စွပ်စွဲခံရခြင်း
Vol. 26 Ch. 335
...
တိတ်ဆိတ်ခြင်း၊ အလွန်တရာ ထူးဆန်းသော တိတ်ဆိတ်ခြင်း။
လျန်တိုင်းပြည် က အင်အားကြီး ဂိုဏ်းပေါင်းစုံက တပည့်တွေ ရောက်လာပြီးတဲ့နောက် သူတို့ရဲ့ ဆရာတွေ၊ ဂိုဏ်းချုပ်တွေက သူတို့ရဲ့ ကြောက်ရွံ့ခြင်း မရှိတဲ့ ထောက်ခံမှု အတွက် စိတ်လှုပ်ရှားနေကြတာမျိုး မရှိတာကို တွေ့လိုက်ရသည်။
အဲဒီအစား လူတိုင်းက မျက်နှာထား တင်းမာနေကြသည် အထူးသဖြင့် နဂါးပြာ မိုးကြိုး ဂိုဏ်း ရဲ့ ဂိုဏ်းခေါင်းဆောင် လင်ရန်ဝူ ရဲ့ မျက်နှာကတော့ ကိုယ့်ရဲ့ အဖိုးတန် ရတနာ တစ်ခု မျက်စိရှေ့မှာတင် အဖျက်ဆီးခံလိုက်ရသလိုမျိုး မည်းမှောင်နေသည်။
လူကြီးတွေ အကုန်လုံး စိတ်မကြည်မလင် ဖြစ်နေတာ မြင်တော့ မျိုးဆက်သစ်တွေက သဘာဝကျကျ အသံမထွက်ရဲကြတော့ပေ။
ဒါကြောင့် တောင်ကြား တစ်ခုလုံး တိတ်ဆိတ်နေပေမယ့် စပ်စုချင်စိတ် မထိန်းနိုင်တဲ့ တပည့်တချို့ကတော့ အသံပို့စနစ်နဲ့ တိတ်တဆိတ် ဆွေးနွေးနေကြသည်။
"ဘာဖြစ်တာလဲ ဂိုဏ်းချုပ်တွေရဲ့ မျက်နှာထားတွေက မကောင်းဘူး ပြဿနာကြီး တစ်ခုခုနဲ့ ကြုံနေရတာများလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လျန်တိုင်းပြည် ရဲ့ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူတွေ အကုန် ဒီမှာ စုဝေးနေတာလေ သူတို့တောင် မဖြေရှင်းနိုင်ဘူး ဆိုရင် လျန်တိုင်းပြည် ပျက်စီးသွားပြီပေါ့"
"ဒါဆိုရင် အဲဒီလောက် အဆင့်ရှိတဲ့ ကပ်ဘေးကြီးများလား"
"ဖယ်စမ်းပါကွာ နိမိတ်မရှိ နာမရှိ မပြောစမ်းပါနဲ့"
...
တပည့်တွေရဲ့ ခန့်မှန်းချက်တွေက ပိုရိုင်းစိုင်းလာတာနဲ့အမျှ ယန်စီယွမ် နောက်ဆုံးတော့ စကားစပြောလိုက်သည်။
"ကလေးတွေကို အရင် လူစုခွဲခိုင်းလိုက်ရအောင် ဒီကိစ္စကို ငါတို့ အနည်းငယ်ပဲ ကောင်းကောင်း ဆွေးနွေးကြတာပေါ့"
တခြား ဂိုဏ်းချုပ်တွေ ဒါကို ကြားတော့ သဘောတူစွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့ တပည့်တွေကို ပြန်လွှတ်လိုက်ကြသည်။
တပည့်တွေ အကုန် ထွက်ခွာသွားကြပြီးနောက် ယန်စီယွမ် လင်ရန်ဝူ ကို ကြည့်ပြီး ပြောလိုက်သည်။
"ကန်းနေတဲ့ လင် အခု ငါတို့ကို သေချာ ရှင်းပြလို့ ရပြီ မဟုတ်လား မင်းက တကယ်ပဲ ကန်းနေတာလား"
"သောက်ရေးမပါတာ ယန်သရဲအိုကြီး မင်း နောက်ထပ် ပေါက်ကရ တစ်ခွန်းလောက် ထပ်ပြောရင် မင်းပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်"
"ဟေး မင်းလို ထိပ်ပြောင်က ဒေါသကြီးလှချည်လား ငါ ပြောမယ် ဒီနေ့ ကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့ ဘယ်သူမှ မျက်နှာဖော်ရဲမှာ မဟုတ်တော့ဘူး လျန်တိုင်းပြည် ရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား တစ်အုပ်စုက လှုပ်ရှားမှု သေးသေးလေး တစ်ခုကြောင့် ကြောက်လန့်ပြီး တစ်နေရာတည်းမှာ စုပြုံနေကြတယ် နေ့တစ်ဝက်လောက် အပြင်မထွက်ရဲဘူး မင်းမှာ အရှက်မရှိရင်တောင် ငါ့မှာ ရှိသေးတယ်ကွ"
"ငါ..."
