ကောင်းကင်တာအိုမူလအစကို ရရှိခြင်း။
Vol. 32 Ch. 456
ထို့နောက်မှာ ချီမင်သည် အထပ်(၁၈၀၀၀)မှ ထွက်ခွာပြီး (၁၈၀၀၁)ထပ်သို့ ဝင်သွား၏။
တစ်နှစ်အကြာတွင်။
အထပ်(၂၀၀၀၀)မြှောက်တွင်။
တင်း!
"အထွတ်အထိပ်တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်က အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစကို စုပ်ယူပြီး ပေါင်းစပ်ခဲ့ပါတယ်။ သင် မိုးမြေမဟာတာအိုကို နားလည်ခဲ့ပါတယ်။ ဖရိုဖရဲကောင်းကင်တာအိုက ထပ်မံ တိုးတက်သွားပါပြီ။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်သည် အနည်းငယ် စိတ်ကျေနပ်သွားတော့၏။ အတွေးတစ်ချက်ဖြင့် ဖရိုဖရဲမြူခိုးသည် သူ၏ရှေ့တွင် ပေါ်လာသည်။ ထို့နောက် လူရိပ်တစ်ခုသည် လျင်မြန်စွာဖြင့် သိပ်သည်းလာသည်။ ၎င်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဋ္ဌမအဆင့်သို့ ရောက်နေပြီဖြစ်သော မာရပင်။
မာရသည် သူ၏အထွတ်အထိပ်အခြေအနေနှင့် သိပ်မကွာဝေးတော့ပေ။
"ဂုဏ်ပြုပါတယ် စီနီယာမာရ။" ချူးဝမ်တောက်သည် ဂုဏ်ပြုလိုက်၏။
မာရသည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်၏။
"မဆိုးဘူးဟ။" ချီမင်ကလည်း ပြောလိုက်၏။
"သခင့်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။" မာရသည် လျင်မြန်စွာဖြင့် ပြန်ဖြေသည်။ "ဒါတွေအားလုံးက သခင့်ရဲ့ ကျေးဇူးတွေပါ။"
ချူးဝမ်တောက်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ မာရကဲ့သို့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးကိုပင် သိမ်းသွင်းနိုင်ခဲ့သည့် ချီမင်၏နည်းလမ်းများမှာ အတော်လေး မယုံကြည်နိုင်စရာ ကောင်းသည်။
'ချူးဝမ်တောက်သည် ချီမင်နှင့် ပိုပြီး ဆက်ဆံတာကြာလေ သူက ချီမင်၏ထူးခြားသည့် နည်းလမ်းများကို ပို၍ သိလာရသည်။
မယုံနိုင်စရာကောင်းပါ၏။
မသိလိုက်စွာဖြင့် နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားခဲ့သည်။
ချီမင်သည် စေတီ၏အထပ်ပေါင်း(၄၁၀၀၀)ထိ ရောက်ရှိလာခဲ့ပြီးပြီ ဖြစ်သည်။
ထိုနေရာတွင် ချီမင်သည် မဟာတာအိုကျင့်ကြံသူ နောက်ထပ်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ၏နာမည်က တျန်းရန်ရှုဖြစ်သည်။ သူသည်လည်း စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့ဘေးတွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တာအိုကာကွယ်သူ နှစ်ယောက်ရှိသည်။
နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။
