မဟာကပ်ဘေးဒဏ္ဍာရီ
Vol. 110 Ch. 1537
ယခုဆိုလျှင် လမ်းမှန်တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သည့် ဝူတန့်မယ်တော်သည်ပင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့် ပတ်သက်သည့် ကိစ္စများကို စိတ်ဝင်စားနေပေပြီ။
သူမက ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားထောင်ချောက်ဓားကို ရှာဖွေနိုင်ရန်အတွက် ကူညီပေးခဲ့ခြင်းသာဖြစ်သည်။ ယခုတော့ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ထိုလှည့်စားမှုက အလုပ်ဖြစ်သွားခဲ့သည်။
ယခု ဝူတန့်မယ်တော်သာမက ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် မည်သည့်နေရာတွင်ရှိနေသည်ကို အလွန်သိလိုနေကြသည်။
ရှေးခေတ်ကာလမှ ဤကောင်းကင်ဘုံအရှင် အသက်ရှင်နေဆဲဆိုပါက လမ်းမှန်တာအိုဝါဒအတွက် ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ သဲလွန်စများ ပျောက်ကွယ်နေသော်လည်း သူက သမိုင်းတစ်လျှောက်တွင် အရာအားလုံးကို တိတ်ဆိတ်စွာလုပ်ဆောင်တတ်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
ဤရှေးခေတ် ကောင်းကင်ဘုံအရှင်သာ ကွယ်လွန်သွားပြီဆိုပါက ရန်ကျောက်ကဲတို့အတွက် ကပ်ဘေးတစ်ခု ကျရောက်နိုင်သည်။
သို့သော် ဤကိစ္စများကို စောစီးစွာသိလေ ရန်ကျောက်ကဲတို့အနေဖြင့် တန်ပြန်တိုက်ခိုက်ရန် စီမံကိန်းများ စောစီးစွာ စဉ်းစားနိုင်လေ ဖြစ်သည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ အမတခုံရုံးကသာ လှည့်ကွက်သုံးမထားဘူးဆိုရင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့က ဘာဆက်စပ်မှုမှ မရှိနိုင်ဘူး”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်ရင်းရေရွတ်လိုက်သည်။
ဖန်းယွင်ရှန်း၊ ရန်တိနှင့် ကောင်းချင်းရွှမ်တို့ ခေါင်းညိတ်လိုက်ကြသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လူသားအမြုတေကျောက်တုံးကို အသုံးပြုပြီး နောက်ဆုံးခြေလှမ်းကိုလှမ်းတက်ရန် ကြိုးစားမည်ဆိုပါက ၊ သူက တာအိုဝါဒ၏ အထွတ်ထိပ်အဆင့် ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေသည်ဟု ဆိုနိုင်သည်။
ထိုအဆင့်သို့ရောက်နိုင်သူများမှ အလွန်နည်းပါးကြောင်း ပြောနေစရာပင်မလို သိရှိနိုင်သည်။
စန်းချင်း(၃)ပါး ဆရာသခင်များ လောကကိုကျော်လွန်ပြီးနောက် တာအိုဝါဒ၏ နံပါတ်တစ် တန်ခိုးစွမ်းအားရှင်မှာ “ကျောက်စိမ်းကောင်းကင်ဘုံအရှင်” ဖြစ်လာသည်။
ကျောက်စိမ်းကောင်းကင်ဘုံအရှင်ကို ဖယ်လိုက်မည်ဆိုပါက တာအိုဝါဒ ဧကရာဇ်(၄)ပါးတွင် ခေါင်းဆောင်ဖြစ်သော မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်းဟု ခေါ်ဆိုသည့် ကျီဝေးဧကရာဇ်က ဒုတိယစွမ်းအားအကြီးဆုံးသူ ဖြစ်သည်။
ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ ပြင်ပသို့ အမြဲတမ်း ခရီးလှည့်လည်နေတတ်ပြီး သူ၏တည်နေရာကို မည်သူမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။
