← Chapters

နောက်ဆက်တွဲ အကျိုးဆက်များ

Vol. 27 Ch. 339

နောက်ဆက်တွဲ အကျိုးဆက်များ

Vol. 27 Ch. 339

“ဘုန်း”

“ဘုန်း”

“ဘုန်း”

ကျန်းပေရန်၏ နောက်ကျောဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရံဖန်ရံခါတွင် အသည်းနှလုံးကို တုန်လှုပ်စေနိုင်သည့် အတွင်းအား အလင်းတန်းများသည် ကောင်းကင်ယံသို့ တည့်မတ်စွာ ပစ်လွှတ်လိုက်ကြရာ မိုင်တစ်ရာပတ်လည်ရှိ ငှက်များသည် ထိတ်လန့်တကြား အတောင်ပံခတ်ကာ ထိုနေရာမှ ထွက်ပြေးကြကုန်၏။

‘ထင်ထားတဲ့အတိုင်းပဲ လမ်းဆုံးရောက်နေတဲ့ အနက်ရောင်ဘိုးဘေးဆိုတာလည်း အနက်ရောင်ဘိုးဘေးပါပဲ ဒီလောက်ကြာအောင် တောင့်ထားနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး’

ကျန်းပေရန်သည် တောင်ထိပ်ပေါ်မှနေ၍ တွေးတောနေလိုက်သည်။

တောင်ထွတ်ပြည်နယ်မှ အနက်ရောင်ဘိုးဘေး အနည်းငယ်သည် သဘာဝကျကျပင် ကျန်းပေရန်၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။

သူက အကုန်လုံးကို ဆင့်ခေါ်လို့ မရပေမယ့် ယင်ကျန်းဟုန်ကို ဆင့်ခေါ်လို့ ရသည်လေ၊ ယင်ကျန်းဟုန်မှာ ကျန်တဲ့လူတွေ ပါလာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပြီးသားပဲ။

သို့သော်လည်း ကျန်းပေရန်သည် ဟိုဘက်ခြမ်းမှ ရလဒ်အတွက် စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။

ယင်ကျန်းဟုန်နှင့် အခြားသူများသာ ဒီလိုအခြေအနေမျိုးမှာ ရှုံးနိမ့်သွားမယ်ဆိုရင် ရှန့်တိုင်းပြည်လည်း သူတို့နဲ့အတူ ပျက်စီးသွားတာက ပိုကောင်းလိမ့်မည်။

ရှေ့ဆက်သွားနေလို့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

သူ့ကို နှောင့်ယှက်မည့်သူ မရှိသဖြင့် ကျန်းပေရန်သည် သူ့ရှေ့ရှိ ကျောက်တုံးကြီးတစ်တုံးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။

ကျောက်စိမ်းတုံး... ကျောက်စိမ်းတုံး

ကျောက်စိမ်း၏ အနှစ်သာရမှာ အမှန်တကယ်တော့ ကျောက်တုံး၊ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် သတ္တုရိုင်း ဖြစ်သည်။

ကျန်းပေရန်၏ နားလည်မှုအရ ကျောက်စိမ်း ဖြစ်ပေါ်လာပုံမှာ အလွန် ရှုပ်ထွေးသည်။

အများစုသည် မြေအောက် ကီလိုမီတာ ဆယ်ဂဏန်းအနက်ရှိ အပူချိန်မြင့်မားစွာ အရည်ပျော်နေသော ကျောက်ရည်ပူများမှ မြစ်ဖျားခံကြသည်။

ဤအပူချိန်မြင့်မားသော ကျောက်ရည်ပူများသည် အက်ကွဲကြောင်းများမှတစ်ဆင့် မြေပြင်ပေါ်သို့ တိုးထွက်လာပြီး အေးခဲသွားသောအခါ ၎င်း၏ မျက်နှာပြင်သည် သာမန်ကျောက်တုံးကဲ့သို့ ဖြစ်နေသော်လည်း အတွင်းပိုင်းတွင်မူ အံ့ဖွယ်ကမ္ဘာတစ်ခုကို သိုဝှက်ထားတတ်ကြသည်။

ထို့အပြင် အချို့သော အဖိုးတန်ကျောက်စိမ်းများ ဖြစ်ပေါ်လာရန်အတွက် အလွန် ဆန့်ကျင်ဘက်ဖြစ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်သည်။ အလွန်မြင့်မားသော ဖိအားနှင့် အလွန်နိမ့်သော အပူချိန် နှစ်ခုစလုံး လိုအပ်ပြီး ထူးခြားလွန်းသော ပထဝီဝင် အနေအထားရှိသည့် နေရာများတွင်သာ တွေ့ရှိနိုင်သည်။

ကျန်းပေရန်က သူရရှိတော့မည့် ကျောက်စိမ်းသည် ထိုကဲ့သို့ တောင်းဆိုမှုများသော ပတ်ဝန်းကျင်မျိုး လိုအပ်သည့် အမျိုးအစားဟု အစပိုင်းတွင် ထင်မှတ်ခဲ့သော်လည်း လခြမ်းကွေးချိုင့်ဝှမ်းသို့ လာရောက်လေ့လာကြည့်သောအခါ ထိုနေရာတွင် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိခဲ့ပေ။

