မမျှော်လင့်ထားသော စစ်ကူများ
Vol. 81 Ch. 1231
“ဝုန်း...”
ပထမဆုံး ပြိုလဲသွားသည်မှာ မြို့ရိုး မဟုတ်ဘဲ ဒါဆာ၏ တိုင်းပြည်ပင်။
အစွမ်းအထက်ဆုံး အသူရာချောက်နက် သခင် နှစ်ပါးသည် ဒါဆာအား ခုခံရန် ခက်ခဲနေစေပြီး ဖြစ်သည်။ ကယ်လ်ဆာ၏ အကူအညီ ရှိနေသည့်တိုင် သူတို့က သရေ အခြေအနေတွင် မနည်း ရှိနေခဲ့ရသည်။
ကယ်လ်ဆာ၏ စွမ်းအားက အသူရာ ချောက်နက် သခင်ထံမှ ထိုးနှက်ချက် တစ်ချက်ကို မခံနိုင်ဘဲ သူက မဟာဓား၏ ပွတ်တိုက်မှုမျှဖြင့် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ သူ ဒါဆာ၏ တိုင်းပြည်ကိုသာ အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရန် မှော်အစွမ်း အမျိုးမျိုးကို အသုံးပြုကာ အစွမ်းကုန် ကြိုးစားခဲ့သည်။ ယခုအထိ ခုခံကာကွယ် နိုင်ခဲ့သည်မှာ သူ၏ ကန့်သတ်ချက် ဖြစ်နေလေပြီ။
အခြေအနေ အများအပြားတွင် အရေအတွက်က အရည်အသွေးကို အစားမထိုးနိုင်ပေ။ အကယ်၍ လက်ရွေးစင် အသူရာချောက်နက်သခင် နှစ်ပါးသာ မရှိခဲ့ပါက မီးလျှံ စုန်းမများ၏ အရေအတွက်များ နှစ်ဆ တိုးခဲ့လျှင်ပင် ဒါဆာ ကြောက်ရွံ့မည် မဟုတ်ပေ။ သို့သော် ယခု သူ ပင်ပန်းနွမ်းနယ်နေပြီး ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။ အသူရာ ချောက်နက်စစ်တပ်၏ တိုက်ခိုက်မှုက ကောင်းကင်သို့ များပြားလှသော မီးလျှံ စုန်းမများပြည့်လာသည်နှင့် နောက်တစ်ခါ စတင်ခဲ့သည်။ သေဆုံး ထိခိုက်မှုများကို ဂရုမစိုက်သော မီးလျှံစုန်းမများ အရူးအမူး တိုက်စစ်က ကုလားအုတ် ခါးကျိုးစေသော နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်လာခဲ့၏။
ချွန်ထက်သော ဓားအလင်းရောင် နှစ်ခု လက်ခနဲ ဖြစ်သွားပြီး ဒါဆာ၏ တိုင်းပြည် နောက်ဆုံးတွင် စုတ်ပြဲသွားခဲ့လေသည်။ သူ လုပ်နိုင်ခဲ့သည်မှာ စွမ်းအားအကုန်ဖြင့် ပြင်းအား မြင့်မားသော လေဓားသွား တစ်ခုကို စုစည်းလိုက်ပြီး ကယ်လ်ဆာ ထံသို့ ပြေးဝင် လာနေသော အသူရာ ချောက်နက် သခင်၏ လက်မောင်းကို ခုတ်ဖြတ်ပစ်လိုက်ခြင်းပင်။
သို့သော် အသူရာချောက်နက်သခင်မှာ အလွန်ပင် အားကောင်းလှသည်။ ၎င်း၏ လက်မောင်း အဖြတ်ခံလိုက်ရသော်လည်း တိုက်ခိုက်မှု ရပ်တန့်သွားခြင်း မရှိသေးပေ။ ခုတ်ချက် တစ်ချက်ဖြင့် တိုင်းပြည်၏ အကာအကွယ်ကို ဆုံးရှုံးသွားခဲ့သော ကယ်လ်ဆာက နှစ်ပိုင်း ဖြစ်သွားခဲ့သည်။ တိုင်းပြည်အဆင့် အထွတ်အထိပ်အဆင့် ကယ်လ်ဆာက ချွန်ထက်သော ဓားကို လုံးဝ မခုခံနိုင်ခဲ့ပေ။ ခန္ဓာကိုယ်၏ နှစ်ခြမ်းက ပြင်းထန်သော လေကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့ရသည်။
ဒါဆာ မကျေနပ်မှုများဖြင့် ပြည့်နှက် သွားခဲ့သော်လည်း သူ၏ တိုင်းပြည်က ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ နောက်ဆုံး ခွန်အားအစအနပင် ကုန်ဆုံးသွားပြီ ဖြစ်ရာ လုံးဝ ကယ်တင်နိုင်စွမ်း မရှိတော့ပေ။
