← Chapters

မကောင်းဆိုးဝါး အရှိန်အဝါ လွှမ်းမိုးခြင်းခံရသူ

Vol. 27 Ch. 345

မကောင်းဆိုးဝါး အရှိန်အဝါ လွှမ်းမိုးခြင်းခံရသူ

Vol. 27 Ch. 345

တံခါးကို တွန်းဖွင့်လိုက်ပြီး ကျန်းပေရန်က ရှီဖုန်းလန်နောက်ကို လိုက်ဝင်သွားသည်။

အပြင်ဘက်က ခမ်းနားထည်ဝါမှုတွေနဲ့ ယှဉ်လိုက်ရင် ဒီအခန်းက နည်းနည်း ရိုးရှင်းသလိုပါပဲ။

ဒါပေမဲ့ အပြင်ကလောက် မတောက်ပြောင်ရုံပဲ ရှိတာပါ ကျန်းပေရန်ရဲ့ စူးရှတဲ့ မျက်လုံးတွေက ရတနာ အများအပြားကို တစ်ချက်ကြည့်ရုံနဲ့ ရှာတွေ့လိုက်သည်။

‘အဆင့်မြင့် အနက်ရောင်အဆင့် နဂါးချည်နှောင်ဓား ပါလား’

‘အလယ်အလတ် အနက်ရောင်အဆင့် မိုးရေစက်ဆေးအိုး လား နေပါဦး သူက အလယ်အလတ် အနက်ရောင်အဆင့် ဆေးအိုးကို အမွှေးတိုင်ထွန်းတဲ့ အိုးအဖြစ် သုံးနေတာလား ဒါက သူဌေးကြီးတွေရဲ့ ကမ္ဘာလား’

‘အဲ့ဒီခေါင်းအုံးက မမှားနိုင်ဘူး စီးဆင်းနေသော အလင်းရောင် နွေးထွေးကျောက်စိမ်း နဲ့ လုပ်ထားတာပဲ တောက် ငါ ဒီကျောက်စိမ်းကို ရှာနေတာ ကြာလှပြီ’

…

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန်းပေရန်က အခန်းထဲက ရှားပါးရတနာ အမျိုးမျိုးကို ခွဲခြားစိတ်ဖြာပြီးပြီ သူ့ရဲ့ အံ့သြမှုတွေ အားလုံးက စကားစုလေး တစ်ခုတည်းအဖြစ် အရည်ပျော်ကျသွားသည်။

‘လူမဆန်လောက်အောင် ချမ်းသာလွန်းတယ်’

ရှန့်တိုင်းပြည်မှာ တန်ဖိုးဖြတ်မရတဲ့ ရတနာတချို့က ဒီမှာတော့ “ပရိဘောဂ” အဖြစ် အသုံးခံနေရသည်။

ဖြုန်းတီးတယ်လို့ ပြောချင်ရင်လည်း ဒီပစ္စည်းတွေကို နေ့စဉ်သုံးအဖြစ် သုံးလိုက်တာက နေထိုင်မှု အရည်အသွေးကို တကယ် တိုးတက်စေတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ သိပ်ကို ဖြုန်းတီးလွန်းအားကြီးတယ်

ဒါပေမဲ့ ဒီရတနာတွေကို လိုက်ကြည့်နေတာက အပိုအလုပ်ပါပဲ။

အခန်းထဲ ဝင်လာကတည်းက ကျန်းပေရန်က သွန်းလောင်းထားသော စပျစ်နွယ်ကုလားထိုင် ပေါ်မှာ ထိုင်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေခဲ့သည်။

‘အနက်ရောင်ဧကရာဇ်’

ရှီဖုန်းလန်ရဲ့ ဦးလေးက အရမ်း အစွမ်းထက်မယ်လို့ ကျန်းပေရန် ခန့်မှန်းပြီးသား ဖြစ်ပေမယ့် တန်းပြီး အနက်ရောင်ဧကရာဇ် ဖြစ်နေမယ်လို့တော့ မထင်ထားခဲ့မိဘူး။

ဒီအချိန်မှာ ကုလားထိုင်ပေါ် ထိုင်နေတဲ့ ရှီဟုန်ဖန်း က ပြောလိုက်သည်။

“လန်အာ မင်း အရင် ထွက်သွားလိုက်ပါဦး ဦးလေး သူနဲ့ သီးသန့် ဆွေးနွေးစရာ ရှိလို့”

ရှီဟုန်ဖန်းရဲ့ စကားကို ကြားတော့ ကျန်းပေရန်ရော ရှီဖုန်းလန်ပါ ခဏတာ ကြောင်အသွားသည်။

ခဏကြာတော့ ရှီဖုန်းလန်က အရင် ပြောလိုက်သည်။

“ဦးလေးကလည်း သမီး မနှောင့်ယှက်ပါဘူး ဒီမှာပဲ နေပါရစေနော်”

