← Chapters

နတ်ဆိုးတာအိုမူလအစ အထိမ်းအမှတ်ကျောက်တိုင်၊ ဒုတိယစီနီယာအစ်ကို တိကျွင်း၊ မှတ်ကျောက်တင်ထားခြင်း။

Vol. 32 Ch. 461

နတ်ဆိုးတာအိုမူလအစ အထိမ်းအမှတ်ကျောက်တိုင်၊ ဒုတိယစီနီယာအစ်ကို တိကျွင်း၊ မှတ်ကျောက်တင်ထားခြင်း။

Vol. 32 Ch. 461

ချီမင်သည် ဆလိုင်ယွန်ကို အနိုင်ယူပြီးနောက် သူသည် အံ့ဖွယ်စွမ်းအားကို သုံးပြီး မြူခိုးအတားအဆီးများကို ဖောက်ထွင်းလျက် ဖြစ်လာမည့် အနာဂတ်ကို ကြည့်ရှုခဲ့သည်။

တစ်ချိန်တည်းမှာ သူသည် ကိစ္စများ၏အကြောင်းတရားနှင့် အကျိုးတရားကို နားလည်သွားတော့သည်။

ယခင်တုန်းက ချီမင်သည် လန်ယာ့အင်မော်တယ်မြို့တော်သို့ ရောက်ဖူး၏။ ထိုအချိန်က ခိုင်ယာ့သည် ဆလိုင်ယွန်အား သူ့ကို ဖြေရှင်းရန် ညွှန်ကြားခဲ့သည့်အတွက် ထိုကိစ္စက ဖြစ်ပျက်လာခဲ့ရသည်။

သူတို့ကြားတွင် ကမ္မနှောင်ကြိုးက ဖြစ်ပေါ်လာခဲ့သည့်အတွက် ချီမင်သည် သဘာဝအတိုင်း ၎င်းကို ဖြေရှင်းတော့မည် ဖြစ်၏။

သူသည် အနာဂတ်အတွက် မည်သည့်ပြဿနာကိုမျှ ချန်ထားမည်မဟုတ်ပေ။

"ခိုင်ယာ့"

ချီမင်၏အကြည့်သည် တည်ငြိမ်နေသည်။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတစ်စွန်းတစ်စတောင် မရှိသော်လည်း ၎င်းကပင် ခိုင်ယာ့ကို အင်မတန် ကြီးမားလေးလံသည့် ဖိအားကို ခံစားရစေသည်။ ၎င်း ဖိအားက သူ့ကို မယှဉ်သာလောက်သည့် ဖိနှိပ်အားတစ်ခုက ချုပ်နှောင်ထားသလို ခံစားရစေသည့်အတွက် မလှုပ်ရှားနိုင်တော့ပေ။

တစ်ယောက်ယောက်က သူ့ကို အကြောပိတ်သိုင်း သုံးထားသည့်အလားပင်။

တစ်ချိန်တည်းမှာ ခိုင်ယာ့သည်လည်း ပြင်းစွာသော စွမ်းအင်မဲ့မှုကို ခံစားလိုက်ရသည်။

သူ၏အသက်ရှုနှုန်းများက မြန်ဆန်လာရ၏။

"ချီ...ချီမင်"

ခိုင်ယာ့သည် ဖြည်းညှင်းစွာ အသက်ရှုထုတ်လိုက်ရ၏။ သူသည် တည်ငြိမ်အောင်လုပ်လိုက်၏။ သို့သော်လည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များနှင့် ကောင်းကင်အရှင်များစွာ ဝိုင်းရံနေခြင်းက သူ့ကို မငြိမ်မသက်ဖြစ်စေသည်။ လေထုထဲတွင် ယမ်းနံ့များဖြင့် ပြည့်နှက်နေသည်။

" မင်း သူ့အကြောင်းပြောနေတာလား။"

စီနီယာအစ်ကိုစုတို့သည် ခိုင်ယာ့ကိုကြည့်လိုက်၏။

သူတို့သည် သေချာလေ့လာကြည့်ပြီးနောက် ခေါင်းအသာညိတ်လိုက်၏။ "မင်းတို့ကြားမှာ ကမ္မက လိမ်ယှက်နေတာပဲ။"