လင်ရန်ဝူ ယန်စီယွမ် ကို ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ ပြောစရာ စကားမဲ့နေသည်။
ဘာပဲပြောပြော ဒီကိစ္စက တကယ်ပဲ အရှက်ရစရာ ကောင်းလွန်းတယ်။
မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် ထဲကနေ ထွက်လာတဲ့ အခိုက်အတန့်မှာ လင်ရန်ဝူ ဒေါသထွက်လွန်းလို့ သွေးအန်ပြီး မေ့လဲလုနီးပါး ဖြစ်ခဲ့ရတယ်။
အခုချိန်ထိ မတ်တပ်ရပ်နေနိုင်တာက စိတ်ဓာတ်ခိုင်မာမှု သက်သက်ကြောင့်ပဲ။
"တစ်ခုခု ပြောလေကွာ"
လင်ရန်ဝူ တိတ်ဆိတ်နေတာ တွေ့တော့ ယန်စီယွမ် ဆက်ပြီး ဟိန်းဟောက်လိုက်သည်။
"မင်း အရင်တုန်းက ဒီလောက် သတ္တိမနည်းပါဘူး ဒီတစ်ခါ ဘယ်လိုဖြစ်ပြီး ကျောရိုးမဲ့သွားရတာလဲ ဟေ့ ငါ မင်းကို ပြောနေတာနော် ဘယ်သူ့ကို မျက်နှာချိုသွေးနေတာလဲ ငါ..."
"ဂိုဏ်းချုပ် ယန် ခဏလောက် နေပါဦး"
သူတို့ နှစ်ယောက် ပြင်းပြင်းထန်ထန် ငြင်းခုံနေတုန်း အကန့်အသတ်မဲ့ ကုန်သည်ကြီးများ အသင်း ရဲ့ ခေါင်းဆောင် ချိုးဟုန်လန် ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"ဘာလဲ ချိုးဒုက္ခိတ မင်းက ဒီအဘိုးကြီး ဘက်က ဝင်ပြောပေးချင်လို့လား"
"မဟုတ်ပါဘူး"
ချိုးဟုန်လန် ခေါင်းခါလိုက်ပြီး လင်ရန်ဝူ ကို ကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင် လင် ကျွန်တော့် မှတ်ဉာဏ် မမှားဘူး ဆိုရင် ခုနက ပေါ်လာတဲ့ အနက်ရောင် ဧကရာဇ် အရှိန်အဝါက ရှန့်တိုင်းပြည် လေးမျက်နှာဂိုဏ်း က မုန့်စစ်ဖေ ရဲ့ အရှိန်အဝါ မဟုတ်လား"
"ဟုတ်တယ် သူပဲ"
လင်ရန်ဝူ စိတ်မရှည်စွာ ပြောလိုက်သည်။
လင်ရန်ဝူ ဝန်ခံလိုက်တာ ကြားတော့ ချိုးဟုန်လန် မျက်လုံးတွေ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
"ဂိုဏ်းခေါင်းဆောင် လင် ခင်ဗျား ကျွန်တော်တို့ ရောက်လာတာကို အာရုံခံမိပြီး အဲဒီ ကောင်မလေး ထွက်ပြေးလို့ ရအောင် တမင်တကာ အချိန်ဆွဲထားတာတော့ မဟုတ်ပါဘူးနော်"
ဒါကို ကြားတော့ ယန်စီယွမ် ချက်ချင်း တက်ကြွလာသည်။
"ဟုတ်တယ် ဒါကြောင့် မင်း ပုံမှန် မဟုတ်ဘူးလို့ ငါ ထင်နေတာ မင်း တစ်ခုခု ကြံစည်နေတာပဲ ပြောစမ်း မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရှိနေတဲ့ တခြား ဂိုဏ်းချုပ်တွေ ဒါကို ကြားတော့ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြပြီး လင်ရန်ဝူ ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြသည်။
"ထွီ ချိုး မျိုးရိုးနဲ့ ကောင် မင်းရဲ့ စွပ်စွဲမှုတွေကို ရပ်လိုက်စမ်း ဒီတစ်ခါ ငါ နလပိန်းတုံး ဖြစ်သွားတယ် ဆိုတာ ဝန်ခံပါတယ် ဒါပေမဲ့ ငါ့ကို မဟုတ်မဟတ် လာမစွပ်စွဲနဲ့"
လင်ရန်ဝူ ဒေါသထွက်နေပြီ ချိုးဟုန်လန် က သူ့ဘက်က ဝင်ပြောပေးမယ် ထင်ခဲ့တာ ယန်စီယွမ် ထက်တောင် ပိုရက်စက်နေတယ် တိုက်ရိုက် အသေကောင် လိုချင်နေတာပဲ။
သူ့စကားတွေက လင်ရန်ဝူ ရှန့်တိုင်းပြည် နဲ့ ပူးပေါင်းနေတယ်လို့ သွယ်ဝိုက် ပြောနေတာ မဟုတ်ဘူးလား ဒါက ဦးနှောက်မရှိဘူးလို့ ပြောခံရတာထက် အများကြီး ပိုဆိုးရွားတဲ့ စွပ်စွဲချက်ပဲ။