“လိမ္မာပါတယ်ကွာ အခုတော့ အရင် ထွက်သွားလိုက်ပါဦး” ရှီဟုန်ဖန်းက ပြုံးပြီး ပြောလိုက်သည်။

သူ့စကားသံက နူးညံ့ပေမယ့် ရှီဖုန်းလန်က ဆက်ပြီး ဂျီမကျတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ ဒါဆို ဦးလေး ပေရန်လေးကို သိပ်အနိုင်မကျင့်နဲ့နော်”

ပြောပြီးတာနဲ့ ရှီဖုန်းလန်က ကျန်းပေရန်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ဘတ်ကို ပုတ်ပြကာ စိတ်ချပါဆိုတဲ့ ပုံစံ လုပ်ပြလိုက်သည်။

“စိတ်မပူနဲ့ ငါ့ဦးလေးက သဘောကောင်းပါတယ်”

တိုးတိုးလေး ကပ်ပြောပြီးနောက် ရှီဖုန်းလန် အခန်းထဲကနေ နောက်ဆုတ် ထွက်ခွာသွားလေသည်။

သစ်သားတံခါး ပိတ်သံ ထွက်ပေါ်လာတာနဲ့ ရှီဟုန်ဖန်းက ဘေးနားက လက်ဖက်ရည်ခွက်ကို အရင်ယူပြီး တစ်ငုံသောက်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။

“ကျန်းပေရန် ဟုတ်တယ်မလား”

“ဂျူနီယာ ကျန်းပေရန် စီနီယာရှီကို ဂါရဝပြုပါတယ်”

“ထိုင်ပါ”

ရှီဟုန်ဖန်း ညွှန်ပြတဲ့ နေရာကို လိုက်ကြည့်ပြီး ကျန်းပေရန်က ကျေးဇူးတင်စကား ဆိုကာ ကုလားထိုင်တစ်လုံးပေါ် ဝင်ထိုင်လိုက်သည်။

‘ဘုရားရေ ရွှေရောင်နေမင်းသစ်သား နဲ့ လုပ်ထားတဲ့ ကုလားထိုင်ပါလား

ထိုင်လိုက်တာနဲ့တင် ကိုယ်ထဲက သွေးကြောတွေ အကုန် ပွင့်သွားသလို ခံစားရတယ်

ဒီပေါ်မှာ ထိုင်ပြီး ကျင့်ကြံရင် အမြန်နှုန်းက အနည်းဆုံး နှစ်ဆလောက် တက်လာမှာ’

ကျန်းပေရန်ကို အကဲခတ်ပြီးနောက် ရှီဟုန်ဖန်း မေးလိုက်သည်။

“မင်းနဲ့ လန်အာက ဘယ်လို ပတ်သက်တာလဲ”

“ကစားဖော်တွေပါ” ကျန်းပေရန်က မျက်နှာထား မပြောင်းဘဲ ဖြေလိုက်သည်။

“အို”

ဒီမေးခွန်းကို ကြားတာတောင် ကျန်းပေရန်က နည်းနည်းလေးမှ မတုံ့ဆိုင်းတာ မြင်တော့ ရှီဟုန်ဖန်း အတော်လေး အံ့သြသွားသည်။

‘သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက တကယ့်ကို ထူးကဲတာပဲ’

စိတ်ထဲကနေ ချီးကျူးလိုက်ပြီး ရှီဟုန်ဖန်းက လက်ဖက်ရည် နောက်တစ်ငုံ သောက်ကာ မေးလိုက်သည်။

“လန်အာက ခိုးယူပြီး မင်းကို ပေးဖို့ ကြိုးစားတဲ့ ရတနာတွေကို မင်း တကယ် စိတ်မလှုပ်ရှားခဲ့ဘူးလား”

‘ထင်တဲ့အတိုင်းပဲ’

မျက်လုံးတစ်စုံက ရှီဖုန်းလန်ကို စောင့်ကြည့်နေတယ်လို့ ကျန်းပေရန် အမြဲ ခံစားနေခဲ့ရတာ။

မဟုတ်ရင် သူမနဲ့ စတွေ့တုန်းက ကိုယ့်အစွမ်းအစကို ထုတ်မပြဖို့ စနစ်က အမြဲ သတိပေးနေမှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ ရှီဖုန်းလန်က ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် ဝင် ရတနာတွေကို အမြဲ ခိုးထုတ်လာနိုင်တာကလည်း ဒီအချက်ကို သွယ်ဝိုက် သက်သေပြနေတာပဲ။

တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ လူတစ်ယောက် သို့မဟုတ် နည်းလမ်းတစ်ခုသာ မရှိရင် သူမ ဘယ်လိုလုပ် အဲ့ဒီရတနာတွေကို အပြင်ရောက်အောင် ယူလာနိုင်မှာလဲ။

