← Chapters

အခန်း (၄၆၀)

Vol. 32 Ch. 460

အခန်း (၄၆၀)

Vol. 32 Ch. 460

"နတ်ဆိုးကမ္ဘာအရှင်"

ချီမင်သည် ခေါင်းမော့ကာ နတ်ဆိုးကမ္ဘာအရှင်ကို ကြည့်လိုက်၏။ သူ၏ အဆုံးမဲ့ ခမ်းနားသည့် ပုံရိပ်သည် နတ်ဆိုးကမ္ဘာထိပ်တွင် ရပ်နေသည်။ ကြည့်ရသည်မှာ ကောင်းကင်ယံ၌ လူ့ဘီလူးကြီးတစ်ကောင်အလား၊ မဟာတာအို၏သရုပ်သဏ္ဍာန်တစ်ခုအလား နတ်ဆိုးကမ္ဘာမှသက်ရှိများကို စောင့်ကြည့်နေသည်။

နတ်ဆိုးကမ္ဘာအရှင်၏မျက်လုံးထဲတွင်တော့ သက်ရှိအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်၏။ နတ်ဆိုးကမ္ဘာအရှင်နှင့် နတ်ဆိုးကမ္ဘာသက်ရှိများသည် မတူညီသည့်လောကမှ ရှင်သန်နေထိုင်လာခဲ့သည့်အလားပင်။

ထိုမြင်ကွင်း၏သက်ရောက်မှုသည် အတော်လေးထိတ်လန့်စရာပင်။

"ဟောက်တျန်းမဟာတာအိုကျမ်းထဲမှာ အရေးကြီးဆုံးပစ္စည်းက ဧကရာဇ်ဟောက်တျန်းရဲ့ အခြေခံအမွေနှစ်ပဲ။ သူ့မှာ မိုးမြေမဟာတာအိုရဲ့ နားလည်ဆင်ခြင်မှုတွေ ပါဝင်တယ်။ ဧကရာဇ်ဟောက်တျန်းကိုယ်တိုင် နားလည်ဆင်ခြင်ထားတဲ့ ဟောက်တျန်းမဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်အခြေခံတွေရောပဲ။”

ချီမင်သည် ခဏမျှစဉ်းစားနေလိုက်သည်။ "အဲဒီအပြင် မူလအစကမ္ဘာနဲ့ ဧကရာဇ်ဟောက်တျန်းရဲ့ လျှို့ဝှက်ချက်မှတ်တမ်းလည်း ပါတယ်။"

"သေချာပေါက် ဧကရာဇ်ဟောက်တျန်းက ခေတ်ကာလတစ်ခုစာ ရှင်သန်နေထိုင်ခဲ့တာ။ သူ့မှာ သေချာပေါက် အတွေ့အကြုံဇာတ်လမ်းတွေ ရှိမှာပေါ့။ ဒါပေမဲ့ အရေးကြီးတဲ့မှတ်တမ်းတွေ ဖြစ်စဉ်တွေပဲ မှတ်တမ်းတင်ထားတာဖြစ်ရမယ်။"

"အဲဒီထဲမှာ နတ်ဆိုးကမ္ဘာအရှင်ရဲ့ အကြောင်းလည်း ပါတယ်။"

"လေဟာနယ်တတိယခေတ်မှာတော့ ဧကရာဇ်ဟောက်တျန်းက မဟာတာအိုသစ်သီးကို သုံးပြီး မိုးမြေမဟာတာအိုရဲ့ ရင်းမြစ်တွေကို နားလည်ဆင်ခြင်ခဲ့တယ်။ ပြီးတော့ ဟောက်တျန်းမဟာတာအိုကို တည်ဆောက်နိုင်ခဲ့တယ်။ သူက ပြီးပြည့်စုံခြင်းအဆင့်ထိ နားလည်ဆင်ခြင်နိုင်ခဲ့ပြီး မဟာတာအိုကို ရယူနိုင်ခဲ့တယ်။"

"သူက မိုးမြေမဟာတာအိုအဆင့်မှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်ထိ တက်နိုင်ခဲ့တယ်။"

"အရေးကြီးဆုံးကတော့ ဧကရာဇ်ဟောက်တျန်းရဲ့ တိုက်ခိုက်ရေးခွန်အားက ပြိုင်ဘက်ကင်းပဲ။ သူက ဟောက်တျန်းမဟာတာအိုကို အကန့်အသတ်ထိ ထုတ်ဖော်ပြီး တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်နိုင်တယ်။ အဲဒီလို မြှင့်တင်ပေးမှုအောက်မှာ အထက်ကမ္ဘာကိုးကမ္ဘာအရှင်တွေက သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။"

