နတ်ဆိုးဘုရားကျောင်းကို ဖျက်ဆီးခြင်း။ အင်မော်တယ်ကမ္ဘာအရှင် ချန်ချန်းရှန်
Vol. 32 Ch. 463
ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်းကို အခြေခံအဖြစ်သုံးကာ နတ်ဆိုးအရှင်၏ကိုယ်ပိုင်တပည့်တိုကင်မှတစ်ဆင့် နတ်ဆိုးတာအိုမူလအစကျောက်တိုင်နှင့် ဆက်သွယ်လိုက်သည်။ သူသည် နတ်ဆိုးတာအို၏စွမ်းအားကိုစုစည်းပြီး မဟာတာအိုအံ့ဖွယ်စွမ်းအားကို လည်ပတ်ကာ ကောင်းကင်လျှို့ဝှက်ချက်၏အပြောင်းအလဲများကို တွက်ချက်လိုက်သည်။
ထိုအခါ ကမ္မနှင့် ကံကြမ္မာသည် လည်ပတ်လာ၏။
မြူခိုးလွှာတို့သည် ရှင်းလင်းလာခဲ့သည်။
ချီမင်သည် နတ်ဆိုးဘုရားကျောင်း၏အပြုအမူများနောက်က အမှန်တရားကို သိထားခဲ့၏။
အစကတည်းက အထက်ကမ္ဘာ၏ အင်မော်တယ်တာအိုမူလအစမျိုးနွယ်စု တစ်နည်းအားဖြင့် ထာဝရအင်မော်တယ်ဌာနချုပ်သည် နတ်ဆိုးဘုရားကျောင်းကို ဖျက်ဆီးချင်ခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော်လည်း သူတို့သည် အခွင့်အရေး သို့မဟုတ် ဆင်ခြေတစ်ခု ရှာမတွေ့ခဲ့ပေ။ အထက်ကမ္ဘာ ဗုဒ္ဓတာအိုမူလအစမျိုးနွယ်၏ဝင်ရောက်စွက်ဖက်မှုနှင့် ပေါင်းသော် သူတို့သည် ထိုဘုရားကျောင်းကို မဖျက်ဆီးနိုင်တော့ချေ။
ယခု ချီမင်၏ ပေါ်ပေါက်လာမှုသည် ထာဝရအင်မော်တယ်ဌာနချုပ်အား အခွင့်အရေးတစ်ခု ရသွားစေတော့သည်။ သူတို့သည် နတ်ဆိုးဘုရားကျောင်းကို လျှို့ဝှက်စွာဖြင့် ထောက်ပံ့ပေးထားပြီး တစ်ချိန်တည်းမှာ ထိုအဖွဲ့ကို ချေမှုန်းရန် ချီမင်ကို ကူညီပေးခဲ့၏။
နတ်ဆိုးဘုရားကျောင်းသည် မူလက ဗုဒ္ဓကမ္ဘာ၏အကူအညီကို ရရှိထားလေသည်။ ယခုတွင်တော့ အင်မော်တယ်တာအို၏အကူအညီကို ရရှိလာသော် ချက်ချင်းကို ရဲတင်းလာတော့သည်။ ၎င်းက ချီမင်နှင့်တောင် ထိပ်တိုက်ရင်ဆိုင်ချင်လာသည်။
မဟာကမ္မက ဖွဲ့တည်လာ၏။
ရှင်းလင်းစွာ ပြောရလျှင် နတ်ဆိုးဘုရားကျောင်းသည် ပိုပို၍ပင် သန်မာလာခဲ့၏။ အထက်ကမ္ဘာ ဗုဒ္ဓတာအိုမျိုးနွယ်စု၏ အဆက်မပြတ်ပံ့ပိုးပေးမှုအောက်တွင် သူတို့သည် ပထမအထက်ကမ္ဘာ၏ကိစ္စများကိုပင် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ထာဝရအင်မော်တယ်ဌာနချုပ်ကို ဒေါသထွက်စေခဲ့သည်။
၎င်းက အင်မော်တယ်ကမ္ဘာအရှင်၏ အမိန့်တစ်ခုလည်း ဖြစ်သည်။
