစုနဲ့ ပတ်သက်နေလို့ ကွပ်မျက်ခံရသင့်ပေမယ့် ငါ့အဘိုးက ပါရမီရှင်ကို တန်ဖိုးထားပြီး ချွင်းချက်ထားပေးခဲ့တယ်။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အပြစ်ပေးခံရမယ့် မိစ္ဆာတွေနဲ့ ဝေးဝေးနေစမ်း"

ထန်ချန်က ထပ်မံခြိမ်းခြောက်လိုက်ပြီး လူအုပ်မှာလည်း သဘောတူ ထောက်ခံလိုက်ကြသည်။

အင်မော်တယ်သုံးပါး မျိုးဆက်များသည် ကျင့်ကြံဆင့်မြင့်လေလေ ပို၍ ကောက်ကျစ်ယုတ်မာလေလေ ဖြစ်ကာ တိုက်ပွဲ မတိုက်ခင် နည်းလမ်းပေါင်းစုံဖြင့် အနိုင်ယူတတ်သည်။ လျိုမိသားစုကို သတ်ဖြတ်ခြင်းသည် ရှေးဟောင်းကျောင်းတော်၏ အင်အားကို လျော့နည်းစေမည် မဟုတ်သော်လည်း လန်ရီအတွက် စိတ်ပိုင်းဆိုင်ရာ ထိုးချက်ပြင်းလှ၏။

"နောက်ဆုံး သတိပေးမယ်။ လျိုမိသားစုကြောင့် မင်းကိုယ်တိုင် ညစ်ညမ်းမသွားစေနဲ့။ နုံအတဲ့ မိန်းကလေးတစ်ယောက် လုပ်မနေစမ်းပါနဲ့။ စိတ်ခံစားမှုကြောင့် ကောင်းကင်အမိန့်နန်းတော်ရဲ့ စီရင်ချက်ကို မစော်ကားနဲ့"

"ဥပဒေအောက်မှာ ဘယ်သူဖြစ်ဖြစ် တရားမျှတစွာ စီရင်ခံရမယ်။ လျိုမိသားစုက ဘာမှတောင် အရေးမပါဘူး။ သေသင့်တယ်"

ဝေဖန်ပြစ်တင်သော စကားသံများစွာက သူမအပေါ် ဖိအားကြီးမားလာစေသည်။

"အမိန့်အတိုင်း လျိုမိသားစုတစ်ခုလုံး သေရမယ်။ ဝင်ရောက်နှောင့်ယှက်ရန် ကြံစည်ရင် တူတူ ကွပ်မျက်ခံရမယ်"

ထန်ချန်၏ ကြေညာချက်အောက်တွင် အစောင့်တပ်သားများက ပြိုင်တူ ခေါင်းညိတ်၍ ဓားကိုယ်စီ မြှောက်လိုက်ကြသည်။

"လန်ရီ သွားတော့။ မင်းရဲ့ တာဝန်က အရေးကြီးတယ်။ ငါ့မိသားစုကြောင့် မပျက်စီးသွားစေနဲ့"

လည်ပင်း ဓားတင်ခံထားရသော လျိုယွမ်က ဆုံးဖြတ်ချက် ပြတ်သားစွာ မောင်းထုတ်လိုက်သောအခါ လန်ရီကို မျက်ရည်ဝဲသွားစေသည်။ လျိုမိသားစုဝင်တစ်ထောင်ကျော်သည် သူမကို နွေးထွေးစွာ ဆက်ဆံပေးခဲ့ပြီး ဆွေမျိုးသားချင်းများဟုပင် သတ်မှတ်နိုင်သည်။ ဤသည်မှာ အင်မော်တယ်သုံးပါး မျိုးဆက်၏ အောက်တန်းကျသော ထောင်ချောက် ဖြစ်သော်လည်း သူမအနားတွင် ယွမ်ရှောင်က အားပေးလျက်ရှိ၏။

"ဘဝမှာ တစ်ခုခု ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲတယ်။ တကယ်လို့ ငါသာ မိသားစုကို စွန့်လွှတ်ဖို့နဲ့ ရူးသွပ်သွားဖို့ တစ်ခု ရွေးချယ်ရမယ်ဆို ရူးရူးမိုက်မိုက် လုပ်ပစ်မိလိမ့်မယ်"

"ဒါဆိုရင် ညီမကို ကူညီပါ"

လန်ရီ၏ အနားတွင် သူတစ်ယောက်တည်းသာ ပြတ်ပြတ်သားသား ရပ်တည်ပေးနေပြီး အရိပ်ထဲမှ သက်တော်စောင့်များသည် သူမ အန္တရာယ်ကင်းနေသရွေ့ လှုပ်ရှားမည် မဟုတ်ချေ။ သူတို့သည် အကြည့်ချင်းဖလှယ်၍ လန်ရီ ရှေ့တိုးသွားကာ ယွမ်ရှောင်က နောက်ဆုတ်လိုက်ပြီး အသက်တံဆိပ်အား ဆင့်ခေါ်သည်။ ကျောက်စိမ်းအင်မော်တယ် မျှော်စင်မှ ရတနာများစွာ ရယူထားခဲ့သော်လည်း သံသယများကို ရှောင်လွှဲရန် အသုံးမပြုဘဲ ထိန်းသိမ်းထားဆဲ ဖြစ်ရာ ယနေ့ဖြစ်ရပ်ပြီးလျှင် အသုံးပြုရနိုင်ချေ ရှိ၏။

