← Chapters

အင်မော်တယ်တာအိုရတနာကျမ်း။ ကိုယ်ပိုင်တပည့်ခန်းမ: ကမ္ဘာဦးခန်းမ၊ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်း

Vol. 32 Ch. 464

အင်မော်တယ်တာအိုရတနာကျမ်း။ ကိုယ်ပိုင်တပည့်ခန်းမ: ကမ္ဘာဦးခန်းမ၊ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်း

Vol. 32 Ch. 464

"ဆူလွန်းတယ်။" အင်မော်တယ်ကမ္ဘာအရှင် ချန်ချန်းရှန်က သာမန်မျှပြောသည်။

လက်ဝှေ့ယမ်းလိုက်သည်နှင့် မဟာတာအိုအကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်နေသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် ဖရိုဖရဲနတ်ဆိုးဘုရားသည် အင်မော်တယ်ကမ္ဘာအရှင် ချန်ချန်းရှန်ထံတွင် အညံ့ခံလိုက်ရသည်။ ထိုသူက မရုန်းကန်နိုင်တော့ချေ။

ထိုသည်ကနေ ကြည့်လျှင် သိသာပါ၏။ ချန်ချန်းရှန်၏အင်အားသည် မယုံနိုင်စရာကောင်းသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

တိုက်ပွဲမြေပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားတော့သည်။ မရေမတွက်နိုင်သော သက်ရှိများသည် လေဟာနယ်ကို မော့ကြည့်လာကြသည်။ အင်မော်တယ်ကမ္ဘာအရှင်ချန်ချန်းရှန်ပေါ်ပေါက်လာခြင်းက တိုက်ပွဲကို အပြီးသတ်သွားစေပြီး ပြီးပြည့်စုံသည့် အောင်ပွဲကို ရရှိသွားစေသည်။

နတ်ဆိုးဘုရားကျောင်းသည် အပြည့်အဝဖျက်ဆီးခံလိုက်ရတော့၏။

အင်မော်တယ်ကမ္ဘာအရှင်ချန်ချန်းရှန်သည် ချီမင်ကို ငုံ့ကြည့်လိုက်၏။ သူ၏အသံသည် တည်ငြိမ်နေလေသည်။ "ဖရိုဖရဲနတ်ဆိုးဘုရားကို နှိမ်နင်းဖို့ ငါမင်းကို အသုံးချခဲ့တယ်။ အဲဒါကြောင့် သူ့ကို မျှားခေါ်ထုတ်နိုင်ခဲ့တယ်။"

"ငါ မင်းကို အပြန်အလှန်အနေနဲ့ အင်မော်တယ်တာအိုရတနာကျမ်းကို ပြန်ပေးမယ်။ ငါမင်းကို မင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

အင်မော်တယ်ကမ္ဘာအရှင်ချန်ချန်းရှန်က သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ မျက်စိကျိန်းဖွယ် တောက်ပသည့် နက်နဲသော ကျောက်စိမ်းကျမ်းတစ်ခု ပေါ်လာသည်။ထိုကျမ်းစာတွင် တာအိုမူလအစ၏ ဆန်းကြယ်မှုများစွာ သယ်ဆောင်ထားသည်။ တစ်ချိန်တည်းမှာ လေဟာနယ်ထဲတွင် အစိမ်းရောင်ကြာပန်းများ ပေါ်လာသည်။ ၎င်းကြာပန်းများသည် တောက်ပနေခဲ့ကာ တဖြည်းဖြည်းဖြင့် ချီမင်ပေါ်သို့ ကျရောက်လာ၏။

" အင်မော်တယ်ကမ္ဘာအရှင်ကို ကျေးဇူးတင်ပါတယ်။"

ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး အင်မော်တယ်တာအိုရတနာကျမ်းကို တလေးတစား လက်ခံလိုက်၏။ အစိမ်းရောင်ကြာပန်းအလင်းတန်းများသည် ချီမင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။

