အကူအညီ
Vol. 1 Ch. 200
"ကျန့်ဝူရွှမ်း"
ကျန်းရီ နားကြားမှားခြင်း မဟုတ်ချေ။ သူအနည်းငယ် မှင်တက် နေသေးသော်လည်း သတိ ဝင်လာသည်နှင့် ချက်ချင်း တွင်းထဲမှ ခုန်တက်လိုက်သည်။ သူ့မျက်လုံး များသည် အနက်ရောင် ချပ်ဝတ်၊ အညိုရောင် အသားအရေနှင့် သိသိသာသာ ခန့်ညားလှသော အမျိုးသားလေးကို ကြည့်၍ အလန့်တကြား ရေရွတ်လိုက်သည်။
"ကျန့်ဝူရွှမ်း ... တကယ်ပဲ မင်းလား"
"ဟားဟား"
ကျန့်ဝူရွှမ်းသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ကျန်းရီထံ လျှောက်လာကာ နွေးထွေးစွာ ဖက်လိုက်သည်။
"မင်းတော်တော် ပြေးနိုင်တာပဲ ... ဟမ် ... ငါမင်းနောက်ကို လိုက်နေတာ တော်တော်ကြာပြီ ... ဒီနေ့မှပဲ ဖမ်းမိတော့တယ်"
"အမ်"
ကျန်းရီသည် လူအုပ်ကို ဝေ့ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို မြင်လိုက်ရသောကြောင့် အံ့အားသင့် သွားခဲ့သည်။ မင်းသမီး ယွင်ဖေးသည် လူအုပ်ထဲတွင် ရှိနေခဲ့သည်။ ကျန်းရီသည် ထရယ်ကာ တီးတိုး ပြောလိုက်သည်။
"အိုး ... ဟေ့ကောင် ... မင်း သူမကို တကယ်ကြီး ခေါ်လာတာပဲ"
"ဟီး ... တတိယမြောက် နေ့မှာ ငါသူမကို ကယ်ခဲ့တာ"
ကျန့်ဝူရွှမ်းသည် ရယ်မောလိုက်ပြီး ယွင်ဖေးကို လာရန် လက်ဟန် ပြလိုက်သည်။
"ယွင်ဖေး ... ငါ့ညီအစ်ကိုကို လာပြီး နှုတ်ဆက်လိုက်ပါဦး"
ယွင်ဖေးသည် ရှက်ရွံ့ မနေဘဲ အပြုံးတစ်ခုနှင့် လျှောက်လာခဲ့သည်။ သူမသည် သိမ်မွေ့စွာ စကားဆို လာခဲ့သည်။
"ကျန်းရီ ... .မတွေ့တာ ကြာပြီ!"
ကျန်းရီ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သံသယနှင့် မေးလိုက်သည်။
"မင်းငါ့နောက် လိုက်နေတာ တော်တော်ကြာပြီ ဟုတ်လား ... ငါ့ကို ဘယ်လို ရှာတွေ့တာလဲ ... ပြီးတော့ ငါ့နောက်ကို ဘာအတွက် လိုက်နေတာလဲ"
"ငါမင်းကို မရှာနိုင်ဘူး"
ကျန့်ဝူရွှမ်းသည် လေးနက်သော အမူအရာနှင့် ပြောလာခဲ့သည်။
"ငါမင်းကို ယွင်ဖေးရဲ့ သစ်သား စိတ်နယ်လွန် ခန္ဓာကြောင့်သာ ရှာတွေ့တာ ... အဲဒါက ကီလိုမီတာ ငါးဆယ်အတွင်းမှာ ရှိတဲ့ တောအုပ်တွေကနေ အာရုံခံလို့ ရတယ် ... သူမက ယွင်ဟဲဆီမှာ တစ်ခုခုကို အာရုံခံ မိလိုက်တယ် ... ငါတို့ သတင်းဆိုးလေး နည်းနည်း ပြောရအောင် မင်းကို လိုက်ရှာနေတာ ... အခု ယွင်ဟဲက ရှန်မိနိုင်ငံရဲ့ သိုင်းသမားတွေနဲ့ ရွှေချမ်လော့ရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး မင်းကို ဝိုင်းဖမ်းဖို့ လာနေပြီ ... ယွင်ဟဲက မင်းကို ခြေရာခံဖို့ အဆိပ်ရှိ ပိုးစိမ်းကောင်တွေ ကိုလည်း သုံးထားသေးတယ် ... မင်းဘာမှ မသိလိုက်ပဲ သေသွားမှာ ငါတို့ စိုးရိမ်တာနဲ့ ... မင်းကို ပြင်ဆင်ထားခိုင်းလို့ ရအောင် လိုက်ရှာနေတာ"
