ကျောက်စိမ်းဒေဝီဓား ၁၈ ချောင်း
Vol. 23 Ch. 329
" ယီယွင်... ငါ့ရဲ့ တိုင်အာနတ်မြို့ ခရီးစဥ်မှာ ငါ့ရဲ့ပထမဆုံးတိုက်ပွဲက ဆယ့်လေးနှစ်အရွယ် ကလေးတစ်ဦးဖြစ်တဲ့ နင်နဲ့တိုက်ခိုက်ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "
ဖုန်းလင်က ယီယွင်ကိုကြည့်နေရင်း သူမ၏ နန်းဝတ်နန်းစားကို တဖြည်းဖြည်းချင်း ချွတ်လိုက်လေသည်။
ဖုန်းလင်၏ခန္ဓာကိုယ်က သေးသွယ်ပြီး သူမ ယွင်လုံနတ်ပြည်ထောင်၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ သူမက နန်းဝတ်နန်းစားအောက်တွင် ကိုယ်ကျပ်တိုက်ပွဲဝတ်စုံ ဝတ်ဆင်ထားပြီး တဏှာရာဂဖြစ်စေအောင် ဖော်ပြထားခြင်း မရှိသော်လည်း သွေးဆူလွယ်သော ဆယ်ကျော်သက်များမှာမူ အဝတ်ချွတ်နေသည်ကို မြင်ရချိန်တွင် သွေးကြောများ တဒိတ်ဒိတ်ခုန်လာကြလေ၏။
ယွင်လုံနတ်ပြည်ထောင်မှ လူငယ်အချို့ကမူ ဖုန်းလင်၏အမည်ကို အော်ဟစ်ကာ အားပေးနေကြလေ၏။
ယွင်လုံစေတီ ၇၂ ခုတွင် ဖုန်းလင်က အတော်ကျော်ကြားသည်။ သူမသည် အမျိုးသားများစွား လေစားခြင်းကို ခံထားရသူတစ်ဦး ဖြစ်လေ၏။
ဖုန်းလင်က ဖက်တီးနှင့် ကွဲပြားလေပြီး အားပေးသံများကို တုန့်ပြန်ခြင်း အလျဥ်းမရှိဘဲ ယီယွင်ကိုသာ ကြည့်နေသည်။ လက်ရှိတွင် ဖုန်းလင်က ကိုယ်ကျပ်တိုက်ပွဲဝတ်စုံနှင့်သာ ရှိနေလေပြီး အရွယ်ရောက်ပြီး မိန်းမတစ်ယောက်၏ ဖွံ့ထွားသောခန္ဓာကိုယ်ကို ပြသနေလေသည်။
သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရှည်လျားကာ ဗြက်ကျယ်သော ရေခဲပြာရောင်သေတ္တာတစ်လုံး ထုတ်ယူလိုက်သည်။ သေတ္တာ၏ထိပ်တွင် သေးသွယ်ကာ တစ်ပေခန့်ရှည်သော ဓားလက်ကိုင် ထွက်နေလေ၏။ ယင်းက ဓားသေတ္တာ ဖြစ်လေသည်။
ယီယွင်က လက်နက်များကို သေချာကြည့်ကာ..." တကယ်ကို ထူးခြားတဲ့ လက်နက်တစ်ခုပဲ။ ဒါပေမဲ့ မင်းက ငါ့ထက် နှစ်အနည်းငယ်လောက် ပိုကြီးတဲ့ပုံပဲ "
" တကယ်တော့ ငါ့လက်နက်က မထူးခြားပါဘူး "
ဖုန်းလင်က ဓားလက်ကိုင်ကို ဖိလိုက်ရာ စက်ယန္တရားလည်သံတစ်ခု ထွက်ပေါ်လာသည်။ ပင်မဓားသေတ္တာသည် နှစ်ခြမ်းကွဲသွားပြီး ဓားသေတ္တာငယ်များ ပေါ်လာလေ၏။ ဓားသေတ္တာငယ် ၁၈ ခုရှိပြီး ယင်းတို့က ဒေါင်းမြီးပမာပင် စက်ဝိုင်းခြမ်းပုံစံအတိုင်း ရှိနေလေသည်။ ဓားသေတ္တာတိုင်းတွင် ဓားလက်ကိုင်ရိုးများ ရှိကြလေ၏။
" ဒါက..."
