← Chapters

အလိမ်အညာက အမှန်တကယ်ဖြစ်လာခြင်း

Vol. 110 Ch. 1534

အလိမ်အညာက အမှန်တကယ်ဖြစ်လာခြင်း

Vol. 110 Ch. 1534

ဓားဗုဒ္ဓက စန္ဒကူးဗုဒ္ဓ ၊ တိုက်တိုင်းအောင်ဗုဒ္ဓတို့ထက် အသက် ၊ ဝါစဉ် များစွာကြီးမားသူဖြစ်ပြီး ဗုဒ္ဓဘာသာတွင် ဓားသိုင်းအဆက်အနွယ်ကို စတင်တည်ထောင်သူလည်း ဖြစ်ခဲ့သည်။

သို့တိုင် ရူယိရွှေတုတ်၏ ထိုးနှက်ချက်ကိုတော့ ခံနိုင်ရည် မရှိခဲ့ပေ။

မည်သည့်လက်နက်မှ ထိုးဖောက်နိုင်စွမ်းမရှိသော သူ၏ရွှေခန္ဓာက ရူယိရွှေတုတ်ဖြင့် ရိုက်နှက်ခံရသည်နှင့် ချက်ချင်းပင် ကွဲကြေပျက်ဆီးသွားခဲ့သည်။

နှစ်ပေါင်းနှစ်ထောင်ကြာ စည်းတံဆိပ်ဖြင့် ချိတ်ပိတ်ခံရကာ အချုပ်အနှောင်ကျရောက်နေခဲ့ပြီး လွတ်မြောက်လာသည့်နေ့မှာတော့ သေခြင်းတရားဖြင့် ရင်ဆိုင်ရပေတော့မည်။

“အိုး... သေရတော့မှာပဲ”

ဓားဗုဒ္ဓ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

ဓားဗုဒ္ဓ၏ ရွှေခန္ဓာပျက်စီးသွားသော်လည်း သူ၏နောက်ဆုံးထွက်သက်ကျန်ရှိနေသေးသည်။

သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြိုကွဲပျက်စီးလာပြီး လေထုထဲသို့ ပျံ့လွင့်သွားသည်။

အရောင်အသွေးစုံလင်သည့် စွမ်းအားရောင်ဝါများလည်ပတ်သွားပြီး ကြီးမားနက်မှောင်သော ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာသည်။

ထိုဝဲဂယက်၏အလယ်ဗဟိုမှ အနက်ရောင်အပေါက်က နက်ရှိုင်းလွန်းပြီး အောက်ခြေပင် တွေ့မြင်ရခြင်းမရှိပေ။ အပြင်ဘက်ဝဲဂယက်ကတော့ လမ်းကြောင်း(၆)ခုအဖြစ် ခွဲထွက်သွားသည်။

နတ်ဘုံ ၊ လူ့ဘုံ ၊ ငရဲဘုံ ၊ အသူရာဘုံ ၊ တိရိစ္ဆန်ဘုံ ၊ ပြိတ္တာဘုံ.... ဆိုသည့် လမ်းကြောင်း(၆)သွယ်ပင်။

လူ့ဘုံအဖြစ်ပြောင်းလဲပြီးနောက် သေဆုံးသွားချိန်မှာပင် ဓားဗုဒ္ဓက သံသရာလည်ခြင်းအဖြစ် ဆက်လက်ပြောင်းလဲပြီး ပတ်ဝန်းကျင်မှသက်ရှိများကို သူနှင့်အတူဆွဲခေါ်သွားရန် ရည်ရွယ်နေသေးသည်။

အ‌စောပိုင်းက နတ်ဘုရား‌ထောင်ချောက်ဓား၏စွမ်းအားကြောင့် တည်ငြိမ်နေပြီဖြစ်သော ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှာ ထိုခဏတွင် စတင်တုန်ခါလာတော့သည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာ နယ်နိမိတ်များ တွန့်ခေါက်ပြောင်းလဲလာပြီး သံဿရာလည်ပတ်ခြင်း အနက်ရောင်ဝဲဂယက်ဆီသို့ ဆွဲငင်ခံနေရသည်။