သူသည် အင်မော်တယ်တာအိုရတနာကျမ်း၏အချက်အလက်များကို နားလည်သွားတော့သည်။

၎င်းက ထာဝရအင်မော်တယ်ဌာနချုပ်တွင် ရှိသော အထွတ်အထိပ်ကျမ်းကိုးခုထဲမှ တစ်ခုဖြစ်ကာ အင်မော်တယ်တာအိုမူလအစ၏ဆန်းကြယ်မှုများ သယ်ဆောင်ထားသည်။ နတ်ဆိုးတာအိုမူလအစကျမ်းဖြင့်ပင် နှိုင်းယှဉ်နိုင်ကာ ချီမင်အား ကမ္ဘာဦးမဟာတာအိုကျမ်းအား ပြီးပြည့်စုံသည်အထိ ကူညီပေးနိုင်သည်။

ချန်ချန်းရှန်က ခေါင်းအသာညိတ်၏။

နောက်တစ်ခဏတွင် အင်မော်တယ်ကမ္ဘာအရှင်ချန်ချန်းရှန်က ပျောက်ကွယ်သွားတော့သည်။

"ကိုယ်ပိုင်တပည့်ချီကို ဂုဏ်ပြုပါတယ်။"

"ကိုယ်ပိုင်တပည့်ချီကို အင်မော်တယ်ကမ္ဘာအရှင်ဆီကနေ အင်မော်တယ်တာအိုရတနာကျမ်းကို ရလိုက်တဲ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။"

“…”

ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းအသီးသီး၏ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ချီမင်ကို ဂုဏ်ပြုလာကြသည်။ သူတို့၏အသံများသည် လေးစားမှုများဖြင့် ပြည့်လျှံနေသည်။

ချီမင်သည် ပြန်လည် တုံ့ပြန်လိုက်သည်။

နောက်ထပ် လတစ်ဝက်ကြာသွားတော့သည်။

နတ်ဆိုးဘုရားကျောင်း၏ပျက်စီးသွားခြင်းက ပထမအထက်ကမ္ဘာ၏စွမ်းအားတည်ဆောက်ပုံကို ပြောင်းလဲသွားစေသည့်အတွက် သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာသော်လည်း အရမ်းလည်း မဟုတ်ပေ။

ထို့အပြင် လွန်ခဲ့သည့်လဝက်အတွင် ချီမင်သည် ကမ္ဘာဦးလောကတွင်သာ အမြဲနေခဲ့ပြီး ဟောက်တျန်းမဟာတာအိုကျမ်း၊ နတ်ဆိုးတာအိုမူလအစကျမ်းနှင့် အင်မော်တယ်တာအိုရတနာကျမ်းကို နားလည်ဆင်ခြင်ခဲ့သည်။ သူသည် ကမ္ဘာဦးမဟာတာအိုကျမ်းကို ပြီးပြည့်စုံချင်သည်။

နောက်ထပ် ဆယ်နှစ်ကြာသွားတော့သည်။

ယနေ့တွင်။

နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်တိုကင်သည် ချီမင်ကို သတင်းစကားတစ်ခု ပါးလာသည်။ ချီမင်၏ကိုယ်ပိုင်တပည့်ခန်းမသည် တည်ဆောက်ပြီးသွားတော့သည်။ (၁၅)နှစ်တိတိကြာသွားသည်။

"ဂျူနီယာညီလေးချီ။" စီနီယာအစ်ကိုစုသည် အသံလွှင့်ကာ ပြော၏။ "မင်း လာလို့ရပြီ။"

"ဟုတ်ကဲ့။"

"ဖွင့်စမ်း"

ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်တိုကင်ကို ထုတ်ယူလိုက်၏။ ထို့နောက် အဆုံးမဲ့ နေရာလွတ်နှင့် ကမ္ဘာ့အတားအဆီးကို ဖြတ်ကျော်ကာ နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်ရှိလာတော့သည်။

သူသည် လေထုထဲတွင် ဖြတ်သန်းလာသော အလင်းစီးကြောင်းတစ်ချို့ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုအလင်းတန်းက သူ့ရှေ့တွင် ရပ်လာသည်။

ထိုသူက စီနီယာအစ်ကိုစု၊ ချင်ယွီနှင့် တိကျင်းတို့ ဖြစ်ကြသည်။ သို့သော် သူသည် ဝမ်ရှန်းကို မတွေ့ရပေ။ ထိုအစားမရင်းနှီးသည့် မျက်နှာနှစ်ခုကို တွေ့လိုက်ရ၏။

"စီနီယာအစ်ကိုစု၊ စီနီယာအစ်မချင်ယွီနဲ့စီနီယာအစ်ကိုတိကျင်းတို့ကို ဂါဝရပြုပါတယ်။" ချီမင်သည် ဦးညွှတ်လိုက်၏။