သူသည် ပထမအထက်ကမ္ဘာ၏ နတ်ဆိုးဘုရားကျောင်းကို ဖျက်ဆီးချင်နေသည်။
"ထားလိုက်ပါတော့" ချီမင်သည် သာမန်မျှ ပြောလိုက်၏။ "သူတို့ဘာသာ ဒုက္ခရောက်ကြပါစေ။ ဒါပေမဲ့ ငါလည်း အဲဒီကနေ အကျိုးအမြတ်တွေ ရမှာပဲ။ မဟုတ်ရင် ငါလည်း ရှုံးသွားသလို ခံစားနေရမယ်။"
သုံးရက်ကြာပြီးနောက်မှာ ဟွမ်ထိုက်ဂျီက ပြန်ရောက်လာ၏။
"ကိုယ်ပိုင်တပည့်ချီ"
ဟွမ်ထိုက်ဂျီက ပြုံးလိုက်သည်။ "ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ ကိစ္စကို ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ နတ်ဆိုးဘုရားကျောင်းအနောက်မှာ အထက်ကမ္ဘာဗုဒ္ဓတာအိုမူလအစမျိုးနွယ် အနောက်ဂိုဏ်းရှိတယ်။ အဲဒါကြောင့် သူတို့က ခင်ဗျားကို စိန်ခေါ်ရဲတာပါ။"
"အခု ထာဝရအင်မော်တယ်ဌာနချုပ်နဲ့ အနောက်ဂိုဏ်းရဲ့ဆွေးနွေးညှိနှိုင်းမှုအပြီးမှာ အနောက်ဂိုဏ်းက ဝင်ရောက်မနှောက်ယှက်ဖို့ သဘောတူလိုက်ပါတယ်။ သူတို့က နတ်ဆိုးဘုရားကျောင်းကို လက်လွှတ်ပေးလိုက်ပါပြီ။"
"အဲဒီတော့ ကျွန်တော်တို့ တိုက်ခိုက်လို့ရပြီ။"
"နားလည်ပြီ။"
"နောက်မှာ အနောက်ဂိုဏ်းက ရှိနေတာပဲ။"
"မထင်ထားခဲ့ဘူး။"
"အနောက်ဂိုဏ်းက မစွက်ဖက်တော့ဘူးဆိုတော့ နတ်ဆိုးဘုရားကျောင်းကို ဖြေရှင်းဖို့ဆိုတာ အရမ်းလွယ်သွားပြီ။"
"ဟုတ်တယ်။ဟုတ်တယ်။"
"ကိုယ်ပိုင်တပည့်ချီ ဘယ်တော့လောက် တိုက်ခိုက်မလဲဗျ။"
အဖွဲ့အစည်းအသီးသီး၏ သံတမန်များက မေးမြန်းလိုက်ကြသည်။
"ဟွမ်ထိုက်ဂျီ ခင်ဗျားရော ဘယ်လိုတွေးထားလဲ။" ချီမင်က ပြုံးကာ မေး၏။
"ဘယ်လိုထင်ရမလဲ။" ဟွမ်ထိုက်ဂျီက ပြောသည်။ "ကျွန်တော်တို့ ဘာလို့ အခုမတိုက်ခိုက်ရမှာလဲ။ အဖွဲ့အစည်းအသီးသီးရဲ့ နောက်လိုက်တွေကို စုစည်းပြီး နတ်ဆိုးဘုရားကျောင်းကို တစ်ပြိုင်တည်း တိုက်ခိုက်ရအောင်။"
"ဟုတ်ကဲ့ပါ။"
"ကောင်းတယ်ဟေ့"
"သဘောတူတယ်။"
"လုပ်လိုက်ကြရအောင်"
အဖွဲ့အစည်းအသီးသီး၏ သံတမန်များက တစ်ပြိုင်နက် ပြောသည်။
ချီမင်က ခေါင်းညိတ်လိုက်သည်။ "ဒါဆို အခုပဲ လုပ်လိုက်ရအောင်"
အချိန်တိုလေးအတွင်းမှာ အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။
အဖွဲ့အစည်းများသည် သူတို့၏နောက်လိုက်များကို စုစည်းပြီး အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် စစ်တပ်ကို ဖွဲ့စည်းလိုက်သည်။ သူတို့သည် ဖရိုဖရဲလေဟာနယ်ကို ဖြတ်သန်းပြီး နတ်ဆိုးဘုရားကျောင်းသို့ ဦးတည်လိုက်ကြ၏။
