ဇာတ်လမ်းပုံစံက မှားနေတယ်
Vol. 26 Ch. 331
သူတို့ ဘုရားကျောင်း ခန်းမ တစ်ခုဆီ ရောက်လာကြသည်။
လီဖူချန် က အခန်းထဲမှာ လိုက်ရှင်းလင်းရင်း ကျန်းပေရန်ကို ပြောလိုက်သည်။
"အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ ဒီနေရာက ကျွန်တော်တို့ လျှို့ဝှက် တွေ့ဆုံနေကျ နေရာပါ လူတွေ သတိမထားမိအောင်လို့ တမင်တကာ ညစ်ပတ်အောင် ထားထားရတာပါ ခဏလောက် စောင့်ပါ ကျွန်တော် သန့်ရှင်းရေး လုပ်လိုက်ပါ့မယ်"
"မလိုဘူး"
ဖုန်မှုန့်တွေ ဖုံးနေတဲ့ ကုလားထိုင် တစ်လုံးပေါ် တန်းထိုင်လိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။
"သက်တောင့်သက်သာ ရှိချင်ရင် အင်း တစ်ခုခုကို သွားလိုက်မှာပေါ့ ဒီကို လာတာ အလုပ်ကိစ္စ ပြောမလို့လေ"
"ဟုတ်ကဲ့ပါ ဒါဆို အရှင်မင်းကြီး ခဏလောက် သည်းခံပြီး စောင့်ပေးပါဦး ကွေ့ချန် က ဟော်ကျိရှန် ကို ခေါ်လာရင် စလို့ရပါပြီ"
"ဟော်ကျိရှန် ဟုတ်လား"
သားပျောက် ရှာဖို့ သူ့ဆီ အကူအညီ လာတောင်းခဲ့တဲ့ လူကို ကျန်းပေရန် သဘာဝကျကျ မှတ်မိလိုက်သည်။
ပြောရရင် အဲဒီ ချန်ရှောင်တုန်း က အခု... မဟုတ်ဘူး အခုဆိုရင် ဟော်ဝန်ခန်း လို့ ခေါ်ရမှာ။
အဲဒီတုန်းက ဟော်ဝန်ခန်း ဆီကနေ ဇာတ်လိုက် အရှိန်အဝါကို မြင်ခဲ့ရလို့ ကျန်းပေရန် က "ပင်လယ်တစ်ထောင် ပျောက်ဆုံး ကျမ်းစာ" ကို သူတို့ဆီ ထားခဲ့ပေးခဲ့တာ အဲဒါက အဆောင်လက်ဖွဲ့ စာရွက် လုပ်နည်း သင်ပေးတဲ့ ကျမ်းစာအုပ် ဖြစ်သည်။
အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ ဆိုတော့ ဒီကောင်လေး သူ့ရဲ့ ဇာတ်လိုက် အလားအလာကို ထုတ်ပြနိုင်ပြီလား ဆိုတာ သူ သိချင်နေသည်။
အစ်ကိုကြီးဝမ် အတွေးနက်နေတာ မြင်တော့ လီဖူချန် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် သူပါပဲ သားပျောက် လာရှာတဲ့ ဟော်ကျိရှန် ပါပဲ သူ့ကြောင့်ပဲ အစ်ကိုကြီးဝမ်ကို ဒီလာခိုင်းလိုက်ရတာပါ"
"သူ ဒုက္ခရောက်နေလို့လား ဒါမှမဟုတ် သူရှာတွေ့သွားတဲ့ သားကြောင့်လား"
"နှစ်ယောက်စလုံးနဲ့ ဆိုင်ပါတယ် ပြောရမယ် ဆိုရင်တော့ သူ့သားနဲ့ ပိုဆိုင်ပါတယ်..."
"ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်"
လီဖူချန် စကားမဆုံးခင်မှာပဲ ဟော်ကျိရှန် ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြီးက ဘုရားကျောင်း ခန်းမထဲ ဝင်လာသည်။
ခံစားချက်တွေ ပြည့်နေတဲ့ မျက်နှာထားနဲ့ သူ ကျန်းပေရန် ရှေ့မှာ ဒူးထောက်လိုက်သည်။
"ဒီလို အခမ်းအနားတွေ မလိုပါဘူး ထပါ"
လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။
ဒါပေမဲ့ ဟော်ကျိရှန် မထဘူး။
သူ့နဖူးကို ကြမ်းပြင်နဲ့ ထိကပ်လိုက်ပြီး ဆက်ပြောသည်။
"အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော်..."
