အောင်မြင်ခြင်း။ လေဟာနယ်မူလအစ။ နတ်ဆိုးကမ္ဘာစုဝေးပွဲအဆုံးသတ်ခြင်း။
Vol. 32 Ch. 458
ထိပ်ဆုံးတွင်။
လေဟာနယ်ကမ္ဘာထဲတွင် ချီမင်နှင့် သူ၏တာအိုသားရဲများသာ ကျန်ခဲ့တော့သည်။ သို့သော် သူသည် အခြားသော လေဟာနယ်သားရဲများ၏တည်ရှိမှုကို ခံစားမိသည်။
အချိန်တိုလေးအတွင်းမှာ အနီးဆုံးလေဟာနယ်သားရဲ၏နေရာ အတိအကျကို အတည်ပြုလိုက်ကာ ချီမင်၏ပုံရိပ်သည် နေရာမှာတင် ပျောက်ကွယ်သွားတော့၏။ သူ၏တာအိုသားရဲများသည်လည်း နီးကပ်စွာ လိုက်ပါလာသည်။ နောက်တစ်ခဏတွင် သူတို့သည် အခြားသော တစ်နေရာသို့ ရောက်လာခဲ့သည်။
အပြင်ကမ္ဘာတွင်။
"ချီမင်ပဲ။ သူ လေဟာနယ်ကမ္ဘာကနေ မထွက်သေးဘူးဟ။"
"သူ ဘာလုပ်မလို့လဲ။"
"ဘာတွေ ဖြစ်နေကြတာလဲ။"
"ယန်ဖေးယွီရော ကျောက်လင်းယင်ပါ လေဟာနယ်ကမ္ဘာထဲကနေ ထွက်သွားကြပြီ။ နှစ်ယောက်လုံးက မိုးမြေဝါနက်ထူးခြားစေတီကို ရှင်းလင်းပြီးလို့ ထွက်သွားကြတာ။ ဒါပေမဲ့ ချီမင်က ဘာလို့ မထွက်သွားသေးတာာလဲ။"
"ဒါက.."
"ချီမင်ရဲ့ တာဝန်က ယန်ဖေးယွီတို့နဲ့ မတူလို့များလား။"
ခန်းမကိုးခုထဲတွင်။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်လျက် ကိုးကမ္ဘာထဲတွင် ဖြစ်ပျက်နေသော အရာများကို စူးစမ်းနေကြသည်။ သူတို့၏အာရုံစိုက်မှုများသည် ချီမင်အပေါ်တွင် ကျရောက်နေပြီး သူတို့၏မျက်နှာများသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
"ချီမင်က မိုးမြေဝါနက်ထူးခြားစေတီနဲ့ ချိတ်ဆက်မိသွားတာ ဖြစ်ရမယ်။"
ချင်ယွီသည် ပြောလိုက်၏။ "ချီမင်က အဲဒီတာဝန်ကို ပြီးနိုင်မလားဆိုတာပဲ သိချင်တယ်။ သူသာ အောင်မြင်ရင် မိုးမြေဝါနက်ထူးခြားစေတီထဲက စစ်မှန်တဲ့ရတနာကို ရနိုင်တယ်။"
"ထင်သလောက်မလွယ်ဘူး။" ဝမ်ရှန်းသည် အသံနိမ့်နိမ့်ဖြင့် ပြော၏။ "လေဟာနယ်သားရဲတွေက အရမ်းစွမ်းအားကြီးတယ်။ အဲဒါက ပြီးပြည့်စုံခြင်းကောင်းကင်တာအိုအဆင့်မှာ ရှိတဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေ ခုခံနိုင်မဲ့ အရာမျိုး မဟုတ်ဘူး။ ချီမင်အတွက် လေဟာနယ်သားရဲ(၁၂၉၆၀၀)ကို သတ်ဖို့ဆိုတာ အရမ်းခက်တယ်။ အောင်မြင်နိုင်ချေက အရမ်းကို နိမ့်နေတယ်။"
"မိုးမြေဝါနက်ထူးခြားစေတီရဲ့ လျှို့ဝှက်ချက်အစစ်က..."