လင်ရန်ဝူ အော်ဟစ်နေတာ ကြားပေမယ့် ချိုးဟုန်လန် ဒေါသမထွက်ပါဘူး။
သူ လင်ရန်ဝူ ကို စူးစိုက်ကြည့်ပြီး ဆက်ပြောသည်။
"ဂိုဏ်းခေါင်းဆောင် လင် ရဲ့ တုံ့ပြန်မှုက အရမ်း ပြင်းထန်နေတယ် ကျွန်တော် အနာပေါ် တုတ်ကျသွားလို့များလား"
"ချိုး မျိုးရိုးနဲ့ ကောင် မင်းက တုံးနေတာလား ငါ ရှန့်တိုင်းပြည် နဲ့ တကယ် ဆက်သွယ်ချင်ရင်တောင် သူမကို ဒီခေါ်လာပါ့မလား မင်းတို့ အကုန်လုံး ဒီမှာ ရှိနေမှန်း ငါ မသိဘဲ နေမလား"
ချိုးဟုန်လန် မဲ့ပြုံး ပြုံးလိုက်သည်။
"ဘယ်သူ သိမှာလဲ အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာ ဖြစ်နိုင်တယ်လို့ တွေးရင် တွေးမှာပေါ့ မဟုတ်ရင် ဘာလို့ အဲဒီ ကောင်မလေးကို မဖမ်းမိရုံတင် မကဘဲ ငါတို့ကိုပါ ဒီမှာ ထိန်းထားရတာလဲ ဆိုတာ ရှင်းပြပါလား"
သူ ဒီလို ပြောလိုက်တာနဲ့ ရှိနေတဲ့ ဂိုဏ်းချုပ်တွေ နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်ကြပြီး လင်ရန်ဝူ ကို ကြည့်တဲ့ အကြည့်တွေ ပိုပြီး ထူးဆန်းလာသည်။
ယန်စီယွမ် ဆိုရင် သူ့ရဲ့ နဂါးကကြိုး လက်စွပ်သုံးကွင်း ဓား ကိုတောင် ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"သောက်ကျိုးနည်း မင်းလို ရိုးသားတဲ့ ပုံစံ ပေါက်နေတဲ့ ကောင်က ဒီလို ယုတ်မာတဲ့ ကိစ္စ လုပ်မယ်လို့ ငါ မထင်ထားခဲ့ဘူး ဟွန်း ကောင်းပြီ ဒီနေ့ လျန်တိုင်းပြည် အတွက် ဒီ ကပ်ဘေးဆိုးကြီးကို ငါ ရှင်းပစ်မယ်"
"တိုက်ချင်ရင် တိုက်ကြတာပေါ့ ဒါပေမဲ့ ကိစ္စတွေကို အရင် ရှင်းအောင် လုပ်ကြရအောင်"
ပြောပြီးနောက် လင်ရန်ဝူ သူ မုန့်စစ်ဖေ ကို ဘယ်လို တွေ့ခဲ့လဲ၊ ပြီးတော့ သူ့ တွေးခေါ်ပုံ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။
"ထွီ"
နားထောင်ပြီးတာနဲ့ ယန်စီယွမ် တံတွေး ထွေးလိုက်သည်။
"မင်းက ကလေးကို လာလိမ်နေတာလား အနက်ရောင် ဧကရာဇ် အထွတ်အထိပ် အဆင့် ရောက်နေတဲ့ သူတစ်ယောက်က ဒီလောက် မိုက်မဲပါ့မလား"
"သူမ တစ်ယောက်တည်း ဝင်လာလိမ့်မယ်လို့ ငါ ဘယ်လို လုပ် သိမှာလဲ မင်းတို့လည်း စဉ်းစားမိမှာ မဟုတ်ပါဘူး"
"ဟုတ်တယ် စဉ်းစားဖို့ ခက်တယ်"
ချိုးဟုန်လန် ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် တစ်ယောက်ယောက်က လိမ်နေတာ ဖြစ်ရမယ်"
လင်ရန်ဝူ လျန်မြစ်ထဲ ခုန်ချရင်တောင် သူ့နာမည်ကို ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။
သူ အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ငါ အခုပဲ ယင်ရှိုလျန် ကို ခေါ်လိုက်မယ် ပြီးရင် အဖြစ်အပျက်က အဲဒီလို ဟုတ်မဟုတ် သူ့ကို မေးကြည့်ကြ"
ဒါပေမဲ့ ယန်စီယွမ် က ပစ်ပယ်လိုက်သည်။
"ယင်ရှိုလျန် က မင်းလူ ဆိုတာ လျန်တိုင်းပြည် တစ်ခုလုံးမှာ မသိတဲ့သူ ဘယ်သူ ရှိလဲ သူက မင်းဘက်က ဝင်ပြောမှာ သဘာဝပါပဲ"
"ယန်သရဲအိုကြီး ဒီနေ့ မင်း ငါ့ကို ရေပုပ်နဲ့ ပက်ဖို့ ဆုံးဖြတ်ထားတာလား"
