← Chapters

အင်မော်တယ်တာအိုရတနာကျမ်း။ ကိုယ်ပိုင်တပည့်ခန်းမ: ကမ္ဘာဦးခန်းမ၊ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်း

Vol. 32 Ch. 464-b

အင်မော်တယ်တာအိုရတနာကျမ်း။ ကိုယ်ပိုင်တပည့်ခန်းမ: ကမ္ဘာဦးခန်းမ၊ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်း

Vol. 32 Ch. 464-b

၎င်းက အပြင်းစည်းတပည့်များ၏နားထဲသို့ပင် ရောက်လာတော့၏။

"မင်းတို့ ကြားပြီးပြီလား။ သိပ်မကြာခင်တုန်းက ဆရာက ချီမင်လို့ခေါ်တဲ့ တပည့်ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်တယ်တဲ့။ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တောင် မဖြစ်သေးဘူးတဲ့"

"ငါလည်း သိတယ်"

"ဒီကိစ္စက ပျံ့နေလေပြီ။"

"အရေးကြီးဆုံးကတော့ စီနီယာအစ်ကိုကျောက်ယန်လင်းတို့က ချီမင်ကို လမ်းညွှန်မှုသွားတောင်းခံပေမဲ့ သူက သင်တောင် မသင်ပေးရဲဘူးတဲ့။ ငါ့အထင် သူက အရမ်းကို သတ္တိကြောင်လွန်းတယ်။"

"ဟုတ်တယ်။ဟုတ်တယ်။"

"ချီမင်က ဆရာ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် အရည်အချင်း လုံးဝမပြည့်မှီဘူး။"

"အရမ်းကို အသုံးမကျတာပဲ။"

"စီနီယာအစ်ကိုကျောက်ယန်လင်းတို့ကို လမ်းညွှန်မပေးတာက တော်သေးတယ်။ သူက သူ့ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီး နှင်တောင်ထုတ်လိုက်တယ်တဲ့ကွ။"

"သောက်ဆရာကြီးလုပ်နေတာပဲ။"

"ကိုယ်ပိုင်တပည့်ချီက အရမ်းကို သတ္တိကြောင်လွန်းတာပဲ။"

"သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းကို နိမ့်နေလောက်တယ်။"

“…”

ချီမင်၏မကောင်းသတင်းများသည် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားတော့သည်။ အတွင်းစည်းတပည့်တိုင်းနီးပါး သိသွားကြပြီး အပြင်စည်းတပည့်အများစုလည်း ထိုသည်ကို ကြားလိုက်ရပါ၏။

"ဒါက.."

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည်လည်း ထိုသည်ကို သိသွား၏။ သူက အကြောင်းပြချက်ကို နားလည်သွားပြီးနောက်မှာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒီလိုဆို စီနီယာအစ်ကိုချီရဲ့အခြေအနေက သိပ်မကောင်းဘူးပဲ။"

"အတွင်းစည်းတပည့်ပဲဖြစ်ဖြစ် အပြင်စည်းတပည့်ပဲဖြစ်ဖြစ် သူတို့က ပြောပဲပြောရဲတာ။ စီနီယာအစ်ကိုချီမင်ကို တကယ်တိုက်ခိုက်ရဲမှာတော့ မဟုတ်ဘူး။"

"ပြီးတော့..."

"ချီမင်ဘေးမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် တာအိုကာကွယ်သူ တွေ ရှိနေသေးတယ်။"

"အဲဒီတော့ ကိစ္စကြီးကြီးမားမားတော့ ဖြစ်မှာမဟုတ်ဘူး။"

"သိပ်တော့ မကောင်းဘူး။"

နှစ်တစ်ရာကြာသွားသည်။

ကမ္ဘာဦးခန်းမတွင်။

ခန်းမအပြင်ဘက်တွင် အတွင်းစည်းတပည့်များသည် အုပ်စုလေးများ စုဖွဲ့ကာ ခန်းမပတ်လည်တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေကြသည်။

