← Chapters

ဖုန်းလင်

Vol. 22 Ch. 328

ဖုန်းလင်

Vol. 22 Ch. 328

" ယီယွင်... နင် အဆင်ပြေရဲ့လား " ယီယွင် စင်ပေါ်မှ ဆင်းလာချိန်တွင် ချူရှောင်းရန်က စိုးရိမ်စွာဖြင့် မေးလိုက်သော်လည်း သူမ၏မေးခွန်းက အဓိပ္ပါယ်မရှိကြောင်းကို လျင်မြန်စွာပင် သဘောပေါက်သွားလေသည်။

ယီယွင်၏ပုံစံက သည့်ထက်ပို၍ ကောင်းစရာမရှိပုံပင်။ စင်စစ်တွင် သူက တိုက်ပွဲကြီးတစ်ခုတွင် ပါဝင်ခဲ့သည်နှင့်ပင် မတူချေ။ သူ ကြွက်သားများကို အကြောလျော့ပေးကာ သွေးပူအောင်လုပ်ပြီး ဖက်တီးကို အေးအေးဆေးဆေး အနိုင်ယူခဲ့ခြင်း ဖြစ်လေသည်။

တိုက်ပွဲဖြစ်စဥ်ကို ပြန်တွေးကြည့်လျှင် ယီယွင် အနိုင်ရခဲ့သည်မှာ လွယ်ကူလွန်းနေသည်။ အစမှအဆုံးအထိ သူက ခြေတစ်လှမ်းရှေ့တိုးကာ တစ်ကြိမ်သာ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် သူ အသုံးပြုခဲ့သည့် လက်နက်က ဓားမောက်ပင်မဟုတ်ချေ။

ဖက်တီးက ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးကို ထုတ်လွှတ်နေသည့် အချိန်အပိုင်းအခြားကို မေ့ထားမည်ဆိုပါက တိုက်ကွက်ဖလှယ်ခြင်းသည် မျက်တောင်တစ်ခတ်သာ ကြာခဲ့လေ၏။ ယင်းသည် ယီယွင် ပြိုင်ဘက်အား ရင်ဆိုင်ခဲ့သမျှထဲတွင် အမြန်ဆုံးဖြစ်လေ၏။

ချူရှောင်းရန်မှာ မည်သို့ပြောရမည်ကို အမှန်ပင် မသိတော့ချေ။

ဖက်တီးက တော်ရိရော်ရိမဟုတ်ပေ။ ဖက်တီးက ချန်းရွှေမိသားစုမှဖြစ်ပြီး ထိုမိသားစု၏ ဆန်းကြယ်နည်းစနစ်ကို မရေမတွက်နိုင်လောက်သော လူအများကပင် ကြောက်ရွံ့ကြသည်။ ယွင်လုံစေတီ ၇၂ ခုတွင် ဖက်တီး အဆင့် ၃ နေရာ၌ ရှိလောက်သည်။ ဖက်တီးက ယန်ချန်နှင့် ယောင်တောက်ကို အနိုင်ရခဲ့သော်လည်း ယီယွင်နှင့် ရင်ဆိုင်ရချိန်တွင်မူ ရုတ်တရက်ပင် ကောက်ရိုးအိတ်တစ်လုံး ဖြစ်သွားခဲ့ရလေ၏။ ချူရှောင်းရန်သာ ယောင်တောက်နှင့် ဖက်တီးတို့၏ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့မထားရပါက ဖက်တီးအား ထိပ်သီးကျွမ်းကျင်သူတစ်ဦးဟုပင် ယုံကြည်မဟုတ်ပေ။

အကြီးအကဲစင်မြင့်ထက်ရှိ မုတ်ဆိတ်အား သပ်နေသော ခန်းယန်သည်ပင် အလွန်ထိတ်လန့်ရသည်။

" ဒီကောင်လေးက သူရဲ့စိတ်စွမ်းအားကို အထူးလေ့ကျင့်ထားတာများလား "