"ဟဲဟဲ ဒါဆို ဒါကို ရှင်းပြပါဦး ဒီ မုန့်စစ်ဖေ နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေမှန်း သိလိုက်တဲ့ အချိန်မှာ ဘာလို့ ငါတို့ကို အသိမပေးတာလဲ ဘာလို့ တစ်ယောက်တည်း လာရတာလဲ"
"ထောင်ချောက် ဖြစ်နေမှာ စိုးလို့လေ မင်းတို့ကို တွင်းထဲ မကျစေချင်လို့လေ"
"အော်"
ယန်စီယွမ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါတို့ ညီအစ်ကိုတွေက မင်းကို ကျေးဇူးတင်ရမှာပေါ့"
ယန်စီယွမ် ရဲ့ လှောင်ပြောင်သံတွေကို နားထောင်ရင်း လင်ရန်ဝူ ပိုပိုပြီး ဒေါသထွက်လာသည် ဘာလို့လဲဆိုတော့ သူ ရှင်းပြလေ အခြေအနေ ပိုဆိုးလေ ဖြစ်နေမှန်း သူ ခံစားမိလို့ ဖြစ်သည်။
အဓိက ပြဿနာက မုန့်စစ်ဖေ ဒီလောက် မိုက်မဲလိမ့်မယ်လို့ သူ တကယ် မထင်ထားခဲ့ဘူး။
တခြား ဂိုဏ်းချုပ်တွေလည်း လက်နက် ထုတ်ချင်နေကြတာ တွေ့လိုက်ရတော့...
"မင်း... မင်း... မင်းတို့..."
အရူးလုပ်ခံလိုက်ရတဲ့ စိတ်ပျက်မှုနဲ့ ပေါင်းစပ်လိုက်တော့ လင်ရန်ဝူ လည်ချောင်းထဲမှာ ချိုမြိန်မှုကို ခံစားလိုက်ရပြီး သွေးတစ်လုပ် အားပါးတရ အန်ထုတ်လိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
ယန်စီယွမ် လက်ခုပ် သုံးချက် တီးလိုက်သည်။
"ဂိုဏ်းချုပ် လင် သရုပ်ဆောင် ကောင်းလိုက်တာ မင်းမှာ ဒီလို အရည်အချင်း ရှိမှန်း ငါ ဘာလို့ သတိမထားမိခဲ့ပါလိမ့် ပြောစမ်း ရှန့်တိုင်းပြည် က ခွေးတွေနဲ့ ဘယ်လို သဘောတူညီချက် ရထားလဲ အမှန်တိုင်း မပြောရင် မင်းရဲ့ ခွေးခေါင်းကို အခုချက်ချင်း ဖြတ်ပစ်မယ်"
ဒီအဆင့် ရောက်တော့ လင်ရန်ဝူ လည်း ဒေါသ ပေါက်ကွဲသွားပြီး ဟိန်းဟောက်လိုက်သည်။
"ငါ ပြောစရာ ရှိတာ အကုန် ပြောပြီးပြီ ယုံချင်ယုံ မယုံချင်နေ"
"ဟဲဟဲ မာကြောနေတယ်ပေါ့လေ"
ယန်စီယွမ် တိုက်ခိုက်ဖို့ ဓားမြှောက်လိုက်ချိန်မှာပဲ ချိုးဟုန်လန် အမြန် ဝင်တားလိုက်သည်။
"ဂိုဏ်းချုပ် ယန် စိတ်မလောပါနဲ့ ဒီကိစ္စက အရမ်း အရေးကြီးတယ် ဆုံးဖြတ်ချက် မချခင် သေချာ စုံစမ်းစစ်ဆေးတာ ပိုကောင်းလိမ့်မယ်"
"သောက်ကျိုးနည်း"
ဒါကို ကြားတော့ ယန်စီယွမ် ကျိန်ဆဲလိုက်သည်။
"ချိုးဒုက္ခိတ မင်း ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချလို့ ရမလား သူ သံသယ ဖြစ်စရာ ကောင်းတယ်လို့ ပြောတာ မင်း၊ အခု သူ့ကို ကာကွယ်ပေးနေတာလည်း မင်းပဲ မင်းက ဘယ်သူ့ဘက်ကလဲ"
"ကျွန်တော်က လျန်တိုင်းပြည် ကောင်းကျိုး အတွက် လုပ်ဆောင်နေတာပါ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးသင့်တယ်"
"ဘာ စုံစမ်းစရာ ရှိလဲ လက်ပူးလက်ကြပ် မိနေတာကို ငါကတော့ သူ့ကို သတ်ပြီး ကိစ္စ ရှင်းပစ်လိုက်တာ ကောင်းမယ်လို့ ထင်တယ်"
"ကောင်းပြီလေ မင်း ငါ့ကို ဘယ်လို သတ်မလဲ ဆိုတာ ကြည့်ချင်သေးတယ်"
လင်ရန်ဝူ ရဲ့ ဖိနှိပ်ထားတဲ့ ဒေါသတွေ လုံးဝ ပေါက်ကွဲထွက်လာသည်။
သူ ဒီလို မတရားမှုကို တစ်ခါမှ မခံစားခဲ့ဖူးဘူး။
ဒီအဆင့် ရောက်မှတော့ သူ တကယ် မှားယွင်း စွပ်စွဲခံရတာ ဟုတ်မဟုတ် ဂရုမစိုက်တော့ဘူး။
သူ တစ်ယောက်ယောက်ကို သတ်ချင်နေပြီ။
နှစ်ယောက်သား တိုက်ခိုက်တော့မယ် ဆိုတာ မြင်တော့ ချိုးဟုန်လန် သူတို့ကြား ဝင်ရပ်ပြီး တားလိုက်သည်။