"လာတော့" စီနီယာအစ်ကိုစုသည် ရှေ့အနည်းငယ်တက်လာပြီး ပြောလိုက်သည်။ "ဂျူနီယာညီလေးချီ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက မင်းရဲ့ ခုနစ်ယောက်မြောက် စီနီယာ ရွှမ်ယွမ်ကောဟန်နဲ့ ဒါက မင်းရဲ့ခြောက်ယောက်မြောက်စီနီယာအစ်မ ရွှမ်မင်"

"စီနီယာအစ်ကို ရွှမ်ယွမ်နဲ့ စီနီယာအစ်မ ရွှမ်မင်ကို အရိုအသေပြုပါတယ်။" ချီမင်က ခေါင်းညိတ်လိုက်သည်။

ရွှမ်ယွမ်ကောဟန်တွင် လေးထောင့်မျက်နှာနှင့် တောင့်တင်းသည့် ခန္ဓာကိုယ်မျိုး ရှိသည်။ သူသည် ခမ်းနားသည့် ဝတ်စုံကို ဝတ်ထားပြီး ချီမင်ကို အကြိမ်အနည်းငယ်ကြည့်ကာ ခေါင်းအသာ ညိတ်၏။ "မဆိုးဘူး။ မဆိုးဘူး။ တကယ့်ကို မဆိုးဘူး။"

"သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်မလာသေးဘူး။ ဒါပေမဲ့ သူ့ရဲ့ နာမည်ကို ကျောက်တိုင်ပေါ်မှာ ရေးထိုးတုန်းက အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားတာပဲ။"

ရွှမ်မင်၏မျက်နှာလေးသည် အတော်လေးကို ထူးခြားလှပပေသည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးး အတော်လေးကို ကျက်သရေရှိ၏။ "မြန်မြန် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကို တက်တော့ မင်းတော့ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ အတွင်းစည်းတပည့်တော်တော်များများက မင်းကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်တာ သိပ်ပြီးမကျေနပ်ကြဘူး။"

"စီနီယာအစ်မရွှမ်မင်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ချီမင်က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် အခု သိလိုက်ပါပြီ။"

ချက်ချင်းဆိုသလိုပင် သူသည် စီနီယာအစ်ကိုစုတို့နောက်သို့ လိုက်သွားသည့်အခါ ယခုလေးတင် တည်ဆောက်လို့ပြီးသွားသည့် ကိုယ်ပိုင်တပည့်ခန်းမကို မြင်လိုက်ရ၏။

နာမည်ကတော့ မပေးရသေးပေ။

ထိုအခိုက် ခန်းမအပြင်ဘက်တွင် ပုံရိပ်သုံးခု ရပ်နေသည်ကို တွေ့လိုက်ရ၏။

"မင်းတို့သုံးယောက် ဒီမှာ ဘာလုပ်နေတာလဲ။" စီနီယာအစ်ကိုစုသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘေးဖယ်ကြစမ်း" ရွှမ်မင်သည် အေးစက်စွာပြောလိုက်သည်။

ရွှမ်ယွမ်ကောဟန်၊ ချင်ယွီနှင့် တိကျင်းတို့သည် ဘာမှ မပြောပေ။ ထိုအစား သူတို့သည် ချီမင်ကို သူဘာလုပ်မလဲဆိုတာ စောင့်ကြည့်မည့်ပုံစံပေ။

သူတို့ရှေ့က သုံးယောက်သည် အတွင်းစည်းတပည့်များ ဖြစ်ကြပါ၏။ ထို့ပြင် သူတို့သည် အတွင်းစည်းတပည့်များကြားတွင်ပင် အတော်လေး နာမည်ကြီးသည်။ သူတို့က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေသည့်အပြင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုလည်း အနည်းငယ် နားလည်ထားသည်။ သူတို့၏အင်အားသည် အတော်လေးထူးခြားပါ၏။

ရွှမ်မင်ပြောခဲ့သလိုပင် ချီမင်၏အသတင်းပျံ့သွားသည်နှင် အချို့သော အတွင်းစည်းတပည့်များသည် သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်မလာသေးဘဲ ကိုယ်ပိုင်တပည့်ဖြစ်လာခြင်းအပေါ် မကျေနပ်ကြပေ။