"ဧကရာဇ်ဟောက်တျန်းက အသန်မာဆုံးအချိန်မှာ အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်တွေကို တစ်ယောက်တည်းနဲ့ စိန်ခေါ်နိုင်ခဲ့တယ်။ ပြီးတော့ သူက တိုက်ပွဲကိုးပွဲလုံးကို နိုင်ခဲ့တယ်။ အရှင်ကိုးပါးလုံးက အရှုံးကို ဝန်ခံခဲ့ရတယ်။"

"ဧကရာဇ်ဟောက်တျန်းက ဒီစကြဝဠာကြီးထဲက အသင်္ချေကမ္ဘာတွေကို လေဟာနယ်ခေတ်ကာလတစ်ခုစာ အုပ်စိုးနိုင်ခဲ့တယ်။"

"ဧကရာဇ်ဟောက်တျန်းက အထက်ကမ္ဘာအရှင်တွေကို စိန်ခေါ်နေတုန်းမှာပဲ သူတို့တွေရဲ့ တူညီတဲ့ စိတ်နေစိတ်ထားတွေကြောင့် နှစ်ဖက်က တိုက်ပွဲပြီးတာနဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့တယ်။"

"ဧကရာဇ်ဟောက်တျန်းနဲ့ နတ်ဆိုးကမ္ဘာအရှင်ကြားက ဆက်ဆံရေးကတော့ အကောင်းဆုံးပဲ။"

"တတိယလေဟာနယ်ခေတ်မှာ လေဟာနယ်သားရဲတွေ သက်ဆင်းလာခဲ့တယ်။ ဧကရာဇ်ဟောက်တျန်းက သူ့သက်တမ်းကုန်တော့မှာကို ခံစားမိခဲ့တယ်။ အဲဒါကြောင့်ပဲ သူက ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့တယ်။"

"ဧကရာဇ်ဟောက်တျန်းက စတင်ပြင်ဆင်ခဲ့တယ်။ သူက နတ်ဆိုးကမ္ဘာအရှင်ကို ရှာပြီး မိုးမြေဝါနက်ထူးခြားစေတီထဲမှာ သူ့ရဲ့အမွေအနှစ်တွေကို ထည့်ပြီး ပေးခဲ့တယ်။"

ထိုအရာများကို ရရန် တိကျသည့်အခြေအနေတစ်ခုတော့ လိုအပ်လေသည်။

ချီမင်သည်လည်း အတိအကျတော့ မသိပေ။ သူသိသမျှ အရာအားလုံးသည် ဟောက်တျန်းမဟာတာအိုကျမ်းတွင် မှတ်တမ်းတင်ထားသည့် အရာများသာ ဖြစ်သည်။ ထိုသတင်းက အမှန်ဟုတ်မဟုတ်တောင် သူသေချာမသိပေ။

ချီမင်က ပြောလိုက်သည်။" ဟောက်တျန်းမဟာတာအိုကျမ်းအရတော့ ဧကရာဇ်ဟောက်တျန်းရဲ့အမွေအနှစ်က ငါ့ကို ရွေးချယ်လိုက်ပြီ။ ပြီးတော့ နတ်ဆိုးကမ္ဘာအရှင်ရဲ့တာဝန်ကလည်း ပြီးသွားပြီ။"

"အဲဒီတော့ နတ်ဆိုးကမ္ဘာအရှင်က မိုးမြေဝါနက်ထူးခြားစေတီကို ပြန်ယူသွားပြီ။ တစ်ချိန်တည်းမှာပဲ နတ်ဆိုးကမ္ဘာစုဝေးပွဲကို ဆက်မကျင်းပတော့ဘူး။"

"ဒါပေမဲ့ သက်ရှိတွေအားလုံးက အကြောင်းပြချက်ကို မသိဘူး။"

နတ်ဆိုးကမ္ဘာအရှင်က မိုးမြေဝါနက်ထူးခြားစေတီကို ယူပြီးနောက် သူသည် ကိုးကမ္ဘာ၏ချိတ်စည်းများကိုလည်း မဖယ်ရှားခဲ့ပေ။ သို့သော်လည်း သူတို့က မိုးမြေဝါနက်ထူးခြားစေတီကို ဆုံးရှုံးသွားတော့ ကိုးကမ္ဘာမှ သက်ရှိများသည် ထွက်ခွာရန် လမ်းစမရှိတော့ချေ။