ယခု ကျောက်စိမ်း၏ ပုံသဏ္ဍာန်အမှန်ကို မြင်တွေ့လိုက်ရသောအခါမှသာ သူ နားလည်လိုက်သည်။ ဒီကမ္ဘာကြီးတွင် သိပ္ပံပညာဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့၊ လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများသာ စစ်မှန်သော လမ်းစဉ်ဖြစ်ပေသည်။

ပြိုင်စံရှား ကျောက်စိမ်းသည် မြေအောက်တွင်လည်း မရှိသလို ရောက်ရှိရန် အလွန်ခက်ခဲသော နေရာမျိုးတွင်လည်း မရှိပေ။

သစ်ပင်ကြီးတစ်ပင်၏ ဘေးတွင် ငြိမ်သက်စွာ တည်ရှိနေပြီး ၎င်း၏ အသွင်အပြင်မှာ သာမန်ကျောက်တုံးတစ်တုံးနှင့် ခွဲခြားမရနိုင်အောင် တူညီလွန်းလှသည်။

ဗေဒင်ကိန်းခန်းကသာ ဒီနေရာအတိအကျကို မညွှန်ပြခဲ့ရင် ဒီကျောက်တုံးထဲမှာ ရတနာရှိနေမှန်း ကျန်းပေရန် ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။

ဒါက အဲ့ဒီကျောက်တုံးမှန်း သေချာသွားတော့ ကျန်းပေရန်က ကျွမ်းကျင်စွာ ခွဲစိတ်လိုက်ရာ အတွင်းထဲမှ လမင်းရောင် ကျောက်စိမ်းတုံးကြီး တစ်တုံးလုံး ပေါ်ထွက်လာလေသည်။

ထိတွေ့လိုက်လျှင် နွေးထွေးနေဆဲဖြစ်ပြီး အလွန် နက်ရှိုင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

‘သြော် ဒီလိုကိုး...’

ကျောက်စိမ်း၏ အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ဒီအဖိုးတန် ရတနာ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို ကျန်းပေရန် နားလည်လိုက်သည်။

ဖီးနစ်ငါးမျိုး အနက် အနီရောင်ပိုများသူမှာ ဖုန်း ၊ အစိမ်းရောင်ပိုများသူမှာ လွမ်းငှက် ၊ အဝါရောင်ပိုများသူမှာ ရှေးဦး ကြက်သွေးရောင်ငှက် ၊ ခရမ်းရောင်ပိုများသူမှာ အမောက်နီငှက် နှင့် အဖြူရောင်ပိုများသူမှာ ဟုန်ဟုငှက် တို့ ဖြစ်ကြသည်။

ဤအဖြူရောင်သည် ဟုန်ဟု၏ ကိုယ်စားပြု အရောင်ဖြစ်သည်။

ဒီထူးခြားတဲ့ အရှိန်အဝါနဲ့ ပေါင်းစပ်လိုက်တော့ ဒီနေရာမှာ ဟုန်ဟုငှက်တစ်ကောင် လာရောက်နားခိုခဲ့ဖူးတယ် ဆိုတာကို ကျန်းပေရန် သေချာသွားသည်။

ဒါက လခြမ်းကွေးချိုင့်ဝှမ်းကနေ ရတနာပစ္စည်း ပေါ်ထွက်လာမယ်လို့ လျန်တိုင်းပြည်က ဂိုဏ်းကြီးတွေ ဘာလို့ အဲ့လောက် ယုံကြည်နေကြလဲ ဆိုတာကိုလည်း ရှင်းပြနေသလိုပါပဲ။

ဟုန်ဟုငှက် နားခိုခဲ့ဖူးတဲ့ နေရာဆိုရင် ကြီးမားကျယ်ပြန့်တဲ့ ဖြောင့်မတ်ခြင်း စွမ်းအင် ပါဝင်တဲ့ ရတနာတစ်ခု သေချာပေါက် ထွက်ပေါ်လာမှာပဲလေ။

ဒီလို ရတနာမျိုးကို ဝတ်ဆင်ထားရုံနဲ့တင် ဝိညာဉ်နဲ့ နှလုံးသားသွေးကြောတွေကို သန့်စင်ပေးနိုင်ပြီး ကျင့်ကြံရာမှာ တစ်ဝက်အားစိုက်ရုံနဲ့ နှစ်ဆခရီးရောက်စေနိုင်သလို၊ လမ်းမှားရောက်မှာတို့ စိတ်အတွင်းနတ်ဆိုး တွေ ဝင်ရောက်မှာတို့အတွက် ပူပန်စရာ မလိုတော့ပေ။

ခြုံပြောရရင် ကျင့်ကြံသူတွေအတွက် အကျိုးကျေးဇူးများပြားလှတဲ့ ရတနာတစ်ခုပါပဲ။

‘ဒါပေမဲ့ ဟုန်ဟုငှက်နားခိုခဲ့လို့ ဒီကျောက်စိမ်း ဖြစ်လာတာလား ဒါမှမဟုတ် ဒီလိုကျောက်စိမ်း ရှိနေလို့ ဟုန်ဟုငှက်က လာနားခိုတာလား ဆိုတာတော့ စဉ်းစားစရာပဲ’