ကျန်းပေရန် စဉ်းစားနေတုန်းမှာပဲ ရွေးချယ်စရာ သုံးခု ရုတ်တရက် ပေါ်လာသည်။

[ရွေးချယ်မှု ၁ - “ကျွန်တော် လုံးဝ စိတ်မလှုပ်ရှားခဲ့ပါဘူး”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကောင်းကင်အစွန်းရောက် အင်မော်တယ် ကျမ်းလိပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - “ဒါတွေက လောကီစည်းစိမ်တွေပါ လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ”] [ပြီးမြောက်ပါက ဆုလက်ဆောင် - လမင်းတောက်ပ ပုံရိပ်ယောင် လက်စွဲ (အနက်ရောင်အဆင့်၊ အလယ်အလတ်အဆင့်)]

[ရွေးချယ်မှု ၃ - “စီနီယာရယ် ကိုယ့်စကားကိုယ် ပြန်နားထောင်ကြည့်ပါဦး ဒီလောက် ရတနာတွေကို မျက်စိရှေ့ လာထားပေးမှတော့ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ ကျွန်တော် လိုချင်လွန်းလို့ သေတော့မယ်”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

‘ဟင်’

တတိယ ရွေးချယ်မှုကို ကြည့်ပြီး ကျန်းပေရန် နည်းနည်း ကြောင်သွားသည်။

အဓိပ္ပာယ်ကို သူ နားလည်ပါတယ် ဒါပေမဲ့ လေသံက နည်းနည်း ထူးဆန်းနေတယ်။

ငါတို့က ဒီတိုင်း စကားပြောနေကြတာ မဟုတ်ဘူးလား။

ငါတို့ ဆက်ဆံရေးက အဲ့ဒီအဆင့်မှ မရောက်သေးတာ...

စိတ်ထဲကနေ ညည်းညူနေပေမယ့် ကျန်းပေရန်က ရွေးချယ်မှု ၃ ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“စီနီယာရယ် ကိုယ့်စကားကိုယ် ပြန်နားထောင်ကြည့်ပါဦး ဒီလောက် ရတနာတွေကို မျက်စိရှေ့ လာထားပေးမှတော့ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ ကျွန်တော် လိုချင်လွန်းလို့ သေတော့မယ်”

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - ဆွဲဆောင်မှု +၁]

‘တောက် ငါ ဘာလို့ ထပ်ချောလာပြန်တာလဲကွာ သူများတွေကို အသက်ရှင်ခွင့်လေး ပေးပါဦးလား’

ရှီဟုန်ဖန်းက အဖြေကို ကြားတော့ သိသိသာသာ အံ့သြသွားပြီး ကျန်းပေရန် ဘာလို့ ရုတ်တရက်ကြီး ပေါ့ပါးလွတ်လပ်သွားလဲ ဆိုတာ နားမလည်နိုင် ဖြစ်သွားသည်။

‘ငါ့အပြုံးက သိပ်ပြီး ဩဇာမညောင်းလို့များလား’

ဒါပေမဲ့ သူ့ရှေ့ရောက်ရင် အမြဲတမ်း စိုးရိမ်ပူပန်ပြီး မနေတတ်မထိုင်တတ် ဖြစ်နေကြတဲ့ ဂျူနီယာတွေနဲ့ ယှဉ်လိုက်ရင် ကျန်းပေရန်ရဲ့ အပြုအမူက...

သူ မကြိုက်တာတော့ မဟုတ်ဘူး တကယ်တော့ တော်တော်လေး လန်းဆန်းတယ်လို့ ခံစားရသည်။

“ဟားဟားဟား ပေရန်က ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့သူပဲကိုး မင်း စိတ်လှုပ်ရှားတယ်ဆိုရင် ဘာလို့ မယူခဲ့တာလဲ”

“ကျွန်တော်က သူရဲဘောကြောင်လို့ပါ မယူရဲလို့”

“ဟားဟားဟားဟား”

ဒီလောက် ဟန်ဆောင်မှုကင်းကင်းနဲ့ အမှန်တရားကို ဒဲ့တိုး ပြောရဲတဲ့ ဂျူနီယာမျိုးနဲ့ ကြုံရတော့ ရှီဟုန်ဖန်း ဘာကြောင့်မှန်းမသိ ပျော်ရွှင်စွာ ရယ်မောလိုက်မိသည်။

အတော်ကြာကြာ ရယ်မောပြီးနောက် ရှီဟုန်ဖန်း ဆက်ပြောလိုက်သည်။

“ကောင်းပြီ လိုရင်းကို သွားကြစို့ ဒီတစ်ခေါက် လန်အာကို မင်းကို ခေါ်လာခိုင်းရတဲ့ အကြောင်းရင်းကို မင်း သိမယ်လို့ ငါ ယုံကြည်တယ်”