နောက်ထပ်တိုက်ပွဲက ဖြစ်ပေါ်လာသည်။
တျန်းရန်ရှုသည် အတော်လေး သန်မာပါ၏။ သူသည် မဟာတာအိုအံ့ဖွယ်စွမ်းအားနှစ်ခုကို နားလည်ထားပြီး စုချန်းမန်ထက် အနည်းငယ်သာ သန်မာသည်။ သို့သော် သူသည်လည်း ချီမင်၏ပြိုင်ဘက် မဟုတ်ပေ။
ဤတစ်ကြိမ်တော့ ချီမင်သည် ကမ္ဘာဦးမဟာတာအိုဓားကြာပန်းကို ထုတ်ယူပြီး မဟာတာအိုအံ့ဖွယ်စွမ်းအားများနှင့် ပေါင်းစပ်သုံးလိုက်သည်။ တိုက်ကွက်ဒါဇင်ချီဖလှယ်ပြီးနောက်မှာ တျန်းရန်ရှုသည် ဖိနှိပ်ခံလိုက်ရ၏။
ထို့နောက်တွင် တျန်းရန်ရှုသည်လည်း ရှုံးနိမ့်ပြီး ထွက်ပြေးသွား၏။
အပြင်ကမ္ဘာတွင်။
ချီမင်သည် မဟာတာအိုကျင့်ကြံသူနှစ်ယောက်ဖြစ်သည့် စုချန်းမန်နှင့် တျန်းရန်ရှုတို့ကို ဆက်တိုက်အနိုင်ယူခဲ့သည်။ သူ ပြသခဲ့သည့် တိုက်ပွဲဝင်စွမ်းအားသည် ရှိနေကြသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များအားလုံးကို တုန်လှုပ်သွားစေခဲ့၏။
"မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲဟေ။"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
"မင်းတို့လည်း သိသားပဲ။ ချီမင်၊စုချန်းမန်နဲ့ တျန်းရှုရန်တို့သုံးယောက်လုံးက မဟာတာအိုကျင့်ကြံသူတွေ။ သူတို့အားလုံးက စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ကျင့်ကြံသူတွေ။ မဟာတာအိုအံ့ဖွယ်စွမ်းအားတွေကိုလည်း နားလည်ထားတယ်။ ဒါပေမဲ့ ချီမင်က ဘာလို့ ပိုပြီးစွမ်းအားကြီးနေတာလဲ။ သူက စုချန်းမန်နဲ့ တျန်းရန်ရှုထက် ပိုသန်မာတယ်။ သူတို့က ချီမင်ကို ဆက်တိုက်ကို ရှုံးသွားကြတာ။"
"နတ်ဆိုးကမ္ဘာစုဝေးပွဲစကတည်းက ချီမင်က မဟာတာအိုကျင့်ကြံသူကိုးယောက်ထဲမှာ အားအနည်းဆုံးတစ်ယောက်ဆိုတာ သိသာတယ်။ အဲဒီတုန်းက သူက ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ချီမင်က အခု ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ရောက်သွားပြီ။ သူက စုချန်းမန်နဲ့ တျန်းရန်ရှုတို့ကိုတောင် အနိုင်ယူပစ်လိုက်ပြီ။ တကယ့်ကို မထင်ထားတာပဲ။"
"ချီမင်က ငါတို့ကို အတော်လေး ထိတ်လန့်စရာတွေ ပေးနေတာပဲ။"
"ဟုတ်တယ်။"
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထပ်မံ အံ့ဩတကြီး ဆွေးနွေးနေကြသည်။
"ချီမင်က ဒီလောက်ထိ စွမ်းအားကြီးမယ်လို့ မထင်ထားဘူး။"
ဝမ်ရှန်းသည် အတော်လေး ထိတ်လန့်သွား၏။ "ပထမဆုံးအနေနဲ့ သူ တည်ဆောက်ထားတဲ့ ကမ္ဘာဦးမဟာတာအိုက အတော်လေး စွမ်းအားကြီးတာပဲ။ ပြီးတော့ သူနားလည်ထားတဲ့ မဟာတာအိုအံ့ဖွယ်စွမ်းအားက နောက်ဆုံးအဆင့် နက်နဲခြင်းအဆင့်ရောက်နေပြီ။”