သူတို့သည် ကိုးကမ္ဘာလှောင်ချိုင့်မှ ထွက်ခွာရန် မဖြစ်နိုင်တော့ပေ။

ချူးဝမ်တောက်သည် ကမ္ဘာကိုးကမ္ဘာမှ လွတ်မြောက်လာသည့် နောက်ဆုံးသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်၏။

အနာဂတ်တွင် တစ်ခုခု ထူးထူးခြားခြားဖြစ်မှသာ ကိုးကမ္ဘာမှသက်ရှိများသည် ကိုးကမ္ဘာလှောင်ချိုင့်မှ ထွက်နိုင်မည်ဖြစ်သည်။ နောက်ဆုံးမှာတော့ အနာဂတ်သည် မရေရာပေ။

သူ၏အင်အားသည် အဆင့်တစ်ခုရောက်သည့်အခါ အနာဂတ်တွင်လည်း မရေမတွက်နိုင်သော ဖြစ်နိုင်ချေအမျိုးမျိုး ပေါ်လာမည်ဖြစ်၏။ သို့သော်လည်း တစ်ချိန်တည်းမှာ အနာဂတ်သည် ကြိုတင်သတ်မှတ်သလိုမျိုး ဖြစ်လာမည်ဖြစ်သည်။

ထိုအခိုက် နတ်ဆိုးကမ္ဘာအရှင်သည် ချီမင်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက် အလင်းစီးကြောင်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ သူ့ရှေ့သို့ ရောက်လာတော့၏။

"ဒါက..."

ချီမင်သည် ကြောင်အသွားပြီး သူ့ရှေ့က အနက်ရောင်အလင်းလုံးလေးကို ကြည့်လိုက်၏။ အလင်းအားလုံး ပျောက်ကွယ်သွားချိန်တွင် ပွင့်လွှာ(၃၆)ဖတ်နတ်ဆိုးကြာပန်းသည် လျင်မြန်စွာဖြင့် ကြာပန်း(၃၆)ခုအဖြစ် ကွဲထွက်သွားသည်။

အနက်ရောင်နတ်ဆိုးကြာပန်းနက်များသည် လျင်မြန်စွာဖြင့် စုဝေးချိတ်ဆက်လာပြီး နတ်ဆိုးကြာပန်းကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းက အစိုင်အခဲအဖြစ် သိပ်သည်းလာ၏။ထို့နောက် တိုကင်တစ်ခု ဖြစ်သွားသည်။

"ဒါက နတ်ဆိုးကမ္ဘာအရှင်ရဲ့ ကိုယ်ပိုင်တပည့်ဆိုတဲ့ အမှတ်အသားပဲ။"

နတ်ဆိုးကမ္ဘာအရှင်၏အသံသည် နတ်ဆိုးကမ္ဘာတစ်ခုလုံးကို ဖြတ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သည့် ထိုအသံသည် အခြားအဆင့်မြင့်လောကတစ်ခုမှ ဝင်ရောက်လာသည့်ဟန်ပင်။ "ချီမင် ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ဆယ်နှစ်ယောက်မြောက် ကိုယ်ပိုင်တပည့်ပဲ။"

"မင်း ဆန္ဒရှိလား။" နတ်ဆိုးကမ္ဘာအရှင်သည်တည်ငြိမ်စွာ မေး၏။

တိတ်ဆိတ်ခြင်း။

ထိုအခိုက် လူတိုင်း တိတ်ဆိတ်သွားတော့သည်။

ကောင်းကင်အရှင်များနှင့် အထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိတ်လန့်သွားကြတော့သည်။ သူတို့သည် ချီမင်ကို ထိတ်လန့်တကြား ကြည့်လာ၏။

ချီမင်သည် အာရုံစိုက်မှုတို့၏ဗဟို ဖြစ်လာခဲ့သည်။

"ဂျူနီယာ..ဂျူနီယာညီလေးချီ..."ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အံ့ဩသွားတော့သည်။ သူ၏အမူအရာသည် အံ့ဩမှုမှ ထိတ်လန့်မှုသို့ ထိုမှတစ်ဖန် မနာလိုမှုအဖြစ်သို့ ကူးပြောင်းသွားတော့သည်။ အဆုံးတွင်တော့ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ သို့ဖြစ်၍ သူ၏အမူအရာသည် ဆက်တိုက်ဆိုသလို ပြောင်းလဲသွားသည်ဟု ဆိုရမည်။

"ဂုဏ်ပြုပါတယ် ကိုယ်ပိုင်တပည့်ချီ။ ဒါက အသင်္ချေကမ္ဘာရဲ့ မူလအစပါ။ သူ့မှာ အဆုံးမဲ့နက်နဲမှုတွေ ပါတယ်။ မင်း လက်ခံမယ်လို့ မျှော်လင့်ပါတယ်။"