ထာဝရအင်မော်တယ်ဌာနချုပ်သည် အင်မော်တယ်ဌာနချုပ်၏ဗဟိုစစ်တပ်ကို စေလွှတ်ခဲ့သည်။ ထိုစစ်တပ်ကို ဟွမ်ထိုက်ဂျီက ဦးဆောင်သည်။
ထို့အပြင် သန့်စင်ခြင်းသုံးပါး၏ မဟာအထွတ်အထိပ်အရှင်နှင့် ကာကွယ်သူလေးဦးထဲမှ ခရမ်းဗဟိုဧကရာဇ်ကလည်း ပါဝင်ခဲ့သည်။
အင်မော်တယ်တာအိုကောင်းကင်ခံတပ်သည်လည်း အင်မော်တယ်တာအိုကောင်းကင်အရှင်စစ်တပ်ကို စေလွှတ်ခဲ့သည်။ ထာဝရအင်မော်တယ်ဧကရာဇ်မင်းဆက်သည် ထာဝရအသက်ကောင်းကင်အရှင်စစ်တပ်ကို စေလွှတ်ခဲ့၏။ အထွတ်အထိပ်အရှင်မဟာမိတ်သည် ကောင်းကင်အရှင်မဟာမိတ်စစ်တပ်ကို စေလွှတ်ခဲ့သည်။
တစ်ချိန်တည်းမှာ ဒုတိယအထက်ကမ္ဘာ ဗုဒ္ဓကမ္ဘာ၏ အနောက်သုခဘုံက ဖွဲ့စည်းထားသော အနောက်သုခစစ်တပ်ကို စေလွှတ်ခဲ့၏။
ရွှေကျီးမိစ္ဆာခံတပ်သည်တော့ ပြင်းထန်ယန်စစ်တပ်ကို စေလွှတ်ခဲ့သည်။
ပဥ္စမအထက်ကမ္ဘာ တာအိုကမ္ဘာ၏ တာအိုဂိုဏ်းသည် တာအိုစစ်တပ်ကို စေလွှတ်ခဲ့သည်။
ဆဋ္ဌမအထက်ကမ္ဘာ အမှန်တရားကမ္ဘာ၏ စုန်းမြင့်မြတ်တောင်သည် ကောင်းကင်တည်ငြိမ်မှော်ပညာရှင်စစ်တပ်ကို စေလွှတ်ခဲ့သည်။
သတ္တမအထက်ကမ္ဘာ၏ မြင့်မြတ်နိုင်ငံသည် မြင့်မြတ်နဝမစစ်တပ်ကို စေလွှတ်ခဲ့သည်။
အဋ္ဌမအထက်ကမ္ဘာ အထွတ်အထိပ်ကမ္ဘာ၏ မူလဘူတနဂါးအင်ပါယာသည် အဋ္ဌမနဂါးစစ်တပ်ကို စေလွှတ်ခဲ့၏။
နဝမအထက်ကမ္ဘာ၏ အဆုံးမဲ့ထာဝရမျှော်စင်သည် အဆုံးမဲ့စစ်တပ်ကို စေလွှတ်ခဲ့၏။
သေချာသည်မှာ ချီမင်ကလည်း မာရ၊ ချူးဝမ်တောက်၊ တာအိုသားရဲအသင်း၊ အစေခံစစ်တပ်၊ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နှင့် ကျန်သော နတ်ဆိုးကမ္ဘာ၏အဖွဲ့အစည်းအသီးသီး၏ တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။
သူတို့သည် ကမ္ဘာဦးစစ်တပ်ကို ဖွဲ့စည်းခဲ့သည်။
ချီမင်က ကမ္ဘာဦးစစ်တပ်၊ အဖွဲ့အစည်းအသီးသီး၏ စစ်တပ်များကို ဦးဆောင်ခဲ့သည်။ စုစုပေါင်း စစ်တပ်ပေါင်း ဆယ်နှစ်ခု ရှိသည်။
သူတို့က နတ်ဆိုးဘုရားကျောင်းကို တစ်ချိန်တည်း ဝန်းရံခဲ့သည်။
မယှဉ်သာလောက်အောင် ကြီးမားသည့် ကောင်းကင်အရှင်စစ်တပ်ကြီးဖြစ်ပေါ်လာသည်။ အထက်ကမ္ဘာကိုးကမ္ဘာကိုပင် သက်ရောက်လာခဲ့ကာ ၎င်းက ပထမအထက်ကမ္ဘာ၏ စွမ်းအားတည်ဆောက်ပုံကို ပြောင်းလဲစေခဲ့သည်။
