ကမ်းပါးဖြူပေါ်မှ တိမ်များ
Vol. 81 Ch. 1233
နတ်ဆိုးဘုံရှိ အမှောင်လ နေအိမ် -
စူပါစနစ် အတွင်း၌ ဖြစ်သည်။
“စစ်တပ်ရဲ့ သုံးပုံ နှစ်ပုံ ဆုံးရှုံးသွားတယ် ဟုတ်လား။” ချန်လွေ့က ကြယ်မြို့၏ သလင်းကျောက်ဇာမဏီထံမှ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း စစ်တပ်၏ အပျက်အစီး အစီရင်ခံစာကို ချက်ချင်း လက်ခံရရှိခဲ့ရာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။
ယခု စေလွှတ်ခဲ့သော ရှေးဟောင်း စစ်တပ်က တိုက်ခိုက်နိုင်သည့် ကြယ်မြို့မှ တပ်ဖွဲ့ ၁၀%ခန့် (ဂရမ်လင်များ မပါ) ဖြစ်သည်။ တိုက်ခိုက်ရေး စွမ်းအားမှာ အတော် အားကောင်းနေပြီ ဖြစ်သည်။ အထူးသဖြင့် အိုးရှင်းနက်စ် ဦးဆောင်သည့် တိုင်တန် တပ်ဖွဲ့က နတ်ဆိုးဘုံနှင့် မုန်တိုင်းကျွန်းရှိ စုစုပေါင်း တိုင်တန် အရေအတွက်၏ လေးပုံ တစ်ပုံ ဖြစ်နေပြီ ဖြစ်သည်။ ယခုတစ်ခေါက် တိုင်တန် အကောင် ၃၀၀ပင် ဆုံးရှုံးခဲ့သည်မှာ တိုက်ပွဲ၏ ပြင်းထန်မှုကို ပြသနေ၏။
ယခုတစ်ခေါက် ကယ်ဆယ်ရေးမှာ စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်။
ရှေးအဂ္ဂိရတ်အဖွဲ့အစည်းမှ စစ်သည်များက သာမန်နတ်ဆိုးများ သို့မဟုတ် လူသားများထက် အများကြီး အားကောင်းပြီး ကွပ်ကဲရေးဌာနဖြစ်သည့် သလင်းကျောက် ဇာမဏီလည်း ရှိသည်။ စစ်သည်များ၌ သက်ဆိုင်ရာ ဉာဏ်ပညာ နှင့် အသိစိတ်များ ရှိသော်လည်း သာမန် တပ်ဖွဲ့များလို ထွက်ပြေးမည် မဟုတ်ပေ။ အသူရာ ချောက်နက် အတွက်လည်း အတူတူ ဖြစ်သည့်တိုင် အသူရာ ချောက်နက် မကောင်းဆိုးဝါး အများစုတွင် တိုက်ခိုက်ရေး ဗီဇသာ ရှိပြီး အခြားသော အသိစိတ် မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ရှေးအဂ္ဂိရတ် အဖွဲ့အစည်း သက်ရှိများက တကယ့် လူသားနှင့် ပိုမိုနီးစပ်သော လူသားဆန်မှု ရှိနေကြပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ အကြီးအကျယ် အတက်အကျ ရှိနေသည်။
အသူရာ ချောက်နက် စစ်တပ်နှင့် ရှေးအဂ္ဂိရတ် အဖွဲ့အစည်း စစ်တပ်တို့၏ တိုက်ခိုက်ရေး စွမ်းအားကို ယှဉ်ကြည့်လျှင် ကွာခြားမှုများစွာ မရှိနေခဲ့သော်လည်း ရှေးအဂ္ဂိရတ်အဖွဲ့ အစည်းက အသူရာ ချောက်နက်ကြောင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်ကို မမေ့သင့်ပေ။
