← Chapters

အနက်ရောင်ဘိုးဘေးများ၏ တိုက်ပွဲ

Vol. 27 Ch. 338

အနက်ရောင်ဘိုးဘေးများ၏ တိုက်ပွဲ

Vol. 27 Ch. 338

လခြမ်းကွေးချိုင့်ဝှမ်းအပြင်ဘက်ရှိ သစ်တောတစ်ခုအတွင်းတွင် ရုတ်တရက် အနက်ရောင်အရိပ်နှစ်ခုသည် အလွန်မြန်သော အရှိန်ဖြင့် ပြေးဝင်လာကြသည်။

“ဟိုမှာ”

ယန်စစ်ယွမ်က ဟိန်းဟောက်လိုက်ပြီး ကျောပေါ်တွင် လွယ်ထားသော ‘နဂါးကွင်းသုံးကွင်းဓား’ ကို ဆွဲထုတ်ကာ မလှမ်းမကမ်းတွင် ရပ်နေသော မုန့်စစ်ဖေထံ ချိန်ရွယ်လိုက်သည်။

ယန်စစ်ယွမ် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မုန့်စစ်ဖေ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသော်လည်း သူမ ဘာမှမလုပ်နိုင်ခင်မှာပင် သူမ၏ လည်ပင်းကို လက်တစ်ဖက်က လာရောက်ညှစ်ကိုင်လိုက်လေသည်။

“မိပြီကွ” ယန်စစ်ယွမ်က ကြမ်းတမ်းစွာ ပြုံးလိုက်သော်လည်း မုန့်စစ်ဖေကို မြေကြီးပေါ် ဆွဲပေါက်ရန် ပြင်လိုက်စဉ်မှာပင် သူ့မျက်နှာပေါ်ရှိ အပြုံးက ရပ်သွားတော့သည်။

“ကျွတ် ကိုယ်စားပြုအဆောင်လက်ဖွဲ့ပဲ တောက် သူတို့က တကယ် ရင်းနှီးထားတာပဲ”

မုန့်စစ်ဖေ၏ ပုံရိပ်သည် အတွင်းအားအဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယန်စစ်ယွမ်က သူ့ဓားကို ပြန်သိမ်းလိုက်သည်။

ကိုယ်စားပြုအဆောင်လက်ဖွဲ့ဆိုသည်မှာ အသုံးပြုသူ၏ အနှစ်သာရ စွမ်းအင်နှင့် ဝိညာဉ်တို့ကို စုစည်းပြီး အခြားနေရာတစ်ခုတွင် ပုံရိပ်ယောင်အဖြစ် ဖန်တီးပေးနိုင်သော ပစ္စည်းဖြစ်သည်။

ဒါက အတော်လေး အဆင့်မြင့်တဲ့ အသက်ကယ်ပစ္စည်းတစ်ခုဖြစ်ပြီး သူတောင်မှ လက်တစ်ဆုပ်စာလောက်ပဲ ပိုင်ဆိုင်သည်။

လက်ခုပ်တီးလိုက်ရင်း ယန်စစ်ယွမ်က အခြားတစ်ဖက်မှ ဝင်ရောက်လာသော ချိုးဟုန်လန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကဲ အခု အတည်ပြုလို့ ရပြီမလား အဲ့ဒီ ခွေးအိုကြီးက ရှန့်တိုင်းပြည်က လူတွေနဲ့ ပေါင်းနေတာပဲ”

“မမှားနိုင်တော့ဘူး ထင်ပါတယ်” ချိုးဟုန်လန် ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ထဲမှာ ယုံရခက်နေသေးပေမယ့် သက်သေအထောက်အထားတွေက မျက်စိရှေ့ရောက်နေမှတော့ လက်ခံလိုက်ရုံသာ ရှိတော့သည်။

...

နာရီဝက်ခန့် ကြာသောအခါ လင်ရန်ဝူသည်လည်း ယင်ရှို့လျန်ကို ခေါ်ဆောင်လျက် ထိုသစ်တောထဲသို့ ရောက်ရှိလာလေသည်။

သူတို့နှစ်ယောက် တီးတိုးဆွေးနွေးနေကြစဉ်မှာပင် လေပေါ်မှ အရိုင်းဆန်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဟားဟားဟား ခွေးအိုကြီးလင် ဒီနေ့တော့ ငါက လျန်တိုင်းပြည်အတွက် ပိုးမွှားတစ်ကောင်ကို ရှင်းထုတ်ပေးရတော့မှာပဲ”

ယန်စစ်ယွမ် ရုတ်တရက် သူ့ရှေ့သို့ ခုန်ဆင်းလာသည်ကို မြင်သောအခါ လင်ရန်ဝူက သိသိသာသာ အံ့သြသွားပြီး အော်မေးလိုက်သည်။

“မင်းလို အဘိုးကြီးက ဘာကိစ္စ ဒီရောက်နေတာလဲ”