"မင်း ငါတို့ အကူအညီလိုလား။" ချင်ယွီက ပြုံးသည်။

ဝမ်ရှန်းသည် တိတ်ဆိတ်နေသည်။

" စီနီယာအစ်ကိုတို့ အစ်မတို့ကို ပြဿနာ မရှာတော့ဘူး။ ကျွန်တော် ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။"

"ပြေး”

နောက်တစ်ခဏမှာ ခိုင်ယာ့သည် လုံးဝ မတုံ့ဆိုင်းတော့ပေ။ သူသည် အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်တစ်ခုကို သုံးပြီး အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားတော့သည်။ သူသည် နေရာလွတ်သို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့၏။

ခိုင်ယာ့သည် ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်သာ ရှိသော်လည်း သူ့တွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် တာအိုကာကွယ်သူနှစ်ဦးနှင့် မူလအစတာအိုသားရဲအသင်း ရှိမှန်း သိထားသည်။

ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့်တစ်ဦးလည်း ဖြစ်သည်။ ချင်ယွီတို့က သေချာပေါက် သူ့ကို ကူညီမှာဖြစ်သည်။

ဘယ်လိုပဲကြည့်ကြည့် ခိုင်ယာ့ဘက်တွင် အခွင့်အရေးမရှိပေ။

သူသည် လွတ်မြောက်ဖို့ ရုန်းကန်ရမှာ ဖြစ်သည်။

ခိုင်ယာ့သည် ထွက်ပြေးခြင်းကသာ သူ့အခွင့်အရေးဖြစ်ကြောင်း သိထား၏။

"မင်းတို့ တိုက်ခိုက်လို့ ရပြီ။"

"ဟုတ်ကဲ့။"

"ဟုတ်ကဲ့ပါ။"

မာရနှင့် ချူးဝမ်တောက်သည် ခိုင်ယာ့နောက်သို့ လိုက်ကာ တိုက်ခိုက်လိုက်သည်။ အဝေး၌ ဟိန်းဟောက် အော်ဟစ်သံများ ထွက်လာသည်။ နေရာလွတ်က ပြိုလဲသွားပြီး တာအိုဥပဒေသများ အက်ကွဲလာခဲ့သည်။ နေရာလွတ်က ပြိုလဲသွားသည့်အတွက် ဖျက်ဆီးခြင်းလောကတစ်ခု ဖြစ်တည်လာ၏။

"မြင့်မြတ်ကောင်းကင်။"

"လေဟာနယ်ကျိန်စာ"

"အသင်္ချေတာအိုပြန်လာခြင်း"

"အသင်္ချေတာအိုကပ်ဘေးလှည်းဘီး"

မာရနှင့် ချူးဝမ်တောက်သည် အံ့ဖွယ်စွမ်းအားများကို တစ်ဆက်တည်း သုံးလိုက်၏။ သူတို့သည် နေရာလွတ်ကို ချိတ်ပိတ်ကာ ခိုင်ယာ့ကို ပစ်မှတ်ထားလျက် သူ၏ ခုခံရေးများကို ဖျက်ဆီးလိုက်သည်။

ခိုင်ယာ့သည် အော်ဟစ်ကာ သွေးအန်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အင်အားကြောင့် နှစ်ပိုင်းပြတ်သွားရသည်။ သွေးများ ဖြာထွက်လာပြီး သူသည် အတော်လေးကို သနားစရာကောင်းသွားတော့သည်။

"ဟူး"

"စွမ်းအားကြီးလိုက်တဲ့ နည်းစနစ်။"

"ခိုင်ယာ့က အားမနည်းပေမဲ့ သူက တစ်ချက်ကလေးတောင် မခံနိုင်လိုက်ဘူး။"

"ဘာတွေ ဖြစ်နေတာလဲ။ ခိုင်ယာ့က ကိုယ်ပိုင်တပည့်ချီကို စော်ကားထားမိတာလား။"