ကောင်းကင်ဘီးမှ သိပ္ပံပညာရှင်ရူး နောက်ဆုံးထားခဲ့သော စကားလုံးများအရ ထိုအချိန်က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း အင်ပါယာ ၄ခုက အသူရာချောက်နက်ကို လုံလောက်စွာ အာရုံမစိုက်ခဲ့ကြပေ။ အသူရာချောက်နက် ကျူးကျော်လာချိန် သူတို့က ပြည်တွင်းစစ် ဖြစ်နေဆဲပင်။ သူတို့ နားလည်လိုက်ချိန် နောင်တရရန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုအရာမှာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ရှုထောင့်မှသာ ဖြစ်သည်။ ခီလီယာနာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ကျက်သရေပြာ မြို့တော်မှ အဂ္ဂိရတ်သက်ရှိများ တိုက်ပွဲကို ချန်လွေ့၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံအရ ရှေးအဂ္ဂိရတ်အဖွဲ့အစည်း အားလုံးကို ထုတ်ပြခဲ့လျှင်ပင် အသူရာချောက်နက်နှင့် မယှဉ်နိုင်ကြောင်း ခွဲခြမ်းစိတ်ဖြာနိုင်၏။
အသူရာချောက်နက်၏ အုပ်စိုးသူ သုံးဦး ကဲ့သို့သော အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအား သာမက အောက်မှ အသူရာ ချောက်နက် သတ္တဝါများပါ ပါဝင်နေသည်။ အရည်အသွေးအရဆိုလျှင် ရှေးအဂ္ဂိရတ် သက်ရှိများ၏ အဂ္ဂိရတ် အဖွဲ့အစည်း မြို့တော် အဆင့်(၅)နှင့် အဆင့်(၆) တိုက်ခိုက်ရေး စွမ်းအားက အသူရာ ချောက်နက် သတ္တဝါများနှင့် သိပ်မဝေး သော်လည်း အကြီးမားဆုံး ကွာဟချက်မှာ အရေအတွက်ပင်။
ဂူရာဒန်၏ စည်းမျဉ်း စွမ်းအင်ကို အောင်မြင်စွာ သုတေသန ပြုနိုင်မှုကြောင့် ကြယ်မြို့၏ စွမ်းဆောင်ရည်ကို ပိုမို၍ပင် တိုးတက်စေခဲ့သည်။ ၎င်းက စစ်မှန်သော အဆင့်(၆) အဖွဲ့အစည်း မြို့တော်သို့ မရောက် သေးသော်လည်း ချန်လွေ့၏ စုစုပေါင်း အဂ္ဂိရတ် စစ်တပ်မှာ သာမန် အဆင့်(၅)မြို့တော် အဖွဲ့အစည်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဂရမ်လင် အစေခံ ၆သန်း၊ သလင်းကျေက်သားရဲ ၃သန်း၊ မီးအိမ်ဝိညာဉ် ၅သန်းခွဲ၊ စုစည်း ရုပ်သေး ၃သိန်း၊ ဧရာမသလင်းကျောက် သားရဲ ၃သောင်းနှင့် တိုင်တန် ၅ထောင် ရှိနေသည်။
လုံလောက်သော စည်းမျဉ်းစွမ်းအင် ရှိသည့် နယ်မြေအောက် အထူးဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စဉ် အောင်မြင်မှုနှုန်း မှာလည်း တိုးတက်နေ၏။ အထူးအဆင့် သက်ရှိများ ပို၍ပို၍ များလာခဲ့သည်။ ချန်လွေ့၏ လက်ထဲတွင် ရှိနေသော တပ်ဖွဲ့များက အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီဟု ဆို၍ ရနိုင်ပေသည်။ အင်အားဖြင့်သာလျှင် သူ နတ်ဆိုးဘုံနှင့် လူသားလောကကို စုစည်း၍ ရနိုင်သည်။ သို့သော်လည်း အသူရာချောက်နက်ကို ရင်ဆိုင်ရန် အတွက်မူ မလုံလောက် သေးပေ။
