← Chapters

နှိမ့်ချစွာနေရင်းပြန်လည်ဦးမော့လာ

Vol. 110 Ch. 1541

နှိမ့်ချစွာနေရင်းပြန်လည်ဦးမော့လာ

Vol. 110 Ch. 1541

"...... ချင်းရှောင်းတောင်၊ ကွေလေနန်းတော်က ဆရာလျိုနဲ့ ထုန်းမင်တောင်ကြားက ‘ရန်’ သခင်မပြီးရင် ရှင့်ဆရာက နတ်ဘုရားတံခါးကိုတွန်းဖွင့်နိုင်တဲ့ တတိယမြောက်လူပဲ”

မန်ဝမ်က ပြုံးပြီး ပြောလိုက်သည်။

နတ်ဆိုးသုံးပါး လူပြန်ဝင်စားသည့်ကိစ္စ ဖြစ်ပွားပြီးးသည့်နောက် ရန်ကျောက်ကဲက အမတခုံရုံးသို့ သွားရောက်မွှေနှောက်ခဲ့သည်။

ထို့နောက် နတ်ဘုရားသတ်ဖြတ်ဓားနှင့် နတ်ဘုရားထောင်‌ချောက်ဓားကို စန်းချင်း(၃)ပါးအဆက်အနွယ်ထံသို့ ပြန်လည်ယူဆောင်လာခဲ့သည်။

ထျန်းစူးခန်းမသည်လည်း ပြင်ပလောကနှင့် လုံးဝအဆက်အသွယ်ပြတ်သည်မဟုတ်ဘဲ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သောအဆင့်တွင် ရှိနေခဲ့၏။

နှစ်ပေါင်း(၅၀)အတွင်း ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဝမ်းနည်းဖွယ် ခွဲခွာမှုများလည်း ဖြစ်ပေါ်ခဲ့သည်ပင်။

အထူးခြားဆုံးကတော့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အထင်ရှားဆုံးမှာ နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး နတ်ဘုရားအဆင့်သို့တက်လှမ်းနိုင်သည့် တန်ခိုးစွမ်းအားရှင်များ ပေါ်ထွက်လာခြင်း ဖြစ်၏။

ပထမဆုံး နတ်ဘုရားအဖြစ် အဆင့်တက်နိုင်ခဲ့သူမှာ အထက်ဘုံကမ္ဘာ၏ အရှေ့မြောက်ထိပ်တန်းအရှင်သခင်ဟောင်းဖြစ်သော ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်မှ လျိုကျန်းကူ ဖြစ်သည်။

လက်ရှိတွင် ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်က မြောက်ဘက်ကုန်းမြေတွင် ထိပ်တန်းအဆင့် အင်အားကြီးသိုင်းဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှာတော့ လျိုကျန်းကူက သိုင်းသူတော်စင် အထွတ်ထိပ်အဆင့်တွင် သက်တမ်းအရှည်ကြာဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။

ထိုစဉ်က သူ့ထက်အသက်ကြီးသူဆို၍ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန် တစ်ယောက်သာလျှင် ရှိသည်။

သက်တမ်းအားဖြင့်ဆိုလျှင် လျိုကျန်းကူက အဆုံးသတ်ကာလသို့ ချဉ်းကပ်နေပြီ ဖြစ်သည်။

ဝမ်ကျန်းချန်လောက် သက်တမ်းရှည်နိုင်သည့် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဆိုသည်က သမိုင်းတစ်လျှောက် အလွန်ပင်ရှားပါးလှသည်။

အထူးသဖြင့် လျိုကျန်းကူက ကွေလေနန်းတော်အဆက်အနွယ် သိုင်းပညာများကို ကျင့်ကြံခဲ့သူဖြစ်သည်။ ထိုသိုင်းပညာများက ရက်စက်ကြမ်းကြုတ်ပြီး ကျင့်ကြံသူအား အလွယ်တကူ ထိခိုက်စေနိုင်သည်။