မူလက သူသည် ယီယွင်က ဖက်တီးကို အနိုင်ရလိမ့်မည်ဟု မျှော်လင့်မထားပေ။ အကြောင်းကမူ ယီယွင် မည်သို့အနိုင်ရမည်ကို အကြောင်းအရင်းရှာမရလေသောကြောင့်ပင်။ ယီယွင်က သူ့အား ကျေနပ်အံ့အားသင့်ရအောင် လုပ်တတ်လေသောကြောင့် ဤတစ်ကြိမ်တွင်လည်း ကျေနပ်အံ့အားသင့်ရမည်လားဟု မျှော်လင့်ထားမိခြင်းသာ ဖြစ်လေသည်။ ယင်းသည် သူ ယီယွင်အပေါ်တွင် ထားရှိထားသည့် အခြေအမြစ်မရှိသော ယုံကြည်မှုနှင့် မျှော်လင့်ချက်သာ ဖြစ်လေ၏။

သို့သော် ယီယွင်က သူ့အား ကျေနပ်အံ့အားသင့်ဖွယ်ရာ ပေးခဲ့သည်သာမက ရယ်စရာကောင်းလောက်အောင်ပင် ကျေနပ်အံ့အားသင့်ခဲ့ရလေသောကြောင့် ခန်းယန်မှာ ယုံကြည်နိုင်ရန် ခက်ခဲနေရသည်။

သို့သော် လက်ရှိတွင် ယီယွင်ကို အသေးစိတ်မေးမြန်းရန် အချိန်မရှိသေးပေ။ ခန်းယန်က မေးစေ့ကို ပွတ်နေလျက်ဖြင့် ရုတ်တရက်ပင် တစ်ခုခုကို ပြန်တွေးမိသွားလေသည်။ သူက ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲများကို စိတ်ဝင်စားမှုကြီးစွာဖြင့် လှည့်ကြည့်လိုက်သည်။

ထင်ထားသကဲ့သို့ပင် ယွင်လုံနတ်ပြည်ထောင်မှ အဖြူဝတ်အကြီးအကဲနှစ်ဦးမှာ သူတို့၏ ချစ်လှစွာသော သားများ သေသွားကြသည့်ပမာ ဖြစ်နေကြသည်ကို ခန်းယန် မြင်လိုက်ရလေ၏။ သူတို့၏ အမူအရာများက အလွန်ပင် အရုပ်ဆိုးလှသည်။

ထိုအဖြစ်ကြောင့် ခန်းယန် ပျော်ရွှင်သွားလေ၏။ လက်ရှိ သူ၏ခံစားချက်ကို " အရမ်းမိုက်တယ် " ဟုသာ ဖော်ပြရပေတော့မည်။

" ဖုန်းလင်... မင်း ဘာလုပ်နေတာလဲ "

ယွင်လုံနတ်ပြည်ထောင်မှ အဖြူဝတ်အကြီးအကဲတစ်ဦးမှာ ဒေါသမီး တောက်လောင်နေသည်။ အထူးသဖြင့် ခန်းယန်၏ သရော်ဟန် ၊ သနားဟန် ၊ မောက်မာသောအပြုံးတို့ကို မြင်လိုက်ရချိန်၌ သူ အလွန်ဒေါသထွက်ရပြီး အသည်းပင် ထိခိုက်ရလေသည်။

ယီယွင် ဆယ်ကျော်သက်အဖွဲ့တွင် အနိုင်ရခဲ့သည်ကို လျှော်ပေးလိုက်၍ ရသေးလေ၏။ ယခုတွင် အဖွဲ့စုံပြိုင်ပွဲတွင်လည်း ယီယွင်က ဟန်ရေးပြနေချေ၏။ အကြီးအကဲအများစုမှာ ထိုအချင်းအရာကို သည်းမခံနိုင်ကြတော့ချေ။

" အကြီးအကဲပိုင်ယွီ... ဘယ်လိုဖြစ်သွားလဲဆိုတာကို ကျွန်မလည်း မသိခဲ့ဘူး။ ချန်းရွှေရဲ့ ပုံရိပ်ယောင်က ယီယွင်နဲ့ ရင်ဆိုင်ချိန်မှာ အကျိုးသက်ရောက်မှု မရှိပုံပဲ " ယွင်လုံနတ်ပြည်ထောင်၏ ပြိုင်ပွဲဝင်အုပ်စုထဲမှ နန်းဝတ်နန်းစားနှင့် မိန်းကလေးတစ်ဦးက ဆိုလိုက်သည်။ သူမက ယွင်လုံနတ်ပြည်ထောင် ပြိုင်ပွဲဝင်များ၏ခေါင်းဆောင် ဖြစ်လေသည်။

