← Chapters

လျှပ်စီးစက်ကွင်း

Vol. 23 Ch. 336

လျှပ်စီးစက်ကွင်း

Vol. 23 Ch. 336

ပိုင်နှင့် ရင်ဆိုင်ရသူတိုင်း အဆုံးစွန်သော ဖိအားကို ခံစားရလိမ့်မည်သာပင်။ သူ၏ အဆုံးစွန်အမြန်နှုန်းအပြင် ကြီးမားသောခွန်အားလည်း ရှိလေ၏။

ယီယွင်၏အမြန်နှုန်းက ပိုင်ကို မမီသည်မှာ အရှင်းသားပင်။ တိုင်အာနတ်မြို့မှ စစ်သည်များစွာတို့ စိုးရိမ်နေကြလေ၏။

လက်ရှိတွင် ယီယွင်က မျက်လုံးအစုံအား မှိတ်ထားလေသည်။ ပြိုင်ဘက်သည် တစ်စက္ကန့်၏ ဆယ်ပုံလျှင် တစ်ပုံထက် ပိုမြန်နေပါက လူသားများ၏မျက်လုံးထဲတွင် ပြိုင်ဘက်ဖြစ်သူ ချန်ထားခဲ့သည့် အရိပ်အကြွင်းအကျန်များကိုသာ မြင်ရပေလိမ့်မည်။ ပိုင်၏အမြန်နှုန်းက မြန်ဆန်လွန်းလေသောကြောင့် တစ်ဖက်လူအဖို့ ပိုင်၏ပြင်းထန်သောအမြန်နှုန်းကြောင့် မြောက်မြားစွာသော အရိပ်အကြွင်းအကျန်များကိုသာ မြင်ရပေလိမ့်မည်။ ထိုရလဒ်ကြောင့် ပိုင်၏တည်နေရာကို အမိဖမ်းနိုင်ရန် ခက်ခဲလေသည်။

ယီယွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။ စွမ်းအင်မြင်ကွင်းထဲတွင် အရိပ်အကြွင်းအကျန်များ ပျောက်ကွယ်သွားပြီး မြန်နှုန်းမြင့်ရွေ့လျားနေသည့် စွမ်းအင်အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ စွမ်းအင်မြင်ကွင်းထဲတွင် ယီယွင်က ပိုင်၏တည်နေရာကို ရှင်းလင်းစွာပင် မြင်နေရလေ၏။

" ယီယွင်က မျက်လုံးမှိတ်ထားတာလား "

" သူက အာရုံခံနိုင်စွမ်းကိုပဲ အားကိုးတော့မှာလား "

လူအများသည် ယီယွင် မျက်လုံးမှိတ်ထားသည်ကို မြင်သွားကြကာ ထိတ်လန့်သွားကြလေ၏။ ခရမ်းသွေးနယ်ပယ်နှင့် ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များအတွက် ၎င်းတို့၏ ယွမ်ချီအာရုံခံနိုင်စွမ်းက အားနည်းလှသောကြောင့် မျက်လုံးကို အသုံးပြုရသည်ထက် နိမ့်ကျလေသည်။

လူအများ ထိုကိစ္စကို များစွာမတွေးနိုင်မီတွင် ခရမ်းရောင်အလင်းတစ်ခု တောက်ပသွားသည်ကို မြင်လိုက်ရသည်။

ဝီ...။

အလင်းနက်ဓား၏ လမ်းကြောင်းမှ လေထုထဲတွင် စွမ်းအင်ဂယက်များ ကျန်ခဲ့လေ၏။

ထိုအခိုက်တွင် ယီယွင် တိုက်ကွက်ထုတ်ဖော်လာသည်။ သူ၏ ဓားမောက်နှင့်ဓားတို့ကို အတူပေါင်းစည်းကာ သုံးလိုက်လေ၏။

ယီယွင် သန့်စင်ယန်ဓားနန်းတော်၏ ဓားဆန္ဒကို အသုံးမပြုပေ။ ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းထဲသို့ ဝင်ထားခဲ့သည့် သူသည် ထိုအထွတ်မြတ်နယ်မြေနှစ်ခုထံမှ ဓားဆန္ဒနှင့် ဓားမောက်ဆန္ဒတို့ကို ထိုးထွင်းသိမြင်မှု ရထားလေ၏။

ဓားမောက်နှင့်ဓား သင်္ချိုင်းများက သန့်စင်ယန်ဓားနန်းတော်ထက် များစွာပင် တိုင်အာနတ်ပြည်ထောင်မှ ပညာရှိများ၏အဆင့်ထက် များစွာသာလွန်လေသည်။