"ဒီကောင်တွေက"

ချူးဝမ်တောက်သည် မျက်မှောင်ကြုတ်လျက် အသံတိုးတိုးဖြင့် ပြောသည်။ " လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ အတွင်းစည်းတပည့်တော်တော်များများက သခင့်ရဲ့ လမ်းညွှန်မှုကို လာရောက်တောင်းခံပါတယ်။ ဒါပေမဲ့ သူတို့အားလုံးကို ကျွန်တော်တားထားပါတယ်။"

"ဒါပေမဲ့။"

"အဲဒီအတွင်းစည်းတပည့်တွေက လုံးဝ မကျေနပ်ကြဘူး။ သူတို့က သခင် သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီးရင် လမ်းညွှန်မှုတောင်းခံဖို့ ခန်းမအပြင်ဘက်မှာ ထိုင်စောင့်နေကြဖို့ ကျိန်ဆိုထားတယ်။ သူတို့က အတော်လေးကို ခေါင်းမာပြီး ရွံဖို့ကောင်းတယ်"

ချူးဝမ်တောက်က သူတို့နှင့် သိပ်မဝေးလှသည့် နေရာတွင် ရပ်နေသော မာရကို လှမ်းကြည့်ပြီး မေးလိုက်သည်။ "ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။"

"ဒီအတိုင်းပဲ စောင့်ကြည့်သေးတာပေါ့"

မာရသည် မထူးမခြားနားပြန်ပြောသည်။ "သူတို့ စောင့်ချင်မှတော့ စောင့်ပါစေပေါ့။ သူတို့သာ ခန်းမထဲကို မကျူးကျော်လာသရွေ့ အဆင်ပြေတယ်။ ဒါပေမဲ့ ဝင်လာရဲရင်တော့ သတ်ပြစ်ခံရမှာပေါ့။"

"သူတို့က လမ်းညွှန်မှုတောင်းခံချင်နေတော့လည်း ငါတို့က သူတို့ကို လက်ခံပေးရမှာပေါ့"

"အခုတော့ သခင် သီးသန့်ကျင့်ကြံခြင်းအခန်းကနေ ထွက်လာတာပဲ စောင့်ရအောင်"

ချူးဝမ်တောက်က ခေါင်းညိတ်၏။ "နားလည်ပါပြီ။"

နတ်ဆိုးကမ္ဘာအရှင်၏အတွင်းစည်းတပည့်များအားလုံးသည် ချီမင်၏ ဂိုဏ်းတူတပည့်များဟုပင် ဆိုနိုင်သည်။ သူတို့က လမ်းညွှန်မှုလာရောက်တောင်းခံခြင်းဖြစ်သည့်အတွက် စည်းကျော်ဘောင်ကျော်ပြုမူနေခြင်းမဟုတ်ပေ။

သူတို့က ချီမင်၏ဂုဏ်သတင်းကို ဖျက်ဆီးချင်သည်ကတော့ သေချာပါ၏။

ထိုပြစ်မှုကို သေးသည်ဟုလည်းယူဆနိုင်သလို ကြီးမားသည်ဟုလည်း ယူဆနိုင်သည်။

ချူးဝမ်တောက်နှင့်မာရသည် ထိုသူတို့ကို ခွင့်ပြုချက်မရဘဲနှင့်တော့ မသတ်ရဲပေ။

မဟုတ်လျှင် ပိုပြီး ဗရမ်းဗတာ ဖြစ်သွားပေလိမ့်မည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်သည် လက်ရှိတွင် သီးသန့်ကျင့်ကြံနေခြင်းဖြစ်သည့်အတွက် ပြဿနာကြီးကြီးမားမား ဖြစ်ချင်မည်မဟုတ်ပေ။

ထိုသည်က လုံလောက်ပါ၏။

လေဟာနယ်ထဲတွင် ပုံရိပ်များက အလျှိုလျှို ပုန်းကွယ်နေကြ၏။

"ဒီအတွင်းစည်းတပည့်တွေက ဒီနေရာမှာ လာစုနေမယ်လို့ မထင်ထားဘူး။ သူတို့က အတော်လေး ရဲတင်းတာပဲ။" တိကျင်းက နှာခေါင်းရှုပ်လိုက်သည်။