"ငါ ဒီကို လာတာ ယဉ်ကျေးစကားတွေ နားထောင်ဖို့ မဟုတ်ဘူး ဖူချန် ပြောတာတော့ ဒီကိစ္စက မင်းနဲ့ ဆိုင်တယ်ဆို"
"အရှင်မင်းကြီးကို ပြန်လည် လျှောက်ထားပါရစေ ဟုတ်ပါတယ် ကျွန်တော် ကိစ္စကြီး တစ်ခုနဲ့ ကြုံနေရလို့ အရှင်မင်းကြီးကို ဒုက္ခပေးပြီး ဒီအထိ လာခိုင်းလိုက်ရတာပါ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး"
"ဘာကိစ္စလဲ တိတိကျကျ ပြောစမ်း"
"ဒီကိစ္စက နည်းနည်း ရှည်ပါတယ် အသေးစိတ် ရှင်းပြခွင့် ပြုပါ အရှင်မင်းကြီး"
ပြောပြီးသည်နှင့် ဟော်ကျိရှန် ခေါင်းမော့ပြီး ကျန်းပေရန် မျက်လုံးတွေကို ကြည့်ကာ ပြောလိုက်သည်။
"မစခင်မှာ ကျွန်တော် အရင် ဝန်ခံစရာ တစ်ခု ရှိပါတယ် အရှင်မင်းကြီးရဲ့ အပြစ်ပေးမှုကို ခံယူပါ့မယ်"
ပြီးတော့ သူ ထပ်ပြီး ဦးညွှတ်လိုက်ပြန်သည်။
"ဘာလဲ"
"အရှင်မင်းကြီးကို ပြန်လည် လျှောက်ထားပါရစေ ပြီးခဲ့တဲ့ တစ်ခေါက် အကူအညီ လာတောင်းတုန်းက ဟော်ဝန်ခန်း က ကျွန်တော့်သားပါလို့ ပြောခဲ့တာ မမှန်ပါဘူး... ဝန်ခန်း က တကယ်တော့ ကျွန်တော့်အစ်ကိုကြီးရဲ့ သားပါ"
{ဟင်}
ဒါကို ကြားတော့ ကျန်းပေရန် မျက်မှောင်ကြုတ်လိုက်သည်။
တစ်ခုခု မှားနေပြီလို့ သူ ခံစားလိုက်ရသည်။
ကျန်းပေရန် မျက်မှောင်ကြုတ်တာ မြင်တော့ ဟော်ကျိရှန် ထပ်ပြီး ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီးကို လိမ်ညာတာက သေဒဏ် ထိုက်တယ် ဆိုတာ ကျွန်တော် သိပါတယ် အရှင်မင်းကြီး အပြစ်ပေးချင်တယ် ဆိုရင် ကျွန်တော် ဘာမှ မငြင်းပါဘူး"
ကျန်းပေရန် လက်ဝှေ့ယမ်းလိုက်ပြီး ပြန်ပြောသည်။
"ဘာလို့ ဒီကိစ္စကို ဖုံးကွယ်ထားရတာလဲ ဆိုတာပဲ ပြောပြစမ်းပါ"
"အမိန့်တော် အတိုင်းပါ"
ဟော်ကျိရှန် ခေါင်းပြန်မော့လိုက်ပြီး သူ့ဇာတ်လမ်းကို စပြောလိုက်သည်။
"ကျွန်တော်က မူလက လျန်တိုင်းပြည် ကပါ..."
{အင်း...}
ဟော်ကျိရှန် ရဲ့ နိဒါန်းကို ကြားလိုက်တာနဲ့ အရမ်း ရင်းနှီးနေတဲ့ ခံစားချက် တစ်ခု ကျန်းပေရန် ရင်ထဲမှာ ဖြစ်ပေါ်လာသည်။
{စနစ်က တစ်ခုခု ထပ်လုပ်နေပြန်ပြီ}
အောက်မှာတော့ ဟော်ကျိရှန် သူ့ဇာတ်လမ်းကို ဆက်ပြောနေသည်။
"ကျွန်တော့် ဟော်မိသားစုက ကွေ့နန် စီရင်စု မှာ အင်အားကြီး မိသားစု တစ်စု ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာ ကပ်ဘေးကြီး တစ်ခု ကျရောက်လာခဲ့တယ်..."
စကားပြောရင်း ဟော်ကျိရှန် လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး နာကျင်တဲ့ အမူအရာ သူ့မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။
"တစ်နေ့မှာ ထန်မိသားစုရဲ့ အကြီးဆုံး သမီး ထန်ရွေ့ဟွမ် က ကွေ့နန် စီရင်စု ကို အလုပ်ကိစ္စနဲ့ ရောက်လာတယ် ဒေသခံ အိမ်ရှင် အနေနဲ့ ကျွန်တော်တို့ ဟော်မိသားစုက သူမကို ကောင်းကောင်း ဧည့်ခံရတာပေါ့ ဒါပေမဲ့ ဘယ်သူ ထင်ထားမှာလဲ အဲဒီ မိန်းမယုတ်က ကျွန်တော့်အစ်ကိုကြီးကို သဘောကျသွားလိမ့်မယ်လို့..."