“ဟားဟား ငါဘာလို့ ရောက်နေလဲဆိုတာ မင်းဘယ်သိမလဲ ပြီးတော့ မင်းကို ပြောပြလိုက်မယ် မင်းရဲ့ ချစ်သူလေးက ငါတို့လက်ထဲ ရောက်နေပြီ ဒီတစ်ခေါက်တော့ မင်းကို လက်ပူးလက်ကြပ် မိပြီကွ အခု ဘာဆင်ခြေပေးဦးမလဲ ကြည့်ကြသေးတာပေါ့”

“ဘာ လက်ပူးလက်ကြပ်လဲ မင်းလို ခွေးရူးက ဘာတွေ လာဟောင်နေတာလဲ”

“သရုပ်ဆောင် ဆက်သရုပ်ဆောင် မင်းလို ရှေးအိုကြီးအိုမကြီးက ဒီလောက် သရုပ်ဆောင်ကောင်းမှန်း ငါ မသိခဲ့ဘူး ဒါဆို ပြောစမ်း မင်းဒီမှာ ဘာလုပ်နေတာလဲ”

“ငါ ဒီမှာ ဘာလုပ်နေလဲ ဆိုတာကို မင်းကို အစီရင်ခံရမှာလား မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”

ဒါကို ကြားတော့ ယန်စစ်ယွမ်က ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်။

“ဟက် ဒီနေ့ မင်းသေချာ ရှင်းပြရင်ရှင်းပြ မရှင်းပြနိုင်ရင်တော့ ဒီကနေ အရှင်ထွက်သွားဖို့ မစဉ်းစားနဲ့”

ယန်စစ်ယွမ်၏ စကားဆုံးသည်နှင့် ချိုးဟုန်လန်ကလည်း နီးစပ်ရာ အရိပ်ထဲမှ ထွက်လာလေသည်။

ချိုးဟုန်လန်နှင့် ယန်စစ်ယွမ်တို့က တစ်ဖက်တည်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်ရန်ဝူ စုဆောင်းထားခဲ့သော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

“ကောင်းပြီ ကောင်းပြီလေ မင်းတို့ ပေါင်းပြီး ငါ့ကို တိုက်ချင်ရင်လည်း ပြောပါ ဘာလို့ ဒီလောက် လှည့်ကွက်တွေ များနေရတာလဲ လာလေ ဒီနေ့ ဘယ်သူက ဒီနေရာကနေ အရှင်မထွက်နိုင်ဘူးလဲ ကြည့်ကြသေးတာပေါ့”

“ကောင်းတယ် ပွင့်လင်းတယ် မင်း ဝန်ခံလိုက်ပြီမလား ဝန်ခံရင် ပြီးတာပဲ”

ယန်စစ်ယွမ်က ပြောပြောဆိုဆို သူ့ဓားကို ဆွဲထုတ်လိုက်ရာ ကြက်သွေးရောင် အတွင်းအားများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

သို့သော် တိုက်ပွဲစတင်တော့မည့် ဆဲဆဲတွင် ချိုးဟုန်လန်က လက်လှမ်းပြီး ယန်စစ်ယွမ်ကို တားလိုက်ကာ ပြောလိုက်သည်။

“ခဏနေပါဦး”

“ဟေ့ရောင် မင်းက ဘာတွေ ရှုပ်နေတာလဲ ကိစ္စက ရှင်းနေပြီကို ဘာတွေ ပြောစရာ လိုသေးလို့လဲ”

ယန်စစ်ယွမ်ကို ရှင်းပြမနေဘဲ ချိုးဟုန်လန်က လင်ရန်ဝူကို ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင် ခင်ဗျားက ဒီရက်ပိုင်း မြို့ထဲက ‘နေမင်းထွက်ပေါ် တည်းခိုခန်း’ ကို နေ့တိုင်းသွားနေတယ်မလား”

“အေး ဟုတ်တယ် မင်းတို့ ငါ့ကို စောင့်ကြည့်နေတာပေါ့ ဟုတ်တယ် ငါသွားတယ် ဘာဖြစ်လဲ”

ဒါကို ကြားတော့ ယန်စစ်ယွမ် ဝမ်းသာအားရ ဖြစ်သွားသည်။

“ကြားလား ကြားလား အခုတော့ ဘာမှ ပြောစရာ မလိုတော့ဘူးမလား”

လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး သူတို့နှစ်ယောက် ပူးပေါင်းပြီး လင်ရန်ဝူကို စုံစမ်းခဲ့ကြတာပါ။

လင်ရန်ဝူက ရှန့်တိုင်းပြည်နဲ့ မကြာခဏ ဆက်ဆံနေတဲ့ သတင်းအချက်အလက် အများကြီး ဖော်ထုတ်နိုင်မယ်လို့ သူတို့ မထင်ထားခဲ့ဘူး။

ပြီးတော့ သူတို့ထဲက တစ်ယောက်တည်း ရှာတွေ့တာ မဟုတ်ဘူး၊ နှစ်ဖက်စလုံးရဲ့ လက်အောက်ငယ်သားတွေက အတူတူပဲ သတင်းပို့ကြတာ။

