← Chapters

ထိပ်ဆုံးသို့ ရောက်ရှိခြင်း။ နောက်ဆုံးမဟာတာအိုကျင့်ကြံသူနှစ်ဦး။ လေဟာနယ်မူလအစအနံ့။ စတင် အမဲလိုက်ခြင်း။

Vol. 32 Ch. 457

ထိပ်ဆုံးသို့ ရောက်ရှိခြင်း။ နောက်ဆုံးမဟာတာအိုကျင့်ကြံသူနှစ်ဦး။ လေဟာနယ်မူလအစအနံ့။ စတင် အမဲလိုက်ခြင်း။

Vol. 32 Ch. 457

မိုးမြေဝါနက်ထူးခြားစေတီတွင်။

စေတီကမ္ဘာထဲတွင် အထပ်ပေါင်း(၁၂၉၆၀၀)ထပ်ရှိသည်။

ချီမင်သည် ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းပြီးနောက်တွင် သူ၏အမြင်သည် ပုံမှန်ပြန်ဖြစ်သွားတော့၏။ သူ၏မျက်လုံးထဲသို့ မြင်ကွင်းများ ပေါ်လာခဲ့ပြီး သူသည် အဆုံးအစမဲ့လေဟာနယ်ထဲတွင် ရောက်နေသည်။

ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်ရသည့် မီးခိုးရောင်ချီများသည် လှိုင်းလုံးများသဖွယ် ကောင်းကင်ယံသို့ မြင့်တက်နေခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ပုံမှန်မဟုတ်သော ဟင်းလင်းပြင်လမ်းကြောင်းများ ဖြစ်တည်နေ၏။

သာမန်စည်းမျဉ်းကောင်းကင်အရှင်တစ်ဦးသည် ဤနေရာ၌ ကြာရှည်စွာမနေနိုင်ပေ။ သူတို့သာ လေဟာနယ်ဝဲဂယက်ထဲသို့ ပြုတ်ကျသွားပါက အချိန်တိုလေးအတွင်းမှာ ဝါးမျိုခံလိုက်ရပြီး ပြာကျသွားပေလိမ့်မည်။

ထာဝရလေစီးကြောင်းသည် စေတီထဲ၌ လွင့်မျောနေခဲ့ပြီး ထိုလေပြင်းတွင်လည်း စွမ်းအင်ကို ဖျက်ဆီးပစ်နိုင်သည့် အားမျိုး ပါဝင်၏။ ၎င်းက ဥပဒေသကောင်းကင်အရှင်တစ်ဦးကိုတောင် ဒဏ်ရာရအောင်လုပ်နိုင်သည်။

ချူးဝမ်တောက်သည် လျှောက်လှမ်းလာလိုက်၏။ တာအိုစွမ်းအားသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်လာခဲ့ပြီး ပတ်ဝန်းကျင်၏တိုက်စားမှုကို ခုခံပေးလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို သတိထားမိလိုက်သည်။ "ဒီနေရာက အဆုံးမဲ့လေဟာနယ်ချီတွေ ပြည့်နေတာပဲ။ အဲဒီချီတွေအပြင် ကျန်တာ ဘာမှကို မရှိဘူး။ ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။"

"မဟုတ်ဘူး" မာရသည် ခေါင်းခါကာ ရှေ့တည့်တည့်သို့ နက်ရှိုင်းစွာ ကြည့်၏။ "စေတီကမ္ဘာအတွင်းကျဆုံးအပိုင်းထဲမှာ ပြင်းထန်တဲ့ အကြောက်တရားတွေ ရှိနေတယ်။"

ရုတ်တရက် ချီမင်တို့သည် လေဟာနယ်အတွင်းပိုင်းထဲကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရ၏။ တိုက်ပွဲ၏နောက်ဆက်တွဲသည် ပျံ့နှံ့လာခဲ့သည်မှာ သူတို့ကိုပင် ထိခတ်လာ၏။

ချီမင်၏ရှေ့တွင် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။ ၎င်းက အထပ်(၁၂၉၆၀၀)၏အချက်အလက်များနှင့် သူ၏တာဝန်ကို ပြသထားခြင်းဖြစ်သည်။

"မိုးမြေဝါနက်ထူးခြားစေတီရဲ့ ထိပ်ဆုံးအထပ်မှ ကြိုဆိုလိုက်ပါတယ်။"

"(၁၂၉၆၀၀)ထပ်: လေဟာနယ်ကမ္ဘာ။"

"ကျေးဇူးပြုပြီး လေဟာနယ်မူလအစကို ရှာပါ။"

"ဒါက.."

