← Chapters

ဆန်းကြယ်ဘုရားကျောင်းကို တိုက်ခိုက်ခြင်း ၂

Vol. 34 Ch. 449

ဆန်းကြယ်ဘုရားကျောင်းကို တိုက်ခိုက်ခြင်း ၂

Vol. 34 Ch. 449

"ယွမ်ရှောင်"

သူ့ကို မြင်လိုက်ရသောအခါ ရင်ပြင်ရှိ လူပေါင်းတစ်သိန်းကျော် တုန်လှုပ်သွားကာ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်မိကြသည်။ သူတို့က အံ့သြ၍ ရှုပ်ထွေးသော အကြည့်မျိုးဖြင့် ငေးကြည့်နေကြပြီး ကျန်းရှင်း ထွက်ပေါ်လာသည်ထက် ပို၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။

"ကပ်ဘေးသယ်ဆောင်သူ လန်ရီရဲ့ ချစ်သူက ဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ"

"သူ့ကို ကပ်ဘေးသယ်ဆောင်သူရဲ့ ဘက်မှာ သူလျှိုအဖြစ် အင်မော်တယ်သုံးပါး စေလွှတ်ထားတာ ဖြစ်နိုင်လား။ ငါတို့ကို တက်ကျမ်း သင်ကြားပေးဖို့ အခုမှ ထွက်လာတာများလား"

ကျောင်းတော်၏ တပည့်များက ထူးဆန်းသော အမူအရာမျိုးဖြင့် အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြသည်။

"မဖြစ်နိုင်ဘူး"

အသက်ဆယ််နှစ်ကျော်အရွယ် ယွဲ့မိုလင်က ပြောလိုက်ပြီး ဝင်ခွင့်စစ်ဆေးရာတွင် ယွမ်ရှောင်နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့သူ ဖြစ်သည်။ ဆောင်ပိုနှင့် ဘုရင်မကူကောင်ကို တစ်ဖက်လူက သတ်ဖြတ်ပြီး သူ၏ အသက်ကို ကယ်တင်ခဲ့သကဲ့သို့ ရေးဖြေစာမေးပွဲအကြောင်း ရှင်းပြပေးခဲ့ဖူးသည်။ ထိုဆက်ဆံရေးကြောင့် တပည့်ပေါင်းများစွာအနက် သူတစ်ယောက်တည်းသာ ယွမ်ရှောင်က တက်ကျမ်း သင်ကြားပေးရန် မဖြစ်နိုင်ကြောင်း သေချာနေ၏။ ကမ္ဘာပေါင်းများစွာမှ အခြားပါရမီရှင်များကဲ့သို့ ကောင်းကင်ရင်းမြစ် အမိန့်မှ လွတ်မြောက်စေရန် ကိုယ့်ကိုကိုယ် အပြစ်ကင်းစင်ကြောင်း သက်သေပြပြီး ဆန်းကြယ်ဘုရားကျောင်း၌ ခိုလှုံရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ တစ်ဖက်လူက မမျှော်လင့်ဘဲ ရောက်ရှိလာသော်လည်း အများအပြားမှာ သခင်လေးယွမ်ဟု ရေရွတ်လိုက်မိသဖြင့် လေးစားနေဆဲဖြစ်ကြောင်း သိနိုင်သည်။ အင်မော်တယ်သုံးပါး မျိုးဆက်များသည် နောက်ခံအားကိုးဖြင့် ထင်ရာစိုင်း အနိုင်ကျင့်ခဲ့သောကြောင့် အကောင်းအဆိုးကို သူတို့၏ စိတ်ထဲတွင် သေချာသိမြင်နိုင်ကြပေ၏။

"သူပါလား"