"ငါသိပြီ"
ကျန်းရီသည် ယွင်ဖေးကို ကြည့်လိုက်ပြီး သစ်သားစိတ် နယ်လွန်ခန္ဓာ၏ အစွမ်းကို အံ့အားသင့် နေခဲ့သည်။ ထိုခန္ဓာသည် တကယ်ကြီး ငါးဆယ် ကီလိုမီတာ အတွင်းရှိ တောအုပ်များထဲ ရှိနေသော ရန်သူများကို အာရုံခံ နိုင်သည်လား? ထိုစွမ်းရည်ဖြင့် ဆိုလျှင် အနီးအနားတွင် တောအုပ်တစ်ခု ရှိနေသရွေ့ ဘေးကင်းလေသည်။
"ယွင်ဟဲ ... ရှန်မိနိုင်ငံက သိုင်းသမားတွေကို စုစည်းတယ် ... အဆိပ်ရှိ ပိုးကောင်စိမ်း"
ကျန်းရီ၏ မျက်လုံးအိမ်များ လှုပ်ရှားသွား၍ ယွင်ဖေးကို သံသယနှင့် ကြည့်လိုက်သည်။
"ယွင်ဖေး ... ယွင်ဟဲကလည်း ရှန်မိနိုင်ငံက ဟုတ်လား ... သူက ဒီကို ရောက်နေတဲ့ သိုင်းသမားတွေ ကိုတောင် စုစည်းနိုင်တဲ့ အစွမ်းအစ ရှိရင် သူက ရှန်မိနိုင်ငံရဲ့ မင်းသားတစ်ပါး ဖြစ်ရမယ် မဟုတ်လား ... မင်းနဲ့သူက မောင်နှမတွေ မဟုတ်ဘူးလား"
"ကျန်းရီ ... အထင်မလွဲပါနဲ့"
ယွင်ဖေးသည် ရှင်းပြလာခဲ့သည်။
"ငါနဲ့ ယွင်ဟဲက အဖေတူ အမေကွဲ မောင်နှမတွေ ပေမယ့် ငါ့အစ်ကိုကြီးက သူ့ကြောင့် သေခဲ့ရတာ ... ဒါကြောင့် သူနဲ့ငါက ကမ္ဘာမကြေ ရန်သူတွေပဲ ... မဟုတ်ရင် အခုဆို ငါ့အစ်ကိုက အိမ်ရှေ့စံမင်းသား ဖြစ်နေလောက်ပြီ ... ဒါ့အပြင် သူက အောက်လမ်း အတတ်သုံးတဲ့ မှော်ဆရာ မျိုးရိုးဖြစ်ပြီး ... ငါက လူရိုင်း မှော်ဆရာမျိုးရိုး"
"ဒီလိုကိုး ..."
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး သူသိလိုသည်ကို မေးလိုက်သည်။
"ဒါနဲ့ အဆိပ်ရှိ ပိုးစိမ်းကောင် ဆိုတာ ဘာလဲ ... ယွင်ဖေး ... မင်း အဲ့ကောင်တွေကို ရှင်းပေးလို့ ရလား ... ငါ အဲ့ပိုးကောင်တွေ အများကြီးကို သတ်လိုက်သေးတယ် ... ဒါပေမဲ့ ငါဘယ်လိုလုပ်လုပ် သူတို့တွေ ငါ့နောက် ဆက်လိုက် နိုင်ကြတုန်းပဲ"
"အဲဒါတွေကို ရှင်းပစ်လို့ မရဘူး"
ယွင်ဖေး ခေါင်းခါလိုက်သည်။
"အဲဒီအဆိပ်ရှိ ပိုးစိမ်းကောင်တွေက ရှေးအကျဆုံး ပိုးကောင် အမျိုးအစားပဲ ... ရှင်သတ်လိုက်တဲ့ ကောင်တွေက အကောင်ပေါက်လေး တွေပဲ ... သူတို့ရဲ့ အမေ ပိုးကောင်အမကို မသတ်နိုင်မချင်း အကောင်ပေါက်လေး တွေက အဆက်မပြတ် ရောက်လာမှာပဲ ... ပိုးကောင်အမက အရမ်း မြန်လွန်းတယ် ... ကျွန်မတို့ရဲ့ လက်ရှိအင်အား နဲ့ဆို အဲ့ကောင်ကို သတ်နိုင်ဖို့ အခွင့်အရေးတောင် မရှိဘူး"