"ဟွတ်"
ဒါကို ကြားတော့ ကျန်းပေရန် ကိုယ့်တံတွေး ကိုယ်သီးလုနီးပါး ဖြစ်သွားသည်။
{အစ်ကိုကြီးကို သဘောကျသွားတယ် တကယ်ကြီး...}
ဒီဇာတ်လမ်းရဲ့ ပုံစံက နည်းနည်း လွဲနေသလို ခံစားရပေမယ့် ကျန်းပေရန် သူ့ရဲ့ စပ်စုချင်စိတ်ကို ဖိနှိပ်ပြီး တိတ်တဆိတ် ဆက်နားထောင်နေလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်အစ်ကိုကြီးက အိမ်ထောင်ရှိပြီးသား ဆိုတော့ အဲဒီ မိန်းမယုတ်ကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်တယ် မထင်မှတ်ထားတာက သူမက ရာဇသံ တိုက်ရိုက် ပေးလာတယ် ကျွန်တော့်အစ်ကိုကြီးကို ရွေးချယ်စရာ နှစ်ခုပဲ ပေးမယ်တဲ့ မိန်းမနဲ့ ကွာရှင်းပြီး သူမနဲ့ ယူမလား ဒါမှမဟုတ် ဟော်မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရမလား တဲ့"
{ဘုရားရေ...}
ကျန်းပေရန် ကြောင်အ သွားသည်။
လျန်တိုင်းပြည် ရဲ့ ဓလေ့ထုံးစံတွေက ဘယ်လောက် ကြမ်းတမ်းလဲ ဆိုတာ အံ့သြမိတယ် အမျိုးသမီးတွေကတောင် အိမ်ထောင်သည် ယောက်ျား တစ်ယောက်ကို လုယူတဲ့ နေရာမှာ ဒီလောက် ဗိုလ်ကျ စိုးမိုးရဲကြတယ်ပေါ့။
"ဆိုရိုးစကား ရှိတယ်မလား အင်အားကြီးတဲ့ ပြင်ပလူက ဒေသခံ အင်အားစုကို မဖိနှိပ်နိုင်ပါဘူးတဲ့ ထန်မိသားစုက ဟွာထောင် မှာ အရှိန်အဝါ ရှိတယ် ဆိုပေမယ့် ကျွန်တော်တို့ ဟော်မိသားစုကလည်း အသေးအဖွဲ မဟုတ်ပါဘူး ဒါကြောင့် ကျွန်တော့်အစ်ကိုကြီးက အဲဒီ မိန်းမယုတ်ကို မျက်နှာချင်းဆိုင် ဆဲဆိုလိုက်တယ် သူမက နားထောင်ပြီးတော့ အားပါးတရ ရယ်မောပြီး သူ့လူတွေနဲ့ ထွက်ခွာသွားတယ်"
"ဘယ်သူ ထင်ထားမှာလဲ ထန်မိသားစုက လျန်တိုင်းပြည် ရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်တဲ့ နဂါးပြာ မိုးကြိုး ဂိုဏ်း နဲ့ ဆက်စပ်နေတယ် ဆိုတာ ဂိုဏ်းချုပ် ချိုးဖေချန် က အနက်ရောင် ဘိုးဘေး အဆင့် ကျွမ်းကျင်သူလေ ကျွန်တော်တို့ ဟော်မိသားစုက ဘယ်လိုလုပ် သူတို့ကို ယှဉ်နိုင်မှာလဲ ဒါကြောင့် နဂါးပြာ မိုးကြိုး ဂိုဏ်း က လွှတ်လိုက်တဲ့ သံတမန်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ မိသားစု တစ်ခုလုံး ခေါင်းငုံ့လိုက်ရတယ် ဒါပေမဲ့ ကျွန်တော့်အစ်ကိုကြီး သဘောတူဖို့ အတင်းအကျပ် ဖိအားပေးခံနေရတုန်း အဲဒီ မိန်းမယုတ်က ရုတ်တရက် တောင်းဆိုချက် ပြောင်းလိုက်တယ်"
"သူမက တောင်းဆိုတယ် ကျွန်တော့်အစ်ကိုကြီး ကိုယ်တိုင် ကျွန်တော့် မရီးကို သတ်ရမယ် တဲ့ ပြီးတော့ လူအားလုံး ရှေ့မှာ ဒူးထောက်ပြီး သူမရဲ့ ခြေထောက်ကို နမ်းရမယ် တဲ့ ပြီးမှ သူတို့မိသားစုရဲ့ သမက် အဖြစ် လက်ခံပေးဖို့ တောင်းပန်ရမယ် တဲ့"
ဒီအဆင့် ရောက်တော့ ဟော်ကျိရှန် ရဲ့ လက်သီးတွေ ပိုကျစ်လာပြီး သူ့မျက်နှာထားက ကြောက်စရာ ကောင်းလာသည်။
"ယောက်ျားကောင်း ဆိုတာ ဂုဏ်သိက္ခာမဲ့တာထက် သေတာကို ပိုလိုလားတယ် ကျွန်တော်တို့ ဟော်မိသားစုက ဒီလို အရှက်ခွဲတာကို ဘယ်လိုလုပ် ခံနိုင်မှာလဲ"