ချီမင်သည် ခဏမျှ တွေးတောနေလိုက်သော်လည်း သူ့တွင် သဲလွန်စများစွာ မရှိပေ။ သူသည် လေဟာနယ်မူလအစက မည်သည့်အရာလဲဆိုသည်ကိုပင် မသိချေ။"လေဟာနယ်မူလအစ။"

"သွား"

ချီမင်သည် တည်ငြိမ်စွာဖြင့် တိုက်ပွဲထွက်ပေါ်လာရာဘက်သို့ ကြည့်ကာ ဆိုလိုက်သည်။"သွားကြည့်ကြရအောင်။ ဘာတိုက်ပွဲမလို့ ဒီလောက်ထိတောင် ပြင်းထန်နေရတာလဲ။"

"လေဟာနယ်မူလအစနဲ့ ဆက်စပ်နေလောက်တယ်။"

"ဟုတ်လောက်တယ်။" မာရနှင့် ချူးဝမ်တောက်သည် ညီညာစွာ ပြန်ဖြေသည်။

သူတို့သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး နေရာမှ ထွက်ခွာသွားတော့သည်။ အလင်းတန်းများသဖွယ် ပျံသန်းထွက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားတော့၏။

ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့သည်။

လေဟာနယ်ကမ္ဘာအတွင်းနက်ဆုံးအပိုင်းတွင်။

ချီမင်သည် ရှေ့ရှေ့တည့်တွင် အတော်လေးပြင်းထန်သည့် တိုက်ပွဲကို တွေ့လိုက်ရ၏။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်ထိ ရောက်နေသော ကျွမ်းကျင်သူလေးယောက်သည် ပူးပေါင်းပြီး မဖော်ပြနိုင်လောက်သည့် ဖြစ်တည်မှုတစ်ခုကို သတ်ဖြတ်နေသည်။

ထို့အပြင် တိုက်ပွဲအစွန်းတွင် နှစ်ယောက်က တိုက်ခိုက်နေသေးသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပေ။

သူတို့နှစ်ယောက်က နောက်ဆုံးသော မဟာတာအိုကျင့်ကြံသူနှစ်ဦးဖြစ်၏။

ယန်ဖေးယွီနှင့် ကျောက်လင်းယင်ပင်။

နှစ်ယောက်လုံးသည် တိုက်ပွဲဗဟိုကို လေးနက်စွာဖြင့် ကြည့်နေသည်။ ထိုသက်ရှိက သူ၏ခန္ဓာကိုယ်ကိုယ်ကို တောင့်ပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။

"ဒါက.."

ချီမင်သည် ခဏမျှ တွေးတောလိုက်ပြီး ထိုသက်ရှိကို ကြည့်လိုက်၏။"ဒါက.."

ထို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် ကျွမ်းကျင်သူ လေးဦးသည် ချူးဝမ်တောက်နှင့်အတူတူပင်ဖြစ်ပြီး ပြီးပြည့်စုံခြင်းကောင်းကင်တာအိုအဆင့်၌ ဖြစ်သော်လည်း သူတို့ကလည်း အတော်လေးစွမ်းအားကြီးပေသည်။ သူတို့က အသင်္ချေကမ္ဘာများ၏ထိပ်တွင် ရပ်တည်နေကြသူများဖြစ်၏။

သို့သော် ထိုသက်ရှိသည် ကျွမ်းကျင်သူလေးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်မည့် လက္ခဏာကို မပြပေ။ ၎င်းကတောင် ရန်သူများကို အနည်းငယ် ဖိနှိပ်ထားဟန်ရပြီး အရေးသာနေသည်။