ယီယွင် ယပ်တောက်သဏ္ဌာန် ဓားသေတ္တာများကို ကြည့်လိုက်သည်။ လက်နက်များက တောက်ပြောင်လွန်းဟန်ရှိနေလေ၏။
လူတစ်ဦးက ဓား ၁၈ ချောင်း သုံးတာလား။ ယွင်လုံနတ်ပြည်ထောင်က လူတွေက ဓားတွေအများကြီး သုံးရတာကို ဘာကြောင့် ကြိုက်ကြတာလဲ။
ဖုန်းလင်က ပြုံးကာ..." ငါ့ရဲ့ဓားတွေက ကွဲပြားတယ် "
သူမက ဓားတစ်လက် အသာဆွဲထုတ်လိုက်သည်။ ဓားသေတ္တာကို ရေခဲပြာရောင် အမည်မသိသတ္တုနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဓားကိုလည်း ထို့အတူသာ ဖြစ်လေသည်။ ဓားသည် လေးပေခန့်ရှည်ကာ ဓားသွားသည် လက်သုံးသစ်ထက် မပိုပေ။ ဓားပေါ်တွင် ရေခဲအက်ကြောင်းကဲ့သို့ မျဥ်းကြောင်းများ ပါရှိလေပြီး အလွန်လှပသည်။
ဖုန်းလင်က ဆိုသည်..." ပုံမှန်ဆိုရင် ငါ အခြားသူတွေနဲ့ တိုက်ခိုက်ချိန်မှာ ဓားလေးချောင်းသုံးရင် လုံလောက်တယ်။ ဒီနေ့ ငါ နင်နဲ့တိုက်ခိုက်ရရင် ငါ့ကျင့်ကြံမှုကို ယွမ်အုတ်မြစ်ချနယ်ပယ် အစောပိုင်းအဆင့်အထိ ဖိနှိမ်ရလိမ့်မယ်။ ငါ ဓားဘယ်နှစ်ချောင်းလောက် သုံးရမလဲဆိုတာ သိချင်မိတယ်။ ငါ ဓားတွေအားလုံးသုံးရဖို့တောင် ဖြစ်လာနိုင်တယ် "
ဖုန်းလင် စကားပြောပြီးသည်နှင့် မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခု ဖြစ်လာလေသည်။ ဖုန်းလင်၏နောက်တွင် ရေငွေ့များ ထွက်ပေါ်လာပြီး သူမ၏ပုံရိပ်ကို ဝေဝါးသွားစေကာ သူမတွင် အရိပ်ပေါင်းများစွာ ထွက်ပေါ်လာသည့်ပမာ ဖြစ်သွားလေ၏။
ထို့နောက်တွင် အရိပ်များက ကိုယ်ထည်အစစ်များအဖြစ် ပြောင်းလဲသွားပြီး ဖုန်းလင်၏နောက်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ထိုမိန်းကလေးများက ဖုန်းလင်နှင့် ရုပ်တူကြလေ၏။
" ဟမ် "
ယီယွင် အံ့အားသင့်သွားရသည်။ မည်ကဲ့သို့ ကျင့်စဥ်နည်းစနစ်မျိုးပေနည်း။ ကိုယ်ပွားနည်းစနစ်ပေလော။
လူတစ်ဦးက ရုတ်တရက်အတွင်း လူများစွာအဖြစ် ခွဲထုတ်နိုင်လေသလော။
ထိုအရာများက ပုံရိပ်အကြွင်းအကျန်များ မဟုတ်လေဘဲ ခန္ဓာကိုယ်အစစ်များ ဖြစ်သည်ကို ယီယွင် သိလေသည်။ ဖုန်းလင်တိုင်းက ဝတ်စားဆင်ယင်မှုများ တူညီကြလေ၏။ ၎င်းတို့က ယပ်တောင်သဏ္ဌာန် ဓားသေတ္တာဆီသို့သွားကာ ဓားတစ်ချောင်းစီ ဆွဲထုတ်လိုက်ကြလေ၏။