"အိုး"
ကျန်းရီ ရေရွတ်လိုက်သည်။
"ဒါနဲ့ မင်းတို့တွေ မြန်မြန် ထွက်သွားသင့်တယ် ... တစ်ယောက်ယောက် ငါ့ကို လိုက်နေမှန်း ငါသိပြီးသား ... အဲဒါကြောင့် သူတို့ လာတိုက်ခိုက်မှာကို ငါစောင့်နေတာ ... မဟုတ်သေးဘူး ... ဒါက တစ္ဆေတောအုပ် ဆိုတော့ ... မင်းတို့ ဝင်လာပြီးရင် ဘယ်လိုထွက်မှာလဲ"
ကျန်းရီ တစ်စုံတစ်ခုကို သတိရ သွားခဲ့သည်။ ဤတစ္ဆေ တောအုပ်အား သူ၏ ကမ္ဘာ့မီးလျှံများ မရှိဘဲ မချိုးဖျက်နိုင်ပေ။ သူကမ္ဘာ့မီးလျှံကို သုံးရမည် ဆိုလျှင် အလွန်အကျိုး ရှိလှသော မြေအနေအထားကို ဖျက်ဆီး လိုက်သလို ဖြစ်သွားလိမ့်မည်။ ရန်သူများကို သူမည်သို့ တိုက်ခိုက် ရမည်နည်း?
"ဘာတစ္ဆေ တောအုပ်လဲ"
ကျန့်ဝူရွှမ်းသည် ဘေးပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။
ကျန်းရီ သေချာ ရှင်းပြလိုက်ရာ လူတိုင်း ကျောချမ်း သွားကြသည်။ ယွင်ဖေးသည် အလေးအနက် မထားဟန်နှင့် ပြောလာခဲ့သည်။
"မစိုးရိမ်ကြပါနဲ့ ... ကျွန်မ ဒီတောအုပ်ကို ချိုးဖျက်နိုင်တယ် ... ဘယ်လိုသစ်ပင်ပဲ ဖြစ်ဖြစ် ကျွန်မ ထိန်းချုပ်နိုင်တယ် ... ဒါကြောင့် ဒီတောအုပ်ကနေ အသာလေး ထွက်သွားလို့ ရတယ်"
ယွင်ဖေး၏ စကားဆုံးသည်နှင့် သူမကိုယ်မှ အစိမ်းရောင် အလင်းများ တောက်ပ လာခဲ့ပြီး အဝါရောင် သစ်ပင်များ မရပ်မနား တုန်ခါ လာကြသည်။ မကြာမီ သစ်ပင်ကြီး တစ်ပင်သည် ဘေးသို့ ရွေ့သွားရာ ကျန်းရီ၏ မျက်လုံးအိမ်များသည် ပုစွန်ထုပ်များ အလား ထွက်ကျမတတ် ပြူးကျယ် လာလေသည်။
"ဒီလိုဆိုရင် မင်းတို့ မြန်မြန် ထွက်သွားသင့်တယ် ... မဟုတ်ရင် ထွက်သွားဖို့ နောက်ကျ သွားနိုင်တယ်"
ကျန်းရီသည် သူတို့အား ထပ်မံ တိုက်တွန်းလိုက်သည်။ သူသည် ကျန့်ဝူရွှမ်း တစ်ခုခု ပြောချင်နေပုံ ရနေသည်ကို မြင်သောအခါ ခပ်ပါးပါး ပြုံးလိုက်သည်။
"ငါ့ကို စိတ်မပူနဲ့ ... ငါအသက်ရှင်မယ်လို့ တစ်ရာ ရာခိုင်နှုန်း အာမမခံ နိုင်ပေမယ့် ငါးဆယ် ရာခိုင်နှုန်း သေချာတယ် ... နောက်ပြီး ဒီအထဲ ဝင်လာမယ့် သူတို့ လူတစ်ဝက်ကျော်ကို ငါသတ်နိုင်တယ် ... ဟုတ်သား ... ငါသေသွားရင် မင်းဒီနေရာကို ဆယ်ရက် အကြာမှာ ဝင်လာခဲ့ပြီး အမှတ်တွေကို လာယူ ... ဒါဆို မင်း နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ချန်ပီယံ နေရာကို ရလိမ့်မယ်"
"ငါမသွားဘူး"
ယွင်ဖေး၏ မျက်လုံးများတွင် အမုန်းများနှင့် ပြည့်နေလျက် အော်ပြောလိုက်သည်။