“အဲ့ဒီ အနက်ရောင်သူတော်စင် စီနီယာကြီးက ကျွန်တော့်ကို ရှာနေတာမလား”

“ဟုတ်တယ် ဘိုးဘေးက မင်းနာမည်တပ်ပြီး ခေါ်ခိုင်းလိုက်တာ အမှန်အတိုင်း ပြောရရင် ဘယ်လို လူငယ်မျိုးက ဘိုးဘေးရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်လဲဆိုတာ ငါလည်း အရမ်း သိချင်နေခဲ့တာ အခု မင်းကို မြင်လိုက်ရတော့” ရှီဟုန်ဖန်းက ကျန်းပေရန်ကို အထက်အောက် စုန်ချည်ဆန်ချည် ထပ်ကြည့်လိုက်သည်။

“ငါ နည်းနည်း နားလည်သလို ရှိသွားပြီ”

ကျန်းပေရန် နှိမ့်ချစကား အနည်းငယ် မပြောနိုင်ခင်မှာပဲ ရှီဟုန်ဖန်းက ဆက်ပြောလိုက်သည်။

“မင်းကို ဘိုးဘေးဆီ မခေါ်သွားခင် ငါ အရင်ပြောပြချင်တဲ့ ကိစ္စတချို့ ရှိတယ်”

ပြောပြီးတာနဲ့ ရှီဟုန်ဖန်းက ထိုင်နေတဲ့ ပုံစံကို ပြင်လိုက်ပြီး ဆက်ပြောသည်။

“လန်အာက မင်းတို့ရဲ့ အဲ့ဒီ ခေါင်ဖျားတဲ့ ဂိုဏ်းသေးလေးဆီ ဘာလို့ ရောက်သွားလဲ ဆိုတာ မင်း သိလား”

“ဂျူနီယာ မသိပါဘူး” ကျန်းပေရန် တိုက်ရိုက် ဖြေလိုက်သည်။

တကယ်တော့ ရှီဖုန်းလန် ဘာလို့ စိတ်နှလုံးပြန်ဂိုဏ်းမှာ ပေါ်လာလဲ ဆိုတာကို ကျန်းပေရန် ရိပ်မိသလိုလို ရှိပေမယ့် ကိစ္စက အရမ်းကို လောကီလွန် ဖြစ်နေလို့ အဖြေအနေနဲ့ သုံးလို့ မရပါဘူး။

အတိတ်ကို လွမ်းဆွတ်တဲ့ အကြည့်မျိုးနဲ့ ရှီဟုန်ဖန်း သက်ပြင်းချလိုက်သည်။

“လန်အာ မွေးတဲ့နေ့တုန်းက ကောင်းကင်ပေါ်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်ဆန်းတစ်ခု ပေါ်လာခဲ့တယ် ထူးဆန်းပြီး ညှို့ယူဖမ်းစားနိုင်တဲ့ အနီရောင်အလင်းတန်းနဲ့အတူ ကောင်းကင်ဘုံအလွန်က ကျောက်တုံးတစ်တုံး မြေကြီးပေါ် ကျလာခဲ့တယ်”

“ဒါ့အတွက် ငါ့အစ်မက ကူလျန်ရန် ကို အထူးတလည် ရှာဖွေပြီး ဗေဒင်မေးခိုင်းခဲ့တယ် တွက်ချက်ပြီးနောက် ကူလျန်ရန် ပြောတာက ငါ့တူမလေးက မကောင်းဆိုးဝါး အရှိန်အဝါ လွှမ်းမိုးခြင်း ခံထားရတယ်တဲ့ ဒါက ကပ်ဘေးပေါင်းစုံကို ဆွဲဆောင်လိမ့်မယ်တဲ့ အစီအရင်တစ်ခု တည်ဆောက်ပြီး လန်အာကို အဲ့ဒီအထဲမှာ နေခိုင်းမှ ဒီကိစ္စကို အနိုင်နိုင် ဖြေရှင်းနိုင်လိမ့်မယ်တဲ့”

ဒါကို ကြားတော့ ဒီ မကောင်းဆိုးဝါး အရှိန်အဝါ ကို ကျန်းပေရန် သိပ်စိတ်မဝင်စားပါဘူး ဘာလို့လဲဆိုတော့ ဒါက ကောင်းကင်ဘုံလမ်းစဉ်ရဲ့ စီစဉ်မှု ဖြစ်ဖို့များတယ်လို့ သူ သိနေလို့ပါ။

‘ဒါပေမဲ့ ကောင်းကင်ဘုံလမ်းစဉ်က ဒီထောင်ချောက်ကို တော်တော် စောစောစီးစီး ချထားတာပဲ ငါ ဝင်စားမလာခင်ကတည်းက ငါ့ကို ပစ်မှတ်ထားနေတာလား’