"ကျွန်တော်တို့ အဲဒီ မိန်းမယုတ်နဲ့ နေရာမှာတင် တိုက်ခိုက်ခဲ့ကြတယ် ခဏတာ သူတို့ကို မောင်းထုတ်နိုင်ခဲ့တယ် ဒါပေမဲ့ သူမ ဒီကိစ္စကို ဒီအတိုင်း ထားခဲ့မှာ မဟုတ်ဘူး ဆိုတာ သိလို့ မျိုးနွယ်စုဝင်တွေကို လူစုခွဲပြီး ပုန်းခိုင်းလိုက်တယ် မုန်တိုင်းပြီးတဲ့အထိ စောင့်ဖို့ပေါ့ မထင်မှတ်ထားတာက အဲဒီ မိန်းမယုတ်က အလွန် စွမ်းရည်ရှိတာပဲ သုံးရက် အတွင်းမှာတင် နဂါးပြာ မိုးကြိုး ဂိုဏ်း က အနက်ရောင် ဧကရာဇ် အဆင့်ရှိတဲ့ မကောင်းဆိုးဝါး အစောင့်အရှောက် နှစ်ယောက်ကို ကိုယ်တိုင် ဦးဆောင်ခိုင်းပြီး ကျွန်တော့် ဟော်မိသားစုဝင် တစ်ယောက်မကျန် လိုက်လံ သတ်ဖြတ်ခိုင်းတယ် ကျွန်တော့်အဖေတောင် အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်"
"ဘုန်း"
ဟော်ကျိရှန် မြေကြီးကို လက်သီးနဲ့ ရုတ်တရက် ထိုးလိုက်သည်။
နီရဲနေတဲ့ မျက်လုံးတွေနဲ့ သူ ပြောလိုက်သည်။
"ကျွန်တော် ရိုင်းပျမိသွားပါတယ် ခွင့်လွှတ်ပါ အရှင်မင်းကြီး"
"ရပါတယ်"
လက်ဝှေ့ယမ်းပြီး ကျန်းပေရန် ပြောလိုက်သည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီး ဟော်ကျိရှန် ဆက်ပြောသည်။
"အဖေ့ အသက်ကို ကယ်တင်ဖို့နဲ့ ဟော်မိသားစုကို ကယ်တင်ဖို့အတွက် ကျွန်တော့်မရီးက... ကိုယ့်ကိုယ်ကို ဓားနဲ့ ထိုးသတ်သေလိုက်တယ် အစ်ကိုကြီး အတွက် စာတစ်စောင် ထားခဲ့ပြီး အဲဒီ မိန်းမယုတ်ရဲ့ တောင်းဆိုချက်တွေကို လက်ခံလိုက်ပါလို့ မှာခဲ့တယ် အစ်ကိုကြီး သိလိုက်ရတော့ ရင်ကွဲပက်လက် ဖြစ်သွားခဲ့တယ် ဒါပေမဲ့ မိသားစု အတွက် သူ သည်းခံခဲ့တယ် အဲဒီ မိန်းမယုတ်ဆီ မသွားခင် သူ့ရဲ့ တစ်ဦးတည်းသော သားကို ကျွန်တော့်ဆီ အပ်နှံခဲ့တယ် ဘာလို့လဲဆိုတော့ သူမက ကလေးကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး ဆိုတာ သူ သိနေလို့လေ နောက်ပိုင်း ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး... နောက်ဆုံးတော့ ရှန့်တိုင်းပြည် ကို ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တယ်"
ဟော်ကျိရှန် ရဲ့ ဝမ်းနည်းပူဆွေးနေတဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် အစတုန်းကလို ဇာတ်လမ်း နားထောင်ချင်တဲ့ စိတ် မရှိတော့ဘူး။
ဟော်မိသားစုရဲ့ ကံကြမ္မာဆိုး အတွက် သူ ကိုယ်ချင်းစာမိသွားသည်။
မျက်လုံးတွေကို အားပါပါ သုတ်လိုက်ပြီး ဟော်ကျိရှန် စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
"ဒါကြောင့် အရှင်မင်းကြီးရဲ့ ကျေးဇူးတရားက ကျွန်တော် တစ်ယောက်တည်း အပေါ်မှာတင် မဟုတ်ပါဘူး ကျွန်တော့် ဟော်မိသားစု တစ်ခုလုံး အပေါ်မှာပါ ကျွန်တော့် အစ်ကိုကြီး ကိုယ်စား ကျေးဇူးတင်ပါတယ်"
ပြောပြီးတာနဲ့ ဟော်ကျိရှန် သုံးကြိမ် ဦးညွှတ်လိုက်ရာ "ဒုန်း" ခနဲ မြည်သံများ ထွက်ပေါ်လာသည်။
ခေါင်းမော့လိုက်ပြီး ဟော်ကျိရှန် ဆက်ပြောသည်။