ရှေးအဂ္ဂိရတ် အဖွဲ့အစည်း မြို့တော် ဖြစ်လာခဲ့သည့်တိုင် ထုတ်လုပ်နိုင်ပြီး ထိန်းချုပ်နိုင်သည့် သက်ရှိများတွင် တင်းကျပ်သော အမြင့်ဆုံး ကန့်သတ်ချက် ရှိနေဆဲပင်။ ထိုစဉ်က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း အင်ပါယာတွင် အဓိက ယဉ်ကျေးမှု မြို့တော် (၄)ခု ရှိခဲ့သည်။ နောက်ဆုံး အသူရာချောက်နက်ကြောင့် ဖျက်ဆီးခံခဲ့ရ၏။
အသူရာချောက်နက် အရေအတွက်ကို စကားလုံး တစ်လုံးတည်း ဖြင့်သာ ပေါင်းချုပ်၍ ရနိုင်သည်။ အဆုံးမဲ့ ဟူ၍ပင်။
ထိုအချက်ကို မရေမတွက်နိုင်သော နယ်မြေများ ပျက်စီးခြင်းဖြင့် အတည်ပြု ခဲ့ပြီးဖြစ်၏။ ကျက်သရေပြာ အင်ပါယာကို တိုက်ခိုက်နေသော တပ်ဖွဲ့များမှာ ရေပုံးထဲမှ ရေတစ်စက်သာ ရှိသေးသည်။ ချန်လွေ့ ကိုယ်တိုင် လှုပ်ရှားခဲ့လျှင်ပင် ထိုစစ်တပ်ငယ်လေးကို ရှင်းလင်းခြင်းက စွမ်းအင်နှင့် အချိန်ကို အလကား ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
အသူရာချောက်နက်၏ စွမ်းအားကို လုံးဝ ဖျက်ဆီးရန်မှာ နည်းလမ်း တစ်ခုသာ ရှိသည်။ ၎င်း၏အမြစ်ကို ဖျက်ဆီးရန်ပင်။
ဆိုလိုသည်မှာ အုပ်စိုးသူ သုံးဦးကို ဖယ်ရှားခြင်း... သို့မဟုတ် ထိုမျက်လုံးကို ဖြစ်သည်။
လက်ရှိတွင် ထိုအရာမှာ အလွန်ပင် ဝေးကွာ၍ နေသေးသော ပန်းတိုင်တစ်ခု ဖြစ်သည်။ ငွေလကောင်းကင်မြို့တော်၏ နောက်ဆုံးတိုက်ပွဲတွင် ကောင်းကင်တမန် သုံးပါး၊ ဇိုလာနှင့် ချန်လွေ့တို့ အဖွဲ့လိုက် ရှင်းလင်း ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထိုသို့ စွမ်းအား ကွာဟမှုကြောင့် စေတန်နှင့် အခြားသူများ တိုက်ပွဲတွင် ပါဝင်ခဲ့လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
သို့သော် မဖြစ်နိုင်ခြင်းကို ကြိုးစားမှု မရှိဘဲနှင့် ဖြစ်နိုင်ခြင်း အဖြစ်သို့ လုံးဝကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ကံကောင်းစွာပင် ခီလီယာနာ ဒဏ်ရာရ နေပြီး အခြားသော အသူရာချောက်နက် အုပ်စိုးရှင် နှစ်ဦးကလည်း ပျောက်ဆုံး၍ နေသည်။ ထိုကဲ့သို့ အဖိုးတန် အချိန်ကို အမြန်ဆုံး ပြန်လည်၍ နာလန်ထူရန်နှင့် စွမ်းအားတိုးရန် အသုံးပြုရမည် ဖြစ်သည်။ ၎င်းက နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်၏။
အသူရာချောက်နက်ကို ခုခံဖို့အတွက် လူသားတွေ၊ နတ်ဆိုးတွေနဲ့ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း အင်အားစုတွေ စည်းလုံးမှ ရမယ်။
ချန်လွေ့ကို အံ့အားသင့် စေသည်မှာ ဒြပ်စင်ဘုရင်၊ စေတန်နှင့် ဖိုက်သွန်တို့က အသူရာချောက်နက်ကို ကျိန်စာသင့်သူဟု ခေါ်ခဲ့ကြခြင်းပင်။