စက္ကန့်ဝက်အတွင်းမှာပင် ဖုန်းလင်ကိုးယောက်သည် ဓားတစ်ချောင်းစီကိုင်ကာ ယီယွင်၏ရှေ့တွင် ရပ်နေကြလေ၏။
" ဒီတိုက်ပွဲကို ဓားကိုးချောင်းနဲ့ စလိုက်ကြတာပေါ့ "
ဖုန်းလင်ကိုးယောက်သည်က ဓားများ မြှောက်လိုက်ကြရာ ရေခဲပြာဓားများထံမှ ရေခဲအပိုင်းအစများ ထွက်ပေါ်လာပြီး အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
" ယီယွင်... အဲ့ဒါ ရေဓာတ် ရောင်ပြန်ပုံရိပ်တွေပဲ " ယီယွင်၏နားထဲတွင် ခန်းယန်၏အသံ ထွက်ပေါ်လာသည်။
" ရေဓာတ် ရောင်ပြန်ပုံရိပ်တွေလား " ယီယွင် အံ့အားသင့်သွားသည်။ ဓာတ်ငါးပါးဥပဒေသထဲမှ ရေဥပဒေသသည် အသွင်ပြောင်းလဲမှုများစွာရှိသည့် ဥပဒေသတစ်ခု ဖြစ်လေ၏။ မတူညီသော စစ်သည်များက ရေဥပဒေသကို လေ့လာရာတွင် မတူညီသော ထိုးထွင်းသိမြင်မှုများ ရရှိကြလေ၏။
ဥပမာဆိုရသော် ဖုန်းလင်က ရေဥပဒေသကို ပုံရိပ်ပမာ ထိန်းချုပ်နိုင်လေသည်။ အခြားသူများက ရေဓာတ်ကို ကုသရေး ၊ ခုခံရေး ၊ တိုက်ခိုက်ရေး ၊ ဆေးဝါးဖော်စပ်ရေးများတွင် သုံးကြလေ၏။
ပြီးပြည့်စုံစွာ သိမြင်နားလည်သွားပါက နယ်ပယ်တိုင်းတွင် ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် အထောက်အပံ့ကဏ္ဍမှ ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်သည်။
လက်ရှိတွင် ဖုန်းလင်ကိုးယောက်သည် ယီယွင်ကို ဗဟိုပြုပြီး စက်ဝိုင်းပုံစံအတိုင်း ချဥ်းကပ်လာကြသည်။
ယီယွင်က ဖုန်းလင်အစစ်ကို သိသော်ငြားလည်း မည်သည့်တစ်ယောက်က အစစ်ဖြစ်ကြောင်း သရုပ်ခွဲနေခြင်းမှာ အဓိပ္ပါယ်မရှိပေ။ ရေဓာတ် ရောင်ပြန်ပုံရိပ်များက ရန်သူ ဇဝေဇဝါဖြစ်စေရန်အတွက် မဟုတ်လေဘဲ ရန်သူကိုသတ်ရန် ဖြစ်လေ၏။
" ကျောက်စိမ်းဒေဝီ ဓားကိုးလက်အစီရင် "
ဖုန်းလင်ကိုးယောက်လုံး အတူလှုပ်ရှားလိုက်ကြသည်။ သူတို့က အတူလှုပ်ရှားက ဓားလေးချောင်းက ယီယွင်၏ဦးခေါင်းအား ထိုးလိုက်လေ၏။ ယီယွင်က ဓားမောက်နှင့်ခုတ်ကာ ဓားလေးချောင်းကို ကာကွယ်လိုက်သည်။ ထိုအခိုက်တွင် မိန်းကလေး လေးယောက်၏ ခန္ဓာကိုယ်များကြားမှ ဓားလေးချောင်း ထပ်မံထွက်ပေါ်လာပြီး အဆိပ်ပြင်းမြွေများပမာ ထိုးလာသည်။
ယီယွင်က ဓားမောက်နှင့်ခုတ်သည်မှာ မပြီးသေးလေသောကြောင့် မည်သည့်အရာကိုမျှ မလုပ်နိုင်တော့ဘဲ တဒင်္ဂလှုပ်ရှားမှုကို အသုံးပြုကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး အသက်ရှင်လွတ်မြောက်ခဲ့သည်။