မယုံနိုင်စရာကောင်းပေ၏။

သေချာလေ့လာကြည့်လျှင် ထိုသက်ရှိ၏အဓိကခန္ဓာကိုယ်သည် နေလုံးကြီးအလားပင်။ အတော်လေး ခမ်းနားပြီး ကြီးကျယ်ပေသည်။ ၎င်း၏တစ်ကိုယ်လုံးသည် မင်ကဲ့သို့ နက်မှောင်နေပြီး အလင်းရင်းမြစ်အားလုံးကို ဝါးမြိုထားပြီး ထူးဆန်းသည့် အရှိန်အဝါကို သယ်ဆောင်ထားသည့်အလားပင်။

ထူးဆန်းကောက်ကွေးသည့် အနက်ရောင်လက်တံများသည် ပတ်ဝန်းကျင်သို့ အဆက်မပြတ် ပျံ့နှံ့လာ၏။ လက်တံများသည် အတော်လေးများပြားပြီး ကြယ်တာရာများအလား ပြွတ်သိပ်နေ၏။

ကောက်ကွေးနေသည့် လက်တံနက်ကြီးတိုင်းတွင် ထူးဆန်း ယိုယွင်းသည့် အသိဉာဏ်မျိုး ရှိနေဟန်ရပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်လေးပါးကို မတူညီသည့် တာအိုနည်းစနစ်များကို သုံး၍ တိုက်ခိုက်နေသည်။

အပြင်ကမ္ဘာတွင်။

ထိုအခိုက် နတ်ဆိုးကမ္ဘာစုဝေးပွဲသည် အဆုံးသတ်သို့ ရောက်လာခဲ့သည်။ နှစ်(၁၀၀၀၀၀)ကုန်တော့မည်ဖြစ်၏။ ပါဝင်သူအများစုသည် မိုးမြေဝါနက်ထူးခြားစေတီထဲသို့ ဝင်ရောက်နေပြီဖြစ်၏။

သို့သော် သူတို့သည် အလွန်မြင့်သည့် အဆင့်သို့ မရောက်နိုင်သေးပေ။ သူတို့ထဲက အများစုသည် အထပ်(၉၀၀၀၀)အောက်တွင်သာ ရှိသေး၏။ အလွန်နည်းပါးသည့် ပမာဏသည်သာ အထပ်(၉၀၀၀၀)အထက်သို့ ဝင်နိုင်၏။

သေချာသည်ကတော့ ယန်ဖေးယွီ၊ ကျောက်လင်းယင်နှင့် ချီမင်သည်သာ ထိပ်ဆုံးအထပ်သို့ တက်ရောက်နိုင်ခဲ့သည်။

တခြားမဟာတာအိုကျင့်ကြံသူခြောက်ဦးသည် ထိပ်ဆုံးအထပ်သို့ မဝင်နိုင်တော့ချေ။

"ယန်ဖေးယွီ၊ ကျောက်လင်းယင်နဲ့ ချီမင်က ထိပ်ဆုံးအထပ်ကို ဝင်နိုင်မယ်လို့ မထင်ထားဘူး။"

"ဟုတ်တယ်။"

"မိုးမြေဝါနက်ထူးခြားစေတီထိပ်ဆုံးအထပ်ကို လေဟာနယ်ကမ္ဘာလို့ခေါ်တယ်။ အဲဒီကမ္ဘာထဲမှာ လေဟာနယ်သားရဲတွေရှိတယ်။ လေဟာနယ်သားရဲက စွမ်းအားကြီးတယ်။ သူက ပြီးပြည့်စုံခြင်း ကောင်းကင်တာအိုအဆင့်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် တွေထက် ပိုသန်မာတယ်။ဒါပေမဲ့ ထိပ်ဆုံးအဆင့်ကို ဖြတ်ကျော်ဖို့တော့ မလွယ်ဘူး။"

"ငါ့ကို ပြောကြည့်။ ယန်ဖေးယွီ၊ ကျောက်လင်းယင်နဲ့ ချီမင်ထဲမှာ ဘယ်သူက ထိပ်ဆုံးအဆင့်စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မယ်ထင်လဲ။"

"ငါလည်း မသေချာတော့ဘူး။"

"ငါကတော့ ယန်ဖေးယွီလို့ထင်တယ်။"

"ကျောက်လင်းယင်လည်း ဖြစ်နိုင်တယ်။"

"ချီမင်ကလည်း အခွင့်အရေး ရှိသေးတယ်။"