ဤသည်ကိုမြင်တော့ ဧရာမ နတ်မိစ္ဆာမျောက်ဝံကြီးက သွားများဖြဲကာ “ခွီး” ခနဲ မာန်ဖီလိုက်သည်။

ထို့နောက် ရူယိရွှေတုတ်ကိုကိုင်မြှောက်ပြီး အောက်သို့ ရိုက်ချလိုက်လေ၏။

ကြီးမားသောသံမဏိတုတ်က သံသရာလည်ပတ်ခြင်းဝဲဂယက် ဗဟိုချက်ရှိ အနက်ရောင်အပေါက်ထဲသို့ ပြည့်နက်စွာ ဝင်ရောက်သွားသည်။

သံမဏိတုတ်က အနက်ရောင်အပေါက်ထက် များစွာလေးလံပြင်းထန်သည်။

တစ်ချိန်က ထျန်းဟယ်မြစ်ကိုအေးခဲသွားစေပြီး စီးဆင်းမှုရပ်တန့်သွားအောင်ပြုလုပ်ခဲ့သော အံ့ဖွယ်သံမဏိတုတ်သည် ယခုတော့ ဓားဗုဒ္ဓ၏ သံသရာလမ်းခြောက်သွယ် လည်ပတ်ခြင်းကိုပါ အေးခဲရပ်တန့်စေခဲ့ပေပြီ။

ချွိစုမှာလည်း အချိန်မီ ကူညီပေးနိုင်ခြင်း မရှိခဲ့ပေ။

သံသရာလမ်းခြောက်သွယ်လည်ပတ်ခြင်းဖြင့် ပျောက်ကွယ်သွားသည့် ဓားဗုဒ္ဓ၏အလောင်းကိုကြည့်ရင်း ချွိစု၏မျက်နှာက ခံစားချက်ကင်းမဲ့နေသည့်တိုင် သွေးရောင်မရှိ ဖြူဖျော့သွားသည်။

သူက ဓားရှည်ကိုဓားအိမ်ထဲပြန်ထည့်လိုက်ပြီး လက်အုပ်ချီလျှက်...

“ဆရာ့ကို ရှိခိုးကန်တော့ပါတယ်”

ထိုသို့ရွတ်ဆိုပြီးသည်နှင့် ချွိစု နောက်သို့ဆုတ်သွားပြီး အဝေးတစ်နေရာသို့ ထွက်ခွာသွားတော့သည်။

နတ်ဘုရားထောင်ချောက်ဓားက လမ်းပိတ်ထားဆဲဖြစ်သည့်တိုင် ရန်ကျောက်ကဲတို့အုပ်စုက သူ့ကိုတားဆီးခြင်းမရှိသဖြင့် ချွိစုအတွက် ထွက်ပြေးရန် မခက်ခဲခဲ့ပေ။

ကြီးမားသော ရူယိရွှေတုတ်က ဓားဗုဒ္ဓ၏အလောင်းမှလည်ပတ်သွားသည့် သံသရာလမ်းခြောက်သွယ်ဝဲဂယက်ကို ဖိနှိပ်ထားလိုက်သည်။

နောက်ဆုံး တွင်းနက်ကြီးတဖြည်းဖြည်းပျောက်ကွယ်သွားပြီး လမ်းကြောင်းခြောက်သွယ်၏ ရှုပ်ထွေးသောရောင်ဝါများသည်လည်း ငြိမ်သက်သွားတော့၏။

ရန်ကျောက်ကဲနှင့် အခြားသူများက သူတို့ရှေ့တွင် ဖြစ်ပျက်နေသည်များကိုကြည့်ရင်း နေရာမှာပင် တိတ်ဆိတ်စွာမတ်တတ်ရပ်နေခဲ့ကြသည်။

“ဂိုဏ်းတူညီမလေး’တိ’ ၊ တာအိုရောင်းရင်း‘ရန်’... မင်းတို့ဝိညာဉ်တွေ အေးချမ်းစွာအနားယူပါတော့။”

ကောင်းချင်းရွှမ်က တိုးလျစွာ ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့လည်း တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