ဒီလို သေးငယ်တဲ့ မေးခွန်းအပေါ် အချိန်မကုန်ခံတော့ဘဲ အဖိုးတန်ကျောက်စိမ်းက လက်ထဲရောက်နေပြီမို့ ဆက်နေစရာ အကြောင်းမရှိတော့ပေ။

ကျောက်စိမ်းကို သိုလှောင်လက်စွပ် ထဲ ထည့်ပြီးနောက် ကျန်းပေရန်သည် လေထုထဲသို့ ပျောက်ကွယ်သွားလေသည်။

ကြယ်တာရာ ရွေ့လျားခြင်း အတတ်ပညာဖြင့် တစ်ရက်တာ အချိန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

‘ပေါများသော မြူခိုးစံအိမ်’ ရှိ လူမထင်ရှားသော အိမ်တစ်လုံးတွင် မည်းနက်သော ပုံရိပ်တစ်ခု လေပေါ်မှ ရုတ်တရက် ကျဆင်းလာသည်။

“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ယင် ကိစ္စတွေ ပြီးပြတ်သွားပုံရတယ်”

ခြံဝင်းအလယ်တွင် ကျန်းပေရန်က ယင်ကျန်းဟုန်ကို လက်သီးဆုပ်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

သူ့ရဲ့ တက်ကြွနေတဲ့ ပုံစံကို ကြည့်ရုံနဲ့ ကိစ္စအောင်မြင်သွားပြီမှန်း ကျန်းပေရန် သိလိုက်သည်။

“ပြီးပြီ ပြီးသွားပြီ”

ကျောက်တုံးကုလားထိုင်ပေါ်သို့ ပစ်လှဲချလိုက်ရင်း ယင်ကျန်းဟုန်က ကျန်းပေရန်ကို လက်သီးဆုပ်ပြန်ဂါရဝပြုကာ ပြောလိုက်သည်။

“လေးစားစရာပဲ တကယ် လေးစားစရာပဲ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းက လျန်တိုင်းပြည်ရဲ့ တိုက်ခိုက်ရေးအင်အားကို တစ်ဝက်ကျော် လျှော့ချပစ်လိုက်နိုင်တယ် ပေရန် မင်းက တကယ် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ပါပဲကွာ”

ကျန်းပေရန်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဂိုဏ်းချုပ်ယင် ချီးကျူးတာ လွန်ပါပြီ အားလုံးရဲ့ အကူအညီသာ မပါရင် ဒါကို လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”

“နှိမ့်ချမနေပါနဲ့ကွာ ငါတို့ လျန်တိုင်းပြည်ကို တိုက်လာတာ ဒီလောက်ကြာပြီ ဘာရလဒ်မှ မထွက်ခဲ့ဘူး မင်းရဲ့ တစ်ကွက်တည်းနဲ့ သူတို့အကုန်လုံးကို တစ်ပြိုင်နက်တည်း ရှင်းထုတ်ပစ်လိုက်နိုင်တယ် ရက်စက်တယ် တကယ် ရက်စက်တယ် ဒီအဘိုးကြီး သဘောကျတယ်”

ဒီခေါင်းစဉ်အပေါ် အပြန်အလှန် ချီးကျူးနေတာတွေ ဆက်မလုပ်ချင်တော့သဖြင့် ကျန်းပေရန်က မေးလိုက်သည်။

“ရလဒ်က ဘယ်လိုလဲ သူတို့အကုန်လုံးကို ရှင်းနိုင်လိုက်လား”

“လင်ရန်ဝူ သေပြီ ချိုးဟုန်လန်က ထွက်ပြေးဖို့ ကြိုးစားပေမယ့် ကွမ်းရှီအန်း ကံကောင်းသွားပြီး သူ့ကိုပါ နိုင်လိုက်တယ် ပြီးတော့ မင်းတောင်းဆိုထားတဲ့အတိုင်း ယန်စစ်ယွမ်ကို အရှင်ဖမ်းထားပေးတယ် သူ့ဆီ ခေါ်သွားပေးရမလား”

“အချိန်မကျသေးပါဘူး ခဏလောက် ထပ်စောင့်လိုက်ပါဦး”

“ကောင်းပြီလေ မင်းသဘောပဲ”

လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် ယင်ကျန်းဟုန်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆို ငါ ဟိုဘက်ကို အရင်သွားလိုက်ဦးမယ် လင်ရန်ဝူနဲ့ တခြားသူတွေကို ဖြေရှင်းတာက အစပဲ ရှိသေးတယ် ရှေ့မှာ ပြဿနာတွေ အများကြီး ကျန်သေးတယ် ဟို ခေါင်းမာတဲ့ကောင်တွေ သေချာပေါက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး ငါ သွားကူမှ ရမယ်”

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ယင် ပင်ပန်းပါပြီ”

“ဟားဟား ဒီလို ပင်ပန်းမှုမျိုးကို ဒီအရှင်သခင်က လိုလိုလားလား လုပ်ပေးမှာပါ လိုလိုလားလားကို လုပ်ပေးမှာ” ပြောပြီးနောက် သူက ရူးသွပ်စွာ ရယ်မောရင်း ကောင်းကင်ယံသို့ ပျောက်ကွယ်သွားလေသည်။