"ကျောက်ယန်လင်း"

"ကျူးကောပါ့ကျန်း"

"နန်းကုန်းဝမ်တျန်း"

"စီနီယာအစ်ကိုအစ်မတို့ကို အရိုအသေပြုပါတယ်။"

ထိုသူတို့သုံးယောက်က ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးနောက်မှာ ချီမင်ကို တလေးတစား ဦးညွှတ်လာကြသည်။

"ပြောစရာ ရှိလား" စီနီယာအစ်ကိုစုသည် ခပ်အေးအေးပြောသည်။

"ဟုတ်ကဲ့။" ကျောက်ယန်လင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆိုသည်။ "ကျွန်တော်တို့ အတွင်းစည်းတပည့်တွေက အားစိုက်ထုတ်ပြီးတော့ နောက်ဆုံးမှာ စီနီယာအစ်ကိုချီမင်အတွက် ကိုယ်ပိုင်တပည့်ခန်းမကို တည်ဆောက်နိုင်ခဲ့ပါတယ်။"

"ကျွန်တော်တို့က အမြဲတမ်း ဆရာရဲ့ကိုယ်ပိုင်တပည့် ဖြစ်ချင်ခဲ့တာပါ။ စီနီယာအစ်ကိုချီမင်ကို ဆရာက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့် မရောက်သေးဘဲ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်တယ်ကြားပါတယ်။"

"အဲဒီတော့ ကျွန်တော်တို့လည်း စီနီယာအစ်ကိုချီအကြောင်းကို သိချင်သွားလို့ပါ"

"ကျွန်တော်တို့ ကိုယ်ပိုင်တပည့်ချီနဲ့ လက်ရည်စမ်းကြည့်ချင်ပါတယ်။ ကျွန်တော်တို့ကို ဉာဏ်အလင်းပြပေးမယ်လို့ မျှော်လင့်ပါတယ်။"

“…”

စီနီယာအစ်ကိုစုတို့သည် တိတ်ဆိတ်နေကြသည်။

လူတိုင်း၏အကြည့်သည် ချီမင်အပေါ်သို့ ကျရောက်လာ၏။

"ဉာဏ်အလင်းဖွင့်ပေးရမယ်တဲ့လား။" ချီမင်သည် ခေါင်းခါကာ တိုက်ရိုက်ငြင်းပယ်ပစ်လိုက်သည်။ "စိတ်မဝင်စားဘူး။"

"ဘေးဖယ်နေကြ" ချီမင်ကက အသံနိမ့်နိမ့်ဖြင်ပြောသည်။

"ဒါက.."

"ကိုယ်ပိုင်တပည့်ချီ"

"ကိုယ်ပိုင်တပည့်ချီက ကျွန်တော့်ကို လမ်းမညွှန်ပေးချင်ဘူးလား။"

"စိတ်ပျက်မိပါတယ်"

ကျောက်ယန်လင်းတို့က အော်လိုက်သည်။

"ထွက်သွားကြစမ်း" ချီမင်၏လေသံသည် မထူးမခြားနားဖြစ်နေသည်။

"စီနီယာအစ်ကိုချီ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးပါ။" ကျောက်ယန်လင်းတို့က ထပ်မံ ဦးညွှတ်သည်။

နောက်တစ်ခဏတွင် ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်တိုကင်ကို ထုတ်ယူပြီး အထဲသို့ ဓမ္မစွမ်းအားများ ထည့်သွင်းလိုက်တော့သည်။ အတွေးတစ်ချက်ဖြင့် သူသည် နတ်ဆိုးတာအိုမူလအစကျောက်တိုင်ဖြင့် ဆက်သွယ်ကာ စွမ်းအားတစ်ခု ထုတ်လုပ်လိုက်သည်။

ထိုစွမ်းအားသည် ကျောက်ယန်လင်းတို့အပေါ် သက်ရောက်လာခဲ့သည်။

အလင်းများ တောက်ပလာသည်။

ကျောက်ယန်လင်းတို့က ဤနေရာကနေ လွင့်ထွက်သွားတော့သည်။

"ဒါက.."