"ဒီတစ်ခါ အရှင်မင်းကြီးကို လာရှာရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ခြောက်လတုန်းက ကျွန်တော့်အစ်ကိုကြီးနဲ့ နောက်ဆုံးတော့ ပြန်တွေ့ခဲ့ရလို့ပါ ဒီ ဆယ်နှစ်နီးပါး ကာလအတွင်း အဲဒီ ကြီးမားတဲ့ ရိုက်ခတ်မှုကြောင့် သူ စိတ်ဓာတ်ကျ မသွားခဲ့ပါဘူး သူက နေ့ရောညပါ လက်စားချေဖို့ပဲ တွေးနေခဲ့တာ အခု သူက ကြီးမားတဲ့ အင်အားစု တစ်ခုကို တိတ်တဆိတ် စုဆောင်းထားပြီးပြီ နဂါးပြာ မိုးကြိုး ဂိုဏ်း ကို အမြစ်ပြတ် ချေမှုန်းဖို့ ပြင်ဆင်နေပါပြီ"
{နေပါဦး... ဒါက...}
နားထောင်ရင်းနဲ့ ကျန်းပေရန် သူ့ရဲ့ အရင် နားလည်မှုတွေ မှားကောင်း မှားနိုင်တယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဟော်ကျိရှန် အကူအညီ လာတောင်းတုန်းက မကူညီရင် မြေကမ္ဘာအဆင့် ရွေးချယ်မှု ပေါ်လာခဲ့တာ။
အခု ကြည့်ရတာ အဲဒီ မြေကမ္ဘာအဆင့် ရွေးချယ်မှုက ဟော်ဝန်ခန်း ကြောင့် မဟုတ်ဘဲ သူ့အဖေအရင်း ကြောင့် ဖြစ်နေမလား။
{ကြားရတာ ပိုမှောင်မိုက်ပြီး ဝမ်းနည်းစရာ ကောင်းပေမယ့် ဒါက ဂန္တဝင် ပုံစံဝင်နေတဲ့ သမက် ဇာတ်လမ်း ပုံစံခွက်ပဲ}
ဟော်ကျိရှန် ရဲ့ အစ်ကိုကြီးက နောက်ပိုင်း ထန်မိသားစုဆီ သမက် အဖြစ် လက်ထပ်ခဲ့တာ ဖြစ်ရမယ်။
အဲဒီလို အစီအစဉ်မျိုးနဲ့ ဆိုရင် သူ့နေ့စဉ် ဘဝမှာ အဆုံးမရှိတဲ့ လှောင်ပြောင်မှုတွေကို ခံစားရဖို့ သေချာနေပြီ။
သွားကိုကြိတ်ပြီး ကျောရိုးကို မတ်မတ်ထားကာ နှလုံးသားထဲမှာ လက်စားချေလိုစိတ်တွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီလို ဇာတ်ကောင်မျိုးက... သည်းခံရုံ သက်သက်ပဲ ဆိုရင် ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ်ပဲ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ ဟော်ကျိရှန် ပြောပြချက်အရ သူ့အစ်ကိုကြီးက သည်းခံနေရုံ သက်သက် မဟုတ်ဘူး။
သူက ယွဲ့ ဘုရင် ဂေါင်ကျန် လိုပဲ နာကြည်းချက်တွေကို သိမ်းဆည်းထားပြီး အချိန်ကို စောင့်ဆိုင်းနေခဲ့တာ လက်စားချေဖို့ အင်အားကို အဆက်မပြတ် စုဆောင်းနေခဲ့တာ။
ပြီးတော့ သူ အောင်မြင်ခဲ့တဲ့ ပုံပဲ။
{ဟာ ငါတော့ သေလိုက်ပါတော့}
{ဒါဆို သူက ဇာတ်လိုက် အစစ် ပေါ့}
"ဒါဆို ဒီကိစ္စတွေ အကုန်လုံးက မင်း ငါ့ကို လာရှာတာနဲ့ ဘာဆိုင်လို့လဲ"
ကျန်းပေရန် မေးလိုက်သည်။
"အရှင်မင်းကြီးကို ပြန်လည် လျှောက်ထားပါရစေ နဂါးပြာ မိုးကြိုး ဂိုဏ်း က လျန်တိုင်းပြည် ရဲ့ နံပါတ်တစ် ဂိုဏ်း ပါ သူတို့ကို ဖြိုချဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး စစ်ပွဲသာ ဖြစ်လာခဲ့ရင် နဂါးပြာ မိုးကြိုး ဂိုဏ်း ရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းလွန်းသလို သူတို့ ဆင့်ခေါ်နိုင်တဲ့ မဟာမိတ်တွေကလည်း ပထမတန်းစား ဂိုဏ်းတွေ ဖြစ်မှာ သေချာပါတယ် ဒါကြောင့် ကျွန်တော့်အစ်ကိုကြီး ယုံကြည်တာက နဂါးပြာ မိုးကြိုး ဂိုဏ်း ကို ဖြိုချဖို့ ဆိုရင် လျန်တိုင်းပြည် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ ပြင်ဆင်ထားရမယ် တဲ့ ဒါက သူတစ်ယောက်တည်း လုပ်ဖို့ အရမ်း ခက်ခဲပါတယ် ဒါကြောင့် အရှင်မင်းကြီးကို သတိရမိတာပါ"
{အော်...}