စီနီယာအစ်ကိုစုသည် ခေတ္တမျှ တွေးတောကာ မထူးမခြားနားဆိုသည်။ "ငါတို့ အတွင်းကမ္ဘာရဲ့ အထပ်တွေကို ရှင်းလင်းတုန်းက အခက်ခဲဆုံး တာဝန်ကို လုပ်ရတဲ့အပြင် တာဝန်တိုင်းကို ပြီးဆုံးဖို့လိုတယ်။"
"အဲဒီလို ပြီးမြောက်လာမှ နောက်ဆုံးအထပ် (၁၂၉၆၀၀)မှာ လျှို့ဝှက်ချက်ကို ထိတွေ့နိုင်မှာ။ နောက်ဆုံးတာဝန် ပြီးသွားရင်တော့ မိုးမြေဝါနက်ထူးခြားစေတီထဲက စစ်မှန်တဲ့ ရတနာတွေကို ရလိမ့်မယ်။"
"အခုထိတော့ နတ်ဆိုးကမ္ဘာစုဝေးပွဲဆိုတာ အကြိမ်ကြိမ် ကျင်းပလာတာပဲ။ ဒါပေမဲ့ အစကတည်းကနေ အခုထိ စီနီယာအစ်ကိုစုတစ်ယောက်တည်းပဲ နောက်ဆုံးတာဝန်ကို ပြီးထားတာ။ သူပဲ စေတီနဲ့ ဆက်သွယ်နိုင်ခဲ့တယ်။"
"တခြား မဟာတာအိုကျင့်ကြံသူတွေ ဘယ်လောက်ပဲ ပါရမီ ရှိရှိ သူတို့က စီနီယာအစ်ကိုကြီးထက် ညံ့နေသေးတယ်။ သူတို့က နောက်ဆုံးတာဝန်ကို ဆောင်ရွက်ဖို့တောင် အရည်အချင်း မပြည့်မီကြဘူး။"
"ဒီတစ်ကြိမ်တော့ ချီမင် အောင်မြင်မြင် မမြင်မြင် သူက ဘာပဲဖြစ်ဖြစ် နောက်ဆုံးတာဝန်ကို အသက်သွင်းနိုင်ခဲ့တယ်။ မရေမတွက်နိုင်ခဲ့တဲ့ ခေတ်တွေမှာ ချီမင်တစ်ယောက်တည်းကသာ စီနီယာအစ်ကိုကြီးစုနဲ့ ယှဉ်နိုင်တဲ့ သူပဲ။"
"ချီမင်က စီနီယာအစ်ကိုစုနဲ့ ယှဉ်ရင် ညံ့နေပါသေးတယ်။" ဝမ်ရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ အသံခပ်တိုးတိုးပြော၏။ "သူ နောက်ဆုံး တာဝန်ကို ပြီးမြောက်ရင်တောင် စီနီယာအစ်ကိုကြီးနဲ့ မယှဉ်နိုင်ဘူး။ ပြီးတော့ သူက အခုထိတောင် မပြီးသေးဘူး။"
လေဟာနယ်ကမ္ဘာထဲတွင်။
လေဟာနယ်သားရဲတစ်ကောင် ပေါ်လာသည်။
တူညီစွာဖြင့် လေဟာနယ်သားရဲသည် အတော်လေးကြီးမားလှသည့်အပြင် ကြယ်တာရာများအလား မြင့်မားလှသည်။ အတော်လေးလည်း စွမ်းအားကြီးပေသည်။
သေချာလေ့လာကြည့်လျှင် ထိုသည်က အတော်လေးကြီးမားသည့် မြွေကြီးတစ်ကောင်ဖြစ်၏။ ၎င်းက လုံးဝကို မီးခိုးနက်ရောင်သန်းနေပြီး တစ်ကိုယ်လုံးကို ပါးလွှာသည့် အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ကြီးမားသည့် ပါးစပ်ကြီးက မိုးမြေကိုပင် ဝါးမျိုနိုင်လောက်အောင် ကြီးမား၏။
"တိုက်" ချီမင်သည် အေးစက်စွာဖြင့် အမိန်ပေးလိုက်သည်။
"တိုက်"