သူ့အား ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့ သွားစေသည်မှာ အဝေးမှ ကောင်းကင်နှင့် မြေပြင်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် အန္တရာယ်ရှိသော အငွေ့အသက်များက နောက်တစ်ခါ ပေါ်လာခဲ့ခြင်းပင်။ ၎င်းမှာ လက်ရွေးစင် အသူရာချောက်နက် သခင် အသစ် နောက်တစ်ကြိမ် ပေါ်လာခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
မီးလျှံစုန်းမများ၏ တိုက်ခိုက်မှု အကျော့က ဒါဆာ၏ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့ရုံသာမက ကျက်သရေပြာ မြို့တော် ဘက်ခြမ်းမှ ခုခံကာကွယ်ရေး အင်အားစုများကိုလည်း ပျက်စီးပစ်ခဲ့၏။ ဂရစ်ဖွန် သူရဲများနှင့် သိဒ္ဓိခိုလှုံရာ စစ်သည်တော်များ အားလုံး နီးပါး ရှင်းလင်းခံလိုက်ရသည်။
မြေပြင်ပေါ်မှ အခြေအနေမှာလည်း တန်းတူညီမျှပင် အရေးကြီး နေခဲ့သည်။ မှော်သေနတ်သမားနှင့် လေးသမားများ၏ ထက်ဝက်နီးပါး၏ ပစ်ခတ်အားများမှာ သိသိသာသာပင် အားနည်း၍ သွားခဲ့ပြီး အသူရာချောက်နက်စစ်တပ် အရူးအမူး တိုးမြင့်လာခြင်းကို မထိန်းနိုင်တော့ပေ။ မှော်ပညာရှင်များက မှော်စွမ်းအားများ ကုန်ဆုံးနှင့်ပြီး ဖြစ်သည်။ ထိုသို့သော အကြွင်းမဲ့ အင်အား ကွာဟချက်ကို ရင်ဆိုင်ရာတွင် ဆန်ဒရို၏ ကွပ်ကဲမှု အရည်အချင်း ရှိသည့်တိုင် ထိုသို့ပင်။
ရှေ့သို့ ရောက်ရှိလာသော အသူရာချောက်နက် မကောင်းဆိုးဝါးများက မြို့ရိုးသို့ အလျင်အမြန် ချဉ်းကပ်လာပြီး စတင်၍ တွယ်တက်လာခဲ့ကြသည်။ မြို့ရိုး၏ အစီအရင် လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ အားကောင်းသော အသူရာချောက်နက် မကောင်းဆိုးဝါးများစွာက အဖော်များ၏ ခန္ဓာကိုယ်များ အပေါ်သို့ နင်းတက်သွားပြီး မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်တက်ကာ လေးသမားများနှင့် သေနတ်သမားများကို သတ်ပစ်ခဲ့ကြသည်။
လူပုဒိုင်းကြီးစစ်သည်များက အားကောင်းသော အနီးကပ် တိုက်ခိုက်မှု စွမ်းရည်ကို ပြသခဲ့ကြသည်။ မြို့ရိုးပေါ်သို့ တက်လာသော မကောင်းဆိုးဝါးများက ရိုက်နှက်ချခြင်း သို့မဟုတ် ပုဆိန်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခြင်း ခံလိုက်ရသည်။ အရဲရင့်ဆုံးမှာ လူပုဘုရင် အိုဗ်ဂီ ဖြစ်သည်။ အသားကြိတ်စက် တစ်ခုလို ချဉ်းကပ်၍ ရောက်ရှိလာသော အသူရာချောက်နက် မကောင်းဆိုးဝါးများ တစ်ကောင်ပြီး တစ်ကောင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ လန်ဘိစ်နှင့် ဖီလီတို့လည်း စိတ်ဓာတ် မြှင့်တင်ရန် လက်ရွေးစင် အစောင့်များ၏ အကာအကွယ်အောက်တွင် တိုက်ပွဲထဲသို့ ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း ပို၍ပို၍ များလာသော မကောင်းဆိုးဝါးများ မြို့ရိုးထိပ်သို့ တက်လာသည်နှင့် ခုခံကာကွယ်နေသော စစ်သည်များ၏ သေဆုံးမှုများမှာ လက်ချင်းယှဉ် တိုက်ခိုက်ရာတွင် တိုးလာခဲ့သည်။ အခြေအနေက အလျင်အမြန် တစ်ဖက်သတ် ဖြစ်လာပြီး မြို့ရိုးတစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်နေပုံ ရနေသည်။