သံသရာလမ်းခြောက်သွယ်ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက ရူယိရွှေတုတ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများအဖြစ် ပြိုကွဲသွားပြီး အောက်သို့ ဆင်းသက်လာကာ ပန်ပန်၏ မူလပုံစံ ပြန်လည်ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများက သူ၏ကျောပြင်နှင့်ပခုံးရိုးနားတွင် တက်တူးတစ်ခုအဖြစ် ပြန်လည်စုပေါင်းသွားကာ သူ့ခန္ဓာကိုယ်က သေးငယ်သွားပြီး ရန်ကျောက်ကဲလက်ဖဝါးထက်သို့ခုန်တက်ကာ ချက်ချင်းပင် အိပ်မောကျသွားတော့သည်။

“ဒီငပျင်းကောင်ကတော့လေ ၊ အမြဲတမ်းလှုပ်ရှားချင်စိတ်ကိုမရှိဘူး ၊ ဒီတစ်ခါတော့ မင်းကို အရမ်းပင်ပန်းသွားအောင် လုပ်လိုက်မိပြီ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ချောင်းများကို ကွေးညွှတ်လိုက်ရာ ပန်ပန်၏ပုံရိပ် ပျောက်ကွယ်သွားလေသည်။

ရူယိရွှေတုတ်ကို အသုံးပြုခဲ့ခြင်းက ပန်ပန်အား အတော်လေး စွမ်းအားကုန်ခမ်းသွားစေသည်။ သို့သော် ရန်ကျောက်ကဲနှင့် အခြားသူများက ချွိစုနှင့် ဝမ်ကွမ်းတို့ ပြန်လာမည်ကို စိုးရိမ်ခြင်း မရှိခဲ့ပေ။

ဓားဗုဒ္ဓ သေဆုံးသွားပြီဖြစ်သလို ဗုံခရာကောင်းကင်ဘုံအရှင်မှာလည်း ဒဏ်ရာကြောင့် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

ချွိစုနှင့် ဝမ်ကွမ်းတို့က တန်ခိုးစွမ်းအား ကြီးမားသည်မှန်သော်လည်း သူတို့နှစ်ဦးတည်းဖြင့် နတ်ဘုရားထောင်ချောက်ဓား၊ ဖန်းယွင်ရှန်းနှင့် နတ်ဘုရားသတ်ဖြတ်ဓားတို့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သူတို့အင်အားက သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာ လုံလောက်ပေသည်။

ဖန်းယွင်ရှန်းက...

“သူတို့တွေ စစ်ကူတွေခေါ်ပြီး ပြန်လာမှာကိုပဲ တစ်ချက်စိုးရိမ်ရတယ်”

သူမက ဆက်ပြောလိုက်သည်။

“အထူးသဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ ဘုရားလောင်းပဲ...”

ရန်ကျောက်ကဲက သူ့ရင်ဘတ်တွင်စိုက်ဝင်နေသည့် ‌ကျောက်စိမ်းဖြူဓားကျိုးကို ဆွဲနှုတ်လိုက်သည်။

ဓားသွားမျက်နှာပြင်ထက်တွင် အက်ကြောင်းများထင်နေပြီး အချိန်မရွေး အပိုင်းပိုင်းကွဲကြေသွားတော့မည့်ပမာ ထင်မှတ်ရသည်။

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...

“သူတို့ စစ်ကူခေါ်လာလည်း သိပ်များများစားစားတော့ မဖြစ်နိုင်ဘူး”

သူက ဆက်ပြောလိုက်သည်။

“မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရှိနေတဲ့ ဟိုဘက်မှာလည်း မထင်မှတ်တဲ့အပြောင်းအလဲတစ်ခုဖြစ်သွားတယ်...”