ထန်း...။

ယီယွင်၏ ဓားမောက်နှင့်ဓားက အလင်းနက်ဓားနှင့် ဆုံတွေ့လေ၏။

စွမ်းအင်ဆုံတွေ့မှုကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ ခရမ်းရောင်အလင်းများ နေရာတစ်ခုလုံးသို့ ရိုက်ခတ်သွားလေ၏။ အဆိုပါက ထကြွနေသည့် ခရမ်းရောင်လှိုင်းထဲတွင် လောင်ကျွမ်းနေသော သန့်စင်ယန်စွမ်းအင်လည်း ပါဝင်နေသည်။

ယီယွင်၏ ဓားမောက်ချီနှင့် ဓားချီတို့က နေမင်းပမာပင် လောင်ကျွမ်းနေသည်။

ပိုင်၏ တိုက်ခိုက်မှုအမြန်နှုန်းက ယီယွင်ထက် များစွာပို၍ပင် မြန်ဆန်သော်လည်း ယီယွင်၏ ဓားနှင့်ဓားမောက်တို့တွင် ပိုင်ထံ၌ မရှိသည့်အရာ ရှိနေလေသည်။ ၎င်းတို့က တည်ငြိမ်မှုရှိလေပြီး ယီယွင်၏ လွှမ်းမိုးနိုင်သောပုံစံက တောင်တစ်လုံးပမာပင်။ သူ၏စွမ်းအင်များက သမုဒ္ဒရာ၏ မြည်ဟီးသံပမာပင်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိုင်နှင့် ယီယွင်တို့က တိုက်ကွက်ပေါင်းရာချီကာ ဖလှယ်ခဲ့ကြလေ၏။ အမြန်နှုန်းကွာခြားမှုကြောင့် ပိုင်၏ တိုက်ကွက်အရေအတွက်က ယီယွင်ထက် နှစ်ဆပိုများလေသည်။

ပိုင်ထက် အမြန်နှုန်းနိမ့်သည့် အခြားသူတစ်ဦးသာ ဆိုပါက ပိုင်၏ မြန်ဆန်သော တိုက်ခိုက်မှုများအောက်တွင် ထိုသူ ရှုံးသွားလောက်ချေပြီ။ သို့သော် ယီယွင်နှင့် ရင်ဆိုင်ရချိန်တွင် အခြေအနေက လုံးဝကွဲပြားလေ၏။

ပိုင်၏အမြန်နှုန်းက ပိုမြန်သော်လည်း ယီယွင်၏ခုခံမှုကို ထိုးဖောက်နိုင်ခြင်းမရှိပေ။ ဓားနှင့်ဓားမောက်တို့က နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်အလားပင်။ ဓားနှင့်ဓားမောက်တို့က ယီယွင်ကို ပြစ်ချက်မရှိ ကာကွယ်ပေးထားလေပြီး ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်ပေ။

တိုက်ကွက်ဖလှယ်သည်မှာ ပိုမိုပြင်းထန်လာသည်။ လူအများမှာမူ စင်မြင့်အလယ်၌ မြောက်မြားစွာသော ပုံရိပ်များကိုသာ မြင်နေကြရသည်။ ပိုင်၏အမြန်နှုန်းက သိသာနေပြီး ယီယွင်၏အမြန်နှုန်းက ပိုနှေးသော်လည်း အခြားသူများအတွက်မူ ထိန်းသိမ်းမရသော အမြန်နှုန်းသာ ဖြစ်လေ၏။

ဓားအလင်း။ ဓားမောက်အလင်း။

သန့်စင်ယန်စွမ်းအင်။ လျှပ်စီးစွမ်းအင်။

ထိန်းသိမ်းမရနိုင်အောင် ထကြွနေသည့် စွမ်းအင်များကြောင့် ခရမ်းရောင်အဖြိုက်နက် အခင်းပြားများတွင် ခုတ်ရာများစွာ ပေါ်လာရသည်။

" ကြောက်ဖို့ကောင်းလွန်းတယ်။ ဒါက ယွင်လုံနတ်ပြည်ထောင်နဲ့ တိုင်အာနတ်ပြည်ထောင်က နံပါတ်တစ်ပုဂ္ဂိုလ်တွေရဲ့ တိုက်ပွဲလား "

ပရိတ်သတ်ထဲတွင် တောင်ပိုင်းတိုင်းပြည်ဆယ်ခုနှင့် အဖွဲ့အစည်းငယ်များမှ လူများ ရှိလေသည်။ ၎င်းတို့၏ ပြိုင်ပွဲများက ယွင်လုံနတ်ပြည်ထောင် ၊ တိုင်အာနတ်ပြည်ထောင်တို့နှင့် မတူညီပေ။ ယီယွင်နှင့် ပိုင်တို့၏ တိုက်ခိုက်မှုများကို မြင်ပြီးချိန်တွင်မူ တောင်ပိုင်းတိုင်းပြည်ဆယ်ခုနှင့် အဖွဲ့အစည်းငယ်များမှ လူများမှာ မည်မျှပင် ဝန်မခံချင်စေကာမူ သေချာပေါက်ပင် တည်ငြိမ်နိုင်ခြင်းမရှိကြတော့ပေ။