သို့သော် ထို့အခိုက်တွင် ဖုန်းလင်တစ်ယောက် လေထဲတွင် ပေါ်လာသည်။ ထိုဖုန်းလင်က ဖုန်းလင်အစစ် ဖြစ်လေ၏။
" ဆောင်းဦးရေဓား "
သူမ၏ ယွမ်ချီများက ဆောင်းဦးရေကန်ထဲတွင် နေရာင်ပက်ဖြန်းချိန်တွင် ဖြစ်ပေါ်လာသည့် ဆောင်းဦးရေပွက်များအလားပင် အလွန်လှပသည်။
ဓား၏ လှပသောမြင်ကွင်းက ယစ်မူးဖွယ်ရာဖြစ်သော်လည်း ယီယွင်ကမူ လှပသောမြင်ကွင်း၏ နောက်ကွယ်တွင် သတ်ဖြတ်လိုစိတ် ရှိနေသည်ကို သိလေသည်။
သူ ယွမ်ချီများ စုဆောင်းလိုက်ချိန်တွင် ကျောဘက်၌ သွေးပင်လယ် အလယ်မှ ဓားမောက်တောင်တစ်လုံးပုံရိပ် ထွက်ပေါ်လာသည်။ ယင်းက လူ့ပြည်သို့ အသူရာငရဲ ရောက်လာသည့်အလားပင်။ ထိုပုံရိပ်က ဖုန်းလင်၏ ရောင်ပြန်ပုံရိပ်များထက်ပင် သိသာစွာ ပေါ်လွင်နေသည်။
" ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်ရဲ့အနှစ်သာရက သတ်ဖြတ်ခြင်း "
သန့်စင်ယန်ချီများ မြင့်တက်လာပြီး မီးတောက်များ ထွက်ပေါ်လာသည်။ ယန့်စင်ယန်မီးတောက်များကြောင့် ပြိုင်ကွင်းအထက်မှ ကောင်းကင်ယံသည် ရွှေရောင်အသွေး သမ်းသွားရလေ၏။
ဖောင်း...ဖောင်း...ဖောင်း...။
နေအလင်း၏ရှေ့မှောက်၌ အနီးဆုံးတွင်ရှိနေသည့် မိန်းကလေးသုံးဦး ပေါက်ကွဲသွားကာ အငွေ့ပျံသွားရလေသည်။
ဓားသုံးလက် မြေပေါ်သို့ကျသွားရ၏။
တိုက်ခိုက်မှု အောင်မြင်ပြီးနောက်တွင် ရပ်တန်ခြင်းမပြုဘဲ သူ၏ဓားမောက်ထံမှ အလင်းတစ်ခု ပျံသန်းထွက်ပေါ်လာသည်။ သူ၏ပစ်မှတ်က မြေပြင်ပေါ်တွင်ထောင်ထားသည့် ယပ်တောင်သဏ္ဌာန် ဓားသေတ္တာ ဖြစ်လေသည်။
ဖုန်းလင်၏ ကျောက်စိမ်းဒေဝီ ဓားအစီရင်၏ အရင်းအမြစ်က ထိုဓားသေတ္တာဖြစ်ကြောင်း သူ အတပ်ပြောနိုင်လေသောကြောင့် ယီယွင်က ဓားသေတ္တာ၏စွမ်းအားကို ဖျက်ဆီးလိုသည်။
ယီယွင်၏ အပြုအမူကြောင့် ဖုန်းလင် အေးခဲသွားရ၏။
ကျောက်စိမ်းဒေဝီဓားအစီရင် ၊ မီးဓားတစ်သောင်း တစ်စုတစ်စည်းတည်း။
ထိုအခိုက်တွင် ဓားသေတ္တာထံမှ ရွှေရောင်အလင်း ဓားတစ်သောင်း ထွက်ပေါ်လာသည်။ ရွှေရောင်အလင်း တစ်ခုချင်းစီတိုင်းကို ဓားချီဖြင့် ဖန်တီးထားလေ၏။
ကျန်ရစ်ခဲ့သော ဓားခြောက်လက်က ဓားအိမ်မှထွက်လာကာ ဓားအလင်းတစ်သောင်းနှင့်အတူ ယီယွင်ဆီသို့ ပျံသန်းသွားကြလေသည်။