လန်ဘိစ် လက်ထဲမှ ရွှေရောင်ဓားက အပြာရောင် တုန်ခါမှုများဖြင့် တောက်ပ၍ နေသည်။ သူက ဝှေ့ယမ်းလိုက်ရာတွင် အသူရာချောက်နက် သတ္တဝါများသည် ယပ်တောင်ပုံစံ အထဲတွင် ရှင်းလင်းခြင်း ခံလိုက်ရ၏။ အလုပ်များသော အုပ်စိုးသူ တစ်ဦးအနေဖြင့် သူက ထိုကဲ့သို့သော ပြင်းအားမြင့်မားသည့် တိုက်ပွဲကို အချိန် အကြာကြီး မတိုက်ခိုက်ခဲ့ရ။ ထိုခုတ်ချက် တစ်ခုတည်းကပင် အင်အား များစွာကို ကုန်ဆုံးစေခဲ့သည်။ သူ ပင်ပန်းနွမ်းနယ် နေစဉ်မှာပင် ရုတ်တရက် အန္တရာယ် အာရုံတစ်ခုကို ရရှိခဲ့သည်။
လန်ဘိစ်ဘေးမှ နောက်ဆုံး အမျိုးသမီး လက်ရွေးစင် အစောင့် ပြေးတက်လာပြီး သူ၏ရှေ့တွင် ပိတ်ဆို့လိုက်၏။ အရိုးဆူး နှစ်ချောင်းက အမျိုးသမီး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖောက်သွားပြီး ပါးစပ်ကြီး နတ်ဆိုးက နောက်မှ ပြေးဝင်လာကာ သူ့ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
လန်ဘိစ်၏ မျက်လုံးတွင် မျက်ရည်များ လက်ခနဲ ဖြစ်သွားသည်။ သူက ဓားရှည်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းရင်း အံကို ကြိတ်လိုက်သည်။ မုန်တိုင်း ကဲ့သို့သော စွမ်းအား ထွက်သွားခဲ့သည်။ အမျိုးသမီး လက်ရွေးစင် အစောင့်နှင့် သူတို့နောက်မှ ပါးစပ်ကြီး နတ်ဆိုးတို့က ထိုဓားကြောင့် စုတ်ပြဲသွားခဲ့သည်။ သူက ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်ကာ ဓားကို နောက်ထပ် မဝှေ့ယမ်း နိုင်တော့ပေ။
သူ နောက်မဆုတ်ခဲ့။ အကြောင်းမှာ လူတိုင်းက အသည်းအသန် တိုက်ခိုက် နေသောကြောင့်ပင်။ ထို့အပြင် လက်ရှိ အခြေအနေအရ သူနောက်ဆုတ်ခဲ့လျှင်ပင် ရလဒ်မှာ အတူတူသာ ဖြစ်သည်။
လန်ဘိစ် မြို့ပေါ်သို့ ရောက်ရှိလာ ကတည်းက နာရီဝက်ပင် မပြည့်သေးဘဲ ဆက်လက် မခုခံနိုင်တော့ပေ။ သူက စစ်သည်များ ထိုမကောင်းဆိုးဝါးများကို တစ်ညလုံး တိုက်ခိုက်ခဲ့ကြရသည်ကို စိတ်ကူးမယဉ်နိုင်ခဲ့ပေ။ ယခု ရှုံးနိမ့်မှု တစ်ခုမှာ လုံးဝနီးပါး သေချာနေပြီ ဖြစ်ရာ တစ်ခုတည်းသော ရွေးချယ်မှုမှာ အဆုံး အထိသို့ တိုက်ခိုက်ရန်ပင်။
အနည်းဆုံး အုပ်စိုးသူတစ်ဦး အနေဖြင့် သူက ကြောက်လန့်ပြီး ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။
ဘဝမှာ ရွေးချယ်ခဲ့တာတွေ နောက်ပြန် လှည့်လို့ မရနိုင်ဘူး၊ အစပိုင်းမှာ အဲဒီ ယောက်ျားနဲ့ သဘောတူညီချက် တစ်ခုကို ငါ ရွေးခဲ့တုန်းကလိုပဲ။
တကယ်လို့ ငါကသာ အခြားတစ်ခုကို ရွေးချယ်ခဲ့ရင် သူ ဒီနေ့ အရာအားလုံးကို မခွဲခြားဘဲ ပေါ်လာမှာလား။ သိဒ္ဓိ အလင်းတောင်မှာလို ကျောင်းတော်မှာ အကျဉ်းချထားတဲ့ အမျိုးသမီးကို ကယ်တင်ဖို့ ကောင်းကင် တမန်တော်ကို သူ တိုက်ခိုက်မှာလား...