ထိုစကားကို ကြားတော့ ကောင်းချင်းရွှမ်နှင့် ဖန်းယွင်ရှန်းတို့ အံ့အားသင့်သွားကြသည်။

တကယ်တော့ ရန်သူများကိုအာရုံလွှဲရန် ရန်‌ကျောက်ကဲတို့အုပ်စုက လှည့်ကွက်တစ်ခု စီစဉ်ထားခဲ့သည် မဟုတ်လား။

သူတို့က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့်ပတ်သက်သည့် သတင်းတုတစ်ခု ဖန်တီးခဲ့ပြီး ထိုကောင်းကင်ဘုံအရှင်ထံတွင်ရှိသော လူသားအမြုတေကျောက်တုံးကို အကြောင်းပြု၍ ပြင်ပကျင့်ကြံသူနှစ်ဖွဲ့ ထပ်မံတိုက်ပွဲဖြစ်စေရန် လှုံ့ဆော်ခဲ့သည်။

ထိုကိစ္စ အောင်မြင်မည်လား မအောင်မြင်ဘူးလား ရန်ကျောက်ကဲတွင် ယုံကြည်မှုမရှိခဲ့ပေ။

သူက ရန်သူများအာရုံလွဲသွားပြီး နတ်ဘုရားထောင်ချောက်ဓားကိုရှာဖွေရာတွင် အချိန်ပိုမိုရရှိရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

လုပ်ဇာတ်ခင်းသည်ကို ပိုမိုယုံကြည်စေရန်အတွက် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာပိုင်ဆိုင်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အယောင်ပြစေလွှတ်ခဲ့ခြင်းသာပင်။

သို့သော် မထင်မှတ်သည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အစက ဟန်ဆောင်အတုလုပ်ခဲ့သည်များက တကယ်ဖြစ်လာမည့် လက္ခဏာများ ပြသနေတော့သည်။

ရန်ကျောက်ကဲလွှင့်လိုက်သည့် သတင်းအတုကြောင့်အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံ၊ အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်မှ တန်ခိုးစွမ်းအားရှင်များ အသီးသီးထွက်ပေါ်လာခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲနှင့် ဝူတန့်မယ်တော်တို့တွင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ တည်နေရာကို ရှာဖွေရန် သဲလွန်စတစ်ခုမှ မရှိခဲ့ပေ။

ရန်သူများကို လှည့်စားရန်အတွက်သာ လိမ်ညာခဲ့ခြင်း မဟုတ်ပါလား။

အစပိုင်းတွင် ရန်သူများက သံသယဖြင့် စမ်းတဝါးဝါးလှုပ်ရှားနေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းချင်း ဟန့်တားထားသဖြင့် ကြီးကြီးမားမား တိုက်ခိုက်မှု မဖြစ်ခဲ့ပေ။

သို့သော် မထင်မှတ်စွာပင် အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံတွင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့်ပတ်သက်သည့် တကယ့်သဲလွန်စများ ရှိနေခဲ့သည်။

ထိုနှစ်ဖွဲ့တွင်ပိုင်ဆိုင်ထားသည့် သဲလွန်စရတနာပစ္စည်းများက အလွန်အဖိုးတန်သည့်တိုင် အပြင်ပန်းတွင်ထူးခြားမှုမရှိသဖြင့် မည်သူမှအရေးမစိုက်ခဲ့ကြပေ။

မဟုတ်ပါက သူတို့အနေဖြင့် ဤမျှနှစ်ပေါင်းကြာသည်အထိ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို မရှာဖွေဘဲနေမည် မဟုတ်ပေ။

သို့သော် ထိုရတနာပစ္စည်းနှစ်ခု ပေါင်းစပ်လိုက်သည့်အခါမှာတော့ ချက်ချင်းပင် အဆင့်မြင့်သည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ဤထူးဆန်းလှသော အလှည့်အပြောင်းက အခြားသူများ၏ အာရုံကို ပြင်းပြင်းထန်ထန် ဆွဲဆောင်သွားခဲ့သည်။

ခဏမျှ အံ့အားသင့်သွားကြပြီးနောက် တစ်ဖက်နှင့်တစ်ဖက် ဟန့်တားထားသည့်အခြေအနေမှသည် စစ်မီးပြန်လည်လောင်ကျွမ်းကာ အကြီးအကျယ်တိုက်ပွဲဆင်နွှဲကြတော့သည်။

ချန်စန်းရှင်းဟိုင်တွင် နှစ်ပေါင်းသောင်းနှင့်ချီ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် ကိုးဝိညာဉ်မဟာသူတော်စင်သည်ပင် ထွက်ပေါ်လာပြီး အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံလက်ထဲမှ သဲလွန်စရတနာပစ္စည်းကို လုယူသွားခဲ့သည်။