လူအုပ်အကြားတွင် လမ်းပြအသင်း၏ ကချေသည်များ ဖြစ်ခဲ့ဖူးသော မိန်းကလေးများလည်း ရှိနေပြီး အသက်ရှူရပ်မတတ် အံ့သြနေကြသည်။ သူတို့သည် အဖြူရောင်ဝတ် လူငယ်ကို ကြည့်နေရင်း လက်သီးများ ဆုပ်၊ အံကြိတ်ထားသဖြင့် ချွေးများပင် စီးထွက်လာ၏။ သခင်အသစ် ရွေးချယ်ပွဲတွင် ယွမ်ရှောင်သည် သူတို့ကို ကယ်တင်ရန် လမ်းပြအသင်းခေါင်းဆောင်သုံးယောက်ကို သတ်ပစ်ခဲ့ပြီးနောက် လမ်းပြအသင်းအဖွဲ့ဝင် တစ်ရာကျော်လည်း သေကုန်သည်။ ထို့ကြောင့် ဤမိန်းကလေးငယ်များ၏ စိတ်ထဲတွင် သူက ကယ်တင်ရှင်ဖြစ်ပြီး စိတ်လိုက်မာန်ပါနှင့် ကြမ်းတမ်းရက်စက်သော်လည်း မကောင်းမှုကို မုန်းတီး၍ အားနည်းသူများအတွက် ရပ်တည်ပေးခဲ့၏။

လက်ရှိတွင် လန်ရီနှင့် ယွမ်ရှောင်ကို ရှေးဟောင်းအပျက်အစီးနယ်မြေက ရှုတ်ချကဲ့ရဲ့နေပြီး အရက်စက်ဆုံး မိစ္ဆာများအဖြစ် စွပ်စွဲကာ ရာဇဝတ်ကောင်များ ဖြစ်လာကြသည်။ သို့သော် ဤမိန်းကလေးများနှင့် ယွဲ့မိုလင်ကဲ့သို့ လူငယ်များ၏ စိတ်ထဲတွင် အမှန်တရား တည်ရှိနေဆဲ ဖြစ်ကာ သူ့အတွက် စိုးရိမ်ပေးနေသဖြင့် နှလုံးသားများ လှုပ်ခတ်နေ၏။ စီချင်းနှင့် သခင်နှစ်ဆယ်ကျော်မှာလည်း ထရပ်လာကြပြီး ယွမ်ရှောင်တစ်ယောက်တည်းအပေါ် အေးစက်စက် စိုက်ကြည့်နေကြသည်။

"ပတ်ဝန်းကျင်မှာ တခြားလူတွေ ရှိသေးလား စစ်ဆေးစမ်း။ ကာကွယ်ပေးဖို့ ဘယ်သူတွေ ပါလာသေးလဲ"

စီချင်း ညွှန်ကြားလိုက်သောအခါ ရင်ပြင်၏ လေးဘက်လေးတန်တွင် ကျန်းရှင်းနှင့်အတူ လိုက်ပါလာသော အနက်ရောင်တပ်သား သောင်းချီ ထွက်ပေါ်လာကြပြီး ဓားကျင့်ကြံသူများ၊ သိုင်းသမားများနှင့် ရုန်းကျင့်ကြံသူများ အချိုးကျ ပါဝင်ကာ အင်မော်တယ်သုံးပါး တိုက်ရိုက်မျိုးဆက်များအတွက် သီးသန့်ကိုယ်ရံတော်များလည်း ဖြစ်ကြ၏။ သူတို့က ဆန်းကြယ်ဘုရားကျောင်းကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီး ကာကွယ်ရေးကို ဦးဆောင်ရန် စံအိမ်သခင် ဆယ်ယောက်လည်း လိုက်ပါလာကြသည်။ ဟူယန်လော့နှင့် ဟူယန်ပင်၏ ဖခင် ဓားစံအိမ်သခင်လည်း ပါဝင်ပြီး တစ်ဖက်လူမှာ တစ်ကိုယ်တော် ရောက်ရှိလာသောကြောင့် စိတ်ရှုပ်သွားပုံပေါ်သည်။

"သူတစ်ယောက်တည်းပဲ။ ဘယ်သူမှ မရှိဘူး"