"ဒီကိစ္စက ကျွန်တော့် ခန့်မှန်းချက် ဆိုတော့ ကျွန်တော့်ကိုပဲ သေချာ စုံစမ်းစစ်ဆေးခွင့် ပြုပါ ခင်ဗျားတို့ နှစ်ယောက်စလုံးက လျန်တိုင်းပြည် ရဲ့ ထောက်တိုင်တွေပါ နားလည်မှုလွဲတာ တစ်ခုကြောင့် တစ်ယောက်ယောက် ထိခိုက်သွားရင် လုံးဝ မလိုအပ်ဘဲ ဖြစ်သွားလိမ့်မယ်"
ချိုးဟုန်လန် က သူ့ဘက်က မပါတော့မှန်း သိလိုက်တဲ့ ယန်စီယွမ် သူ့ရဲ့ အဖိုးတန် ဓားကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ မင်း မျက်နှာကို ထောက်ပြီး ငါ ခဏလောက် ထပ်စောင့်လိုက်မယ်"
ဘာပဲပြောပြော တကယ် တိုက်ကြမယ် ဆိုရင် လင်ရန်ဝူ နဲ့ တစ်ယောက်ချင်း တိုက်ပွဲမှာ ယန်စီယွမ် သိပ်အသာစီး ရမှာ မဟုတ်ဘူး။
တခြားလူ တစ်ယောက်ယောက်က အခွင့်ကောင်း ယူသွားရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်။
လင်ရန်ဝူ လည်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်ခံစားချက်တွေကို ငြိမ်သက်အောင် လုပ်ကာ ပြောလိုက်သည်။
"ငါ့စကားက ငါ့ကတိပဲ ငါ မလုပ်ဘူး ဆိုရင် မလုပ်ဘူး ကြိုက်သလောက် စုံစမ်း"
"ကောင်းပြီ သုံးရက် ငါ့ကို သုံးရက်ပေး ငါ ဒီကိစ္စရဲ့ အောက်ဆုံးထိ အရောက် စုံစမ်းပြမယ်"
တခြား အနက်ရောင် ဧကရာဇ် အဆင့် ဂိုဏ်းချုပ်တွေမှာ ကိုယ်ပိုင် အမြင်တွေ ရှိကြပေမယ့် နောက်ဆုံးတော့ ထိန်းချုပ်လိုက်ကြသည်။
ဘာပဲပြောပြော အနက်ရောင် ဘိုးဘေးတွေ တိုက်ခိုက်ကြရင် သူတို့ ဝင်မပါတာ အကောင်းဆုံးပဲ။
အဝေးတစ်နေရာမှာတော့ ကျန်းပေရန် က ကောင်းကင်မျက်လုံး အစီအရင် ကနေတဆင့် ဒီပြက်လုံးကို ခံစား ကြည့်ရှုနေသည်။
အရင်က အောင်မြင်မှုတွေနဲ့ အလေ့အကျင့် ပိုရလာတာကြောင့် အစီအရင် အဓိက နေရာ တစ်ခုတည်းမှာ အလွှာနှစ်ထပ် ပေါင်းစပ် အစီအရင် တည်ဆောက်တာက အခုဆိုရင် လက်ဖဝါး လှန်လိုက်သလောက် လွယ်ကူနေပြီ။
ဒါကြောင့် ခုနက ထွက်သွားတုန်းက မြေအောက်ကမ္ဘာ ဧကရာဇ် အစီအရင် တင်မကဘူး ကောင်းကင်မျက်လုံး အစီအရင် ပါ တပ်ဆင်ခဲ့တာ။
ဒီလို ရလဒ်မျိုး ထွက်လာမယ်လို့ မျှော်လင့်ထားပြီးသား ဖြစ်လို့ သူ ဒီလို လုပ်ခဲ့တာ။
ရန်သူနိုင်ငံက အနက်ရောင် ဧကရာဇ် တစ်ပါးက အနက်ရောင် ဘိုးဘေး အများအပြားရဲ့ နှာခေါင်းအောက်ကနေ လွတ်မြောက်သွားတာက ဘယ်လိုပဲ ကြည့်ကြည့် သံသယ ဖြစ်စရာပဲလေ။
အခုအချိန်မှာ သူ လျန်တိုင်းပြည် ကို နည်းနည်း ပိုပြီး ဖရိုဖရဲ ဖြစ်စေချင်တယ်။
ဒီလို အခွင့်အရေးမျိုး သူ့ဆီ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ပြီးတော့ ဒါက လျန်တိုင်းပြည် တစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ ကြီးမားတဲ့ ကမောက်ကမ ဖြစ်မှုကြီးပဲ။
ဘေးနားက ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ မုန့်စစ်ဖေ ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းပေရန် အံ့သြမှုကို မခံစားဘဲ မနေနိုင်တော့။
"ဒီအမျိုးသမီးက ကံကောင်းခြင်း အရည်အချင်း အမှတ်တွေနဲ့ ပြည့်နေတာလား..."