နေ့တစ်ဝက်ကြာပြီးနောက် တိုက်ပွဲက ထပ်မံဖြစ်ပေါ်လာသည်။
နတ်ဆိုးဘုရားကျောင်းသည် ချီမင်တို့ထံမှ ဝိုင်းရံခံလိုက်ရတော့သည်။ အရပ်မျက်နှာအနှံ့မှ ရန်သူစစ်တပ်များသည် ဝိုင်းရံလာသည့်အတွက် နတ်ဆိုးဘုရားကျောင်းမှာ အသက်ရှုချိန်လေးတောင် မရလိုက်ပေ။
ထိုအခိုက် လေဟာနယ်က ပြိုကျသွားပြီး ဗရမ်းဗတာဖြစ်လာ၏။ မီးရေလေမြေတို့သည် ပြန်လည်တည်ဆောက်ခံလိုက်ရသည့်အလား။ အဆုံးမဲ့ကမ္ဘာသည် ဖြစ်ပျက်သဘောတရားအတိုင်း ဖြစ်တည်ပြီး ပြန်လည်ပျက်စီးလာသည့်အလား။
ဖရိုဖရဲနတ်ဆိုးဘုရားများသည် ဟိန်းဟောက်ကာ သေဆုံးသွားကြသည်။
အမှန်တကယ်တော့...
ပထမအထက်ကမ္ဘာ၏အရံအတားသည် ပြိုကျသွားတော့သည်။
အလောင်းတစ်လောင်းသည် လေဟာနယ်စကြဝဠာပင်လယ်ထဲသို့ ပြုတ်ကျသွားသည်မှာ မူလအစအင်မော်တယ်ဘုရင်တုန်းက အတိုင်းပင်။
"မဟုတ်ဘူး"
"အား"
"ဘာလို့လဲဟ ဘာဖြစ်သွားတာလဲဟ။"
"သိပြီ။ ငါသိပြီ။"
"ထာဝရအင်မော်တယ်ဌာနချုပ်"
"အနောက်ဂိုဏ်း"
"ငါ မယုံနိုင်ဘူး။ မယုံနိုင်ဘူး။"
"ချီမင်"
ထိုအခိုက် နတ်ဆိုးဘုရားခန်းမ၏ ဒုခန်းမသခင်နှင့် မဟာအကြီးအကဲတို့ ပေါ်လာသည်။ သူတို့သည် ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ကာ အင်အားကုန် ထုတ်ဖော်လိုက်၏။
သို့သော် အသုံးမဝင်ပေ။
စစ်တပ်ဆယ်နှစ်ခု၏ပေါင်းစပ်စွမ်းအားသည် အတော်လေး ကြောက်ဖို့ကောင်း၏။ အထက်ကမ္ဘာကိုးခုတွင် ၎င်းကို မျိုးနွယ် ကိုးခုမှ လွဲရင် ကျန်သည့်အဖွဲ့အစည်းများက မခုခံနိုင်ချေ။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
နတ်ဆိုးဘုရားကျောင်းသည် ဖျက်ဆီးခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုအခိုက် နတ်ဆိုးဘုရားကျောင်း၏အရှင်လည်း ပေါ်လာတော့သည်။
ထိုသူက မဟာတာအိုအကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်သည်။ သူကလည်း ပထမအထက်ကမ္ဘာမွေးဖွားကတည်းက တည်ရှိခဲ့သော ဖရိုဖရဲနတ်ဆိုးဘုရားဖြစ်သည်။ သူက ပထမအထက်ကမ္ဘာ၏ ပထမဆုံးဖရိုဖရဲနတ်ဆိုးဘုရားဖြစ်သည်။
သူ၏နာမည်အရင်းကလည်း ဖရိုဖရဲနတ်ဆိုးဘုရားဖြစ်သည်။
ဖရိုဖရဲနတ်ဆိုးဘုရားသည် လေဟာနယ်ခေတ်ကာလကိုးခုစာ ရှင်သန်နေထိုင်ခဲ့သည်။