ထိုစကားကို ကြားသောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များလည်း ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်ပေါ်လာကြ၏။

"သူက ဒီလောက်အရေးကြီးတဲ့ အချိန် ဖြစ်နေတာကို မသိရလောက်အောင် ဉာဏ်နည်းတာလား"

ဘုရားကျောင်းသခင်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

"သူက ငတုံးတစ်ယောက် မဟုတ်ဘူး။ ပြဿနာ ရှည်ရှည်ဝေးဝေး ဖြစ်မလာအောင် ကျန်းရှင်းကို ကိုင်တွယ်ခိုင်းလိုက်"

စီချင်းသည် ဓားစံအိမ်သခင်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသဖြင့် ရှေ့ထွက်မလာတော့ပေ။ နေ့လည်ပိုင်းတွင် ကျန်းရှင်းသည် လန်ရီကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့သည့်တိုင်အောင် ရှုံးနိမ့်ခဲ့သောကြောင့် အင်မော်တယ် သုံးပါး မျိုးဆက်များ၏ မာနတရားကို ထိခိုက်စေသည်။ ထို့ကြောင့် ကျန်းရှင်းအနေဖြင့် သူ၏ အောင်ပွဲကို ပြန်လည်ဖော်ဆောင်ရန် လိုအပ်ပြီး တာအိုနှလုံးသား မထိခိုက်စေရန် တိုက်ခိုက်ရပေလိမ့်မည်။

"ငါ မင်းကို မေးခွန်းတစ်ခုလောက် မေးချင်တယ်။ ကပ်ဘေးသယ်ဆောင်သူနဲ့ ပျော်ပါးရတာက တကယ်ကောင်းသလား"

"ငါ့အိပ်ရာထဲမှာ မင်းအမေနဲ့ ပျော်ပါးရတာလောက်တော့ မကောင်းဘူး"

ယွမ်ရှောင်၏ အဖြေကြောင်း မေးခွန်းထုတ်လိုက်သူ ကျန်းရှင်း၏ မျက်လုံးများ သတ်ဖြတ်လိုစိတ်ဖြင့် ရုတ်တရက် အရောင်ပြောင်းသွားသည်။ သူက ကြယ်ဧကရာဇ် ဓားဝိညာဥ်ကို ချက်ချင်း ဆင့်ခေါ်လိုက်သကဲ့သို့ အနက်ရောင်တပ်ရင်းလည်း ရှေ့တိုးလာသောကြောင့် ယွမ်ရှောင်ထံ ဖိအားကြီးတစ်ခု ပင်လယ်ပမာ လေးလံစွာ ကျရောက်လာ၏။

"ဘယ်သူမှ မလှုပ်ရှားနဲ့။ ဒီကောင်က သေချင်နေရင်လည်း ငါ ဖြည့်ဆည်းပေးမယ်"

ကျန်းရှင်းက အေးစက်စက် ပြောလိုက်ပြီး ကျင့်ကြံသူသောင်းချီမှာ ယွမ်ရှောင် လွတ်မြောက်မသွားစေရန် ထွက်ပေါက်အားလုံးတွင် ပိတ်ဆို့ထားခဲ့သည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်တစ်သိန်းကျော်မှာ ရုတ်တရက် ပြင်းထန်သွားသော အခြေအနေကြောင့် ရင်တုန်စွာ စောင့်ကြည့်နေရ၏။ သူက ဓားအော်ရာ အလွှာရှစ်သိန်း ဝိုင်းရံထားသော ဓားဝိညာဥ် ကိုင်ဆွဲရင်း ခြေတစ်လှမ်းတက်လိုက်ရာ အင်မော်တယ်တစ်ယောက် ကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ အရှိန်အဝါ ပုံရိပ်မျိုး ဖြစ်တည်လာသည်။

"မင်းက တကယ့်ကို ပိုးကောင်တစ်ကောင်ပဲ။ အစကတော့ လမ်းပြအသင်းနန်းတော်နဲ့ ကျောက်စိမ်းအင်မော်တယ် မျှော်စင်မှာ လူသတ်ခဲ့တာ မင်းလို့ ငါ အထင်မှားခဲ့သေးတယ်"