"ကိုယ်ပိုင်တပည့်ချီ။”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် သူ့ကိုယ်သူ မိတ်ဆက်လာ၏။ သူတို့သည် အထက်ကမ္ဘာကိုးကမ္ဘာမှ မတူညီသော အဖွဲ့အစည်းများက ဖြစ်၏။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် သက်ဆိုင်ရာ နယ်ပယ်တိုင်းတွင် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် မရေမတွက်နိုင်သော သက်ရှိများကို အုပ်ချုပ်ကြသူများ ဖြစ်၏။

ယခုတွင်တော့ ချီမင်၏ရှေ့တွင် သူတို့ ခေါင်းငုံ့ကာ ပြုံးပြနေကြသည်။ သူတို့သည် အင်မတန်အဖိုးတန်သော ရတနာများကိုတောင် ထုတ်ပေးလာကြ၏။

သူတို့အားလုံးသည် ချီမင်၏အဆင့်အတန်းကို ရှင်းလင်းစွာ သိထားကြပါ၏။ ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်ဖြစ်လာသည့်အတွက် သူ၏အနာဂတ်သည် အကန့်အသတ်မဲ့အောင်မြင်မှုများဖြင့် ပြည့်နှက်နေတော့၏။

သူ၏ရှေ့တွင် နတ်ဆိုးကမ္ဘာအရှင်သည် ကိုယ်ပိုင်တပည့် ဆယ်တစ်ယောက်တိတိ လက်ခံခဲ့သည်။ တစ်ယောက်ချင်းစီတိုင်းသည် မယုံနိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးပြီး အသင်္ချေကမ္ဘာတို့တွင် စွမ်းအားကြီးပေ့ဟူသော တာအိုလမ်းစဉ်များကို လျှောက်လှမ်းခဲ့သည်။

တပည့်ဆယ့်တစ်ယောက်လုံးသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်များ ဖြစ်ကြ၏။ ငါးယောက်ကတော့ မဟာတာအို အသေးစားအောင်မြင်ခြင်းအဆင့်တွင်ဖြစ်ပြီး သုံးယောက်မှာ မဟာတာအိုအကြီးစားအောင်မြင်ခြင်းအဆင့်တွင် ဖြစ်၏။ နှစ်ယောက်မှာတော့ မဟာတာအိုပြီးပြည့်စုံခြင်းအဆင့်တွင် ဖြစ်သည်။

အကြီးဆုံးစီနီယာအစ်ကိုတွင်သာ နားလည်ရခက်သည့် ခွန်အားနှင့် ကျင့်ကြံခြင်းမျိုး ရှိ၏။

သူသည် အတော်လေးစွမ်းအားကြီးသည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်တွင် ဖြစ်ပြီး မိုးမြေမဟာတာအိုနှင့် ခြေတစ်လှမ်းသာ ဝေးသည်။ ကောလဟာလများအရ သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် အနီးစပ်ဆုံးဖြစ်ပြီး အထက်ကမ္ဘာကိုးကမ္ဘာတို့၏အရှင်များနှင့်တောင် ယှဉ်နိုင်သည်ဟု ဆိုစမှတ်ပြုကြသည်။

သို့သော် ထိုသည်က ခန့်မှန်းချက်များသာဖြစ်သည်။

အခြေအနေအတိအကျကိုတော့ မသိရသေးပေ။

ထိုသည်ကနေကြည့်လျှင် ချီမင်သည် ထူးခြားသူဟု ဆိုရမည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးမဖြစ်ခင်ကတည်းက သူ့ကို နတ်ဆိုးကမ္ဘာအရှင်က ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့သည်။ အနာဂတ်တွင် သူသည် အသင်္ချေကမ္ဘာတို့၏ ထိပ်တွင် ရပ်တည်နိုင်မှာ ဖြစ်သည်။

ယခုချိန်တွင် ကြိုတင်ပြီး ချီမင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် မမှားယွင်းပေ။

"ကောင်းပြီ။ လူတိုင်းကို ကျေးဇူးတင်ပါတယ်။"

ချီမင်သည် ပြုံးကာ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များပေးသော လက်ဆောင်တိုင်းကို လက်ခံလိုက်၏။ မည်သူကိုမျှ မငြင်းပယ်ပေ။ လက်ခံရသည့်အတွက် သူသည် ဖိအားကိုလည်း မခံစားရချေ။ "လူတိုင်းရဲ့စေတနာကို မငြင်းပယ်တော့ပါဘူး။ ကျွန်တော်လည်း တခမ်းတနား လုပ်မနေတော့ဘူး။ လက်ဆောင်တွေအားလုံးကို လက်ခံလိုက်ပါ့မယ်။"