ပြန်တိုက်စစ်ဆေးကြည့်တော့လည်း ဘာမှ ကွဲလွဲမှု မရှိဘူး။

လူသက်သေရော ပစ္စည်းသက်သေပါ ရှိတယ်လို့ ပြောလို့ရတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူတို့နှစ်ယောက်ရဲ့ လက်အောက်ငယ်သားတွေက မုန့်စစ်ဖေ တည်းခိုခန်းက ထွက်လာတာကို တစ်ပြိုင်နက် တွေ့ခဲ့ကြသလို၊ လင်ရန်ဝူက အဲ့ဒီတည်းခိုခန်းကို မကြာခဏ သွားလေ့ရှိတယ် ဆိုတဲ့ သတင်းလည်း ရထားပြီးသား။

ပြီးတော့ သူတို့ရဲ့ သူလျှိုတွေက လင်ရန်ဝူ ဒီနေရာမှာ မုန့်စစ်ဖေနဲ့ လာတွေ့မယ်ဆိုတဲ့ သတင်းကို ကြားဖြတ်ရယူနိုင်ခဲ့လို့ အခုလို လက်ပူးလက်ကြပ် ဖမ်းဖို့ ပြေးလာခဲ့ကြတာ။

သူတို့နှစ်ယောက် တွေ့နေတာကို နေရာမှာတင် မမိလိုက်ပေမယ့် သတင်းက အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်တာနဲ့တင် လုံလောက်ပါပြီ။

ဒီ လင်ရန်ဝူက တကယ်ပဲ ရှန့်တိုင်းပြည်က လူတွေနဲ့ ပူးပေါင်းနေတာပဲ။

ခိုင်လုံတဲ့ သက်သေတွေ ရှိနေတော့ ချိုးဟုန်လန်လည်း မယုံလို့ မရတော့ဘူး။

ခါးကြားမှ ‘မဟာစည်းလုံးခြင်း ဓား’ ကို ဆွဲထုတ်ပြီး လင်ရန်ဝူကို ချိန်ရွယ်ကာ ချိုးဟုန်လန် ကြေညာလိုက်သည်။

“လင်ရန်ဝူ မင်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် ရှန့်တိုင်းပြည်နဲ့ ပူးပေါင်းပြီး ငါတို့ လျန်တိုင်းပြည်ကို ဒုက္ခပေးဖို့ ကြံစည်တယ် ဒီနေ့ ငါမင်းကို အလွတ်မပေးဘူး”

“တောက်” လင်ရန်ဝူက ပြင်းပြင်းထန်ထန် တံတွေးထွေးလိုက်သည်။

“မင်းတို့ ခွေးအိုကြီးနှစ်ကောင် ပေါင်းပြီး ငါ့ကို အပုပ်ချချင်နေကြတာ သိသာပါတယ် တိုက်ချင်ရင် တိုက်လိုက် စွပ်စွဲမနေနဲ့ ငါက ဖြောင့်မတ်တယ် ဘာအပြစ်မှ မလုပ်ထားဘူး မင်းတို့လို လူယုတ်မာနှစ်ကောင်ကို ဘာကြောက်ရမှာလဲ”

ယင်ရှို့လျန် ပေးတဲ့ သတင်းအချက်အလက်တွေအရ ဒီနှစ်ကောင်က သူ့ကို ဒုက္ခပေးချင်နေတာလို့ လင်ရန်ဝူက ယုံကြည်ထားပြီးသား။

ဒီနေ့ သူက ယင်ရှို့လျန် ရှာပေးထားတဲ့ အကူအညီနဲ့ လာတွေ့ဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ ဒီခွေးအိုကြီးနှစ်ကောင်နဲ့ လာတိုးမယ်လို့ ဘယ်သူက ထင်မှာလဲ။

လင်ရန်ဝူ အန္တရာယ်ကြုံနေတာကို မြင်တော့ ယင်ရှို့လျန်က သူ့ရှေ့ကို အမြန်ဝင်ရပ်ပြီး အော်ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင် ကျုပ်အသုံးမကျလို့ သူတို့ ခြေရာခံမိသွားတာပါ ဂိုဏ်းချုပ် အရင်သွားပါ သူတို့ကို ကျုပ် တားထားပေးပါ့မယ်”

လင်ရန်ဝူ အတော်လေး စိတ်လှုပ်ရှားသွားသည်။

သူ့ရဲ့ ဘယ်လက်ရုံး ညာလက်ရုံးတွေက သစ္စာဖောက်သွားချိန်မှာ ဒီလို သစ္စာရှိတဲ့ လက်အောက်ငယ်သားတစ်ယောက် ရှိနေသေးတာက သူ့စိတ်ကို နည်းနည်း သက်သာရာ ရစေသည်။