ခန်းမကိုးခုထဲတွင်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အားလုံးသည် ထိပ်ဆုံးအထပ်ကနေ စောင့်ကြည့်နေကြ၏။ ယန်ဖေးယွီနှင့်ကျောက်လင်းယင်ဘေးတွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဆင့်သို့ရောက်နေသည့် တာအိုကာကွယ်သူနှစ်ယောက်ရှိသည်။

ပြောရမည်ဆိုလျှင်။

ထို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် တာအိုကာကွယ်သူလေးယောက်သည် ကမ္ဘာကိုးကမ္ဘာထဲတွင် အသန်မာဆုံးလေးယောက်ဖြစ်ပါလိမ့်မည်။ ကောင်းကင်တာအိုကမ္ဘာ၏ ကောင်းကင်တာအိုနန်းတော်သခင်၊ ဖရိုဖရဲကမ္ဘာနန်းတော်သခင်၊ အထွတ်အထိပ်ကမ္ဘာနန်းတော်သခင်နှင့် စံပြကမ္ဘာနန်းတော်သခင်တို့ ဖြစ်သည်။

သူတို့လေးယောက်လုံးသည် ကမ္ဘာကိုးကမ္ဘာထဲ၌ အသန်မာဆုံးများ ဖြစ်ကြသည်။

ယန်ဖေးယွီနှင့် ကျောက်လင်းယင်တို့ကဲ့သို့ အထွတ်အထိပ်မဟာတာအိုပါရမီရှင်များကိုသာ သူတို့က ရွေးချယ်ပြီး တာအိုကာကွယ်သူများ ဖြစ်လာကြခြင်းဖြစ်သည်။

သူတို့သည် ယန်ဖေးယွီနှင့် ကျောက်လင်းယင်တို့၏ နောက်လိုက်များ ဖြစ်မလာကြပေ။ ထိုအစား သူတို့သည် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့၏။ ယန်ဖေးယွီနှင့် ကျောက်လင်းယင်သည် ထိုသူတို့လေးယောက်၏စွမ်းအားကို အသုံးပြုကာ ထိပ်ဆုံးအဆင့်သို့ ဝင်ရောက်ခဲ့သည်။ နန်းတော်လေးခုသခင်များသည် သူတို့၏သရုပ်မှန်နှင့် ပါရမီကို သုံးပြီး သူတို့ ဝင်ရောက်ချင်သည့် ထိပ်သီးအဆင့်သို့ ဝင်ရောက်ခဲ့၏။

နန်းတော်လေးခုသခင်အနေဖြင့် ကမ္ဘာကိုးကမ္ဘာသည် လှောင်ချိုင့်တစ်ခု မဟုတ်ချေ။ သူတို့သာ ဆန္ဒရှိနေသရွေ့ နတ်ဆိုးကမ္ဘာစုဝေးမှ ကိုးကမ္ဘာကောင်းကင်တာအိုမူလအစကို ရနိုင်မည်ဖြစ်ကာ ကိုးကမ္ဘာလှောင်ချိုင့်မှ ထွက်ခွာနိုင်မည်ဖြစ်သည်။

နန်းတော်လေးခုသခင်များသည် ကမ္ဘာကိုးကမ္ဘာကို လှောင်ချိုင့်တစ်ခုဟု မထင်ပေ။ ထိုအစား သူတို့သည် ကမ္ဘာကိုးကမ္ဘာကို သူတို့၏နယ်မြေဟုသာ ခံစားရ၏။

"သူတို့က နန်းတော်လေးခုသခင်တွေပဲ။"

ချူးဝမ်တောက်သည် အထွတ်အထိပ်ကျွမ်းကျင်သူလေးဦးက လေဟာနယ်သားရဲကို တိုက်ခိုက်နေသည်ကို မြင်ပြီး ထိတ်လန့်တကြား ဖြစ်သွား၏။ "ငါ သူတို့ကို ဒီမှာ တွေ့နေရမယ်လို့ မထင်ထားဘူး။"

"ခင်ဗျား သူ့ကို သိတာလား။"

"ဟုတ်ကဲ့ပါ သခင်။" ချူးဝမ်တောက်က ခေါင်းညိတ်၏။

"ငါ့ကိုပြော"

ချူးဝမ်တောက်သည် ခေါင်းညိတ်ပြီး လေးစားစွာ ပြန်ဖြေ၏။ သူသည် ချီမင်သိချင်သည့် နန်းတော်လေးခုသခင်များအကြောင်း ပြောပြလိုက်သည်။ "နန်းတော်လေးခုသခင်တွေဆိုတာက ကမ္ဘာကိုးကမ္ဘာရဲ့ ထောက်တိုင်ကြီးလေးခုပဲ။ သူတို့က ကမ္ဘာကိုးကမ္ဘာကို အစီအစဉ်ကျအောင် ထိန်းသိမ်းပေးထားတယ်။ တစ်ယောက်ချင်းစီတိုင်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်မှာ ရှိတယ်။"

.

