← Chapters

ဟောက်တျန်းမဟာတာအိုကျမ်း။

Vol. 32 Ch. 459

ဟောက်တျန်းမဟာတာအိုကျမ်း။

Vol. 32 Ch. 459

ချီမင် နောက်ဆုံးတာဝန်ကို ပြီးဆုံးပြီးနောက်မှာ လေဟာနယ်ကမ္ဘာထဲတွင် ကြီးမားသည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာရတော့သည်။ လေဟာနယ်မူလအစသည် လေဟာနယ်ကမ္ဘာကြီးထဲတွင် အပြင်းအထန် ပဲ့တင်ထပ်လာတော့၏။

ဟိန်းဟောက်သံများသည် လေဟာနယ်ကမ္ဘာတစ်ခုလုံးကို ဖြတ်ကျော်လာခဲ့၏။

သိပ်မကြာလိုက်ခင်မှာပင် လေဟာနယ်သားရဲများသည် အတင်းအကြပ် ကိုယ်ထင်ပြလာရသည်။ သူတို့က ဆက်လက် ပုန်းအောင်းနိုင်စွမ်းမရှိတော့သည့်အတွက် အော်ဟစ်နေကြသည့်အခါ ထိုအသံသည် အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသည်။

သေချာနားထောင်ကြည့်လျှင် ထိုလေဟာနယ်သားရဲများ၏ ဟိန်းဟောက်သံများသည် ဒေါသများ အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ ထိုဟိန်းဟောက်သံများသည် မိုးမြေဝါနက်ထူးခြားစေတီကို ဖြတ်ကျော်ကာ ကိုးကမ္ဘာထိတိုင် ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်မှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည်ပင် နတ်ဆိုးကမ္ဘာထဲရှိ လေဟာနယ်သားရဲများ၏ဟိန်းဟောက်သံများကို ကြားလိုက်ရတော့၏။

"ဒါ...ဒါ...ဒါက.."

"ဘာဖြစ်ကုန်တာလဲ။"

"ဘာတွေ ဖြစ်ကုန်တာလဲ။"

"ဟူး"

"ထိတ်လန့်ခြင်း။"

ခန်းမကိုးခုထဲတွင်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။ သူတို့က လေဟာနယ်သားရဲများ၏ဟိန်းဟောက်သံများကို ကြားလိုက်ရသည့်အပြင် ကမ္ဘာကိုးကမ္ဘာထဲက အပြောင်းအလဲများကို အာရုံခံမိသွားကြတော့၏။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏အာရုံများသည် ချီမင်အပေါ်သို့ စုပုံကျရောက်လာသည်။

ထိုရုတ်တရက်အပြောင်းအလဲက ရှိနေကြသော သက်ရှိများကို ထိတ်လန့်တကြားဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာ နတ်ဆိုးကမ္ဘာမှ ပြန်ရောက်လာကြသော ကောင်းကင်အရှင်များသည်လည်း ထိုအပြောင်းအလဲကို သတိထားမိသွားသည်။ သူတို့သည် နောက်လှည့်ကြည့်လျက် အနည်းငယ် ထိတ်လန့်သွားဟန်ပင်။

"ဘာ...ဘာဖြစ်သွားတာလဲဟ။"

ယန်ဖေးယွီသည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မတွေ့ချေ။ ထို့ကြောင့် သူသည် အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်တို့ကို လည်ပတ်ကာ တွက်ချက်သော်လည်း အချိန်နှင့်နေရာလွတ်၏အတားအဆီးကို ဖြတ်ကျော်နိုင်စွမ်းမရှိသည့်အတွက် ကမ္ဘာကိုးကမ္ဘာထဲကအခြေအနေကို မသိရပေ။

ကမ္ဘာကိုးကမ္ဘာက နတ်ဆိုးကမ္ဘာစုဝေးပွဲကျင်းပရန် နတ်ဆိုးကမ္ဘာအရှင် ဖန်တီးထားသည့် နေရာဖြစ်သည်။ နတ်ဆိုးကမ္ဘာအရှင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်ကို တပ်ဆင်ထားသည့်အတွက် ယန်ဖေးယွီသည် ထိုအစီအရင်၏အကာအကွယ်ကို ဖောက်ကာ မမြင်နိုင်ပေ။