ပြီးခဲ့တဲ့ တစ်ခေါက် အဆိပ်မြူတောထဲမှာလည်း သူ ခံစားခဲ့ရတယ်။
ဒီအမျိုးသမီးက ကျပန်း လျှောက်သွားရုံနဲ့ အစီအရင်ရဲ့ အဓိက နေရာကို ရှာတွေ့နိုင်တယ်။
တကယ့်ကို ရယ်စရာ ကောင်းလွန်းတယ်။
{မင်း ကံကောင်းခြင်းက လုံလောက်အောင် ကောင်းနေသရွေ့ ဉာဏ်ရည် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်တယ်ပေါ့... မိုက်တယ်}
ကံကောင်းခြင်း တစ်ခုတည်းနဲ့ ခရီးဝေး မသွားနိုင်ဘူးလို့ ဘယ်သူ ပြောလဲ အဲဒါ မင်းကံက လုံလောက်အောင် မကောင်းသေးလို့ပဲ။
မျက်နှာဖုံးစွပ် လူက သူမကို ကြည့်နေတာ မြင်တော့ မုန့်စစ်ဖေ စိတ်လှုပ်ရှားလာပြီး ခေါင်းအမြန် ငုံ့လိုက်သည်။
ခုနက လင်ရန်ဝူ ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတုန်းက သူမ နှလုံးသား လုံးဝ ကမောက်ကမ ဖြစ်နေခဲ့တာ။
တစ်ဖက်လူက သူမကို အရှင်ဖမ်းဖို့ ကြိုးစားရင် အသေအကြေ ပြန်တိုက်မယ်လို့တောင် တွေးထားခဲ့တာ။
နောက်ပိုင်း နောက်ထပ် အနက်ရောင် ဘိုးဘေးတွေရဲ့ အရှိန်အဝါတွေ သူမဆီ ပျံသန်းလာတာ အာရုံခံမိလိုက်တော့ လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး သူမ ခန္ဓာကိုယ်ထဲက အတွင်းအားကို ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရမလား ဆိုတာတောင် စဉ်းစားမိလိုက်တယ်။
ဒါပေမဲ့ သတ္တိမွေးလိုက်ချိန်မှာပဲ အဲဒီ ကျွမ်းကျင်သူ ရဲ့ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတာ။
{ဘာလို့ ငါ အကြီးအကျယ် ဒုက္ခရောက်နေတိုင်း သူ အမြဲတမ်း အချိန်မီ ရောက်လာရတာလဲ}
ပြီးခဲ့တဲ့ တစ်ခေါက်က အဲဒီ ကျွမ်းကျင်သူ ရှန့်တိုင်းပြည် မှာ ရှိနေသေးတယ် ဆိုတာ သိလိုက်ရကတည်းက မုန့်စစ်ဖေ အတတ်နိုင်ဆုံး မတွေးဘဲ နေဖို့ ကြိုးစားခဲ့ပေမယ့် ကျွမ်းကျင်သူရဲ့ ပုံရိပ်က သူမစိတ်ထဲမှာ ခဏခဏ ပေါ်လာတတ်တယ်။
အခု ကျွမ်းကျင်သူက ဒီလို မယုံနိုင်စရာ ကောင်းတဲ့ အချိန်နဲ့ နေရာမှာ ပေါ်လာပြန်တော့ မုန့်စစ်ဖေ ကိစ္စတစ်ခုကို ထည့်သွင်း စဉ်းစားရတော့သည်။
{ကျွမ်းကျင်သူက ငါ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတာများလား}
ဒီအတွေး ပေါ်လာတာနဲ့ ထိန်းချုပ်လို့ မရနိုင်တော့ဘူး။
မုန့်စစ်ဖေ တွေးလေလေ အမှန်တရား ဖြစ်ဖို့ ပိုများလေလေလို့ ယုံကြည်လာတယ်။
မဟုတ်ရင် ကျွမ်းကျင်သူက လျန်တိုင်းပြည် မှာလည်း တိုက်တိုက်ဆိုင်ဆိုင် ရှိနေပြီး ဒီအချိန်မှာ သူမကို လာကယ်နိုင်ပါ့မလား။