သူ၏စိတ် အောက်ခြေနက်နက်ထဲတွင် ထိုအမျိုးသမီးကို တကယ်ပင် မနာလို ဖြစ်ခဲ့သည်။ သို့သော် ဘဝက ပြန်စမည် မဟုတ်ပေ။ ရွေးချယ်မှုလည်း ထပ်ပြီး မရှိတော့ပေ။ ငါ ရွေးချယ်ခဲ့ပြီးမှတော့ နောင်တရမှာ မဟုတ်ဘူး။
တကယ်လို့ ငါ သူ့ကို အစကတည်းက ရွေးချယ်ခဲ့ရင် နတ်ဆိုးဘုံပဲ ဖြစ်ဖြစ်၊ ပုန်ကန်မှုပဲ ဖြစ်ဖြစ်၊ ဘာမှမဟုတ်တာပဲ ဖြစ်ဖြစ်၊ သူ့နောက်ကို မတွန့်ဆုတ်ဘဲ လိုက်သွားမှာပဲ။
တကယ်အမှန်ကတော့ ငါ ပလ္လင်ကို ရွေးချယ်ခဲ့တုန်းက ငါ တစ်ယောက်တည်း ဖြစ်နေခဲ့ရင်တောင်မှ သေခြင်းတရားကို ရင်ဆိုင်ခဲ့ရရင်တောင် ဆက်သွားမှာပဲ။
ဒါက လန်ဘိစ်ရှာဘတ် ဆိုတဲ့ ငါပဲ။
သွေးတိမ်များနှင့် မီးတောက်များဖြင့် ဖုံးနေသော ကောင်းကင်ကို ကြည့်ရင်း လန်ဘိစ်က သေခြင်းတရား ယခင်ကဲ့သို့ နီးကပ်လာနေကြောင်း ခံစားမိသော်လည်း တည်ငြိမ်နေခဲ့သည်။
ရုတ်တရက် လန်ဘိစ်က ကောင်းကင်မှ အလင်းရောင် မှောင်မိုက် သွားသည်ဟု ခံစားမိလိုက်ရသည်။ ဒါက သေခြင်း တရား ခံစားချက်လား။
မဟုတ်ဘူး။ ဒါက တိမ်တိုက်နက်ပဲ....
ဧရာမနဂါးတွေ...
လန်ဘိစ် နောက်ဆုံး တုံ့ပြန်လိုက်ပြီး သူ အားတက်သွားခဲ့သည်။ နဂါးတွေဆီက စစ်ကူတွေ...
နဂါးတောင်ကြားက နောက်ဆုံးတော့ စစ်ကူတွေ လွှတ်လိုက်ပြီ...