"ကျွန်မလည်း မသေချာဘူး။" ကျောက်လင်းယင်က ပြောသည်။

"ကမ္ဘာကိုးကမ္ဘာထဲမှာ တစ်ခုခုတော့ ဖြစ်နေပြီ။" ရှန်းဝူဂျီက ပြောလိုက်သည်။

"အိုးဟုတ်တယ်။ ချီမင်က အဲဒီသူတွေနဲ့ မရင်ဆိုင်ရသေးဘူး။" တုန်ဟွမ်းထိုက်ယီက ပြောလိုက်သည်။

" မင်းက ကိုးယောက်မြောက်မဟာတာအိုကျင့်ကြံသူချီမင်အကြောင်း ပြောနေတာလား။သူက နောက်ဆုံးမှပေါ်လာတာလေ။ " မော့ရှန်းက ပြောလိုက်သည်။ "ဟုတ်တယ်။ ပြီးတော့ ငါ ချီမင်ကို ရှုံးသွားပြီ။"

တျန်းမော့ယီက ပြော၏။"ငါလည်း ရှုံးသွားပြီ။ ချီမင်ရဲ့နည်းလမ်းတွေက အရမ်းကို သန်မာလွန်းတယ်။ ငါ ရှုံးတာ ဝန်ခံပါတယ်။"

"ယန်ဖေးယွီ၊ကျောက်လင်းယင်" စုချန်းမန်က ပြောလိုက်သည်။ "မင်းတို့ ထိပ်ဆုံးအဆင့်ကို ဝင်တယ်မလား။ မင်းတို့ ချီမင်နဲ့ကြုံခဲ့တာလား။"

"ဟုတ်တယ်။" ယန်ဖေးယွီက ပြောလိုက်သည်။ "ကျွန်တော်တို့ သူ့ကို မြင်ဖူးတယ်။"

ကျောက်လင်းယင်က ခေါင်းညိတ်လိုက်သည်။ "ပြီးတော့ ကျွန်မတို့ ဒီတာဝန်ကို ပြီးအောင် လုပ်ဖို့လိုအပ်တယ်။ အဲဒါမှ မိုးမြေဝါနက်ထူးခြားစေတီထဲကနေ ထွက်လို့ရတာ။ဒါပေမဲ့ သူက ထိပ်ဆုံးမှာပဲ ရှိတယ်။ အရမ်းကို မယုံနိုင်စရာကောင်းတယ်။"

"ဒါက.."

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"

"ကြည့်ရတာ အခြေအနေက ချီမင်နဲ့ ဆိုင်မယ်ထင်တယ်။"

မဟာတာအိုကျင့်ကြံသူများက အတွေးနက်သွားတော့သည်။

သိသာစွာဖြင့် သူတို့၏ခန့်မှန်းမှုများသည် မှန်ကန်ပေသည်။

"ချီမင်တော့ အောင်မြင်သွားပြီ။"

စီနီယာအစ်ကိုစုက အသက်ပြင်းပြင်း ရှုလိုက်၏။ သူ၏မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ "နှစ်တစ်ရာကျော်အတွင်းမှာ သူက လေဟာနယ်ကမ္ဘာထဲက လေဟာနယ်သားရဲတွေကို သတ်ပြီးလို့ နောက်ဆုံးတာဝန်ကို ပြီးဆုံးသွားပြီ။ သိပ်မကြာခင်မှာပဲ သူက မိုးမြေဝါနက်ထူးခြားစေတီရဲ့ လျှို့ဝှက်ချက်အစစ်နဲ့ ထိတွေ့မိတော့မယ်။"

"ဟုတ်တယ်။"

ချင်ယွီက သက်ပြင်းချသည်။ "အစကတည်းက ငါက ချီမင်ကို တခြားမဟာတာအိုကျင့်ကြံသူတွေနဲ့ အတူတူပဲလို့ ထင်ခဲ့တာ။ အများဆုံး သူက ဆရာရဲ့ အပြင်စည်းတပည့်ပဲ ဖြစ်မယ်ပေါ့။"

"ငါ မထင်ထားခဲ့ဘူး။"

"ချီမင်က ငါတို့ရဲ့ အထင်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖြတ်လာတာပဲ။ သူက အကြိမ်ကြိမ် ဆန်းကြယ်မှုတွေကို ဖန်တီးခဲ့တယ်။ အခု သူက နောက်ဆုံးတာဝန်ကိုတောင် ပြီးသွားပြီ။ မယုံနိုင်စရာ ကောင်းလွန်းတယ်။"