တိုက်ဆိုင်မှုတွေ အများကြီး ပေါင်းစုံလာရင် ရှင်းပြချက် တစ်ခုတည်းပဲ ရှိတော့တယ်။
အဲဒါကတော့ ကျွမ်းကျင်သူက သူမကို အစကတည်းက တိတ်တဆိတ် ကာကွယ်ပေးနေတာပဲ။
နှုတ်ခမ်းကို ထိလိုက်ပြီး မုန့်စစ်ဖေ ပျော်ရွှင်စွာ တွေးလိုက်သည်။
{ငါ သိသားပဲ ကျွမ်းကျင်သူက ငါ့ကို လုံးဝ ဂရုမစိုက်ဘဲ ဘယ်နေပါ့မလဲ}
စဉ်းစားရင်းနဲ့ မုန့်စစ်ဖေ ကျွမ်းကျင်သူကို မမော့ကြည့်ဘဲ မနေနိုင်တော့။
သူ ဘယ်လို ပုံစံလဲ မမြင်ရပေမယ့် ကြည့်လေလေ သူမ ပိုသဘောကျလေ ဖြစ်လာတာကိုတော့ တားဆီးလို့ မရဘူး။
မုန့်စစ်ဖေ အကြောင်းရင်း မရှိဘဲ အရူးတစ်ယောက်လို ပြုံးနေတာ မြင်တော့ ကျန်းပေရန် မတ်တပ်ထရပ်ပြီး လျှောက်သွားကာ ပြောလိုက်သည်။
"မင်း ဘာတွေ တွေးနေလဲ ပြောပြစမ်း"
မုန့်စစ်ဖေ လန့်သွားပြီး သတိထားကာ ပြောလိုက်သည်။
"စီနီယာ ဘာကို ဆိုလိုတာလဲ မသိပါဘူး"
"ဒီဘုရင် မေးနေတာက မင်း တစ်ယောက်တည်း ဒီကိုလာဖို့ ဘာတွေ တွေးနေတာလဲ လို့ မေးနေတာ အနက်ရောင် ဘိုးဘေး သုံးယောက်ကို နိုင်မယ် ထင်နေတာလား"
"ကျွန်မ... ကျွန်မ အဲဒီလို မထင်ပါဘူး"
မုန့်စစ်ဖေ ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
"ဒါဆို ဘယ်လို သတ္တိနဲ့ ဒီကို တစ်ယောက်တည်း လာရဲတာလဲ အရင် စုံစမ်းစစ်ဆေးမှု မလုပ်ဘဲ လာတာလား"
"ကျွန်မ စုံစမ်းပါတယ်"
မုန့်စစ်ဖေ ချက်ချင်း အော်ပြောလိုက်သည်။
"လျန်တိုင်းပြည် က ဂိုဏ်းချုပ် တစ်အုပ်စု ဒီမှာ ရှိနေတယ် ဆိုတာ သိလို့ ဒီဟာကို တမင် ဝတ်လာတာပါ ဒါပေမဲ့ တွေ့သွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ..."
မုန့်စစ်ဖေ သူမ အဝတ်အစားထဲက ထုတ်ပြလိုက်တဲ့ ချီ ဖုံးကွယ် အဆောင်လက်ဖွဲ့ ကို ကြည့်ပြီး ကျန်းပေရန် ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။
"မင်းက တကယ်ပဲကွာ... အဆိပ်ဖြေဆေးကို ဖြစ်ကတတ်ဆန်း စားတာ တစ်ခုတည်း မဟုတ်ဘူး အဆောင်လက်ဖွဲ့ကိုလည်း ဖြစ်ကတတ်ဆန်း သုံးတာပဲ ချီ ဖုံးကွယ် အဆောင်လက်ဖွဲ့ က ဘာအတွက် သုံးတာလဲ ဆိုတာ သိရဲ့လား"
"ကိုယ့် အရှိန်အဝါကို ဖုံးကွယ်ပြီး အတွေ့မခံရအောင်လို့လေ"
"အတွေ့မခံရအောင် ဆိုတာ ဟုတ်တယ် ဒါပေမဲ့ အဲဒါက လူတွေကို ကာကွယ်ဖို့ အစီအရင်တွေကို ကာကွယ်ဖို့ မဟုတ်ဘူး မင်းက အစီအရင် ပေါ် တည့်တည့် နင်းလိုက်တာလေ ချီ ဖုံးကွယ် အဆောင်လက်ဖွဲ့ အခု တစ်ရာ ရှိရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး မင်း ဆိုတဲ့ လူသားက အစီအရင်ကို သက်ဝင်စေခဲ့တာ နားလည်လား"
"အော်..."