ယင်ကျန်းဟုန်ရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ စိတ်အခြေအနေနဲ့ မတူတာက ကျန်းပေရန်ဟာ ဒီပြဿနာကောင် အိမ်နီးချင်းကို ဖြေရှင်းနိုင်လိုက်တာအပေါ် သိပ်ပြီး ဝမ်းသာမနေမိခြင်းပင် ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ဒီလို အချက်ပြလိုက်တာက ရှန့်တိုင်းပြည်မှာ ရည်မှန်းချက်ကြီးတွေ ရှိနေကြောင်း ပြသလိုက်သလို ဖြစ်နေလို့ပါပဲ။

တကယ်လို့ ပိုအင်အားကြီးတဲ့ နိုင်ငံတွေက အထက်လူကြီးတချို့သာ ရှန့်တိုင်းပြည်ကို မတည်ငြိမ်တဲ့ အချက်တစ်ချက်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ရှန့်တိုင်းပြည်ဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်လေ။

လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း ကျန်းပေရန်က လမင်းကြီးကို မော့ကြည့်ကာ ခေါင်းညိတ်ပြီး လေးလေးနက်နက် စဉ်းစားလိုက်သည်။

‘ဘာပဲဖြစ်ဖြစ်

အရင်ဆုံး ကျောထောက်နောက်ခံ တစ်ခုလောက် ရှာထားမှ ဖြစ်မယ်’

ကိုယ့်အတောင်အလက် မစုံသေးခင် သူများတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတာက မိုက်မဲတဲ့ လုပ်ရပ်ပါပဲ။

ဒါကြောင့် ကောင်းမွန်တဲ့ အကာအကွယ်ပေးသူ တစ်ယောက် အရင်ရှာထားဖို့က အလွန် အရေးကြီးသည်။

ဒါပေမဲ့ လင်မိသားစု ဒါမှမဟုတ် ရှီမိသားစုကိုတော့ ကျန်းပေရန် သွားရှာမှာ မဟုတ်ပေ။ သူတို့ကို ကောင်းကင်ဘုံလမ်းစဉ် က သူ့အတွက် ချထားပေးတဲ့ ထောင်ချောက်နှစ်ခုလို့ သူ ယုံကြည်နေတုန်းမို့လို့ပါ။

ယင်ကျန်းဟုန် ထွက်သွားပြီး မကြာခင်မှာပဲ ခြံဝင်းတံခါးကို ခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဝင်ခဲ့” ကျန်းပေရန် ပြောလိုက်သည်။

တံခါးကို တွန်းဖွင့်သံနှင့်အတူ ဟော်ဟုန်ဖေး ဝင်လာသည်။

သူက ကျန်းပေရန်ရှေ့သို့ အမြန်လာပြီး ဒူးနှစ်ဖက်ထောက်ကာ ချလိုက်လေသည်။

“အဲ့ဒီတုန်းက ကျုပ်ရဲ့ ဟော်မျိုးနွယ်ဝင် ၄၂ ယောက် အသတ်ခံခဲ့ရတယ် အဲ့ဒီ လင်ရန်ဝူက ခေါင်းဆောင်တွေထဲက တစ်ယောက်လို့ ပြောလို့ရတယ် အခု အရှင်မင်းကြီးက ကျုပ်အတွက် ဒီကလဲ့စားကြီးကို ချေပေးလိုက်ပြီဆိုတော့ ဟော်ဟုန်ဖေး တစ်သက်လုံး မေ့တော့မှာ မဟုတ်ပါဘူး”

ပြောပြီးသည်နှင့် သူက “ဘုန်း ဘုန်း ဘုန်း” ဟူသော အသံမြည်အောင် သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်လေသည်။

မြေကြီးပေါ် ဒူးထောက်နေသော ဟော်ဟုန်ဖေးကို ကြည့်ရင်း ကျန်းပေရန်က ဒီလူဟာလည်း ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲလို့ စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ပေ။

ထိပ်တန်းဂိုဏ်းအတော်များများထဲမှာ သူ ထည့်သွင်းထားတဲ့၊ ဒါမှမဟုတ် စည်းရုံးထားတဲ့ လူတွေ ရှိနေပြီး၊ အဲ့ဒီလူတစ်ယောက်ချင်းစီကလည်း အရေးပါတဲ့ ရာထူးတွေ ရယူထားနိုင်ကြတယ်။

မဟုတ်ရင် အဲ့ဒီ အနက်ရောင်ဘိုးဘေး သုံးယောက်ကို ဒီလောက် ပြင်းပြင်းထန်ထန် သတ်ပုတ်ကြဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလေ။

သူ ဘယ်လိုလုပ်လိုက်လဲ ဆိုတာကတော့... ဒီလောကကြီးက အရာအတော်များများဟာ စကားလုံးတစ်လုံးတည်းအပေါ်မှာပဲ အခြေခံပါတယ်။

“အကျိုးအမြတ်”

ဘယ်သူမှ ထာဝရ လက်အောက်ခံအဖြစ် မနေချင်ကြဘူး၊ သို့မဟုတ် လူတစ်ယောက်တည်းရဲ့ လက်အောက်မှာ မနေချင်ကြဘူး။

တကယ်လို့ သစ္စာဖောက်လိုက်တာက ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်မယ်ဆိုရင် လူအများစုက ဒီလို ဆွဲဆောင်မှုကို တွန်းလှန်နိုင်ကြမှာ မဟုတ်ပေ။