ပတ်ဝန်းကျင်တွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များနှင့် ကောင်းကင်အရှင်များသည် ဆွေးနွေးနေကြသည်။

ခိုင်ယာ့၏ဒေါသသံကြီးသည် ထွက်ပေါ်လာတော့၏။ "နတ်ဆိုးဘုရားကျောင်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။"

"ပေါက်ကွဲစမ်း။"

နောက်တစ်ခဏတွင် ခိုင်ယာ့သည် ဒေါသတကြီးအော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြီးကို ပျံ့နှံ့လာသည်။ ၎င်းက မြင့်တက်ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲက တာအိုစွမ်းအင်အားလုံးကို ပေါက်ကွဲထွက်သွားစေတော့သည်။ ခိုင်ယာ့သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးလိုက်၏။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသော စွမ်းအားသည် အတော်လေး ကြောက်မက်ဖွယ်ကောင်း၏။

ခိုင်ယာ့သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်သည်။

တိုက်ပွဲအလယ်တွင်။

ကြောက်မက်ဖွယ်ကောင်းသည့် အလင်းရောင်ကြီး ထွက်ပေါ်လာသည်။ အဆုံးမဲ့ နေတစ်စင်းသည် အသင်္ချေကမ္ဘာတို့အပေါ်၌ အလင်းများ ထွန်းလင်းလာစေသည့်အလား ကြောက်မက်ဖွယ်ရာ ဖျက်ဆီးလှိုင်းများသည် ပျံ့နှံ့လာခဲ့၏။

မြင့်မြတ်ကောင်းကင်က နှစ်ခြမ်းကွဲသွားပြီး လေဟာနယ်ကျိန်စာက ပြိုကွဲသွားတော့သည်။ မာရ၏အံ့ဖွယ်စွမ်းအားသည် ခိုင်ယာ့၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲလိုက်ခြင်းကြောင့် ပျက်စီးသွားတော့သည်။ ချူးဝမ်တောက်၏အံ့ဖွယ်စွမ်းအားမှာလည်း ပျက်စီးသွားရတော့သည်။ ခုခံဖို့ရာမဖြစ်နိုင်သလောက်ပင်။

ချီမင်တို့သည် အနက်ရှိုင်းဆုံးအထပ်(၁၀၇)ထပ်သို့ ရောက်ရှိနေခဲ့သည်။ ထိုနေရာ၌ အထွတ်အထိပ်ကျောက်တိုင်တစ်တိုင် တည်ထားသည်။ ကျောက်တိုင်သည် ခရမ်းနက်ရောင်သန်းကာ အဆုံးမဲ့ နက်နဲမှုတို့ကို သယ်ဆောင်ထားသည်။ ၎င်းတွင် နတ်ဆိုးတာအို၏မူလအစဆန်းကြယ်မှုများနှင့် အထွတ်အထိပ်နက်နဲမှုများကို သယ်ဆောင်ထားသည်။

သူသည် တစ်ချက်သာ ကြည့်လိုက်သော်လည်း မူးဝေသွားရသည်။

သေချာလေ့လာကြည့်လျှင် ထိုကျောက်တိုင်ပေါ်တွင် နတ်ဆိုးတာအိုမူလအစကျောက်တိုင်ဟု ရေးထိုးထားသည်။

ထို့အပြင် မတူညီသည့် နာမည်ဆယ့်တစ်ခုကိုလည်း ရေးထားသည်။ ထို မတူညီသည့် နာမည်ဆယ့်တစ်ခုက နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့် ဆယ့်တစ်ယောက်၏နာမည်များ ဖြစ်သည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ။"

ရုတ်တရက်။ ချီမင်သည် သူ့ရှေ့တွင် ခရမ်းရောင်စီးကြောင်းတစ်ခု မြင့်တက်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းက နတ်ဆိုးတာအိုမူလအစကျောက်တိုင်ရှေ့တွင် ရပ်သွားပြီး သူ၏လမ်းကြောင်းကို တားဆီးလာသည်။