"ဟားဟား"

"ကိုယ်ပိုင်တပည့်ချီက တကယ့်ကို တည့်တိုးသမားပဲ။"

"ဟုတ်တယ်"

"ကိုယ်ပိုင်တပည့်ချီရဲ့ စိတ်ကို လေးစားပါတယ်။"

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည်လည်း ပြုံးလိုက်၏။

ထိုအခိုက် ကောင်းကင်ယံ၌ အလင်းစီးကြောင်းသုံးခု ပျံသန်းလာသည်။ သူတို့၏အရှိန်အဝါများသည် အတော်လေးကို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့်အတွက် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ဖိအားဒဏ်ကို အတော်လေးခံစားလိုက်ရသည်။

လူတိုင်းက နှုတ်ဆက်လိုက်သည်။

"ကိုယ်ပိုင်တပည့်ဝမ်ရှန်းကို အရိုအသေပြုပါတယ်။"

"ကိုယ်ပိုင်တပည့် ချင်ယွီကို အရိုအသေပြုပါတယ်။"

"ကိုယ်ပိုင်တပည့်စုကို အရိုအသေပြုပါတယ်။"

လူတိုင်းက ထိတ်လန့်တကြား ဦးညွှတ်လိုက်ကြသည်။

သူတို့အသံများသည် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"ဂျူနီယာမောင်လေးချီ။" ချင်ယွီသည် ချီမင်၏ရှေ့သို့ တက်လာသည်။ သူမသည် ညင်သာစွာ လက်ထုတ်ကာ ချီမင်၏မေးစေ့ကို ထိလိုက်သည်။ သူမက စနောက်လိုက်သည်။ "တို့တွေ ထပ်တွေ့ပြီပဲ။"

"စီနီယာအစ်မချင်ယွီ" ချီမင်၏အမူအရာသည် တည်ငြိမ်နေသည်။ သူသည် လက်ဆန့်ထုတ်ကာ ချင်ယွီ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သော်လည်း မဖမ်းမိလိုက်ပေ။ "ဟုတ်တယ် ကျွန်တော်တို့ ထပ်တွေ့ပါပြီ။"

"ဂျူနီယာမောင်လေးက မနာခံတတ်ဘူးပဲ။" ချင်ယွီက ပြုံးသည်။

"အဟွတ်..ဟွတ်.."စီနီယာအစ်ကိုစုက ညင်သာစွာ ချောင်းဟန့်လိုက်သည်။ "ချင်ယွီ ငါတို့တွေ လုပ်စရာ ရှိသေးတယ်။"

"ကောင်းပါပြီ။" ချင်ယွီက ပခုံးတွန့်လိုက်၏။

စီနီယာအစ်ကိုစု၏အမူအရာသည် လေးနက်နေပြီး သူ၏အကြည့်သည် ချီမင်အပေါ်သို့ ကျရောက်လာသည်။ သူသည် လေးနက်စွာ မေးလိုက်သည်။ "မင်းက ဆရာ့ရဲ့ကိုယ်ပိုင်တပည့် ဖြစ်လာပြီ။ ဒီနေ့ကစပြီး မင်းက အထက်ကမ္ဘာရဲ့ နတ်ဆိုးတာအိုမူလအစမျိုးနွယ်က ဖြစ်သွားပြီ။"

"အသင့်ပြင်ထား။"

"ငါတို့တွေ မင်းကို နတ်ဆိုးကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်ကို ခေါ်သွားပေးမယ်။ ဒါဆို မင်း အထက်ကမ္ဘာရဲ့နတ်ဆိုးတာအိုမူလအစမျိုးနွယ်ဝင် ဖြစ်သွားလိမ့်မယ်။"

ချီမင်က ခေါင်းညိတ်သည်။ "ကျွန်တော် စီနီယာအစ်ကိုရဲ့စကားကို နားထောင်ပါမယ်။"

သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များကြားတွင် ပုန်းနေသော ခိုင်ယာ့ကို ကြည့်လိုက်သည်။ ထို့နောက် ပထမအထက်ကမ္ဘာရဲ့ နတ်ဆိုးဘုရားကျောင်းက ဒုခန်းမသခင်အား ကြည့်ကာ ပြောလိုက်သည်။ နတ်ဆိုးကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်ကို မသွားခင် ကျွန်တော့်မှာ ဖြေရှင်းစရာ ကမ္မနဲ့ ရန်ကြွေးတွေ ရှိပါသေးတယ်။”

All Chapters