ချင်ယွီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၏။

နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်တစ်ဦးအနေဖြင့် ချီမင်တွင် ကိုယ်ပိုင်တပည့်အဆင့်အောက်က မည်သည့်အဆင့်တပည့်မဆို (၁၀၇)ထပ်မှ ဖယ်ထုတ်ခွင့်ရှိသည်။

ထိုဖယ်ထုတ်ချင်သူကို တခြားသောကိုယ်ပိုင်တပည့်က မကာကွယ်ပေးရန်တော့ လိုအပ်ပါ၏။

"ဟားဟား"တိကျင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အဟွတ်..ဟွတ်.."ရွှမ်ယွမ်ကောဟန်က အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။

"ဂျူနီယာညီလေးချီက ကျောက်ယန်လင်းတို့ကို ဒီကနေ မောင်းထုတ်လိုက်ပေမဲ့ ငါ့အထင် သူတို့က လွယ်လွယ်အလျှော့ပေးမှာ မဟုတ်ဘူး။ မင်း တိုက်ပွဲကို ကြာကြာ ရှောင်နိုင်မှာမဟုတ်ဘူး။" ချင်ယွီသည် ပြောလိုက်၏။

"ဟုတ်တယ်။" ရွှမ်မင်ကလည်း ခေါင်းညိတ်သည်။ "အကောင်းဆုံးကတော့ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကို မြန်နိုင်သမျှ မြန်မြန်တက်ဖို့ပဲ။ မင်းသာ လုံလောက်အောင်သန်မာနေရင် ဘာကိုမှ ကြောက်နေစရာ မလိုဘူး။"

"ဟုတ်ကဲ့။" ချီမင်က ပြောလိုက်သည်။ "စီနီယာအစ်ကိုအစ်မတို့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒါကို မှတ်သားထားပါ့မယ်။"

နောက်တော့ ချီမင်သည် အသစ်ဆောက်လုပ်ထားသော ကိုယ်ပိုင်တပည့်ခန်းမသို့ သွားလိုက်သည်။ ၎င်းက အခန်းများစွာ ပါဝင်သည့် မဟာခန်းမတစ်ခုဖြစ်သည်။

အိပ်ခန်းများ၊ ကျင့်ကြံခြင်းအခန်းများ၊ တံခါးပိတ်ကျင့်ကြံရန် အခန်းများ၊ နားနေခန်းများ၊ ဖျော်ဖြေရေးခန်းများ ပါဝင်၏။

အခန်းပေါင်းမျိုးစုံရှိသည်။

အတော်လေးကို ကောင်းမွန်ပေသည်။

၎င်းကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်က အပြည့်အဝကာကွယ်ပေးထားသည်။

"ဂျူနီယာညီလေး မင်းရဲ့ကိုယ်ပိုင်တပည့်ခန်းမကို နာမည်ပေးလိုက်။" စီနီယာအစ်ကိုစုက ပြောလိုက်သည်။

"ဟုတ်ကဲ့။" ချီမင်က ခေါင်းညိတ်လိုက်သည်။

သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။

ကမ္ဘာဦးလောကဖျက်ဓား၊ ကမ္ဘာဦးမဟာတာအိုဓားကြာပန်းနှင့် ကမ္ဘာဦးပုကျုံးတောင်တို့ ပေါ်ပေါက်လာသည်

သူတို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကမ္ဘာဦးစုတ်တံတစ်ချောင်းဖြစ်သွားတော့သည်။

ချီမင်သည် ကမ္ဘာဦးစုတ်တံကို ကိုင်ထားပြီး ဘုတ်ပြားပေါ်တွင် ကမ္ဘာဦးခန်းမဟု ရေးလိုက်သည်။

ထိုသည်ကို ရေးပြီးသည်နှင့် ထူးခြားဖြစ်စဉ်များစွာ ပေါ်လာတော့သည်။ အဆုံးမဲ့ကမ္ဘာဦးခရမ်းရောင်ချီတို့သည် ကမ္ဘာဦး၏ပုံရိပ်ယောင်နှင့်အတူ ယှဉ်တွဲပေါ်လာတော့သည်။

ဝေါင်း! ဝေါင်း! ဝေါင်း!