သို့သော် ဤသည်က ဖြစ်ရပ်များကို ယာယီသာ အဆုံးသတ်ပေးနိုင်ခဲ့သည်။

ရတနာပစ္စည်းနှစ်ခုအား ‌ပေါင်းစပ်လိုက်သည်နှင့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ တည်နေရာကို ရှာဖွေနိုင်သည့် နည်းလမ်းတစ်ခု ပေါ်ပေါက်လာလေသည်။

ထိုသို့ဖြင့် လူသားအမြုတေကျောက်တုံးအပိုင်းအစအတွက် ကြီးမားသောစစ်ပွဲတစ်ခု မလွှဲမရှောင်သာ ထပ်မံဖြစ်ပွားလာတော့သည်။

ဤသည်က ရန်ကျောက်ကဲ လုပ်ဇာတ်ခင်းသည့် အလိမ်အညာများ မဟုတ်တော့ပေ။ တကယ့်အထောက်အထားများ ထွက်ပေါ်လာပြီ ဖြစ်၏။

အခြေအနေအရ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ကိုယ်တိုင်ပင် ဆင်းသက်လာမည်လား ထင်မှတ်ရသည်။

မကြာသေးမီကမှ မဟာမာရူယိကြောင့် ငြိမ်သက်သွားသောစစ်ပွဲမှာ ယခုတော့ ပြန်လည်လောင်ကျွမ်းလာခဲ့ပေပြီ။

ရန်ကျောက်ကဲက...

“ဒီသတင်းတွေကြားလို့သာ ပန်ပန်ကို ရူယိရွှေတုတ် အပြည့်အဝ သုံးခွင့်ပြုရဲခဲ့တာ”

သူက ဆက်ပြောလိုက်သည်။

“ဒီနေရာမှာ နတ်ဘုရားထောင်ချောက်ဓား ရှိနေပေမယ့် ဟိုဘက်မှာ စစ်ဖြစ်နေပြီဆိုတော့ ငါတို့ကိုလာနှောက်ယှက်ဖို့ အချိန်ရှိမှာမဟုတ်တော့ဘူး”

အကယ်၍ စစ်ပွဲသာမဖြစ်ခဲ့ဘူးဆိုလျှင် ပြင်ပတာအိုကျင့်ကြံသူများ ၊ နတ်မိစ္ဆာမျိုးနွယ်များ ၊ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် အနောက်ဘက်သူတော်စင်ဘုံတို့အားလုံး ဤနေရာသို့ ချီတက်လာကြပေမည်။

ထိုသို့ဆိုလျှင် သူတို့အခြေအနေသည်လည်း ပြောင်းပြန်ဖြစ်သွားနိုင်သည်။

သို့ပေသိ ယခုတော့ လက်ရှိအခြေအနေက ရန်ကျောက်ကဲတို့အားလုံး ဖြစ်စေချင်သည့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

သူတို့ ဂရုတစိုက်စီမံခဲ့သည့်လုပ်ဇာတ်က အလွန်တရာပြီးပြည့်စုံသွားပြီး ဖြစ်ရပ်မှန်အဖြစ်ပြောင်းလဲသွားမည်ဟု ရန်ကျောက်ကဲကိုယ်တိုင်လည်း မျှော်လင့်မထားခဲ့ပေ။

ကောင်းချင်းရွှမ်က...

“သူတို့ဘက်မှာ ငါတို့ကို‌အရေးစိုက်ရလောက်အောင် အင်အားမရှိတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ သူတို့ဘက်က အစီအမံကောင်းမယ်ဆိုရင် ငါတို့ဘက်ကို တပ်ဖွဲ့တချို့ စေလွှတ်လာနိုင်သေးတယ်”

သူမက ဆက်ပြောလိုက်သည်။

“ငါတို့ဆီမှာ နတ်ဘုရားထောင်ချောက်ဓားနဲ့ နတ်ဘုရားသတ်ဖြတ်ဓား ရှိနေတယ်လေ ၊ သူတို့အနေနဲ့ ဒီဓားတွေကိုလိုချင်စိတ်ရှိမှာပဲ”

All Chapters