ဒီစီမံကိန်း မစတင်ခင်မှာ ဟော်ဟုန်ဖေးရဲ့ တောင်းဆိုချက်အားလုံးကို ကျန်းပေရန် သဘောတူပေးခဲ့သည်။

ဒီအစီအစဉ်မှာ ပူးပေါင်းသူ ဘယ်သူမဆို ဆုလာဘ်ကြီးကြီး ရရှိကြလိမ့်မည်။

ဒါပေမဲ့ ဒီအရာအားလုံးရဲ့ အခြေခံအုတ်မြစ်ကတော့ ဟော်ဟုန်ဖေး သူတို့အတွက် ဆွဲပြထားတဲ့ “လေထဲက တိုက်အိမ်” ကို သူတို့ ယုံကြည်ချင်စိတ် ရှိနေကြဖို့ပါပဲ။

ကိုယ်ဆွဲပြတဲ့ မုန့်ကို သူများတွေ စားချင်လာအောင် လုပ်နိုင်တဲ့ စွမ်းရည်က သူ့ဘာသာသူ အလွန် အစွမ်းထက်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။

‘အိမ်မက်မက်နေတဲ့ သားမက်လောင်း ပုံစံပေါက်နေတဲ့ ဇာတ်လိုက်... ကြောက်စရာ ကောင်းလိုက်တာ’

“ကိစ္စတွေ အားလုံး လုံးဝ ပြီးပြတ်သွားမှ ကျေးဇူးတင်စကား ပြောပါ ဂိုဏ်းချုပ်ယင် ဟိုဘက်မှာ အလုပ်ရှုပ်နေလောက်ပြီ မင်းသွားကူညီလိုက်ပါဦး”

အစီအစဉ်မှာ ပါဝင်သူတစ်ယောက်အနေနဲ့ ကျန်းပေရန်က ဟော်ဟုန်ဖေးကို ယင်ကျန်းဟုန်နဲ့ မိတ်ဆက်ပေးပြီးသားပါ။

သူတို့နှစ်ယောက်က တွေ့တာ နောက်ကျသွားတယ်လို့ ခံစားရလောက်အောင်ကို အတော်လေး အဆင်ပြေနေကြလေသည်။

“အမိန့်တော်အတိုင်းပါ ဒါဆို ဒီလက်အောက်ငယ်သား သွားခွင့်ပြုပါဦး”

ပြောပြီးနောက် ဟော်ဟုန်ဖေး ခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။

လျန်တိုင်းပြည်ရဲ့ ထိပ်တန်း တိုက်ခိုက်ရေးအင်အား သုံးယောက်ကို တစ်ပြိုင်နက်တည်း ဖယ်ရှားနိုင်လိုက်ပေမယ့် ဒီတိုင်းပြည်ကြီး တစ်ခုလုံးကို မျိုချဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်သေးပေ။

ဖြေရှင်းစရာ ပြဿနာတွေ အများကြီး ကျန်နေသေးသည်။

မနက်ခင်းတစ်ခုမှာတော့ ကျန်းပေရန် အိပ်ရာက နိုးလာတာနဲ့ ယင်ကျန်းဟုန် သူ့ခြံဝင်းထဲ အမြန်ဝင်လာတာကို တွေ့လိုက်ရသည်။

“ပေရန် ဒီ လျန်တိုင်းပြည်က ပုံမှန်ဆို သဲပွင့်တွေလို ပြန့်ကြဲနေတာပါ အခုကျမှ ရုတ်တရက် စည်းလုံးသွားကြတယ် အထူးသဖြင့် ဒီဂိုဏ်းအနည်းငယ်ပေါ့”

ယင်ကျန်းဟုန်က စာရင်းတစ်ခုကို ထုတ်ပြီး ကျန်းပေရန်ရှေ့ ချပေးလိုက်သည်။

“ပေရန် ကြည့်ပါဦး ဒါကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ ဟို အဘိုးကြီးတွေက သတ်မယ် ဖြတ်မယ်ပဲ သိကြတာ”

ယင်ကျန်းဟုန် ပေးလာတဲ့ စာရင်းကို ကြည့်လိုက်တာနဲ့ ရွေးချယ်စရာ သုံးခုက ကျန်းပေရန် မျက်စိရှေ့ ချက်ချင်း ပေါ်လာသည်။

[ရွေးချယ်မှု့ ၁: ဖြေရှင်းနည်းကို အကြံပြုပါ။

ပြီးမြောက်ပါက ဆုလက်ဆောင်: ကြက်သွေးရောင် အကြေးခွံ သန့်စင်သော အတတ်ပညာ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု့ ၂: အခြေအနေကို သေချာစွာ သုံးသပ်ပြပါ။

ပြီးမြောက်ပါက ဆုလက်ဆောင်: ငွေရောင်လမင်း ဧကရာဇ်လက်ဝါး (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု့ ၃: “ မသိဘူး”