သူတို့ တိုင်အာနတ်မြို့သို့ ပထမဆုံးရောက်လာခဲ့စဥ်က ဖက်တီးနှင့် ထိုမိန်းကလေးသည် လေသင်္ဘောပေါ်တွင်ရပ်ကာ တိုင်အာနတ်မြို့၏ ကျင့်ကြံသူများကို ငုံ့ကြည့်ခဲ့ကြလေ၏။ ထိုစဥ် ဖက်တီးသည် အခြားသူများကို အားတက်သရောပင် မှတ်ချက်ပေးနေခေဲ့လေ၏။

မမျှော်လင့်စွာဖြင့်ပင် တိုက်ပွဲအစစ်ထဲသို့ ရောက်ရှိချိန်တွင်မူ ဖက်တီးသည် အုတ်ခဲတစ်ခဲနှင့် ဆယ့်လေးနှစ်သား ကလေးတစ်ဦးကြောင့် ဒုက္ခိတဖြစ်လုနီးပါး အရိုက်ခံခဲ့ရလေ၏။

ဖုန်းလင်က ထိုကိစ္စကို အံ့ဩတကြီး ဖြစ်နေလေသည်။ သူမပင် ဖက်တီးနှင့် တိုက်ခိုက်ရပါက အလွန်ပင် ဂရုစိုက်ရလေသည်။ သူမ၏ မိသားစုအမွေဖြစ်သည့် စိတ်ကြည်လင်ကျိန်စာကို အသုံးပြုရခြင်း ၊ သူမ၏ကျင့်ကြံမှုက ဖက်တီးထက် ပိုမြင့်နေခြင်း ၊ ပုံရိပ်ယောင်အသုံးပြုသည့် စစ်သည်များနှင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံများကြောင့်သာ ဖက်တီးကို ရိုက်နိုင်သည်ဆိုရုံမျှ ရှိခဲ့လေသည်။

ယီယွင်တွင်မူ ဘာမျှမရှိချေ။ သူ မည်ကဲ့သို့ အနိုင်ရခဲ့လေသနည်း။

" အကြောင်းအရင်းက အရေးမကြီးဘူး။ နောက်တိုက်ပွဲမှာ ရှုံးရတာမျိုးကို ငါ လုံးဝမလိုချင်ဘူး " အကြီးအကဲပိုင်ယွီက မပျော်မရွှင် ဆိုလိုက်သည်။

ဖုန်းလင်က အသက်ပြင်းပြင်းရှုကာ... " စိတ်မပူပါနဲ့ အကြီးအကဲပိုင်ယွီ "

ဖုန်းလင်နှင့် ပိုင်ယွီတို့ စကားပြောနေကြချိန်တွင် တိုင်အာနတ်မြို့မှ စစ်သည်များမှာ စိတ်ခံစားချက်များ မြင့်တက်နေကြလေ၏။

ယီယွင်၏အုတ်ခဲက သူတို့၏ဒေါသများကို အမှန်တကယ်ပင် ချေဖျက်ပေးနိုင်ခဲ့သည်။

အစောပိုင်းက ဖက်တီး၏ မောက်မာပုံအမျိုးမျိုးကို သူတို့ မြင်ခဲ့ရစဥ်က တိုင်အာနတ်မြို့မှ စစ်သည်များမှာ စင်ပေါ်သို့တက်ကာ ဖက်တီး၏မျက်နှာကို တက်နင်းပစ်ချင်သည့် ဒေါသများကို ချိုးနှိမ်ထားခဲ့ရသည်။

သို့သော် ဖက်တီးက အလွန်အားကောင်းသည်ကို လူတိုင်း သိကြသည်။ ထိုကောင်က ယောင်တောက်ကိုပင် အနိုင်ယူခဲ့သည်။ ယီယွင်အတွက်ပင် ခက်ခဲမည်ဆိုပါက သူတို့အဖို့ ဘာများတတ်နိုင်ပါမည်နည်း။

ယီယွင်၏အုတ်ခဲကြောင့် စင်ပေါ်တွင် ဖက်တီး ဒလိမ့်ခေါက်ကွေး ဖြစ်သွားသည်အား မြင်ရလိမ့်မည်ဟု သူတို့ လုံးဝပင် ထင်မထားခဲ့ပေ။ မည်သည်က သည့်ထက်ပို၍ အားရစရာကောင်းပါဦးနည်း။