ဝမ်ရှန်းသည် တိတ်ဆိတ်နေသည်။

ထိုအခိုက် ဝမ်ရှန်းမည်မျှပင် ဆန္ဒမရှိသည်ဖြစ်စေ သူသည် ချီမင်၏ခွန်အားနှင့် အလားအလာက စီနီယာအစ်ကိုကြီးနှင့် အတူတူပင် ဖြစ်သည်ကို အသိအမှတ်ပြုရတော့မည်ဖြစ်သည်။ ၎င်းက ပြောင်းလဲလို့မရသည့် အမှန်တရားပေ။

သိပ်မဝေးသည့် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်တွင်။

"အောင်မြင်ပြီ။" နတ်ဆိုးကမ္ဘာအရှင်သည် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်လျက် ချီမင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩသည့် အမူအရာတစ်ခု ပေါ်လာသည်။ "ဒီကလေးက အောင်မြင်သွားပြီပဲ။"

"ဒါပေမဲ့..ဟောက်တျန်း သူက မင်းရှာနေတဲ့သူလား။" နတ်ဆိုးကမ္ဘာအရှင်သည် တွေးတောနေ၏။

ဧကရာဇ်ဟောက်တျန်းသည် လေဟာနယ်တတိယခေတ်အတွင်းတွင် မိုးမြေမဟာတာအိုအဆင့်မှ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်သို့ ကျော်လွန်သွားခဲ့သော တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်၏ဖန်တီးသူဖြစ်သည်။ သူက လေဟာနယ်ခေတ်ကာလတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။

အမှန်တကယ်တော့...

အထက်ကမ္ဘာကိုးကမ္ဘာအရှင်များသည်ပင် ဟောက်တျန်း၏ဂုဏ်သတင်းကို မကျော်လွန်နိုင်ခဲ့သလို သူ၏ပြိုင်ဘက်လည်း မဖြစ်နိုင်ခဲ့ပေ။

ဟောက်တျန်းတာအိုသစ်သီးသည် ဧကရာဇ်ဟောက်တျန်းက သိပ်သည်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အထွတ်အထိပ်တာအိုသစ်သီး မဟုတ်ပေ။ ဟောက်တျန်းမဟာတာအိုသည် မည်မျှပင် ပြည့်စုံစုံ မည်မျှပင် ပြိုင်ဘက်ကင်းကင်း ၎င်းက မူလအစကမ္ဘာကို မထိတွေ့နိုင်ပေ။

လေဟာနယ်တတိယခေတ်အတွင်းတွင် လေဟာနယ်သားရဲတစ်ကောင် ပေါ်လာခဲ့သည်။ ဧကရာဇ်ဟောက်တျန်းသည် အဆုံးစွန်ဟောက်တျန်းမဟာတာအိုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေဟာနယ်သားရဲကို ဖိနှိပ်ခဲ့သည်။

ဧကရာဇ်ဟောက်တျန်းသည်လည်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် ပေါင်းစပ်သွားခဲ့ရသည်။

ဧကရာဇ်ဟောက်တျန်း၏တာအိုသစ်သီးသည် အထွတ်အထိပ်တာအိုသစ်သီးမဟုတ်သော်လည်း မဟာတာအိုသစ်သီးသာဖြစ်သည်။ ထို့ကြောင့် သူသည် ပြင်းထန်သည့် ဖြစ်စဉ်ကို မခုခံနိုင်တော့ဘဲ ကောင်းကင်နှင့်မြေကြီးမဟာတာအိုဖြင့် ပေါင်းစပ်သွားရသည်။

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များသည် ကွဲပြားပေသည်။

သူတို့သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်တွင် ဖြစ်သည်။ ထို့အပြင် အထွတ်အထိပ်တာအိုသစ်သီးကို သိပ်သည်းခဲ့သည်။ ၎င်းကပင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏တန်ပြန်မှုကို ခုခံနိုင်စွမ်းရှိပြီး ပေါင်းစပ်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာ သူတို့သည် အကန့်အသတ်အဆင့်သို့ မတက်နိုင်တော့ပေ။

လေဟာနယ်တတိယခေတ်တွင် နတ်ဆိုးကမ္ဘာအရှင်နှင့် ဧကရာဇ်ဟောက်တျန်းတို့သည် အရင်းနှီးဆုံးဖြစ်ကြသည်။ ဧကရာဇ်ဟောက်တျန်းမသေခင်တွင် သူသည် ကံကြမ္မာကို ကြိုသိခဲ့ပုံရသည်။