"ဝူရွှမ်း ... ရှင့်လူတွေ ခေါ်ပြီး ဒီနေရာကနေ ပြန်တော့ ... ငါ ယွင်ဟဲကို သတ်ဖို့ ကျန်းရီကို ကူညီပြီး ငါ့အစ်ကိုအတွက် လက်စားချေ ပေးရမယ် ... ယွင်ဟဲ သေသွားရင် ငါ့မောင်ငယ်လည်း ထီးနန်း ဆက်ခံဖို့ အခွင့်အရေး ရလာနိုင်တယ် ... ဒီတစ္ဆေတောအုပ်ကို သဘာဝက ဖန်တီး ပေးထားပြီ၊ ဒီအခွင့်အရေးကို လက်လွှတ် လိုက်တာက ဖြုန်းတီး လိုက်တာပဲ"
"ဒါဆို ငါလည်း ထွက်မသွားဘူး"
ကျန့်ဝူရွှမ်းသည် သူတို့နှစ်ယောက်၏ စကားများကို ကြားသော် သူသည် ယွင်ဖေးနှင့် ကျန်းရီကို ယုံကြည်ကြောင်း အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။
"ကျန်းရီ ... ဘာမှ ထပ်မပြောနဲ့တော့၊ စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေက ငါတို့ စစ်နတ်ဘုရား မျိုးနွယ်အပေါ်မှာ မသက်ရောက်နိုင်ဘူး ... ဒါကြောင့် ဒီတစ္ဆေတောအုပ်ရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး ... နောက်ပြီး မင်းငါ့ကို အထင်မသေးပါနဲ့ ... ငါက ခရမ်းရောင် နန်းတော်ရှင် ပဉ္စမ အဆင့်လောက်မှာပဲ ရှိနေပေမယ့် ပုံမှန် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့်၊ ဒုတိယ အဆင့်လောက်ကို ခေါင်းထဲ ထည့်စရာတောင် မလိုဘူး"
"မင်းသမီး ... ခေါင်းဆောင်ငယ်"
သူတို့ ခေါ်လာသော နောက်လိုက်များသည် ထိတ်လန့်သွားကာ အလန့်တကြား ခေါ်လိုက်ကြသည်။
"တခြားဘာမှ မပြောနဲ့တော့၊ ငါဆုံးဖြတ်ပြီးပြီ"
ယွင်ဖေး၏ မျက်လုံးများသည် အေးစက်နေကာ အခိုင်အမာ ပြောလိုက်သည်။
"ယွင်ဟဲသာ ဘာမှ မဖြစ်ဘဲ ပြန်သွားနိုင်ရင် အိမ်ရှေ့စံ ရာထူးကို သူရမှာ အသေအချာပဲ ... ဒီလိုသာ ဖြစ်လာရင် ငါ့မောင်ငယ်ရော၊ ငါ့မယ်တော်ရော၊ ငါရော သေဖို့ကို ထိုင်စောင့်နေရုံပဲ ရှိလိမ့်မယ် ... ဒါက အကောင်းဆုံး အခွင့်အရေးပဲ ... ယွင်လုံ ငါတို့လူတွေကို ခေါ်သွား ... ငါတို့ အရင်ပုန်းခဲ့တဲ့ မြေအောက်ဂူထဲ သွားပြန်ပုန်းပြီး ငါပြန်အလာကို စောင့်နေ"
ကျန့်ဝူရွှမ်း သည်လည်း လက်ပြကာ အမိန့်ပေးလိုက်သည်။
"ကျန့်ထူ ... အကုန်လုံးကို ခေါ်ပြီး ယွင်လုံ နောက်လိုက်သွား ... ဒါက အမိန့်ပဲ"
"ဟေ့ ... ဟေး"
ကျန်းရီ ပြောလိုက်သည်။