ထို့ကြောင့် လက်ရှိတွင် တိုင်အာနတ်မြို့မှ စစ်သည်များမှာ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ ပြေးတက်သွားပြီး ယီယွင်အား လေပေါ်သို့ မြောက်ပေးချင်နေမိကြသည်။

ဤကဲ့သို့ စိတ်လှုပ်ရှားမှုအခြေအနေတွင် တိုင်အာနတ်မြို့မှ စစ်သည်များ၏ အားပေးသံများက ဆယ့်ငါးမိနစ်အတွင်း အသံစဲမည့်ဟန် ရှိမနေတော့ချေ။

ဒိုင် စင်မြင်ပေါ်သို့ တက်သွားချိန်မှသာ သူတို့ တဖြည်းဖြည်းချင်း ငြိမ်သွားကြလေသည်။

" နောက်ပြိုင်ပွဲက ယွင်လုံနတ်ပြည်ထောင်ဘက်က ဘယ်သူ တိုက်ခိုက်မှာလဲ "

ယီယွင်က နတ်အရိုင်းမြေစင်မြင့်၏ အလယ်သို့ ရောက်နေပြီဖြစ်၍ ဒိုင်က ယီယွင်ကို အရေးမလုပ်တော့ပေ။

စင်ပေါ်တွင် ယီယွင်က တည်ငြိမ်စွာပင် ရှိနေလေသောကြောင့် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များမှာ မျက်နှာမကောင်းလှတော့ပေ။

" ဒီကောင်လေးမှာ ပုံရိပ်ယောင်ကို ထိုးဖောက်နဲ့ နည်းလမ်းအချို့ ရှိနေပုံပဲ။ စီနီယာအစ်ကိုချန်းရွှေက တိုက်ခိုက်တာမှာ မတော်ဘူး။ ဒါ့အပြင် ယီယွင်က စီနီယာအစ်ကိုချန်းရွှေကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ။ ဒီကောင်က ထင်သလောက်လဲ မစွမ်းလောက်ပါဘူး။ ငါ စင်ပေါ်တက်ပြီး ဒီကောင့်ကို အဆုံးသတ်လိုက်မယ် " အနီဝတ်လူငယ်တစ်ဦးက ဆိုလိုက်လေပြီး စင်မြင့်ပေါ်သို့ ခုန်တက်ရန် ပြင်လိုက်သည်။

သို့သော် သူ ခုန်တက်တော့မည့်အချိန်တွင် သူ့အား ဖုန်းလင်က ဆွဲထားလိုက်လေသည်။

" ပါးစပ်ပိတ်ထား " ဖုန်းလင်က အော်လိုက်သည်။

" စီနီယာအစ်မ...ငါ... " အနီဝတ်လူငယ် တွေဝေသွားရလေ၏။

" ငါတို့တွေ မျက်နှာပျက်ရတာ မလုံလောက်သေးဘူးလို့ နင်က ထင်နေတာလား။ ဒါမှမဟုတ် ယီယွင်က အသက်ငယ်နေတာကြောင့် နင်က သူ့ကို အနိုင်ကျင့်လို့ရတယ်လို့များ ထင်နေတာလား။ နင့်ရဲ့ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်ရမယ်ဆိုတာ မမေ့နဲ့။ ဟိုနေ့က ကျွင်းယွဲ့တောင် ရှုံးထားတာနော် " ဖုန်းလင်၏ စကားများကြောင့် အနီဝတ်လူငယ် ပြောစရာမဲ့သွားရသည်။

ဤအဖွဲ့မှ လူများထဲတွင် သူ၏စွမ်းအားက သာမန်၏အထက်၌သာ ရှိလေသောကြောင့် ဖုန်းလင်နှင့် အငြင်းပွားရဲခြင်း မရှိပေ။

ခေါင်းဆောင်ဖြစ်သည့် ဖုန်းလင်သည် မည်သူက စင်ပေါ်တက်ရမည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိလေ၏။ အစပိုင်းတွင် ဖုန်းလင်က အဆင့် ၄ သို့မဟုတ် အဆင့် ၅ မှ လူနှင့် ယီယွင်အား တိုက်ခိုက်စေမည်ဟု စဥ်းစားထားခဲ့သည်။

သို့သော် အကြီးအကဲပိုင်ယွီ၏ စေခိုင်းချက်ကြောင့် ဖုန်းလင်က သူမကိုယ်တိုင် စင်ပေါ်သို့တက်ရန် တွေးထားလေသည်။