ဒီအတွေးတွေကို ဘေးဖယ်ပြီး ရှီဟုန်ဖန်း ပြောတဲ့ ကူလျန်ရန် ဆိုတဲ့လူကို ကျန်းပေရန် တကယ် စိတ်ဝင်စားသွားသည်။

အနက်ရောင်သူတော်စင် ရှိတဲ့ မိသားစုကတောင် အထူးတလည် ဖိတ်ခေါ်ပြီး သူ့စကားကို ယုံကြည်တယ်ဆိုကတည်းက ဒီ ကူလျန်ရန်က ဗေဒင်ပညာမှာ သေချာပေါက် ထူးကဲတဲ့ ဆရာတစ်ဆူ ဖြစ်ရမယ်။

ပြီးတော့ ကျန်းပေရန်က လောလောဆယ် ဗေဒင်ပညာ နယ်ပယ်မှာ လမ်းပြပေးမယ့်သူ အရမ်း လိုအပ်နေတာ။

ပထမအချက် သူ့ရဲ့ အထူး ဗေဒင် ကျွမ်းကျင်မှု အမှတ်တွေက မမြင့်မားသလို ဘယ်တော့ ထပ်ရမလဲ ဆိုတာလည်း မသိဘူး ဒါကြောင့် တခြား ထူးဆန်းတဲ့ အတတ်ပညာတွေလိုမျိုး ဆရာမပါဘဲ တတ်မြောက်နိုင်မှာ မဟုတ်ဘူး။

ဒုတိယအချက် ဗေဒင် နဲ့ ပတ်သက်ပြီး သူ သိထားတာ အရမ်းနည်းသေးတယ်လို့ ခံစားရတယ် ဒါပေမဲ့ ဒီနယ်ပယ်မှာ ဆရာရှာမရလို့ ကိုယ့်ဘာသာ စမ်းတဝါးဝါး လုပ်နေရတာ။

အခု အနက်ရောင်သူတော်စင်တောင် အသိအမှတ်ပြုရတဲ့ ဗေဒင်ဆရာတစ်ယောက်အကြောင်း ကြားလိုက်ရတော့ သူ့ဆီ သေချာပေါက် သွားလည်မှ ဖြစ်မယ်။

ဒီ ကူလျန်ရန်ကို ဘယ်လိုရှာရမလဲလို့ ကျန်းပေရန် စဉ်းစားနေတုန်း ရှီဟုန်ဖန်းက ရှီဖုန်းလန်ရဲ့ ဇာတ်ကြောင်းကို ဆက်ပြောပြနေသည်။

“ကူလျန်ရန်မှာ နည်းလမ်းရှိတယ်လို့ ကြားတော့ ငါ့အစ်မက အရင်ဆုံး သက်ပြင်းချလိုက်တယ် ပြီးတော့ အစီအရင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမလဲလို့ ချက်ချင်း မေးလိုက်တယ် ကူလျန်ရန်ရဲ့ အဖြေက အနည်းဆုံး အနှစ် ၂၀ တဲ့ အများဆုံးကတော့ ထာဝရ တဲ့...”

“ငါ့အစ်မက သဘာဝကျကျပဲ ဒီလိုရလဒ်ကို လက်မခံနိုင်ဘူး အဲ့ဒါနဲ့ ဘာလို့ အနည်းဆုံး အနှစ် ၂၀ လဲလို့ အတင်းမေးတယ်”

“ကူလျန်ရန် ပြောတာက ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖွင့်ဟလို့ မရဘူးတဲ့ အနှစ် ၂၀ ကြာရင် သူ ပြန်လာပြီး လန်အာအတွက် နောက်ထပ် ဗေဒင်တစ်ခါ ထပ်တွက်ပေးမယ်တဲ့”

“အဲ့ဒီအချိန်ကျမှ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိမရှိ သေချာ သိရမှာတဲ့”

“ငါ့အစ်မက ဒီရလဒ်ကို လက်ခံဖို့ အရမ်းခက်ခဲနေပေမယ့် လန်အာအတွက် ကူလျန်ရန်ရဲ့ စကားကို နာခံရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး မပြန်ခင်မှာ ကူလျန်ရန်က ငါ့အစ်မကို မှာခဲ့သေးတယ် လန်အာအပေါ်က မကောင်းဆိုးဝါး အရှိန်အဝါက အရမ်း အစွမ်းထက်လွန်းလို့ သာမန်လူတွေ သူမနား လုံးဝ မကပ်ရဘူးတဲ့ အနက်ရောင်ဘိုးဘေး ဖြစ်တဲ့ ငါ့အစ်မတောင်မှ သူမကို တွေ့ခွင့်ရှိတဲ့ အကြိမ်ရေနဲ့ အချိန်တွေကို ကူလျန်ရန်က ကန့်သတ်ပေးခဲ့တယ်”