သွေးမိစ္ဆာနယ်မြေတွင် အစစ်အမှန် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာသောကြောင့် ကျန်းရှင်းမှာ အမှန်တရားကို ကိုယ့်အမြင်နှင့် ကောက်ချက်ဆွဲလိုက်သည်။ မူလတွင် ရှေးဟောင်းကျောင်းတော်တွင် သူနှင့် ထန်ချန်ကို ယှဥ်နိုင်သော ပါရမီရှင်နောက်တစ်ယောက် ထွက်ပေါ်လာသည်ဟု မနာလိုစိတ်ဖြင့် အစိုးရိမ်ကြီးခဲ့မိသည်။ စကားအဆုံးတွင် သူက ခုန်ထွက်၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး ဓားဝိညာဥ်၌ တပ်ဆင်ထားသော ဓားစက်ကွင်းခုနစ်ခု၌ ယန်နယ်ပယ် ဓားစက်ကွင်းတစ်ခုပင် ပါဝင်နေ၏။ နတ်ဆိုးစွမ်းရည် ခုနစ်ခုသည် ဓား၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးပြီး ယွမ်ရှောင်၏ နဖူးထံ ချိန်ရွယ် ရောက်ရှိလာသည်။

အစမှအဆုံးတိုင် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ရပ်နေသည့် ယွမ်ရှောင်သည် တစ်ဖက်လူ လှုပ်ရှားသောအခါ လက်နှေးမနေတော့ပေ။ သူ၏ တုံ့ပြန်မှုက လျင်မြန်ပြီး ဆုံးဖြတ်ချက် ပြတ်သားကာ စွမ်းအားသုံးပါးဓားသိုင်းဖြင့် ဓားမြှောင်ကို ပစ်ထုတ်လိုက်သည်။ မိုးပြာရောင်အလင်းမှာ မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်ရချေ။

"ဟင်"

ကျန်းရှင်းမှာ လေထဲတွင် ရုတ်တရက် ဆတ်ခနဲ တောင့်တင်းသွားကာ မျက်လုံးများ ပြူးကျယ်၍ အသံပင် မထွက်တော့ချေ။

"အမေ"

သူက ရှေ့သို့ လက်လှမ်း၍ ထူးဆန်းစွာ ထွက်ပေါ်လာသော မိခင်၏ ပုံရိပ်ကို လက်လှမ်းလိုက်သော်လည်း အစစ်အမှန်မှာ ဓားတစ်လက်သာ ဖြစ်နေခဲ့၏။ ၎င်းသည် ဘယ်ဘက်မျက်လုံးမှ တဆင့် ထိုးဖောက်ဝင်ရောက်၍ ဦးနှောက်ကို အပိုင်းပိုင်းအစစ ဖြစ်စေရန် မွှေနှောက်ကာ ညာဘက်မျက်လုံးမှ ပြန်လည် ထွက်ခွာသွားသည်။

"အဖေ"

အသက်ပျောက်သွားသည့်တိုင်အောင် ကျန်းရှင်းမှာ အိပ်မက်ပင်လယ် ကမာနတ်ဆိုး၏ ပုံရိပ်ယောင် စွမ်းရည်ကြောင့် ယွမ်ရှောင်ကိုပင် ထင်ယောင်ထင်မှား ဖြစ်နေကာ မြေပြင်၌ လဲကျသွားသည်။

"ငါ့မှာ မင်းလောက် မိုက်မဲတဲ့ သားမျိုး မရှိဘူး"

ယွမ်ရှောင်က လှောင်ရယ်လိုက်စဥ် တစ်ဖက်လူ၏ မျက်လုံးအိမ်များမှတဆင့် ပျက်စီးသွားသော ဦးနှောက်အပိုင်းအစ အဖြူရောင်များ ပြုတ်ကျလာလေသည်။

All Chapters