" ဒီအမြန်နှုန်း... ဒီခွန်အား။ ငါတို့ တိုင်းပြည်က နံပါတ်တစ်လူက အတော်လေးကြမ်းပေမဲ့ ဒီနှစ်ယောက်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူက စက္ကန့်အနည်းငယ်အတွင်း ရှုံးသွားရဖို့များတယ်

" ငါတို့တိုင်းပြည်လည်း အတူတူပါပဲ။ ပိုသန်မာတဲ့သူဆိုတာ အမြဲတမ်း ရှိနေတာပါ့လား... "

တိုင်းပြည်ငယ်များမှ စစ်သည်အချို့က တံတွေးမျိုချကာ ပြောနေကြသည်။ လူငယ်မျိုးဆက်များ၏ တိုက်ပွဲက ဤမျှမြင့်မားသောအဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ထိုစဥ် ဖောင်းခနဲမြည်သံ ထွက်ပေါ်လာကာ ယွမ်ချီများ ပေါက်ကွဲသွားပြီး ပေါက်ကွဲအားလှိုင်းတစ်ခု ထွက်လာသည်။ ယီယွင်နှင့်ပိုင်တို့ လူချင်းကွဲသွားလေ၏။

တိုက်ကွက် ဖလှယ်ခဲ့ကြသည်မှာ မုန်တိုင်းပမာ ဖြစ်နေပြီး တိုက်ကွက်မည်မျှအထိ ဖလှယ်ခဲ့ကြောင်းကိုပင် မသိတော့ပေ။

" ငါ့ရဲ့အမြန်နှုန်းက မင်းထက် ပိုမြန်နေတာတောင် ငါက အမြန်နှုန်းကို အသုံးပြုပြီး မင်းကို အနိုင်ယူလို့မရဘူးဆိုတာကို ဝန်ခံရတော့မယ် " ပိုင်၏အသံက တည်ကြည်နေသည်။ သည်မတိုင်မီက သူသည် အမြန်နှုန်းကို အသုံးပြုပြီး အမြဲတမ်းလိုပင် အနိုင်ရခဲ့သည်။ ယနေ့ ယီယွင်နှင့် တိုက်ခိုက်ပြီးချိန်တွင် သူ၏အမြင်ကို ပြောင်းလဲရပေတော့မည်။

ယီယွင်က ဆိုသည်..." အမြန်နှုန်းကို စွဲလန်းနေမယ်ဆိုရင် မင်းရဲ့တိုက်ကွက်က အားနည်းသွားမှာပဲလေ "

" မင်းပြောတာ မှန်တယ်။ မင်းနဲ့ တိုက်ခိုက်ရတာက ငါ့ကို စိတ်မပျက်စေဘူး။ ရင့်ကျက်လာဖို့အတွက် မင်းနဲ့ငါက မဖြစ်မနေကို တိုက်ခိုက်ရလိမ့်မယ်။ ကျွမ်းကျင်သူတွေနဲ့ ပိုပြီးရင်ဆိုင်မှ ငါတို့တွေ သင်ယူနိုင်လိမ့်မယ်။ ဒါမှပဲ ကြိုမမြင်နိုင်တဲ့ သေရေးရှင်ရေးတိုက်ပွဲတွေ ကြုံလာရရင် ငါတို့တွေ ပျာယာခတ်မနေတော့မှာ " ပိုင်က စကားဆိုရင်း ဓားကို ခရမ်းရောင်အဖြိုက်နက် အခင်းပြားထဲသို့ ထိုးသွင်းလိုက်သည်။

ဖျစ်...ဖျစ်...။

အခင်းပြားများထံမှ လျှပ်စီးလှိုင်းအသံများ ထွက်ပေါ်လာသည်ကို ယီယွင် ခံစားမိသွားသည်။ ယင်းကြောင့် သူ ထုံကျဥ်သွားရလေ၏။ ယီယွင်က ချက်ချင်းပင် သန့်စင်ယန်ချီများ လည်ပတ်စေကာ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

" ပိုင်က လျှပ်စီးကို ခရမ်းရောင်အဖြိုက်နက် အခင်းပြားထဲ ပို့လွှတ်ပြီး ယီယွင်ကို တိုက်ခိုက်ဖို့အတွက် မြေပြင်ကို အသုံးပြုလိုက်တာလား " လူအများ မှင်တက်မိသွားလေသည်။ မြေပြင်က ယီယွင်အတွက် မကောင်းတော့ပုံပင်။

