ရန်သူတွေလက်ထဲမှာဓားနှစ်လက်ရှိနေပြီ
Vol. 110 Ch. 1538
ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏တိုက်ပွဲက ထိုသို့ပင် ရုတ်ချည်းဆန်စွာ ဖြစ်ပွားခဲ့ကြသည်။
ဝူတန့်မယ်တော်က...
“အဲဒီကပ်ဘေးကြီးမှာ... ငါ့မိတ်ဆွေတချို့က လုံးဝ ထွက်ပေါ်မလာခဲ့ကြဘူး”
သူမ၏အသံက ရှေးခေတ်ကာလကိုဖြတ်ကျော်ပြီး ယနေ့ခေတ်တွင် ဆင်းသက်လာသည့်ပမာ ဖြစ်သည်။
“တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ရဲ့ စကားအရဆိုရင်တော့ ငါ့မိတ်ဆွေတွေက အဲဒီကျောက်စိမ်းတံခါးအောက်မှ ကျဆုံးသွားတာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အမှန်တရားကိုတော့ အတိအကျ မသိနိုင်ဘူး”
အနောက်မယ်တော်၏ ခွန်လွန်အနောက်ပိုင်း ကျောက်စိမ်းရေကန်က ရှုံးနိမ့်သွားခဲ့ရသည်။
ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ အဆုံးမဲ့ပျော်ရွှင်ခြင်း အရှေ့ထွန်းတောက်ကမ္ဘာသည်လည်း အပိုင်းပိုင်းအစစ ပျက်ဆီးသွားခဲ့ရသည်။
မူလဖိနှိပ်နတ်ဘုရား၏ ဝူကျွမ်းကျောင်းတော်သည်လည်း ပြိုကျပျက်သုဉ်းသွားခဲ့ရသည်။
သို့သော် ထို တာအိုဝါဒ၏ထိပ်တန်းပုဂ္ဂိုလ်ကြီးများက မဟာကပ်ဘေးကြီးအတွင်း လုံးဝ ထွက်ပေါ်မလာခဲ့ကြသလို နောက်ပိုင်းတွင်လည်း သူတို့နှင့်ပတ်သက်သည့် သတင်း တစ်စုံတစ်ရာ မကြားရတော့ပေ။
ကျောက်စိမ်းတံခါး ပထမဆုံး ထွက်ပေါ်လာသည့်နေရာက ကောင်းကင်ဘုံနန်းတော်တွင် ဖစြ်သည်။ သို့ဖြစ်ရာ ထိုတံခါးကိုဖန်တီးသူမှာ ကောင်းကင်ဘုံနန်းတော်မှ ထိပ်တန်းအရှင်သခင်တစ်ပါး ဖြစ်နိုင်သည်။
မဟုတ်ပါက ဤသို့သောလှုပ်ရှားမှုမျိုးကို လူပေါင်းများစွာ သတိမထားမိဘဲနေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အခြေအနေကတော့ ထူးဆန်းနေဆဲပင်။ ပြန်တွေးကြည့်လျှင်တောင် ရှုပ်ထွေးပြီး ဇဝေဇဝါ ဖြစ်ရသည်။
“ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ရှာတွေ့နိုင်မယ်ဆိုရင် အတိတ်ကဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့အမှန်တရားကို အရိပ်အမြွက် ရှာတွေ့နိုင်မှာပဲ”
ရန်ကျောက်ကဲ တီးတိုးရေရွတ်လိုက်သည်။
အမတခုံရုံးအနေဖြင့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ရှာတွေ့သည်ဆိုဦးတော့ လူသားအမြုတေကျောက်တုံးကို ရရှိရန်အသာထား ၊ အသက်အန္တရယ်မကျရောက်အောင်ပင် အထူးဂရုစိုက်ရပေမည်။
အတိတ်တစ်ချိန်က ယင်ထျန်းရှ ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစကို ရယူနိုင်ခဲ့ခြင်းမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း၏တိုက်ပွဲကို အခွင့်ကောင်းယူပြီး စကြာဝဠာနယ်နိမိတ်များအား ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
အမတခုံရုံးက ယင်ထျန်းရှအကြောင်း သတင်းရရှိခဲ့သည့်တိုင် ချက်ချင်း ကျွမ်းကျင်သူများစေလွှတ်ပြီး လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။