"ဖရိုဖရဲ။ မြင့်မြတ်ကောင်းကင်။"
"အသင်္ချေတာအိုကပ်ဘေးလှည်းဘီး"
"ဝေါင်း"
နောက်တစ်ခဏမှာ ချီမင်၏မူလအစတာအိုသားရဲအသင်း၊ ချူးဝမ်တောက်နှင့် မာရတို့သည် ပူးပေါင်းကာ ထို ကြောက်မက်ဖွယ်ကောင်းသည့် လေဟာနယ်သားရဲမြွေကြီးကို သတ်ဖြတ်လိုက်သည်။ ထိုစဉ် ချီမင်သည် တိုက်ပွဲမြေပြင်ကို စောင့်ကြပ်နေ၏။
မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်လာသည်။
"ကမ္ဘာဦးအဆောင်"
ချီမင်ကလည်း တိုက်ခိုက်လိုက်သည်။ သူသည် ထိပ်တိုက် မတိုက်ခိုက်ချေ။ ထိုအစား သူက တာအိုစွမ်းအားကို စုစည်းပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကို ကမ္ဘာဦးမဟာတာအိုအဖြစ် ပြောင်းလဲသွား၏။
ချက်ချင်းပင် မရေမတွက်နိုင်သော ကမ္ဘာဦးမဟာတာအိုစစ်မှန်အဆောင်များသည် သိပ်သည်းလာခဲ့ပြီး ကြယ်တာရာကောင်းကင်၌ တောက်ပလာ၏။ တိုက်ပွဲမြေပြင်တစ်ခုလုံးကို မရေမတွက်နိုင်သော ကြယ်တာရာများ ဖုံးလွှမ်းသွားကာ ကမ္ဘာဦးအစီအရင်တစ်ခု ဖြစ်တည်လာသည်။
ကမ္ဘာဦးအစီအရင်ထဲတွင် ချီမင်၏ မူလအစတာအိုသားရဲအသင်း၊ ချူးဝမ်တောက်နှင့် မာရတို့အားလုံးသည် ကမ္ဘာဦးအစီအရင်ကြောင့် ကောင်းချီးခံလိုက်ရ၏။ သူတို့၏အင်အားသည် သိသိသာသာကို တိုးတက်သွားတော့သည်။ ကမ္ဘာဦးအစီအရင်ကြောင့် ထိုလေဟာနယ်သားရဲသည်လည်း ဖိနှိပ်ခံလိုက်ရကာ အင်အားသည် ကြီးမားစွာ လျှော့ချခံလိုက်ရသည်။
ထိုကဲ့သို့ ဖိနှိပ်မှုနှင့် ကောင်းချီးပေးခံရမှုအောက်တွင် မြွေသဏ္ဍာန် မူလအစတာအိုသားရဲကြီးသည် ရှုံးနိမ့်သွားတော့လေသည်။ ထိုကောင်သည် တိုက်ကွက်ဖလှယ်မှုတိုင်းတွင် အကြိမ်ကြိမ် ဒဏ်ရာရသွားကြကာ ထိုဒဏ်ရာများသည် တဖြည်းဖြည်း ပိုဆိုးလာ၏။
နောက်ဆုံးမှာတော့ စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် အသံကြီးဖြင့် တရွှီးရွှီးအော်ကာ ကြောက်မက်ဖွယ်မြွေမူလအစသားရဲကြီးသည် ချီမင်၏တာအိုသားရဲများကြောင့် သတ်ဖြတ်ခံလိုက်ရတော့သည်။ ၎င်းက သေသွားပြီဖြစ်ကာ မရှိမှုချီအဖြစ် ပြောင်းလဲသွားတော့၏။ ထို့နောက် ပေါက်ကွဲထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်က တုန်ယင်သွားခဲ့ရ၏။