ထို့ကြောင့် လျိုကျန်းကူ၏သက်တမ်းက အခြားသော သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်များထက် အနည်းငယ် တိုတောင်းခဲ့သည်။

သို့သော်လည်း လျိုကျန်းကူက အသက်အရွယ်ကြီးရင့်လာသည့်တိုင် ရိုးသားဖြောင့်မတ်သော စရိုက်ကို ထိန်းသိမ်းထားပြီး ဂုဏ်သိက္ခာအပြည့်နှင့် ရပ်တည်ခဲ့သည်။

ထို့ကြောင့် အခြားသူများက သူ၏အသက်အရွယ်ကို မသိဟန်ဆောင်ကာ လျစ်လျူရှုထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူက သက်တမ်းကုန်ဆုံးချိန်သို့ ရောက်ရှိနေခြင်းကတော့ မငြင်းနိုင်သည့် အမှန်တရား ဖြစ်သည်။

သူသာ ကျင့်ကြံခြင်းအဆင့်မတက်နိုင်ပါက နှစ်ပေါင်းတစ်ရာအတွင် သေဆုံးရမည့်ကံကြမ္မာကို မလွှဲမရှောင်သာ ရင်ဆိုင်ရပေမည်။

အခြားသော နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များနှင့် နှိုင်းယှဉ်လျှင် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်၏ သက်တမ်းက ပျက်စီးလွယ်သည်ဟု မှတ်ယူနိုင်သည်။

ဤသို့ဖြစ်ရခြင်းမှာ တန်ခိုးစွမ်းအားကွာခြားချက်ကြောင့်သာမက အသက်အရွယ် ကွာခြားချက်ကြောင့်လည်း ဖြစ်သည်။

သို့ပေသိ လျိုကျန်းကူက အထက်ဘုံကမ္ဘာမှ ထွက်ခွာလာပြီးနောက် လုံးဝအပြင်မထွက်ဘဲ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ချင်းရှောင်းတောင် ကွေလေနန်းတော် ၊ အထီးကျန်တိမ်တိုက်တောင် ချင်းဟွာကျောင်းတော်နှင့် ထုန်းမင်တောင်ကြားတို့က တောင်ပိုင်းချန်စန်းဧကရာဇ်၏ အဆက်အနွယ် (၃)ခု ဖြစ်ကြသည်။

ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့၏ အကူအညီဖြင့် ဤသိုင်းဂိုဏ်း(၃)ခု ရင်းနှီးသောဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြသည်။

တာအိုစကြာဝဠာကိုစွန့်ခွာပြီး ထျန်းစူးခန်းမသို့ ဝင်ရောက်လာခြင်းက သူတို့အတွက် ဘေးကင်းမှုနှင့် လျှို့ဝှက်လုံခြုံမှုတို့ကို တိုးမြှင့်ပေးခဲ့သည်။

ထို့ပြင် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အဆက်အသွယ် ပြုလုပ်နိုင်သော နည်းလမ်းအချို့လည်း ရှိနေခဲ့သည်။

အခွင့်အရေးနည်းပါးသည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားများသည်ပင် သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများအတွက် အလွန်တန်ဖိုးရှိလှသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်၏ စကားအချို့ကြောင့်ပင် လျိုကျန်းကူအား နှစ်ပေါင်းများစွာ တားဆီးထားသော ကျင့်ကြံခြင်းတစ်ဆို့ခြင်း နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော လျိုကျန်းကူမှာ နောက်ဆုံးခြေလှမ်းကို အောင်မြင်စွာလှမ်းနိုင်ခဲ့ပြီး နတ်ဘုရားတံခါးကို တွန်းဖွင့်ကာ ယခုအခါ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

အခြားတစ်ဖက်တွင် ရွှယ်ချူးချင်သည်လည်း လုံလောက်သည့် ကျင့်ကြံခြင်းစုဆောင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး မကြာသေးမီကပင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