"သူတို့က အတွင်းစည်းတပည့်ပဲ ဖြစ်နိုင်ကြတဲ့ကောင်တွေ။" ရွှမ်မင်က ပြောသည်။ "သူတို့က ဂျူနီယာညီလေးချီ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဖြစ်မလာသေးတာကို အသုံးချပြီး နာမည်ကြီးချင်နေကြတာ။ သူတို့က အဲဒီအခွင့်အလမ်းကိုယူပြီး ကိုယ်ပိုင်တပည့်ဖြစ်ချင်နေကြတာ"

"အတော်လေးကို ဘဝင်မြင့်နေကြတာပဲ။"

"ဟုတ်တယ်။"

"အခုတော့ ဂျူနီယာညီလေးချီ ဘယ်အချိန် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့် တက်မလဲဆိုတာပဲ ကြည့်ရတော့မယ်။"

ထိုအခိုက် ဝမ်ရှန်းသည် သူ၏ခန့်မှန်းချက်များကို စတင်ပြောဆိုတော့သည်။ "ကျွန်တော့်အထင်တော့ ချီမင်က ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကိုဝင်ရောက်ဖို့ဆိုရင် ခေတ်ကာလတစ်ခုလောက် လိုမယ်ထင်တယ်။"

"ခေတ်ကာလတစ်ခုလား"

"နှစ်တစ်ထရီလီယန်လို့ ပြောချင်တာပေါ့" ချင်ယွီက ခေါင်းခါကာဆိုသည်။ "ကျွန်မကတော့ အဲဒါက အရမ်းကြာလွန်းတယ်လို့ ထင်တယ်။ ရှင်တို့ သိထားရမှာက နတ်ဆိုးကမ္ဘာစုဝေးပွဲက နှစ်တစ်သိန်းပဲ ကျင်းပခဲ့တာ။ ချီမင်က ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ကနေ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ကို နှစ်တစ်သိန်းနဲ့ တက်သွားတာ။"

"ကျွန်မအထင်တော့ ချီမင်က နှစ်သန်းတစ်ထောင်အတွင်း တက်လိမ့်မယ်။"

ရွှမ်ယွမ်ကောဟန်ကလည်း ခဏမျှ စဉ်းစားတွေးတောနေသေးသည်။ "နှစ်သန်းတစ်ရာ"

"ငါတော့ နှစ်သန်းတစ်ရာလောက်ပဲ ထင်တယ်။"

"နှစ်သန်းတစ်ရာ ဝန်းကျင်ပဲ ဖြစ်လိမ့်မယ်။"

"နှစ်သန်းတစ်ရာ ဖြစ်နိုင်တယ်။"

"အတိုးဆုံးအချိန်အနေနဲ့ပေါ့"

“…”

ကိုယ်ပိုင်တပည့်များက ပြောဆိုဆွေးနွေးနေကြသည်။

"မဟုတ်ဘူး" ထိုအခိုက် တိကျင်းက ခေါင်းအသာအယာခါလိုက်သည်။ သူ၏မျက်လုံးများက လင်းလက်နေလေသည်။ သူက အသံခပ်တိုးတိုးဖြင့် ပြောသည်။ "နှစ်သန်းတစ်ရာဆိုတာက ရှည်လွန်းတယ်။ ချီမင်ရဲ့စွမ်းရည်နဲ့ဆို သူက သေချာပေါက် နှစ်ဆယ်သန်းလောက်နဲ့ အဆင့်တက်နိုင်တယ်။"

"နှစ်ဆယ်သန်းလား"

"မဖြစ်နိုင်တာ"

"အရမ်းကို တိုလွန်းတယ်။"

"မဖြစ်နိုင်ဘူး။"

"ဟုတ်တယ်။"

“…”