ဧရာမနဂါး ရာနှင့်ချီ ကောင်းကင်တွင် ပေါ်လာခဲ့သည်။ သူတို့ မီးလျှံစုန်းမများထံ နဂါးအာငွေ့များကို မှုတ်ထုတ်လိုက်ကြပြီး မီးလျှံစုန်းမများ၏ ကြမ်းတမ်းသော တိုက်စစ်ကို ချုပ်တည်းလိုက်၏။
နတ်သူငယ် အကြီးအကဲ ဒါဆာရှေ့တွင် ပုံရိပ်တစ်ခု လျှပ်စီးကဲ့သို့ ပေါ်လာခဲ့သည်။ သူက မဟာဓားကို လက်ဗလာဖြင့် အမှန်တကယ် ကိုင်လိုက်ပြီး ဒါဆာအား နှစ်ပိုင်း အဖြတ်ခံရမည့် အဆုံးသတ်မှ ကာကွယ်ပေးလိုက်သည်။
ထိုသူမှာ ငွေရောင် ချပ်ကာအပေါ့စား ဝတ်ဆင်ထားသော လူငယ် တစ်ဦးပင်။ သူ့တွင် တင်းမာသော မျက်နှာနှင့် နက်ရှိုင်းသော မျက်နှာသွင်ပြင် ရှိနေသည်။
“ဂွယ်ရိုအက်စ်...” ဒါဆာက ထိုယောက်ျားကို မှတ်မိသွားခဲ့သည်။ သူက နဂါးတောင်ကြား၏ အကြီးအကဲ ဖြစ်ပြီး သူ၏ စွမ်းအားမှာ နတ်ဘုရားတစ်ပိုင်း အဆင့် အလယ်အလတ်သို့ ရောက်ရှိ နေခဲ့သည်။ ခုနက ဂွယ်ရိုအက်စ်တွင် ဓားသွားကို အလျင်စလို ဆုပ်ကိုင်ရန်မှ လွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ဘဲ သူ၏ စွမ်းအားကို အချိန်မီ မထုတ်လွှတ်ခဲ့ပေ။ သူ၏ လက်က ချက်ချင်းပင် သွေးထွက် သွားခဲ့သည်။ အကယ်၍ သူက အလွန် အားကောင်းသော ခန္ဓာကိုယ် ရှိသည့် သိဒ္ဓိ နဂါးတစ်ကောင် မဟုတ်ခဲ့ပါက ထိုလက် ကျိုးသွားနိုင်၏။
ဂွယ်ရိုအက်စ်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်သည်။ အသူရာချောက်နက်သခင် စွမ်းအားကို နောက်တစ်ကြိမ် မထုတ်ဖော် ခင်မှာပင် သူ၏လက်သီးက ပြိုင်ဘက်၏ ရင်ဘတ်ကို လျင်မြန်စွာ ထိမှန်သွားခဲ့၏။ ထိုလက်သီးတွင် နတ်ဘုရား တစ်ပိုင်း အဆင့် အလယ်အလတ် စွမ်းအားများ ပါဝင်နေခဲ့သည်။ အသူရာချောက်နက် သခင်၏ ရင်ဘတ်တွင် အပေါ်က်တစ်ခု ပေါ်လာပြီးနောက် ၎င်း၏ ခန္ဓာကိုယ် ချက်ချင်းပင် ကြေမွသွားခဲ့သည်။
အသူရာချောက်နက်သခင်ကို ရှင်းလင်းပြီးနောက်တွင် ဂွယ်ရိုအက်စ်က နောက်တစ်ကြိမ် လှုပ်ရှားသွားခဲ့သည်။ သူ၏ လက်များက မရေမတွက်နိုင်သော ထပ်ဆင့်ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ သူ၏ လျင်မြန်သောတိုက်ခိုက်မှု အောက်တွင် လက်တစ်ဖက် ပြတ်နေသော အခြား အသူရာချောက်နက် သခင်တစ်ဦး အဖော်ဖြစ်သူ၏ ခြေရာများ အနောက်သို့ လိုက်သွားခဲ့သည်။