ထိုကျိန်စာက အဘယ်နည်း။
တိုင်းပြည်အဆင့် အထွတ်အထိပ် အစွမ်းထက် ပုဂ္ဂိုလ် မိတ်ဆွေဟောင်းနှင့် ခီလီယာနာတို့၏ စကားပြောဆိုမှုမှ အစပိုင်းတွင် အဓိက ကုန်းမြေ၏ တိုက်ခိုက်ရေး စွမ်းအားမှာ အစွမ်းဆုံး ဖြစ်သင့်ကြောင်း တွေ့မြင်နိုင်ပေသည်။ ဥပမာ ကောင်းကင်တမန်တော် ၃ပါးတွင် SSSS+++ တိုက်ခိုက်ရေး စွမ်းအား ရှိကြပြီး ကျန်ရှိနေသော လေ့ကျင့်သူများ၏ စွမ်းအားမှာ လက်ရှိအဆင့်ထက် များစွာ ကျော်လွန်နေသည်။ သို့သော် ယခုတွင် ကောင်းကင်တမန် သုံးပါးလုံးသည် ခီလီယာနာကို အလွယ်တကူ ရှုံးနိမ့် ခဲ့ရသည်။ ထိုကဲ့သို့သော ကြီးမားသည့် ကွာဟချက် အတွက် အကြောင်းပြချက် တစ်ခုသာ ရှိလောက်ပေသည်။ ၎င်းမှာ နတ်ဘုရားများပင်။
ခီလီယာနာက ကောင်းကင်တမန် သုံးပါးကို သခင် ကောင်းချီး ဆုံးရှုံးသွားတဲ့ လက်အောက်ခံတွေနဲ့ အမဲလိုက်ခွေးတွေ ဆိုပြီးတော့ ခေါ်ခဲ့တယ်။ အဲဒါဆိုရင် မိုက်ကယ်နှင့် အဓိကုန်းမြေ တစ်ခုလုံးမှ လူတွေရဲ့ စွမ်းအားတွေ နည်းနေရတာက နတ်ဘုရား ကောင်းချီး ဆုံးရှုံးသွားလို့ပဲ။ ဒါက နတ်ဘုရား စွမ်းအားရဲ့ တိုးမြှင့်မှု ဖြစ်နိုင်တယ်။
နတ်ဘုရားတွေ ကျဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းကတော့ လူစီဖာက အန္တိမသော့ကို အသုံးချပြီး လေဟာနယ်က မျက်လုံးကို ဖွင့်ခဲ့လို့ ဖြစ်လောက်တယ်။ ပြီးတော့ ငါ့ရဲ့ အိပ်မက်ထဲမှာ အဲဒီ သွေးနီရောင် မျက်လုံးက ကြယ်စင်စု ဝိုင်းရံထားတဲ့ တည်ရှိမှု တစ်မျိုးမျိုးကြောင့် ပြောင်းလဲသွားခဲ့တယ်။
ကြယ်စင်စုက နတ်ဘုရားတွေ ဖြစ်နိုင်တယ်။ ဒါဆိုရင် မျက်လုံးက ဘာလဲ။ အသူရာချောက်နက်နဲ့ အဲဒါက ဘယ်လို ပတ်သက်နေလဲ။
ချန်လွေ့က မတွေးတတ်သော်လည်း လက်ရှိ အခြေအနေတွင် အရေးအကြီးဆုံး အရာမှာ အသူရာ ချောက်နက်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံရမည်နည်း၊ ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချရမည်နည်း ဟူ၍ပင်။ ၎င်းက အသူရာချောက်နက်၏ ပြန်လည် နာလန်ထူနိုင်သည့် အရှိန်ကို လျှော့ချခြင်းနှင့်လည်း ညီမျှ၏။
ချန်လွေ့က အသိစိတ်သို့ ပြန်လာပြီး မျက်လုံးမှိတ်ထားကာ ကြယ်စွမ်းအားများ ပတ်လည်တွင် ရစ်ဝဲနေသော ကြယ်စင်စု နတ်ဘုရားကျောင်းရှိ လူများကို ကြည့်ကာ သူ ထပ်မတွေးတော့ပေ။ သူ မျက်လုံးကို မှိတ်ပြီး ထိုကျယ်ပြန့်သော ကြယ်စင်စုထဲ ပေါင်းစည်းလိုက်သည်။
သိဒ္ဓိအလင်းတောင်တွင်လည်း...
အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပနေခဲ့သည်။
ပုပ်ရဟန်းမင်း ဗန်တိစ်၊ သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် ဂိုဏ်းချုပ် ပါ့စ်မီယာတို့ ခေါင်းဆောင် သုံးဦးက အစည်းအဝေးကို သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရေဖြန်း ဘုန်းတော်ကြီး သုံးပါး၊ တရားသူကြီးချုပ် စီးရက်စ်နှင့် ကောင်းကင်မိုးကြိုးခန်းမ၏ လက်ရှိသခင် ဇာမင်ဒါတို့ အားလုံးက အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ထိုအရာမှာ သိဒ္ဓိအလင်းတောင်မှ အထူးအဆင့် အောက်ရှိ အမြင့်ဆုံး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဟူ၍ ဆိုနိုင်ပေသည်။
“ကျက်သရေပြာမြို့တော် သတင်းကို ခုနကပဲ လက်ခံ ရရှိခဲ့တယ်။ လန်ဘိစ် အသူရာချောက်နက်စစ်တပ်ရဲ့ ကျူးကျော်မှုကို နောက်ဆုံးမှာ ရှင်းလင်း နိုင်ခဲ့ပြီ။ သူက လက်ရှိ စစ်တပ်နှင့် အရပ်သားများကို အနောက်ဘက်ဆီ ဆုတ်ခွာဖို့အတွက် စီစဉ်နေတယ်။ လူးဘို အင်ပါယာ အန္တရာယ် ကျရောက်နေပြီ။” ဗန်တိစ်က ယူဒိုရာအား ကြည့်လိုက်ပြီး မေးသည်။ “အရှင်မ ယူဒိုရာက ဘယ်လို ထင်လဲ။”
ဗန်တိစ်က အသက် ကြီးရင့်နေပြီး ပုပ်ရဟန်းမင်း၏ ရာထူးမှာ အကြာကြီး မတည်မြဲနိုင်တော့ပေ။ ရာဖယ်ရယ်ဘက်မှ ယူဒိုရာက ယခု သိဒ္ဓိအလင်းတောင်တွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။ သူက နောက်လာမည့် ပုပ်ရဟန်းမင်း ဖြစ်လာရန် သေချာလုနီးပါး ဖြစ်နေ၏။
မိုက်ကယ်နှင့် အခြား နှစ်ဦးကြားမှ သဘော တူညီချက်အရ ပုပ်ရဟန်းမင်း ဖြစ်လာနိုင်ပါက ထိုသူက ယုံကြည်မှု ပိုမိုရရှိနိုင်မည် ဖြစ်သည်။ အောက်မှ ပွင့်လင်းသော၊ လျှို့ဝှက်သော အာဏာ ရုန်းကန်မှုများနှင့် ပတ်သက်၍ ၎င်းမှာ မြေလောကရှိ ပုရွက်ဆိတ်များ အကြားမှ ပြိုင်ဆိုင်မှု သက်သက်သာ ဖြစ်ပြီး အရေးမကြီးလှပေ။ ထို့အပြင် ကောင်းကင် တမန်တော် သုံးပါး၏ လက်ရှိအာရုံမှာ အသူရာချောက်နက်အပေါ်တွင် ဖြစ်၏။ ကမ်းပါးဖြူသို့ ပြန်ရောက်ပြီးနောက် သူတို့ ဒဏ်ရာများကို ချက်ချင်း ကုသကြကာ ခီလီယာနာကို ရင်ဆိုင်ရန် ပြင်ဆင် ခဲ့သည်။ သေးငယ်သော ပုပ်ရဟန်းမင်း၏ ရာထူးကိစ္စနှင့် ပတ်သက်၍ ကိုယ်တိုင် ဆုံးဖြတ်ရန်သာ ပြောခဲ့သည်။