ထိုမျှများပြားလှသော ဓားများကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ပေ။ ယီယွင် ဆုတ်ခွာနေရင်း ဓားမောက်နှင့် ခုတ်ချသည်။
ဖောင်း...ဖောင်း...ဖောင်း...။
ဓားမောက်အလင်းက ဓားအလင်းများကို ဖြိုးခွင်းနေချိန်တွင် ဓားအလင်းများကလည်း ယီယွင်၏ ယွမ်ချီအကာအကွယ်ကို ထိုးဖောက်နေကြလေ၏။
ထိုစဥ် ဖုန်းလင်၏ မူလခန္ဓာကိုယ်က ယီယွင်အား ကျောဘက်မှ တိုက်ခိုက်လာသည်။
ကျောက်စိမ်းဒေဝီဓား ၁၈ လက်။
ဖုန်းလင်က ယွမ်ချီများကို အဆုံးစွန်အထိ လည်ပတ်စေလိုက်ရာ ရောင်ပြန်ပုံရိပ် ၁၈ ခု ပြိုင်တူပေါ်လာသည်။ အစောပိုင်းက ယီယွင်၏ နေအလင်းချီကြောင့် ပျက်စီးသွားရသည့် ရောင်ပြန်ပုံရိပ် ၁၈ ခုသည်ပင် ပြန်လည်ဖြစ်တည်လာသည်။ ဖုန်းလင်တွင် ယွမ်ချီ ကျန်နေသေးသရွေ့ ရောင်ပြန်ပုံရိပ်များကို အချိန်မရွေး ဖန်တီးနိုင်လေသည်။
ဖုန်းလင် ၁၈ ယောက်အနက် ၁၂ ယောက်သည် ဓားကိုင်ထားပြီး ခြောက်ယောက်ကမူ လက်ချောင်းကို ဓားသဖွယ် အသုံးပြုထားလေသည်။ ၎င်းတို့၏ လက်ချောင်းများထိပ်မှ အေးစက်သောအလင်းက ဓားများနှင့်မခြားပေ။
ဓားအလင်းတစ်သောင်းနှင့် ဖုန်းလင် ၁၈ ယောက်တို့က ယီယွင်အား ရှေ့နှင့်နောက်တို့မှ တိုက်ခိုက်လာသည်။
လက်ရှိတွင် ပရိတ်သတ်အားလုံး အာရုံစိုက်ကာ ကြည့်နေကြပြီး အသက်အောင့်ထားကြသည်။
ယီယွင် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ သူ စိတ်အာရုံကို ခရမ်းရောင်သလင်းကျောက်ဆီသို့ ပို့လွှတ်ကာ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်ကို နှိုးဆွလိုက်သည်။ ရုတ်ခြည်းမှာပင် ဘေးပတ်လည်မှ သန့်စင်ယန်ချီများက ယီယွင်ထံတွင် စုစည်းလာကြသည်။
ဘုန်း...။
ခရမ်းရောင်သလင်းကျောက်ထဲတွင် ငြိမ်သက်စွာ တောက်လောင်နေသည့် သန့်စင်ယန်စိတ်ဝိညာဥ်က ယခုအခါတွင် လုံးဝပင် ပေါက်ကွဲသွားလေ၏။ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် နေတစ်စင်း ပေါက်ဖွားနေသည့်အလားပင်။ ယီယွင်က မိုးမြေယွမ်ချီများကို အသုံးပြုပြီး ဘေးပတ်လည်အား တိုက်ခိုက်နိုင်သွားလေ၏။ ယီယွင်၏ကျောဘက်မှ ထန်တောင်ကြားပုံရိပ်ပင် ပေါက်ကွဲသွားရလေသည်။