ကြောက်မက်ဖွယ်ရာ လေဟာနယ်သားရဲကြီး၏အလောင်းကြီးသည် တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားနေသည်။ ထို့နောက် ထွင်းဖောက်မြင်လာသည်အထိ ကြည်လင်သွားကာ ချီမင်ထံသို့ ပျံသန်းလာသည်။
ချီမင်က လက်မြှောက်လိုက်သည်။
ထာဝရအလင်းသည် သူ၏လက်ဖဝါးထဲသို့ ဝင်ရောက်လာပြီး ချီမင်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားတော့၏။
"လေဟာနယ်သားရဲကို သတ်ဖြတ်ခဲ့ပြီးတော့ လေဟာနယ်မူလအစအပိုင်းအစတစ်စ(၂/၁၂၉၆၀၀)ကို ရရှိခဲ့ပါတယ်။"
သူ၏ရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်။
"မဆိုးဘူး" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူသည် စိတ်ကျေနပ်သွားတော့သည်။ "အမဲဆက်လိုက်ရအောင်"
အချိန်ကုန်ဆုံးသွားသည်။
မသိလိုက်စွာဖြင့် ချီမင်သည် လေဟာနယ်လေဟာနယ်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခဲ့၏။ လေဟာနယ်သားရဲသည် အတော်လေးစွမ်းအားကြီးသော်လည်း ပြီးပြည့်စုံခြင်းကောင်းကင်တာအိုအဆင့်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည်လည်း စွမ်းအားကြီးကြသည်။
ချီမင်သည်လည်း အားမနည်းချေ။ ထို့အပြင် မာရသည်လည်း အတော်လေးစွမ်းအားကြီးသည်။ သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမ အဆင့်ဖြစ်ပြီဖြစ်ကာ ဖရိုဖရဲမဟာတာအိုအသေးစားလေးကိုလည်း တည်ဆောက်ထား၏။ သူသည် ပြီးပြည့်စုံခြင်းကောင်းကင်တာအိုအဆင့်၌ ဖြစ်သည်။
ချူးဝမ်တောက်သည် မူလအစတာအိုသားရဲအသင်း၏အကူအညီကို ရခဲ့သည်။
ချီမင်သည် ကမ္ဘာဦးအစီအရင်ကို သုံးပြီး ကူညီပေးခဲ့သေးသည်။
စီနီယာအစ်ကိုစုသည် ခေါင်းညိတ်၏။ "တကယ့်ကိုပဲ။"
"ဒါက..."ဝမ်ရှန်းသည် တိတ်ဆိတ်သွားပြီး မည်သည်ကိုမျှ ထပ်မပြောနိုင်တော့ပေ။ သူက ချီမင်သည် ဆရာ၏အာရုံစိုက်မှုကို တစ်ခါတည်း ရသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤသို့ဖြင့် သူသည် စီနီယာအစ်ကိုကြီးနှင့် ရင်းနှီးနေလျှင်ပင် မည်သည်ကိုမျှ ထပ်မဆိုနိုင်တော့ပေ။
"ကိုးကမ္ဘာလမ်းကြောင်းကို ဖွင့်တော့။" စီနီယာအစ်ကိုစုက ပြောလိုက်သည်။
ချင်ယွီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။" ဝမ်ရှန်းကလည်း ပြောလိုက်သည်။