ခရမ်းရောင်ချီတို့ သိပ်သည်းလာ၏။

၎င်းမှ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦး ဖြစ်ပေါ်လာသည်။

ထိုလူငယ်လေးက သူ၏လက်နှစ်ဖက်ကို နောက်သို့ ပို့ထားသည်။ သူ၏အကြည့်သည် တည်ငြိမ်နေပြီး သူသည် ချီမင်တို့ကို စစ်ဆေးနေသည်။ ထို့နောက် အရာအားလုံးကို ထိုးဖောက်မြင်လိုက်ရသည့်အလား သူ၏အကြည့်သည် စူးရှသွား၏။

"ချင်ယွီက ဒုတိယစီနီယာအစ်ကိုကို ဂါဝရပြုပါတယ်။" ချင်ယွီက ဦးညွှတ်လိုက်သည်။

"ဝမ်ရှန်းက ဒုတိယစီနီယာအစ်ကိုကို ဂါဝရပြုပါတယ်။" ဝမ်ရှန်းသည်လည်း လေးစားစွာ ဦးညွှတ်လိုက်သည်။

"စီနီယာအစ်ကို" စီနီယာအစ်ကိုစုသည် သာမန်မျှ မိတ်ဆက်ပေးလိုက်သည်။ "ဒါက ချီမင်ပါ။ သူက ဆရာလက်ခံထားတဲ့ ဆယ်နှစ့်ယောက်မြောက် ကိုယ်ပိုင်တပည့်ပဲ။ နောက်ဆုံးတစ်ယောက်လည်း ဖြစ်လောက်တယ်။"

"သူက ဒီနေရာမှာ သူ့ရဲ့နာမည်ကို ရေးထွင်းဖို့ ရောက်လာတာ"

လူငယ်လေးကလည်း နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့်ဖြစ်သည့် ဒုတိယစီနီယာအစ်ကို ဖြစ်သည်။ ကြည့်ရတာ သူ၏အဆင့်အတန်းသည် အတော်လေးမြင့်ဟန်ရပြီး အင်အားကလည်း အတော်လေး ကြီးမားလောက်သည်။

သူ၏စိတ်ထဲတွင်တော့ ထိုလူငယ်လေးက မာရထက် များစွာ သန်မာသည်။

စီနီယာအစ်ကိုစုသည်ပင် ထိုလူငယ်လေးနှင့် မယှဉ်နိုင်လောက်ပေ။

ဟိုးယခင်တုန်းက သူ၏ရှေ့က ဒုတိယစီနီယာအစ်ကိုဆိုသူက အမှားကြီးကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုသည်ကလည်း ခွင့်လွှတ်လို့မရသည့်အရာပင်။ သို့ဖြစ်၍ နတ်ဆိုးကမ္ဘာအရှင်က သူ့ကို နတ်ဆိုးတာအိုမူလအစကျောက်တိုင်ကို စောင့်ရှောက်ရန် အပြစ်ပေးခဲ့ပြီး ထွက်ခွာခွင့်မပြုခဲ့ပေ။

ဒုတိယစီနီယာအစ်ကိုသည် ချီမင်ကို သေချာကြည့်လာသည်။ သူသည် သေချာကြည့်ပြီးနောက် အနည်းငယ် အံ့ဩသွားရတော့၏။ သူသည် ခဏမျှ တွေးတောကာ ဆိုသည်။ "သူက စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ပဲ ရှိသေးတာပဲ။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တောင် မဟုတ်သေးဘူး။ ဆရာက သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်တာလား။"

"စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

ဒုတိယစီနီယာအစ်ကို၏နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားသည်။ "အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။"

"မင်းရဲ့ နာမည်ကို ကျောက်တိုင်ပေါ်မှာ ရေးထွင်းလိုက်တော့။" ဒုတိယစီနီယာအစ်ကိုသည် ခေါင်းညိတ်ကာ ပြော၏။ "သွားတော့"