အခြားသော ကိုယ်ပိုင်တပည့်များသည်လည်း ခေါင်းခါကာ တိကျင်း၏အဆိုကို သဘောမတူကြချေ။

"ဒါဆို ငါတို့တွေ စောင့်ကြည့်ကြတာပေါ့"

တိကျင်းကဆိုသည်။"ဒါမဟုတ် ငါတို့တွေ လောင်းကြေးထပ်ကြမလား"

"စိတ်မဝင်စားဘူး။"

"ထားလိုက်တော့။"

“…”

ကိုယ်ပိုင်တပည့်များက ပြောဆိုဆွေးနွေးနေကြသည်။

"မင်းတို့က အရမ်းပျင်းဖို့ကောင်းတာပဲ။"

တိကျင်းက ပခုံးတွန့်လိုက်သည်။

နှစ်တစ်သိန်းကုန်သွားသည်။

ကမ္ဘာဦးခန်းမ၏ ကျင့်ကြံခြင်းအခန်းတွင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲတွင်တော့ နှစ်တစ်သိန်းဆိုသည်က နှစ်သန်းတစ်သောင်းကြာဖြစ်ပါသည်။ ၎င်းက ခေတ်ပေါင်းတစ်ကွာဒရီလီယန်နှင့်ညီမျှကာ ခေတ်ပေါင်းတစ်ထောင်မျှ ဖြစ်သည်။

ဟောက်တျန်းမဟာတာအိုကျမ်း၊ အင်မော်တယ်တာအိုရတနာကျမ်း၊ အင်မော်တယ်တာအိုရတနာကျမ်းနှင့် နတ်ဆိုးတာအိုမူလအစကျမ်းတို့အားလုံးကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်လိုက်သည်။

သူသည် များစွာသော ဆန်းကြယ်မှုတို့ကို နားလည်ခဲ့၏။

တဖြည်းဖြည်းဖြင့် ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ မူလအစနက်နဲမှုများကို နားလည်လာတော့သည်။

တစ်ချိန်တည်းမှာ ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မူလအစကို အခြေခံအဖြစ်ထားကာ ကမ္ဘာဦးမဟာတာအိုကို ပြီးပြည့်စုံအောင်လုပ်ခဲ့၏။ သူသည် ၎င်းကို ဖြည်းဖြည်းချင်း နားလည်ဆင်ခြင်နေသည်။

"နှစ်တစ်သိန်း ရှိသွားပြီ။" ချီမင်က မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ "ဒါပေမဲ့ ငါ လိုအပ်နေသေးတယ်။ ခြေတစ်လှမ်းလောက် လိုနေသေးတယ်။ ဒါပေမဲ့ အဲဒီတစ်လှမ်းလေးက ဖြတ်ကျော်ဖို့ အတော်လေး ခက်နေသေးတယ်။"

" အဲဒီတစ်လှမ်းကိုသာ ဖြတ်ကျော်ပြီးရင် ငါလုံးဝကို မတူညီတဲ့အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။"

"ဆက်တွက်မယ်။"

ချီမင်သည် မျက်စိမှိတ်ကာ အလယ်အလတ်အဆင့် တာအိုမူလအစများကို ထည့်ပြီး ဆက်လက် နားလည်ဆင်ခြင်တွက်ချက်တော့သည်။

သေချာသည်ကတော့ ဤနှစ်တစ်သိန်းအတွင်း ချီမင်သည် ဂိမ်းမြေအောက်စခန်း ထာဝရလေဟာနယ်ပင်လယ်ကို ခြောက်ဆယ်ထပ်မှခြောက်ဆယ့်ကိုးထပ်အထိ ရှင်းလင်းခဲ့သည်။

သူသည် ပစ္စည်းကောင်းများစွာရခဲ့သည်။

ချီမင်သည် ဂိမ်းမြေအောက်စခန်းကို ထပ်ခါထပ်ခါ ရှင်းလင်းခဲ့လေသည်။ ထို့အတွက်ကြောင့် သူသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်နှင့် တွက်ချက်ခြင်းစနစ်ကို အသုံးပြုရန်အတွက် အလယ်အလတ်အဆင့် တာအိုမူလအစကျောက်တုံးများစွာ ရရှိခဲ့ပါ၏။