"ဖွင့်စမ်း"
ချင်ယွီတို့သည် ပူးပေါင်းလျက် မရေမတွက်နိုင်သော လက်ချိတ်စည်းများ ဖွဲ့စည်းလိုက်သည်။ သူတို့သည် လက်ချိတ်စည်းများ ဖွဲ့စည်းလိုက်သည့်အခါ မရေမတွက်နိုင်သော မှော်စာလုံးများ တောက်ပလာ၏။ မရေမတွက်နိုင်သော မှော်စာလုံးများသည် အရောင်ကိုးရောင်တောက်ပလာသည်။
ကြီးမားသည့် အလင်းတိုင်လုံးကြီးများသည် အင်မော်တယ်မြို့တော်ကိုးမြို့တွင် ထွက်ပေါ်လာပြန်၏။ မျက်စိကျိန်းဖွယ် ခမ်းနားတောက်ပလာခဲ့သည်။ ၎င်းအလင်းတန်းများသည် အလယ်ဗဟိုတွင် စုစည်းကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
နေရာလွတ်သည် ပြိုကွဲသွားခဲ့ပြီး နယ်ပယ်တို့သည် ပြတ်တောက်ကာ ကြီးမားသည့် ဝဲဂယက်ကြီး ပေါ်လာခဲ့၏။ ၎င်းက တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ကြီးမားတည်ငြိမ်သည့် ကိုးကမ္ဘာလမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
"ကိုးကမ္ဘာလမ်းကြောင်းက ထပ်ပွင့်လာပြန်ပြီ။"
"နတ်ဆိုးကမ္ဘာစုဝေးပွဲက တကယ့်ကို အဆုံးသတ်တော့မယ်။"
"ဒါပေမဲ့ ချီမင်က အခုထိ ထိပ်ဆုံးအထပ်မှာပဲ ရှိသေးတယ်။ သူက မိုးမြေဝါနက်ထူးခြားစေတီထဲမှာပဲ ရှိနေသေးတယ်လေ။ အခုမှ လေဟာနယ်သားရဲတစ်ကောင်ကို တိုက်ခိုက်နေတုန်း။ တိုက်ပွဲက အတော်လေးပြင်းထန်နေတာပဲ။"
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထပ်မံ ဆွေးနွေးကြပြန်၏။
ကိုးကမ္ဘာစုဝေးပွဲက ပွင့်သွားသည့်အခါ ချင်ယွီတို့က ရပ်တန့်သွားတော့သည်။
"ကိုးကမ္ဘာလမ်းကြောင်းကတော့ ပွင့်သွားပြီ။ အဲဒီတော့ နတ်ဆိုးကမ္ဘာစုဝေးပွဲက အဆုံးသတ်သွားပြီ။ ကောင်းကင်အရှင်တို့ ကျေးဇူးပြုပြီး ကိုးကမ္ဘာလမ်းကြောင်းတွေက တစ်ဆင့် ကမ္ဘာကိုးကမ္ဘာကနေ စွန့်ခွာပေးပါတော့။ အသင်တို့ ဒီနှစ်အတွင်း မထွက်ခွာနိုင်ရင် ကမ္ဘာကိုးကမ္ဘာထဲမှာ ထာဝရပိတ်မိသွားပါလိမ့်မယ်။"
စီနီယာအစ်ကိုစုက ကိုးကမ္ဘာလမ်းကြောင်းရှေ့တွင် ရပ်နေသည်။ သူ၏အသံသည် ကိုးကမ္ဘာလမ်းကြောင်းကို ဖြတ်ကာ အရပ်မျက်နှာအနှံ့၌ ပျံ့နှံ့လာခဲ့သည်။ ကောင်းကင်အရှင်တို့အားလုံးသည် ထိုသည်ကို ကြားသော် ခေါင်းမော့ကြည့်လိုက်ကြသည်။
"ဒါက.."