သူက ယင်ရှို့လျန်ကို သူ့နောက် ဆွဲပို့လိုက်သည်။

“ငါ ထွက်ပြေးဖို့အတွက် မင်းအကူအညီ လိုလို့လား မင်း အရင်သွား ဒီနှစ်ကောင်က ငါ့ကို ဒီမှာ ထိန်းမထားနိုင်ဘူး”

“ဂိုဏ်းချုပ်လင်”

“သွားစမ်း”

“ဟုတ်ကဲ့ပါ”

ယင်ရှို့လျန် လှည့်ထွက်ပြေးလိုက်သည်။

ဒါပေမဲ့ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး အနက်ရောင်နဂါးတစ်ကောင်လို ပုံစံရှိတဲ့ အတွင်းအားတစ်ခုနဲ့ ရိုက်ခတ်ခံလိုက်ရပြီး အော်ဟစ်ကာ လွင့်ထွက်သွားလေသည်။

အရိပ်ထဲမှ အနက်ရောင်ဧကရာဇ် အများအပြား ထွက်ပေါ်လာပြီး လင်ရန်ဝူကို ကြည့်ကာ ပြောလိုက်ကြသည်။

“လင်ရန်ဝူ မင်းက တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနဲ့ ပူးပေါင်းတယ် ဒီနေ့ အကုန်ဝန်မခံမချင်း ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”

အနက်ရောင်ဧကရာဇ် ပြောပြီးနောက် မြေကြီးပေါ် လဲကျနေတဲ့ ယင်ရှို့လျန်က ပြောလိုက်သည်။

“ဂိုဏ်းချုပ် သူတို့က ကောင်းကင်ဆိတ်သုဉ်းခြင်း အစီအရင် ကို တည်ဆောက်ထားတယ် အစီအရင်ပညာရှင်တွေကို မသတ်နိုင်ရင် ဒီနေ့ ကျုပ်တို့ ထွက်သွားဖို့ တော်တော်ခက်လိမ့်မယ်”

“မင်းတို့က ဒီအထိ လုပ်ရဲကြတယ်ပေါ့”

ဒီအချိန်မှာ လင်ရန်ဝူ သေချာသွားပြီ ယန်စစ်ယွမ်နဲ့ ချိုးဟုန်လန်တို့က သူ့ကို သတ်ဖို့ သန္နိဋ္ဌာန်ချထားကြပြီပဲ။

မဟုတ်ရင် ဘာလို့ ဒီလောက် စေ့စပ်သေချာ ပြင်ဆင်ထားကြမှာလဲ။

“ဟားဟားဟားဟား”

သဘောပေါက်သွားတော့ လင်ရန်ဝူက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ဒီအချိန်မှာ သူတို့နှစ်ယောက် ဘာဆင်ခြေပဲပေးပေး သူ ဂရုမစိုက်တော့ဘူး။

အရေးမကြီးတော့ဘူး...

သတ်မယ်

ဒါပဲ ရှိတော့တယ်။

“ဘုန်း”

ခရမ်းရောင် အတွင်းအားများ ကောင်းကင်သို့ ထိုးတက်သွားပြီး ခေါင်းနှစ်လုံးပါတဲ့ မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ရှေ့က အနက်ရောင်ဘိုးဘေးနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

“ကောင်းတယ် မင်း ရုန်းကန်ဖို့ လက်လျှော့လိုက်ပြီပေါ့ ဒါဆို ကျုပ်အလှည့်ပဲ တိုင်းပြည်အတွက် အမှိုက်ရှင်းပေးရတော့မယ်”

ယန်စစ်ယွမ် အော်ဟစ်လိုက်ပြီး ဓားကို မြှောက်ကာ လင်ရန်ဝူဆီ ပြေးဝင်သွားသည်။

ရုတ်ခြည်းပင် ခရမ်းရောင်နှင့် ကြက်သွေးရောင် အတွင်းအားများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ချိုးဟုန်လန်ကတော့ ကိစ္စတွေက ဒီလောက် မရိုးရှင်းဘူးလို့ ထင်နေသေးပေမယ့် တိုက်ပွဲမဖြစ်ဘဲနဲ့တော့ ကောင်းကောင်း စကားပြောဖို့ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။

ဒါကြောင့် သူလည်း ဓားကို ဝှေ့ယမ်းပြီး တိုက်ပွဲထဲ ဝင်ပါလိုက်သည်။

အနက်ရောင်ဘိုးဘေး နှစ်ယောက်က တစ်ယောက်ကို ဝိုင်းတိုက်တာ ဖြစ်ပေမယ့် ဒီအဆင့်ရောက်နေမှတော့ အဆင့်တူ ကျင့်ကြံသူအချင်းချင်း ချက်ချင်း အနိုင်အရှုံး ခွဲခြားဖို့ မဖြစ်နိုင်ပေ။