သို့သော် မကြာမီတွင် သူတို့ ပါးစပ်ပိတ်သွားရလေ၏။ စင်မြင့်ထက်တွင် ခရမ်းရောင်အကာတစ်ခု ပေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။ ယင်းက ဖလားကြီးတစ်လုံးနှင့် ဆင်တူလှပြီး နတ်အရိုင်းမြေ စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

" ဒါက " လူအများ ဇဝေဇဝါဖြစ်သွားလေ၏။

" အဲ့ဒါက စက်ကွင်းတစ်ခုပဲ "

လူသားအရှင်သခင်အဆင့် လူတစ်ဦးက ဆိုသည်..." စက်ကွင်းက ပိုင်နက်တစ်ခုပဲ။ အလွန်နည်းပါးတဲ့ လူနည်းစုလောက်ကပဲ ဥပဒေသတွေနဲ့ ပတ်သတ်ပြီးတော့ သဘာဝလွန်ဆက်နွှယ်မှု ရှိကြတယ်။ ဒါမှပဲ သူတို့က ဒီလိုမျိုး ထိုးထွင်းသိမြင်မှုကို ရနိုင်တာလေ။ မမျှော်လင့်စွာနဲ့ပဲ အနက်ဝတ်လူငယ်က ဒီလိုငယ်ငယ်ရွယ်နဲ့ ကိုယ်ပိုင်စက်ကွင်းတစ်ခု ရှိနေပါ့လား "

ကျင့်ကြံမှုအဆင့် မြင့်မားလာလျှင် မည်သူမဆိုပင် ဥပဒေသများ ကို သင်ယူနိုင်သည်။ လူတစ်ဦး၏ ဥပဒေသများအပေါ် နားလည်မှုအဆင့်သာ ကွာခြားလေသည်။

သို့သော် စက်ကွင်းကမူ ကွဲပြားလေ၏။ စက်ကွင်းက အလွန်ပင် နက်နဲသိမ်မွေ့သည်။ ပါရမီရှင်များအကြားတွင် ပါရမီမရှိသူများက ထိုကဲ့သို့ သိမြင်နားလည်မှုမျိုး ရနိုင်မည်မဟုတ်ပေ။

ဥပဒေသများနှင့် ပတ်သတ်ပြီး လူတစ်ဦး၏ ဆက်နွှယ်မှု မလုံလောက်ပါက သူတို့တစ်ဘဝလုံးတွင်ပင် စက်ကွင်းနှင့်ပတ်သတ်ပြီး ထိုးထွင်းသိမြင်မှု ရကြမည်မဟုတ်ပေ။ ဥပဒေသများနှင့် ဆက်နွှယ်မှုက မွေးရာပါအဆုံးအဖြတ်သာ ဖြစ်လေသည်။

ယွမ်အုတ်မြစ်ချနယ်ပယ် ၊ လူသားအရှင်သခင် အထွတ်အထိပ် သို့မဟုတ် ပညာရှိများပင် ဥပဒေသစက်ကွင်းကို ထိုးထွင်းသိမြင်မှု ရရှိနိုင်ခြင်းမရှိပေ။ အကြောင်းကမူ ပညာရှိများက အခြားကဏ္ဍများတွင်သာ အားကောင်းရမည်ဖြစ်ပြီး ဥပဒေသများနှင့် ဆက်နွှယ်မှုမြင့်မားရန် မလိုအပ်လေသောကြောင့် ဖြစ်လေသည်။

ဥပမာဆိုရသော် ကျန်းကဲ့က ဓားအပေါ်တွက် လိုက်စားလေပြီး ဓားပညာတွင် ပြိုင်ဘက်ကင်းသည်။ ဥပဒေသတွင်မူ ကျန်းကဲ့က တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံထားကာ အဆင့်မြင့်မားနေပြီဖြစ်သော်လည်း သန့်စင်ယန်စွမ်းအင်နှင့် ဆက်နွှယ်မှုတွင်မူ လိုအပ်သေးလေသောကြောင့် ယနေ့အချိန်အထိ သူ့တွင် ကိုယ်ပိုင် သန့်စင်ယန်စက်ကွင်း မရှိသေးပေ။

ပိုင်က လျှပ်စီးစက်ကွင်းကို သုံးလိုက်ချိန်တွင် ပရိတ်သတ်များကို အပထား၍ အကြီးအကဲစင်မြင့်ထက်မှ အကြီးအကဲများပင် တုန်လှုပ်သွားကြရသည်။

အနက်ဝတ်လူငယ်က လျှပ်စီး၏အချစ်တော် ဖြစ်နေသည်မှာ သံသယဖြစ်ရန် မလိုအပ်ပေ။ သူက သဘာဝတရား၏ လျှပ်စီးသားတော် ဖြစ်လေ၏။

သူ၏ လျှပ်စီးအပေါ် သိမြင်နားလည်မှုနှင့် ဆက်နွှယ်မှုတို့က တုန်လှုပ်ဖွယ်ရာပင်။

All Chapters