အကြောင်းမှာ အဖြူရောင်ကြာပန်းသုခဘုံနှင့် စစ်ပွဲဆင်နွှဲနေသည့်အချိန် ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် လူအင်အားအနည်းငယ်ခန့်သာ လျှို့ဝှက်စေလွှတ်ပြီး ကောင်းကင်အမြုတေ ကျောက်တုံးအပိုင်းအစကို ရှာဖွေပြီး အမတခုံရုံးသို့ ပြန်သယ်ဆောင်လာရန် ကြိုးစားခဲ့ရသည်။
အဆုံးသတ်မှာတော့ ယင်ထျန်းရှကသာ အနိုင်ရသွားခဲ့သည်။
ယခုလည်း လူသားအမြုတေကျောက်တုံးက အဖြူရောင်ကြာပန်းသုခဘုံအတွက်ရော အမတခုံရုံးအတွက်ပါ အလွန်ရေးပါလေသည်။ ထို့ကြောင့် ကျွမ်းကျင်သူများစွာ စစ်ပွဲထဲတွင် ပါဝင်လာခဲ့ကြသည်။
ထိုသို့ဖြစ် စစ်မီးက ထပ်မံလောင်ကျွမ်းခဲ့ပြန်သည်။
ပြောရမည်ဆိုလျှင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ ဘုရားလောင်းတို့ ကိုယ်တိုင်တောင်မှ တိုက်ပွဲထဲ ပါဝင်လာနိုင်သည်။
သို့ဖြစ်ရာ ဤသို့သောအခြေအနေတွင် အခွင့်ကောင်းရှာဖွေပြီး လူသားအမြုတေကျောက်တုံးကို ရရှိရန်ကြိုးပမ်းမည်ဆိုပါက တစ်လောကလုံးမှ ကံကောင်းခြင်းများကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင် အန္တရယ်များလွန်းလှသည်။
ဝူတန့်မယ်တော် ဤနေရာသို့ ရောက်ရှိလာသည်မှာ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နဲ့ပတ်သက်သော သတင်းအချက်အလက်များနှင့် သဲလွန်စများကို ပိုမိုသိရှိလိုသောကြောင့် ဖြစ်၏။
ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ဟာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် မဟုတ်သလို အတိတ်တစ်ချိန်က ကျောက်စိမ်းတံခါးအောက်တွင် ကျဆုံးခဲ့ခြင်းမရှိပါက ၊ ယခု သူ၏တည်နေရာကို အာရုံစိုက်ခြင်းက အကျိုးမယုတ်နိုင်ပေ။
“အရင်တုန်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် တာအိုအဆင့်ကို တက်လှမ်းခါနီးအချိန်မှာ သူက ကျွန်တော်တို့ တာအိုဝါဒက ကျွ်းကျင်သူအချို့ကို အတင်းအကျပ် ယုံကြည်ခြင်းအလင်းတန်းပေးပြီး သူ့ကိုကူညီခိုင်းခဲ့လိမ့်မယ် ၊ ဒါကြောင့် ကျောက်စိမ်းတံခါးရဲ့ဖိအား ဖြစ်ပေါ်လာရတာပဲ”
ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချရင်း ရေရွဝ်လိုက်သည်။
“မီလဲ့ကိုယ်တော် မဟာတာအိုကို အောင်မြင်တဲ့အချိန်မှာ လူသားအမြုတေကျောက်တုံးအပိုင်းအစတစ်ခုကို အသုံးပြုခဲ့ရလိမ့်မယ် ၊ ဒါပေမဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကတော့ လူသားအမြုတေကျောက်တုံး အပိုင်းအစတင်မကဘဲ ကောင်းကင်အမြုတေကျောက်တုံးကိုပါ အသုံးပြုခဲ့တယ်”
ကျောက်စိမ်းတံခါးအတွင်းမှ ပြန့်ကျဲရှုပ်ထွေးနေသော ပုံရိပ်များ ထွက်ပေါ်လာပြီး ကျောက်စိမ်းတံခါးကြီး တုန်ခါသွားခြင်းမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လမ်းမှန်တာအိုဝါဒကျင့်ကြံသူများကို ယုံကြည်ခြင်းအလင်းတန်းပေးရန် ကြိုးစားခြင်းအား အခြားသော တာအိုဝါဒ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက တားဆီးကြခြင်း ဖြစ်နိုင်သည်။
နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်နေချိန်မှာပင် ဘုရားလောင်းရောက်ရှိလာပြီး မဟာကပ်ဘေးကြီးစတင်ဖြစ်ပွားခဲ့သည်။