သို့သော် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ တန်ခိုးစွမ်းအားက တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ကျီဝေးဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် လုံးဝလျော့ပါးခြင်းမရှိပေ။
ကိုးဝိညာဉ်မဟာသူတော်စင်က နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များထဲတွင် အကြမ်းတမ်းအရက်စက်ဆုံး ဖြစ်သည်။ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကသာလျှင် သူ့ကို နှိမ်နင်းနိုင်ခဲ့သည်။
သို့ပေသိ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က မိုးကောင်းကင်ခုံရုံး၏ ကိစ္စရပ်များကို သိပ်အလေးထားလေ့မရှိသလို ဝင်ပါလေ့လည်း မရှိပေ။
ထို့ကြောင့်ပင် သူ့ကို လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်အဖြစ် သတ်မှတ်ကြခြင်း ဖြစ်၏။
စန်းချင်း(၃)ပါးအဆက်အနွယ်နှင့် မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်တို့အပြင် တာအိုဝါဒမှ အခြားသော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များလည်း ရှိသေးသည်။
ထိုသူများထဲတွင် မူလဖိနှိပ်နတ်ဘုရားနှင့် အနောက်မယ်တော်တို့လည်း ပါဝင်သည်။
မူလဖိနှိပ်နတ်ဘုရား၏တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး သံသယဝင်စရာ မရှိပေ။ အကြောင်းမှာ သူက မိုးမြေနှင့်အပြိုင် သက်တမ်းရှည်သူဖြစ်ပြီး မဟာတာအိုကို အလွန်အလေးထားသည်။
အနောက်မယ်တော်ကတော့ ဒဏ္ဍာရီများအရဆိုလျှင် သူမက ခွန်လွန်အနောက်ပိုင်းတွင် နေထိုင်သူဖြစ်သည်။ သူမနေထိုင်သည့်နေရာက ခွန်လွန်အရှေ့ပိုင်းတွင်နေထိုင်သည့် ယွိချင်အဆက်အနွယ်များနှင့် အလွန်ဝေးကွာသည်။
သူမကို ကျောက်စိမ်းရေကန်မယ်တော်နှင့် မိုးအောက်မြေပြင်နတ်မိမယ်ဟုလည်း ခေါ်ဆိုကြသည်။
အချို့ကတော့ သူမကို မယ်တော်ဘုရင်မဟု ခေါ်ဆိုကြသော်လည်း သူမက ကျောက်စိမ်းကောင်းကင်ဘုံအရှင်၏ မိဖုရားမဟုတ်သလို မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားတစ်ပါးလည်း မဟုတ်ပေ။
သူမနှင့် ဆက်စပ်ကြည့်နိုင်သည့် တစ်ခုတည်းသောဆက်နွယ်မှုမှာ သူမက ရှေးခေတ်ကာလ တာအိုဝါဒ ဧကရာဇ်(၃)ပါးနှင့် ရင်းနှီးသည်ဆိုသော သတင်းစကားသာလျှင် ရှိ၏။
ရှေးခေတ်ကာလနောက်ပိုင်းတွင် အနောက်မယ်တော်နှင့် မူလဖိနှိပ်နတ်ဘုရားတို့သည် စန်းချင်း(၃)ပါးအဆက်အနွယ် ၊ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တို့နှင့် မတူကွဲပြားသည့် ကိုယ်ပိုင်ဟန်များဖြင့် စွမ်းရည်များကို ထုတ်ဖော်ခဲ့ကြသည်။
သို့သော် မူလဖိနှိပ်နတ်ဘုရားနှင့်ယှဉ်လျှင် သူမက ကောင်းကင်ဘုံနန်းတော်မှ တန်ခိုးစွမ်းအားရှင်များ ၊ အခြားသော တာအိုဝါဒ တန်ခိုးစွမ်းအားရှင်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။