ဆယ်ခုမြောက်လေဟာနယ်ခေတ်တွင်တော့ သူသည် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် ယှဉ်နိုင်ခဲ့သည်။
"တိုက်"
"အထွတ်အထိပ်ခရမ်းအံ့ဖွယ်စွမ်းအား"
သန့်စင်ခြင်းသုံးပါးထဲမှ မဟာအထွတ်အထိပ်အရှင်နှင့် ကာကွယ်သူလေးဦးထဲမှ ခရမ်းဗဟိုဧကရာဇ်တို့က ပူးပေါင်းခဲ့သည်။ သူတို့က မဟာတာအိုအကြီးစားအောင်မြင်ခြင်းအဆင့်မှ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်များ ဖြစ်သည်။
အင်အားအရ ထိပ်တိုက်ရင်ဆိုင်ရလျှင်၊ မဟာအထွတ်အထိပ်အရှင်ဖြစ်စေ၊ ခရမ်းဗဟိုဧကရာဇ်ဖြစ်စေ သူတို့က ဖရိုဖရဲနတ်ဆိုးဘုရား၏ပြိုင်ဘက်မဟုတ်ပေ။ သို့သော် သူတို့ ပူးပေါင်းလိုက်လျှင်တော့ တစ်ဖက်သူကို အနိုင်ယူနိုင်ပါ၏။
ဖရိုဖရဲနတ်ဆိုးဘုရားသည် ကာလကြာရှည်စွာ ရှင်သန်နေထိုင်ခဲ့သည်။
အင်မော်တယ်ကမ္ဘာအရှင်ကိုယ်တိုင်သာ မတိုက်ခိုက်ခဲ့လျှင် မဟာအထွတ်အထိပ်နှင့် ခရမ်းဗဟိုဧကရာဇ်တို့က နတ်ဆိုးဘုရားကို ဖျက်ဆီးပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်လုနီးပါးပင်။
"အရမ်းစွမ်းအားကြီးတယ်။"
တိုက်ပွဲအပြင်ဘက်တွင်။
ချီမင်သည် တိုက်ပွဲကွင်းပြင်ကို သေချာကြည့်နေ၏။ သူသည် ထပ်မံ မတိုက်ခိုက်ပေ။ "သူက မာရထက် အများကြီး ပိုသန်မာတာပဲ။ ဒါက မဟာတာအိုအကြီးစားအောင်မြင်ခြင်းအဆင့်ရဲ့ ခွန်အားလား။"
သူက အသက်ပြင်းပြင်းရှုလိုက်၏။ "ငါတောင် သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်သေးဘူး။ ငါ ပိုပြီး သန်မာလာဖို့ လိုတယ်။"
ချီမင်၏မျက်လုံးထဲတွင် ဖရိုဖရဲနတ်ဆိုးဘုရားတွင် ခန္ဓာကိုယ်အစစ်မရှိပေ။ ၎င်းက မမြင်နိုင်သည့် ဖရိုဖရဲမူလအစချီလုံးတစ်လုံးပင်။ ၎င်းက ကမ္ဘာကြီးထဲက အရာအားလုံးအဖြစ် ပြောင်းလဲနိုင်ပြီး မတူညီသည့် နည်းစနစ်အမျိုးမျိုးကို ပိုင်ဆိုင်ထား၏။
"မင်းတို့လို အငယ်တွေကများ" ဖရိုဖရဲနတ်ဆိုးဘုရားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးမသားတွေ။ အင်မော်တယ်ကမ္ဘာအရှင် မင်းသာ သတ္တိရှိရင် ငါ့ကို လာတိုက်စမ်းပါ။ အင်မော်တယ်ကမ္ဘာအရှင်။ မင်းက အတော်လေး သတ္တိကြောင်တာပဲ။ ငါ့ကိုတောင် တိုက်ခိုက်ရဲတာပဲ။"
"မင်းက ဒီလို ဂျူနီယာလေးတွေကိုအသုံးချပြီး ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ ထွက်လာစမ်းပါ"
ဘုန်း!!