ပြီးမြောက်ပါက ဆုလက်ဆောင်: ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

စနစ် သတိပေးချက် ရုတ်တရက် ပေါ်လာတာကို မြင်တော့ ကျန်းပေရန် အံ့သြသွားသည်။

အရင်တုန်းက သူ လျန်တိုင်းပြည်ကို ဖျက်ဆီးချင်တုန်းက စနစ် က ဘာမှ မတုံ့ပြန်ဘဲ သူ့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားခဲ့တာ။

အခု ကိစ္စတွေ အဆုံးသတ်ခါနီးမှ စနစ် က သူ့ကို ပေါ်ပေါ်ထင်ထင် မနေဖို့ သတိပေးနေတာများလား။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း ဟုတ်တာပါပဲ။

တကယ်လို့ သူသာ ယင်ကျန်းဟုန်ကို အရာအားလုံး လှလှပပ ဖြေရှင်းပေးလိုက်ရင် ဒီအဘိုးကြီးက နောက်နောင် ကြုံလာမယ့် ကိစ္စတိုင်းမှာ သူ့ကို ဘယ်လို ဆွဲထည့်ရမလဲ ဆိုတာပဲ တွေးနေတော့မှာ။

အဲ့ဒီလို စိတ်ဓာတ်မျိုးက သေချာပေါက် မကောင်းပါဘူး။

ရွေးချယ်မှု့ ၃ ကို ရွေးချယ်လိုက်ပြီး ကျန်းပေရန်က ခေါင်းခါကာ ပြောလိုက်သည်။

“ မသိဘူး”

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင်: ကံကောင်းခြင်း +၁]

ကျန်းပေရန်၏ အဖြေကို ကြားတော့ ယင်ကျန်းဟုန် သိသိသာသာ ကြောင်အသွားသည်။

“လျန်တိုင်းပြည်ကို ဖျက်ဆီးဖို့ စိတ်ဝင်စားလား” လို့ ကျန်းပေရန် ရုတ်တရက် လာမေးကတည်းက၊ ဒီ ပညာရှင်တပည့်က သူ့ရဲ့ စွမ်းရည်အစစ်အမှန်တွေကို ထုတ်ပြတော့မယ်လို့ ယင်ကျန်းဟုန် ထင်ထားခဲ့တာလေ။

ပြီးတော့ တကယ်လည်း သူထင်ထားသလို ဖြစ်လာခဲ့တယ်။

သူ ဦးနှောက်တောင် သိပ်မသုံးလိုက်ရဘူး၊ ကျန်းပေရန်က လျန်တိုင်းပြည် ဖျက်ဆီးရေး စီမံကိန်း တစ်ခုလုံးကို စီစဉ်ပြီး သူ့ကို အကုန်ပြောပြခဲ့တာ။

ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိခဲ့သလဲဆိုရင် ယင်ကျန်းဟုန်က ဟို သုံးယောက်ကို ပြန်ပြီး ဂျင်းထည့်ဖို့တောင် နှစ်ခါပြန် မစဉ်းစားခဲ့ရဘူး။

ဒါပေမဲ့ ယင်ကျန်းဟုန်က နောက်ထပ် မြို့တစ်မြို့၊ မဟုတ်ဘူး၊ နောက်ထပ် တိုင်းပြည်တစ်ခုကို ဒီပညာရှင်တပည့်နဲ့အတူ သိမ်းပိုက်ဖို့ စိတ်ကူးယဉ်နေတုန်းမှာပဲ သူက မူလပုံစံဟောင်းကို ရုတ်တရက် ပြန်ရောက်သွားတယ်။

‘သူ ဘာလုပ်နေတာလဲ ပြဇာတ်ကနေတာလား’

လက်မလျှော့ချင်သေးတဲ့ ယင်ကျန်းဟုန်က နောက်ထပ် နာမည်စာရင်းတစ်ခု ထပ်ထုတ်လိုက်ပြီး ထိပ်ဆုံးက နာမည်ကို လက်ညှိုးထိုးကာ ကျန်းပေရန်ကို မေးလိုက်သည်။

“ဒီလူကို သိလား”

[ရွေးချယ်မှု ၁ - “ကျုပ် သိတယ်”] [ပြီးမြောက်ပါက ဆုလက်ဆောင် - သံကြိုးချပ်ဝတ် သရဲကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - “ကျုပ် မသိဘူး”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

ရွေးချယ်မှု ၂ ကို လွယ်ကူစွာ ရွေးချယ်လိုက်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်သည်။

“ကျုပ် မသိဘူး”

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ]

[ဆုလက်ဆောင် - အနက်ရောင် ထွင်းထုခြင်း +၁]

“ပေရန် မင်း ဒီလို နောက်လို့ မရဘူးနော် ဒီကိစ္စ မပြီးသေးဘူး မင်း အခုမှ နောက်ဆုတ်သွားလို့ မရဘူး”

ယင်ကျန်းဟုန်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကုတ်တော့မယ့် ပုံပေါက်နေတာကို မြင်တော့ ကျန်းပေရန်က လက်ကာပြလိုက်သည်။

“ကျွန်တော် တကယ် မသိတာပါဗျာ ကျွန်တော်ကို ဘာပြောစေချင်လို့လဲ”

“မင်း”

ပြောစရာ စကားမဲ့သွားတဲ့ ယင်ကျန်းဟုန်က စာတစ်ပုံကြီးကို ထုတ်ပြီး ကျန်းပေရန်ရှေ့ ချပေးလိုက်သည်။