မီးတောက်များ လောင်ကျွမ်းနေပြီး ဖုန်းလင်၏ ရောင်ပြန်ပုံရိပ် ၁၇ ခုကို တွန်းလှန်ကာ ဓားအလင်းတစ်သောင်းကို လုံးဝပြိုကွဲသွားစေသည်။
သို့တိုင်အောင်ပင် ဖုန်းလင်၏ ပင်မခန္ဓာကိုယ်က လောင်ကျွမ်းနေသော သန့်စင်ယန်မီးတောက်များကို ထိုးဖောက်လာသည်။ သို့သော် သူမ၏ ဓားအရှိန်အဟုန်ကမူ ကြီးစွာပင် လျော့နည်းသွားလေ၏။ ပင်မခန္ဓာကိုယ်၏ ဓားက ယီယွင်၏နှလုံးဆီသို့ ပျံသန်းသွားလေ၏။
ရွှတ်...။
ဓားချီသည် ယွမ်ချီအကာအကွယ်ကို ထိုးဖောက်သွားကာ သန့်စင်ယန်စွမ်းအင်များကို ကြီးစွာရိုက်ခတ်သည်။ ယီယွင်က စွန်တစ်စင်းပမာပင် ဒေါင့်ဖြတ်အတိုင်း နောက်သို့ပျံသန်းသွားပြီ နတ်အရိုင်းမြေစင်မြင့်ပေါ်မှ ထွက်ခွာသွားသည်။
ဖုန်းလင်၏ တိုက်ခိုက်မှုအရှိန်အဟုန် ကုန်ဆုံးသွားချိန်တွင် ယီယွင်ကို တိုက်ခိုက်မိခြင်း မရှိသေးချေ။
ယီယွင်က ရင်ဘက်ကို အသာဖိကာ အသက်ရှုနှုန်းနှင့် ယွမ်ချီများကို ထိန်းညှိနေရင်း ဖုန်းလင်အား ကြည့်လိုက်သည်။
လက်ရှိတွင် ဖုန်းလင်၏ ဆံနွယ်ရှည်များ ရှုပ်ထွေးနေသည်။ သူမ၏အဝတ်တွင် စုတ်ပြဲရာများ များစွာရှိနေသည်။ ယွမ်ချီအကာအကွယ်၏ အကာအကွယ်နှင့်ပင် သူမ၏ တိုက်ပွဲဝတ်စုံသည် ဓားမောက်ချီကို ခံနိုင်ရည်မရှိခဲ့ပေ။
သူမ၏နောက်မှ ရောင်ပြန်ပုံရိပ် ၁၇ မှာလည်း ပေါက်ကွဲသွားကာ ရေအိုင်အဖြစ် ပြောင်းလဲသွားရသည်။
ယီယွင်၏တိုက်ခိုက်မှုကို သန့်စင်ယန်စိတ်ဝိညာဥ်က စွမ်းအားဖြည့်ပေးထားသည်။ သူက ကြီးမားသော စွမ်းအင်ပမာဏကို သုံးခဲ့သည့်တိုင်အောင် ဖုန်းလင်၏ ကျောက်စိမ်းဒေဝီဓား ၁၈ လက်အစီရင်ကို ဖြိုခွင်းနိုင်သည်ဆိုရုံသာ ရှိခဲ့လေသည်။
တိုက်ပွဲက ပြင်းထန်လွန်းလှလေသောကြောင့် ပရိတ်သတ်များမှာ ငြိမ်သက်စွာ ကြည့်နေကြလေ၏။
ယှဥ်ကြည့်မည်ဆိုလျှင် ယခင်တိုက်ပွဲများကလည်း ပြင်းထန်သည့်တိုင်အောင် ၎င်းတို့က ဓားနှင့်ဓားမောက်တို့၏ တိုက်ခိုက်မှုများသာ ဖြစ်လေသည်။ ကြမ်းတမ်းမှုနှင့် သွေးလွှမ်းမှုတို့ ရှိသော်ငြားလည်း ဤတိုက်ပွဲကဲ့သို့ ခမ်းနားကြီးကျယ်ခြင်း မရှိပေ။
ထိုတိုက်ပွဲများက ဤတိုက်ပွဲနှင့် မတူကြချေ။ ကောင်းကင်ထက်မှ ထူးကဲရွှန်းစိုသော အလင်းများနှင့် လှပသောဖြစ်စဥ်များက သူတို့မတွက် မျက်စိပသာဒ ဖြစ်ရလေသည်။