ချီမင်သည် ထိုသည်ကို နားလည်ပြီး ခေါင်းညိတ်ပြလိုက်၏။ "သိပြီ။"

"ဘယ်သူလဲ။" ယန်ဖေးယွီသည် ခေါင်းမော့ကာ ချီမင်ကို ကြည့်လိုက်၏။ သူသည် ချီမင်၏ခန္ဓာကိုယ်ပေါ်မှ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ခံစားမိ၍ ခဏလောက်တွေးတောကာ ပြော၏။ "ထိပ်ဆုံးအထပ်ကို နောက်ထပ်မဟာတာအိုကျင့်ကြံသူ တစ်ယောက် ရောက်လာမယ် မထင်ထားဘူး။"

"မဟာတာအိုကျင့်ကြံသူ။" ကျောက်လင်းယင်သည်လည်း လှပသည့်မျက်နှာလေးတွင် အံ့ဩဟန်ပန်လေးဆင်ကာ ကြည့်လာသည်။ "ရှင်...ကျွန်မ တခြားမဟာတာအိုကျင့်ကြံသူတွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ရှင့်ကိုတော့ မမြင်ဖူးဘူး။"

"ရှင်က ကိုးယောက်မြောက် မဟာတာအိုကျင့်ကြံသူပဲ။"

"ကိုးယောက်မြောက်" ယန်ဖေးယွီသည် ကြောင်အသွားသည်။ သူသည် ချီမင်ကို ဂရုတစိုက်ကြည့်ပြီး ထိတ်လန့်စွာ ပြော၏။ "မင်းက ကိုးယောက်မြောက် မဟာတာအိုကျင့်ကြံသူပဲ။ တကယ့်ကို ကောင်းကောင်းပုန်းနေခဲ့တာပဲ။ အခုမှပဲ ပေါ်လာတော့တယ်။"

"တာအိုရောင်းရင်းတို့"

ချီမင်သည် ယန်ဖေးယွီနှင့် ကျောက်လင်းယင်၏စကားကို စိတ်ထဲမထည့်ပေ။ ထိုအစား သူသည် တည်တည်ငြိမ်ငြိမ်သာ ပြော၏။ "အခုထိတော့ နန်းတော်လေးခုသခင်က ပူးပေါင်းပြီး တိုက်ခိုက်တာတောင် လေဟာနယ်သားရဲကို အနိုင်မယူနိုင်သေးဘူး။ မင်းတို့တွေ သူဘယ်လောက် စွမ်းအားကြီးလဲဆိုတာ သိသင့်တယ်။"

"ဒါဆို ဘယ်လိုလုပ်မလဲ။"

"ငါတို့တွေ ပူးပေါင်းပြီး လေဟာနယ်သားရဲကို ဘာလို့ မသတ်ရမှာလဲ။"

ယန်ဖေးယွီသည် အကြိမ်အနည်းငယ် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ပူးပေါင်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းမှာ ဘယ်လိုနည်းစနစ်တွေ ရှိလဲဆိုတာ သိထားဖို့လိုတယ်။"

"ဟုတ်တယ်။" ကျောက်လင်းယင်သည် သဘောတူညီစွာ ခေါင်းညိတ်သည်။

"မာရ၊ ချူးဝမ်တောက်" ချီမင်သည် ညွှန်ကြားလိုက်၏။ "မြန်မြန် တိုက်ခိုက်ရအောင်။"

"ဟုတ်ကဲ့ပါ။"