“အဲတော့ ချီမင်က သူ့ရဲ့မဟာတာအိုအံ့ဖွယ်စွမ်းအားနဲ့ အသာယူနိုင်တယ်။ အဲဒါကြောင့် စုချန်းမန်ရော တျန်းရန်ရှုပါ ရှုံးသွားရတာပဲ။"
"ဟုတ်တယ်။ဟုတ်တယ်။" ချင်ယွီသည် ထပ်ခါတလဲ ခေါင်းညိတ်၏။
"စုချန်းမန်ရှုံးတာ အံ့ဩစရာတော့ မရှိပါဘူး။" စီနီယာအစ်ကိုစုက ပြော၏။ "ပြီးတော့ ချီမင်က စုချန်းမန်ကို လွတ်ပေးလိုက်တာ။ ချီမင်သာ သတ်ချင်ရင် တစ်ဖက်က ပြေးလွတ်မှာ မဟုတ်ဘူး။"
နောက်ပိုင်းအချိန်များမှာ ချီမင်သည် သဘာဝအတိုင်း မာရ၊ချူးဝမ်တောက်၊လေဟာနယ်နှင့် အသင်္ချေတောင်များကို ဦးဆောင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းခဲ့သည်။
အခြေခံအားဖြင့် နှစ်တစ်ရာကြာတိုင်း သူသည် အထပ်ပေါင်း(၁၀၀၀၀)ကို ရှင်းလင်းခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်သည် စေတီကမ္ဘာထဲမှ မတူညီသည့်ဆုလဒ်အမျိုးမျိုးကို ရရှိခဲ့၏။ သူသည် စေတီကမ္ဘာထဲမှ ကျွမ်းကျင်သူများ၏ မူလအစများကို လုယူခဲ့သည်။ အထူးသဖြင့် အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစကဲ့သို့ပင်။
ချီမင်သည်လည်း မဟာတာအိုကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ဖြေရှင်းခဲ့သည်။
နှစ်ခြောက်ရာကြာသွားခဲ့၏။
စေတီကမ္ဘာအထပ်ပေါင်း(၁၀၃၀၀၀)မြှောက်:ထာဝရညကမ္ဘာ။
ချီမင်သည် တာအိုမူလအစသားရဲလေးကောင်ကို ဆင့်ခေါ်လိုက်သည်။ မာရ၊ ချူးဝမ်တောက်နှင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ခြောက်ပါးသည် ပူးပေါင်းပြီး ထာဝရညစိတ်ဝိညာဉ်ကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် အထွတ်အထိပ်ထာဝရညမူလအစကို ရရှိခဲ့၏။
တူညီစွာဖြင့် အထွတ်အထိပ်ထာဝရညမူလအစ၏ သက်ရောက်မှုသည် အထွတ်အထိပ်နတ်ဆိုးဘုရား မူလအစနှင့် တူညီသည်။
၎င်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏အဆင့်ကို တိုးမြှင့်ပေးနိုင်သည်။ နှစ်ငါးဆယ်ကြာပြီးနောက်မှာ မာရသည် နောက်ထပ် ဖရိုဖရဲအထွတ်အထိပ်မူလအစကို စုပ်ယူခဲ့ပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ချိုးဖြတ်ခဲ့၏။
တစ်ချိန်တည်းမှာ မာရသည် အသေးစားဖရိုဖရဲမဟာတာအိုကို နားလည်သွားခဲ့သည်။
သူ၏အင်အားသည် တဟုန်ထိုးတက်သွား၏။
ထို့အပြင် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ချူးဝမ်တောက်သည် ချီမင်ကို အပြည့်အဝ အညံ့ခံခဲ့သည်။ သူသည် တာအိုသစ်သီးမူလအစတစ်မျှင်ကို ပေးကာ ချီမင်၏နောက်လိုက်ဖြစ်လာခဲ့သည်။