နောက်ဆုံးတော့လည်း ဘယ်သူက အရင်ကုန်ခန်းသွားမလဲ ဆိုတဲ့ တိုက်ပွဲပဲ ဖြစ်သွားမှာ။

လင်ရန်ဝူရဲ့ အတွင်းအားနဲ့ ဖွဲ့စည်းထားတဲ့ ခေါင်းနှစ်လုံးမြွေကြီးက ခရမ်းရောင် အခိုးအငွေ့တွေကို ဆက်တိုက် မှုတ်ထုတ်နေပေမယ့် ချိုးဟုန်လန်ရဲ့ ဓားချက်တွေက ထွက်လာတဲ့ အဖြူရောင် ဓားချီတွေကြောင့် အကုန် ကွဲပြယ်သွားရသည်။

တစ်ချိန်တည်းမှာပဲ ယန်စစ်ယွမ်က သူ့ရဲ့ ဓားကြီးနဲ့ လင်ရန်ဝူရဲ့ ‘ချီလင်ဦးချိုဓား’ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည်။

“ဘုန်း”

သူတို့သုံးယောက်ရဲ့ တိုက်ပွဲက ထွက်ပေါ်လာတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ခံစားမိလိုက်တော့ မူလက တိုက်ပွဲထဲ ဝင်ပါချင်တဲ့ အနက်ရောင်ဧကရာဇ်တွေ အကုန်လုံး နောက်ဆုတ်သွားကြသည်။

အနက်ရောင်ဘိုးဘေးတွေရဲ့ တိုက်ပွဲကို မြင်ရတိုင်း ဒီအဆင့်ကွာခြားချက်ကြီးက သူတို့ကို ပိုသန်မာချင်စိတ် ဖြစ်ပေါ်စေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အနက်ရောင်ဘိုးဘေး တိုက်ပွဲကြီးက တစ်နေ့နဲ့ တစ်ည ကြာမြင့်သွားခဲ့ပြီး လေပြင်းမုန်တိုင်းတွေကို နှိုးဆွကာ ဖုန်မှုန့်တွေကို နေရာအနှံ့ ပျံ့လွင့်စေခဲ့သည်။

အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုပေါ်တွင် ကျန်းပေရန် ရပ်ကြည့်နေရင်း ခေါင်းခါလိုက်မိသည်။

‘ဘာလို့ ဒီအဆင့်မြင့် ကျင့်ကြံသူတွေက တိုက်ပွဲဖြစ်ရင် ရက်နဲ့ချီ ကြာနေရတာလဲ ကြာလွန်းတယ်’

ဒါက ကျန်းပေရန်ကို တစ်နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့ကြတဲ့ အနက်ရောင်သူတော်စင်တွေကို ပြန်သတိရသွားစေသည်။

သူ သက်ပြင်းချလိုက်သည်။

ဒါက ဘယ်သူ့နည်းစနစ်က ပိုကောင်းလဲ ဆိုတာ ပြိုင်တာ မဟုတ်တော့ဘူး၊ ဘယ်သူ့ အတွင်းအားက ပိုများလဲ ဆိုတာ ပြိုင်နေကြတာ သက်သက်ပဲ။

“ဒါပေမဲ့ ပြီးခါနီးပြီ ထင်ပါတယ်”

အရှိန်အဝါ တစ်ခုက သိသိသာသာ အားနည်းသွားတာကို အာရုံခံမိတော့ ကျန်းပေရန် ရေရွတ်လိုက်သည်။

...

“ရှစ်မျက်နှာ ကွဲအက်စေ”

အားပါတဲ့ ဟိန်းဟောက်သံနဲ့အတူ ယန်စစ်ယွမ်က သူ့ဓားကို လင်ရန်ဝူအပေါ် ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။

လင်ရန်ဝူက ဓားတိုကို မြှောက်ပြီး ကာကွယ်လိုက်သည်။

သတ္တုချင်း ရိုက်ခတ်သံနဲ့အတူ သူ နေရာမှာ မရပ်နိုင်တော့ဘဲ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။

“ဟားဟား ခွေးအိုကြီးလင် ဒီနှစ်တွေအတွင်း မင်းရဲ့ ကျင့်ကြံခြင်းက တိုးတက်မလာတဲ့အပြင် ဆုတ်ယုတ်သွားပြီပဲ သေလိုက်တော့”

လဲနေသူကို ထပ်နင်းမယ်ဆိုတဲ့ မူဝါဒကို ကိုင်စွဲပြီး ယန်စစ်ယွမ်က သူ့ရဲ့ သေမင်းတမန် ဓားကွက်ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

အနက်ရောင်အဆင့် နည်းစနစ် ‘ကောင်းကင်ကွန်ရက် ပြောင်းလဲခြင်း’ ကို သုံးပြီး သူ့ခန္ဓာကိုယ်က ပုံမှန်ထက် အဆများစွာ ကြီးထွားလာကာ သဲအိတ်အရွယ်ရှိတဲ့ ညာလက်သီးနဲ့ လင်ရန်ဝူကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

“ဘုန်း”

လက်သီးက လင်ရန်ဝူအပေါ် တည့်တည့်ကျသွားသည်။

ယိုင်နဲ့နေပြီးဖြစ်တဲ့ လင်ရန်ဝူက ဒီလောက်ကြီးမားတဲ့ အားကို ဘယ်လိုမှ မခံနိုင်တော့ပေ။

သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နောက်ကို လွင့်ထွက်သွားလေသည်။

ယန်စစ်ယွမ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး လိုက်တိုက်ဖို့ ပြင်လိုက်စဉ်မှာပင် သူ့ခန္ဓာကိုယ်ထဲက အတွင်းအားတွေ ရုတ်တရက် ကြမ်းတမ်းလာတာကို ခံစားလိုက်ရပြီး၊ သူ လုံးဝ ထိန်းချုပ်မရတဲ့ မွှေနှောက်မှုမျိုး ဖြစ်ပေါ်လာသည်။

“ဘာဖြစ်တာလဲ”

သူ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစားကို အမြန် ပြန်ကျုံ့သွားသည်။

ယန်စစ်ယွမ်က မလဲကျအောင် အတင်းထိန်းထားပေမယ့် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်လာပြီး၊ တစ်နေ့နဲ့ တစ်ည တိုက်ခိုက်ထားတဲ့ ဒဏ်ရာတွေ အကုန်လုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်။

“အဟွတ် အဟွတ်”

ပူနွေးနေတဲ့ သွေးနှစ်လုပ်ကို အန်ထုတ်လိုက်ပြီး ယန်စစ်ယွမ်က မလှမ်းမကမ်းမှာရှိတဲ့ ချိုးဟုန်လန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဟေ့ရောင် ခြေကျိုး ချိုး အဲ့ဒီကောင်ကြီး ကိစ္စပြတ်သွားပြီ အမြန် သတ်လိုက်တော့”

ချိုးဟုန်လန်က ယန်စစ်ယွမ်ကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ငါတို့နှစ်ယောက်လုံး အဆိပ်မိနေတယ်လို့ မင်းမထင်ဘူးလား”

“တောက် ဒီခွေးအိုကြီးရဲ့ လှည့်ကွက်တွေကို ကျုပ် သတိထားနေသားပဲ ဒီအဆိပ်က ဘယ်လို ဝင်လာမှန်း မသိဘူး မင်းလည်း ထိသွားတာလား”

ယန်စစ်ယွမ်ကို ပြန်မဖြေဘဲ ချိုးဟုန်လန်က ဝိညာဉ်ဆေးလုံးတစ်လုံး စားလိုက်ပြီး အသက်ရှူနှုန်းကို စတင်ညှိယူလိုက်သည်။

အဲ့ဒီအချိန်မှာပဲ လွင့်ထွက်သွားတဲ့ လင်ရန်ဝူက ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ပြန်လာသည်။

သူ့ရင်ဘတ်တစ်ခြမ်း ချိုင့်ဝင်နေပေမယ့် ယန်စစ်ယွမ်ကို လှောင်ပြောင်ဖို့တော့ အဟန့်အတား မဖြစ်စေခဲ့ပေ။

“ဟားဟား မင်းတို့နှစ်ယောက် ပေါင်းတာက ဘာမှ မဟုတ်ပါလား လာလေ လာစမ်းပါ ငါက နောက်ထပ် အချီရှစ်ရာလောက် ထပ်တိုက်ပေးမယ်”

“မင်းလို အဘိုးကြီးက ညစ်ပတ်တဲ့ နည်းလမ်းပဲ သုံးတတ်တာ”

မြေကြီးပေါ် အငွေ့တထောင်းထောင်း ထနေတဲ့ သွေးတစ်လုပ်ကို ထပ်ထွေးထုတ်လိုက်ပြီး ယန်စစ်ယွမ်က ဓားကိုမြှောက်ကာ ရှေ့တက်ဖို့ ပြင်လိုက်သည်။

ဒီအချိန်မှာ ချိုးဟုန်လန်က ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင် ငါတို့ တိုက်လည်း တိုက်ပြီးပြီ ဒေါသတွေလည်း ဖြေဖျောက်ပြီးပြီ အခု ရှန့်တိုင်းပြည်က မင်းကို ဘာအကျိုးအမြတ်တွေ ပေးထားလဲ ဆိုတာ ပြောပြလို့ ရပြီလား”

“တောက် ငါ နောက်ဆုံးတစ်ခေါက် ပြောမယ် တိုက်ချင်ရင် တိုက်လိုက် မဟုတ်မမှန် စွပ်စွဲနေတာတွေ ရပ်လိုက်တော့”

“ဟက် ဒီခွေးအိုကြီးက ဝန်မခံသေးဘူးပဲ” ယန်စစ်ယွမ်က မဲ့ပြုံးပြုံးလိုက်သည်။

သက်ပြင်းချရင်း ချိုးဟုန်လန် တစ်ခုခု ထပ်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အော်ဟစ်လိုက်သည်။

“သတိထား”

သူ့အသံဆုံးတာနဲ့ ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်ကနေ ကျဆင်းလာပြီး လက်ထဲမှာ အနက်ရောင် ရေလုံးတစ်ခုကို စုစည်းကာ ယန်စစ်ယွမ်ဆီ ပစ်ပေါက်လိုက်သည်။