ဗန်တိစ် ရောက်ရှိလာသည်နှင့် သူက ယူဒိုရာအား သူ၏ ထင်မြင်ချက်ကို မေးမြန်းခဲ့သည်။ ၎င်းမှာ အဖြေပေါ်နေပြီ ဖြစ်သည်။ ယူဒိုရာက လူအုပ်ကြီးကို ကြည့်လိုက်ပြီး ယုံကြည်မှု ရှိသော အမူအရာကို ပြသကာ ပြောလိုက်သည်။ “ကိစ္စနှစ်ခု အရေးတကြီး လိုအပ်တယ်။ ပထမ တစ်ခုကတော့ ကျောင်းတော် ဝန်ထမ်းများ အနောက်ဘက်ကို ဆုတ်ခွာတာပါ။ ကျက်သရေပြာ အင်ပါယာ၊ သံတံခါး အင်ပါယာနှင့် အခြား နေရာမှာ ရှိနေတဲ့ ကျောင်းတော်တွေ ဖျက်ဆီးခံလိုက်ရပြီ။ ဘုန်းတော်ကြီးနဲ့ ယုံကြည်သူတွေက ဆုံးရှုံးမှု အများကြီး ခံစားခဲ့ရသည်။ ကျောင်းတော် အာဏာကို အမြန်ဆုံး ဘေးကင်းရာ ပြောင်းရွှေ့ရမယ်။ ဒုတိယ တစ်ခုကတော့ စည်းလုံးဖို့ပဲ။ နတ်ဆိုးဘုံ ကြင်ရာတော် မင်းသား... သူ့ရဲ့ သရုပ်ကို ရှင်တို့အားလုံး သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ လက်ရှိမှာ သူက ဆာ-မိုက်ကယ်နဲ့ ဆာ-ရာဖယ်ရယ်တို့နဲ့ ညီမျှတဲ့ တည်ရှိမှု တစ်ခု ဖြစ်နေပြီ။ သူက ရွှေရောင်နယ်မြေမှာ ကောင်းကင်တမန် သုံးပါးနှင့် မဟာမိတ် ဖွဲ့ထားသည်တယ်။ ကျွန်မ သိရသလောက် အခုတစ်ကြိမ် အသူရာချောက်နက်ရဲ့ တိုက်ခိုက်မှုကို ကျက်သရေပြာ အင်ပါယာ ခုခံနိုင်ခဲ့တာ နတ်ဆိုးဘုံက အထူး တပ်ဖွဲ့တွေကြောင့်ပဲ။ သူက နတ်ဆိုးဘုံက ဖြစ်ပေမဲ့လည်း ဘုံရန်သူကို ရင်ဆိုင်တဲ့အခါမှာ စည်းလုံး ညီညွတ်မှုက အဓိကပါပဲ။ ကျွန်မတို့က ဒီလို စည်းလုံးမှုကို ကြော်ငြာသင့်တယ်။ ကျောင်းတော်အတွက် အမြောက်စာတွေ ပိုများလေ ပိုကောင်းလေပဲ။”