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။” စီနီယာအစ်ကိုစုသည် ချီမင်ကို ထပ်မံကြည့်ကာ ပြောလိုက်သည်။ "ချီမင် မင်းရဲ့နာမည်ကို နတ်ဆိုးတာအိုမူလအစကျောက်တိုင်ကို သွားပြီး ရေးထိုးလိုက်တော့။ ဒါဆိုရင် မင်းက အထက်ကမ္ဘာရဲ့ နတ်ဆိုးတာအိုမူလအစမျိုးနွယ်ကို တရားဝင် ဝင်ရောက်လို့ရပြီ။"

စီနီယာအစ်ကိုစုက ဆက်ပြောသည်။ " မင်း သိထားရမှာ အထက်ကမ္ဘာကိုးကမ္ဘာမှာ စုစုပေါင်း အရှင်ကိုးပါး ရှိတယ်။ နတ်ဆိုးကမ္ဘာအရှင်အပြင် အင်မော်တယ်ကမ္ဘာအရှင်၊ ဗုဒ္ဓကမ္ဘာအရှင်၊ မိစ္ဆာကမ္ဘာအရှင်နဲ့ တခြားအရှင်တွေ ရှိတယ်။"

“အထက်ကမ္ဘာကိုးကမ္ဘာအရဲ့အရှင်တွေက အထက်ကမ္ဘာမျိုးနွယ်ကိုးခုက ဆင်းသက်လာတာ။ အထက်ကမ္ဘာရဲ့ နတ်ဆိုးတာအိုမူလအစမျိုးနွယ်က သူတို့ထဲက တစ်ခုပဲ။ အခြား အထက်ကမ္ဘာရဲ့ မူလအစမျိုးနွယ် ရှစ်ခုပဲ ငါတို့ကို ယှဉ်နိုင်တယ်။"

"တခြား ကမ္ဘာတွေ၊ မျိုးနွယ်တွေ၊ သက်ရှိတွေက ငါတို့ရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ငါတို့တွေ သူတို့ကို အလေးထားနေစရာ မလိုဘူး။"

"ဥပမာအနေနဲ့ နတ်ဆိုးဘုရားကျောင်းလိုမျိုးပေါ့။ မင်းသာ ဆန္ဒရှိနေသရွေ့ သူတို့ကို အလွယ်လေး ဖျက်ဆီးလို့ရတယ်။ စိုးရိမ်နေစရာ မလိုဘူး။"

"မင်း နားလည်လား။"

"ဟုတ်ကဲ့။"

ချီမင်သည် နားလည်သွားသည်။ အထက်ကမ္ဘာကိုးကမ္ဘာရဲ့ မူလအစမျိုးနွယ်များနောက်တွင် အရှင်ကိုးပါးရှိသည့်အတွက် သူတို့သည် မည်သည့်အဖွဲ့အစည်းမဆို ဖိနှိပ်နိုင်သည်။ "ရှင်းပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

"သွားတော့။" စီနီယာအစ်ကိုစုက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။" ချီမင်က ခေါင်းထပ်မံ ညိတ်သည်။

ထို့နောက် နတ်ဆိုးတာအိုမူလအစကျောက်တိုင်သို့ သွားကာ ခေါင်းမော့ ကြည့်လိုက်သည်။ သူသည် ထို ကျောက်တိုင်ကို ကြည့်လိုက်ချိန် မယှဉ်သာလောက်သည့် အားအင်ကို ခံစားလိုက်ရ၏။ သူသည် အဆုံးမဲ့ နတ်ဆိုးတာအိုသက်ရှိများ၊ နတ်ဆိုးတာအိုမူလအစများ၊ ကောင်းကင်နှင့်မြေကြီးမဟာတာအိုများနှင့် အမှန်တရားများကို မြင်လိုက်ရသည့်အလားပင်။

အတော်လေးထိတ်လန့်ဖွယ်ပေ။

ချီမင်သည် ထိုအထဲသို့ နစ်ဝင်လုနီးပါးပေ။

ကမ္ဘာဦးမဟာတာအိုကျမ်းသည် သူ့ဘာသာသူ လည်ပတ်လာ၏။

ချီမင်သည် ထိုအခြေအနေမှ နိုးထလာလိုက်သည်။ သူ၏မျက်လုံးထဲတွင် ဖြစ်ရပ်မျိုးစုံ ပျောက်ကွယ်သွားပြီး သူ၏ရှေ့တွင်သာ ကျောက်တိုင်ကြီးသာ ကျန်ခဲ့တော့သည်။

အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် နာမည်ဆယ့်တစ်ခု ရှိသည်။

ချီမင်သည် ချင်ယွီ၊ဝမ်ရှန်းနှင့် စီနီယာအစ်ကိုစု၏နာမည်အရင်းကို မြင်လိုက်ရသည်။ သူသည် ဒုတိယစီနီယာအစ်ကို၏နာမည်အရင်းကိုလည်း မြင်လိုက်ရသည်။

နောက်တော့ ချီမင်သည် သူ၏နာမည်ကို ကျောက်တိုင်ပေါ်တွင် ရေးထိုးလိုက်သည်။

"သိပ်သည်း"

အတွေးတစ်ချက်ဖြင့် ကိုယ်ပိုင်တာအိုရတနာသုံးခုသည် လေထုကို ထိုးခွဲကာ ရေနဂါးတစ်ကောင်အလား ချီမင်အနားတွင် လည်ပတ်လာသည်။ ချီမင်က ညာဘက်လက်ကို မြှောက်လိုက်တော့ ကိုယ်ပိုင်တာအိုရတနာသုံးခုလုံးက သူ့လက်ပေါ်သို့ ကျလာသည်။

"ရေးဆွဲစမ်း"

ချီမင်၏လက်ထဲက ကိုယ်ပိုင်ရတနာသုံးခုသည် ပေါင်းစပ်သွားတော့သည်။ သူတို့သည် ကမ္ဘာဦးမဟာကပုဆိန်အဖြစ် မပြောင်းလဲသွားပေ။ ထိုအစား ၎င်းက ကမ္ဘာဦးစုတ်တံအဖြစ် ပြောင်းလဲသွားတော့သည်။

ချီမင်သည် သူ၏တာအိုစွမ်းအားကို လည်ပတ်လိုက်သည်။ ကမ္ဘာဦးမဟာတာအိုကျမ်းသည် လည်ပတ်လာသည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ် နားလည်မှုများသည် မင်အဖြစ်နှင့် သူသည် နတ်ဆိုးတာအိုမူလအစကျောက်တိုင်ပေါ်တွင် သူ၏နာမည်ကို ရေးထိုးလိုက်သည်။

သူ၏နာမည်ကို ရေးထိုးပြီးသည့်အခိုက် နတ်ဆိုးတာအိုမူလအစကျောက်တိုင်သည် လှုပ်ခါသွားပြီး ၎င်း၏လွှမ်းမိုးမှုအောက်တွင် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်ကိုပင် သက်ရောက်လာ၏။ နတ်ဆိုးတာအိုသည် စတင်ပေါ်ပေါက်လာတော့သည်။ အဆုံးမဲ့ နတ်ဆိုးကြာပန်းသည် မြင့်တက်လာခဲ့ပြီး အဆုံးမဲ့နတ်ဆိုးအရိပ်များသည် အဆုံးမဲ့ကမ္ဘာတွင် ပြည့်သွားသည်။ ထိုအဆုံးမဲ့အရိပ်များသည်

ချီမင်ကို ဦးညွှတ်လာသည်။

ထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်လာတော့သည်။

"ဒါက.."

"ချီမင်က သူ့ရဲ့နာမည်ကို ရေးထိုးလိုက်လို့ ထူးခြားဖြစ်စဉ်တွေ ပေါ်လာတာလား။"

"နတ်ဆိုးကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်တောင် တုန်ယင်သွားတယ်။ နတ်ဆိုးတာအိုက ပဲ့တင်ထပ်နေပြီး လေဟာနယ်ထဲမှာ အဆုံးမဲ့နတ်ဆိုးကြာပန်းတွေ မွေးဖွားလာတယ်။ နတ်ဆိုးအရိပ်တွေက ချီမင်ကို ဦးညွှတ်ဂါဝရပြုလာတယ်။"

"မယုံနိုင်စရာပဲ။"

All Chapters