“ယင်ကျန်းဟုန်”

သူ့ရဲ့ မိတ်ဆွေဟောင်း ရုတ်တရက် ပေါ်လာတာကို မြင်တော့ ယန်စစ်ယွမ် ဒေါသတွေ ထွက်လာပြီး လင်ရန်ဝူကို လှမ်းအော်လိုက်သည်။

“ဒါတောင် မင်းက အဲ့ဒီ ရှန့်တိုင်းပြည်က ခွေးတွေနဲ့ ပူးပေါင်းမနေဘူးလို့ ငြင်းဦးမလား”

ပြောရင်းဆိုရင်း ယန်စစ်ယွမ်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ယင်ကျန်းဟုန်ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

မြေကြီးပေါ် ဆင်းသက်လိုက်ပြီး ယင်ကျန်းဟုန်က လင်ရန်ဝူကို ကြည့်ကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ် လမ်းမှာ နည်းနည်း ကြန့်ကြာနေလို့ နောက်ကျသွားတယ်”

လင်ရန်ဝူ အရင်ဆုံး ကြောင်သွားပြီးမှ အော်ဟစ်လိုက်သည်။

“မင်းက ဘယ်သူ့ကို တောင်းပန်နေတာလဲ ငါတို့က ဘယ်တုန်းက အဲ့လောက် ရင်းနှီးသွားတာလဲ”

“ဂိုဏ်းချုပ်လင် ခင်ဗျား အရင် နားလိုက်ပါ သူတို့ကို ကျုပ်ရှင်းပေးပါ့မယ်”

ပြောပြီးတာနဲ့ ယင်ကျန်းဟုန်က ယန်စစ်ယွမ်နဲ့ ချိုးဟုန်လန်ဘက်ကို လှည့်လိုက်သည်။

“မိတ်ဆွေ” တွေ တွေ့ပြီဆိုတော့ စိတ်အားထက်သန်မှုက ပြင်းထန်တာပေါ့။

အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာ ယန်စစ်ယွမ်က လင်ရန်ဝူကို သစ္စာဖောက်လို့ ဆဲဆိုရင်း သူ့ဓားကြီးကို ဝှေ့ယမ်းကာ ယင်ကျန်းဟုန်ကို ဧည့်ခံလိုက်သည်။

ယင်ကျန်းဟုန် ဘယ်လိုပေါ်လာလဲ သူ စဉ်းစားဖို့ အချိန်မရှိဘူး၊ တွေ့ပြီဆိုမှတော့ တိုက်မယ်ဆိုတာပဲ သူသိတယ်။

ဒါပေမဲ့ ချိုးဟုန်လန်ကတော့ အရမ်း တည်ငြိမ်နေသည်။

လင်ရန်ဝူရဲ့ ကြောင်အသွားတဲ့ မျက်နှာက ဟန်ဆောင်တာ မဟုတ်မှန်း သူမြင်လိုက်တယ်၊ ပြီးတော့ ဒီအဆင့်ရောက်မှ ဟန်ဆောင်နေစရာလည်း အကြောင်းမရှိတော့ဘူး။

‘ငါတို့ အကွက်ချခံလိုက်ရပြီ’

ထောင်ချောက်ထဲ မိသွားမှန်း သိလိုက်တာနဲ့ ချိုးဟုန်လန် အမြန်အော်ပြောလိုက်သည်။

“ဆုတ်မယ် ငါတို့ ထောင်ချောက်ထဲ ကျသွားပြီ အရင် ထွက်ကြစို့”

“ဟေ့ မင်းတို့က သွားဖို့ အရမ်းလောနေပါလား ဒီအရှင်သခင်က ခန်းမသခင်ကြီးကို နှုတ်တောင် မဆက်ရသေးဘူးလေ”

ယင်ကျန်းဟုန်က အနက်ရောင်ဓား ခြောက်လက်ကို သူ့အတွင်းအားနဲ့ ဖန်တီးလိုက်ပြီး ချိုးဟုန်လန်ဆီ ပစ်လွှတ်လိုက်သည်။

“မင်းပြိုင်ဘက်က ဒီမှာကွ”

ယန်စစ်ယွမ် ဟိန်းဟောက်လိုက်ပြီး ဓားကြီးကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်ရာ ယင်ကျန်းဟုန်ရဲ့ ဓားမည်း ခြောက်လက်လုံး ပျက်စီးသွားသည်။

ယန်စစ်ယွမ် တစ်ခုခု ထပ်ပြောမလို့ ပြင်တုန်းမှာပဲ လင်ရန်ဝူက သူ့ရဲ့ ဓားတိုနဲ့ဓားရှည်ကို ဝှေ့ယမ်းပြီး ယင်ကျန်းဟုန်ဆီ ပြေးဝင်သွားတာကို တွေ့လိုက်ရသည်။