ယူဒိုရာ၏ စကားများက ဗန်တစ်စ် ပြောချင်သော အရာများကို လုံးဝနီးပါး ပြောခဲ့ခြင်း ဖြစ်ပြီး သူ၏ လေသံမှာ မရိုမသေ ဖြစ်ကာ ခေါင်းဆောင်အား ဖုံးကွယ်သွားသလို ဖြစ်သွား၏။ ဗန်တိစ် အနှောင့်အယှက် မဖြစ်ဘဲ ပြုံးလိုက်သည်။ “သိဒ္ဓိမိန်းမပျို အရှင်မ ပြောတာ မှန်ပါတယ်။ အခု ကောင်းကင်တမန်တော် သုံးပါးက အလင်းနတ်ဘုရားကျောင်းမှာ တံခါးပိတ် လေ့ကျင့်နေကြတယ်။ ကျုပ်တို့ ဒီကိစ္စတွေ အမြန်ဆုံး ဖြေရှင်းသင့်တယ်။ အရှင်မ ယူဒိုရာ တာဝန်ယူပါလိမ့်မယ်။”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်မိုးကြိုးခန်းမသခင် ဇာမင်ဒါ စကားစလိုက်သည်။ “ယခု ကျက်သရေပြာ အင်ပါယာ ကျဆုံးသွားခဲ့ပြီ။ ဖန်စီဒီယန် တိုက်ပွဲမှာ နတ်ဘုရားကျောင်း မြင်းစီးသူရဲ ဗိုလ်ခြေနှင့် သင်းအုပ်ဆရာ ဗိုလ်ခြေတို့က ဆုံးရှုံးမှုတွေ အများကြီး ခံစားခဲ့ရသည်။ ကျုပ်တို့ ဆာ-ပါဆာလီနဲ့ မစ်-မီရန်ဒါကို ကမ်းပါဖြူ အင်ပါယာဆီကို ပြန်ပြီးတော့ မခေါ်သင့်ဘူးလား။”
ယူဒိုရာက ဇာမင်ဒါအား ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။ “ဧကရီ လန်ဘိစ်မှာ အတော်လေး မြင့်မားတဲ့ ဂုဏ်သိက္ခာ ရှိတယ်။ အခုတစ်ကြိမ် သူ မြို့တော်ကို ကာကွယ်တဲ့နေရာမှာ ထူးကဲတဲ့ သတ္တိကို ပြသခဲ့သည်။ ကျက်သရေပြာ အင်ပါယာ ခဏတော့ ဖျက်ဆီးခံလိုက်ရပေမဲ့လည်း လက်အောက်ခံတွေ အများကြီးက လွတ်မြောက်နေသေးတယ်။ အနာဂတ်မှာ လန်ဘိစ်ရဲ့ အသုံးဝင်မှုက အတောလေး မြင့်မားနေဦးမှာ။ သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ရမယ်။ ဆာ-ရာဖယ်ရယ်ကို အရင်က အစီရင်ခံပြီး အထောက်အပံ့ ပေးဖို့နဲ့ အစောင့်အကြပ် လိုက်ပါဖို့အတွက် ပါဆာလီကို စေလွှတ်ခိုင်းဖို့ ကျွန်မ တောင်းဆိုခဲ့တာ။ ဒါက သိဒ္ဓိအင်ပါယာရဲ့ ကျောင်းတော် အစောင့်ကြောင့်လည်း ဟုတ်တယ်။ ကျွန်မရဲ့ တစ်ဦးတည်းသော တပည့် မီရန်ဒါကိုတောင် လွှတ်ခဲ့တာ။ ကျွန်မမှာ တစ်ကိုယ်ကောင်း ဆန်တဲ့ အကြံတွေ ရှိတယ်လို့ ထင်နေတာလား။”