“သတိထား...” ဒါဆာ၏ အသံ ထွက်ပေါ်လာခဲ့သည်။ ဂွယ်ရိုအက်စ်က သူ၏ စိတ်ထဲတွင် သတိပေးချက်တစ်ခုကို တစ်ချိန်တည်းတွင် အာရုံခံမိလိုက်၏။ သူ လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ် သွားခဲ့သည်။ သူ ပြန်ပေါ်လာရာ ရင်ဘတ် ပေါ်ရှိ ငွေရောင်ချပ်ကာ အက်ကွဲသွားပြီ ဖြစ်သည်။ သွေးများ ထိုအထဲမှ စီးထွက်၍ လာနေခဲ့သည်။
နောက်ထပ် လက်ရွေးစင် အသူရာချောက်နက်သခင် သုံးဦး ရှေ့တွင် ပေါ်လာခဲ့သည်။ တစ်ဦးမှာ နတ်ဘုရား တစ်ပိုင်းအဆင့် အလယ်အလတ်၊ နှစ်ဦးမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကနဦးပိုင်း ဖြစ်သည်။ ထိုသုံးဦးမှာ စစ်ကူအသစ်များ ဖြစ်သောကြောင့် သူတို့၏ စွမ်းအားမှာ ယခင် တစ်ညလုံး တိုက်ခိုက်ခဲ့ကြသော အသူရာချောက်နက် သခင် နှစ်ပါးနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
ဂွယ်ရိုအက်စ်၏ စိတ်လှုပ်ရှားသွားပြီး အောက်မှ စစ်မြေပြင်ဘက်သို့ ပျံသန်း သွားခဲ့သည်။ အသူရာချောက်နက်သခင် သုံးဦးက သူ့နောက်သို့ အနီးကပ် လိုက်ပါ သွားခဲ့ကြသည်။
ကောင်းကင်မှ ရောက်ရှိလာခဲ့ကြသော မီးလျှံစုန်းမများ ပို၍ များပြားလာခဲ့သည်။ နဂါးအာငွေ့များ တဖြည်းဖြည်း သူတို့ကို မဖိနှိပ်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ဒါဆာက စက်တစ်မျိုးမျိုးကဲ့သို့ ထူးဆန်းသော တဝုန်းဝုန်း အသံမျိုးကို ရုတ်တရက် ကြားလိုက်၏။ ခေါင်းလှည့်လိုက်သည်နှင့် နောက်တွင် အနက်ရောင် အရာဝတ္ထု အစုအဝေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ သတ္တုရောင် တောက်ပနေပြီး ကြီးမားလှသည်။ သူတို့က လေထဲတွင် စနစ်တကျ ပျံသန်းနေကြပြီး ဧရာမ ရွေ့လျားနိုင်သော ရဲတိုက် တစ်ခုနှင့် တူသော အခင်းအကျင်း ပုံစံမျိုးကို ဖွဲ့စည်း ထားလေသည်။
“စုစည်းရုပ်သေးတွေလား..” နတ်သူငယ်မင်းသမီးလေးကို တိတ်တဆိတ် ကာကွယ် ပေးနေခဲ့သော ဒါဆာက ထိုသို့သော ဧရာမ စစ်ယန္တရားကို ရွှေရောင်နယ်မြေတွင် မြင်ခဲ့ဖူးသော်လည်း ၎င်းကို ယခုနေရာတွင် မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဟုတ်တယ်။ ဒါတွေက နတ်ဆိုးဘုံ တပ်ဖွဲ့တွေပဲ...
နတ်ဆိုးတွေ စစ်ရုပ်သေး ထောင်နဲ့ချီကို စေလွှတ်ခဲ့တုန်းက လူသား မဟာမိတ် စစ်တပ်မှာ ထိတ်လန့်မှုကို ဖြစ်စေခဲ့တာကို ငါ မှတ်မိသေးတယ်။ ဒီရုပ်သေးတွေရဲ့ အရေအတွက်က... အနည်းဆုံးဆိုတောင် သောင်းနဲ့ချီနိုင်တယ်...
ဒါ နတ်ဆိုးဘုံရဲ့ တကယ့်အင်အားလား။
တကယ်လို့ ဒီစုစည်းရုပ်သေးတွေကို ရွှေရောင်နယ်မြေမှာ စေလွှတ်ခဲ့ရင်...