ထိုအရေးကြီးသည့်အခိုက်တွင်။

ချီမင်၏ကမ္ဘာဦးမဟာတာအို ပေါ်လာသည်။ မရေမတွက်နိုင်သော ကမ္ဘာဦးခရမ်းရောင်အလင်းများသည် တောက်ပလာခဲ့၏။ ကမ္ဘာဦးအဆောင်အဆောင်သည် အဆုံးမဲ့ကမ္ဘာဦးစည်းမျဉ်းများအဖြစ် ပြောင်းလဲသွားခဲ့၏။

ချီမင်သည် တဖြည်းဖြည်းနှင့် နိုးထလာခဲ့ပြီး ဉာဏ်အလင်းပွင့်နေသည့်အခြေအနေမှ ထမြောက်လာခဲ့၏။ သို့သော်လည်း ထိုအတောအတွင်းမှာ သူသည် မဟာတာအိုအမှန်တရားများစွာကို နားလည်ခဲ့သည်။

သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များနှင့် များစွာ မကွာခြားပေ။

သိပ်မကြာခင်မှာ ချီမင်သည် လုံးဝနိုးထလာခဲ့သည်။

"ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းနှစ်သောင်းထည့်မယ်။ ပြီးရင် ဟောက်တျန်းမဟာတာအိုကျမ်းကို နားလည်ဆင်ခြင်ပြီး ကမ္ဘာဦးမဟာတာအိုကျမ်းကို တွက်ချက်မယ်။"

တင်း!

"ဟောက်တျန်းမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းအောက်တွင် ကျင့်ကြံနေပါတယ်။"

တင်း!

" ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"

အသိပေးနှစ်ချက်နှစ်ခုပေါ်လာသည်။

ချီမင်သည် ဟောက်တျန်းမဟာတာအိုကို မကျင့်ကြံပေ။ သူသာ ကျင့်ကြံလိုက်လျှင် ဧကရာဇ်ဟောက်တျန်း၏လမ်းစဉ်နောက်သို့ လျှောက်လှမ်းမိမှာဖြစ်သည်။

ဧကရာဇ်ဟောက်တျန်းက ထိုလမ်းကို လျှောက်ခဲ့ပြီးသားဖြစ်သည့်အတွက် သူသည် ထိုသူနှင့်အဆင့်တူတူရောက်သည်အထိ သူ၏လမ်းကြောင်းသည် ချောမွေ့နေမှာဖြစ်သည်။

တစ်ချိန်တည်းမှာ ချီမင်သည် ထိုလမ်းစဉ်၏ ချုပ်နှောင်မှုကို ခံရမှာဖြစ်၏။

သူသည် ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည့်အတွက် သူသည် ကမ္ဘာဦးမဟာတာအိုကို တည်ဆောက်ခဲ့သည်။ သူ၏လက်ရှိအရာများသည်သာ သူနှင့်အသင့်တော်ဆုံးဖြစ်သည်။

ချီမင်အတွက် ဟောက်တျန်းမဟာတာအိုကို လျှောက်လှမ်းဖို့ မဖြစ်နိုင်ပေ။ ထိုအစား သူသည် ဟောက်တျန်းမဟာတာအိုကို နားလည်ဆင်ခြင်ပြီး ၎င်းကို အသုံးပြုကာ ကမ္ဘာဦးမဟာတာအိုကို တွက်ချက်သည်။

ချီမင်သည် မျက်လုံးဖွင့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် နားလည်သွားခဲ့သည်။ "အခု ငါ ဟောက်တျန်းမဟာတာအိုကျမ်းကို နားလည်ဆင်ခြင်ပြီးသွားပြီ။အဲဒီတော့ ငါ့ရဲ့အနာဂတ်လမ်းကြောင်းကို နားလည်ထားတယ်။"

"ငါ နတ်ဆိုးကမ္ဘာစုဝေးပွဲကနေ အများကြီး ရထားတယ်။"

"ပြီးတော့ ဟောက်တျန်းမဟာတာအိုကျမ်းထဲမှာ လေဟာနယ်သားရဲနဲ့ မူလအစကမ္ဘာအကြောင်းကို မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ငါအခု ဖတ်လို့မရသေးဘူး။ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးအရင်ဖြစ်လာပြီးမှ လျှို့ဝှက်ချက်ကို စူးစမ်းရမယ်။"

"ဒါပေမဲ့..ဒီလျှို့ဝှက်ချက်က အရမ်းကြီးလွန်းတယ်။"

လေဟာနယ်မူလအစက ပျောက်ကွယ်သွားတော့၏။

ချီမင်၏ပုံရိပ်သည် လေဟာနယ်ကမ္ဘာ၏ မိုးမြေဝါနက်ထူးခြားစေတီထိပ်တွင် ပေါ်လာတော့သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် သူ၏ပုံရိပ်ကို မြင်လိုက်ရ၏။