ဒါကို ကြားတော့ စနစ်က ဘယ်လို အကွက်မျိုး ချထားလဲ ဆိုတာ ကျန်းပေရန် နောက်ဆုံးတော့ နားလည်သွားသည်။
ထိုင်နေတဲ့ ပုံစံကို ပြင်လိုက်ပြီး ကျန်းပေရန် ဟော်ကျိရှန် ကို ကြည့်ကာ မေးလိုက်သည်။
"မင်း ပြောချင်တာက မင်းအစ်ကိုကြီးက လျန်တိုင်းပြည် ကို သိမ်းပိုက်ဖို့ ငါနဲ့ ပူးပေါင်းချင်နေတာလား"
ဟော်ကျိရှန် ခေါင်းခါလိုက်ပြီး ကျန်းပေရန်ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။
"ကျွန်တော့်အစ်ကိုကြီးက ထန်မိသားစု နဲ့ နဂါးပြာ မိုးကြိုး ဂိုဏ်း ကို မြေမြှုပ်စရာ နေရာမရှိအောင် သေစေချင်တာပါ လျန်တိုင်းပြည် ကိုတော့ ကျွန်တော့်အစ်ကိုကြီးက လက်နှစ်ဖက်နဲ့ ပင့်မပြီး အရှင်မင်းကြီးကို ဆက်သပါလိမ့်မယ်"
ဟော်ကျိရှန် ရဲ့ စိတ်ရင်းမှန်တဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် လီဖူချန် ဘက် လှည့်ကာ မေးလိုက်သည်။
"သူ့ကို ဘယ်လောက်ထိ ယုံကြည်လို့ ရလဲ"
လီဖူချန် ခဏတာ ကြောင်သွားပြီးမှ ရှေ့အမြန်တိုးကာ လက်နှစ်ဖက်ယှက်လိုက်သည်။
"အရှင်မင်းကြီး ဟော်ကျိရှန် က ဖြောင့်မတ်တဲ့ စိတ်ထား ရှိပြီး ရိုးသားစွာ ပြုမူတတ်သူပါ ခက်ခဲတဲ့ အခြေအနေကြောင့် ရင်ထဲမှာ ဖုံးကွယ်ထားခဲ့ရတဲ့ ဒီကိစ္စ ကလွဲရင် တခြား ကိစ္စတွေ အားလုံးမှာ ကျွန်တော်တို့ အဖွဲ့အစည်း အတွက် စံပြ ပုဂ္ဂိုလ် တစ်ယောက်ပါ သူ့ကို ယုံကြည်လို့ ရမယ်လို့ ကျွန်တော် ထင်ပါတယ်"
ဒါကို ကြားတော့ ဟော်ကျိရှန် လီဖူချန် ကို ချက်ချင်း လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
ကျန်းပေရန် ကတော့ ဟော်ကျိရှန် ယုံကြည်ရမှန်း သိပြီးသားပါ မဟုတ်ရင် စနစ်က ရွေးချယ်စရာတွေ ထုတ်ပေးနေမှာပေါ့။
သူ ဒီမေးခွန်းကို မေးရတဲ့ အကြောင်းရင်းက နှစ်ခု ရှိတယ် တစ်ခုက လီဖူချန် ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို စမ်းသပ်ဖို့၊ နောက်တစ်ခုက သူ့လက်အောက်ငယ်သား ရှေ့မှာ သူ့ဂုဏ်သိက္ခာကို တည်ဆောက်ပေးဖို့….
လီဖူချန် ကို ခေါင်းညိတ်ပြလိုက်ပြီး ကျန်းပေရန် ဟော်ကျိရှန် ဘက် ပြန်လှည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ ဒါပေမဲ့ ဒီကိစ္စက မင်းအစ်ကိုကြီး ကိုယ်တိုင် ငါနဲ့ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား"
"ဒါပေါ့ပါ ကျွန်တော်က အရှင်မင်းကြီး စိတ်ဝင်စားလား ဆိုတာ အရင် လာမေးကြည့်တာပါ အရှင်မင်းကြီး သဘောတူတယ် ဆိုရင် အရှင်မင်းကြီး နဲ့ ကျွန်တော့်အစ်ကိုကြီး တွေ့ဆုံဖို့ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
"ဒါဆိုရင် မင်း အခု သွားစီစဉ်လိုက်တော့"
စနစ်က ဘာရွေးချယ်စရာမှ မပြဘူး ဆိုတော့ ဒီကိစ္စက အလားအလာ အရမ်း ကောင်းနေတာ ထင်ရှားတယ်။
{ဒီ ဒုက္ခပေးတဲ့ အိမ်နီးချင်းကို ရှင်းပစ်ရမယ့် အချိန် နောက်ဆုံးတော့ ရောက်လာပြီလား...}
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျွန်တော် အစ်ကိုကြီးကို ချက်ချင်း သွားဆက်သွယ်လိုက်ပါ့မယ် ဒီကိစ္စ အောင်မြင်ရင် ကျွန်တော့် ဟော်မိသားစု တစ်ခုလုံး အရှင်မင်းကြီးကို ထာဝရ ကျေးဇူးတင်နေမှာပါ"