လင်ရန်ဝူရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ယင်ကျန်းဟုန်က ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင် ဟန်ဆောင်နေစရာ မလိုပါဘူး ကျုပ်တို့ ပူးပေါင်းပြီး သူတို့ကို ရှင်းပစ်လိုက်ကြစို့ ပြီးရင် လျန်တိုင်းပြည်မှာ ခင်ဗျားကို ဘယ်သူ ယှဉ်နိုင်တော့မှာလဲ”

“တောက် ဘယ်သူက မင်းနဲ့ ပူးပေါင်းချင်လို့လဲ”

လင်ရန်ဝူ အော်ဟစ်လိုက်ပြီး ယင်ကျန်းဟုန်ကို ဓားနဲ့ ထပ်ခုတ်လိုက်ကာ၊ ယန်စစ်ယွမ်ကို လှမ်းအော်လိုက်သည်။

“ငတုံးကောင် ဘာရပ်ကြည့်နေတာလဲ အမြန်ထွက်သွားတော့ ငါတို့ ဒီ ရှန့်တိုင်းပြည် ခွေးတွေရဲ့ ထောင်ချောက်ထဲ သိသိသာသာ မိသွားပြီ”

ဒီအချိန်မှာ ယန်စစ်ယွမ်ရဲ့ စိတ်တွေ လုံးဝ ရှုပ်ထွေးနေပြီ။

ဘာတွေဖြစ်နေလဲဆိုတာ သူ လုံးဝ စဉ်းစားလို့ မရတော့ဘူး။

ဘယ်သူက သစ္စာဖောက်လဲ၊ ဘယ်လို တိုက်ရမလဲ ဘယ်သူ့ကို တိုက်ရမလဲ။

ယန်စစ်ယွမ် ကြောင်နေတုန်း ချိုးဟုန်လန်က သူ့ဘေးကို အမြန်ပြေးလာပြီး အော်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယန် အရင် သွားကြစို့”

ယင်ကျန်းဟုန်ကို အားကုန်သုံး တိုက်ခိုက်နေတဲ့ လင်ရန်ဝူကို ကြည့်ပြီး ယန်စစ်ယွမ်က သူ့ဆံပင်သူ အတင်းဆွဲကာ ပြောလိုက်သည်။

“တောက် အဘိုးကြီးလင် မင်း တောင့်ထား ငါတို့ စစ်ကူသွားခေါ်မယ်”

ပြောပြီးတာနဲ့ သူတို့နှစ်ယောက်လုံး လေပေါ်ကို ခုန်တက်လိုက်ကြသည်။

သူတို့ ထွက်ခွာဖို့ ပြင်လိုက်ချိန်မှာပဲ ကောင်းကင်ပေါ်ကနေ စိမ်းပြာရောင် မိုးကြိုးနှစ်စင်း ကျဆင်းလာသည်။

“မင်းတို့နှစ်ယောက် သွားခေါ်မယ့်လူတွေက... ကျုပ်များလား”

လေထဲမှာ ကျီချင်းလင်က ပုလဲရောင် သွားတန်းလေးတွေကို ပေါ်အောင် ပြုံးပြလိုက်ပြီး လက်ထဲမှာ စိမ်းပြာရောင် ပုလဲတစ်လုံးကို ကိုင်ထားသည်။

ကျီချင်းလင် ပေါ်လာတာ မြင်တော့ ယန်စစ်ယွမ်က ချိုးဟုန်လန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းသွား ကျုပ် ဒီကောင့်ကို ထိန်းထားမယ်”

ချိုးဟုန်လန်က အားနာမနေတော့ဘဲ တခြားဘက်ကို ချက်ချင်း ပျံသန်းသွားလိုက်သည်။

ဒါပေမဲ့ သူ ဝေးဝေးမရောက်ခင်မှာပဲ ဓားချီရာပေါင်းများစွာ သူ့ဆီ ပြေးဝင်လာတာကို တွေ့လိုက်ရသည်။

“ဝမ်အန်းချင်း”

ရှေ့က ပုံရိပ်ကို ကြည့်ရင်း ချိုးဟုန်လန်၏ စိတ်များ တဖြည်းဖြည်း မျှော်လင့်ချက်မဲ့လာသည်။

ရှန့်တိုင်းပြည်ရဲ့ ထိပ်တန်းပညာရှင်တွေ အကုန် ထွက်လာကြပြီပဲ။

ဒီတစ်ခေါက်တော့ သူတို့ တကယ် ဒုက္ခရောက်ပြီ။

အနက်ရောင်ဘိုးဘေးတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြချိန်မှာတော့ ကျန်းပေရန်က လခြမ်းကွေးချိုင့်ဝှမ်းထဲက ကျောက်တုံးကြီးတစ်ခုပေါ်မှာ ထိုင်ပြီး သူ့ရဲ့ စစ်နိုင်ပစ္စည်းတွေကို ကြည့်ရှု သဘောကျနေလေသည်။

“ဒီ အဖိုးတန်ကျောက်စိမ်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ”

All Chapters