ထိုသို့ တွေးနေရင်းနှင့် ထိုနဂါးများက ဆုတ်ခွာသွားခဲ့ကာ စုစည်းရုပ်သေးများက မီးလျှံစုန်းမအပေါ်သို့ တိုက်ခိုက်မှုတစ်ခုကို ချက်ချင်း စတင်လိုက်သည်။
သူတို့၏ တိုက်ခိုက် နည်းလမ်းများက မှော်ဂိမ်းမှ နည်းများနှင့် ဆင်တူသည်။ ပထမဆုံး အနေဖြင့် သူတို့က အဝေးပစ် ဒုံးကျည်များကို ထုတ်လွှတ်ခဲ့လေသည်။ ဒုံးကျည်များ၏ စွမ်းအားမှာ အတော်လေး အံ့ဩဖွယ်ရာ ကောင်းလှပေသည်။ မီးလျှံ စုန်းမတစ်ဦးကို ထိမှန်ပြီးနောက်တွင် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခုကို ဖြစ်စေခဲ့သည်။ ဘေးမှ အခြားသော စုန်းမ များလည်း ချက်ချင်းဆိုသလို အပိုင်းပိုင်း အစစများအဖြစ် လွင့်စင်သွားခဲ့သည်။
စုစည်းရုပ်သေးများ အခင်းအကျင်းမှာ အလွန်ပင် ထူးခြားလှသည်။ သူတို့သည် အလှည့်ကျ ထုတ်လွှတ်ရန် အုပ်စု သုံးစု အဖြစ် ခွဲခြားထားသည်။ ကောင်းကင် တစ်ခုလုံး တုန်ခါနေပြီး မီးတောက်များနှင့် သွေးရောင်အလင်းများ၊ ပြင်းထန်သော တုန်ခါမှုလှိုင်းနှင့် ယမ်းငွေ့များ ကြားတွင် အလျင်အမြန် မှေးမှိန်သွားခဲ့သည်။
ထိုကဲ့သို့သော ဧရိယာ အလိုက် သက်ရောက်မှု ရှိသော တိုက်ခိုက်မှု၏ စွမ်းအားက ဒါဆာအား တိတ်တဆိတ် မှင်တက်သွားစေသည်။ တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးပင်လျှင် ထိုသို့သော ပြင်းထန်သည့် ပေါက်ကွဲမှုများ အကျော့အောက် အပိုင်းပိုင်း အစစများ အဖြစ် လွင့်စင်သွားနိုင်လေသည်။ သူ၏ အာရုံစိုက်မှုက ထို့နောက်တွင် အောက်မှ ဂွယ်ရိုအက်စ်နှင့် အသူရာချောက်နက် သခင် သုံးပါးတို့၏ တိုက်ပွဲဆီ ရွှေ့ပြောင်း သွားခဲ့သည်။
ဂွယ်ရိုအက်စ်က မျက်နှာချင်းဆိုင် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူသည် မျက်နှာချင်းဆိုင် တိုက်ခိုက်မှုကို ရှောင်ရှားရန် ဆက်လက် ရှောင်တိမ်း နေခဲ့သည်။
အသူရာချောက်နက်သခင် သုံးပါးက သူ့နောက်သို့ လိုက်လံ ဖမ်းဆီးနေစဉ် သူတို့ထဲမှ တစ်ဦးက ရုတ်တရက် တုန်သွားပြီး ရုတ်တရက် ပေါ်လာသော လျှပ်စီးတန်းတစ်ခုဖြင့် ထိမှန်သွားခဲ့သည်။ ထိုလျှပ်စီး၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလွန်းရာ လေဒြပ်စင်မှော်ပညာတွင် ကျွမ်းကျင်သော ဒါဆာပင် သက်ပြင်း ချလိုက်မိသည်။ လျှပ်စီးနှင့် ထိသွားသော အသူရာချောက်နက်သခင် လောင်ကျွမ်း သွားပြီး ကောင်းကင်မှ တန်းတန်းမတ်မတ် ပြုတ်ကျလာခဲ့သည်။ ၎င်းက မြေပြင်ကို မထိခင်ပင် ဆက်တိုက် လျှပ်စီးများဖြင့် တိုက်ခိုက်ခြင်းခံရပြီး အသူရာချောက်နက် စစ်တပ်ထဲသို့ အပြင်းအထန် ပြုတ်ကျ သွားခဲ့သည်။
ချက်ချင်း ဆိုသလိုပင် စွမ်းအင်ဖြင့် စုစည်းထားသော တိမ်တိုက်နက် တစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာခဲ့သည်။ ရေတွက်၍ မရနိုင်သော လျှပ်စီးက တိမ်တိုက်နက်မှ ထွက်ပေါ်လာခဲ့သည်။ အကွာအဝေးထဲမှ အသူရာချောက်နက် သတ္တဝါများ အားလုံးက မီးသွေးအဖြစ်သို့ ပြောင်းသွား၏။၊ မြေပြင် အရည်ပျော်ပြီး ခဲသွားကာ အသူရာချောက်နက်သခင်က ပြာမှုန့်အဖြစ်သို့ ပြောင်းသွားသည်။
ဒါဆာက နတ်ဘုရားတစ်ပိုင်းအဆင့် ကနဦးပိုင်း အသူရာချောက်နက် သခင် တစ်ဦးကို အထူး လျှပ်စီး စွမ်းအားဖြင့် သတ်ပစ်ခဲ့လေသော ဧရာမ ပုံရိပ်များကို အံ့ဩစွာဖြင့် တွေ့လိုက်ရသည်။ သူက လွှတ်ခနဲ ပြောလိုက်၏။ “တိုင်တန်...”