လျိုကျန်းကူနှင့်ယှဉ်လျှင် ရွှယ်ချူးချင်က အလွန်ပင် အသက်ငယ်ရွယ်သေးသည်။ သူမ၏ သိုင်းပညာပါရမီသည်လည်း နဂိုကပင် ထိပ်တန်းအဆင့်တွင်ရှိခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိလာစဉ်က ရန်တိနှင့်သိုင်းပြိုင်ခဲ့ဖူးပြီး အနိုင်အရှုံး ကွဲပြားခြင်း မရှိခဲ့ပေ။ သူမ၏အရည်အချင်းက ရန်တိထက် အနည်းငယ်သာ လျော့နည်းပြီး ဖန်ကျွင်းနှင့် အခြားသူများထက် များစွာသာလွန်ခဲ့၏။

ထိုစဉ်အချိန်က ရန်တိသည် ဖန်ဆင်းခြင်းဓားသိုင်းအနှစ်သာရကို ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ရွှယ်ချူးချင်၏ပါရမီ မည်မှမြင့်မားကြောင်း သိရှိခဲ့သည်။

သို့သော် သူမက ကျင့်ကြံခြင်းတစ်ခုတည်းတွင်ပင် စိတ်အာရုံစူးစိုက်မထားခဲ့ပေ။ သူမက အစီအရင်ပညာကဲ့သို့ အခြားသောပညာရပ်များစွာကို ပိုပြီး စိတ်ဝင်စားမှုရှိခဲ့သည်။

ထို့ပြင် သူမက ဘဝတစ်လျှောက်လုံး စိတ်မချမ်းမြေ့စွာဖြင့် နေရာပေါင်းစုံတွင် ပုန်းအောင်းနေထိုင်ခဲ့ရသဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ရင်းမြစ်ပစ္စည်းများ ပြတ်လပ်ခဲ့ရသည်။

ထို့ကြောင့် ရွှယ်ချူးချင်မှာ ကျင့်ကြံခြင်းတွင် သိပ်ပြီးအာရုံမစိုက်နိုင်ဘဲ ကျင့်ကြံခြင်းအဆင့်တက်ခြင်းတွင် များစွာထိခိုက်မှု ရှိခဲ့၏။

ယခုမှသာ တည်ငြိမ်သောပတ်ဝန်းကျင်အသစ်တွင် နေထိုင်နိုင်ခဲ့ပြီး ရင်းမြစ်ပစ္စည်းများလည်း အလုံအလောက် ရရှိသည်ဖြစ်ရာ ရွှယ်ချူးချင်အနေဖြင့် ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်ခဲ့သည်။

အထက်ဘုံကမ္ဘာမှ ထွက်ခွာလာပြီး နှစ်ပေါင်း(၂၀)ခန့်တွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဂ္ဂိရတ်ခန်းမအတွင်း ရောက်ရှိလာပြီး ထျန်းစူးစကြာဝဠာကို တည်ထောင်ကာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို တည်ဆောက်ခဲ့သည်။

ထိုအနှစ်(၂၀) အချိန်အတွင်းမှာပင် ရွှယ်ချူးချင်က လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။

ထို့နောက် နှစ်အနည်းငယ် ကျင့်ကြံခြင်းစုဆောင်းမှုများပြုလုပ်ကာ နောက်ဆုံးမှာတော့ နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား ရုပ်ခန္ဓာကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ယခင်က လျိုကျန်းကူနှင့် ရွှယ်ချူးချင်တို့ နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ခြင်းသည် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာအတွက် ဝမ်းမြောက်ဖွယ်အချိန်များ ဖြစ်ခဲ့သည်။

ယခု ကျင်းထင်တောင်မှ ချောင်ကျယ်သည်လည်း ဤခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်ရာ အရပ်ရပ်မှလူများ လာရောက်ဂုဏ်ပြုကြလေသည်။

"...... ကွေလေနန်းတော်က ဆရာလျိုလိုပဲ ၊ ငါ့ဆရာလည်း ကောင်းကင်ဘုံကမ္ဘာရဲ့ လက်ရှိပတ်ဝန်းကျင် အခြေအနေကြောင့်သာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ”

ထန်ယုံဟောင်က မန်ဝမ်ကိုကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။

မန်ဝမ်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်ပြီး...