“ဒါဆို ဒါတွေကို ကူပြီး သုံးသပ်ပေးလို့ ရမလား”

“ဂိုဏ်းချုပ်ယင် ခင်ဗျားကို ဟော်ဟုန်ဖေးနဲ့ မိတ်ဆက်ပေးပြီးပြီမလား လျန်တိုင်းပြည်ရဲ့ ကိစ္စတွေကို သူ့ကို မေးလို့ရပါတယ် သူက ဒီမှာ မွေး ဒီမှာ ကြီးတာဆိုတော့ ကျွန်တော့ထက် အများကြီး ပိုသိတယ်”

“သူလား” ယင်ကျန်းဟုန် မျက်မှောင်ကြုတ်လိုက်သည်။

“သူ့အရည်အချင်းက ကောင်းပါတယ် ဒါပေမဲ့ သူ့ရဲ့ မကောင်းစိတ်က အရမ်းများလွန်းတယ် ငါကြည့်ရတာ သူက ပြဿနာရှာမယ့်ပုံ ပေါက်နေတယ်”

“စိတ်မပူပါနဲ့ ခင်ဗျား သူနဲ့ ကောင်းကောင်း ပူးပေါင်းလို့ ရပါတယ် သူ့ရဲ့ မကောင်းစိတ်က ခင်ဗျားအပေါ် ဦးတည်ထားတာ မဟုတ်ပါဘူး”

“ဟူး”

ဒါကို ကြားပြီးနောက် ယင်ကျန်းဟုန် သက်ပြင်းချလိုက်သည်။

“ဒါဆို မင်းက ဒီကိစ္စမှာ တကယ် ဝင်မပါတော့ဘူးပေါ့”

တကယ် မတတ်နိုင်တော့လို့ပါ ခင်ဗျားလည်း အရင် အစီအစဉ်တွေကို မြင်ဖူးသားပဲ အဲ့ဒါတွေ အကုန်လုံးကို အခြေခံအားဖြင့် ဟော်ဟုန်ဖေးက စီစဉ်ထားတာပါ ကျွန်တော်က မိတ်ဆက်ပေးရုံ သက်သက်ပဲ နောက်ဆုံးကျတော့ အောင်မြင်အောင် လုပ်နိုင်ခဲ့တာက ခင်ဗျားတို့ပါပဲ ကျွန်တော်က အလွန်ဆုံး ပွဲစားသက်သက်ပါပဲ တကယ် အကြံကုန်နေပြီ”

ကျန်းပေရန် ဆုံးဖြတ်ချက် ခိုင်မာနေတာကို မြင်တော့ ယင်ကျန်းဟုန် စကားကုန် မပြောတော့ပေ။

“ကောင်းပြီလေ မင်းက အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် ဒါဆို မင်းသဘောပါပဲ ကျန်တာတွေကို ငါပဲ ရှင်းလိုက်ပါ့မယ်”

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ယင် ပင်ပန်းပါပြီ”

ယင်ကျန်းဟုန် ထွက်ခွာသွားတာကို ကြည့်ရင်း၊ ကျန်းပေရန်က လျန်တိုင်းပြည်မှာ ဆက်နေစရာ မလိုတော့ဘူးဆိုတာ ရုတ်တရက် သဘောပေါက်လိုက်သည်။

နောက်ဆက်တွဲ ကိစ္စတွေမှာ စနစ်က သူ့ကို ဝင်ပါခွင့် မပေးမှတော့ သူ ဒီမှာ နေနေလို့လည်း အပိုပါပဲ။

ပြီးတော့ သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။

သုံးနှစ်ပြည့်ဖို့ ရက်ချိန်းက နီးကပ်လာပြီ၊ ဒါပေမဲ့ စနစ်က သူ့ကို ရှာခိုင်းထားတဲ့ ရတနာတွေထဲက တစ်ခုပဲ ရှာတွေ့သေးတယ်၊ အဲ့ဒါကလည်း ရှာတွေ့ရုံပဲ ရှိသေးတာ။

ပြီးမြောက်မှုနှုန်းက ဆိုးဆိုးရွားရွားကို နည်းလွန်းနေသည်။

ဒါကို တွေးမိတော့ ကျန်းပေရန်က သူ့ဝတ်ရုံထဲကနေ အဆောင်စက္ကူတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။

စာကြောင်း နှစ်ကြောင်းလောက် ရေးပြီးနောက် ကျန်းပေရန်က အဆောင်စက္ကူကို စက္ကူစွန်ပုံစံ ခေါက်လိုက်ပြီး လေထဲကို လွှတ်တင်လိုက်သည်။

ခဏအကြာမှာ စက္ကူစွန်လေးက မိုးကုပ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားလေသည်။

ဒါက လင်မိသားစုရဲ့ တိုကင်ပြားတွေကို လေ့လာပြီးနောက် ကျန်းပေရန် တီထွင်ထားတဲ့ ဆက်သွယ်ရေး နည်းလမ်းတစ်ခုပါ။