"သွားတော့"
"အမိန့်တော် အတိုင်းပါ"
ဟော်ကျိရှန် ပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ လီဖူချန် ကို လက်နှစ်ဖက်ယှက် နှုတ်ဆက်ပြီး တံခါးအပြင်သို့ အမြန် ပြေးထွက်သွားသည်။
ဟော်ကျိရှန် ထွက်သွားတာ ကြာမှ ကျန်းပေရန် မတ်တပ်ထရပ်ပြီး လီဖူချန် ကို ပြောလိုက်သည်။
"မင်းတို့ ကမ္ဘာ့သမဂ္ဂ မှာ ဝှက်ဖဲ နဂါးတွေ ဝပ်နေတဲ့ ကျားတွေ အများကြီး ရှိတာပဲ ဟော်ကျိရှန် လိုမျိုး လျှို့ဝှက်ဆန်းကြယ် နောက်ခံ ရှိတဲ့ အရေးပါ ပုဂ္ဂိုလ်တွေ ရှိသေးလား များလေ ကောင်းလေပဲ"
"စိတ်ချပါ အရှင်မင်းကြီး နောက်ထပ် အဲဒီလို လူမျိုးတွေ တွေ့ရင် ဖူချန် အမြန်ဆုံး သတင်းပို့ပါ့မယ်"
"အင်း မင်းဆီက သတင်းကောင်း စောင့်နေမယ် သွားကြစို့ ငါ့ကို လမ်းလျှောက် လိုက်ပို့ပြီး ဒီ လျန်တိုင်းပြည် နဲ့ ရှန့်တိုင်းပြည် ဘာကွာခြားလဲ ဆိုတာ ပြပေးပါဦး"
"ဟုတ်ကဲ့ပါ ဒီဘက် ကြွပါ အရှင်မင်းကြီး"
လီဖူချန် က သူ့အစ်ကိုကြီးဝမ်ကို ဦးဆောင် ခေါ်သွားတာ ကြည့်ပြီး ကျိုးကွေ့ချန် လိမ္မာစွာ နောက်မှာ ကျန်နေရစ်ခဲ့သည် သူ့ခေါင်းထဲမှာတော့ ခုနက ကြားခဲ့ရတာတွေကြောင့် မူးဝေနေဆဲ ဖြစ်သည်။
{အဲဒါကြောင့်ကိုး အရင်တုန်းက သူ ဒီလောက် လျှို့ဝှက်နေခဲ့တာ ငါ့ကိုတောင် မပြောပြခဲ့ဘူး}
{ဒီလောက် ကြီးမားတဲ့ ကိစ္စ ဖြစ်နေလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး...}
{လျန်တိုင်းပြည် တစ်ခုလုံးကို ဖြိုချမယ် ဟုတ်လား စိတ်ဝင်စားစရာပဲ}
{အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်}
ဘုရားကျောင်း ခန်းမထဲက ထွက်လာပြီး လီဖူချန် ကျန်းပေရန် ကို ဈေးထဲ လမ်းလျှောက် လိုက်ပို့ပေးသည်။
ဒါပေမဲ့ သူတို့ မြေအောက် မှောင်ခိုဈေးကွက် ကို သွားဖို့ ပြင်လိုက်တဲ့ အချိန်မှာ ကျန်းပေရန် မျက်စိရှေ့မှာ ရွေးချယ်စရာတွေ ပေါ်လာသည်။
[ရွေးချယ်မှု ၁ - လီဖူချန် နောက်လိုက်ပြီး မှောင်ခိုဈေးကွက် ထဲ ဝင်ပါ
ပြီးမြောက်သည့် ဆုလာဘ် - ဖီးနစ်ကကြိုး ရတနာ ကျမ်းစာ (အနက်ရောင်အဆင့် အဆင့်မြင့်)]
[ရွေးချယ်မှု ၂ - စိတ်မဝင်စားကြောင်း ပြောပါ
ပြီးမြောက်သည့် ဆုလာဘ် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် ၁]
{ထင်တဲ့အတိုင်းပဲ လျန်တိုင်းပြည် မှာ ငါ ဒီလောက် လွတ်လပ်လို့ မရဘူး}
ကျန်းပေရန် ခန့်မှန်းထားသလိုပဲ ရှန့်တိုင်းပြည် မှာ ရွေးချယ်စရာ မပေါ်ဘဲ လှည့်ပတ်သွားလာလို့ ရတာက အဓိကအားဖြင့် အရာအားလုံး သူ့ထိန်းချုပ်မှု အောက်မှာ ရှိနေလို့ပဲ ပေါ်ပေါ်ထင်ထင် ရန်သူရော တိတ်တဆိတ် ရန်သူရော သူ မကြောက်ဘူး။
ဒါပေမဲ့ လျန်တိုင်းပြည် မှာကျတော့ သူ့မှာ အဲဒီလောက် ကွန်ရက်တွေ အရင်းအမြစ်တွေ မရှိဘူး။
သဘာဝကျကျပဲ သူ သတိထားပြီး လှုပ်ရှားရဦးမယ်။
[ရွေးချယ်မှု တာဝန် ပြီးဆုံးပါပြီ
ဆုလာဘ် - ဝိညာဉ် ချက်လုပ်ခြင်း +၁]