ချူးဝမ်တောက်နှင့် မာရသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၏။ ထို့နောက် လုံးဝကို တုံ့ဆိုင်းမနေတော့ဘဲ လျင်မြန်စွာဖြင့် သူတို့၏အခြေအနေကို ထိန်းညှိကာ ကျင့်ကြံခြင်းနည်းစနစ်များကို လည်ပတ်လိုက်၏။ သူတို့သည် အံ့ဖွယ်စွမ်းအားနှင့် တာအိုနည်းစနစ်များကို သုံးပြီး ထိုလေဟာနယ်သားရဲများကို သတ်ဖြတ်လိုက်သည်။

"မူလအစသားရဲ။ ဆင်းသက်စမ်း။"

ချီမင်သည် ညာဘက်လက်ကို မြှောက်လိုက်ကာ ခပ်တိုးတိုးအော်လိုက်သည်။ ခမ်းနားသည့် အလင်းရောင်များသည် တောက်ပလာခဲ့ပြီး တိမ်တိုက်များထဲသို့ တိုးဝင်လာခဲ့၏။ ၎င်းက နေရာလွတ်ကိုပင် တုန်ခါသွားစေပြီး မယှဉ်သာလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် မူလအစတာအိုသားရဲကြီးကို ပေါ်လာစေတော့သည်။

၎င်းတို့က မူလအစ ဝါးမျိုခြင်း၊ မူလအစ ဖျက်ဆီးခြင်း၊ မူလအစ စိတ်ဝိညာဉ်ခေါင်းတလား၊ မူလအစအန္တိမယင်၊ မူလအစ ထာဝရညစ်ညမ်းခြင်း၊ မူလအစ ဖျက်ဆီးခြင်းမြွေနှင့် မူလအစဖျက်ဆီးခြင်းအရှင်တို့ဖြစ်သည်။

မူလအစတာအိုသားရဲခုနစ်ကောင်ထဲတွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်မှ သတ္တမအဆင့်ထိ ရှိသည်။

"ဝေါင်း"

"တိုက်"

"တိုက်"

"အပြစ်စီးကြောင်း"

"ညစ်ညမ်းခြင်းပင်လယ်"

"ဖျက်ဆီးခြင်းလက်ပတ်"

"ဖျက်ဆီးခြင်းရင်းမြစ်"

ချက်ချင်းပင် ချီမင်၏မူလအစတာအိုသားရဲခုနစ်ကောင်သည် မာရနှင့် ချူးဝမ်တောက်တို့၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းကာ လေဟာနယ်သားရဲကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လိုက်သည်။

"ဘာ..ဘာလဲဟ.."

"ဟူး"

ယန်ဖေးယွီနှင့် ကျောက်လင်းယင်သည်လည်း ထိတ်လန့်သွားသည်။ ထို့နောက် သက်ပြင်းမချဘဲမနေနိုင်တော့ချေ။

မြင်ကွင်းသည် အတော်လေး ထိတ်လန့်ဖွယ်ကောင်း၏။

ချီမင်ပြသထားသည့် နည်းလမ်းများသည် သူတို့၏မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့သည်။ ၎င်းက သူတို့ထင်ထားသည်ထက် များစွာ ကျော်လွန်သွားသည့်အတွက် ထိတ်လန့်တုန်လှုပ် မင်သက် အံ့ဩသွားရတော့သည်။

ပေါက်ကွဲသံကြီးထွက်လာခဲ့ပြီး ၎င်းက ကောင်းကင်ကိုပင် ဖုံးအုပ်သွား၏။ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲလှိုင်းများသည် ပျံ့နှံ့လာခဲ့ပြီး နန်းတော်လေးခုသခင်သည် နောက်ပြန်ဆုတ်လိုက်ရကာ သူတို့၏မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဘာ...ဘာဖြစ်သွားတာလဲဟ။"

"အခုလေးတင်..."