ထို့ကြောင့် ကျီဝေးဧကရာဇ်၊ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၊ မူလဖိနှိပ်နတ်ဘုရားနှင့် အနောက်မယ်တော်တို့သည် တန်ခိုးစွမ်းအားအရာတွင် ကျောက်စိမ်းကောင်းကင်ဘုံအရှင်အောက်တွင် ရှိသော တာအိုဝါဒ၏ ထိပ်တန်းကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခံရသည်။
ကျီဝေးဧကရာဇ်မှလွဲ၍ ကျန်သူများမှာ ကနဦးကောင်းကင်မတိုင်မီကပင် မွေးဖွားခဲ့ကြသော အလွန်ရှေးကျသည့် နတ်ဘုရားများ ဖြစ်ကြ၏။
ရှေးခေတ်ကာလမှစပြီး ဤကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကို အဆင့်သမတ်မှတ်မည်ဆိုပါက တာအိုအဆင့်အောက် ကျွမ်းကျင်သူများတွင် ကျောက်စိမ်းကောင်းကင်ဘုံအရှင်က နံပါတ်တစ်နေရာတွင် ရှိနေသည်။
ပြီးမှ ကျန်ရှိသော တန်ခိုးစွမ်းအားရှင်များကို နံပါတ်(၂)မှ (၁၀)အတွင်း ထည့်သွင်းနိုင်သည်။
စန်းချင်း(၃)ပါး ဆရာသခင်များ လောကကိုကျော်လွန်သွားသည့်တိုင် အတိတ်တစ်ချိန်က တာအိုဝါဒ မည်မျှအင်အားကြီးခဲ့ကြောင်း ထင်ရှားစွာ သိမြင်နိုင်သည်။
ထို့ပြင် ရှေးဟောင်းဗုဒ္ဓအဖြစ်ပြောင်းလဲသွားသည့် မငြိမ်းသောမီးအိမ်တာအိုဆရာ ၊ တာအိုဝါဒ ၊ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုးနွယ်အားလုံးဖြင့် ဆက်စပ်မှုရှိသော တာအိုဆရာ’လုယာ’ တို့လည်း ရှိနေသေးသည်။
ထိုသူများကို သာမန်ကျင့်ကြံသူများအဖြစ် ရှုမြင်ရန်မသင့်တော်ပေ။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံသူဖြစ်သည့် သောပေါင်ထျန်းကျွင်းကတော့ အလယ်ခေတ်တွင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားကို အချို့သူများက မသိရှိကြတော့ပေ။
သောပေါင်ထျန်းကျွင်းအပြင် ထိုက်ချင်အဆက်အနွယ်၏ ပထမဆုံးတပည့်ဖြစ်သော ရွှမ်တုကိုယ်တော်နှင့် ယွိချင်အဆက်အနွယ်၏ အထူးချွန်ဆုံး ဆက်ခံသူ ယန်ကျန်းတို့မှာလည်း မေ့မထားသင့်သူများ ဖြစ်၏။
သို့သော် ရွှမ်တုကိုယ်တော်က သောပေါင်ထျန်းကျွင်းကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်ပြီး လှုပ်ရှားမှုပြုခဲသည်ဖြစ်ရာ သူ့အကြောင်း လူအများသိပ်မသိကြပေ။
ယန်ကျန်းကတော့ စစ်ပွဲတိုင်းတွင် ရှေ့ထွက်လေ့ရှိသော သူရဲကောင်းတစ်ယောက် ဖြစ်၏။
သူသည်လည်း ကျီဝေးဧကရာဇ်ကဲ့သို့ပင် အခြားသောတန်ခိုးစွမ်းအားရှင်များထက် နောက်ကျမှထွက်ပေါ်လာသည့်တိုင် ကနဦးကောင်းကင် တန်ခိုးစွမ်းအားရှင်များစွာကို အနိုင်ယူခဲ့သူ ဖြစ်သည်။
သို့ပေသိ သူက မဟာကပ်ဘေးကာလအထိ ရှိနေခဲ့လေသည်။
မဟာကပ်ဘေးကြီးစတင်သည့်အချိန် ကောင်းကင်ဘုံနန်းတော် တစ်ဝက်ခန့်ပျက်ဆီးသွားခဲ့သည်။ ထိုအချိန် ယန်ကျန်းက တိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့သည်။
လက်ရှိတွင် ယန်ကျန်း မည်သည့်နေရာသို့ရောက်သွားမှန်းမသိရသော်လည်း ထိုအချိန်က သူ၏လှုပ်ရှားမှုကတော့ အလွန်ပင် သိသာထင်ရှားခဲ့၏။
နတ်ဘုရားထောင်ချောက်ဓားကိုရယူပြီးနောက် ရန်ကျောက်ကဲ ထျန်းစူးစကြာဝဠာသို့ ပြန်သွားခဲ့သည်။ ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အခြားသော စကြာဝဠာတစ်ခုတွင် ရောက်ရှိနေသည်။