“အဲ့ဒီနောက်ပိုင်း လန်အာက ကူလျန်ရန် တည်ဆောက်ပေးခဲ့တဲ့ အစီအရင် အခန်းထဲမှာ နေခဲ့ရတယ် မဟုတ်ဘူး ပိုတိတိကျကျ ပြောရရင် သူမ အသက် ၂၀ ပြည့်တဲ့အထိ အဲ့ဒီထဲမှာ အပိတ်လှောင် ခံခဲ့ရတယ်”

ဒါကို ကြားတော့ အပြစ်ရှိသလို ခံစားချက်တစ်ခု ကျန်းပေရန် ရင်ထဲမှာ ဘာကြောင့်မှန်းမသိ ဖြစ်ပေါ်လာသည်။

ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အမှားဆိုပေမယ့် ရှီဖုန်းလန်က သူ့ကြောင့် အနှစ် ၂၀ လုံးလုံး အပိတ်လှောင် ခံခဲ့ရပုံ ပေါက်နေသည်။

“ကူလျန်ရန်က အမြဲ ကတိတည်ပါတယ် နောက်ထပ် အနှစ် ၂၀ ကြာတော့ ငါတို့အိမ်ကို အချိန်မှန် ရောက်လာပြီး လန်အာအတွက် နောက်ထပ် ဗေဒင်တစ်ခါ တွက်ပေးခဲ့တယ် တွက်ပြီးသွားတော့ ကူလျန်ရန်က ပြုံးလိုက်တယ် အရမ်း ထူးဆန်းတဲ့ အပြုံးမျိုးပေါ့ သူ တစ်ခုခု အံ့သြစရာ ကောင်းတာကို မြင်လိုက်ရသလိုမျိုး”

“ငါတို့ မိသားစု တစ်ခုလုံးရဲ့ မျှော်လင့်တကြီး အကြည့်တွေအောက်မှာ ကူလျန်ရန်က လန်အာကို ရှန့်တိုင်းပြည်က စိတ်နှလုံးပြန်ဂိုဏ်းဆီ ပို့လိုက်ဖို့ ပြောခဲ့တယ် အချိန်တန်ရင် မကောင်းဆိုးဝါး အရှိန်အဝါက သူ့အလိုလို ကွယ်ပျောက်သွားလိမ့်မယ်တဲ့ ပြီးတော့ အဲ့ဒီအချိန် မတိုင်ခင်အထိ ငါတို့က စိတ်ရှည်ရှည် စောင့်ဆိုင်းရမယ် စိတ်နှလုံးပြန်ဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ရဘူး မဟုတ်ရင် ကံကြမ္မာ ဆက်နွယ်မှု ပြတ်တောက်သွားလိမ့်မယ် တဲ့”

ဒါကို ကြားတော့ ရှီဖုန်းလန်ရဲ့ စိတ်က ဘာလို့ ကလေးတစ်ယောက်လို ဖြစ်နေလဲ ဆိုတာ ကျန်းပေရန် နောက်ဆုံးတော့ နားလည်သွားပြီ။

သူမက ငယ်ငယ်ကတည်းက အခန်းကျဉ်းလေးထဲမှာ အပိတ်လှောင် ခံခဲ့ရတာ အဲ့ဒါလည်း အနှစ် ၂၀ တိတိလေ။

စိတ်နှလုံးပြန်ဂိုဏ်း ရောက်သွားပြန်တော့လည်း ဘုရားတစ်ဆူလို ဆက်ဆံခံရပြန်တော့ သူမ ဆက်ဆံလို့ရတဲ့ လူအရေအတွက်က သဘာဝကျကျပဲ အရမ်း နည်းပါးခဲ့မှာ။

ရင့်ကျက်သလိုလို လုပ်ပြတဲ့ အပြုအမူတွေကျတော့ ကာကွယ်သူယွီ က ခန်းမသခင်မ တစ်ယောက်အနေနဲ့ အာဏာရှိကြောင်း ပြဖို့ သင်ပေးထားတာတွေ ဖြစ်လောက်သည်။

ပြီးတော့ အစတုန်းက ဖခင်မေတ္တာ ငတ်မွတ်နေတဲ့ ပုန်ကန်ချင်တဲ့ ဆယ်ကျော်သက်မလေးလို လုပ်ပြတာတွေလည်း ရှိသေးတယ်။

အဲ့ဒါရဲ့ အကြောင်းရင်းက အခု ရှင်းသွားပြီ။

သူမ မိဘတွေ သူမကို ဘယ်လို လိမ်ညာခဲ့လဲ ကျန်းပေရန် မသိပေမယ့် ရှီဖုန်းလန်ကို တွေ့ခွင့်ရတဲ့ အကြိမ်ရေက ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရမှာ သေချာတယ်။

ရှီဖုန်းလန် စိတ်နှလုံးပြန်ဂိုဏ်း ရောက်သွားပြီးနောက်ပိုင်း သူတို့က ကံကြမ္မာ ဆက်နွယ်မှု ပြတ်တောက်သွားမှာ စိုးလို့ သူမကို လာတွေ့ဖို့ ပိုတောင် ကြောက်နေကြဦးမှာ။