ပြီးတော့ အဲဒါက နတ်ဘုရားတစ်ပိုင်း အဆင့် တိုင်တန်ပဲ...
သူ၏ အတွေ့အကြုံအရ ထိုသို့သော ဧရာမကောင်များက မုန်တိုင်းကျွန်းတွင် တည်ရှိကြောင်း သိရှိသော်လည်း သူသည် နတ်ဘုရားတစ်ပိုင်း အဆင့် တိုင်တန် အကြောင်း လုံးဝကို မကြားဖူးခဲ့ပေ။ အမြဲပင် သီးသန့်နေသော တိုင်တန်များက ကျက်သရေပြာ အင်ပါယာကို ကူညီရန် ရောက်လာမည်ဟု စိတ်ကူးယဉ်ခြင်းကို အသာထား။
ဒါက နဂါးတွေကြောင့်လား ဒါမှမဟုတ် ... နတ်ဆိုးဘုံကြောင့်လား။
နောက်တစ်ခဏတွင် ရေတွက်၍ မရနိုင်သော လျှပ်စီးများ ပြင်းထန်သော မုန်တိုင်းများဖြင့် လင်းလက်လာခဲ့သည်။ ဇစ်မြစ်မှာ စနစ်တကျ တန်းစီထားသော တိုင်တန်များ ဖြစ်ကြပြီး အနည်းဆုံး ထောင်နှင့်ချီ ရှိနေသည်။ တိုင်တန်များ၏ လျှပ်စီးနှင့် မုန်တိုင်း အရည်အချင်းများမှာ အံ့ဩဖွယ်ကောင်းပြီး ထောင်နှင့်ချီသော မှော်သလင်းကျောက်အမြောက်များ တစ်ချိန်တည်း ပစ်ခတ်လိုက်သလိုပင်။ အသူရာချောက်နက် စစ်တပ်၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုက ချက်ချင်း ရှင်းလင်း ခံလိုက်ရသည်။
မြို့ထိပ်သို့ ပြေးတက်လာခဲ့ပြီးဖြစ်သော သွေးနီရောင်က သလင်းကျောက်များဖြင့် အစားထိုး ခံလိုက်ရသည်။ အနီးကပ် ကြည့်လိုက်လျှင် ၎င်းမှာ ကျွဲတစ်ကောင်၏ အရွယ်အစား ရှိနေသော နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သည်။ ကိုယ်တစ်ခုလုံး သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် အလား ကြည်လင်နေ၏။
ထိုနတ်ဆိုးသားရဲများ ကြမ်းတမ်းမှုမှာ အသူရာချောက်နက် မကောင်းဆိုးဝါးများထက် မနိမ့်ကျပေ။ မြို့ကို ကျူးကျော် ဝင်ရောက်ခဲ့သော မကောင်းဆိုးဝါးများ ချက်ချင်းပင် ရှင်းလင်းခံလိုက်ရသည်။
လန်ဘိစ်လည်း ထိုမြင်ကွင်းကြောင့် မှင်တက်သွားခဲ့လေသည်။ အများစုမှာ တုန်လှုပ်ခြင်း ဖြစ်သည်။ သူ မသိစိတ်ဖြင့် ခေါင်းကို လှည့်လိုက်ရာ သူ၏နောက်တွင် ကျယ်ပြန့်သော သလင်းကျောက်များကို တွေ့လိုက်ရသည်။ လေထဲ လွင့်နေသော ဧရာမ ပုံရိပ်များနှင့် အမျိုးသမီးများစွာ ရှိနေသည်။ တကယ့် စစ်ကူတွေက နဂါးတွေ မဟုတ်ဘဲနဲ့ အရင် တစ်ခါမှ မတွေ့ဖူးခဲ့တဲ့ အင်အားကြီး စစ်တပ်တွေ ဖြစ်နေတာပဲ...