“ထင်တဲ့အတိုင်းပဲ ၊ အခြေအနေက ပိုပြီးတင်းမာလာပြီ ၊ ကိုးဝိညာဉ်မဟာသူတော်စင်ကိုရင်ဆိုင်ဖို့အတွက် အနောက်ဘက်သူတော်စင်ဘုံက အငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအပြင် ဘယ်သူတွေကိုထပ်စေလွှတ်ဦးမလဲမသိဘူး”
အတွေးနှင့်အတူ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။
ထိုနေရာတွင် ရှုပ်ထွေးသောအလင်းစီးကြောင်းများ တစ်ခုနှင့်တစ်ခု ဖြတ်ကျော်ပျံသန်းနေသည်။ ပဋိပက္ခက ပိုမိုပြင်းထန်နေသဖြင့် ဗလာနယ်ကိုပျက်ဆီးစေကာ ကြယ်တာရာများကိုပင် ကြွေလွင့်သွားစေသည်။
လက်ရှိတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပဋိပက္ခများဖြစ်ပေါ်နေရာနှင့် အလွန်ဝေးကွာသည့်နေရာဖြစ်သော အစိမ်းနုရောင်ကမ္ဘာငယ်တစ်ခုထက်တွင် ရှိနေသည်။
ဤကမ္ဘာက အနေအထားရှုပ်ထွေးသည်ဖြစ်ရာ အခြားသူများ ရှာဖွေချင်သည်ဆိုလျှင် အတော်လေး အားစိုက်ထုတ်ရပေမည်။
အစိမ်းနုရောင်ကမ္ဘာငယ်တွင် ဓားချီများ နေရာအနှံ့ရှိနေပြီး အခြားနေရာမှအဖြစ်အပျက်များကို ခန့်မှန်းကြည့်ရှုနိုင်သည်။
အဝေးသို့ လှမ်းကြည့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ညင်သာစွာ မေးလိုက်သည်။
“ဝူတန့်မယ်တော် ၊ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် အသက်ရှင်နေသေးလား သေဆုံးသွားပြီလားဆိုတာ မသေချာသေးဘူးမဟုတ်လား”
ဝူတန့်မယ်တော်က ဓားချီများဖြင့်ဖွဲ့စည်းထားသည့် အစိမ်းရောင်ကမ္ဘာငယ်ကို ထိန်းချုပ်ခြင်း ဖြစ်လေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မေးခွန်း အဆုံးသတ်သွားသည်နှင့် သူ၏နားထဲတွင် ဂီတသံများ ပဲ့တင်ထပ်လာသည်။ ထိုဂီတသံစဉ်များက ထူးဆန်းနက်နဲသည့်တိုင် အထဲတွင်ပါဝင်သည့်အဓိပ္ပါယ်ကို ရန်ကျောက်ကဲကတော့ နားလည်နိုင်ခဲ့၏။
ဝူတန့်မယ်တော်က...
“မဟာကပ်ဘေးကြီးစတင်တဲ့အချိန်တုန်းက ကောင်းကင်ဘုံနန်းတော်ထက်မှာ ကျောက်စိမ်းတံခါးတစ်ခု ရုတ်တရက်ပေါ်လာတယ် ၊ အဲဒီတံခါးက ကောင်းကင်တစ်ခုလုံးကို ဖိနှိပ်ထားတယ် ၊ အဲဒီဖိနှိပ်မှုက ငါ့ကိုတောင်ထိခိုက်စေခဲ့တယ် ၊ ဒါပေမဲ့ ငါ ပြန်ခုခံဖို့ လုပ်လိုက်တဲ့အချိန်မှာ အဲဒီဖိအားက ရုတ်တရက် အားနည်းသွားတယ်”
သူမက ဆက်ပြောလိုက်သည်။
“သံသယဝင်စရာမရှိဘူး ၊ ဒီမဟာကပ်ဘေးကြီးက ကောင်းကင်ဘုံနန်းတော်ကနေ စတင်ခဲ့တာပဲ ၊ ငါတစ်ယောက်တည်း အဲဒီလိုခံစားရတာမဟုတ်ဘူး ၊ အဲဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကလည်း ငါ့ကို ပြောပြခဲ့တယ်”
“သူတို့ပြောတာက... ကျောက်စိမ်းတံခါးက အပြင်းအထန် တုန်လှုပ်သွားတယ် ၊ ပြီးတော့ တံခါးထဲမှာ ဘယ်သူမှန်းမသိ အရေအတွက်ဘယ်လောက်ရှိမှန်းလဲမသိတဲ့ လူရိပ်တွေပေါ်လာတယ်တဲ့”