“အဖေလည်း အဲဒီလိုပဲ ပြောပါတယ်”

မန်ဝမ်၏ဖခင်က ထိုက်ချင်အဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားဖြစ်သည့် ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ဖြစ်ကြောင်း ထန်ယုံဟောင် သိရှိသည်ပင်။

မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးက ဝါဒတောင် ၊ ကျင်းထင်တောင်တို့နှင့် အပြန်အလှန်ဆက်ဆံရေးကောင်းကြပြီး ရန်ကျောက်ကဲ ၊ ချောင်ကျယ်တို့နှင့် ရင်းနှီးမှုရှိကြသည်။

ထိုက်ချင်အဆက်အနွယ်၏ အမြင့်ဆုံးသိုင်းပညာရပ်များ ရှာဖွေရေးနှင့် ပြန်လည်ရယူရေးကို ထိုသိုင်းဂိုဏ်း(၃)ခက အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

အရင်တုန်းက ဖုယွင်ချီမှာ ပြင်ပတာအိုကျင့်ကြံသူများ၏ ထောင်ချောက်ထဲသက်ဆင်းခဲ့ရပြီး အထက်ဘုံကမ္ဘာမှ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ကြောင့် ဒုက္ခများစွာ ရောက်ခဲ့ရသည်။

ယန်ချဲ့ ဆိုသည်က နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်၏ ကိုယ်ပွားဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ် ရှုံးနိမ့်သွားပြီးနောက် အဖြူရောင်ပိုးသားဧကရာဇ်အဖြစ် ကျန်ရစ်ခဲ့သော ဖုယွင်ချီအနေဖြင့် ကျင့်ကြံခြင်းလမ်းမှန်သို့ ပြန်လည်ရောက်ရှိရန် ပြင်ဆင်မှုအချို့ လိုအပ်နေသေးသည်။

ယခု ရန်ကျောက်ကဲက ကူညီပေးသဖြင့် သူ၏အခြေအနေက ပိုမိုကောင်းမွန်လာခဲ့သည်။

ရန်ကျောက်ကဲ၏အကူအညီက ပိုးသားဧကရာဇ်သာမက ကျင်းထင်တောင်အတွက်လည်း များစွာ အကျိုးအမြတ် ရှိခဲ့သည်။

ထိုအကြောင်းအရာအားလုံးကို မန်ဝမ်က နားလည်ထားသည်ပင်။

ချောင်ကျယ်နှင့် ကျင်းထင်တောင်၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ကျီဝေးဧကရာဇ်ဖန်တီးခဲ့သည့် ကျိုးထျန်းရှေးဟောင်းကျမ်းနှင့် ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကျင်းထင်တောင်၏ဓားသိုင်းပညာက ကျိုးထျန်းရှေးဟောင်းကျမ်းနှင့် နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်ထဲမှတစ်ရပ်ကို ပေါင်းစည်းဖန်တီးထားခြင်း ဖြစ်သည်။

သို့ပေသိ ကျင်းထင်တောင်၏ ယွမ်ဧကရာဇ်ဓားသိုင်း(၃)ခုက ပြီးပြည့်စုံခြင်း မရှိသေးပေ။

ယခုဆိုလျှင် ရန်ကျောက်ကဲနှင့် ဖုယွင်ချီတို့၏ အကူအညီဖြင့် ကျင်းထင်တောင်က ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုကို ပြည့်စုံစေရန် ကြိုးစားနေခဲ့ရုံသာမက ကျိုးထျန်းရှေးဟောင်းကျမ်းကိုလည်း အပြန်အလှန် ဆင်ခြင်တွေးတောကြည့်နိုင်ပြီ ဖြစ်သည်။