{ဒါပေမဲ့ အမှတ်တွေ စုရတာတော့ ကျေနပ်စရာ ကောင်းသားပဲ}
"မသွားနဲ့တော့ တခြားနေရာ သွားကြည့်ရအောင်"
အစ်ကိုကြီးဝမ် က မှောင်ခိုဈေးကွက်ကို စိတ်မဝင်စားဘူး ဆိုတာ မြင်တော့ လီဖူချန် ပစ္စည်းကောင်းတွေ တွေ့နိုင်မယ့် တခြားနေရာ တချို့ကို ခေါ်သွားပေးပေမယ့် အံ့သြစရာ ကောင်းလောက်အောင် အစ်ကိုကြီးဝမ် က အကုန် ငြင်းပယ်လိုက်သည်။
{ဟုတ်သားပဲ အစ်ကိုကြီးဝမ် လို ပုဂ္ဂိုလ်ကြီးက လျန်တိုင်းပြည် လို နေရာသေးသေးလေးက မှောင်ခိုဈေးကွက်ကို ဘယ်စိတ်ဝင်စားပါ့မလဲ}
ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ကျိန်ဆဲလိုက်ပြီး လီဖူချန် နည်းလမ်းပြောင်းလိုက်ကာ သူ ပုံမှန် သွားလေ့ရှိတဲ့ လက်ဖက်ရည်ဆိုင် ငယ်လေး တစ်ခုဆီ ကျန်းပေရန် ကို ခေါ်သွားလိုက်သည်။
"အစ်ကိုကြီးဝမ် ဒီဆိုင်က ဆန်ညို လက်ဖက်ရည် က အရမ်း ကောင်းတယ် မြည်းစမ်းကြည့်ပါဦး"
မွှေးပျံ့နေတဲ့ ဆန်ညို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီးနောက် လီဖူချန် ကျန်းပေရန် ကို ကမ်းပေးလိုက်သည်။
လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ကျန်းပေရန် တစ်ငုံ သောက်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
"အင်း မဆိုးဘူး"
"အစ်ကိုကြီးဝမ် ကြိုက်လို့ ဝမ်းသာပါတယ်"
နောက်ဆုံးတော့ သူ ရွေးချယ်မှု မှန်ကန်သွားပြီ ဆိုတာ မြင်လိုက်ရတော့ လီဖူချန် သက်ပြင်းချလိုက်ပြီး ကျန်းပေရန် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
ဒီနေ့ ရွေးချယ်မှု ရှစ်ကြိမ်တောင် ပေါ်လာပြီးပြီမို့လို့ ကျန်းပေရန် ဆက်ပြီး လျှောက်သွားဖို့ စိတ်ကူး မရှိတော့ပေ။
လက်ဖက်ရည် နောက်တစ်ငုံ သောက်လိုက်ပြီး သူ မေးလိုက်သည်။
"ခုနက မင်းပြောတဲ့ လခြမ်းကွေး တောင်ကြား က ဘယ်နားမှာလဲ"
ကျန်းပေရန် ခွက်ထဲ လက်ဖက်ရည် ထပ်ဖြည့်ပေးပြီးနောက် လီဖူချန် ပြန်ဖြေလိုက်သည်။
"ယီရှီ စီရင်စု ထဲမှာပါ ဒီကနေ သိပ်မဝေးပါဘူး"
"ဒီထူးခြားဖြစ်စဉ်ကို ဘယ်တုန်းက စ သတိထားမိတာလဲ"
"လွန်ခဲ့တဲ့... ငါးရက်လောက်ကပါ"
"ငါးရက်..."
ကျန်းပေရန် ခွက်ထဲက လက်ဖက်ရည်ကို ကုန်အောင် သောက်လိုက်သည်။
"ဒါဆို ဒီနေ့တော့ ဒီလောက်ပါပဲ ငါ တည်းဖို့ နေရာ စီစဉ်ပေးပါ မနက်ဖြန် ဟော်ကျိရှန် သူ့အစ်ကိုကို ရှာတွေ့ပြီးမှ ငါ့ကို အကြောင်းကြားလိုက်"
"ဟုတ်ကဲ့ပါ တည်းခိုဖို့ အတွက် အစ်ကိုကြီးဝမ် အင်း မှာ တည်းချင်လား ဒါမှမဟုတ် ကျွန်တော် စီစဉ်ပေးမယ့် ဧည့်သည်အခန်း မှာ တည်းချင်လား"
"မင်း စီစဉ်ပေးတဲ့ ဧည့်သည်အခန်း က အဆင်ပြေပါတယ်"
ဒါကို ကြားတော့ လီဖူချန် ဝမ်းသာအားရ မတ်တပ်ထရပ်လိုက်သည်။
"ဒါဆို နောက်က လိုက်ခဲ့ပါ ကျွန်တော် အခုပဲ လိုက်ပို့ပေးပါ့မယ်"
"အလျင်မလိုပါဘူး လက်ဖက်ရည် သောက်ပြီးမှ သွားလည်း မနောက်ကျပါဘူး"
"ဟုတ်ကဲ့ ကျွန်တော် ရေနွေး ထပ်ယူလာပေးပါ့မယ်"
ပြောပြီးသည်နှင့် လီဖူချန် ကောင်တာ ဆီ တန်းပြေးသွားပြီး စားပွဲထိုးကို လက်ဖက်ရည် အခန်းဘက် ဆွဲခေါ်သွားသည်။