"ချူးဝမ်တောက်" ချီမင်သည် အထွတ်အထိပ်ထာဝရညမူလအစကို ချူးဝမ်တောက်အား ပေးကာ ဆိုလိုက်သည်။ "ဒါက မင်းအတွက်။"
"ကျေးဇူးတင်ပါတယ် သခင်။" ချူးဝမ်တောက်သည် စိတ်လှုပ်ရှားစွာ လက်ခံသည်။
ချီမင်က ခေါင်းညိတ်လိုက်သည်။
"စုပ်ယူစမ်း" ချူးဝမ်တောက်သည် ခေါင်းညိတ်ကာ ထာဝရညမူလအစကို စုပ်ယူလိုက်၏။ သူသည် တာအိုသားရဲတစ်ကောင် မဟုတ်သည့်အတွက် တာအိုသားရဲနေရာလွတ်ထဲသို့ မဝင်နိုင်ပေ။
မာရ၏ အကူအညီဖြင့် ချူးဝမ်တောက်သည် အထွတ်အထိပ်ထာဝရညမူလအစကို ဆယ်နှစ်ကြာ အချိန်ယူပြီး စုပ်ယူခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်စတုတ္ထအဆင့် ဖြစ်လာသည်။
ထို့အပြင် ချူးဝမ်တောက်တည်ဆောက်ထားသည့် တာအိုမူလအစသည် အသင်္ချေတာအိုဖြစ်၏။
၎င်းက အတော်လေးကို နက်နဲကာ နားလည်ရခက်သည်။
ထို့အပြင် နှစ်ပေါင်းများစွာ ကြာပြီးနောက် မျှော်စင်အထပ်တွင် ချီမင်သည် မဟာတာအိုကျင့်ကြံသူလေးယောက်ဖြစ်သည့် မော့ရှန်း၊ တုန်ဟွမ်း၊ ထိုက်ယီ၊ ရှန်းဝူဂျီ၊ တျန်းမော့ယီတို့နှင့် ဆက်တိုက်ဆိုသလို တွေ့ခဲ့သည်။
စုချန်းမန်နှင့် တျန်းရန်ရှုတို့ ယခင်က ဖြစ်ခဲ့သလိုပင်။
ချီမင်သည် တိုက်ပွဲတိုင်းကို နိုင်ခဲ့သည်။ သူသည် အတော်လေးကို ပြိုင်ဘက်ကင်းပေသည်။
သူသည် မဟာတာအိုကျင့်ကြံသူခြောက်ဦးနှင့် ရင်ဆိုင်ပြီးပြီဖြစ်သည်။ ချီမင် မရင်ဆိုင်နေရသေးသော နှစ်ဦးသာ ကျန်သည်။ ထိုနှစ်ယောက်က ကျောက်လင်းယင်နှင့် ယန်ဖေးယွီတို့ဖြစ်သည်။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏အမြင်တွင် ချီမင်မထွက်ပေါ်လာခင် မဟာတာအိုကျင့်ကြံသူကိုးဦးတွင် ကျောက်လင်းယင်နှင့် ယန်ဖေးယွီတို့သည် ပထမနှင့် ဒုတိယအဆင့်က ဖြစ်သည်။
နှစ်ယောက်လုံးက တခြားသော မဟာတာအိုကျင့်ကြံသူများထက် သန်မာသည်။
"သိပ်မကြာတော့ဘူး။"
ချီမင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံသို့ ကြည့်လိုက်၏။ သိပ်မကြာခင်မှာပင် သူသည် မိုးမြေဝါနက်ထူးခြားစေတီ၏အတွင်းဆုံးအပိုင်းသို့ ကြည့်လိုက်၏။
တစ်နည်းနည်းဖြင့် တစ်စုံတစ်ခုက သူ့ကို စောင့်နေသည်ဟု ခံစားရသည်။
"သိပ်မကြာတော့ဘူး။" ချီမင်က ဆိုသည်။ "ငါ ရောက်လာတော့မယ်။"
"သွားကြစို့။"
ချီမင်သည် ဝဲဂယက်လမ်းကြောင်းထဲသို့ ဝင်သွားလိုက်ပြီး အထပ်(၁၀၃၀၀၀)ထဲမှ ထွက်လာကာ အထပ်(၁၀၃၀၀၁)ထဲသို့ ဝင်သွားလိုက်သည်။
နောက်ဆုံးတော့ နှစ်ပေါင်း(၃၅၀)ကြာသွားသည်။