နောက်ထပ် ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ဖရိုဖရဲနတ်ဆိုးဘုရားသည် လွင့်ထွက်သွားတော့သည်။
"အား" ဖရိုဖရဲနတ်ဆိုးဘုရားသည် အော်ဟစ်လိုက်ရ၏။
"ဟမ့်" မဟာအထွတ်အထိပ်အရှင်သည် အသံနက်ကြီးဖြင့် အော်လိုက်၏။ "သခင်သာ တိုက်ခိုက်ခဲ့ရင် မင်းတစ်ချက်ကလေးတောင် ခံနိုင်မှာ မဟုတ်ဘူး။ မင်း အသက်ရှင်လာတာ ကြာတာတောင် ငါတို့ရ့ ပြိုင်ဘက်မဟုတ်သေးဘူး။"
"အညံ့ခံစမ်း" ခရမ်းဗဟိုဧကရာဇ်က အော်လိုက်သည်။
"ချန်ချန်းရှန်" ဖရိုဖရဲနတ်ဆိုးဘုရားက ထပ်မံဟိန်းဟောက်လိုက်၏။ "ထွက်ခဲ့စမ်း"
"ဟူး"
ရုတ်တရက် နေရာတစ်နေရာကနေ သက်ပြင်းချသံကြီး ထွက်ပေါ်လာသည်။ ထိုအခိုက် ထိုအသံသည် တိုက်ပွဲနေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ နေရာလွတ်က အေးခဲသွားသည်။
ဖရိုဖရဲမိုးကုတ်စက်ဝိုင်းတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ အစစ်အမှန်ထဲမှ ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့ပြီး မြင်ကွင်းက လျင်မြန်စွာဖြင့် ချဲ့ကားသွား၏။ သူသည် တိုက်ပွဲမြေပြင်သို့ ရောက်လာခဲ့ပြီး ရှိနေကြသော လူတိုင်းကို ငုံ့ကြည့်လာသည်။
ထိုအခိုက် လူတိုင်းက တိတ်ဆိတ်သွားတော့၏။
မရေမတွက်နိုင်သော သက်ရှိများက ဒူးထောက်လိုက်ရ၏။
မဖော်ပြနိုင်လောက်သော ဖိအားတစ်ခုသည် သက်ရှိအားလုံးအပေါ်သို့ ကျရောက်လာသည့်အတွက် ဒူးထောက်ကျသွားတော့သည်။ ခုခံဖို့ရာ ခဲယဉ်းပါ၏။
ချီမင်သည် သူ၏ကမ္ဘာဦးမဟာတာအိုကျမ်းကို လည်ပတ်လိုက်၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်လာခဲ့သည့်အတွက် သူ့မှာ ထိုမမြင်နိုင်သည့် မူလအစဖိအားကို ခုခံရုံမျှသာ တတ်နိုင်သည်။
"ကြောက်ဖို့ကောင်းလိုက်တာ"
ချီမင်သည် အတော်လေး ထိတ်လန့်သွားရတော့၏။
"သခင်"
"သခင့်ကို အရိုအသေပြုပါတယ်။"
ခရမ်းဗဟိုဧကရာဇ်၊ဟွမ်ထိုက်ဂျီနှင့် မဟာအထွတ်အထိပ်တို့သည် လျင်မြန်စွာဖြင့် ဒူးထောက်လိုက်၏။