အချိန်ကုန်ဆုံးသွားသည်။

နှစ်ကိုးသိန်းကြာသွားတော့၏။

ယနေ့မှာတော့ ကမ္ဘာဦးခန်းမအပြင်ဘက်တွင်။

ပိုပိုများပြားသော တပည့်များ စုဝေးလာတော့၏။

နောက်ဆုံးမှာတော့ နှစ်တစ်သန်းကြာသွားခဲ့ပြီဖြစ်သည်။

ထိုအချိန်ကာလသည် လုံးဝကို အဓိပ္ပာယ်မရှိချေ။

သေမျိုးကမ္ဘာတွင် ထိုအချိန်ဖြင့်ဆိုလျှင် မရေမတွက်နိုင်သော မင်းဆက်များ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

အမှန်တကယ်တော့...

သာမန်အင်မော်တယ်များအတွက်ဆိုလျှင် ထိုသည်က အကြာကြီးဖြစ်သည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များနှင့် စည်းမျဉ်းကောင်းကင်အရှင်များအတွက်တော့ နှစ်တစ်သန်းဆိုသည်က သိပ်မကြာရှည်ပေ။

ဖြစ်နိုင်သည်က အချိန်ဆိုသည်မှာ မိမိ၏ခွန်အားပေါ်မူတည်ကာ ကြာလွန်းရှည်လွန်းသွားတက်သည်။

"နှစ်တစ်သန်း ရှိသွားပြီ။" ဝမ်ရှန်းက ပြောသည်။ "ချီမင်က လှုပ်ရှားလို့ မရတော့ဘူးထင်တယ်။"

"ဟုတ်တယ်။"

"နှစ်တစ်သန်းလောက် ရှိသွားပြီ။ သူက သေချာပေါက် ဘာမှကို နားလည်ဦးမှာ မဟုတ်ဘူး။"

"ဟုတ်တယ်။"

"အတွင်းစည်းတပည့်တွေက တကယ့်ကို စိတ်ရှည်ကြတာပဲ။ သူတို့တွေက အခုထိစောင့်နေကြတုန်းဟ။ ကြည့်ရတာ သူတို့ ချီမင်ကျင့်ကြံတာကနေ ထွက်လာတဲ့အထိ စောင့်နေကြမယ်လို့ စိတ်ပိုင်းများ ဖြတ်ထားကြလား။"

"ဖြစ်နိုင်တယ်။"

အခြားသော ကိုယ်ပိုင်တပည့်များကလည်း ဆွေးနွေးနေကြသည်။

ကမ္ဘာဦးခန်းမ၏သီးသန့်ကျင့်ကြံခြင်းအခန်းတွင်။

ချီမင်သည် သက်ဆိုင်ရာအချက်အလက်များကို ရပြီးနောက်မှာ ကြီးမားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နှစ်တစ်သန်းကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက ခေတ်ပေါင်းတစ်သောင်းနှင့် ညီမျှပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ အင်မော်တယ်တာအိုရတနာကျမ်းကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောကတွင် ခေတ်တစ်သောင်းကြာ နားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် အင်မော်တယ်တာအိုရတနာကျမ်းကို အပြည့်အဝနားလည်ဆင်ခြင်ခဲ့ပြီး ကမ္ဘာဦးမဟာတာအိုကျမ်းနှင့် ပေါင်းစပ်ခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ နတ်ဆိုးတာအိုမူလအစကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ခေတ်တစ်သောင်းကြာ ကျင့်ကြံခဲ့ပါတယ်။ သင် နတ်ဆိုးတာအိုမူလအစကျမ်းကို အပြည့်အဝနားလည်ဆင်ခြင်ခဲ့ပြီး ကမ္ဘာဦးမဟာတာအိုကျမ်းနှင့် ပေါင်းစပ်ခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ ဟောက်တျန်းမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ခေတ်တစ်သောင်းကြာ ကျင့်ကြံခဲ့ပါတယ်။ သင် ဟောက်တျန်းမဟာတာအိုကျမ်းကို အပြည့်အဝနားလည်သဘောပေါက်ခဲ့ပြီး ပေါင်းစပ်နိုင်ခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ခေတ်တစ်သောင်းကြာ တွက်ချက်ခဲ့ပါတယ်။ ၎င်းက အင်မော်တယ်တာအိုရတနာကျမ်း၊ နတ်ဆိုးတာအိုမူလအစကျမ်းနှင့် ဟောက်တျန်းမဟာတာအိုကျမ်း၏မူလအနှစ်သာရများနှင့် ပေါင်းစပ်သွားခဲ့ပါတယ်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစနှင့်ပေါင်းစပ်သွားခဲ့ပြီး ပြီးပြည့်စုံသွားပါတယ်။”