သက်ရှိများသည်လည်း ဆက်တိုက်ဆိုသလို ပေါ်လာတော့၏။

၎င်းက အသေးစားကမ္ဘာလေးတစ်ခုအလားပင်။

ထို့နောက် ထူးခြားဖြစ်စဉ်များက ပျောက်ကွယ်သွားတော့ပြီး သာမန်ပြန်ဖြစ်သွားတော့သည်။

"ကမ္ဘာဦးခန်းမ"

"မဆိုးဘူး၊မဆိုးဘူး။"

"အခုလေးတင်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်က အတော်လေး လန့်ဖို့ကောင်းတယ်ဟ"

"ကြည့်ရတာ ဂျူနီယာညီလေးရဲ့ မိုးမြေမဟာတာအိုနားလည်မှုက အတော်လေး ထူးခြားတာပဲ။ သူက အတော်လေးကို မြင့်တဲ့ အဆင့်ရောက်နေပြီ။ ကြည့်ရတာ သူ မိုးမြေမဟာတာအိုမူလအစနဲ့ ထိတွေ့မိတော့မယ် ထင်တယ်။"

"ဆရာက သူ့ကို တပည့်အဖြစ်လက်ခံလိုက်တာ မအံ့ဩတော့ပါဘူး။"

“…”

တိကျင်းတို့က ဆွေးနွေးနေကြပါ၏။

"စီနီယာအစ်ကိုအစ်မတို့ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်။"

ချီမင်က ရပ်တန့်သွား၏။ ကမ္ဘာဦးစုတ်တံသည် အလင်းစီးကြောင်းသုံးခုအဖြစ် ပြန်လည် ပြောင်းလဲသွားတော့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ သူသည် ကမ္ဘာဦးခန်းမထံသို့ လျှောက်ဝင်သွားလိုက်ပြီး ၎င်းကို အပြည့်အဝထိန်းချုပ်နိုင်သွားတော့လေသည်။

ထို့နောက်မှာ ချီမင်သည် ကမ္ဘာဦးခန်းမထဲတွင် နေထိုင်တော့၏။

စီနီယာအစ်ကိုစုတို့လည်း ထွက်ခွာသွားတော့သည်။

"ထွက်လာကြစမ်း"

ချီမင်သည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။

မာရ၊ မူလအစတာအိုသားရဲအသင်းနှင့် ချီမင်၏တာအိုသားရဲများသည် ချီမင်၏ဆင့်ခေါ်မှုအောက်တွင် ကမ္ဘာဦးခန်းမသို့ ရောက်လာကြသည်။ ချီမင်သည် သီးသန့်ကျင့်ကြံခြင်းအခန်းသို့ ဝင်ရောက်သွားတော့၏။

"မာရ" ချီမင်က ပြောလိုက်သည်။ "အတွင်းစည်းတပည့်တွေသာ ရောက်လာရင် မင်းတို့ သူတို့ကို မောင်းထုတ်လိုက်"

မာရက ပြန်ဖြေသည်။ "ဟုတ်ကဲ့"

သုံးရက်ကြာသွားသည်။

သီးသန့်ကျင့်ကြံသည့်အခန်း၏တံခါးက ပွင့်လာတော့၏။

ချီမင်သည် ထိုအထဲသို့ ဝင်သွားတော့ပြီး ကာလရှည်ကြာ သီးသန့်ကျင့်ကြံရန် စတင်တော့သည်။

သီးသန့်ကျင့်ကြံခန်းထဲတွင် ချီမင်သည် စိတ်ပိုင်းဖြတ်လိုက်၏။ သူ ဟောက်တျန်းမဟာတာအိုကျမ်း၊ တာအိုမူလအစကျမ်း၊ အင်မော်တယ်တာအိုရတနာကျမ်းနှင့် ကမ္ဘာဦးမဟာတာအိုကျမ်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ နားမလည်မချင်း သူသည် သီးသန့်ကျင့်ကြံခြင်းခန်းမှ ထွက်မလာတော့ပေ။

"စတင်တော့"

အတွေးတစ်ချက်ဖြင့် ချီမင်သည် အလယ်အလတ်အဆင့် တာအိုမူလအစ များစွာကို ဖြည့်သွင်းပြီး စတင်ကျင့်ကြံတော့၏။ သူသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး မဟာတာအိုကျမ်းကို တွက်ချက်တော့သည်။ သူသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်သွားတော့၏။

ချီမင်က သီးသန့်ကျင့်ကြံနေစဉ် အတွင်းစည်းတပည့်များသည် ချီမင်နှင့်ပတ်သက်သော မကောင်းသတင်းများကို ဖြန့်တော့၏။

အမှန်တကယ်တော့...

All Chapters