အင်မော်တယ်ကမ္ဘာဘာအရှင်ကို မြူခိုးများဖြင့် ဖုံးအုပ်နေသည့်အတွက် သူ၏ပုံရိပ်ကို သေချာမမြင်ရပေ။ ချီမင်သည် မျက်လုံးများ ပြူးကာ ကြည့်လိုက်လျှင်ပင် မှုန်ဝါးဝါးပုံရိပ်ကိုသာ မြင်ရသည်။
နတ်ဆိုးကမ္ဘာအရှင်၏ လွှမ်းမိုးရဲတင်းသည့် အပြုအမူနှင့်ယှဉ်လျှင် အင်မော်တယ်ကမ္ဘာအရှင်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ဤလောကနှင့် မသက်ဆိုင်သည့်အလားပင်။
"သောက်ကြောက်ကောင် မင်းနောက်ဆုံးတော့ ထွက်လာပြီ။" ဖရိုဖရဲနတ်ဆိုးဘုရားက အော်လိုက်၏။
"မင်းက ငါ့ကို နိုင်မယ်လို့ များ ထင်နေတာလား။" အင်မော်တယ်ကမ္ဘာအရှင်က ပြောလိုက်သည်။
"ဟားဟား..."ဖရိုဖရဲနတ်ဆိုးဘုရားသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ " ပထမလေဟာနယ်ခေတ်ကတည်းက လူဘယ်လောက်များ အခုထိ ရှင်သန်ခဲ့လို့လဲ။ ချန်ချန်းရှန် မင်းငါ့ကို သတ်ရဲရင် လာသတ်စမ်း"
"လေကြော ရှည်မနေနဲ့။"
"မေ့လိုက်တော့"
ရုတ်တရက် အင်မော်တယ်ကမ္ဘာအရှင်က လက်မြှောက်လိုက်၏။ သူ၏လက်ဖဝါးထဲတွင် ကောင်းကင်နှင့်မြေကြီးသည် အခြေခံအဖြစ်ပေါ်လာကာ သူသည် အင်မော်တယ်မဟာတာအိုအဖြစ်ပြောင်းလဲလျက် ဝဲဂယက်တစ်ခုကို ဖွဲ့စည်းလိုက်၏။
"ဘာ...မင်း ဘာ..ဘာလုပ်မလို့လဲ။" ဖရိုဖရဲနတ်ဆိုးဘုရားက ဟိန်းဟောက်လိုက်သည်။
"ဒါက မင်းကို စိတ်အေးစေဖို့လေ" အင်မော်တယ်ကမ္ဘာအရှင်သည် ပြောလိုက်သည်။ " ငါက ဘာလို့ မသိရမှာလဲ။ ဆယ်ခုမြောက် လေဟာနယ်ခေတ်ကာလမှာ ခေတ်ပေါင်း(၃၀၀၀၀၀၀)တောင် မကုန်သေးဘူး။ လေဟာနယ်ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။"
"မင်းက ကူညီနိုင်သေးတော့ မသေရသေးပါဘူး။"
"ခွေးမသားတွေ။" ဖရိုဖရဲနတ်ဆိုးဘုရားက ဟိန်းဟောက်လိုက်သည်။ "ချန်ချန်းရှန် ငါမင်းအတွက် အလုပ်မလုပ်ပေးတော့ဘူး။ ငါ မင်းအတွက် သေချာပေါက် မလုပ်ပေးတော့ဘူး။ အိပ်မက်သာ ဆက်မက်နေလိုက်"
နောက်တစ်ခဏတွင် ဖရိုဖရဲနတ်ဆိုးဘုရား၏အသံသည် ပျောက်ကွယ်သွားတော့သည်။
သိသာစွာဖြင့် သူသည် အင်မော်တယ်ကမ္ဘာအရှင်၏ထောင်ချောက်တွင် မိသွားပြီဖြစ်သည်။