"ကြည့်ကြည့်လိုက်"

နန်းတော်လေးခုသခင်တို့သည် အော်ဟစ်လိုက်ကြ၏။

ပေါက်ကွဲမှုနောက်ဆက်တွဲလှိုင်းများသည် ပျောက်ကွယ်သွားခဲ့ပြီး အလင်းတန်းများသည် ပြန်လည်ဆုတ်ခွာသွားခဲ့၏။ ထိုလေဟာနယ်သားရဲများသည် ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။ ကောက်ကွေးနေသည့်လက်တံများသည် အနည်းဆုံး(၇၀)မှ(၈၀)ရာခိုင်နှုန်းထိက ပျက်စီးသွားတော့သည်။ အဓိကခန္ဓာကိုယ်သည်ပင် အက်ကွဲရာများ ထလာခဲ့သည်မှာ အပြင်းအထန်နာကျင်သွားရသည့်အလား အော်ဟစ်လိုက်၏။

မာရ၊ ချူးဝမ်တောက်နှင့် ချီမင်၏မူလအစတာအိုသားရဲအသင်းသည် ပူးပေါင်းကာ ထိုလေဟာနယ်သားရဲကို တိုက်ခိုက်လိုက်သည်။ သူတို့က ပြိုင်ဘက်ကင်းအင်အားမျိုးထုတ်ဖော်ကာ ရန်သူကို အပြင်းအထန် တိုက်ခိုက်တော့၏။

“အရမ်း...အရမ်းအားကောင်းတယ်။”

"ဒီလေဟာနယ်သားရဲက တကယ်တော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာပဲ။"

"အရမ်းစွမ်းအားကြီးတယ်။"

"မယုံနိုင်စရာပဲ။"

နန်းတော်လေးခုသခင်သည် ထပ်မံ အော်ဟစ်လိုက်၏။

တစ်ချိန်တည်းမှာ အပြင်ကမ္ဘာတွင်။

"ချီမင်မှာ တာအိုမူလအစသားရဲအသင်းငယ်လေး ရှိမယ် မထင်ထားဘူး။ မူလအစသားရဲတိုင်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေပဲ။ သူတို့က အတော်လေးကို စွမ်းအားကြီးသေးတယ်။ တကယ့်ကို မမျှော်လင့်ထားဘူး။"

"တကယ့်ကို မထင်ထားခဲ့ဘူး။"

"ဒီလိုဆို ယန်ဖေးယွီနဲ့ ကျောက်လင်းယင်က ချီမင်ထက် နိမ့်သွားပြီ။"

"ဟုတ်တယ်။"

"ချီမင်က သေချာပေါက် ရှေ့ဆက်မှာ။ သူက သေချာပေါက် မဟာတာအိုကျင့်ကြံသူတွေထဲမှာ နံပါတ်တစ် ဖြစ်ဖို့ ထိုက်တန်တယ်။"

"ဟုတ်တယ်။"

"ထိတ်လန့်စရာကောင်းတယ်။"

"ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်တက်ရင် ဘာတွေများ ဖြစ်လာမလဲဆိုတာ သိချင်နေပြီ။"

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် အံ့ဩတကြီး ဆွေးနွေးနေကြသည်။

"တိုက်"

"တိုက်"

ယန်ဖေးယွီနှင့် ကျောက်လင်းယင်သည် သတိပြန်ဝင်လာကြ၏။ အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့သည် ပူးပေါင်းတိုက်ခိုက်လိုက်သည်။ သူတို့သည် မဟာတာအိုအံ့ဖွယ်စွမ်းအားကို သုံးပြီး ထိုလေဟာနယ်သားရဲကို ဝိုင်းရံလိုက်၏။

သိပ်မကြာခင်မှာပင် ထိုလေဟာနယ်သားရဲသည် ယန်ဖေးယွီ၊ ကျောက်လင်းယင်တို့ထံမှ သတ်ဖြတ်ခံလိုက်ရတော့သည်။

ချီမင်သာ မာရတို့ကို တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့လျှင် ယန်ဖေးယွီနှင့် ကျောက်လင်းယင်သည် ထိုလေဟာနယ်သားရဲကို သတ်ဖြတ်ဖို့ တန်ဖိုးတစ်ခု ပေးဆပ်ရမှာ ဖြစ်သည်။

လေဟာနယ်သားရဲ သေသွားသည့်အခိုက် ချီမင်သည် ထိုအလောင်းပေါ်၌ အလင်းစက်လေးတစ်စက် ထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက ကြည်လင်တောက်ပနေကာ ချီမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။

"ဒါက.."ချီမင်သည် စဉ်းစားလိုက်သည်။

"လေဟာနယ်သားရဲကို သတ်ဖြတ်ခဲ့ပြီးတော့ လေဟာနယ်မူလအစအပိုင်းအစတစ်စ ရရှိခဲ့ပါတယ်။"