ဇာမင်ဒါ ခေါင်းခါလိုက်ပြီး တခြားဘာမှ မပြောတော့ပေ။ အမှန်မှာ ထိုနေရာရှိ လူတိုင်းက ပါဆာလီသည် ယူဒိုရာ၏ ပစ်မှတ်ထားခြင်းနှင့် ဖယ်ထုတ်ခြင်းကို ခံခဲ့ရကြောင်း သိသည်။ ယခုတစ်ကြိမ်မှာ အသေအချာပင် လူသိရှင်ကြား လက်စားချေခြင်း ဖြစ်သည်။ သူက သဘောထား ကွဲလွဲသူများကို ရှင်းလင်း ဖယ်ရှားရန် အသူရာချောက်နက်ကို အသုံးချချင်ခဲ့သော်လည်း မီရန်ဒါကိုပါ စေလွှတ်ခဲ့ရာ ၎င်းမှာ သူ့ကို ပြောစရာ စကားမဲ့သွားစေခဲ့သည်။
လှောင်ပြောင်သည့် အမူအရာ တစ်ခုက ယူဒိုရာ၏ မျက်နှာပေါ်တွင် ဖြတ်သန်း သွားခဲ့သည်။ ပါဆာလီက သူ့အကြောင်း လျှို့ဝှက်ချက်များစွာကို သိရှိပြီး အချို့မှာ ပုပ်ရဟန်းမင်းပလ္လင်သို့ တက်လှမ်းခြင်းကို တိုက်ရိုက် သက်ရောက်မှု ရှိနိုင်သည်။ ပါဆာလီ၏ စရိုက်အရ သူသည် သာမန် အခြေအနေအောက်တွင် ဖော်ထုတ်မည် မဟုတ်သော်လည်း သေဆုံးသူများသာ စကားမပြောနိုင်သည် မဟုတ်ပေလား။ ထို့ကြောင့် ဖြောင့်မတ်ခြင်း နာမတော်ဖြင့် သူက ရာဖယ်ရယ်၏ အမိန့်ကို ရယူခဲ့ပြီး ပါဆာလီအား ဖန်စီဒီယန်သို့ အရေးတကြီး အားဖြည့်ရန် စေလွှတ်ကာ ပါဆာလီ လုံးဝ အဆုံးသတ်ခြင်းကို စောင့်ကြည့်ရန် သူ၏ တပည့် မီရန်ဒါကိုလည်း စေလွှတ်ခဲ့သည်။ မီရန်ဒါ အတွက်မူ သူက စာချုပ် တစ်ခုကို အတင်းအကျပ် လက်မှတ် ရေးထိုး ခဲ့ရသည်။ ပုပ်ရဟန်းမင်း၏ ရာထူးနှင့် ယှဉ်လျှင် တပည့်တစ်ဦး စတေးခြင်းမှာ ဘာမှမဟုတ်ပေ။
“ကောင်းပြီ။ ဆုံးဖြတ်လိုက်ပြီ။” ယူဒိုရာ ခိုင်မာသော ကောက်ချက် တစ်ခုကို ချလိုက်ပြီး ဇာမင်ဒါက လက်သီးများကို ဆုပ်ကိုင်လိုက်၏။
ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ နတ်ဘုရားကျောင်းတော် မြင်းစီးသူရဲက အစီရင်ခံရန်အတွက် ပြေးဝင်လာခဲ့သည်။ “အားလုံးပဲ...”
ကမ်းပါးဖြူ အဝေးမှ ကောင်းကင်တွင် သန့်စင်သော အဖြူရောင် တိမ်များက တဖြည်းဖြည်းနှင့် သွေးရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် အရောင်သည် သိဒ္ဓိအလင်းမြို့တော်သို့ တဖြည်းဖြည်းနှင့် ပျံ့နှံ့လာခဲ့သည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကြောက်မက်ဖွယ်ရာ သွေးနီရောင် အလွှာဖြင့် ဖုံးအုပ်ခြင်းကို ခံလိုက်ရ၏။