တစ်ဝက်လောက် နားလည်သလို ခေါင်းညိတ်လိုက်ပြီး မုန့်စစ်ဖေ တိုးတိုးလေး ပြောလိုက်သည်။
"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
လုံးဝ အသုံးမဝင်တဲ့ ချီ ဖုံးကွယ် အဆောင်လက်ဖွဲ့ ကို သိုလှောင်လက်စွပ်ထဲ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး ကျန်းပေရန် ခေါင်းခါကာ ပြောလိုက်သည်။
"နောက်နောင် တစ်ခုခု မလုပ်ခင် ပိုစဉ်းစားပါ မင်းကို လာကယ်မယ့်သူ အမြဲတမ်း ရှိနေလောက်အောင် ကံကောင်းနေမှာ မဟုတ်ဘူး"
ကျန်းပေရန် ပြောပြီးတာနဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေ ပြောမိသွားသလို ခံစားလိုက်ရသည်။
ဒီလူက ကံတရားကို အားကိုးပြီး အသက်ရှင်နေတာလေ။
ကံတရားနဲ့ ဖြေရှင်းလို့ ရတဲ့ ကိစ္စတွေ အတွက် ဘာလို့ ဦးနှောက် သုံးနေမှာလဲ။
"ကျေးဇူးတင်ပါတယ် စီနီယာ စစ်ဖေ မှတ်ထားပါ့မယ်"
ဒီအချိန်မှာ အနီးနားမှာ ရပ်နေတဲ့ လီဖူချန် လုံးဝ ကြောင်အ နေပြီ။
မုန့်စစ်ဖေ နာမည်ကို သူ တစ်ခါမှ မကြားဖူးပေမယ့် စောစောက သူမ ထုတ်လွှတ်လိုက်တဲ့ အနက်ရောင် ဧကရာဇ် အထွတ်အထိပ် အဆင့် အတွင်းအား က အစစ်အမှန်ပဲ။
အနက်ရောင် ဧကရာဇ် အထွတ်အထိပ် အဆင့် ဆိုတာ... သူ တစ်ချိန်တုန်းက မော့ကြည့်ခဲ့ရတဲ့ အဆင့်အတန်းပဲ ဒါပေမဲ့ အခုတော့ အစ်ကိုကြီးဝမ် ရဲ့ ကလေးလို ဆူပူတာကို အသံတောင် မထွက်ရဲဘဲ ခံနေရတယ် ပြီးတော့ နှစ်ယောက်သားက မိတ်ဟောင်းဆွေဟောင်းတွေ ဆိုတာ ထင်ရှားနေတယ်။
{အစ်ကိုကြီးဝမ် ရဲ့ လက်အောက်မှာ အရည်အချင်း ရှိတဲ့သူတွေ ဘယ်လောက်တောင် များနေတာလဲ...}
ကောင်းကင်မျက်လုံး အစီအရင် ကို နောက်တစ်ကြိမ် စစ်ဆေးပြီး လျန်တိုင်းပြည် က ကျွမ်းကျင်သူတွေ လူစုခွဲသွားကြတာ တွေ့လိုက်ရတော့ ကျန်းပေရန် မုန့်စစ်ဖေ ကို ပြန်ကြည့်ပြီး ပြောလိုက်သည်။
"မင်း ကျေးဇူးကြွေး တင်သွားပြီ ဆိုတော့ ပြန်ဆပ်ရမယ် မဟုတ်လား"
ဒါကို ကြားတော့ မုန့်စစ်ဖေ မျက်နှာ ချက်ချင်း ဝင်းလက်သွားပြီး အံ့သြဝမ်းသာတဲ့ အမူအရာ ပေါ်လာသည်။
သူမ ကျန်းပေရန် ကို လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
"အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို အင်အား အကုန်သုံးပြီး ပြန်ဆပ်ရမှာပါ ပြောပါ စီနီယာ ဘာကိစ္စပဲ ဖြစ်ဖြစ် စစ်ဖေ အကောင်းဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးပါ့မယ်"
"ကောင်းပြီ ဒီနေ့ကစပြီး ဒီဘုရင်ကြီးရဲ့ အစီအစဉ် အတိုင်း မင်း လှုပ်ရှားရမယ် ခိုင်းတာသာ လုပ် မေးခွန်း မထုတ်နဲ့"
"ဟုတ်ကဲ့ပါ စစ်ဖေ နားလည်ပါပြီ"
"ဖူချန်"
အစ်ကိုကြီးဝမ် ရုတ်တရက် ခေါ်လိုက်တာ ကြားတော့ လီဖူချန် အမြန် ပြန်ထူးလိုက်သည်။
"ရှိပါတယ်"
"သူမ နေဖို့ နေရာ စီစဉ်ပေးလိုက် ဆက်သွယ်ရ လွယ်ကူမယ့် နေရာမျိုးပေါ့"
"ဟုတ်ကဲ့ပါ"
လီဖူချန် အမိန့်ကို လက်ခံလိုက်သည်။