နောက်ပိုင်းတွင် မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော် ပြိုကျပျက်စီးသွားခဲ့ပြီး စန်းချင်း(၃)ပါးအဆက်အနွယ်အများစု သေကြေပျက်ဆီးခဲ့ရသည်။
အသက်ရှင်ကျန်ရစ်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အသင်္ချေကမ္ဘာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး လူ့ယဉ်ကျေးမှုမြင့်မားပြီး သိုင်းပညာထွန်းကားကာ သာယဝပြောသော ခေတ်တစ်ခေတ်သည်လည်း အဆုံးသတ်သွားခဲ့၏။
မဟာကပ်ဘေးကြီးအတွင်း သာမန်လူသားအများစုမှာ ဘာဆိုဘာမှမသိလိုက်ဘဲ အသလွတ် သေဆုံးသွားခဲ့ကြရသည်။
လက်ရှိခေတ်မှာတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း၊ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က လူသားများအပေါ် ယုံကြည်ခြင်းစွမ်းအား အလုအယက်ပေးနိုင်ရန်အတွက် အကြိမ်ကြိမ်အဖန်ဖန် တိုက်ခိုက်လျှက်ရှိကြသည်။
သို့သော် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ယခုမှ မွေးဖွားလာကာစဖြစ်လေရာ အခြေခံအုတ်မြစ်ခိုင်မာခြင်းမရှိသေးပေ။
ဘုရားလောင်းနှင့်ယှဉ်လျှင် သူ့အတွက် အခြေခံအုတ်မြစ် ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုအပ်သည်။
ဘုရားလောင်းကတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ထိုအခွင့်အရေးမျိုး ဘယ်သောအခါမှ ပေးအပ်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် လမ်းမှန်တာအိုဝါဒနယ်မြေများ အတင်းအကျပ် ယုံကြည်ခြင်းအလင်းတန်း ပေးအပ်ခံရခြင်းမှ ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်၏။
မဟုတ်ပါက လမ်းမှန်တာအိုဝါဒ လုံးဝပျောက်ကွယ်သွားမည်သာပင်။
ဗုဒ္ဓဘာသာ၏ ရတနာအလင်းတန်းလွှမ်းခြုံမှုအောက်မှာတော့ ဗုဒ္ဓဘာသာနယ်မြေများက အေးချမ်းနေဆဲ ဖြစ်သည်။ ဗုဒ္ဓနယ်မြေများစွာက မဟာကပ်ဘေးကြီးထဲ ဆွဲသွင်းမခံရဘဲ လွတ်ကင်းခဲ့သည်။
ဘုရားလောင်းက သူ့ကို ကိုးကွယ်ဆည်းကပ်သူများကို ကယ်တင်ခဲ့သည်ဖြစ်ရာ ဗုဒ္ဓဘာသာကမ္ဘာများမှ လူသားများက သူ့ကို ကယ်တင်ရှင်အဖြစ် သတ်မှတ်ခဲ့ကြသည်။
အရင်ဆုံး ကောင်းကင်ဘုံနန်းတော်တွင် အတွင်းပိုင်းပဋိပက္ခဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာက ဝင်ရောက်စွက်ဖက်ခဲ့သည်။
ထိုသို့ဖြင့် လမ်းမှန်တာအိုဝါဒက အနက်ရှိုင်းဆုံးထိုးနှက်ခံရပြီး ပြုတ်ကျသွားခဲ့ရသည်။ ယခုထိတိုင် ပျက်ဆီးဆုံးရှုံးမှုများကြားမှ ပြန်လည်ထူထောင်ရန် ကြိုးနေကြရဆဲပင်။
“အဲဒီအချိန်တုန်းက ကျောရိုးမရှိတဲ့ အယုတ်တမာတစ်သိုက်လုံး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဘက်က ပါဝင်ခဲ့ကြတယ်”
ဝူတန့်မယ်တော်က တည်ကြည်သည့်အသံဖြင့် ပြောလိုက်သည်။