ကျိုးထျန်းရှေးဟောင်းကျမ်းက ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုလောက် စွမ်းအားမကြီးမားခြင်း မရှိပေ။ သို့သော် စစ်မှန်သည့်ဓားသိုင်းပညာဖြစ်သဖြင့် ချောင်ကျယ်၏ကျင့်ကြံခြင်းအတွက် များစွာ အကူအညီဖြစ်ခဲ့သည်။

ထိုသို့ဖြင့် ချောင်ကျယ်သည်လည်း လျိုကျန်းကူကဲ့သို့ပင် အတားအဆီးကိုဖြတ်ကျော်ကာ နတ်ဘုရားလူသားကပ်ဘေးကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့သည်။

မန်ဝမ်က ဉာဏ်ရည်ထက်မြက်သူဖြစ်လေရာ ထန်ယုံဟောင်၏ စကားများနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ခဲ့သည်။

သူမက...

“ဝူထုန်တောင်စောင်းမှာတော့ ထူးခြားတဲ့လှုပ်ရှားမှုမျိုး ဘာမှမတွေ့ရဘူး...”

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာတွင် တောင်ပိုင်းထိပ်တန်းအရှင်သခင်’ကျွမ်းရှန်’ က ရန်တိ၏ဓားချက်အောက်တွင် အသက်ပျောက်ခဲ့ပြီး ဝါဒတောင်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်ခဲ့သည်။

တောင်ပိုင်း၏ မူလအရှင်သခင်ဖြစ်သော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှာ အခြားတစ်နေရာသို့ပြောင်းရွှေ့ရန် ဖိအားပေးခံခဲ့ရသည်။

အစပိုင်းတွင် ဝူထုန်တောင်စောင်းက အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်သို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် တောင်ပိုင်းမှ ထွက်ခွာခြင်း မပြုခဲ့ပေ။

သူတို့၏ဂိုဏ်းချုပ်အသစ်ဖြစ်သော မောက်ယွမ်ရှန်း၏ ဦးဆောင်မှုအောက်တွင် ဝူထုန်တောင်စောင်းက ဝါဒတောင်အား လက်နက်ချအညံ့ခံခဲ့ပြီး ဝါဒတောင်၏ကရုဏာဖြင့် ဆက်လက်ရပ်တည်ခွင့် ရရှိခဲ့သည်။

ထိုကိစ္စများဖြစ်ပျက်ပြီးနောက် ဇာမဏီရိုးရာတောင်က အမြဲတမ်း မျက်နှာအောက်ချပြီး နေခဲ့ရသည်။

ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာမှခွဲထွက်သည့်အခါ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုလည်း အဂ္ဂိရတ်ခန်းမအတွင်းသို့ ရွှေ့ပြောင်းယူဆောင်ခဲ့သည်။

နောက်ပိုင်း ကောင်းကင်ဘုံကမ္ဘာတည်ထောင်သည့်အခါ ထိုဒေသက တောင်ဘက်ကုန်းမြေ ဖြစ်လာခဲ့ပြီး ဝူထုန်တောင်စောင်းသည်လည်း ထိုနေရာမှာပင် အမြစ်တွယ်နေခဲ့၏။

မောက်ယွမ်ရှန်း၏ နှိမ့်နှိမ့်ချချနေထိုင်ခြင်း ၊ သတိကြီးစွာလုပ်ဆောင်တတ်ခြင်းများကြောင့် နောက်ဆုံးတွင် ဝူထုန်တောင်စောင်းသည်လည်း ပြန်လည် ဦးမော့လာခဲ့သည်။

All Chapters