အစီအရင်နဲ့ အဆောင်စက္ကူကို အားကိုးပြီး စက္ကူစွန်လေးက စာတွေကို ခရီးဝေး သယ်ဆောင်သွားနိုင်ရုံသာမက၊ အဆောင်စက္ကူထဲမှာ နတ်ဘုရားအာရုံ သို့မဟုတ် အသံကိုပါ ထည့်သွင်းပေးနိုင်တာကြောင့် ကျောက်စိမ်းငှက်ပိတုန်း ထက် အများကြီး ပိုထိရောက်ပါတယ်။

ကျောက်စိမ်းငှက်ပိတုန်းကို စောစောစီးစီး အငြိမ်းစားပေးလိုက်တယ်လို့ ပြောလို့ရတယ်။

စက္ကူစွန် လွှတ်ပြီး မကြာခင်မှာပဲ ခြံဝင်းတံခါးမကြီးကို လာခေါက်သံ ကြားလိုက်ရသည်။

“ဝင်ခဲ့” လို့ လှမ်းခေါ်လိုက်ပြီးနောက် လီဖူချန် တံခါးတွန်းဖွင့် ဝင်လာတာကို တွေ့လိုက်ရသည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

အခု လျန်တိုင်းပြည် လုံးဝ ကျဆုံးသွားပြီဆိုတော့ သူ့အထောက်အထားကို ဖုံးကွယ်ထားစရာ မလိုတော့ဘူးလေ။

လီဖူချန်က သူ့ကို အစ်ကိုဝမ်လို့ ခေါ်ဖို့ မသင့်တော်တော့ဘူးလို့ ခံစားနေရသည်။

“အစ်ကိုဝမ် လို့ပဲ ခေါ်ပါ ငါ အဲ့ဒါပဲ ကျင့်သားရနေလို့”

“ဟုတ်ကဲ့ပါ” လီဖူချန်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။

“မင်းကို ဒီခေါ်လိုက်တာက ကိစ္စတစ်ခု ပြောမလို့ပါ ငါရှန့်တိုင်းပြည်ကို ပြန်ဖို့ ပြင်နေပြီ မင်း လျန်တိုင်းပြည်မှာ ဆက်နေမလား ပြန်လိုက်မလား ဆိုတာကိုတော့ ကိုယ့်ဘာသာ ရွေးချယ်နိုင်တယ်”

လီဖူချန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဖူချန်က အစ်ကိုဝမ် စကားကိုပဲ နားထောင်မှာပါ အစ်ကိုဝမ်ရဲ့ နောက်ထပ် ပစ်မှတ်က ဘယ်နေရာလဲ ဆိုတာ သိခွင့်ရမလား ဖူချန်က အစ်ကိုဝမ်ရဲ့ ရှေ့ပြေးတပ်သားအဖြစ် ထပ်ပြီး တာဝန်ထမ်းဆောင်ချင်ပါတယ်”

‘ပစ်မှတ်’

ကျန်းပေရန် ခဏလောက် ကြောင်သွားပြီးမှ လီဖူချန် ဘာကို ဆိုလိုလဲဆိုတာ သဘောပေါက်သွားသည်။

သူက နောက်ထပ် သိမ်းပိုက်မယ့် တိုင်းပြည်ကို ရွေးပြီးပြီလို့ ထင်နေတာကိုး။

“သိသင့်တဲ့အချိန်ကျရင် မင်း သိရပါလိမ့်မယ်”

“ဟုတ်ကဲ့ပါ” လီဖူချန်က လေးလေးနက်နက် လက်သီးဆုပ် အရိုအသေပြုလိုက်သည်။

“ဒါဆို ကျွန်တော် လျန်တိုင်းပြည်မှာပဲ ဆက်နေလိုက်ပါ့မယ် မပြောပလောက်တဲ့ အင်အားလေးပဲ ရှိပေမယ့် နည်းနည်းတော့ ကူညီပေးနိုင်မယ် ထင်ပါတယ်”

“ကောင်းပြီ ပြီးတော့ ဒီက ကိစ္စတွေကိုပဲ အရမ်း အာရုံစိုက်မနေနဲ့ အားရင် မင်းဆရာဆီလည်း သွားလည်ဦး ဆရာကပဲ တပည့်ကို လိုက်ရှာနေရတယ် ဆိုတာ မကောင်းပါဘူး”

ဒါကို ကြားတော့ လီဖူချန် ရုတ်တရက် သတိဝင်လာပြီး သူ့ဆရာကို သွားရှာဖို့ တစ်ခါမှ မစဉ်းစားခဲ့မိဘူးဆိုတာ တွေးမိသွားသည်။

“သတိပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုဝမ် ဒီကိစ္စ ပြီးတာနဲ့ ဆရာ့ကို သေချာပေါက် သွားပြီး ဂါရဝပြုပါ့မယ်”

“အင်း မင်း နားလည်ရင် ပြီးတာပါပဲ သွားတော့”

“ဟုတ်ကဲ့ ဖူချန် သွားခွင့်ပြုပါဦး”

လီဖူချန် ထွက်သွားပြီးနောက် ကျန်းပေရန် ထွက်ခွာဖို့ ပြင်လိုက်စဉ်မှာပင် သူ မလုပ်ရသေးတဲ့ ကိစ္စတစ်ခု ရှိသေးတာကို ရုတ်တရက် သတိရသွားသည်။

“အလိုလေး ငါ သူ့ကို မေ့လုနီးပါး ဖြစ်သွားပြီပဲ”

All Chapters