"နတ်ဆိုးကမ္ဘာစုဝေးပွဲက မြန်မြန်ပြီးသွားတာပဲ။"
"သွားကြစို့"
"ပြန်ချိန်တန်ပြီပေါ့။"
"သွားကြစို့ဟေ့"
ကောင်းကင်အရှင်များသည် တုံ့ဆိုင်းမနေတော့ချေ။ ကိုးကမ္ဘာတွင် နှစ်တစ်သိန်းကျော်ကြာ နေထိုင်ပြီးနောက်မှာ သူတို့သည် အတွေ့အကြုံများစွာ ရရှိခဲ့သလို အခွင့်အလမ်းများစွာလည်း ပိုင်ဆိုင်ခဲ့သည်။
သူတို့က ကမ္ဘာကိုးကမ္ဘာမှ ထွက်ခွာရန် တုံ့ဆိုင်းမနေတော့ချေ။
များစွာသော ကောင်းကင်အရှင်များသည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲကာ လေထုထဲသို့ ထိုးဖောက်ပျံသန်းလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့သည် ကိုးကမ္ဘာလမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ကမ္ဘာကိုးကမ္ဘာမှ ထွက်ခွာကာ နတ်ဆိုးကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။
"ကျုပ်တို့ ရောက်ပြီ။"
နတ်ဆိုးကမ္ဘာတွင် ကောင်းကင်အရှင်များသည် အလင်းစီးကြောင်းများအသွင် ကိုးကမ္ဘာလမ်းကြောင်းများထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာပြီး နတ်ဆိုးကမ္ဘာသို့ ပြန်ရောက်လာကြသည့်အတွက် အင်မော်တယ်မြို့တော်ကိုးမြို့သည် မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။
မိုးမြေဝါနက်ထူးခြားစေတီအပြင်ဘက်တွင်။
ယန်ဖေးယွီသည် ခေါင်းမော့ကာ သူ၏ရှေ့က မိုးမြေဝါနက်ထူးခြားစေတီကို ကြည့်နေ၏။ သူသည် ခဏမျှတွေးတောကာ ဆိုသည်။ "နှစ်တစ်ရာတောင် ကြာသွားပြီ။ ဒါပေမဲ့ ချီမင်က ထွက်မလာသေးဘူး။"
"သူဘာလုပ်နေတာလဲ။"
"ယန်ဖေးယွီ" ကျောက်လင်းယင်က ပြောလိုက်သည်။ "ကျွန်မတို့ မသွားသေးဘူးလား။"
"ကျွန်တော်တို့က တာဝန်ကို ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်ခဲ့တော့ အဲဒီကိုးကမ္ဘာကောင်းကင်တာအိုမူလအစကို ရခဲ့တယ်။ ပြီးတာနဲ့ မိုးမြေဝါနက်ထူးခြားစေတီထဲကနေ ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ ဘာလို့ ချီမင်က ထွက်မလာသေးရတာလဲ။" ယန်ဖေးယွီက မေးလိုက်သည်။
"ဟဲဟဲ" ကျောက်လင်းယင်က ပြုံး၏။ "ရှင်သိချင်ရင် ချီမင်ထွက်လာမှ ကိုယ်တိုင်သာ မေးကြည့်တော့။ ဒါပေမဲ့ တို့ကတော့ အရင်ထွက်ပြီ။"
ကျောက်လင်းယင်က ထွက်သွားတော့သည်။
ယန်ဖေးယွီသည် နောက်တစ်ခါထပ်ကြည့်လိုက်ပြီး စောင့်ဆိုင်းမနေတော့ပေ။ သူသည်လည်း ကိုးကမ္ဘာလမ်းကြောင်းမှတစ်ဆင့် ကမ္ဘာကိုးကမ္ဘာထဲမှ ထွက်ခွာသွားတော့၏။ ထိုအခိုက် ချီမင်သည်သာ ကျန်ခဲ့တော့သည်။