ဤပွဲတွင် ယီယွင်ကို မဖြစ်မနေပင် အဆုံးသတ်ရမည်။ သူမတို့ကသာ ယီယွင်ကို အနိုင်ရစေပြီး တိုက်ပွဲများစွာ ဖြတ်ကျော်ခွင့်ပေးလိုက်ပါက အလွန်ပင် အရှက်ရစရာ ဖြစ်သွားလိမ့်မည်။

ဖုန်းလင် စင်ပေါ်သို့မတက်မီတွင် ပြိုင်ပွဲဝင်လူစု၏ ထောင့်တစ်နေရာသို့ မသိစိတ်ဖြင့် လှမ်းကြည့်မိသွားသည်။ မျက်နှာဖြူလျော်နေပြီး အနက်ရောင်ဝတ်ထားသည့် လူငယ်က ထိုင်နေလေသည်။ လူငယ်၏ဆံပင်များက မျက်လုံးကို ဖုံးနေလေ၏။ ယီယွင်၏လက်ချက်ဖြင့် ဖက်တီး ရှုံးခဲ့ရချိန်တွင်ပင် လူငယ်က မည်သည့်တုန့်ပြန်မှုမျှ မရှိခဲ့ပုံပင်။

ဖုန်းလင် အသက်ဖွဖွရှုကာ စင်မြင့်ပေါ်သို့ တက်သွားလေသည်။

" ငါ နင်နဲ့တိုက်မယ် "

အိုး...။

ယီယွင် ရင်ထိတ်သွားရသည်။ စွမ်းအင်မြင်ကွင်းထဲ၌ ထိုမိန်းကလေး၏ နန်းဝတ်နန်းစားက စွမ်းအင်များ ထကြွနေသည်ကို မြင်နေရသည်။

" ဒီမိန်းကလေးရဲ့စွမ်းအားက အရမ်းအားကောင်းတယ် "

ဖက်တီးအား အလွယ်တကူ အနိုင်ရခဲ့သည်မှာ ခရမ်းရောင်သလင်းကျောက်၏ ကျေးဇူးကြောင့် လှည့်ကွက်သုံးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယီယွင် သိသည်။

ကံမကောင်းစွာဖြင့် ဖက်တီး၏စွမ်းရည်ကို ယီယွင်က လုံးဝပင် တန်ပြန်တိုက်ခိုက်နိုင်နေသည်။ ထို့အပြင် ယီယွင်က ဖက်တီးအား " ငါ မင်းရဲ့ပုံရိပ်ယောင်ထဲမှာ မိနေပြီ ၊ ငါ့ကို လာတိုက်ခိုက်လို့ရပြီ " ဟုသော ထင်မြင်ချက်အမှားပေးကာ ဖက်တီးအား သူ့အနီးသို့ ရောက်လာစေရန် မျှားခေါ်နိုင်ခဲ့သည်။ ဖက်တီးက သူ အနိုင်ရပြီဟု ထင်နေချိန်တွင် ယီယွင်က ဖက်တီးအား တစ်ချက်တည်း ရိုက်ချခဲ့သည်။

ယီယွင်က ထိုဖက်တီးကို အမှန်တကယ်ပင် ဆိုးရွားစွာလှည့်စားခဲ့သည်။

ထိုတိုက်ပွဲက အလွယ်တကူပင် အနိုင်ရခဲ့သော်လည်း ယီယွင်ကမူ ယွင်လုံနတ်ပြည်ထောင်၏ စစ်သည်များကို ထိုကိစ္စကြောင့် အထင်သေးခဲ့ခြင်းမရှိပေ။

ယွင်လုံနတ်ပြည်ထောင်၏ စစ်သည်များထဲတွင် အလွန်တရာ ကြောက်စရာကောင်းသူများ ရှိလေပြီး ယီယွင်ပင် ထိုသူများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်အပြည့် မရှိပေ။

ဥပမာဆိုရသော် နန်းဝတ်နန်းစားနှင့် မိန်းကလေးက သာမန်လူတစ်ဦး မဟုတ်ချေ။

ထိုမိန်းကလေးနှင့် ရင်ဆိုင်ရချိန်တွင်မူ ယီယွင် မရဏအသံလှိုင်းဓားကို ချက်ချင်းပင် ထုတ်ယူခဲ့လေ၏။

All Chapters