ချီမင်သည် အထပ်(၁၂၉၅၉၉)၏အတားအဆီးကို ချိုးဖြတ်ပြီး အကန့်အသတ်သို့ ရောက်လာ၏။ သူသည် တာဝန်ကို ရှင်းလင်းပြီး အထပ်(၁၂၉၆၀၀)သို့ ဝင်လာသည်။
ထို့အပြင် ချူးဝမ်တောက်သည်လည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေပြီဖြစ်၏။ သူ၏တာအိုမူလအစ:အသင်္ချေတာအိုသည်လည်း ပြီးပြည့်စုံနေပြီဖြစ်ပြီး အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
သေချာသည်ကတော့ ချူးဝမ်တောက်သည် မာရကို မယှဉ်နိုင်သေးပေ။
မာရသည် မိုးမြေမဟာတာအိုကို စတင်ကျင့်ကြံနေပြီဖြစ်ပြီး အသေးစားမဟာတာအိုလေးကို တည်ဆောက်ထား၏။ ချူးဝမ်တောက်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေပြီဖြစ်ပြီး ကောင်းကင်တာအိုကို ပြီးပြည့်စုံစွာ နားလည်ထားသည်။
သူတိုနှစ်ဦးလုံးသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် ဖြစ်လျှင်ပင် ခွန်အားကွာခြားချက်က ကြီးမားလွန်းသည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်၏ အားအနည်းဆုံးနယ်ပယ်သည် ပြီးပြည့်စုံသည့် ကောင်းကင်တာအိုနယ်ပယ်ဖြစ်၏။
ဥပမာ ချူးဝမ်တောက်ဖြစ်သည်။
သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်၌ ကောင်းကင်တာအိုကို ပြီးပြည့်စုံစွာ နားလည်ထားခဲ့သည်။
ချီမင် စေတီကမ္ဘာကို ရှင်းလင်းတိုင်း ခက်ခဲမှုကို အမြင့်ဆုံးထားခဲ့သည်။ ထို့ကြောင့်လည်း ဆုလဒ်ကို အများပြားဆုံး ရခဲ့လေသည်။
သူတို့၏ရှေ့တည့်တည့်၌ အဆုံးမဲ့ လေဟာနယ်ထဲတွင် ကောင်းကင်တာအိုမူလအစ စုဝေးလာခဲ့၏။ ၎င်းက မမြင်နိုင်သည့် အလင်းတန်းများဖြင့် တောက်ပလာခဲ့ပြီး သန့်စင်သည့် ကောင်းကင်တာအိုကို တဖြည်းဖြည်းဖြင့် သိပ်သည်းလာခဲ့သည်။
"ဆုလဒ်: ကိုးကမ္ဘာကောင်းကင်တာအိုမူလအစတစ်ခု။"
သဏ္ဍာန်မဲ့ ကောင်းကင်တာအိုမူလအစသည် သိပ်သည်းလာခဲ့ပြီး ချီမင်၏ရှေ့တွင် မျောလွင့်လာခဲ့၏။ ၎င်းတွင် အထက်ကမ္ဘာကိုးကမ္ဘာ၏ ကောင်းကင်တာအိုတွင် ပါဝင်သော မူလအစဆန်းကြယ်မှုများ ပါဝင်သည်။
သူသည် တစ်ချက်ကြည့်လိုက်၏။
၎င်းကို နားလည်နိုင်လျှင် သူတော်စင်တစ်ပါး ဖြစ်လာတော့မည့်အလားပင်။
၎င်း၏ဆွဲဆောင်မှုကို ခုခံဖို့ရာ မစွမ်းသာပေ။
ဖော်ပြဖို့တောင် ခက်ခဲနေသည်။
ရှင်းပြဖို့တောင် ခက်ခဲနေသည်။
"ဒါက...ဒါက ကောင်းကင်တာအိုမူလအစပဲ။"
ချူးဝမ်တောက်သည် အံ့ဩသွား၏။ သို့သော် သူ၏မျက်လုံးများတွင် အလိုရမ္မက်များဖြင့် ပြည့်နှက်နေလေသည်။