ရှီဖုန်းလန် ခံစားခဲ့ရတဲ့ ဒုက္ခတွေကို တွေးပြီး ကျန်းပေရန် စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

‘ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အမှား ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အမှား’

“ဟ” သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ရှီဟုန်ဖန်းက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ မင်းကို ဒါတွေ အကုန် ပြောပြရတဲ့ အကြောင်းရင်းက လန်အာက အရမ်း ရိုးအတယ် ဆိုတာ မင်းကို နားလည်စေချင်လို့ပါ ဒါပေမဲ့ မင်းသာ သူမကို လှည့်စားဖို့ ကြိုးစားရင် နောက်ဆက်တွဲ အကျိုးဆက်ကို မင်း သိပါတယ်”

“ဂျူနီယာ မလုပ်ရဲပါဘူး” ကျန်းပေရန် လက်သီးဆုပ်ပြီး ပြောလိုက်သည်။

“ပြီးတော့” ရှီဟုန်ဖန်းက ကျန်းပေရန်ကို ထပ်ပြီး အကဲခတ်လိုက်သည်။

“ဖုန်းအာ စိတ်နှလုံးပြန်ဂိုဏ်းမှာ နေလာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ မကောင်းဆိုးဝါး အရှိန်အဝါ ပျောက်ကွယ်သွားပြီ ဆိုပေမယ့် ပြောထားတဲ့ အခွင့်အခါသင့်တဲ့ အချိန်ဆိုတာက ရောက်မလာသေးဘူး အဲ့ဒါ မရောက်မချင်း ငါတို့က သူမကို အိမ်ပြန်ခေါ်ဖို့ မစဉ်းစားရဲဘူး ဒါပေမဲ့ မင်း မင်းက နည်းနည်း ထူးခြားနေသလိုပဲ”

[ရွေးချယ်မှု ၁ - “ဒီဂျူနီယာက ဘယ်နေရာမှာများ ထူးခြားနေလို့လဲ ခင်ဗျာ”] [ပြီးမြောက်ပါက ဆုလက်ဆောင် - မြေအောက်ကမ္ဘာ တားမြစ် မှတ်တမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - “စီနီယာရှီ ဘာလို့ ခန့်မှန်းနေဦးမှာလဲ အဲ့ဒီ ကူလျန်ရန် ကိုပဲ ထပ်မေးလိုက်ရင် ပိုမကောင်းဘူးလား”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

ရွေးချယ်မှုတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်လိုက်ပြီး ကျန်းပေရန်က ရွေးချယ်မှု ၂ ကို ရွေးကာ ပြန်ဖြေလိုက်သည်။

“စီနီယာရှီ ဘာလို့ ခန့်မှန်းနေဦးမှာလဲ အဲ့ဒီ ကူလျန်ရန် ကိုပဲ ထပ်မေးလိုက်ရင် ပိုမကောင်းဘူးလား”

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - ပုံရိပ်ယောင် အသံ +၁]

“ဒါက” ရှီဟုန်ဖန်းက ကျန်းပေရန် ဒီလိုအဖြေ ပေးမယ်လို့ မထင်ထားပေမယ့် ချက်ချင်းပဲ ပြုံးပြီး ပြောလိုက်သည်။

“မင်းပြောတာ ဟုတ်တယ်”

ပြောပြီးနောက် ရှီဟုန်ဖန်း မတ်တပ်ရပ်လိုက်သည်။

“ကောင်းပြီ ငါပြောစရာရှိတာ ပြောပြီးပြီ အခု မင်းကို ဘိုးဘေးဆီ ခေါ်သွားပေးမယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စီနီယာ”

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ရှီဟုန်ဖန်းနဲ့အတူ မတ်တပ်ရပ်လိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်ပြီး ရှီဟုန်ဖန်းက စိုးရိမ်တကြီး ဖြစ်နေတဲ့ ရှီဖုန်းလန်ကို ကြည့်ကာ ပြောလိုက်သည်။

“ချောင်းနားထောင်မလို့ လုပ်တာ မအောင်မြင်ဘူးလား”

“ဦးလေး” ရှီဖုန်းလန် အော်ဟစ်လိုက်သည်။

“ကိုယ့်အိမ်ထဲမှာတောင် ဘာလို့ အစီအရင် လုပ်ထားရတာလဲ စိမ်းကားလိုက်တာ”

“ဟားဟားဟား ငါ့အမှားပါ နောက်တစ်ခေါက် လက်ဆောင်နဲ့ ပြန်ချော့ပါ့မယ်”

“ဟီးဟီး မလိုပါဘူး”