"ချီမင်ပဲ။ သူက ချီမင်ပဲ။"

"သူ ပြန်ပေါ်လာပြီ။"

"တစ်နှစ်ပဲ ကြာသေးတယ်။ သူသာ ထွက်မလာရင် ကိုးကမ္ဘာလမ်းကြောင်းက ပိတ်တော့မယ်။"

"ချီမင်က ကံကြမ္မာကောင်းကောင်းတစ်ခုခု ရခဲ့လား။"

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် ဆွေးနွေးနေကြ၏။

ထိုအခိုက် ချီမင်သည်လည်း အပြင်ကမ္ဘာ၏အပြောင်းအလဲများကို ခံစားမိသွားသည်။

"ကျွန်တော်တို့ သွားသင့်ပြီ။"

"ဟုတ်ကဲ့ပါ။" မာရနှင့် ချူးဝမ်တောက်သည် ပြန်ဖြေသည်။

ဝေါင်း။ ဝေါင်း။ ဝေါင်း။

မူလအစတာအိုသားရဲများသည်လည်း ဟိန်းဟောက်လိုက်၏။

ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။

အလင်းတန်းများသည် လင်းလက်လာပြန်သည်။

မူလအစတာအိုသားရဲခုနစ်ကောင်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး တာအိုသားရဲနေရာလွတ်ထဲသို့ ဝင်သွားသည်။

မာရသည်လည်း ပျောက်ကွယ်သွားတော့၏။

"ဒါက"ချူးဝမ်တောက်က ကြောင်အသွားသည်။ သူသည် ထိတ်လန့်သွားပြီး ထပ်မံ မမေးတော့ပေ။

မိုးမြေဝါနက်ထူးခြားစေတီတစ်ခုလုံးသည် တုန်ခါသွားသည်။

ချီမင်နှင့် ချူးဝမ်တောက်သည် မိုးမြေဝါနက်ထူးခြားစေတီထဲမှ နေရာရွှေ့ပြောင်းသွားတော့၏။

သူတို့သည် စေတီထဲမှ ထွက်လာတော့၏။

"ပြန်ချိန်တန်ပြီပေါ့။"

ချီမင်သည် ခေါင်းမော့ကာ ကိုးကမ္ဘာလမ်းကြောင်းကို ကြည့်လိုက်၏။

ချူးဝမ်တောက်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ချီမင်နှင့် ချူးဝမ်တောက်တို့သည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကိုးကမ္ဘာလမ်းကြောင်းမှ ပြေးထွက်လိုက်သည်။ သူတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့ပြီး နီဗားနာအင်မော်တယ်မြို့တော်သို့ ရောက်လာကြသည်။

တစ်ချိန်တည်းမှာ နတ်ဆိုးကမ္ဘာအရှင် ပေါ်လာပြန်တော့သည်။

သူသည် လက်ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးသည် ကောင်းကင်ကို ဖုံးအုပ်သွားခဲ့ပြီး ကမ္ဘာကိုးကမ္ဘာထဲသို့ ဝင်ရောက်ကာ မိုးမြေဝါနက်ထူးခြားစေတီထဲသို့ ဝင်ရောက်သွားခဲ့၏။

ကမ္ဘာကိုးကမ္ဘာသည် လှုပ်ခါသွားပြီး မိုးမြေက ပြိုကျလာသည်။

အဆုံးမဲ့တာအိုဥပဒေများ ပြိုကွဲသွားသည်။

မိုးမြေဝါနက်ထူးခြားစေတီသည်လည်း ထိုသူ၏လက်ထဲ ပြန်ရောက်သွားတော့၏။

"ဒီနေ့ကစပြီး နတ်ဆိုးကမ္ဘာစုဝေးပွဲကို အမြဲတမ်းပိတ်သိမ်းလိုက်ပါပြီ။"

နတ်ဆိုးကမ္ဘာအရှင်သည် မိုးမြေဝါနက်ထူးခြားစေတီကို ယူကာ လူတိုင်း၏ထိတ်လန့်နေမှုအောက်မှာပဲ ထွက်သွားတော့သည်။ ကျန်ခဲ့သည့်သူများမှာ တုန်လှုပ်ကာ ကျန်ခဲ့ရတော့သည်။

ချီမင်သည်သာ အကြောင်းပြချက်ကို ခန့်မှန်းနိုင်၏။

All Chapters