" မဆိုးဘူး။" ချီမင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ "ငါအစကထင်တာ အထပ်(၁၂၉၆၀၀)အားလုံးကို ရှင်းပြီးမှ ကောင်းကင်တာအိုမူလအစကို ရတယ်။ ငါ အခုရလာမယ်လို့ မထင်ဘူး။"
ချီမင်သည် လက်မြှောက်ကာ ကောင်းကင်တာအိုမူလအစကို လက်ခံလိုက်၏။ အချိန်ခဏမျှ လေ့လာပြီးနောက် ချီမင်သည် စိတ်မဝင်စားတော့ပေ။ "ချူးဝမ်တောက်..ဒါမင်းဟာပဲ။"
အစကနေအဆုံးထိ သူသည် မဟာရွှေအမြူတေတာအိုကျမ်းကို ကျင့်ကြံခဲ့သည်မှစ၍ သူသည် မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့၏။
သူသည် သာမန် မဟာတာအိုကျင့်ကြံသူ မဟုတ်ပေ။
ချီမင်သည် အန္တိမအထွတ်အထိပ်(မူလအစအဆင့်)တာအိုသစ်သီးကို တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းက အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် ယှဉ်နိုင်ပြီး မူလအစကမ္ဘာထဲသို့ ဝင်နိုင်ရန် မျှော်လင့်နိုင်ပြီး အခွင့်အရေးလည်း ရှိသည်။
ချီမင်၏ရှေ့တွင် ကောင်းကင်တာအိုမူလအစရှိနေရင်တောင် ၎င်း၏စွမ်းအင်က အထက်ကမ္ဘာကိုးကမ္ဘာ၏ကောင်းကင်တာအိုအဆင့်ထိ ရောက်နိုင်ရင်တောင် ချီမင်သည် စိတ်မဝင်စားချေ။
"ကျေးဇူးတင်ပါတယ် သခင်။"
ချူးဝမ်တောက်သည် ကောင်းကင်တာအိုမူလအစကို စိတ်လှုပ်ရှားစွာ လက်ခံ၏။ ချူးဝမ်တောက်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူသည် ကိုးကမ္ဘာလှောင်ချိုင့်ကို ချိုးဖျက်ဖို့ အတော်လေး အားနည်းနေသေးသည်။
ချီမင် ချူးဝမ်တောက်ကို ပေးလိုက်သည့် ကောင်းကင်တာအိုမူလအစချီသည် ကောင်းကင်တာအိုမူလအစပဲမဟုတ်ပေ။ ၎င်းက ချူးဝမ်တောက်နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သည့် သူ၏ရည်မှန်းချက်ဖြစ်သည့် ကိုးကမ္ဘာလှောင်ချိုင့်မှထွက်ခွာရန် လိုအပ်သည့် အရာဖြစ်သည်။
ဒုန်း။
ချူးဝမ်တောက်သည် ဒူးတစ်ဖက်ထောက်လိုက်၏။
"ထပါ။”
ချူးဝမ်တောက်သည် မတ်တပ်ရပ်လိုက်၏။
"သွားကြစို့" ချီမင်က ပြောလိုက်သည်။ "အထပ်(၁၂၉၆၀၀)ကို သွားဖို့ အချိန်တန်ပြီ။ ဒီအထပ်က နောက်ဆုံးအထပ်ပဲ။"
"ဟုတ်ကဲ့ပါ။" မာရနှင့် ချူးဝမ်တောက်တို့သည် ပြန်ဖြေသည်။
ထို့အပြင် အသင်္ချေတောင်နှင့် လေဟာနယ်သည် သိပ်မသန်မာပေ။ သူတို့ အထပ်(၁၁၀၀၀၀)သို့ ရောက်လာသည့်အခါ ထိုနှစ်ယောက်သည် ဆက်မလိုက်နိုင်တော့ချေ။ထို့ကြောင့် ချီမင်သည် ထိုနှစ်ယောက်ကို တာအိုသားရဲနေရာလွတ်ထဲသို့ ပြန်ထည့်လိုက်၏။
ဝဲဂယက်လမ်းကြောင်းကြီးသည် ပွင့်လာခဲ့၏။
ချီမင်သည် ဝင်ရောက်သွားတော့ပြီး သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားတော့၏။