“ဒီအဖြစ်အပျက်တွေအားလုံးက ရုတ်တရက်ဆန်လွန်းတယ် ၊ ကျောက်စိမ်းတံခါး တုန်ခါသွားတာနဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ မြေကမ္ဘာဘုရင်မတို့က အဲဒီကျောက်စိမ်းတံခါးထဲမှာ ဘယ်သူတွေရှိတာလဲဆိုတာ လှမ်းကြည့်ဖို့ ကြိုးစားခဲ့တယ် ၊ အဲဒီအချိန်မှာ မီလဲ့ကိုယ်တော် ရုတ်တရက်ရောက်လာပြီး သူ့လက်ဖဝါးကြီးက ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တာ”
ရန်ကျောက်ကဲ တိတ်ဆိတ်စွာ နားထောင်နေသည်။
ထိုကြောက်မက်ဖွယ်ရာ လက်ဖဝါးကြီး ကျရောက်လာသည်ကို သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး သူ၏မှတ်ဉာဏ်များထဲတွင် စွဲထင်နေဆဲ ဖြစ်၏။
သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်အဖြစ်ရှိစဉ်က သူ၏မှတ်ဉာဏ်များထဲတွင် ကျောက်စိမ်းတံခါး မပါဝင်ခဲ့ပေ။ ထိုတံခါးမှထွက်ပေါ်လာသည့်ဖိအားက အတွေးဖြစ်စဉ်ကို ရပ်တန့်သွားစေသောကြောင့် မှတ်ဉာဏ်ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။
အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကတော့ အရာအားလုံးဖြစ်ပျက်ခဲ့သည့်နေရာနှင့် နီးကပ်စွာရှိနေခဲ့သည်။ ထို့ကြောင့် ကျောက်စိမ်းတံခါးထွက်ပေါ်မလာခင်ကပင် ပျက်ဆီးခြင်းနိမိတ်ပုံကို အာရုံခံမိခဲ့သည်။
ပြီးတော့ အဂ္ဂိရတ်ခန်းမက ကျောက်စိမ်းတံခါးနှင့် ပိုမိုနီးကပ်နေသဖြင့် ဘုရားလောင်း၏တိုက်ခိုက်မှုခံရသည့်တိုင် မပျက်မဆီးဘဲ ကျန်ရှိနေခဲ့သည်။
ရန်ကျောက်ကဲ ခန့်မှန်းသည့်အတိုင်းပင် ကောင်းကင်ဘုံနန်းတော်မှာ အတွင်းပိုင်းပဋိပက္ခများကြောင့် ပျက်ဆီးခဲ့ရခြင်းပင်။
သူ အမတခုံရုံးတွင် မွှေနှောက်ခဲ့သည်ကို ပြန်တွေးကြည့်လျှင် အဖြူရောင်ကြာပန်းက ကျောက်စိမ်းတံခါးကို တားဆီးခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က မဟာကပ်ဘေးကြီးမတိုင်ခင်က မွေးဖွားခဲ့သူ ဖြစ်နိုင်သည်။
ဖြစ်နိုင်သည်မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် မွေးဖွားလာခြင်းကို တားဆီးရန်အတွက် ဘုရားလောင်းက မိုးကောင်းကင်ခုံရုံးသို့ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
ကံမကောင်းသည်မှာ မည်သို့ပင်နှောက်ယှက်ပါစေ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကတော့ ဤလောကတွင် အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။
နောက်ပိုင်းတွင် သူက ဘုရားလောင်းနှင့်တိုက်ခိုက်ခဲ့ပြီး မိုးနှင့်မြေကို တစ်စစီ ပြိုကွဲသွားစေခဲ့သည်။
သူတို့၏ တိုက်ပွဲလှိုင်းဂယက်များက ဆက်တိုက်ကျယ်ပြန့်လာသဖြင့် နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ အသင်္ချေကမ္ဘာတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
လူအများအပြား တိုက်ပွဲထဲသို့ ပါဝင်လာခဲ့ကြသည်။
အချို့က ဆန္ဒအလျောက်ပါဝင်ခဲ့ကြပြီး အချို့က အတင်းအကျပ် စေခိုင်းခံခဲ့ရခြင်းပင်။
ရလဒ်အနေဖြင့် စစ်ပွဲကြောင့် လူပေါင်းများစွာ သေကြေပျက်ဆီးခဲ့ပြီး မဟာကပ်ဘေးကြီးအဖြစ် ကမ္ဘာလောကတစ်ခုလုံးအား ပြောင်းလဲသွားစေခဲ့သည်။