"မင်းတို့ စုံတွဲ ငါ့အမြင်ကို မမေးကြ တော့ဘူးလား ... မင်းတို့နှစ်ယောက်လုံး ရွှေချမ်လော့နဲ့ မတိုက်ခိုက် ရသေးတော့ သူမမှာ ရတနာတွေ ဘယ်နှစ်ခု ရှိမှန်း သိမှာမဟုတ်ဘူး ... ငါဒါကို ရှင်းအောင် ပြောထားမယ် ... သူမမှာ အနည်းဆုံး ကောင်းကင်အဆင့် ရတနာ အတော်များများနဲ့ သူတော်စင် အဆင့် ရတနာ တစ်ခုရှိတယ် ... ဒါ့အပြင် ဒီတစ်ခေါက် အခွင့်အရေး ရရင် ငါသူမကို သတ်မှာ ... မင်းတို့ဂိုဏ်း တွေကို ရွှေယို့လန် လာပြီး ပြဿနာ ရှာမှာ မကြောက်ကြဘူးလား ... မင်းတို့ နှစ်ယောက်လုံး ပြန်ကြ ... ငါ့တစ်ယောက်တည်းဆို ပိုပြီးတော့ ဘေးကင်းတယ် ... မင်းတို့ ရှိနေရင် နောက်ဆံတင်း နေရမယ်"
"ခစ် ... ခစ်"
ယွင်ဖေးသည် ရယ်မောလိုက်ပြီး ယုံကြည်မှု ရှိစွာ ပြောလာသည်။
"ကျန်းရီ ... ကျွန်မရှိနေရင် ရှင့်ရဲ့ အသက် ရှင်နိုင်ချေက အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်းလောက် တိုးသွားမယ်လို့ရော မထင်ဘူးလား ... ဒါ့အပြင် ကျွန်မရဲ့ အကူအညီနဲ့ဆို ရှင်ယွင်ဟဲကို သတ်နိုင်ချေ ကလည်း ပိုမြင့်သွားမှာပဲ ... ရှင် ကျန့်ဝူရွှမ်းရဲ့ အစွမ်းအစကိုလည်း စိတ်ပူနေဖို့ မလိုဘူး ... သာမန် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်က သူ့ကို နည်းနည်းလေးတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ကျန့်ဝူရွှမ်းသည်လည်း မကျေမနပ် ပြောလာခဲ့သည်။
"ကျန်းရီ ... မင်းငါ့ကို အထင်သေးလိုက်တာ ... ငါတို့ စစ်နတ်ဘုရား မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မလေးမစား မပြောနဲ့ ... ငါမင်းကို သတ်လိုက်မယ်ဆို ယုံမလား ... ပြီးတော့ ရွှေယို့လန်နဲ့ ပတ်သက်ပြီး စိတ်ပူမနေနဲ့ ... နိုင်ငံအဆင့် ပြိုင်ပွဲမှာ တစ်ယောက်ယောက်ကို သတ်တာက ပုံမှန်ပဲ ... နယ်မြေရဲ့ အတော်ဆုံး သိုင်းသမားက ဒီလောက်ထိ အမြင်မကျဉ်းဘူး"
"ဒါဆို ကောင်းပြီ"
ကျန်းရီ၏ နှုတ်ခမ်းတို့ ကွေးတက် သွားခဲ့သည်။ ယွင်ဖေး၏ သစ်ပင်များကို ရွေ့လျားနိုင်သော အစွမ်းဖြင့် ဆိုလျှင် သူ၏အသက်ရှင် နိုင်ချေသည် အမှန်ပင် မြင့်တက်လာမှာ ဖြစ်ပြီး ရန်သူများကို ပို၍များများ သတ်ဖြတ်နိုင်လိမ့်မည်။ ထိုနှစ်ယောက်သည် ဆုံးဖြတ်ပြီးနေပြီ ဖြစ်ရာ သူအနေနှင့် သူတို့၏ စေတနာကို ငြင်းနေဖို့ရာ မကောင်းပေ။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
"ကောင်းပြီ ... သူတို့ကို အရင် ပေးပြန်ပြီး ဒီနေရာကို ပြင်ဆင်ရအောင် ... ဒီနေရာ ဝင်လာတဲ့ သူတိုင်းကို ငါတို့ သတ်နိုင်နေသရွေ့ နိုင်ငံအဆင့် ပြိုင်ပွဲမှာ အမှတ်တွေ အမြင့်ဆုံး ဖြစ်နေမှာပဲ ... ရလာမယ့် ပစ္စည်းတွေကိုတော့ အချိန်စေ့မှ ခွဲဝေကြတာပေါ့။
***