"သင် ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့ပါတယ်။"

…

ထိုအခိုက် ချီမင်၏ရှေ့တွင် အသိပေးချက်များ ပေါ်လာတော့သည်။ သူသည် နှစ်တစ်သန်းကြာ သုံးစွဲပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏အကူအညီဖြင့် ပန်းတိုင်သို့ ရောက်ရှိသွားတော့သည်။

ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို တွက်ချက်ခဲ့ပါသည်။

"အောင်မြင်ပြီ။"

ချီမင်က မျက်လုံးဖွင့်လာသည်။ သူသည် အတော်လေးပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ "ကောင်းတယ်။ကောင်းတယ်။ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့ပါတယ်။"

"အခု ငါ မူလအစအခန်းကို ကျင့်ကြံဖို့ပဲ လိုတယ်။ ဒါကို အခြေခံအဖြစ် သုံးပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ကို တက်တော့မယ်။ ဒီလိုဆို ငါ့ခွန်အားက တိုးတက်လာမှာပဲ။"

ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို စတင်နားလည်ဆင်ခြင် ကျင့်ကြံတော့သည်။

သူသည် ဟောက်တျန်းမဟာတာအိုကျမ်း၊ နတ်ဆိုးတာအိုမူလအစကျမ်းနှင့် အင်မော်တယ်တာအိုရတနာကျမ်းတို့ကိုလည်း ပေါင်းစပ်ထားခဲ့သည်။

ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းသည် အတော်လေး ပြီးပြည့်စုံသွားတော့သည်။

၎င်းက ချီမင်ပင် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်သို့ တက်နိုင်လောက်အောင် လုံလောက်၏။

ပိုပြီးအရေးကြီးသည်က။

ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများသည် သူ စတင်ကျင့်ကြံခဲ့စဉ်ကတည်းက စတင် ရရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် တစ်ဆင့်ချင်းတစ်ဆင့် တက်လှမ်းလာခဲ့၏။ ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများသည် အင်မတန်နက်ရှိုင်းသည့်အဆင့်သို့ ရောက်နေပြီဖြစ်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မူလအစကိုပင် ထိတွေ့နိုင်ခဲ့ပြီဖြစ်၏။

ထိုအခြေအနေအောက်တွင် ၎င်းက ပြီးပြည့်စုံခြင်းမဟာတာအိုအဆင့်နှင့် ယှဉ်နိုင်နေသည်။

သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ချီမင်သာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ခြေချနိုင်ပြီးနောက် နောက်တစ်ဆင့်ထပ်မံတက်လှမ်းနိုင်ပါက သူသည် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် ယှဉ်နိုင်သွားမှာဖြစ်သည်။ ထိုသည်က စစ်မှန်သည့် အထွတ်အထိပ်အဆင့်ဖြစ်သည်။

"ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်မယ်။"

ချီမင်က ပြောသည်။ "ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို ကျင့်ကြံမယ်။"

တင်း!

"ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

All Chapters