ချီမင်သည် သူ့ရှေ့တွင် သတင်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"ငါ နားလည်ပြီ။" ချီမင်သည် နားလည်သွားတော့၏။ "လေဟာနယ်သားရဲကို သတ်ဖြတ်တာက လေဟာနယ်အပိုင်းအစတစ်ခု ရနိုင်တယ်ပေါ့။ ငါသာ လေဟာနယ်မူလအစအားလုံးကို ရချင်ရင် လေဟာနယ်သားရဲ(၁၂၉၆၀၀)ကို သတ်ဖြတ်ဖို့လိုတယ်။"

"ကျွတ် ကျွတ်" ချီမင်သည် သက်ပြင်းချ၏။ "လေဟာနယ်သားရဲတိုင်းက အရမ်းစွမ်းအားကြီးတယ်။ လေဟာနယ်မူလအစအပိုင်းအစတွေအားလုံးကို စုစည်းချင်ရင် မလွယ်ဘူး။"

ထိုအခိုက် ယန်ဖေးယွီနှင့် ကျောက်လင်းယင်တို့၏ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်များသည် ပျောက်ကွယ်သွားတော့သည်။ လေဟာနယ်ထဲတွင် ကိုးကမ္ဘာကောင်းကင်တာအိုမူလအစသည် သိပ်သည်းလာခဲ့ပြီး သူတို့၏လက်ထဲသို့ ကျရောက်လာခဲ့၏။

သေချာသည်ကတော့ နန်းတော်လေးခုသခင်များသည်လည်း ကိုးကမ္ဘာကောင်းကင်တာအိုမူလအစကို ရသွားသည်။

"အောင်မြင်ပြီ။" ယန်ဖေးယွီ၏အမူအရာသည် အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ပင်။ "ဒါက ကိုးကမ္ဘာကောင်းကင်တာအိုမူလအစပဲ။ ငါတို့တွေ အောင်မြင်သွားပြီ။"

"အရမ်းကောင်းတယ်။"

ကျောက်လင်းယင်သည်လည်း ပျော်ရွှင်သွားတော့၏။

နောက်တစ်ခဏမှာ အလင်းတိုင်နှစ်တိုင်သည် ကောင်းကင်မှ သက်ဆင်းလာခဲ့ပြီး ယန်ဖေးယွီနှင့် ကျောက်လင်းယင်တို့ကို ဖုံးအုပ်သွားသည်။ နှစ်ယောက်လုံးက စေတီကို ရှင်းလင်းရာ၌ ပါဝင်ခဲ့သည့်အတွက် သက်ဆိုင်ရာ ဆုလဒ်များ ရရှိသွား၏။ ထို့နောက် သူတို့သည် ထွက်ခွာသွားတော့သည်။

ယန်ဖေးယွီနှင့် ကျောက်လင်းယင်၏တာဝန်သည် ချီမင်ထက် ရိုးရှင်းပေသည်။ သူတို့သည် လေဟာနယ်သားရဲတစ်ကောင်ကို သတ်ဖြတ်ရုံပင်။

ချီမင်သည် (၁၂၉၆၀၀)အကောင်ရေ သတ်ဖြတ်ရမှာ ဖြစ်သည်။

သူသည် ကိုးကမ္ဘာကောင်းကင်တာအိုမူလအစကို (၁၂၉၅၉၉)ထပ်တွင် ရရှိခဲ့၏။

"နှုတ်ဆက်ပါတယ်။"

"ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

နန်းတော်လေးခုသခင်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုံ့ဆိုင်းမနေတော့ချေ။ သူတို့သည် လက်သီးဆုပ်၍ ချီမင်ကို ကျေးဇူးတင်စကားဆိုပြီးသော် မိုးမြေဝါနက်ထူးခြားစေတီထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

"အင်း.."ချီမင်သည် အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏အကြည့်များသည် တောက်ပနေသည်။ ယန်ဖေးယွီတို့ ထွက်ခွာပြီးနောက် သူသည် လေဟာနယ်သားရဲများကို ဂရုတစိုက် အာရုံခံပြီး တည်နေရာကို အတည်ပြုလိုက်သည်။ ထို့နောက် မထူးမခြားနား ပြော၏။ "အမဲလိုက်တာကို စကြစို့ဟေ့။"

All Chapters