စကားပြောနေရင်း ရှီဖုန်းလန်ရဲ့ မျက်လုံးတွေက ကျန်းပေရန်ဆီ မကြာခဏ ရောက်သွားပြီး မျက်လုံးနဲ့ တစ်ခုခုကို အဆက်မပြတ် အရိပ်အမြွက် ပြနေသည်။

ကံဆိုးစွာနဲ့ပဲ ဒီ မျက်လုံးအမူအရာက ကျန်းပေရန် နားလည်ဖို့အတွက် အဆင့်မြင့်လွန်းနေသည်။

“ကောင်းပြီ မင်း အခန်းပြန်ပြီး နားလိုက်တော့ ငါ သူ့ကို ဘိုးဘေးဆီ ခေါ်သွားမလို့”

“အာ” ရှီဖုန်းလန် အသံဆွဲပြီး ပြောလိုက်သည်။

“သမီးကိုလည်း လိုက်ခွင့်ပေးပါ သမီးလည်း ဘိုးဘေးနဲ့ မတွေ့ရတာ ကြာပြီ”

“မရဘူး ဘိုးဘေးက သူ့ကိုပဲ တွေ့ချင်တာလို့ ပြောထားတယ် ဆိုတော့ သူတစ်ယောက်တည်းပဲ ဖြစ်ရမယ်”

“ကောင်းပြီ”

နှုတ်ခမ်းဆူပြီး စိတ်ကောက်သလို လုပ်လိုက်ကာ ရှီဖုန်းလန်က ကျန်းပေရန်ကို ကြည့်ပြီး မှာကြားလိုက်သည်။

“ပေရန်လေး ဘိုးဘေးနဲ့ တွေ့ရင် အရမ်း ရိုသေရမယ်နော် ဘာဂျီမှ မကျနဲ့နော် မဟုတ်ရင် ငါတောင် နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး”

“ငါ သိပါတယ်” ကျန်းပေရန်က ခေါင်းညိတ်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဟီးဟီး ဒါဆို ပြီးတာပဲ နင် လိမ္မာရမယ်နော်”

ရှီဖုန်းလန် လူကြီးတစ်ယောက်လို ကြိုးစားပြီး လုပ်ပြနေတာကို ကြည့်ရင်း ကျန်းပေရန် ရုတ်တရက် သနားစိတ် ဝင်လာမိသည်။

ဒီလို ငယ်ဘဝမျိုး ဖြတ်သန်းခဲ့ရပြီးမှ ဘယ်လိုလုပ် ဒီလောက် အကောင်းမြင်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်လဲဆိုတာ တွေးကြည့်ဖို့တောင် ခက်ခဲသည်။

“မြန်မြန် ပြန်လာခဲ့နော်” ရှီဟုန်ဖန်းက ထပ်ပြောလိုက်သည်။

“သိပါပြီ သိပါပြီ” ကျန်းပေရန်ကို လက်ပြရင်း ရှီဖုန်းလန် ပြောလိုက်သည်။

“ဒါဆို နောက်မှ တွေ့မယ် လိမ္မာဖို့ မမေ့နဲ့နော်”

“အင်းပါ” ကျန်းပေရန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

ရှီဖုန်းလန် ထွက်သွားပြီးနောက် ရှီဟုန်ဖန်းက အရင်ဆုံး ပြုံးပြီး ခေါင်းခါလိုက်တယ် ပြီးတော့ ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ငါ့ယောက်ဖသာ လန်အာ မင်းနဲ့ ဒီလောက် ရင်းနှီးနေတာ မြင်သွားရင် မင်း ငါတို့ ရှီမိသားစုထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား ငါ အာမ မခံရဲဘူး”

“...”

ကျန်းပေရန် တောင့်ခဲသွားတာကို မြင်တော့ ရှီဟုန်ဖန်း အော်ဟစ် ရယ်မောလိုက်သည်။

“စတာပါ စတာပါ သွားကြစို့”

‘ဒါ နောက်တာ မဟုတ်လောက်ဘူး ထင်တယ်’

သက်ပြင်းချရင်း ကျန်းပေရန် ရှီဟုန်ဖန်းနောက်ကို လိုက်ပါသွားသည်။

ခန်းမဆောင်အလယ်ကို ဖြတ်သန်းပြီးနောက် ကျန်းပေရန်က ရှီဟုန်ဖန်းနောက်လိုက်ပြီး မျှော်စင်တစ်ခုဆီ ရောက်လာသည်။

‘ဒီမျှော်စင်က ဘာကြီးလဲ’

ကျန်းပေရန်က သူ့မျက်လုံး အားကောင်းတယ်လို့ ယူဆထားပေမယ့် မော့ကြည့်လိုက်တဲ့အခါ မျှော်စင်ထိပ်ကို မမြင်ရဘူး။

‘ဒါက ကောင်းကင်ကို ထိုးဖောက်ထားတာလား’

All Chapters