ယုံကြည်ခြင်းစွမ်းအား နည်းပါးလှသေးသည့်အချိန်မှာပင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ပိရှာယွမ်ကျွင်း ”ယွိဟွမ်လုန်” ၊ နာ့ပေါင်ထျန်းကျွင်း “ချောင်ပေါင်”နှင့် ကောင်းကင်ဘုံနန်းတော်မှ အခြားသော လမ်းမှန်ဝါဒ ထိပ်တန်းစွမ်းအားရှင်များကို ဆွဲခေါ်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်အောက်တွင် လိုအပ်သည့်လက်အောက်ငယ်သားများ လုံလောက်စွာ ရရှိခဲ့သည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ကြည့်ရတာ... အနောက်ဘက်သူတော်စင်ဘုံက အဲဒီပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ဟိုးအရင်ကတည်းက သဘောတူညီချက်ရှိထားပြီးသား ဖြစ်ရမယ် ၊ မဟုတ်ရင် အစပိုင်းအချိန်တွေမှာ အမတခုံရုံးအနေနဲ့ ရပ်တည်နိုင်မှာမဟုတ်ဘူး”
အမတခုံရုံး စတင်ဖန်တီးချိန်တွင် အားနည်းချက်များစွာ သိသိသာသာ ရှိနေခဲ့သည်။
ဤသည်က လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများ ကြောက်မက်ဖွယ်ရာ အန္တရယ်များသည့်အခြေအနေထဲ မကျရောက် ရှေးယခင်အချိန်ကတည်းက ဖြစ်ပျက်ခဲ့ခြင်းပင်။
အမတခုံရုံး ရပ်တည်လာနိုင်ခြင်းမှာ အကြောင်းရင်းနှစ်ခုကြောင့်သာ ဖြစ်သည်။
တစ်ခုက ပြင်ပအကူအညီရရှိခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ခုက ရန်သူ့ဘက်တွင် အတွင်းရန်ပွားခြင်းကြောင့် ဖြစ်သည်။
ဝူတန့်မယ်တော်က အေးစက်သည့်လေသံဖြင့်...
“သေချာတွေးကြည့်မယ်ဆိုရင်... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ မူလဇစ်မြစ်ဟာ အနောက်ဘက် သူတော်စင်ဘုံရဲ့ လွှမ်းမိုးမှုအောက်မှာ စတင်ခဲ့တာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက မျက်လုံးများမှေးစင်းလိုက်ရင်း...
“ဒါက လုံးဝ ဖယ်ထုတ်လို့မရတဲ့ ဖြစ်နိုင်ခြေပဲ”
ဝူတန့်မယ်တော်က အသံအနည်းငယ်တိုးလိုက်ပြီး...
“အရှေ့စွန်းထွန်းတောက်ဧကရာဇ် ဘယ်မှာရှိနေမလဲဆိုတာ ငါတို့တွေ ခြေရာခံနိုင်မလား ကြည့်ကြတာပေါ့”
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဝေးသို့ ငေးကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
***
ပြင်ပဗလာနယ်အခြားတစ်ဖက်မှာတော့ ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှလူများကိုခေါ်ဆောင်ကာ ထျန်းစူးစကြာဝဠာသို့ ပြန်လာနေကြသည်။
အပြန်လမ်းတွင် ရန်ကျောက်ကဲပြောပြသည်များကိုနားထောင်ရင်း လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ရန်တိက နက်ရှိုင်းသည့်အသံဖြင့်...
“ကျောက်စိမ်းတံခါးထွက်ပေါ်လာရတဲ့ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ရှိနေသေးတယ်”
ခဏမျှတိတ်ဆိတ်နေပြီးမှ ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... တစ်ယောက်ယောက်က ဖန်တီးထားတာ ဖြစ်နိုင်တယ် ၊ တကယ်တော့ တစ်ဦးတစ်ယောက်ဆိုတာထက် အုပ်စုတစ်စု ပါဝင်ပတ်သက်နေတာမျိုးလည်း ဖြစ်နိုင်တယ်”
သို့သော် ကျောက်စိမ်းတံခါး ဖန်တီးခြင်းမှ ရရှိလာသော နောက်ဆုံးအကျိုးအမြတ်များကို လုယူရန်အတွက် ထိုတံခါး ဖန်တီးရာတွင်ပါဝင်ခဲ့ကြသည့် လူအုပ်စုအတွင်း အချင်းချင်း အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။
ရန်တိက...
“ဒီဖြစ်နိုင်ခြေက နည်းပါတယ် ၊ ဘာလို့လဲဆိုတော့ အောင်မြင်မှုမရခင်ကတည်းက အတွင်းပိုင်းပဋိပက္ခတွေဖြစ်နေမယ်ဆိုရင် နောက်ဆုံး ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက...
“ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူတွေက တာအိုဝါဒရဲ့ ထိပ်ပိုင်းအဆင့် အနည်းငယ်လောက်ပဲ ဖြစ်နိုင်တယ် ၊ ပုံမှန်ဆိုရင် ဒီလိုထိပ်တန်းအဆင့် ရှိတဲ့သူတွေက ဒီလိုအမှားမျိုး လုပ်ကြမှာမဟုတ်ဘူး ၊ ဒါပေမဲ့ လူ့စိတ်ဆိုတာက ခန့်မှန်းနိုင်ဖို့ ခက်ခဲလွန်းပါတယ်”
“အခုချိန်ထိတော့ သေချာပေါက် မပြောနိုင်သေးဘူး ၊ ဖြစ်နိုင်တာတော့... ကျောက်စိမ်းတံခါးထဲကသူတွေပဲ အမှန်တရားကို သိနိုင်မှာပဲ”
ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်ဝန်းများက တည်ကြည်လေးနက်သွားသည်။
“ဒါပေမဲ့ ဒီကိစ္စတွေကြောင့်တော့ ကျွန်တော်တို့ရဲ့လမ်းကြောင်း ထိခိုက်မှာ မဟုတ်ပါဘူး”
သူ့ဘေးတွင်ရှိနေသည့် ဖန်းယွင်ရှန်းက အနည်းငယ် ပြုံးလိုက်သည်။
ရန်တိနှင့် ကောင်းချင်းရွှမ်တိုကလည်း ပြုံးလိုက်ကြသည်။ သို့သော် သူတို့မျက်ဝန်းများကတော့ တည်ကြည်လေးနက်နေဆဲပင်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ဘာပဲဖြစ်ဖြစ် ပြင်ပကျင့်ကြံသူနှစ်ဖွဲ့ စစ်ပွဲပြင်းထန်လာတာက ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်ပဲ ၊ သူတို့စစ်ပွဲပိုပြင်းထန်လေ ၊ ပိုပြီးကြာရှည်လေ ၊ ကျွန်တော်တို့အတွက် ပိုကောင်းလေပဲ”
အဂ္ဂိရတ်ခန်းမ မည်မျှကောင်းပါစေ ၊ ထျန်းစူးစကြာဝဠာ မည်မျှလျှို့ဝှက်ထားနိုင်ပါစေ ၊ တာအိုအဆင့် ထိပ်သီးစွမ်းအားရှင်များက စိတ်အားထက်သန်စွာ ရှာဖွေလာမည်ဆိုလျှင် ကောင်းကင်တံတိုင်းတစ်ဖက်တွင် ပုန်းအောင်းနေဦးတော့ လုံခြုံနိုင်မည် မဟုတ်ပေ။
ရန်သူများ အချင်းချင်းတိုက်ခိုက်နေမှသာ ထျန်းစူးစကြာဝဠာသည်လည်း ပို၍ သက်တမ်းရှည်ကြာမည် ဖြစ်သည်။
ထို့ကြောင့်ပင် ရန်ကျောက်ကဲက ဤကိစ္စကို အလေးထားဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရန်သူများကြား မဆုံးနိုင်သည့်အ အရှုပ်အထွေးများရှိနေမှသာ သူတို့အတွက် ငြိမ်းချမ်းမည်ဖြစ်၏။
ယခုရလဒ်ကတော့ မျှော်မှန်းထားတာထက်ပင် ပိုကောင်းနေသဖြင့် ရန်ကျောက်ကဲတို့အုပ်စု စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ကြသည်။
***
ရန်ကျောက်ကဲတို့ စိတ်သက်သာရာရနေချိန် အခြားသူများကတော့ စိတ်မသက်သာနိုင်ကြချေ။
ဝမ်ကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့ အမတခုံရုံးရဲ့ ကောင်းကင်နန်းတော်သို့ ပြန်ရောက်လာချိန် သူတို့ကိုကြိုဆိုသူများက မျက်မှောင်ကျုံ့လိုက်ကြသည်။
“ဘယ်လိုဖြစ်လို့ ဒီလောက်ပုံစံပျက်နေရတာလဲ”
ဝမ်ကွမ်းက တစ်ချက်သမ်းဝေလိုက်ရင်း...
“ရန်သူတွေဆီမှာ ရူယိရွှေတုတ် ရှိနေတယ်... ပြီးတော့ အခု နတ်ဘုရားထောင်ချောက်ဓားပါ သူတို့လက်ထဲ ရောက်သွားပြီ”
သူက လက်နှစ်ချောင်းထောင်ပြလိုက်ရင်း...
“အခုဆို အဲဒီလူတွေလက်ထဲမှာ ဓားနှစ်လက်ရှိနေပြီ”