မိုးမြေဝါနက်ထူးခြားစေတီထိပ်ဆုံးအထပ်တွင်။
လေဟာနယ်ကမ္ဘာတွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားလာ၏။
တိုက်ပွဲမြေပြင်ပေါ်တွင် မာရ၊ချူးဝမ်တောက်နှင့် မူလအစတာအိုသားရဲအသင်းသည် ပူးပေါင်းကာ ဒဏ်ရာအပြင်းအထန်ရနေသည့် နဂါးခန္ဓာကိုယ်ရှိပြီး ခြင်္သေ့ခေါင်းကိုပိုင်ဆိုင်ထားသည့် လေဟာနယ်သားရဲကို သတ်လိုက်သည်။
ထိုသည်ကို အခွင့်အရေးယူကာ ချီမင်သည် ကိုယ်တိုင်ဝင်ရောက် တိုက်လိုက်လိုက်၏။ သူသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ကိုယ်ပိုင်တာအိုရတနာသုံးခုသည် ထွက်ပေါ်လာသည်။ ကမ္ဘာဦးမဟာတာအိုဓားကြာပန်း၊ ကမ္ဘာဦးလောကဖျက်ဓားနှင့် ကမ္ဘာဦးပုကျုံးတောင်တို့သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့သည်။
ကမ္ဘာဦးမဟာပုဆိန်ကြီး ပေါ်လာတော့သည်။
"တိုက်"
ချီမင်သည် အော်ဟစ်ကာ ပုဆိန်ကို ခုတ်ချလိုက်သည်။ ပုဆိန်ကျဆင်းလာသည့်အခိုက် မရေမတွက်နိုင်သော ကမ္ဘာဦးမဟာတာအိုစစ်မှန်အဆောင်များသည် ပေါင်းစပ်သွားခဲ့ပြီး ကမ္ဘာဦးမဟာပုဆိန်နှင့် ပေါင်းစပ်ထားသည့် ကမ္ဘာဦးအစီအရင်ကို ဖြစ်ပေါ်လာစေသည်။
ချီမင်၏ပုဆိန်စွမ်းအားသည် အကန့်အသတ်အထိ မြင့်တက်သွားခဲ့ကာ လေဟာနယ်ကိုပင် ပျက်ယွင်းသွားစေသည်။ ပုဆိန်အလင်းတန်းအောက်တွင် ကောင်းကင်တာအိုသည် ပြိုကျလာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည်ပင် ၎င်းကို မခုခံနိုင်ခဲ့ချေ။
အတော်လေး သန်မာသည်။
အတော့်အတော်ကို သန်မာ၏။
ချက်ချင်းဆိုသလို လေဟာနယ်သားရဲကြီးသည် ချီမင်၏ပုဆိန်ကြောင့် နှစ်ပိုင်းပြတ်သွားတော့သည်။ ၎င်း၏အလောင်းသည် ပုဆိန်အလင်းတန်းကြောင့် အပိုင်းပိုင်း အစစပြတ်တောက်သွားသည်။ မျက်စိကျိန်းဖွယ်အလင်းတန်းများသည် ချီမင်၏လက်ထဲသို့ ပျံသန်းသွားတော့သည်။
"လေဟာနယ်သားရဲကို သတ်ဖြတ်ခဲ့ပြီးတော့ လေဟာနယ်မူလအစအပိုင်းအစတစ်စ(၁၂၉၆၀၀/၁၂၉၆၀၀) ရရှိခဲ့ပါတယ်။"
ချီမင်သည် အသိပေးချက်တစ်ခုကို မြင်လိုက်ရ၏။
နောက်တစ်ခဏတွင် ချီမင်သည် လေဟာနယ်မူလအစအပိုင်းအစ၏ထူးဆန်းနေမှုကို ခံစားမိလိုက်သည်။
"ပြီးသွားပြီ။"
ချီမင်၏မျက်နှာပေါ်တွင် ကျေနပ်နေသည့်အပြုံးတစ်ပွင့်ပေါ်လာသည်။ "နှစ်တစ်ရာကြာပြီးတော့ ပြီးဆုံးသွားပြီပဲ။ ငါ လေဟာနယ်သားရဲ(၁၂၉၆၀၀)ကို သတ်ပြီးပြီ။"
"လေဟာနယ်မူလအစအပိုင်းအစတွေက ပြည့်သွားပါပြီ။ သင် လေဟာနယ်မူလအစကို ရရှိခဲ့ပါတယ်။"