"ဘုန်း"

အသက်တံဆိပ်သည် ကြီးမားသော ခရမ်းရောင် စစ်တုရင်ခုံအဖြစ် ပြောင်းလဲကာ လျိုအိမ်တော်၏ ဝင်ပေါက်ထံ ကျဆင်းသွားသည်။ နဂါးသဏ္ဍာန် ထွင်းထုထားသည့် အဖြူအနက် ကျောက်တုံးများမှာ မိုးရွာသကဲ့သို့ တဖွဲဖွဲ ပြုတ်ကျလာရာ ရှေးဟောင်းအစောင့်တပ်သားများ အထိနာကုန်၏။ အများစုမှာ မူလဝိညာဥ်အဆင့်များ ဖြစ်သောကြောင့် အရေအတွက် များသော်လည်း မယှဥ်နိုင်ခဲ့ဘဲ လူအုပ်ထံ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြ၏။ လျိုမိသားစုက ဘေးကင်းလုံခြုံစွာ ကျန်ရစ်ခဲ့သော်လည်း ရဲတင်းလွန်းသော လုပ်ရပ်ကြောင့် လူတိုင်း မင်သက်ကုန်သည်။ သူတို့ကိုယ်တိုင်ပင် ကောင်းကင်အမိန့်နန်းတော်ကို မဆန့်ကျင်ရဲသော်လည်း စိတ်ကူးပင်မယဥ်ဝံ့သော ပြစ်မှုမျိုးကို ဤစုံတွဲသည် မျက်တောင်တစ်ချက် မခတ်ဘဲ လှုပ်ရှားခဲ့ကြသည်။

"အဖေ အရာရာ အဆင်ပြေသွားလိမ့်မယ်"

စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ကျနေသော လျိုယွမ်ကို လျိုရင်ရင်က မျက်ရည်အဝဲသားဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ပြဿနာက လန်ရီဆီ ရောက်သွားတော့မယ်။ ဒီရှေးဟောင်းအပျက်အစီးနယ်မြေကို အင်မော်တယ်သုံးပါးက အုပ်ချုပ်တယ်။ ငါတို့အတွက် ပြေးစရာ မြေမရှိဘူး"

သူက မျှော်လင့်ချက် မရှိတော့ဟန်ဖြင့် သက်ပြင်းချလိုက်၏။

"တစ်ခု ရှိတယ်။ ရှေးဟောင်းကျောင်းတော်ကို အင်မော်တယ်သုံးပါးက မဝင်ရဲကြဘူး။ သူတို့က ရှေးဟောင်းမျှော်စင်ကို ကြောက်နေတယ်လို့ ကြားဖူးတယ်။ သမီး တကယ်ပြောတာပါ။ ဒီအကြောင်းကို လန်ရီနဲ့ သက်တော်စောင့်တွေ ပြောတာ သေချာ ကြားလိုက်ရမယ်"

လျိုရင်ရင်က အာမခံလိုက်သောအခါ သူ၏ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါက်ဖွားလာသည်။ ထိုအခိုက်တွင် ယွမ်ရှောင် ရောက်လာပြီး ရှေးဟောင်းကျောင်းတော်ဆီ ဖောက်ထွက်ရန် အသင့်ပြင်ထားဟု ညွှန်ကြား၏။ ကံကောင်းသည်မှာ လျိုအိမ်တော်နှင့် ၎င်းက သိပ်မဝေးခြင်းပင်။ လန်ရီမှာ ဤလူငယ်အနားတွင် ရှိနေလျှင် ပို၍ ပြတ်သားပြီး ရဲရင့်ကြောင်း လျိုယွမ် သတိထားမိသဖြင့် ခေါင်းညိတ်၍ နာခံခဲ့သည်။ ဤလူငယ်စုံတွဲသည် ရှေးဟောင်းအပျက်အစီးနယ်မြေကို ဆန့်ကျင်ရမည်ဖြစ်သော်လည်း တည်ငြိမ်နေသောအခါ သူ၏ စိတ်များ ဗလောင်ဆူနေသည့်တိုင်အောင် လေးစားမိသွားသည်။

လန်ရီသည် ပါရမီရှင်နှစ်ယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်၍ အချိန်ဆွဲပေးနေသည်။

"ယင််နယ်ပယ် ဟုတ်လား။ ကြည့်ရတာ ယိုယွင်းမှုနယ်ပယ်ထက် တော်တော်လေး ပိုသန်မာသလိုပဲ"

ယွမ်ရှောင်က တီးတိုးရေရွတ်လိုက်ပြီး ဓားနှလုံးသားများကို အသုံးမပြုလျှင် ဤအဆင့် တိုက်ပွဲမျိုးတွင် ဝင်စွက်ဖက်မရနိုင်ကြောင်း နားလည်ထားသည်။

"ခင်ဗျားတို့ အရင်သွား။ ကျုပ် နောက်ကနေ ကာကွယ်ပေးထားမယ်"

ဒေါသတကြီး ဖြစ်နေသော လန်ရီ အစွမ်းကုန် တိုက်ခိုက်နေသည်ကို သူက တစ်ချက်သာ ကြည့်၍ လျိုယွမ်အား အမိန့်ပေးလိုက်လေသည်။

All Chapters